အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရအဖြစ် တာဝန်ယူခဲ့သည့် ကာလမှ ယနေ့အထိ မြန်မာ့စီးပွားရေးအခြေအနေ တိုးတက်လာခြင်း၊ ပြောင်းလဲမှုများ ရှိ၊ မရှိ၊ အသေးစားအလတ်စားလုပ်ငန်းများ စသည့်အခြေအနေများအပေါ် အမြင်၊သဘောထားနှင့်သုံးသပ်ချက်များကို အမျိုးသမီးလုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စား လှယ်များကို ဆက်သွယ်ကာ ဧရာဝတီသတင်းထောက် အောင်သီဟထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။
ဒေါ်နှင်းဝေ ( မြန်မာအမျိုးသမီးစီးပွားလုပ်ငန်းရှင်များအသင်း MWEA အထွေထွေအတွင်းရေးမှူး)
အခုလောလောဆယ် မြင်နေရတာကတော့ MSMEs လုပ်ငန်းတွေ ပိုပြီးဖွံ့ဖြိုးလာရေးအတွက် လုပ်လာနေတာတွေတော့ တွေ့နေရတယ်။ MSMEs တွေ ဖွံ့ဖြိုးဖို့လုပ်နေတာကလည်း စီးပွားရေးအတွက် တစိတ်တဒေသဖြစ်တဲ့အတွက် အစိုးရ အနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်နေတယ်လု ိ့တော့လည်း ပြောလို့ရတယ်။
ဒါပေမယ့်လည်း ဒီသက်တမ်း သုံးနှစ်အတွင်း စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေကတော့ တိတိကျကျတော့ မမြင်ရဘူးပေါ့။ ပြည်တွင်း လုပ်ငန်းရှင်များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်လည်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာအောင် ဖိုရမ်တွေ ဖိတ်ခေါ်ပွဲ လုပ်နေတာတွေလည်း တွေ့ရတယ်။ လက်ရှိလည်း ကျမတို့ရဲ့ MSMEs ကဏ္ဍကို ဒီထက်ပိုပြီး ကောင်းလာအောင် လုပ်ပေးနိုင်အောင် ဆွေးနွေးပြီးလုပ်နေတာတွေလည်း ရှိတယ်။
အားနည်းနေတဲ့ အပိုင်းတွေတော့ ရှိနေသေးတယ်။ ဥပမာ MSMEs ကဏ္ဍမှာဆိုရင်လည်း လုပ်ငန်းလိုင်စင်တွေ၊လုပ်ငန်းစဉ်တွေလည်းကို ချက်ချင်း လွယ်ကူပြီးတော့ အမြန်ဆုံး လုပ်ပေးရနိုင်မယ်။ ကုမ္ပဏီမဟုတ်ဘဲနဲ့ ကိုယ့်မှာ အထိုင်လေး ရှိနေတဲ့ ဆိုင်လေးတွေကလည်း လုပ်ငန်းလိုင်စင်လုပ်လိုက် ရင် သူမှာ နောက်ထပ်လုပ်လို့ရမယ့် အခွင့်အရေးတွေပေါ့ ချေးငွေရနိုင်မယ့် အနေအထားမျိုးတွေပေါ့။
ဒါပေမယ့် အဲဒီလို လုပ်ငန်းလိုင်စင် လုပ်လိုက်ရင် နောက်က ဒီဟာကို အမြတ်ခွန်တွေ အခွန်အခတွေက ဘယ်လိုလာမလဲဆိုတာကို စိတ်ပူ နေရတဲ့ အပိုင်းလေးတွေလည်း တွေ့နေရတယ်။ တခုခုလုပ်မယ်ဆိုရင် လုပ်ငန်းစဉ် တခုလုံးက ချောချောမွေ့မွေ့ ဖြစ်သွားတဲ့ အနေအထားတွေရှိအောင်လုပ်ပေးဖို့လိုအပ်ပါတယ် လို့ထင်ပါတယ်။
လုပ်ငန်းတွေလုပ်ဖို့ အခက်အခဲတွေ ရှိနေသေးတာပေါ့။ အကောင်းမြင်တဲ့ဘက် ပြောရရင် အားပေးနေတဲ့ အပိုင်းတွေ လည်းရှိနေတယ်။ ပို့ကုန် လုပ်ငန်းလုပ်နေတဲ့ သူတွေဆိုရင် ပို့ကုန်တွေကို နိုင်ငံခြားကို ရောင်းနိုင်ဖို့ ပို့ကုန်မြင့်တက် အောင် လုပ်ငန်းစဉ်များ လုပ်ပေးခဲ့တယ်ပေါ့။ ဒါပေမဲ့တနိုင်တပိုင်လုပ်နေတဲ့ သူတွေကိုဒီလမ်းကြောင်း သွားနိုင်ဖို့ကို လုပ်ပေးဖို့လိုတယ်။
ဥပမာ လုပ်ငန်းလိုင်စင်ရှိမှ ငွေချေးလို့ရမယ်ဆိုရင်လုပ်ငန်းလိုင်စင်ကို ဘယ်လိုလွယ်လွယ် ကူကူလုပ်ပေးနိုင်မလဲ ဆိုတာမျိုး ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့ ကျမက အကောင်း အမြင်နဲ့ ပြောရမယ်ဆိုရင် အစိုးရပဲ ဖြစ်ဖြစ် ဘယ်အဖွဲ့အစည်း ပဲဖြစ်ဖြစ် အစပိုင်းမှာ သူတို့လည်း လုပ်စရာတွေ နည်းနည်း များတယ်ပေါ့။ စီမံခန့်ခွဲ့မှုတွေ အားလုံးပြောင်းပြီး လုပ်ရတဲ့အတွက် ဦးစားပေးပြီးလုပ်ရမယ့် ကဏ္ဍတွေကလည်း များတယ်ပေါ့။ သူတို့တွေလည်း တတ်နိုင်သလောက်တော့ ကြိုးစား လုပ်နေတယ်။
ဒီဘက်က အမြင်က ကိုယ့် ကဏ္ဍကို ကိုယ်ပိုအားသာတယ်ဆိုတော့ စီးပွားရေးကဏ္ဍကို ဒီထက်ပိုပြီး ဖြစ်စေချင်တဲ့ ဆန္ဒကတော့ရှိတာပေါ့။ တခြားကဏ္ဍတွေ ကလည်းကြည့်ရင် လုပ်စရာတွေလည်း အများကြီးရှိတဲ့ပုံစံမြင်ရတော့ ကျမတို့ဘက် (စီးပွားရေး ကဏ္ဍ)ကိုတော့ အားအပြည့် မထည့်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတော့ရှိတယ်။
ပြီးတော့ ဘဏ်တွေမှာ ပြုပြင်ပြောင်းလဲမှုတွေရှိခဲ့တယ်ဆိုပေမယ့် လုပ်ငန်းအသေးတွေကို တကယ်အထောက်အပံ့ရနိုင်တဲ့ အနေအထား မရှိသေးဘူး။
ချေးငွေတို့ ဘာတို့ဆိုရင်လည်း လုပ်ငန်းကြီးတွေအတွက်လည်း သိပ်မလိုဘူး သူတို့မှာ လုပ်နိုင်တဲ့ ဘဏ္ဍာရေး အခြေအနေမျိုးရှိတယ်။ တကယ့်အသေးစားလုပ်ငန်းတွေက ချေးငွေရဖို့ဆိုတာကျတော့ ပေးတဲ့ သူတွေကလည်း ဒီလူတွေကို စိတ်ချရအောင် လုပ်ငန်းလည်း တကယ်လုပ်နေတယ်ဆိုတဲ့ အထောက်အထား လည်း ပြနိုင်ဖို့ လိုတာပေါ့။
ဘဏ်တွေဘက်ကလည်း အပေါင်ပစ္စည်းတခုခုရှိမှ၊ ဒါမှမဟုတ်ထောက်ခံတဲ့ အဖွဲ့အစည်းရှိမှ လုပ်ငန်းအသေးတွေကိုငွေချေးနိုင်တဲ့ အနေအထားရှိတယ်လေ။
အားလုံးခြံ ုပြောရမယ်ဆိုရင် သူတု့ိလည်း လုပ်တော့လုပ်နေတယ် ဒါပေမယ့်လည်း စီးပွားရေးအတွက် လုပ်နေတာတွေက သိပ်ပြီး အားရ ကျေနပ် စရာကောင်း တဲ့အခြေအနေအထိတော့ မရောက်သေးသလိုတော့ ခံစားမိတာအမှန်ပါ။
ဒေါက်တာသက်သက်ခိုင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
အထည်ချုပ်ကဏ္ဍ နဲ့ ရေထွက်ပစ္စည်း၊ စိုက်ပျိုးရေးကဏ္ဍထွက်ကုန်တွေရဲ့ပို့ကုန်ပမာဏ သိသိသာသာတိုးတက်လာလို့ ကုန်သွယ်မှုလိုငွေ လျော့ကျလာပေမဲ့ တနိုင်ငံလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို GDP တိုးတက်မှုနှုန်းနဲ့ ကြည့်ရင် သုံးနှစ်ဆက်တိုက် တဖြေးဖြေး ကျဆင်းလာလို့ စီးပွားရေး တိုးတက်မှု အရှိန်အဟုန် တဖြေးဖြေး ပိုပိုနှေးကွေးလာမှာ ကိုစိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်။မြန်မာ့စီးပွားရေး အခြေအနေ အမှန်ကို အောက်ခြေအထိ လက်တွေ့မြင်တွေ့ လေ့လာတဲ့ သုတေသနလုပ်ငန်းတွေ အများကြီး လိုအပ်နေပြီး လူမှုစီးပွားဖွံဖြိုးမှု မဟာဗျူဟာမှာ တကယ့်အခြေအနေမှ န်ကို ထင်ဟပ်တဲ့ အဖြေတွေပါဝင်ဖို့လည်း လိုအပ်နေပါတယ်။
GDP ကိန်းဂဏန်းကိုလည်း ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ကဏ္ဍတခုချင်းစီရဲ့ GDP ကိန်းဂဏန်းတွေ တိုး လာအောင် ကဏ္ဍအလိုက် မဟာဗျူဟာချမှတ်ဆောင်ရွက်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။ တဖက်မှာလည်း ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာလူငယ်များ နိုင်ငံခြားထွက်ပြီးအလုပ်လုပ်နေကြရတယ်ဆိုတာ အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းတွေရဲ့လုပ်အားကို ပြည်တွင်းမှာ အသုံးချမှု နည်းနေတာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအား (National Productive Capacity) လျော့နည်းနေတာလဲဖြစ်ပါတယ်။
၎င်းတို့မှမိသားစုထံ လွှဲငွေများကြောင့် မိသားစုများ လတ်တလောအဆင်ပြေနေကြပေမယ့် ရေရှည်မှာ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ ဥပမာအားဖြင့် အဖေနဲ့အမေ နှစ်ယောက်လုံး ပြည်ပထွက်အလုပ်လုပ်နေကြရတဲ့အတွက် ၎င်းတို့ရဲ့ သားသမီးတွေ အဖိုး၊အဖွား ဒါမှမဟုတ် ဆွေနီးမျိုးစပ်တွေနဲ့ နေကြရတော့ မိဘနဲ့အတူမနေရတဲ့ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းတဲ့ ခလေးတွေရဲ့ အနာဂတ် နဲ့ လူမှုရေး အခြေအနေကို ခန့်မှန်းရခက်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။
အဲဒါကြောင့် အစိုးရအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို အားပေးမယ့် ဘဏ္ဍာရေးနည်းလမ်းနဲ့ နှိုးဆွမှု (Fiscal stimulus) နဲ့ ငွေရေးကြေးရေးနည်းလမ်းအရ နှိုးဆွမှု (Monetary stimulus) တွေပြုလုပ်ဖို့လိုအပ်နေပါတယ်။
ဒေါက်တာမြတ်သီတာမြင့် (Win&Win Construction and Developer) ၂၀၁၆ ခုနှစ် အာဆီယံအမျိုးသမီးစီးပွားရေး ကွန်ရက်ထူးချွန်ဆုရှင်
အစိုးရရဲ့ လုပ်ဆောင်မှုတွေကတော့ ပညာရေးနဲ့ အခြားကဏ္ဍတွေမှာလုပ်ဆောင်နေအပိုင်းတွေမှာ ပြုပြင်ပြောင် းလဲမှုတွေက အများကြီးတွေ့မြင်ရတာပေါ့နော်။ စီးပွားရေးနဲ့ ပတ်သက်ပြီး တိုးတက်ပြောင်းလဲမှုကသိပ်ပြီးတော့ မတွေ့ ရသေးဘူးလို့ ပြောရမယ်။
ပြုပြင်ပြောင်းလဲမှု တခုလုပ်တာကတော့ အချိန်တခုတော့ လိုတာပေါ့။ အခွန် နဲ့ ပတ်သက်ရင်လ ည်း ပြုပြင်ပြောင်းလဲမှုတွေရှိလာတယ်။ နောက်တခု ဘဏ်အတိုးနှုန်းကိစ္စပေါ့ ဒီမှာကတော့ ၁၃ ရာခိုင်နှုန်းပေါ့ အခြားနိုင်ငံ တွေမှာတော့ သူတို့နိုင်ငံအလုပ်ပေါ့။
၃ ကနေ ၅ ရာခိုင်နှုန်းလောက်နဲ့ ပေးတော့ နိုင်ငံခြားလုပ်ငန်းရှင်တွေအတွက် ကျမတို့ထက် နည်းနည်းအခွင့်အလမ်းပိုရနေတဲ့ သဘောမျိုးရှိတာပေါ့။ သူတို့အတွက်က ချေးငွေက အတိုးနှုန်းသ က်သက်သာသာရနေတော့ ပိုပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားရှိတယ်။
ဒီမှာက ၁၃ ရာခိုင်နှုန်းဆိုတော့ လုပ်ငန်းစလုပ်ဖို့ သူတွေအတွက်က တော်တော်ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်။ လုပ်ငန်းသေးသေးလေးတွေ လုပ်မယ်သူတွေက ဘဏ် တွေမှာ ငွေအပ်လိုက်တာက လုပ်ငန်းလုပ်စရာမလိုဘဲ အတိုးနှုန်း ၈ ရာခိုင်နှုန်း ၉ ရာခိုင်နှုန်း ကို လွယ်လွယ်ရတယ် ပိုပြီးတော့ သေချာတယ်ဆိုတဲ့အတွေးတွေ လူငယ်တွေမှာ ဝင်သွားမှာတော့ စိုးရိမ်ရတယ်။
ဆောက်လုပ်ရေးကဏ္ဍက တိုင်းပြည်စီးပွားရေးက နှေးနေတော့ ဝယ်လိုအားက အရမ်းနည်းနေတာပေါ့။ ဆောက်လုပ်ရေးရဲ့ သဘောတရား စီးပွားရေးကောင်းနေကြတယ်ဆိုရင် ရင်းနှီးမြုှပ်နှံမှု သဘောလိုမျိုး ဝယ်ကြတဲ့ အနေအထားဆိုတော့ လုပ်ငန်းတွေက ကောင်းတာပေါ့။
အခုအခြေအနေကတော့ တိုင်းရင်းသားလုပ်ငန်းရှင်တွေအနေနဲ့ တောင့်ခံထားနိုင်ဖို့တော့ လိုတာပေါ့။ ဒါပေမဲ့ အဲဒီလို တောင့်ခံနိုင်ဖို့ ကြိုးစားနေရာမှာလည်း ဒီက လုပ်ငန်းရှင်က ၁၃ ရာခိုင်နှုန်း အတိုးနဲ့ တောင့်ခံရတာဆိုတော့ နိုင်ငံခြားလုပ်ငန်းရှင်တွေက အတိုးနှုန်းနည်းနည်းနဲ့ တောင့်ခံနေတာ။ ကွန်ဒို ဥပဒေကလည်း မကြာခင်ထွက်လာတော့မယ့် အလားအလာရှိပါတယ်။
အဓိကက စီးပွားရေးအရမ်းကြီးငြိမ်နေရတဲ့ အကြောင်းက ကျမထင်တာတော့ အတိုးနှုန်းေ ကြာင့်လို့ပဲ ထင်ပါတယ်။ ဒီ တတိယနှစ် ကာလအတွင်းမှာတော့ တိုးတက်မှုတွေ အများကြီးမြင်ရတယ်ပေါ့ စီးပွားရေးလု ပ်ကိုင်ရတဲ့ နေရာတွေ ရုံးဌာနတွေနဲ့ဆက်ဆံ လုပ်ကိုင်ရတဲ့အပိုင်းတွေ လုပ်ရကိုင်ရတာတွေ ပိုပြီးမြန်ဆန်လာတွေ တွေ့ရတယ်ပေါ့။ အဓိက ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ အဓိက ရင်ဆိုင်ရတဲ့ ပြဿနာတခု နိုင်ငံခြားရင်းနှီး မြှု ပ် နှံသူတွေကနဲ့ ဘဏ္ဍာရေးအခြေအနေကိစ္စပေါ့။ သူတို့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်တယ်။
ကျမတို့က ငွေကို အောင်းထားနိုင် ခြင်းမရှိဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေ လာတယ်ဆိုတာက အင်မတန်ကောင်းတဲ့ ကိစ္စပါ။ နိုင်ငံတော်အစိုးရကလည်း အထူးဖိတ်ခေါ်ပြီးတော့ လုပ်နေတယ်။ မြန်မာနိုင်ငံသားတွေ မလုပ်နိုင်တဲ့ လုပ်ငန်းတွေ စီမံကိန်းအကြီးကြီးတွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူကို ခေါ်နေတာတွေလည်းရှိတယ်။
ဒါပေမဲ့ တချို့သော စီမံကိန်းတွေ လုပ်ငန်းတွေကို လုပ်ငန်း အလတ်စားေ တွပေါ့ ဒီလိုလုပ်ငန်းတွေကိုတော့ မြန်မာနိုင်ငံသားတွေ အခွင့်အလမ်းပေးသင့်တယ်။ ဒါမှလည်း နိုင်ငံခြားသားတွေ က လည်း အရမ်းကြီး အထင်မသေးရဲပဲ သူတို့နိုင်ငံသားတွေလည်း လုပ်နိုင်သားပဲဆိုတော့ အမြင်မျိုးလည်း ရစေတာပေါ့။
ဒီလိုမျိုး မြန်မာနိုင်ငံသားလုပ်ငန်းတွေကို အားပေးမှလည်း စီးပွားရေးက တိုးတက်လာမယ်လို့ ထင်ပါတယ်။ အားလုံး ခြုံပြီး ပြောရမယ်ဆိုရင် အစိုးရတက်လာပြီးနောက်ပိုင်း အကျင့်ပျက်ခြစားမှုအပိုင်းတွေမှာ တော်တော်လေးလျော့ကျ သွားတဲ့ မြန်မြန်ဆန်ဆန်လေးတော့ဖြစ်လာတယ်။ တချို့ နေရာလေးတွေမှာ တော့ ပြုပြင်ပေးဖို့ လိုအပ်ချက်တွေရှိနေသေးတယ်။
ဒေါ်ကြေးမုံလွင် ( အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်)
ဒီသုံးနှစ်အတွင်းမှာတွေ့ရတာကတော့ လုပ်ငန်းငယ်တွေ အတွက် လမ်းကြောင်းအသစ်တွေ ပိုဖန်တီးလာနိုင်ပြီး စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေလည်း အများအပြားပေါ်ပေါက်လာတာကိုတွေ့ရတယ်။
အမျိုးသားအမျိုးသမီးခွဲခြား နေတာမျိုးမဟုတ်ဘဲ ပြည်သူလူထုတရပ်လုံးအနေနဲ့ နိုင်ငံတိုးတက်ဖို့အတွက် တဖက်တလမ်းကနေ ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊လူထုကို အကျိုးရှိစေမဲ့လုပ်ငန်းတွေကို တစ်ပိုင်တစ်နိုင် လုပ်လာတာဖြစ်တဲ့အတွက် ယခုလက်ရှိအခြေအနေဟာ အစိုးရသစ် သက်တမ်း သုံးနှစ်မှာ အားရမှု ရှိတယ်လို့ ပြောနိုင်ပါတယ်။
နိုင်ငံအတွင်းမှာ အဓိကအားဖြင့် ကျန်းမာရေးအတွက် အလေးထားပြီးအသီးအရွက်တွေကိုစိုက်ပျိုးထုတ်လုပ်မှုဟာ ၂၀၁၇ လောက်အထိ မှာ အနည်းငယ်ပဲရှိခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကနေ ပိုးသတ်ဆေးမျိုးစုံ ဓာတ်မြေသြဇာ မျိုးစုံအသုံးပြုပြီး ထုတ်လုပ် ထားတဲ့ အသီးအရွက်တွေကို ပဲ အဓိကစားသုံးနေခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာတော့ စိုက်ပျိုး တောင်သူတွေအနေနဲ့ ဓာတုကင်းလွတ်အသီး အရွက်တွေကို စိုက်ပျိုးဖို့အတွက် ပိုအလေးထားလာ သလို စားသုံးသူတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ဂရုစိုက်ပြီး စားသောက်လာနေပြီဖြစ်တဲ့အတွက် ဈေးကွက်အနေနဲ့လည်း ပိုမိုကျယ်ပြန့်လာနေပြီဖြစ်ပါတယ်။ အဓိက ကျမအနေနဲ့ ကတော့ စားသုံးသူနဲ့ စိုက်ပျိုးသူ တောင်သူတွေကြားပေါင်းကူးတံတားတခုအနေနဲ့ ဆက်သွယ်ပေးတဲ့နေရာမှာ ရှိနေပါတယ်။
စိုက်ပျိုးသူတွေကို ဘယ်လို ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးသင့်တယ်ဆိုတာကို အကြံပေးသလို ဓာတုကင်းစင်တဲ့ အသီးအနှံတွေဟာ ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကိုလည်း ပြောပြပေးလျက်ရှိပါတယ်။ ဒီလို အရေးကြီးတဲ့ လုပ်ငန်းစဉ်ကို အစိုးရအနေနဲ့ထိထိရောက်ရောက် လုပ်ကိုင်ပေးသွားဖို့ လိုအပ်နေပါသေးတယ်။
ဒါမှလည်း ပြည်တွင်းထုတ်ကုန်တွေပိုမိုတိုးမြှင့်လာနိုင်ပြီး ပြည်ပက တင်သွင်းဝယ်ယူရတဲ့ ကုန်ပစ္စည်းတွေလျော့ကျလာရင် တိုင်းပြည်ရဲ့ စီးပွားရေးလည်း ပိုမို ကောင်းမွန်လာမယ်လို့ယုံကြည်ပါတယ်။ အခုလက်ရှိမှာတော့ တစ်ပိုင်တစ်နိုင် အစုအဖွဲ့လေးတွေ ကနေသင်တန်းတွေဖွင့်တာမျိုး၊ ဈေးနေရာလေးတွေဖန်တီးတာမျိုးတွေတွေ့နေရပါတယ်။
နိုင်ငံတော်အဆင့်အနေနဲ့ ဒီလို အစားအစာတွေကိုစားသောက်ဖို့ ပညာပေးတာမျိုး၊ တောင်သူတွေကို ဓာတုဗေဒပစ္စည်းတွေအသုံးမပြုပဲ အသီးအနှံတွေကို စိုက်ပျိုးဖို့ စီစဉ်ပေးတာမျိုးတွေ ထပ်လုပ်ဖို့လိုနေပါသေးတယ်။
ပြီးတော့ အခြားနိုင်ငံကနေတင်သွင်းလာတဲ့ ပစ္စည်းတွေ ကိုလည်း သေချာစိစစ်ပြီးမှ တင်သွင်းဖို့ စည်းမျဉ်းစည်းကမ်းတွေလိုနေသေးတယ်လို့ မြင်တယ် ။ဈေးဝယ်စင်တာတွေမှာ ရောင်းနေတဲ့ အသီးအရွက်တွေမှာ လွန်ခဲ့တဲ့ တစ်နှစ်က တခြားနိုင်ငံက တင်သွင်းလာတာတွေကို တွေ့ရပေမယ့် အခုလက်ရှိမှာတော့ ပြည်တွင်းထွက်ကုန်တွေကို ပိုမိုကြိုးစားပြီး ရောင်းချနေတာကို မြင်တွေ့နေရပါပြီ။
အဲဒီအတွက်ကြောင့်လည်း တောင်သူလယ်သမားတွေ ပိုမိုစိုက်ပျိုးလာနိုင်ကြပါပြီ။ ဟိုးယခင်က ဈေးကွက်မရှိသေးတာရယ်၊ ဒီလိုကျန်းမာရေးနဲ့ညီညွတ်တဲ့အသီးအနှံတွေကို စားရမယ်ဆိုတဲ့ အသိမရှိသေးတာရယ် ကြောင့် တောင်သူလယ်သမားတွေ အနေနဲ့ဈေးကွက်နည်းနည်းပဲရရှိတဲ့အတွက် ထုတ်လုပ်မှုစရိတ်က အလွန်မြင့်မားပါတယ်။
အဲဒီအတွက်ကြောင့် ဈေးနှုန်းအရ အများအပြားထုတ်လုပ်ပြီး အန္တရာယ်ရှိတဲ့ အသီးအနှံတွေကို ဈေးကွက်အရ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ဈေးကွက် တဖြည်းဖြည်းရလာတာနဲ့အမျှ ထုတ်လုပ်မှုစရိတ်တွေပါ လျော့ချလာနိုင်တာဖြစ်တဲ့အတွက် သိပ်မကြာခင်အချိန်မှာ ပြည်တွင်းမှာပဲစိုက်ပျိုးထုတ်လုပ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ဒီလို ဈေးဝယ်စင်တာတွေမှာ တွေ့ ရတော့ မှာဖြစ်ပါတယ်။တောင်သူလယ်သမားတွေကို အသိပညာတွေပိုမိုပေးဖု ိ့နဲ့ ပြည်တွင်းမှာ လုံလောက်စွာထု တ်လုပ်ဖု့ိကို အစိုးရအနေနဲ့ အရင် စီစဉ်ပေးရမှာဖြစ်ပါတယ်။
ပြည်တွင်းအသုံးပြုမှု ပိုလျှံမှသာ ပြည်ပနိုင်ငံတွေကို တင်သွင်းဖို့အတွက် အခွန်အခက အစ သင့်တော်တဲ့ နှုန်းထားတွေနဲ့ စီစဉ်ပေးရင် ကျမတို့ နိုင်ငံရဲ့အဓိက စီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေး ကဏ္ဍဟာ ပိုမိုကြီးမားဖြစ်ထွန်းလာမှာဖြစ်ပါတယ်။ ဒီလို ဈေးကွက်တွေဖြစ်ဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ကို သေချာရွေးချယ်စားသုံးဖို့ဟာ စိုက်ပျိုးသူ၊ရောင်းချသူ၊ စားသုံးသူ နဲ့ သက်ဆိုင်ရာ ဌာနတွေပေါ်မှာ အဓိကမူတည်ပါတယ်။
အဲဒီလိုပဲ ပြည်တွင်းထွက်ကုန်တွေကို အဓိကထားစားသုံးခြင်း၊ ပတ်ဝန်းကျင်ကို မပျက်စီးစေမယ့် ထုပ်ပိုးမှုပုံစံ တွေကို သုံးစွဲခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်ခြင်း စတဲ့ အချက်အလက်တွေကို လူတိုင်းက တလေးတစား လိုက်နာကြရင် ကျန်းမာပျော်ရွှင်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။