• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

သာသနာကို ခုတုံးလုပ် ဒုစရိုက် လောင်းကစားတွေကို အပြတ်ရှင်းသွားမယ်

by ထွန်းထွန်း
25 January 2019
in အင်တာဗျူး
A A
ချမ်းအေးသာစံမြို့နယ်အတွင်း လောင်းကစားဒိုင်လက်ခံဖွင့်သည့်ကျောင်းအား စစ်ဆေးဖမ်းဆီးစဉ်  / သာ/ထိန်း အဖွဲ့၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေး

ချမ်းအေးသာစံမြို့နယ်အတွင်း လောင်းကစားဒိုင်လက်ခံဖွင့်သည့်ကျောင်းအား စစ်ဆေးဖမ်းဆီးစဉ် / သာ/ထိန်း အဖွဲ့၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေး

36.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ် ဆင်တဲ ကျောင်းတိုက် အတွင်းမှာ လောင်းကစား ဒိုင်တွေကို လက်ခံ ဖွင့်ထားတဲ့ ဘုန်ကြီးကျောင်း နှစ်ကျောင်းအား ဇန်နဝါရီ ၂၃ ရက်က မြို့နယ် သံဃနာယက အဖွဲ့တွေက ဝင်ရောက် စစ် ဆေးပြီး ရဲတွေကပါ ဝင်ရောက် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လောင်းကစား ဒိုင်လက်ခံထားတဲ့ တိုက်အုပ်ကျောင်းနဲ့ ဓမ္မဂုဏ်ရည်ကျောင်းက ဦးပဉ္စင်း နှစ်ပါးကိုတော့ လူဝတ်လဲကာ သာ သနာ ညှိုးနွမ်းမှု တရားရုံး ဦးတိုက်လျောက် တရားစွဲဆိုထားပြီး လောင်းကစား လုပ်သူ ဦးညီညီလွင်နဲ့ မသဇင်ခိုင် တို့ကို တော့ လောင်းကစား ပုဒ်မတွေနဲ့ အမှတ် ၃ နယ်မြေ ရဲစခန်းမှာ အမှု ဖွင့်ခဲ့ပါတယ်။

RelatedPosts

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

13 May 2025
31
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
1.1k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.4k

မြို့နယ် သံဃနာယက အဖွဲ့ အနေနဲ့ ကျောင်းတိုက်များ အတွင်း လူဝတ်ကြောင်များ ဝင်ရောက် နေထိုင်မှု၊ ဒုစရိုက် လောင်း ကစားများ လက်ခံထားမှုတွေနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် သတိပေးမှုတွေ ပြုလုပ်ခဲ့ပေးမယ့် ဆက်လက် လုပ်ဆောင်နေ ကြလို့ ဖမ်းဆီးတဲ့ အထိ ဖြစ်ရကြောင်း ဆိုပါတယ်။

သာသနာနှင့် ဘုန်းကြီးကျောင်းများအား အကာအကွယ်ယူကာ ဒုစရိုက် လုပ်နေသူများနှင့် ဝင်ရောက် နေထိုင်သူများ အရေးကို ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေတွေနဲ့ ပတ်သက်လို့ ချမ်းအေးသာစံမြို့နယ်၊ သံဃနာယက အဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဓမ္မအား ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ မနေ့က လောင်းကစားဒိုင် ဖွင့်ထားတဲ့ ကျောင်းနှစ်ကျောင်းကို ဖမ်းဆီးလိုက်တဲ့ အခြေအနေ နောက်ဆက်တွဲ ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ မနေ့က ဆင်တဲကျောင်းတိုက်ထဲမှာ ရှိတဲ့ တိုက်အုပ်ကျောင်းနဲ့ ဓမ္မဂုဏ်ရည်ကျောင်းတို့ကို ဝင်စစ်ဆေးပြီး ရဲတွေက ဖမ်းတာပေါ့။ တကျောင်းကတော့ လူတွေပါ မိတယ်။ တကျောင်းက ပစ္စည်းတွေပဲ မိလိုက်တယ်။ အဲဒီနှစ်ကျောင်းက ဘုန်း ကြီး နှစ်ပါးကိုတော့ မနေ့ကပဲ လူဝတ်လဲပြီး အရေးယူ ဆောင်ရွက်ဖို့ ရဲကို လွဲပေးလိုက်ပြီ။ ဒီနေ့ လူဝတ်လဲလိုက်တဲ့ နှစ် ယောက်ကို တရားရုံး ဦးတိုက် လျှောက်ထားတယ်လို့ ပြောတယ်။ မြို့နယ် သံဃနာယက အနေနဲ့ကတော့ သူတို့ကို သာ သနာ ညှိုးနွမ်းစေမှုနဲ့ပဲ အရေးယူပေးဖို့ ပြောလို့ ရတယ်။

ကျန်တဲ့ အရေးယူမှုကတော့ ရဲတွေက ဆက်လက် ဆောင်ရွက်ရမှာပါ။ ဘုန်းဘုန်းတို့က လုပ်ပိုင်ခွင့် မရှိဘူး။ စာစောင် တွေမှာ ဘုန်းဘုန်းတို့က ဝင်ရောက် ဖမ်းဆီးတယ်လို့ ရေးနေကြတယ်။ တကယ်က ဝင်ရောက် ဟန့်တားတဲ့ သဘောပဲ။ အုပ်ချုပ်ရေးမှူး တို့ကို ဖုန်းဆက် အကြောင်းကြားပြီး လုပ်တာပေါ့။ ဒါက လေးကြိမ်မြောက်မှ အရေးယူလိုက်တာ။

မေး ။ ။ ဒီလို လုပ်နေတဲ့ ကျောင်းတွေကို အရင်က သတိပေးခဲ့သေးလား။

ဖြေ ။ ။ အရင်တုန်းက ဝါခေါင် လဆန်း ၈ ရက်(စက်တင်ဘာလ)ဝန်းကျင်လောက်က စပြီး မြို့နယ်ထဲက ဘုန်းကြီးကျောင်း တွေထဲမှာ လောင်းကစား ဒိုင်တွေ၊ လူနေအိမ်တွေ မရှိဖို့ ဆိုပြီး ကျောင်းတိုင်းမှာ သတိပေး လက်မှတ် ထိုးထားတာတွေ ရှိ တယ်။ ရှိနေတဲ့ ကျောင်းတွေကလဲ နောက်ကို လက်မခံပါဘူး ဆိုတဲ့ဟာ ခံဝန်ချုပ် ထိုးထားတာ ရှိတယ်။ မနေ့က ဒိုင်တခု ကျတော့ ဘုန်းဘုန်းတော့ လှည့်လည် စစ်ဆေးပြီး မလုပ်တော့ဖို့ ၅ ရက် အချိန် ပေးခဲ့တယ်။

၅ ရက်ကျော်တဲ့ ပြန်စစ်ဆေးတော့လည်း ထပ်တွေ့ပြန်တယ်။ အဲဒီတုန်းကတော့ ဘာမှ မလုပ်ခဲ့ဘူး။ မလုပ်ခဲ့ဘူး ဆိုတာက ဒုတိယ ပါရာဇိက ဆိုတာ ရှိတယ်။ လောင်းကစား ငွေတွေကို ဘာမှ မတို့မထိခဲ့ဘူး။ သို့သော် သာသနာနဲ့ သံဃာတော်တွေ သိက္ခာကျတဲ့ အတွက် ဘုန်းကြီးကျောင်းထဲတော့ မလုပ်ကြပါနဲ့၊ ခင်များတို့ တခြားမြို့ထဲက နေရာတွေမှာ ထွက်လုပ်တာ ဘာမှ မပြောလိုဘူး ဆိုပြီး ပြောဆို တောင်းပန်ခဲ့တယ်။ အခုက လေးကြိမ်မြောက် စစ်ဆေးတွေ့ရှိမှ ဖမ်းတဲ့ အထိတွေ ဖြစ် ကုန်တာပါ။

မေး ။ ။ သတိပေး လက်မှတ်တွေ ထိုးတုန်းက လောင်းကစားဒိုင် ဖွင့်ထားတာ ဘယ်နှစ်ကျောင်းလောက် ရှိခဲ့လဲ။

ဖြေ ။ ။ လိုက်ပြီး စစ်ဆေး ခံဝန်တွေ ထိုးကတည်းက ဒိုင်တွေ လက်ခံပြီး လုပ်နေတာ ၁၀ ကျောင်းလောက် ရှိတယ်။ တိုက် တတိုက် ဝင်လိုက်တယ်ဆို ကြို စုံစမ်းပြီးသားပဲလေ၊ ဘယ်ကျောင်းမှာ ရှိတယ်၊ အဲဒီကျောင်းက ဆရာတော်ကိုခေါ်ပြီး ဒိုင် နာမည်တွေ မေးတယ်။ ဆက်မလုပ်ဖို့ အကြောင်းကြားတယ်။

အဲဒီလို စလုပ်ကတည်းက မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေ ပါတယ်။ ဒိုင်လုပ်တဲ့သူတွေ အထိ ကျောင်းထဲမှာ မလုပ် တော့ဖို့ကို အကြောင်းကြားစာတွေ ပို့ခဲ့တယ်။ ရဲကို အကြောင်းကြားတာ ခေါ်တာတွေတော့ မလုပ်ခဲ့ဘူး။

မေး ။ ။ အခုလို ၂ ကျောင်းကို ဖမ်းပြီ ဆိုတော့ အရင်က ဒိုင်တွေ လက်ခံထားတယ် လို့ သတင်းရထားတဲ့ ကျောင်းတွေ အခြေအနေကရော။

ဖြေ ။ ။ အခုတော့ နှစ်ကျောင်းကို စစ်ဆေးပြီး ရဲကလည်း ဖမ်းပြီဆိုတော့ ကျန်တဲ့ ကျောင်းတွေက ဒိုင်တွေ ပြေးချင်ပြေးကြ ပြီပေါ့။ ဘုန်ကြီးကျောင်းတွေကို ဆက် အကာအကွယ်ယူပြီး လုပ်နေတဲ့ လောင်းကစားဒိုင်တွေ ရှိနေသေးရင် ဘုန်းဘုန်းတို့ ကတော့ လက်ခံတဲ့ ဘုန်းကြီးတွေကို သာသနာ ညှိုးနွမ်းစေမှုနဲ့ အရေးယူနိုင်ဖို့ လုပ်သွားမှာပါ။ ဒိုင်တွေကျတော့ ဘုန်းဘုန်း တို့ ဝိနည်းအရ လုပ်မရဘူး၊ ရဲအပိုင်း ဖြစ်သွားပြီ။

မေး ။ ။ ဒီလို လောင်းကစားဒိုင်တွေကို လက်ခံထားတာ ဘယ်လောက်ရတယ် လို့ရော သိရလား။

ဖြေ ။ ။ အရင် လိုက်စစ်တုန်းက လက်ခံထားတဲ့ ဘုန်းကြီး တပါး ပြောတာကတော့ တလကို သုံးသိန်းခွဲလောက် ရတယ်။ ကျောင်းရဲ့ ရေ/မီးဖိုးလည်း ရတယ်။ ကျန်းမာရေး မကောင်းတာမျိုး ဖြစ်ရင်လည်း ကုပေးတယ် ပြောတာပဲ။ အခု လူဝတ်လဲ လိုက်တဲ့သူတွေကတော့ သူတို့ တသိန်းလောက် ရတယ်လို့ ပြောတာပဲ။ တသိန်းလောက်နဲ့တော့ ဒီလို လက်ခံပြီး မလုပ် ကြဘူး လို့တော့ ထင်တာပဲ။ စဉ်းစားကြည့်ဦးလေ။ ဒုစရိုက် လုပ်တဲ့သူတွေကတော့ အကာအကွယ် ရနေတော့ ပေးကြမှာ ပဲလေ။

လာင်းကစားမှုဖြင့် လူဝတ်လဲ တရားစွဲဆို ခံထားရသော သံဃာ ၂ ပါး / သာ/ထိန်း အဖွဲ့၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေး

မေး ။ ။ ဒီလို သာသနာ ခုတုံးလုပ်တဲ့ ကိစ္စတွေကို နောက်ပိုင်းကော ဘယ်လို ဆက်လက် ဖြေရှင်းမလဲ။

ဖြေ ။ ။ ဒီကိစ္စတွေကို ခရိုင်/တိုင်း သံဃနာယက အဖွဲ့တွေဆီ တင်ပြတော့ တိုင်းသံဃနာယက တဆင့် မြို့နယ်ကို ဆောင် ရွက်ဖို့ ပြန်ညွန်ကြားတော့ မဖြစ်မနေ လုပ်ရတာပါပဲ။ ဆက်ပြီး လက်ခံနေတဲ့ ကျောင်းတွေ ရှိလာရင် တိုင်တိုင် မတိုင်တိုင် သတင်းရတယ် ဆိုရင်ပဲ ဘုန်းဘုန်းတို့က အခုလိုပဲ ဆက်လက် လုပ်ဆောင်သွားမယ်။ ကျောင်းတွေကို စစ်ဆေးမယ်၊ ဦးပဉ္စင်းတို့ ချမ်းအေးသာစံမြို့နယ်ထဲမှာတော့ အကုန် အပြတ်ရှင်းမယ်။

မေး ။ ။ ကျောင်းတွေထဲမှာ လူတွေ နေထိုင်တဲ့ ကိစ္စတွေလည်း သတိပေးထားတယ်လို့ သိရပါတယ်။ ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ ။ ။ ကျောင်းတွေထဲမှာ လူဝတ်ကြောင်တွေ နေတဲ့ ကိစ္စကတော့ ကလေးတွေ စာမေးပွဲ ရှိသေးလို့ ခဏ စောင့်ကြည့် နေကြတယ်။ အမှန်က အရင်ကတည်းက သတိပေးပြီး တလ အချိန်ပေးခဲ့တယ်။ အခုတော့ ပြောင်းတဲ့သူတွေ ပြောင်းကုန် ပါပြီ။ ကျန်တဲ့သူတွေကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက် နောက်ပိုင်းမှာ ဆောင်ရွက်မယ်။ ကျောင်းတွေထဲမှာ အဆောက် အအုံတွေ ဆောက်နေတာတွေ အများကြီး ရှိတယ်။ ဆင်တဲ ကျောင်းတိုက်ထဲမှာ အများဆုံးပဲ။ ဒါတွေကိုလည်း ရှင်းဖို့ အစီအစဉ် ရှိတယ်။

ဘုန်းဘုန်းတို့က အာဏာပိုင်တွေ မဟုတ်တော့ တကျောင်းချင်း ဖြေးဖြေးပဲ လုပ်မှရမယ်။ မနေ့က သတင်းက တဒိုင်ပဲရတာ သွားတော့ နှစ်ဒိုင် ဖြစ်နေတယ်။ ဓမ္မဂုဏ်ရည် ကျောင်းမှာဆို လူတွေ မမိလိုက်ဘူး၊ ပစ္စည်းတွေပဲ မိတယ်။ စီမံချက်ရပြီး လုပ်ရင်လည်း အာဏာပိုင် ပါမှ ရမယ်။ အဲဒီလို အာဏာပိုင်တွေ ပါလာရင်လည်း သိကြတဲ့ အတိုင်းပဲလေ။

မနေ့က အတွေ့အကြုံ အရ ဆင်တဲ ကျောင်းတိုက်ထဲ ဝင်ပြီး ဝိုင်းလိုက်တဲ့ အခါကျတော့ ၂ မိနစ် အတွင်းမှာ တိုင်းရဲက တန်း ရောက်ချလာတယ်။ အဲဒီတော့ ဘယ်သူကို သွားယုံရတော့ မလဲ။ အကြောင်းကြားတာလည်း မရှိခဲ့ဘဲ တန်းရောက် လာတယ်။ အမှတ် ၃ စခန်းပဲ အကြောင်းကြားလိုက်တာ သူတို့က တော်တော်နဲ့တောင် မရောက်လာဘူး။

ဒီလောက် အချိန်လေး အတွင်း ချက်ချင်း ရောက်လာတာ ဒီထိပ်နားမှာပဲ ကိစ္စတခုနဲ့ ရှိနေလို့ ဖြစ်မယ်ဆိုပြီး အချင်းချင်း ပြောသေးတယ်။ မနေ့က ဖမ်းလိုက်တဲ့ ၂ ကျောင်းကလည်း ဆင်တဲကျောင်းတိုက် ထဲမှာပဲ ။ ကျောင်းတကျောင်းပဲ ကြားမှာ ခြားတယ်၊ မဝေးဘူး။

မေး ။ ။ ဒီလို လုပ်ရပ်ကို ဘာများ ပြောချင်ပါသေးလဲ။

ဖြေ ။ ။ ဒီလို လောင်းကစားဒိုင်တွေ ဆိုတာက လွန်ခဲ့တဲ့ နှစ် ၂၀ လောက် ကတည်းက ပေါ်လာတာ။ အားမနာတမ်း ပြောရရင် လောင်းကစားဒိုင်တွေကို လက်ခံထားတဲ့ ကျောင်းမှာရှိတဲ့ ဘုန်းကြီးတွေ၊ ဦးပဉ္စင်းငယ်၊ ကိုရင်ငယ်တွေကို မပျက် ပျက်အောင် ဖျက်တာပေါ့။

အဲဒီလို ပျက်စီးနေမှ သူတို့ ကြာကြာနေပြီး လုပ်လို့ ရမှာပေါ့။ ကျောင်းထိုင် ဘုန်းကြီးကိုပါ လိုချင်တာ အကုန် လုပ်ပေးပြီး ချုပ်ကိုင်ထားတဲ့ သဘောပဲ။ အရင်က လက်ခံထားတဲ့ ကျောင်း တချို့တော့ အခု ထွက်သွားပြီ ပြောတယ်။ လာလျှောက်ကြ တယ်။ အမှန်တော့ တချို့ သံဃာတွေ စာရိတ္တ ပျက်တာပါ။

သာသနာကို ခုတုံးလုပ်ပြီး ဒုစရိုက် လောင်းကစားတွေကို အပြတ် လုပ်မယ်။ တခါတခါကျတော့ ဦးပဉ္စင်း တို့လည်း စော်ကားခံရတာ များနေပြီ။ ဒိုင်တဒိုင်ရဲ့ မိန်းမက ဘယ်လို ပြောတယ် ထင်သတုန်း။ “အလကားပါပဲ၊ အကုန်လုံး ပေးပြီး သား ကမ်းပြီးသားပဲ၊ ဘာလုပ်လုပ် ရတယ်” ဆိုတဲ့ ပုံစံမျိုးတွေ ပြောကြ ဆိုကြတယ်။

အရင်တုန်းကလို သတိပေးရုံနဲ့ ပြီးပြီ။ ဝင်ရောက် စစ်ဆေးတာတွေ မလုပ်ဘူးလို့ ထင်ထားကြတာကိုး။ အခုကတော့ ကိုယ့် မြို့နယ် အတွင်းမှာ အကုန် အပြတ်ရှင်းဖို့ အစီအစဉ်တွေ လုပ်ထား ပြီးပြီ။ ဒီလိုလုပ်တဲ့ နေရာမှာလဲ သူ့သာစေ၊ ကိုယ့်သာ စေ မရှိအောင် လုပ်မယ်။

အခုထိ ဆက်လုပ်နေသေးတဲ့ သုံးဒိုင်လောက်ကို ကြားထားတယ်။ ဒါကိုလည်း စောင့်ကြည့် ဆက်လက် စစ်ဆေးတာတွေ လုပ်ရမယ်။ အခုလို ဖမ်းပြီးတော့လည်း ဒိုင်တွေကို လူစားလဲမှာ ကြောက်လို့ စောင့်ကြည့်နေရတယ်။

ဆက်စပ် ဖတ်ရှုရန် – မန္တလေး ချမ်းအေးသာစံတွင် ဘုန်းကြီးကျောင်း ၁၀ ကျောင်းခန့် လောင်းကစားဒိုင် ရှိဟု ဆို 

Your Thoughts …
Tags: ဘုန်းကြီးကျောင်းလောင်းကစားဒိုင်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
15.2k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ပစ်မှတ်အတိအကျ ဗုံးကြဲခံလိုက်ရတာ (ရုပ်/သံ)

ပစ်မှတ်အတိအကျ ဗုံးကြဲခံလိုက်ရတာ (ရုပ်/သံ)

by ဘုန်းအောင်
21 July 2024
10.4k

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ငပုအင်းရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုဟာ အချိန်နဲ့နေရာအတိအကျ သတင်းပေးမှုကြောင့် စစ်ကောင်စီက တိုက်လေယာဉ်တွေ လာရောက်ဗုံးကြဲခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း / Ko Zaw Htet

ပုလဲမြို့နယ် ညောင်ကုန်းရွာ ဗုံးကြဲခံရမှု ၁၀ ဦးသေဆုံး

by ဧရာဝတီ
28 June 2023
9.8k

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးထိရှိပြီး ၅ ဦးမှာ မိသားစုဝင်များဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းပြီး ၁၈ရက်အကြာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁၈ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့မုဒ် ကြားတောရလမ်းအနီး ပြည်သူများကို စစ်တပ်နှင့် ကြံခိုင်ရေးပါတီလိုလားသူ ဘုန်းကြီးနှင့် လူတချို့ကတိုက်ခိုက်မှု ဖြစ်ပွားစဉ် / ဧရာဝတီ

ဘုန်းကြီးကျောင်းများ ဧည့်စာရင်းတိုင်ရမည့်အမိန့် နိုင်ငံရေးလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်းလား

by ဧရာဝတီ
1 December 2022
3k

ရန်ကုန်တိုင်းရှိ ဘုန်းကြီးကျောင်းများ၌ တည်းခိုနေထိုင်သူများ ဧည့်စာရင်းတိုင်ရမည် ဆိုသော တိုင်းသံဃနာယကအဖွဲ့၏ ထုတ်ပြန်ချက် အမိန့်သည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ဘုန်းတော်ကြီးတချို့က ဝေဖန်ပြောဆိုကြသည်။

မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သော သစ်သားကျောင်းတော်ကြီး အတွင်းဝင်ရောက် နေထိုင်မှုများရှိ  / အေးချမ်းသာစံမြို့နယ်၊ သံဃအဖွဲ့အစည်း

မန္တလေးတွင် ဘုန်းကြီးကျောင်းများကို ခုတုံးလုပ် စီးပွားရှာသူများအား ရှင်းလင်းနေ

by ထွန်းထွန်း
3 October 2019
13k

ဘုန်းကြီးကျောင်းများအား ခုတုံးလုပ်ကာ စီးပွားရေးလုပ်နေသူများ၊ ကျောင်းတိုက်များအတွင်း အမြဲနေထိုင်သူ များအား ဖယ်ရှားရှင်းလင်းရန် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က ညွှန်ကြားထားကြောင်း ချမ်းအေး  သာစံမြို့နယ်၊ သာသနာထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရ က မိန့်ကြားသည်။

ရန်ကုန်မြို့နယ် တခုအတွင်း ဆွမ်းခံကြွနေကြသည့် သံဃာများ / ဧရာဝတီ

ရန်ကုန်တိုင်းရှိ ဘုန်းကြီးကျောင်းများ ဆွမ်းတာဝန် တိုင်းအစိုးရ တာဝန်ယူမည်

by ဧရာဝတီ
2 April 2020
29.9k

ယခုကဲ့သို့ COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဆွမ်းအခက်အခဲရှိနိုင်ရာ ဆွမ်းတာဝန်ကို ရန်ကုန်တိုင်းအစိုးရနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးက တာဝန်ယူသွားမည်

Next Post
အာဆီယံ - ဂျပန် ဗုံနှင့် အသံများ ပေါင်းစပ်ဖန်တီးမှု ဂီတအနုပညာပြပွဲ / Keith Kelly

အမှတ်ရနေတဲ့ အာဆီယံ - ဂျပန် ယဉ်ကျေးမှု ကူးလူးဖလှယ်ပွဲ

“Wonder Woman” ဒါရိုက်တာ Patty Jenkins နဲ့ ပါဝင်တဲ့ သရုပ်ဆောင်များ

တတိယမြောက် ‘Wonder Woman’ ရုပ်ရှင်ကို စီစဉ်နေပြီလို့ ဒါရိုက်တာဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate