• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ သက်သေပြနိုင်မှာပါ” ဆိုတဲ့ ဖိုးသော်

by ထွန်းထွန်း
12 February 2019
in အင်တာဗျူး
A A
ဖိုးသော် / One Championship

ဖိုးသော် / One Championship

14.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ မတ်လ ၈ ရက်နေ့တွင်ကျင်းပမည့် သိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွင် မြန်မာဖိုက်တာတွေလည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာ ပရိတ်သတ်တွေ အားပေးမှုကို ရရှိထားပြီးဖြစ်တဲ့ ဖိုက်တာ ဖိုးသော် ကလည်း အင်ဒိုနီရှားနိုင်ငံသား “The Iceman” Yohan Mulia Lagowo နဲ့ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။

ဖိုးသော်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲမှာ မလေးရှား ဖိုက်တာ Keanu Subba ကို ပထမအချီမှာဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒီအရှုံးကနေ ပြန်လာနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထွန်းထွန်း က ဖိုးသော်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

RelatedPosts

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

13 May 2025
31
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.4k
သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

12 May 2025
112

မေး ။ ။ ပြိုင်ဘက်အကြောင်း ဘာတွေလေ့လာထားပြီးပြီလဲ။

ဖြေ ။ ။ လက်ရှိမှာ ပြိုင်ဘက်အကြောင်းကိုတော့ အကြမ်းဖျင်းလေ့လာထားပါတယ်၊ သူ့အရင်ပုံစံတွေကိုချည်းပဲ ကစားမယ် ဆိုပြီး တထစ်ကျ တွက်ထားလို့ မရတာကြောင့် အကြမ်းဖျင်းလေ့လာပြီး စင်ပေါ်မှာ သေသေချာချာ သတိထားပြီး  ယှဉ်ပြိုင် သွားမှာပါ။

မေး ။ ။ သူဟာ ပြိုင်ဘက်ကောင်းတယောက်လို့ ထင်ပါသလား။

ဖြေ ။ ။ သူက အတွေ့အကြုံ ပိုများတဲ့ အတွက် ပြိုင်ဘက်ကောင်းလို့တော့ပြောလို့ ရနိုင်ပါတယ်။

မေး ။ ။  ပြိုင်ပွဲအတွက်ရော ဘယ်လောက်အထိ လေ့ကျင့်ပြင်ဆင်ထားလဲ။

ဖြေ ။ ။ ပြိုင်ပွဲ အတွက်ကတော့ မွေထိုင်း၊ နပမ်း၊ ဂျူဂျစ်စု တို့ကို MMA ပုံစံ နဲ့ လေ့ကျင့်ပြင်ဆင်နေပါတယ်။

မေး ။ ။ ဒီပွဲကို အနိုင်ယူနိုင်မယ်လို့ရော ယူဆထားသလား။

ဖြေ ။ ။ ဒီပွဲကို နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်တယ်။ အဓိကကတော့ အသက်အရွယ်ကြောင့်ပါ။ ပြိုင်ဘက်က အသက် ၃၈ နှစ်ပါ။

မေး ။ ။ ဒီပွဲအတိုင်ခင်က ပွဲမှာ ရှုံးနိမ့်ထားတော့ ဘယ်လိုသင်ခန်းစာတွေရခဲ့လဲ။ အခုပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်ထင်လား။

ဖြေ ။ ။ ပြီးခဲ့တဲ့ပွဲ အရှုံး ရလဒ်က အရည်အသွေးကို မှတ်ကျောက်တိုက်ခံခဲ့ရတယ်လို့မြင်ပါတယ်။ အတွေ့အကြုံ ကောင်းတခု ရခဲ့တယ်။ ဒီတခါလည်း မှတ်ကျောက်တိုက်မယ်ဆိုရင် အရည်အသွေး ပိုကောင်းလာတာကို အားလုံးမြင်ရမှာပါ။ အကောင်းဆုံးပုံစံ မရသေးပေမယ့် အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ သက်သေပြနိုင်မှာပါ။

မေး ။ ။ အခုရော ဘယ်မှာလေ့ကျင့်နေလဲ။ လေ့ကျင့်မှုအပိုင်းကို အားရမှုရော ရှိလား။

ဖြေ ။ ။ အခု TigerMuayThai MMA Club မှာ လေ့ကျင့်နေပါတယ်။ လေ့ကျင့်မှုကိုတော့ အားရမှုမရှိသေးပါဘူး။ ကာလရှည် Camp ဝင်ပြီး လေ့ကျင့်နိုင်အောင် ကြိုးစားနေပါတယ်။

မေး ။ ။ ဖိုက်တာတယောက်အနေနဲ့  MMA ပြိုင်ပွဲကို ဘယ်လိုမြင်လဲ။

ဖြေ ။ ။ MMA ပြိုင်ပွဲတွေက တစ်နှစ်ထက် တစ်နှစ် ပရိတ်သတ် စိတ်ဝင်စားမှု တိုးတက်လာပြီးတော့ ကစားသမားတွေ ရဲ့ ပါဝင် ယှဉ်ပြိုင်လိုမှုလည်း မြင့်တက်လာတယ်။ MMA Event ဆိုပေမယ့် MMA ပုံစံ အပြင် Stand Fight Only (Super Series) @ Muay Thai & Kick Boxing တို့ကိုပါ တွဲဆိုင်း တွဲပေးတဲ့ အတွက် လက်ဝှေ့ ကစားသမား တွေအတွက် အခွင့်အရေး ကောင်းတွေ ရှိနေပါတယ်။

Your Thoughts …
Tags: MMAONE Championshipဖိုးသော်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ယမန်နေ့ အောက်တိုဘာ ၃၀ရက်နေ့ ညက စင်ကာပူတွင် ပြုလုပ်သည့် One Championship ပွဲတွင် နယ်သာလန်နိုင်ငံ သား ဒီရစ်ဒါတို့ ထိုးသတ်ရာ ချန်ပီယံ အောင်လအန်ဆန်း ရှုံးနိမ်သွား ခဲ့သည်။

ချန်ပီယံအောင်လအန်ဆန်း ဘာကြောင့်ရှုံးသလဲ

by ဆလိုင်းသန့်စင်
31 October 2020
37.6k

COVID-19 ပြင်းထန်စွာဖြစ်ပွားနေချိန် အလုပ်လက်မဲ့များ ဖြစ်ပြီး စီးပွားရေးများ ကြပ်တည်းကာ စားဝတ်နေရေးများ အခက်တွေ့၍ ဒုက္ခရောက်နေကြသော်လည်း “အောင်လပွဲ ရှိတယ်ဟေ့”ဆိုသည်နှင့် ပရိတ်သတ်များက တီဗီရှေ့ပြေးသူပြေး၊ ဖုန်းထဲကနေ ကြည့်ဖို့ ရှာကြဖွေကြနှင့် ဒုက္ခအားလုံးကို ခေတ္တမေ့ထားပြီး ကမ္ဘာ့အလယ်တွင် မြန်မာပြည်ကိုယ်စားပြု...

ထိုင်း-ဂျပန်နွယ်ဖွား အမျိုးသမီး MMA ဖိုက်တာ Rika

“ကျမ နိုင်မယ်လို့ သေချာပေါက် ပြောနိုင်ပါတယ်” ဆိုတဲ့ ထိုင်းအမျိုးသမီးဖိုက်တာ Rika

by ထွန်းထွန်း
5 October 2018
18.2k

ပြင်ဆင်မှု ပိုကောင်းအောင် လုပ်ထားတဲ့သူကတော့ အနိုင်ရမှာပဲလို့ ကျမထင်ပါတယ်။ ကျမအနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားတာကြောင့် အနိုင်ရလိမ့်လို့ သေချာပေါက် ပြောနိုင်ပါတယ်။

မြန်မာအမျိုးသမီး MMA ဖိုက်တာ အန်တိုနီယာ

ထိုင်းဖိုက်တာကို အနိုင်ယူပြီး မြန်မာ့ဂုဏ်ဆောင်မည်ဟု အန်တိုရီယာ ကြုံးဝါး

by ထွန်းထွန်း
2 October 2018
8.9k

ပြိုင်ဘက် ထိုင်းအမျိုးသမီးကို အနိုင်ယူကာ မြန်မာပရိသတ်များအတွက် ဂုဏ်ယူနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၆ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ - MMA တွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးဖိုက်တာ အန်တိုနီယာက ပြော

ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရှင်းလင်းပွဲ၌ တွေ့ရသော ချင်း တိုင်းရင်းသား တီရယ်လ်ထန် (ဦးထုပ် အနက် ဆောင်းထားသူ)  / အောင်ကျော်ထက် / ဧရာဝတီ

ပြိုင်ဘက်ကို ပထမ အချီတွင် အနိုင်ယူမည်ဟု ချင်း တိုင်းရင်းသား ကစားသမား ကြုံးဝါး

by ထွန်းထွန်း
5 March 2019
8.8k

သူ (Saroth) က ထိုးတာလည်း အရမ်း တော်ပါတယ်။ ကျနော့် ဘက်ကတော့ သူ့ထက် ကောင်းအောင် ပိုကြိုးစားထားပါတယ်။ အမိမြေမှာ မြန်မာ ပရိသတ်တွေ အိမ်ပြန်တဲ့ အခါ ပျော်ရွှင်ရအောင် ကျနော် ကြိုးစားမှာပါ

မလေးရှား ဖိုက်တာနှင့် ထိုးသတ်မည့် မြန်မာ ဖိုက်တာ အန်တိုနီယာ  / ONE Championship

အရင်နဲ့ မတူတဲ့ပုံစံမျိုးနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်

by ထွန်းထွန်း
13 February 2019
4.8k

မြန်မာ့ မြေပေါ်မှာ ထိုးသတ်မယ့် ပွဲမှာ အရှုံးကနေ နိုးထလာနိုင်မလား၊ ဒီပွဲအတွက် ဘာတွေ ပြင်ဆင်ထားလဲဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသမီး ဖိုက်တာ အန်တိုနီယာကို ဧရာဝတီ သတင်းထောက် ထွန်းထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာ MMA ဖိုက်တာ ၂ ဦးဖြစ်သည့် ဖိုးသော်နှင့် အန်တိုနီယာ / One Championship

အရှုံးကိုခြေဖျက်သွားမယ်ဆိုတဲ့ မြန်မာဖိုက်တာ ဖိုးသော်နှင့် အန်တိုနီယာ

by ထွန်းထွန်း
11 February 2019
11.1k

ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစား ခန်းမတွင် မတ်လ ၈ ရက်နေ့၌ကျင်းပမည့် ONE Championship (One:Reign Of Valor) တွင် ပြီးခဲ့သည့် ပွဲစဉ်မှအရှုံးရလဒ်ကို ခြေဖျက်ကာ အကောင်းဆုံးယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖိုးသော်နှင့် အန်တိုနီယာ တို့က...

Next Post
ကမ္ဘောဒီးယားနိုင်ငံမှ အန်ကောဝပ် ဘုရားကျောင်းသို့ လာရောက်ကြသည့် ခရီးသွားများ / Reuters

အရှေ့တောင်အာရှ ခရီးသွားဒေသများ ဈေးနှုန်းမြင့်လာ

ပြစ်ဒဏ်ချမှတ်ခံရသည့် စင်ကာပူ စုံတွဲ  / The Straits Times

မြန်မာအိမ်အကူကို နှိပ်စက်သည့် စင်ကာပူ အမျိုးသမီး ထောင် ၃နှစ်ချမှတ် ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate