• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဦးခင်ညွှန့် ကို ဖိတ်ကြားသည့်ကိစ္စ စာရေးဆရာ မနုဿ ကျော်ဝင်းနှင့် မေးမြန်းချက်

by ထွန်းထွန်း
31 December 2018
in အင်တာဗျူး
A A
မြန်မာနိုင်ငံ စာရေးဆရာများ အသင်း ဥက္ကဋ္ဌ စာရေးဆရာ မနုဿ ကျော်ဝင်း  / မြန်မာနိုင်ငံ စာရေးဆရာများ အသင်း

မြန်မာနိုင်ငံ စာရေးဆရာများ အသင်း ဥက္ကဋ္ဌ စာရေးဆရာ မနုဿ ကျော်ဝင်း / မြန်မာနိုင်ငံ စာရေးဆရာများ အသင်း

84.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းမှတ်အဖြစ် မြန်မာနိုင်ငံစာရေးဆရာများအသင်းမှ ကြီးမှူးပြီး သက်ကြီး စာပေရှင်ကြီးများကို ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနား ကန်တော့ခံ ပုဂ္ဂိုလ်များထဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ပါဝင်နေမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်နေလျှက်ရှိသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ကန်တော့ခဲ့သည်။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.3k
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.1k
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
1.8k

နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဦးခင်ညွှန့်အား ထိုပွဲသို့ ဖိတ်ကြားခဲ့သော မြန်မာနိုင်ငံ စာရေး ဆရာများ အသင်းမှာလည်း ဝေဖန်မှုခံနေရသလို ကိုယ်တိုင် တက်ရောက် ကန်တော့ခဲ့သော ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာလည်း အပြင်းအထန် ဝေဖန်ခံနေရသည်။

ဦးခင်ညွှန့်ကို ဖိတ်ကြားခဲ့ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းမှ ဥက္ကဋ္ဌ စာရေးဆရာ မနုဿ ကျော်ဝင်း ကို ဧရာဝတီ သတင်းထောက် ထွန်းထွန်း က ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြပေးလိုက်ပါသည်။

မေး ။ ။ ဦးခင်ညွန့်ကို သက်ကြီးစာပေပညာရှင်အနေနဲ့ ကန်တော့ခံတွေထဲ ဘာကြောင့်ရွေးဖြစ်ခဲ့တာလဲ။

ဖြေ ။ ။ ဒါရှင်းပါတယ်၊ ကျနော်တို့က လူကြည့်ပြီး အလုပ်လုပ်တာမဟုတ်ဘူး၊ မူကြည့်ပြီးအလုပ်လုပ်တာ၊ မူကလည်း မနေ့တနေ့ကမှ ချထားမဟုတ်ဘူး၊ ကန်တော့ခံစာပေပညာရှင်များ စာရင်းဝင်ဖို့က၊ တောက်လျောက် ဒီအတိုင်းချလာခဲ့တာ။ အခုက ကာယကံရှင်ကလဲ ကန်တော့ခံချင်လို့ သူ့ဟာသူ လာတင်တာလဲ မဟုတ်ဘူး၊ သူနေတဲ့ မရမ်းကုန်းမြို့နယ်က အသင်းကသူတွေက သွားပြီးတော့ အထောက် အထားတွေ ခိုင်လုံတယ်၊ အချက်အလက်တွေနဲ့လည်း ပြည့်စုံနေပြီ၊ တင်ပါဆိုလို့သူကတင်တယ်။

မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်းက စိစစ်ထောက်ခံပြီး ဗဟိုကိုတင်ပြလာတာကိုး။ ဗဟိုမှာလဲ ကန်တော့ခံ ကိုယ်စာလှယ် စိစစ်ရေးအဖွဲ့ကလည်း သေချာစိစစ်ပြီး သူတို့တင်ပြတဲ့အထောက်အထားတွေနဲ့ တိုက်ဆိုင်ပြီးမှ အဖွဲ့ဝင် ၃၀ လောက်ရှိတဲ့ ဗဟို EC ကို ထပ်တင်ပြတယ်။ EC ကနေမှ ဒါကို လက်ခံအတည်ပြုသင့်တယ် ဆိုပြီးတော့ သူတယောက်တည်းကိုမှ မဟုတ်ဘူး၊ မြို့နယ်တိုင်းက တင်ပြသူတွေကိုလည်း ဒီလိုပါပဲ။

မေး ။ ။ ကန်တော့ခံ သက်ကြီးစာပေ ပညာရှင်ထဲပါဖို့ ဘယ်လိုသတ်မှတ်ချက်တွေရှိလဲ။

ဖြေ ။ ။ အရင်တုန်းက သတ်မှတ်ချက်ကတော့ စာအုပ် ၃ အုပ်ရေးရမယ်။ အဖွဲ့ဝင်ဖြစ်ရမယ်။ အသက် ၈၀ (သို့) ၇၉ ကျော်ရင်လက်ခံတယ်။ သက်ဆိုင်ရာမြို့နယ်တွေက အထောက်အထားခိုင်လုံစွာနဲ့ အရင်စိစစ်ပြီးမှ တင်ရတာ။ နောက်ပိုင်းမှာ ဖြေလျော့လိုက်တာတွေလည်းရှိတယ်။ စာအုပ် ၃ အုပ်ဆိုပေမယ့် တအုပ်ပဲ ရေးနိုင်တယ်။ စာပေဆုတွေရတယ်၊ ထင်ရှားကျော်ကြားတယ်၊ ဆောင်းပါးတို့ ဘာတို့ ၁၀ ပုဒ်အနည်းဆုံး ရေးထားရင်။ ကဗျာဆိုလဲ အပုဒ် ၃၀ လောက်ရေးထားရင် အဖွဲ့ဝင်ဖြစ်နိုင်တယ်ပေါ့။

တချို့လည်းပဲ အဖွဲ့မဝင်ပေမယ့် စာပေအလုပ်ကို တစိုက်မတ်မတ် ပံ့ပိုးနေတဲ့သူ၊ စာပေနဲ့ပတ်သက်ရင် ထင်ရှား ကျော်ကြားတဲ့သူတွေဆိုလဲ အချက်အလက်တွေပြည့်စုံရင် ကန်တော့ခံစာရင်းထဲမှာ ထည့်ပေးတယ်။ အခုဝေဖန်နေကြတဲ့ ပုဂ္ဂိုလ်က သူ့နာမည်နဲ့ရေးထားတဲ့ စာအုပ် ၉ အုပ်တင်ပြထားတယ်။ ကျနော်တို့က မြို့နယ်က ထောက်ခံတင်ပြလာတာကို ကျနော်တို့က သွားပြီးဘာမူနဲ့ပယ်မလဲ။ အသက်လဲပြည့်နေပြီ စာအုပ်တွေလဲထုတ်ထားတယ်၊ နောက်ပြီး သူပုန်လဲမဟုတ်ဘူးလေ။

မေး ။ ။ ဦးခင်ညွန့်က ဘယ်တုန်က အသင်းဝင်ခဲ့တာလဲ။

ဖြေ ။ ။ ဒါကိုသွားပြောလို့မရဘူး။ အသင်းဝင်ဆိုတာက အချက်တချက်အနေနဲ့ပဲ ထည့်ပေးတယ်။ အဲ့ထဲက ပြန်ပြီးဖြေလျော့လို့ရတာလေးတွေ ဖြေလျော့ပေးတယ်။ ဘာလို့လဲဆိုတော့ သက်ဆိုင်ရာမြို့နယ်က တင်ပြတဲ့ အခါမှာ အထောက်အထား ခိုင်ခိုင်လုံလုံ တချို့က ဆောင်းပါလေးတွေ၊ ဝတ္ထုလေးတွေလောက်ပဲ။ အဲ့ဒါကိုမှ ကျနော်တို့က လုံးချင်းတွေ ဘယ်နှစ်အုပ် မပြည့်လို့ပါဆိုပြီးလုပ်ရင် တချို့လူတွေလဲ ကျန်မှာတောင်မဟုတ်ဘူး။

အခုဟာက အသင်းဝင်မဟုတ်ဘဲနဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေကြတာ။ နောက်တခုက ကျနော်တို့ကို အပေါ်ကနေ ဘယ်သူ့ကို ထည့်လိုက်ပါဆိုပြီး အမိန့်အာဏာနဲ့ ထည့်ခိုင်းသလိုလို ပြောနေကြတာ။ ဗိုလ်ချုပ် စိန်ထွားတို့ဆိုရင်လဲ မနှစ်ကတည်းက တင်ပြပေမယ့် စိစစ်လိုက်တော့ အသက်မပြည့်ဘူး။ အခုဒီနှစ်မှ ပါလာတာ။ အခုက မူကိုမကြည့်ဘဲ ပုဂ္ဂိုလ်ရေး အာဃာတလိုဖြစ်နေတယ်။

မေး ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စာရေးဆရာတချို့ အသင်းကနေ နှုတ်ထွက်တယ်လို့ ကြားတယ်၊ အသင်းဘက်ကရော။

ဖြေ ။ ။ အဲ့ဒါနဲ့ပတ်သက်လို့လဲ ကျနော့်ဆီ လျှောက်လွှာတွေဘာတွေ ဘာမှ တရားဝင် မရောက် လာသေးပါဘူး။ ဒါလဲသူ့အခွင့်အရေးပဲလေ။ နဂိုကတည်းက ဘယ်သူမှခန့်ထားတာမဟုတ်ဘူး၊ သူတို့ဟာသူတို့ ညီလာခံတို့ ဘာတို့မှာ အရွေးခံခဲ့လို့ဖြစ်တာကိုး။ သူ့ဟာသူဝင်ရွေးတယ် သူ့ဆန္ဒနဲ့သူ ထွက်ချင်လဲထွက်ပေါ့။ ဘယ်သူကမှ ဘယ်သူ့ကိုမှ တားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ ဘယ်သူကတော့ ထွက်မယ် ဘယ်သူကတော့ ဘာလုပ်မယ်ဆိုတာတွေ လက်မခံဘူး။ လျှောက်လွှာ တရားဝင် တင်လာပြီဆိုရင် ဗဟို EC ရဲ့ လပတ်အစည်း အဝေးမှာ တင်ပြပြီးတော့မှ ဆုံးဖြတ်ပေးလိုက်မှာပဲ၊ ဘယ်သူ့ကိုမှ ဆွဲထား၊ တားထားမှာ မဟုတ်သလို ဘယာကတိတို့ ဆန္ဒကတိတို့ဆိုတာနဲ့လဲ ထွက်ခိုင်းမှာမဟုတ်ပါဘူး။

မေး ။ ။ ဦးခင်ညွန့်ပါလာတဲ့အပေါ် ဝေဖန်မှုကလဲ တော်တော်လေးပြင်းထန်နေပါတယ်၊ ဖြေရှင်းသွားဖို့ရော ရှိလား။

ဖြေ ။ ။ မြန်မာလူမျိုးတွေပဲဗျာ။ လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်တော့ရှိပါတယ်။ ဆဲဆိုနေကြတာကတော့ မကောင်းဘူး ပေါ့ဗျာ။ ကျနော့်အနေနဲ့လည်း ဒုတိယ အကြိမ်ညီလာခံကနေ တရားဝင်ရွေးချယ်ပြီး ဥက္ကဋ္ဌ ဖြစ်လာတာပါ။ ကိုယ်က မှန်မှန်ကန်ကန် လိပ်ပြာသန့်သန့်နဲ့ လုပ်ခဲ့တဲ့ အလုပ်ပဲ။ ကိုယ်တယောက်ထဲ သဘောနဲ့ မဟုတ်ဘဲ အများနဲ့လုပ်ခဲ့တာပဲ။ ဒီမှာရှိတဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေကလည်း အကုန်းလုံး စာတတ်ပေတတ်၊ စာအုပ်တွေရေးနေကြတဲ့သူတွေ။ အားလုံးသဘောတူညီချက်နဲ့ ဆုံးဖြတ်ရတာပါ။

ကျနော်တို့အသင်းကို တိုက်ခိုက်နေကြတဲ့ အသင်းတွေလဲ ရှိတယ်လေ။ ကျနော်တို့အသင်းက အောင်မြင်တာကိုး။ တကယ်လဲ အလုပ်တွေလုပ်တယ်။ လစဉ် မမာမကျန်းဖြစ်တဲ့သူတွေကို ထောက်ပံ့တယ်။ နာရေးကျရင်လဲ မိသားစုတွေကို ထောက်ပံ့တယ်။ ပညာရေချွန်တဲ့ စာရေးဆရာတွေရဲ့ သားသမီးတွေကိုလည်း ပညာရေချွန်ဆုတွေပေးတယ်။ သက်ကြီးကန်တော့ပွဲတွေ၊ သဘာဝဘေးတွေဖြစ်လာရင်လဲ ညီတူမျှတူ လှူဒါန်းကြတာပါပဲ။ အသင်းမှာလဲ လခစားတယောက်မှ မရှိဘူး၊ အားလုံးကစေတနာ့ဝန်ထမ်း။ ကိုယ့်ဟာကိုယ်ရပ်တည်နိုင်ပြီး အားလုံးက အားတက်သရော ဝင်ရောက်လုပ်ကိုင်နေကြတာပါ။

မေး ။ ။ ကန်တော့ခံစာရင်းတွေကို အစိုးရအဖွဲ့ထံ ကြိုအသိပေးခဲ့တာမျိုးရော ရှိလာ။

ဖြေ ။ ။ စည်းလုံးညီညွတ်ရေးအတွက် ဝန်ကြီးချုပ်နဲ့ သူနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ကြ နှုတ်ဆက်ကြတာ အင်မတန် ကြည်နူးစရာကောင်းတယ်။ လူကြီးတွေကလဲ ဒီအခမ်းအနားလာတက်မှ ဟိုပုဂ္ဂိုလ်ပါလာတာကို သိတာမဟုတ်ဘူး။ ကျနော်တို့က ကန်တော့ခံစာရင်းတွေ အကုန်ရိုက်ပို့ပြီးသား လူကြီးတွေဆီကို။ တပ်ချုပ်ကြီးဆီကအစ။ မတက်ခင်ကတည်းက သိတယ်။ ဒီရောက်မှ ဘွားကနဲလာတွေ့တာမဟုတ်ဘူး။ အဲ့ဒါလဲ လူတွေက တမျိုးထင်နေတယ်။ အသင်းကပဲ အကွက်ဆင်သလိုလို ထောက်ချောက်ဆင်သလိုလို။ ကျနော်တို့ ဘာမှလုပ်စရာမရှိဘူး။ ဘယ်သူ့ဆီကမှလည်း ကျနော်တို့အကျိုးအမြတ်မယူဘူး။ လှူရင်လှူတဲ့အတိုင်းပဲ ကျနော်တို့က လက်ခံတယ်။ စာရင်းအတိအကျလဲရှိတယ်။ စာရင်းကအကုန်ပေးရတယ် အစိုးရအဖွဲ့တွေ ကိုရော။ အစိုးရအဖွ့ဲကဆိုလဲ တဦးကို သုံးသောင်းနှုန်းနဲ့ ငွေပမာဏလှူတာရှိတယ်။

မေး ။ ။ အသင်းအနေနဲ့ရော ဝေဖန်မှုတွေအတွက် ဘယ်လိုဆက်လုပ်မလဲ။

ဖြေ ။ ။ အသင်းရဲ့ Facebook စာမျက်နှာမှာတင်သလို ကြေးမုံသတင်းစာမှာလည်း အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း ကျေးဇူးတင်လွှာထည့်ဦးမှာပါ။ ဒါတွေက လျှို့ဝှက်စွာလဲ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ပွင့်လင်းမြင်သာစွာနဲ့လုပ်ခဲ့တာပါ။ လူမျိုးမရွေးဘူး၊ ဘာသာမရွေးဘူး၊ ဒီမှာ ဗုဒ္ဓဘာသာ တင်မဟုတ်ဘူး၊ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေလဲပါတယ်။ နောက်ပြီးတော့ နိုင်ငံရေးအရောင် အသွေး မရွေးဘူး၊ ဆင်းရဲချမ်းသာမရွေးဘူး။ အဲ့ဒီလို ဘက်မလိုက်တဲ့မူနဲ့ကြည့်တယ်။

တင်ပြချက်တွေ ခိုင်လုံရင် ကန်တော့ခံစာရင်းထဲ ထည့်ရတာပဲ။ နောက်ပြီး သက်ကြီးစာပေ ပညာရှင်များနဲ့ ပတ်သက်တဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကိုလည်း နှစ်တိုင်းရိုက်တယ်။ အဲ့ဒီမှာလဲ ဓာတ်ပုံတွေနဲ့တကွ ထည့်ပြီးရိုက်တာ။ ကန်တော့ခံနေ့ မတိုင်မီပြီးတယ်၊ ကြိုလဲဝေတယ်။ ကျင်းပတဲ့နေ့မှာလဲဝေတယ်။ မူအရလုပ်တဲ့နေရာမှာ စာပေနဲ့ဆိုင်တဲ့မူပဲကြည့်တယ်၊ နိုင်ငံရေးမူလဲမဟုတ်ဘူး၊ တခြားဘာမူမှလည်း မဟုတ်ဘူး။ အဲ့ဒီလိုရွေးတာပါ။

မေး ။ ။ ဦးခင်ညွန့် လုပ်ဆောင်ခဲ့မှုတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုသဘောထားရှိသလဲ။

ဖြေ ။ ။ ပုဂ္ဂိုလ်ရေးအရ ဘာမှမှတ်ချက်ပေးစရာလဲ မရှိပါဘူး။ ဘယ်သူကတော့ ပါသင့်တယ်ဆိုတာ မြို့နယ် အလိုက် အဆင့်ဆင့်စိစစ်ပြီးမှ ရွေးချယ်ဆုံးဖြတ်ကြရတာပါ။ သူစာပေမှာ ဘာလုပ်ခဲ့သလဲ။ သူတပုဒ်မှ တအုပ်မှ မရေးခဲ့ဘူးဆိုရင်လဲ ကျနော်တို့က ဒီအထဲဘာမှထည့်စရာမလိုဘူး။ စာပေသက်သက်ကိုပဲ ကြည့်တယ်။ အသက်လဲ သူ့မွေးသက္ကရာဇ် အမှန်နဲ့တင်ပြတာပဲ။ ကျနော်တို့က နဝတ အစိုးရလက်ထက်မှာလဲ ဟံသာဝတီဦး ဝင်းတင်တို့ ရဲဘော်ချမ်းအေးတို့ကို ကန်တော့ခံထဲ ထည့်ခဲ့ကြတာပဲ၊ အများကြီးပါပဲ။ စာပေပိုင်းမှာ အစဉ်အလာရှိတဲ့ ဦးဝင်တင်ကိုလည်း သူ့ရဲ့ နိုင်ငံရေးအရောင်အသွေးကို ကြည့်ခဲ့တာမဟုတ်ဘူး။ နိုင်ငံရေးကို ကြည့်ရမယ့်အလုပ်လဲမဟုတ်ဘူး။ တရားဝင်ထုတ်ထားတဲ့ စာအုပ်တွေလား ဆိုတာပဲကြည့်တာပါ။

မေး ။ ။ ဝေဖန်နေကြတဲ့ ကိစ္စအပေါ် ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ ခင်ဗျာ။

ဖြေ ။ ။ ကျနော်တို့က ဘာအရောင်အသွေးမှ ကြည့်တာမဟုတ်ဘူး၊ မူနဲ့ပဲလုပ်ခဲ့တာ။ ဗဟိုကော်မတီဝင် တွေထဲ နိုင်ငံရေးပါတီဖြစ်ခဲ့သူတွေလဲ ရှိတယ်။ သူတို့ပါတီကိစ္စ အပြင်မှာသူတို့လုပ် ဒီစာရေးဆရာအသင်းကို မယူလာနဲ့။ စည်းဝေးစားပွဲမှာ လာမဆွေးနွေးနဲ့ဆိုတဲ့ မူရှိတယ်။ တချို့က ဒီကိစ္စကိုပဲ ပြဿနာကြီးလုပ်ပြီး ဖွတဲ့ သဘောဆိုရင်တော့ မကောင်းဘူး။ သူတို့လဲ လူကြီးတွေပဲ တက်သင့်လား မတက်သင့်လား သိကြတာပါပဲ။

ဦးခင်ညွန့်နဲ့လဲ ပုဂ္ဂိုလ်ရေးအရ ဘာအဆက် အသွယ်မှမရှိဘူး။ ဝန်ကြီးချုပ်နဲ့လဲ ဒီလိုပဲ။ အကြောင်းကိစ္စ ရှိရင်တော့ တရားဝင်ဖိတ်ကြားတာလောက်ပဲရှိတယ်။ ကျနော်က ညွန်ချုပ်အငြိမ်းစား၊ တက္ကသိုလ်မှာ အခုထိ အချိန်ပိုင်းပါမောက္ခ၊ မိသားစုရဲ့ အလုပ်အကိုင်နဲ့ပဲ ရပ်တည်နေတာ။ အသင်းကနေ ဘာမှအကျိုးအမြတ်ယူတာ မဟုတ်ပါဘူး။ ဒီကလူတွေက အားလုံးလဲ ဒီလိုပါပဲ။

ဆက်စပ်သတင်း

ပင်နီဝတ်ပြီးတော့ စစ်အာဏာရှင်ကို ထိုင်ကန်တော့တာ ကန့်ကွက်ပါတယ်

Your Thoughts …
Tags: စာရေးဆရာ မနုဿ ကျော်ဝင်းဦးခင်ညွှန့်ဦးဖြိုးမင်းသိန်း
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ခေါင်းဆောင်နှင့် ဦးခင်းညွန့်တို့ တွေ့ဆုံနေကြစဉ်

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းကို အာဏာသိမ်းခေါင်းဆောင် သွားတွေ့

by ဧရာဝတီ
5 December 2021
20.6k

စစ်ကောင်စီ ဥက္ကဋ္ဌအနေဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းသည် ပြီးခဲ့သည့်နှစ်က နေပြည်တော် တွင် ကျင်းပခဲ့သည့် ရ၅ နှစ်မြောက် တပ်မတော် စိန်ရတုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တပ်မတော် ခေါင်းဆောင် ဟောင်းများဖြစ်သည့် ဦးခင်ညွန့်နှင့် သူရ ဦးတင်ဦးတို့အား...

ထောက်လှမ်းရေးအကြီးအကဲဟောင်းကို အကန်တော့ခံ စာရေးဆရာအဖြစ် ထည့်သွင်းခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ကန်တော့ခဲ့တယ် /  ဧရာဝတီ

ဦးခင်ညွန့်က စာရေးဆရာတဲ့လား

by သွေး (စစ်ကိုင်း)
10 January 2019
29.4k

ပြည်သူတွေကို၊ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်ခဲ့တဲ့ သူတယောက်ကို စာရေးဆရာ တယောက်အဖြစ် သတ်မှတ်တာ သင့်တော်ပါရဲ့လား

ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြနေသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ 

ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ဦးဖြိုးမင်းသိန်း ထွက်ချက်ပေးတဲ့အခါ

by ဧရာဝတီ
8 October 2021
20.5k

ဦးဖြိုးမင်းသိန်း ကိုယ်တိုင် လာရောက်သက်သေ ထွက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြောလာသောအခါ လူ တော်တော်များများ အံ့ဩတုန်လှုပ်သွားကြသည်။

ဒေါ်အောင်ဆန်းစုကြည် နောက်ခံဓာတ်ပုံနှင့် ငယ်ရွယ်သော နိုင်ငံရေးသမား ဘဝတုန်းက ဦးဖြိုးမင်းသိန်း

စစ်ကောင်စီဘက်မှ သက်သေလိုက်ခဲ့သည့် ဦးဖြိုးမင်းသိန်း ဒဏ်ငွေ ကျပ် ၁ သိန်းနှင့် အမှုပြီး

by ဧရာဝတီ
22 February 2023
14.7k

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) သည် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများနှင့် ဝန်ကြီးချုပ်များလည်း ယင်းပုဒ်မ -...

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို “ကွီးဖြိုး” ဟု နှစ်သက်သူများက ချစ်စနိုးခေါ်ဆိုကြသည် / ဧရာဝတီ

ဦးဖြိုးမင်းသိန်း၏ နိုင်ငံရေး အချိုးအကွေ့ အတက်အကျများ

by ဇင်လင်းထက်
17 July 2020
23.9k

အငြင်းပွားဖွယ်ရာ လုပ်ရပ်များကြောင့် အဝေဖန်ခံရဆုံး တိုင်းဝန်ကြီးချုပ်ကို ညွှန်ပြရလျှင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုသာ ပြဆိုရမည်ဖြစ်သည်။

စစ်ကောင်စီက ထုတ်လွှင့်ခဲ့သည့် ဦးဖြိုးမင်းသိန်း၏ ဗီဒီယိုဖိုင်

စစ်ကောင်စီ၏ ဦးဖြိုးမင်းသိန်း ဗီဒီယိုဖိုင် ထုတ်ပြန်မှု လူများ မယုံကြည်ကြ

by ဧရာဝတီ
23 March 2021
181.6k

ဦးဖြိုးမင်းသိန်း၏ ပါးစပ် သိပ်မလှုပ်ခြင်း၊ အသံ မတည်ငြိမ်ဘဲ ပုံမှန် မဟုတ်ခြင်းတို့ကြောင့် နည်းပညာဖြင့် အသံတု ပြုလုပ် ထုတ်လွှင့်ခြင်း ဖြစ်နိုင်ကြောင်း လူမှုကွန်ရက်တွင် ပြောဆို ဝေဖန်လျက်ရှိသည်

Next Post
Samsung ရဲ့ Sound on Display နည်းပညာ

Sound on Display နည်းပညာကို CES 2019 မှာ Samsung ပြသမည်

ဆန္ဒဖော်ထုတ်နေကြသည့် ဒေသခံများ

ဦးပိုင် သိမ်းဆည်းမြေ ပြန်ရရေး တောင်သူများ ဆန္ဒပြ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate