• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

မြန်မာလုပ်ငန်းရှင်များအတွက် ဒေါ်လာ သန်း ၁၀၀ ယူလာသော စင်ကာပူ ရံပုံငွေ

by နန်းလွင်
7 February 2019
in အင်တာဗျူး
A A
Ascent Capital Partners Pte. Ltd ကို တည်ထောင်သူနှင့် managing partner ဖြစ်သော Mr. Lim Chong Chong / ထက်နိုင်ဇော်

Ascent Capital Partners Pte. Ltd ကို တည်ထောင်သူနှင့် managing partner ဖြစ်သော Mr. Lim Chong Chong / ထက်နိုင်ဇော်

13.9k
VIEWS
Share on FacebookShare on Twitter

စင်ကာပူ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုရံပုံငွေ ဖြစ်သည့် Temasek နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့၏ ကျောထောက် နောက်ခံဖြင့် စင်ကာပူအခြေစိုက် Ascent Capital Partners Pte. Ltd က မြန်မာနိုင်ငံကို အဓိကထားသည့် ၎င်း၏ ပထမဆုံးသော ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေတခုကို ဇန်နဝါရီလတွင် စတင်ထူထောင်ခဲ့သည်။

ဒီဇင်ဘာလအတွင်း ADB က မြန်မာနိုင်ငံကို အဓိကထားသည့် ပုဂ္ဂလိက အစုရှယ်ယာရင်းနှီးမြှုပ်နှံမှု ရံပုံငွေ တွင် ရင်းနှီးမြှုပ်နှံရေးအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့ရန် သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အလွန် လိုအပ်နေသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SME) များ ဖွံ့ဖြိုးရေးနှင့် တိုးချဲ့ရေးအတွက် ဖြစ်သည်။ အဆိုပါ ရံပုံငွေက ပြည်တွင်းကုမ္ပဏီများ အထူးသဖြင့် အမျိုးသမီးများက ဦးဆောင်သည့် SME များ သို့မဟုတ် မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်ခိုင်မြဲသော စီးပွားရေးတိုးတက်မှုဖြစ်ပေါ်လာရေးတွင် သိသာထင်ရှားစွာ ပါဝင်နိုင်မည့် အလားအလာရှိသော လုပ်ငန်းများကို အထောက်အကူပေးရန် ရည်ရွယ်ထားသည်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
226
ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

13 May 2025
57
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.5k

ဧရာဝတီက Ascent Capital Partners Pte. Ltd ကို တည်ထောင်သူနှင့် managing partner ဖြစ်သော Mr. Lim Chong Chong နှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အခင်းအကျင်းနှင့် ပတ်သက်၍ ဗျူဟာနှင့် လုပ်ငန်း ဆိုင်ရာ အသိအမြင် နက်ရှိုင်းစွာ ရှိထားသူ တဦးဖြစ်သည့် Mr. Lim Chong Chong က မြန်မာနိုင်ငံကို အဓိက ဦးတည်သည့် ပထမဆုံးသော ရံပုံငွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍအတွက် အလားအလာနှင့် ကျ ဆင်းနေသည့် မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI) ကို အစိုးရ၏ အရှေ့မျှော် မူဝါဒက ပြန်လည် အားကောင်းလာစေနိုင်မည်လား ဆိုသည့် အကြောင်းများကို ဆွေးနွေးခဲ့ပါသည်။

မေး။ ။ မြန်မာနိုင်ငံကို အဓိက ဦးတည်တဲ့ ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ အကြောင်း ရှင်းပြပေးပါ။

ဖြေ။ ။ ကျနော်တို့က မြန်မာနိုင်ငံကို အဓိက ဦးတည်တဲ့ ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေဖြစ်တဲ့ Ascent Myanmar Growth Fund I L.P. (AMGF)ကို ကြေညာခဲ့တဲ့ စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ရံပုံငွေ စီမံခန့်ခွဲရေး ကုမ္ပဏီတခုဖြစ်တဲ့ Ascent Capital ဖြစ်ပါတယ်။ AMGF ကို ကျနော်တို့က လွတ်လပ်စွာ စီမံခန့်ခွဲပါတယ်။ ကျနော်တို့မှာ စင်ကာပူက Temasek ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဖိလစ်ပိုင်နိုင်ငံက JG Summit Holdings၊ မြန်မာနိုင်ငံက ဦးအောင်မိုးကျော်နဲ့ စင်ကာပူနိုင်ငံက Tony Chew တို့ထံက ရင်းနှီးမြှုပ်နှံမှု တချို့ ရှိပါတယ်။

ဒါပေမယ့် ရံပုံငွေကို ကျနော်တို့က လွတ်လပ်စွာ စီမံခန့်ခွဲပါတယ်။ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေက ရံပုံငွေ စီမံခန့်ခွဲရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ရံပုံငွေကို ကမ္ဘာနဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်း တည်ဆောက်ခြင်းတွေမှာ အောင်မြင်မှုမှတ်တမ်းတွေ ကာလကြာရှည်စွာ ရှိထားတဲ့ ဗျူဟာမြောက် အဖွဲ့အစည်းတွေ၊ ကော်ပိုရေးရှင်းတွေနဲ့ တသီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူတွေက အထောက်အပံ့ပေးထားပါတယ်။

လုပ်ငန်း ကဏ္ဍအရဆိုရင် ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်ကို ရရှိဖို့ အကူအညီပေးနိုင်သမျှ ကာလပတ်လုံး ဘယ်လို ကဏ္ဍမှာမဆို ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဓိကအားဖြင့် ကဏ္ဍ ၅ ခုက ကုမ္ပဏီတွေကို အလေးပေးသွားမှာ ဖြစ်ပါတယ်။ စားသုံးသူ၊ ပညာရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ နည်းပညာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်း ကုမ္ပဏီတိုင်းမှာ အနည်းဆုံး ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ပျမ်းမျှအနေနဲ့ ကျနော်တို့ ကုမ္ပဏီတိုင်းမှာ ဒေါ်လာ ၅ သန်းကနေ သန်း၂၀ အတွင်း ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ပိုမိုကြီးမားတဲ့ အခွင့်အလမ်းတွေ ပေါ်ထွက်လာမယ်ဆိုရင် ကျနော်တို့က ကုမ္ပဏီတိုင်းမှာ ဒေါ်လာ သန်း ၂၀ ကျော် ရင်းနှီးမြှုပ်နှံဖို့ ငွေပင်ငွေရင်း ရှိပါတယ်။

တချိန်တည်းမှာပဲ ကျနော်တို့က မြန်မာကုမ္ပဏီ တချို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ ကျနော်တို့က ကိုယ်တိုင် ကုမ္ပဏီ တည်ထောင်မှာ မဟုတ်ပါဘူး။ ရှိပြီးသား ကုမ္ပဏီတွေမှာပဲ ရင်းနှီးမြှုပ်နှံပါတယ်။ ဒါကြောင့် တယောက်နဲ့ တ ယောက်ဆွေးနွေးဖို့၊ နားလည်မှုရရှိဖို့ အချိန်ယူရပါတယ်။ အခုထိတော့ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ကုမ္ပဏီ အနည်းငယ် ကျနော်တွေ့ခဲ့ပြီးပါပြီ။

မေး။ ။ AMGF ရဲ့ အဓိက ရည်မှန်းချက်က ဘာတွေပါလဲ။

ဖြေ။ ။ ကျနော်တယောက်ထဲတင် မဟုတ်ပါဘူး။ ADB အပါအဝင် ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေက ဒီမှာ ငွေရှာဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ ကျနော်တို့က သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနဲ့ အုပ်ချုပ် စီမံခန့်ခွဲမှု(ESG) လို့ခေါ်တဲ့ လူမှုရေး ရည်မှန်းချက်တွေကိုလည်း အလေးပေးပါတယ်။ ကျနော်တို့က ရေရှည်ခိုင်မြဲတဲ့ တိုးတက်မှုကို ဖြစ်စေမယ့် မြန်မာကုမ္ပဏီ တွေရဲ့ အခြေခံအုတ်မြစ်တွေကို နည်းဆောက်ဖို့လည်း ကူညီသွားပါမယ်။ ESG ရည်မှန်းချက်တွေကို မြှင့်တင်ဖို့ ကုမ္ပဏီ တွေ နဲ့ အနီးကပ် အလုပ်လုပ်သွားပါမယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေထဲက တခုက ADB ရဲ့ ဦးတည်ချက်တွေနဲ့ ကိုက် ညီတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေး ပတ်ဝန်းကျင်တခုတည်ဆောက်ရေးမှာ ကူညီဖို့ ဖြစ်ပါတယ်။ အခွင့်အလမ်းတွေ ဖန်တီးရေး၊ အမျိုးသမီး စွန့်ဦးတည်ထွင်သူတွေနဲ့ အမျိုးသမီးတွေက ဦးဆောင်တဲ့ ကုမ္ပဏီတွေ ကို အထောက်အကူပေး ရေးတွေ အပါအဝင်ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက တဆင့် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ အပေါ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ သက် ရောက်မှုတခု ပြုလုပ်ပေးနိုင်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတခု ဖန်တီးပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းသစ်(MSDP) ကိုလည်း ကျနော်တို့ ထောက်ခံပါတယ်။ အဲဒါက ဟန်ချက်ညီမျှပြီး ရေရှည်ခိုင်မြဲတဲ့ စီးပွားရေးတိုးတက်မှုကို မောင်းနှင်ဖို့ အဓိက အင်ဂျင်အဖြစ် ပုဂ္ဂလိကကဏ္ဍမှာ သိကြပါတယ်။

မေး။ ။ အတွေ့ အကြုံအပေါ်မှာ အခြေခံပြီး ကြည့်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ အတွက် ဘယ် ကဏ္ဍက အလားအလာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု သီအိုရီ ကိုပြန်သွားရပါမယ်။ ကျနော်တို့ ကုမ္ပဏီ ရဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတရားမှာ အကြောင်းရင်း ၂ ခုရှိပါတယ်။ တခုက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဇာတ်ကြောင်းပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာ နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုရဲ့ အစောဆုံးအဆင့်တခုမှာ ရှိပါတယ်။ ဒါကြောင့် တိုးတက်လာမယ့် အလားအလာတွေ အများကြီး ရှိပါတယ်။ ဘယ်ဘဏ္ဍ သို့မဟုတ် ဘယ်ကုမ္ပဏီဖြစ်စေ တိုးတက်မှု အလားအလာရှိတဲ့အတိုင်း မြင့်တက်လာနိုင်မယ်၊ ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။

ဒုတိယ အကြောင်းရင်းကတော့ မြန်မာနိုင်ငံရဲ့ စားသုံးမှုနဲ့ ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက လူဦးရေ ၅၃ သို့မဟုတ် ၅၄ သန်းမှာ လူငယ်က ပိုများပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ တဝက်က အသက် ၃၀ အောက်တွေလို့ ဒေါ်အောင်ဆန်းစုကြည် ရည်ညွှန်းခဲ့ဖူးပါတယ်။ ဝင်ငွေကလည်း တက်လာနေပါတယ်။ ဒါကြောင့် အဲဒါက စားသုံးမှုအတွက် အပေါင်း လက္ခဏာပါပဲ။ မြန်မာနိုင်ငံရဲ့ စားသုံးသူ ကဏ္ဍမှာ အရာရာတိုင်းက ကုတ်အား ရှိနေနိုင်ပါတယ်။ အဲဒါက လက်လီအရောင်း၊ စားသောက်ကုန်နဲ့ အဖျော်ယမကာ၊ လူသုံးကုန်၊ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ပညာရေး ဖြစ်နေနိုင်ပါတယ်။ ဝင်ငွေမြင့်တက်လာတာနဲ့ အမျှ၊ လူတွေ အသက်ကြီးလာတာနဲ့ အမျှ ကျန်းမာရေး စောင့်ရှောက်မှု ပို လိုအပ်လာပါတယ်။ ပညာရေး ပို လိုလာပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ၂ နှစ်ဆက်တိုက် ကျဆင်းခဲ့ပါတယ်။ ရခိုင် ပြဿနာကြောင့် မြန်မာနိုင်ငံ အပေါ် အနောက်တိုင်းရဲ့ သဘောထားကိုလည်း သိပြီး ဖြစ်မှာပါ။ ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒေါ်လာ သန်းနဲ့ချီပြီး ရင်းနှီးမြှုပ် နှံဖို့ Ascent Capital က ဘာကြောင့် ဆုံးဖြတ်ခဲ့တာပါလဲ။

ဖြေ။ ။ ကျနော်တိုရဲ့ ရည်ရွယ်ချက်က အတော်လေး ရိုးစင်းပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ၂ နှစ်ဆက်တိုက် ကျ ဆင်းနေတယ်ဆိုတဲ့ အချက်ကို အရင်ဆုံးပြောပါရစေ။ ကျနော်ကတော့ ဒီလိုမထင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပျမ်းမျှ ဖွံ့ဖြိုးတိုး တက်မှုက ၆ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအတွင်း ရှိပါတယ်။ ဒါကြောင့် (အလုံးစုံ) ဖွံ့ဖြိုးတိုးတက်မှုက မကျခဲ့ပါဘူး။ မြန်မာ နိုင်ငံက မျှော်လင့်ထားသလောက် မြန်မြန်ဆန်ဆန ်ဖွံ့ဖြိုးမလာခဲ့တာပဲ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မြန်မာနိုင်ငံက စိန်ခေါ်မှုတွေ အားလုံးရင်ဆိုင်ခဲ့ရပေမယ့် စီးပွားရေးတိုးတက်မှုကို ၆.၅ ရာခိုင်နှုန်း ရအောင ်လုပ်နိုင်တုန်းပါပဲ။ တကယ်လို့ မြန်မာအစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနဲ့ လူတိုင်းက အတူတကွစုစည်းပြီး ပိုပြီး အားထုတ် မယ်၊ အာရုံစိုက်မယ်၊ အင်အားပေးတွေပေးမယ်ဆိုရင် အများကြီး ပိုရလာဖို့ မခက်ပါဘူး။

ကျနော်တို့က ရေရှည် ရင်းနှီးမြှုပ်နှံသူတွေပါ။ ကျနော်တို့က ရေတို အကျိုးအမြတ် ပြန်ရဖို့ကို မျှော်လင့်ပြီး ဒီမှာ ရှိနေတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကာလက ၁၀ နှစ် ကနေ ၁၅ နှစ်အတွင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၂၀၃၀ ရောက်တဲ့ အချိန်မှာ ဘယ်လိုဖြစ်နေမလဲလို့ ကျနော်တို့ကိုယ် ကျနော်တို့ မေးခဲ့ပါတယ်။ ကျနော်တို့က ၂၀၂၀ ခုနှစ် မှာ မြန်မာနိုင်ငံက ဘယ်နေရာမှာရှိနေမှာလဲလို့ တွေးမယ့်အစား တကယ်လို့ ကျနော်တို့က ဒီလိုအမြင်နဲ့ ကြည့်ခဲ့မယ်ဆိုရင် နိဂုံးချုပ်သုံးသပ်ချက်က အတော်လေး ကွဲပြားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ တကယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ၂၀၂၀ ကိုပဲ စဉ်းစားမယ်ဆိုရင် ဒါက မြန်မာနိုင်ငံအတွက် အချိန်ကောင်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တကယ်လို့ ရင်းနှီးမြှုပ်နှံသူ တွေက ၂၀၃၀ ကို စဉ်းစားမယ်ဆိုရင်တော့ ဒီအချိန်က ရင်းနှီးမြှုပ်နှံဖို့ မှန်ကန်တဲ့အချိန်ပါပဲ။ အဲဒါက အစောကြီး ဝင်လာသူ တွေ ဖြစ်ရတဲ့ အကြောင်းပါ။

မေး။ ။ FDI ကျဆင်းမှု ပြန်တက်လာအောင် အားထုတ်မှုတခု အနေနဲ့ မြန်မာ အစိုးရက အရှေ့ကိုမျှော်တဲ့ စီးပွားရေး ဗျူ ဟာသစ်တခုကို ကျင့်သုံးခဲ့ပါတယ်။ အဲဒါကို ဘယ်လိုထင်ပါသလဲ။ ကျဆင်းနေတဲ့ FDI ပြန်တက်လာဖို့ အလားအလာ တ ကယ်ရှိပါသလား။

ဖြေ။ ။ အချက်အလက်တွေကို ကြည့်ကြရအောင်။ တကယ်လို့ မြန်မာနိုင်ငံက စီးပွားရေးတံခါးဖွင့်လာခဲ့တဲ့ လွန်ခဲ့တဲ့ ၈ နှစ် သို့မဟုတ် ၉ နှစ်လောက်ကို ကြည့်မယ်ဆိုရင် FDI တွေ ဘယ်ကလာသလဲ ကြည့်ပါ။ FDI အများစု၊ သိသာမြင်သာပြီး ခိုင်မာတဲ့ FDI တွေက အာရှက လာပါတယ်။ ဒါက အဖြစ်မှန်ပါ။ ဒါကြောင့် ကျနော့်ကို မေးမယ်ဆိုရင် အရှေ့မျှော် ဗျူဟာ က ၂၀၁၁ ကထဲက ရှိခဲ့ပါတယ်။ ၂၀၁၇ သို့မဟုတ် ၂၀၁၈ ရောက်မှ မဟုတ်ပါဘူး။

ကျနော်က နိုင်ငံရေးသမား မဟုတ်ပါဘူး။ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်ကတော့ ကျနော်တို့အနေနဲ့ အရှေ့ကြည့်မှာလား သို့မဟုတ် အနောက်ကိုကြည့်မှာလား မရွေးချယ်သင့်ပါဘူး။ ကျနော်တို့က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ မည်သူကိုမဆို ၊ မြန်မာနိုင်ငံရဲ့ ရေရှည်ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုပါဝင်ဆောင်ရွက်မှုကို မဆို ကြိုဆိုသင့်တယ်လို့ ထင်ပါ တယ်။

ကျနော် အဲဒီလိုပြောရတာ ဘာကြောင့်လဲဆိုတော့ သူတို့က မြန်မာနိုင်ငံနဲ့ စကားမပြောချင်ဘူး၊ သူတို့က မြန်မာနိုင်ငံနဲ့ ဝေးဝေးနေချင်တယ်လို့ မီဒီယာတွေက ပြောနေကြတဲ့ ဥရောပနဲ့ အမေရိကန်က ရင်းနှီးမြှုပ်နှံသူ အများအပြားနဲ့ ကျနော်တွေ့ခဲ့ပါတယ်။ အဲဒါမဟုတ်ပါဘူး။ သူတို့က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြုချင်ကြပါတယ်။

ကျနော်တို့ အားလုံးသိတဲ့အတိုင်း အနောက်တိုင်း ကုမ္ပဏီတွေနဲ့ ရင်းနှီး မြှုပ်နှံသူတွေက သဘာဝပတ်ဝန်းကျင် နဲ့ လူမှုရေးဆိုင်ရာ ကိစ္စတွေမှာ အလေးပေးတာ ပိုပြီး အဆင့်မြင့်ကြပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံအတွက် အကျိုးရှိနိုင်မယ့် အဆင့်မြင့် စီမံခန့်ခွဲမှု ယူဆောင်လာရေးကို အလေးပေးပါတယ်။ “အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ စကားမပြောဘဲ နေကြစို့” သို့မဟုတ် “အာရှ ရင်းနှီးမြှုပ်နှံသူတွေနဲ့ပဲ စကားပြောကြစို့” ဆိုတာမျိုး ကျနော်တို့ တွေးသင့်တယ်လို့ မထင်ပါဘူး။ ကျနော်တို့ အလယ်မှာ မျဉ်းတကြောင်း ဆွဲစရာ မလိုပါဘူး။

( Nan Lwin ၏  Private Equity Fund to Boost Myanmar Companies with up to $100M ကို ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: Ascent Capital PartnersLim Chong Chongစင်ကာပူ ကုမ္ပဏီ
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရွှေလက်နဲ့ ခေါ်သူကြီးပါ

ရွှေလက်နဲ့ ခေါ်သူကြီးပါ

World War Z ရုပ်ရှင်

ဘတ်ဂျက် ပြဿနာကြောင့် ရိုက်ကူးရေး နောက်ဆုတ်သွားတဲ့ "World War Z" နောက်ဆက်တွဲရုပ်ရှင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate