ကျနော်တို့ တိုးတက်မှုမှာ တရုတ်ရဲ့ ပါဝင်မှု ဘာမှမရှိပါဘူး

နန်းလွင်နှင်းပွင့်
ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ အမှုဆောင် အဖွဲ့ဝင် ဦးခမ်းမောင် / နန်းလွင်နှင်းပွင့် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ် နေဝင်း စစ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းရန် တော်လှန်တိုက်ခိုက်ခဲ့သည့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်အောက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ရှမ်း၊ အာခါ၊ လွယ်၊ ကိုးကန့် လူမျိုးများလည်း ပါဝင် တိုက်ခိုက်ခဲ့ ကြသည်။

၁၉၈၉ ခုနှစ်တွင် ဦးဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့က ဗကပကို စတင်ပုန်ကန် ခွဲထွက်ပြီးနောက် ဝ နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တပ်ဖွဲ့များကလည်း ပုန်ကန်ခွဲထွက်ခဲ့ကြသည်။

ထိုထဲမှ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တပ်များသည် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ကို ပြန်လည် ဖွဲ့စည်းကာ မိုင်းလားဒေသ၊ ဆီလူးဒေသ၊ နမ့်ပန်းဒေသ ၃ ခုကို ယနေ့ထိ အုပ်ချုပ်လျက် ရှိသည်။

ဒေသ ၃ ခု၏ မြို့တော်မှာ မိုင်းလားမြို့ ဖြစ်ပြီး NDAA ခေါင်းဆောင် များက အုပ်ချုပ်ရေး ယန္တရားအဖြစ် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဖွဲ့ကာ အုပ်ချုပ်နေသည်။ အစိုးရက NDAA အုပ်ချုပ်သည့် နယ်မြေကို အထူးဒေသ (၄) အဖြစ် သတ်မှတ်ပေးထားသည်။

အထူးဒေသ (၄) သည် လာမည့် ဇွန် ၃၀ ရက်တွင် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့်ပြီဖြစ်သည်။

နှစ် ၃၀ ခရီးအတွင်း ဖွံ့ဖြိုးတိုးးတက်သည့် နယ်စပ်ဒေသမြို့ ဖြစ်လာပြီး စီးပွားရေးလုပ်ငန်းများ ထူထောင် နိုင်အောင် ဖြတ်သန်းခဲ့ရသည့် လမ်းခရီးအခြေနေများ၊ လက်ရှိ ရပ်တည်မှုနှင့် စီးပွားရေးလုပ်ငန်းများ၊ NDAA ခေါင်းဆောင် များ၏ နိုင်ငံရေးခံယူချက်များနှင့် ပတ်သတ်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ အမှုဆောင် အဖွဲ့ဝင် ဦးခမ်းမောင်ကို တွေ့ဆုံ မေးမြန်း ထားပါသည် ။

မေး။ ။ ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုလုပ်ငန်းတွေ လုပ်နေတာ ရှိလဲ။ ကဏ္ဍအလိုက် လုပ်ငန်းတွေက ရတဲ့ ငွေတွေကို ဘယ်လို ပြန်စီမံခန့်ခွဲလဲ။

ဖြေ။ ။ဒေသရဲ့ ဝင်ငွေပြောမယ်ဆိုရင် ကျနော်တို့ စစချင်း ဗကပက ခွဲထွက်တော့ ကျနော်တို့မှာ ငွေမရှိဘူး။ ကျနော်သိသလောက်ဆို ကျနော်တို့မှာ တရုတ်ငွေ တသိန်းလေးသောင်းပဲ ရှိခဲ့တယ်။ အဖွဲ့ရဲ့ ငွေပေါ့။ တဖြည်းဖြည်း ဒေသကို ဖွံ့ဖြိုးအောင် လုပ်ဖို့ သတ္တု လုပ်ခဲ့တယ်။ အရင်ကတော့ သစ်လည်း လုပ်တယ်။ ပြီးခဲ့တဲ့ ၁၉၉၅ ဟိုးဘက်ပိုင်းဆို သစ်လည်း ခုတ်ပြီး ကျနော်တို့ ရောင်းစားခဲ့တယ်။ မတက်နိုင်ဘူးလေ အစလုပ်တာ ဆိုတော့ ဘာမှ မှ မရှိပဲကိုး။ သတ္တုလုပ်ခဲ့တယ်။
နောက်ကျတော့ ပြည်မဘက်က နိုင်ငံတော် ဘက်က လုပ်ပိုင်ခွင့်တွေ ပေးတယ်။ သစ်တွေ ပဲတွေ အဲ့တာတွေလည်း လုပ်ခဲ့တယ်။ အဲ့က ရတဲ့ အရင်းအနှီးနဲ့ မြို့ကို ဘယ်လို တည်မလဲ ကြိုးစားခဲ့တယ်။ ရတဲ့ ငွေတွေနဲ့ သုံးတယ်။ ဒေသထဲမှာ ကျနော်တို့က အခွန် ဘာမှ မကောက်တော့ဘူး။ လူထုကို အခွန်တွေ ပလပ်ပစ်တာ ၂၀၀၀ ခုနှစ်က စပါတယ်။ ဗကပ ခေတ်တုန်းက အမွေဆက်ခံလာခဲ့တာက လူ တယောက်ကို တနှစ်ဆိုရင် ဒင်္ဂါးတပြားလား၊ စပါး ဘယ်နှပုံးဆိုပြီး ရှိခဲ့တယ်။ ၂၀၀၀ ခုနှစ်ရောက်တော့ ကျနော်တို့ ငြိမ်းချမ်းရေးလမ်းကြောင်း လျှောက်တာ ၁၀ နှစ်ကျော်မှာ သုံးသပ်ကြည့်တော့ အရပ်သားတွေက ထင်သလောက် တိုးတက်မလာဘူး။

အဲ့တော့ ဥက္ကဋ္ဌကြီး ဦးစိုင်းလင်းက ခမ်းမောင်ရေ မင်း သွားလေ့လာကြည့်ဦးဆိုတော့။ ကျနော်သွားကြည့်တယ်။ မိုးကလည်း ရွာ၊ စံတောက်ဒေသက လွယ်တိုင်းရင်းသားတွေ နေတယ်။ ဒေသခံတွေ ပြောတာက ငြိမ်းချမ်းရေးရတယ်။ ငြိမ်းချမ်းရေးအလင်းရောင်က ကောင်းတယ် ပြောပေမယ့် ကျနော်တို့ ဒေသကို အလင်းရောင်က မရောက်လာဘူးလို့ ပြောကြတယ်။ အဲ့ဘက်တွေက လမ်းပန်းဆက်သွယ်ရေးတွေလည်း ခက်တော့ လူကြီးတွေက သိပ်သွားလာဖို့ မကြုံဘူး။ ဥက္ကဋ္ဌကြီးကလည်း သွားမယ်ဆိုပြီး လမ်းမကောင်းတာကို သွားတယ်။ ၂၀၀၀ ခုနှစ်၊ ဒီဇင်ဘာမှ သွားကြတယ်။ ရွာသားတွေ စုပြီး တရားတွေဟော ဝါဒတွေ ဖြန့်တော့ ဥက္ကဋ္ဌကြီးက ဆုံးဖြတ်လိုက်တယ်။ လူထုကို ကြည့်ရတာ သနားတယ်။ လူထုကို ကောက်ခံတဲ့ အခွန်တွေ စပါးသီးနှံခွန်တွေ ဆက်ကြေးတွေ မကောက်နဲ့ ဆိုပြီး ချက်ချင်း ပလပ်ပေးလိုက်တာ။

ဆင်းရဲတဲ့ တောင်ပေါ်ဒေသတွေ မိုင်းလား၊ စံတောက်ဒေသ တခွင်လုံးကို ၂၀၀၀ ခုနှစ်က စပြီး ပလပ်ပေးလိုက်တာ။ နမ့်ပန်းဒေသက ဆင်းရဲတဲ့ ဒေသတွေ ဆီလူးဒေသက ဆင်းရဲတဲ့ ဒေသတွေရောပေါ့။ တောင်ပေါ်ဒေသတွေကို အကုန်ပလပ်ပစ်လိုက်တာ။ ဘာမှ မကောက်တော့ဘူး။ ၂၀၀၅ ကျတော့ တနယ်လုံးကို ပလပ်ပစ်လိုက်တယ်။ ပလပ်ပစ်တဲ့ နောက်မှာ လူထုကို ဖိနေတဲ့ ဝန်ထုပ်ကလည်း လျော့သွားတယ်။ လူထုက ပိုပြီး စိတ်က ပျော်လာတယ်။ အဲ့တာကြောင့် ဖွံ့ဖြိုးတိုးတက်လာတာပါ။

အဲ့တော့ အဖွဲ့အစည်းက ဘယ်က ပိုက်ဆံ သုံးလဲဆိုတော့ သတ္တုတွင်းက တချို့ရတယ်။ နောက်တခါ ကုန်စုံဆိုင်တွေ မြို့ထဲက ဆိုင်ခန်းတွေကို ကျနော်တို့ အခွန်ကောက်ပါတယ်။ ဒါက စီးပွားရေးသမားတွေကို ကောက်တာပါ။ ကာစီနိုကလည်း နည်းနည်းပါးပါး ရပါတယ်။ ကျနော်တို့ အထူးဒေသ (၄) ရဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေး ကော်မတီ မှာ ငွေသုံးစွဲတာ ၂ လမ်း ရှိပါတယ်။ တခုက ဝင်တဲ့လမ်း၊ စီးပွားရေးကော်မတီက ချုပ်ကိုင်ပါတယ်။ လိုအပ်တာကို ပြန်ထွက်တာ အထွက်တလမ်းရှိပါတယ်။ အဝင်က တလမ်း၊ အထွက်က တလမ်းပါ။ ဘယ်လူကြီးကမှ ဒါသုံးကွာဆိုတာမျိုး လုပ်လို့ မရပါဘူး။ ကိစ္စတခု ၊ လုပ်ငန်းတခု လုပ်မယ်ဆိုရင် စီးပွားရေးကော်မတီနဲ့ တိုင်ပင်ရမယ်။ ဒါလုပ်သင့်တယ် ဆိုရင် ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ သုံးစွဲရပါတယ်။ ဒါကတော့ ရှင်းပါတယ်။

မေး။ ။ ပြင်ပက ဝေဖန်ချက်တွေ ရှိနေတယ်။ မိုင်းလားဒေသက အပျော်မယ်လုပ်ငန်းတွေ ကာစီနိုလုပ်ငန်းတွေ ကနေ အခွန်တွေ အများကြီးရတယ်ဆိုတာပေါ့။ ဒါတွေက တရားဝင်လုပ်ငန်းတွေလား။ ဘယ်လို သတ်မှတ်ထားလဲ သိချင်ပါတယ်။

ဖြေ။ ။ ဘေးကတော့ သူကြိုက်သလို ပြောချင်သလို ပြောကြမှာပဲ အားလုံးသိတယ်လေ။ အပျော်မယ် တို့က ကျနော်တို့ တရားဝင် ခွင့်မပြုထားပါဘူး။ လိုင်စင်လည်း မရှိပါဘူး။ အခွန်လည်း တပြားမှ သူတို့ဆီက မကောက်ပါဘူး။ ကျနော်တို့ ကောက်တာ မရှိပါဘူး။ ကာစီနိုကတော့ အနည်းအကျဉ်းတော့ အခွန်ကောက်ပါတယ်။ ကိုယ့်ဒေသမှာ လာထောင်တာကိုး။ ဒီအခွန်နဲ့ ကျနော်တို့က လည်ပတ်နေရတာလေ။ အခွန်တွေကို အားမကိုးလို့လည်း မရပါဘူး။ ကာစီနိုက ရတဲ့ အခွန်က ကျနော်တို့ အဖွဲ့ရဲ့ အထွေထွေ အသုံးငွေ တွေ ယန္တရားတွေမှာ သုံးတာများပါတယ်။ အပျော်မယ်တွေကတော့ ကျနော်တို့ ခွင့်လည်း မပြုဘူး။ အသိအမှတ်လည်း မပြုဘူး။ တရားလည်း မဝင်ဘူး။ သူ့ဘာသာသူ နေနေကြတာပါ။ အဲ့မှာ အခွန်လည်း မရှိဘူး။

မေး။ ။ မိုင်းလားမှာ လာပြီး စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံကြတာ ဘယ်နိုင်ငံတွေက ရှိလဲ။ ဘယ်လို အခန်းကဏ္ဍတွေမှာ များလဲ။

ဖြေ။ ။ ရင်းနှီးမြှုပ်နှံရှင်တွေကတော့ များသော အားဖြင့် တရုတ်ပါပဲ။ တရုတ်နဲ့က နယ်စပ်ခြင်း ကပ်နေတာကိုး။ သူတို့နဲ့က ခြေတလှမ်းနှစ်လှမ်းဆို တရုတ်ပဲလေ။ တရုတ်ပဲ ရင်းနှီးမြှုပ်နှံမှုပဲ အဓိက ဖိတ်ခေါ်ပါတယ်။ တရုတ်တွေကလည်း ဝင်လာပြီး ရင်းနှီးမြှုပ်နှံကြပါတယ်။ တခုကတော့ မြေကွက်တွေကို သူတို့ ငှားတယ်။ ဟိုတယ်ဆောက်ကြတယ်။ အဲ့တာကြောင့် ဟိုတယ်တွေ များလာတယ်။ နောက် ကုန်စုံဆိုင်တွေ စားသောက်ဆိုင်တွေ ကာစီနိုတွေပေါ့။ ရေရှည်သီးနှံကျတော့ ရာဘာစိုက်ကြတယ်။ ငှက်ပျောစိုက်ကြတယ်။ ငှက်ပျောကတော့ မြေလွတ်မြေရိုင်းတွေကို ၅ နှစ်၊ ၈ နှစ် စာချုပ်တွေနဲ့ ပါ။ ဘယ်ရွာက တောလဲ။ ဘယ်ရွာပိုင်လဲ ဆိုတာနဲ့ စာချုပ်ချုပ်ပြီး စိုက်ကြပါတယ်။

ကျနော်တို့က ဘာလို့ ခွင့်ပြုလဲ ဆိုတော့ သူတို့က ဒီမှာ ငှက်ပျောတွေ စိုက်တယ်။ နောက် ကုန်ပစ္စည်း သယ်တယ်ဆိုရင် ဖြတ်သန်းခွန် ရပါတယ်။ ၂ နေရာ ရပါတယ်။ အဲ့တာကြောင့် ကျနော်တို့က တောကလည်း ဒီလောက် ဖြုန်းနေတာ မဟုတ်ဘူးဆိုပြီး ခွင့်ပြုပါတယ်။ ရင်းနှီးမြှုပ်နှံရှင်တွေက စိုက်ပျိုးရေးမှာ ပိုပြီး စိတ်ဝင်စား ကြပါတယ်။ ရာဘာရောပေါ့။ ရာဘာကတော့ စိုက်ထားတာ မနည်းဘူး။ ဒါပေမယ့် ဈေးက ကျနေတော့ ရင်းနှီးမြှုပ်နှံရှင်တွေက ခေါင်းကြီးနေတယ်။ ဒေသခံတွေကိုလည်း ဘိန်းအစားထိုး သီးနှံဆိုပြီး စိုက်ခိုင်းတာပဲ။ စိုက်ပြီး ကြိုးစားပြီး အရပ်သားတွေက စိုက်ကြတယ်။ နှစ်ပြည့်လို့ အစေးခြစ်၊ အဆီထုတ် ဈေးသွားရောင်းမှ တကီလိုမှ တရုတ်ငွေ ၄ ယွမ်ပဲ ရတယ်။ အဲ့တော့ ခြစ်တာထက် မခြစ်တာ ပိုကောင်းမယ် ဆိုပြီး ဒီတိုင်း ပစ်ထားတယ်။ တချို့ကလည်း ခြစ်ကြတယ်။ ဈေးကွက်က စကားပြောလာတယ်။

မေး။ ။ မဲခေါင်မြစ်က မိုင်းလားပိုင်ဆိပ်ကမ်းကရော ကုန်ပစ္စည်း အဝင်အထွက်တွေ ဘယ်လို ရှိလဲ။ သူ့နေရာကဝင်ငွေရော ဘယ်လိုရလဲ။

ဖြေ။ ။ ဆိပ်ကမ်းက စစချင်းတော့ ဒီလို မထင်ခဲ့ဘူး။ အဝင်အထွက် နည်းနည်း အဆင်ပြေအောင် ဆိုပြီး တရုတ်ပြည်က တာမိုးလုံးက လူတွေက ကုန်ကူးချင်တယ်ဆိုပြီး တောင်းဆိုတယ်။ သူတို့က ယိုးဒယား ပစ္စည်းကို တရုတ်ပြည်ကို သွင်းချင်တယ်။ ကူးတို့ဆိပ်မှာ ကျနော်တို့က ဝင်ငွေ ဘယ်လောက် ရလဲဆိုတာ အတိအကျ ပြောလို့ မရပါဘူး။ မရဘူးလားဆိုတော့ မဟုတ်ဘူး။ ရတယ်။ ဘယ်လိုရလဲ ဆိုတော့ သင်္ဘောက မဲခေါင်မြစ်အတိုင်း တက်လာတယ်။ တက်လာတော့ တချို့ဟာတွေ တရုတ်ပြည် ၊ တာမိုးလုံးတို့မှာ အရပ်သားတွေက သူတို့ဘာသာ ဝယ်ကြတယ်။ အဲ့မှာ ပစ္စည်းတဆင့်ချတယ်။ သင်္ဘော ဆိပ်ကမ်းမှာ ချပြီဆိုရင် ကားနဲ့ လာကဲ့တင်တာ ရှိတယ်။ ကျနော်တို့က ဖြတ်သန်းခွန်တွေ ကောက်တယ်။ ကျနော်တို့ အဖွဲ့အစည်းက ရတယ်။ ရတဲ့ ပိုက်ဆံတွေ သတ္တုတွင်းက ရတာတွေ ကာစီနိုက ရတဲ့ ငွေတွေကို ကျနော်တို့က မြို့ကို တည်ရပါတယ်။ အသုံးစရိတ် က နည်းတာမှ မဟုတ်တာ။

မေး။ ။ ဒါဆို ထိုင်းနဲ့ တရုတ်ရဲ့ ကုန်ပစ္စည်းတွေ ပို့တဲ့ နေရာမှာ မိုင်းလားက ကြားခံ ဆိပ်ကမ်းပေါ့။

ဖြေ။ ။ ကျနော်တို့က ကြားထဲမှာပဲပေါ့။ မဲခေါင်မြစ်က တက်လာရင် ဆိပ်ကမ်းမှာ ပစ္စည်းချမယ်။ တချို့ကုန်က တရုတ်ကို ဝင်သွားမယ်။ တချို့က မိုင်းလားကို ဝင်မယ်။ တချို့ကုန်တွေက မိုင်းလားကနေ ကျိုင်းတုံကို ပြန်ဝင်မယ်။ မိုင်းယန်းဘက် သွားမယ်။ ယိုးဒယားကုန်တွေက အဲ့လိုပဲ သွားပါတယ်။ သင်္ဘောက ဆိပ်ကမ်းကို တန် ၃၀၀ တို့ ၅၀၀ တို့ ကပ်နိုင်ပါတယ်။ ရေနဲ့လည်း ဆိုင်တယ်။ ခြောက်သွေ့ရာသီဆို ရေက တိမ်တော့ သင်္ဘောအကြီးကြီးတွေ မလာဘူး။ သေးသေးလေးတွေပဲ လာတယ်။ သြဂုတ်၊ စက်တင်ဘာ ဆိုရင်တော့ ရေများတယ်။ အဲ့အချိန်ဆို သင်္ဘောကြီးတွေ သွားလာတယ်။
မေး။ ။ မိုင်းလားမှာ ရှိတဲ့ ဆိပ်ကမ်းနဲ့ အခြားသယံဇာတဖြစ်တဲ့ ရာဘာ၊ သတ္တု လုပ်ငန်းတွေအပေါ် တရုတ်အစိုးရရဲ့ သဘောထားက ဘယ်လိုရှိလဲ။ တရားဝင်အဖြစ် ညှိနှိုင်းထားတာ ရှိပါသလား။

ဖြေ။ ။ တရားဝင် ညှိနှိုင်းထားတာ မရှိဘူး။ အဲ့တာကြောင့် ကျနော်တို့က သက်ဆိုင်ရာ တရုတ်ပြည် ကိုလည်း ခဏခဏ ပြောတယ်။ ရာဘာဈေးတွေဆို ကျတယ်။ သူတို့ကလည်း ရာဘာဈေးကျတာ တရုတ်နဲ့ မဆိုင်ဘူး။ ကမ္ဘာ့ဈေးကွက်အရ လို့ ပြောတယ်။ ကျနော်တို့လည်း မတတ်နိုင်ဘူး။ ကမ္ဘာ့ဈေးကွက်ကို စောင့်နေရတယ်။ ၂၀၀၇ -၂၀၀၈ တုန်းက ရာဘာက တော်တော်လေး ဈေးကြီးခဲ့တယ်။ ၁ တန်ကို တရုတ်ငွေ ယွမ် သုံးသောင်းလောက်ထိ ရခဲ့တယ်။ အခု ၁ တန်ကို ယွမ် ရှစ်ထောင်ပဲ ရတယ်။ သောင်းဂဏန်းကို လျော့တယ်။ အရမ်းကျတယ်။

မေး။ ။ ဒါဆို မိုင်းလားက လုပ်ငန်းတွေ တရုတ်နဲ့ အပေးအယူတွေ ဝယ်ရောင်းနေတာတွေက မှောင်ခို တွေပဲပေါ့။

ဖြေ။ ။ မှောင်ခိုပဲ ပြောရမှာပေါ့။ ဘာလို့လဲ ဆိုတော့ ကျနော်တို့က နိုင်ငံတခုလည်း မဟုတ်ဘူး။ အ ဖွဲ့အစည်းတခုပဲလေ။ ဒီမှာက တိုင်းရင်းသားတွေက ဘာသာစကားလည်း ပေါက်ကြတယ်။ အားလုံးက တူနေကြတယ်။ တိုင်းရင်းသားတွေနဲ့လည်း အချင်းချင်း သူတို့နဲ့ဆက်ဆံရတာ ကောင်းတယ်။ ဒါပေမယ့်လို့ သူတို့ အပေါ်ကနေ ကြီးကြီးမားမား မူတွေ ချဖို့ ကျနော်တို့ တရုတ်နဲ့ ညှိဖို့ကလည်း သူတို့က မလုပ်ဘူးလေ။ အဲ့တာနဲ့ ကျနော်တို့က ကြားခံ အဖွဲ့အစည်းတခုအနေနဲ့ပဲ သက်ဆိုင်ရာ ဌာနနဲ့ပဲ ညှိနှိုင်းပြီး အဆင်ပြေအောင် လုပ်ဆောင် နေရတာပဲ။

မေး။ ။ မိုင်းလားမှာ အလုပ်လာလုပ်နေတဲ့ တရုတ်တွေကရော ဘယ်လို ဝင်လာလဲ။ တရားဝင်လား။ ဘယ်လို ခွင့်ပြုချက်တွေနဲ့လဲ။ ရာဘာ၊ သတ္တု၊ လျှပ်စစ်၊ ကျန်းမာရေးကဏ္ဍတို့က ပညာရှင်တွေပေါ့။

ဖြေ။ ။ ကျနော်တို့က အဖွဲ့အစည်းအနေနဲ့ အဆက်အသွယ်ပြုတာ ရှိတယ်။ တချို့ကတော့ ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပြီးတော့ ခေါ်လာပြီးတော့ ပညာရှင်တွေ လာလုပ်ခိုင်းတာလည်း ရှိတယ်။ များသောအားဖြင့်က ပုဂ္ဂိုလ်ရေးအရ လာကြပါတယ်။ ဦးရေဘယ်လောက်ရှိလဲ ဆိုတာကတော့ မသိပါဘူး။ ထောင်ဂဏန်းတော့မ ကျော်လောက်ဘူး။ ရာဂဏန်းတော့ ရှိမှာပါ။

နောက် တရုတ်က ဒီမှာလုပ်ဖို့ ခွင့်ပြုတယ် မပြုဘူးဆိုတာ မဟုတ်ဘူး။ ဥပမာ သူက အင်ဂျင်နီယာဆိုရင် စာမေးပွဲ အောင်လက်မှတ်ရှိရင် ဘယ်မှာ ဖြစ်ဖြစ် သွားလာလှုပ်ရှားလို့ ရတယ်။ တရုတ်အစိုးရက မင်း ဘယ်မှာတော့ လုပ် ဘယ်မှာတော့ မလုပ်နဲ့ဆိုတာ မရှိဘူး။ သူသွားချင်တဲ့ နေရာ သွားမှာပဲ။ သူ့မှာ အောင်မြင်တဲ့ လက်မှတ်၊ အဆင့်မှီတဲ့ လက်မှတ်ရှိရင် လာလုပ်စားတာပဲ။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ် ဆိုရင် ကျနော်တို့ကလည်း ဖိတ်ခေါ်တယ်။ လာလုပ်ကြတယ်။ တိုက်တွေ ဘာတွေ ဆောက်တာရောပေါ့။ အဲ့လို ဝင်လာတဲ့ သူတွေကို ကျနော်တို့က ၆ လတခါ နေထိုင်ခွင့် လုပ်ပေးပါတယ်။ သူ့ရဲ့ မှတ်ပုံတင်အတိုင်း အထောက်အထားနဲ့ ဝင်လာရင် ဘာတွေ လုပ်မယ်၊ ဒါတွေ လုပ်ကိုင်တယ်ဆိုတာနဲ့ ယာယီ နေထိုင်ခွင့် ၆လ ပေးပါတယ်။ သက်တမ်းကုန်ရင် ထပ်တိုးပေါ့။

မေး ။ ။ ဒေသဖွံ့ဖြိုးရေးမှာ ရေအားလျှပ်စစ် စီမံကိန်းတွေအကြောင်းလည်း သိချင်ပါတယ်။ အထူးဒေသ ၄ မှာ အကြီးဆုံး မိုင်းဝ ရေအားလျှပ်စစ် က အခု ဘယ်လို လည်ပတ်နေလဲ။ ဘယ်မှာ အသုံးချနေလဲ။

ဖြေ။ ။ ရေအား လျှပ်စစ်က ဒီလိုပါ။ ကျနော်တို့ စစချင်း ငြိမ်းချမ်းရေးယူပြီး ၄ နှစ် ၊ ၅ နှစ်နေတော့ ဒေသ တည်ငြိမ်လာပြီ။ ၁၉၉၄ မှာ နတလ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကော်မတီက ကျနော်တို့ကို ရေအားလျှပ်စစ် တည်ပေးမယ် ဆိုပြီး 30KW ရေအားလျှပ်စစ်အသေးစားတခု နမ်ဟောင်းချောင်းမှာ လာလုပ်ပေးတယ်။ လုပ်ရင်း တနှစ် အချိန်လည်း ကုန် ၊ ပြီးလည်း ပြီးသွားရော မိုင်းလားမြို့ အလယ်ကနေ နမ်ဟောင်းချောင်းကို ၅ မိုင်လောက် ရှိတယ်။ ဟိုက ပေးလာတဲ့ မီးက ခရမ်းချဉ်သီးလောက်ပဲ ရှိတယ်။ မီးလည်း မလင်းဘူး။ ဘယ်လိုမှလည်း ကြည့်လို့ မရဘူး။ အဲ့တုန်းက လူကလည်း ဒီလောက် မများဘူး။ ကျေးရွာပဲ ရှိတာ လူ တထောင်၊ နှစ်ထောင်ကို မလောက်ဘူး။

အဲ့တော့ မဖြစ်ဘူး။ ကိုယ့်ဘာသာ လုပ်မှ ဖြစ်မယ်ဆိုပြီး ၁၉၉၄ မှာ နမ့်မန်းချောင်း၊ မိုင်းလားမြို့လယ်ကနေ ဖြတ်တယ်။ အပေါ်မှာက ဝါလောင်းရွာ ရှိတယ်။ ဝါလောင်းရွာ အောက်မှာ ဝါလောင်းရေအားလျှပ်စစ်ဆိုပြီး စလုပ်တယ်။ ၁၉၉၅ မှာ ပြီးတယ်။ မီးနည်းနည်း လင်းလာတယ်။ နမ့်ပန်းဒေသမှာလည်း သုံးဖို့ တခုလုပ်တယ်။ ဆီလူးဒေသမှာ သုံးဖို့ ဆီလူးမှာလည်း တခုတည်တယ်။ နောက် မိုင်းလားမှာ မလောက်ပြန်တော့ နမ့်မန်းချောင်းဆိုတာ ဆီလူးသွားတဲ့ လမ်းမှာ တခုထပ်တည်တယ်။ အဲ့မှာ ရေအားလျှပ်စစ် ၅ ခု ဖြစ်သွားတယ်။ နောက်မကူး။ နမ့်ထေးဆိုတဲ့ မဲခေါင်ကူးတို့ဆိပ် သွားတဲ့လမ်းမှာလည်း တခု ထပ်တည်တယ်။ အားလုံး ၆ ခု ဖြစ်သွားတယ်။ ၆ ခု ကျတော့ နောက် မလောက်ဘူး။ ရေက တဖြည်းဖြည်း ခမ်းခမ်း သွားလို့။ နောက် သတ္တုက ကျိမ်းခမ်းအပေါ်မှာ ရှိတာ။ သူက တူးရင်း တူးရင်းနဲ့ သိပ်မရှိတော့ဘူး။ အရည်အသွေးကောင်းတာ နည်းသွားတော့ မဖြစ်တော့ဘူးဆိုပြီး သတ္တုကျိုဖို့ လိုလာတယ်လေ။ သတ္တုကျိုဖို့ လိုလာတော့ မီးအားထပ်လိုတော့ မလောက်ပြန်ဘူး။ အဲ့လိုနဲ့ ကျိမ်းခမ်းအပေါ်မှာ ချောင်းတခုရှိတယ်။ အဲ့ချောင်းပေါ်မှာ တခုထပ်တည်တော့ ၇ခု ဖြစ်သွားတယ်။

၇ခုလည်း မလောက်ပြန်ဘူး။ မထူးတော့ဘူးဆိုပြီး ၂၀၀၃၊ ၂၀၀၄ ကျတော့မှ မိုင်းဝ ရေအားလျှပ်စစ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရေအားလျှပ်စစ်တည်တယ်။ ပြီးသွားတော့ နိုင်ငံတော်မှာ တရားဝင်လုပ်ဖို့ အမြဲ သွားလျှောက်တယ်။ လျှပ်စစ်ဝန်ကြီးဌာနကိုလေ။ ဒီမိုင်းဝ လျှပ်စစ်က အထူးဒေသ (၄)မှာ ရှိလို့ အထူးဒေသ (၄)က ပိုင်တယ်ဆိုတာ ခွင့်ပြုမယ့်ဟာ ခုထိ မရသေးဘူး။ ခုက မီးအားတော့ လောက်တယ်။ ၂၄ နာရီကို အထူးဒေသ (၄) တနယ်လုံး ဖြန့်လို့တောင် မကုန်ဘူး။ ပိုနေတာကို ကျနော်တို့က ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း (အစိုးရအုပ်ချုပ်သည့် နယ်မြေများ) တို့ကို ရောင်းမယ်ဆိုပြီး လျာထားတယ်။ သုံးမကုန်တာတွေ ရောင်းရမယ်လေ။ ဒီတိုင်းထားနေလည်း အရင်းက ပြန်လည်ဖို့ မလွယ်ဘူးလေ။ မိုင်းယန်းတို့ မိုင်းခတ်တို့က တောင်းတယ် မီးပေးပါဆိုပြီး။ ဒါကတော့ ရေအားလျှပ်စစ်ဝန်ကြီးက ဆွေးနွေးလိမ့်မယ်လေ။ ဘယ်အချိန် ရမလဲတော့ မသိဘူး။ ကျိုင်းတုံလည်း ပေးဖို့ ကမ်းလှမ်းထားတယ်။ ဟိုဘက်ကလည်း ယူမယ်ဆိုတာတွေ ကန်ထရိုက်တာတွေက ရှိပြီးသား ဖြစ်တယ်။ ကျိုင်းတုံထိ ရောက်မယ်။

ရှေ့က ရေအားလျှပ်စစ် ၇ ခုကတော့ တချို့က လည်ပတ်နေတယ်။ တချို့က တိမ်ကောသွားပြီ။ ဆီလူးကဆို သုံးလို့ မရတော့ဘူး။ ရေမရှိတော့ဘူး။ နမ့်မန်းက ရှိတယ်။ ဝါလောင်းက ရှိတယ်။ နမ့်မန်းဟာ ရှိတယ်။ ကျိမ်းခမ်းက ရှိတယ်။ ဒါတွေ အားလုံးပေါင်းပြီး ဗို့အားမြင့်လိုင်းကို တခါတည်းဆက်လိုက်တာ ကျနော်တို့က ။


ကျနော်တို့ ချောင်းမှာတည်ထားတဲ့ ရေအားလျှပ်စစ်က ခု ပညာရှင်နဲ့ တိုင်းတာတာကတော့ ဘာမှ အနှောင့် အယှက် မရှိဘူး။ ဒေသအတွက်ရော လူထုအတွက်ရော ဘာပြဿနာမှ မရှိဘူး။ ခိုင်ခိုင်ခံ့ခံ့ လုပ်ထားတယ်။

မေး။ ။ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာ ဘတ်ဂျတ်ဘယ်လိုထားလဲ။ အထူးဒေသ (၄)ရဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍက အဆင့်မီတဲ့ အခြေအနေလို့ ပြောလို့ ရပြီလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ ပညာရေး ကဏ္ဍကတော့ စစချင်းက သိပ်စိတ်မဝင်စားကြဘူး။ ငြိမ်းချမ်းရေး ယူကာစက လေ။ တိုင်းရင်းသားတွေ များတော့ စာမရှိပေမရှိ။ ရှမ်းကျတော့လည်း နဂို သူ့ရဲ့ စာပေယဉ်ကျေးမှုက ရှိတယ်။ အထူးသဖြင့် ကျနော်တို့ အာခါတွေက စာပေယဉ်ကျေးမှု မရှိခဲ့ဘူး။ နောက်တခုက ကလေးတွေကို စာသင်ဖို့ စည်းရုံးရတဲ့အခါ အရမ်းခက်တယ်။ မသင်ကြဘူး။ စစချင်းတော့ ဟုတ်သလိုလိုပဲ ။ တနှစ် ၂ နှစ်လည်းပြီးတော့ ကလေးတွေက ကျောင်းပျက်ကုန်တယ် မတတ်တော့ဘူး။ မဖြစ်ဘူး။ ဒီလို လုပ်လို့ မရဘူးဆိုပြီး ၁၉၉၈ မှာ ပညာရေးဌာန ထောင်လိုက်တယ်။ ဘက်ပေါင်းစုံကနေ ကလေးတွေကို ဆွဲဆောင်ရတယ်။ ပညာမသင်မနေရ ဆိုပြီး ကလေးတိုင်း ကျောင်းပို့ရမယ်ဆိုပြီး တဖက်ကလည်း ပညာပေးပေါ့။ တဖက်ကလည်း အကျပ်ကိုင်ပေါ့။ တဖြည်းဖြည်း တွဲခေါ်ရတယ်။ အခုကျတော့ ပညာရေးဆိုတာ တော်တော်လေး စိတ်ဝင်စားလာတယ်။

တိုင်းရင်းသားကလေးတွေကလေ။ စာမတတ်ရင် အလုပ်မရဘူး။ ဘာမှ မလုပ်နိုင်ဘူး။ ဘာမှ မသိဘူးဖြစ်မယ်။ နောက် တရုတ်-မြန်မာ ဆက်နေတော့ တရုတ်စာ ဆွဲဆောင်မှုအားက ပိုကြီးနေတယ်။ ကျောင်းသားတွေထဲမှာ ဒီလို ဖြစ်လာတယ်။ မြန်မာစာက ကျောင်းသွားတတ်ပြီး ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းဆိုလည်း ကောင်းကောင်း မရေးတတ်ဘူး။ အတန်းပဲ တတ်ပြီး စာကောင်းကောင်း မရေးတတ်ဘူး။ အရည်အချင်းမရှိဘူး ဖြစ်နေကြတယ်။ စာတတ်တော့လည်း ဘာလုပ်မလဲ။ အလုပ်လည်း နေရာမရတော့ တရုတ်စာကို အခြေခံလောက် တတ်ပြီဆို အလုပ်လည်း ရှာရလွယ်တယ်။ ပြောရဆိုရ ဆက်ဆံရလွယ်တော့ တရုတ်ဘက် အားပါနေသလို ဖြစ်နေတယ်။

မြန်မာကျောင်းကို ကျနော်တို့က အားမပေးတာ မဟုတ်ဘူး။ ကလေးတွေဘက်က သူတို့ဘာသာ သူတို့ ဆုံးဖြတ်ပြီး ကျောင်းတော့ တတ်ကြတယ်။ ဗမာစာလည်း သင်တယ်။ တရုတ်စာလည်း သင်တယ်။ ရှမ်းစာလည်း သင်ကြတယ်။ ဘာသာစုံပဲ။ ပညာရေးကဏ္ဍကို ကြည့်ရင် လက်လှမ်းမီသလားဆိုရင် ကျောင်းပေါင်းက ၂၅ ကျောင်းလောက် ရှိတယ်။ အထက်တန်း တကျောင်းပဲ မိုင်းလားမှာ ရှိတယ်။ ကျောင်းသားဦးရေ ၁ သောင်း ကျော်တယ်။ ရေရှည်အတွက်က လက်လှမ်းမီမလားဆိုတော့ ခုချိန်က ဒီပုံနဲ့ သွားရင်တော့ မီပါတယ်။ အခက်အခဲ မရှိနိုင်ပါဘူး။

ကျနော်တို့ ပညာရေး၊ ကျန်းမာရေးကဏ္ဍကို အလေးထားပါတယ်။ တနှစ်ကို မနည်းဘူး။ ပညာရေးဌာနအတွက် ဆရာဆရာမတွေကိုချည်း လစာ ပံ့ပိုးတာ ယွမ် ၁၀ သိန်းကျော် ပါတယ်။ ဒါ ၁ လ နော်။ ဒီလောက် အားပေးပြီး လုပ်နေတာ။ ဒါတောင် လစာက နိမ့်နေသေးတယ်။ ကျနော်တို့ ဒေသဖွံ့ဖြိုးဖို့ အတွက် မနည်း စည်းရုံးပြီး ခန့်ပေးနေရတာ ပညာရေးကဏ္ဍက ပိုက်ဆံ တော်တော်ကုန်တယ်။ ကျန်းမာရေးကလည်း အဲ့လိုပဲ ဟိုဥစ္စာ မလောက်၊ ဒီဥစ္စာ မလောက်နဲ့။ အခု အဖွဲ့အစည်းက ကိုယ့်ဘာသာ လုပ်ထားတဲ့ ဆေးပေးခန်းတွေ ဆေးရုံတွေ ရှိတယ်။ အစိုးရက လုပ်ပေးထားတာက ကုတင် ၅၀ ဆန့် ပြည်သူ့ဆေးရုံ တရုံ ရှိတယ်။ ကြီးကြီးမားမား ရောဂါ ဖြစ်ရင်တော့ မြန်မာ-တရုတ်ချစ်ကြည်ရေး ဆေးရုံပေါ့။ အဲ့တာက ကျန်းမာရေးကဏ္ဍမှာလည်း အခုလောလောတော့ တော်တော်လေး ထိန်းထားနိုင်ပါတယ်။ ဘာမှ ပြဿနာတော့ မရှိပါဘူး။

မေး။ ။ မိုင်းလားဒေသမှာ တွေ့တာ အသက် ၁၅ နှစ်လောက်ဆို ကျောင်းက ထွက်ပြီး ကလေးတွေက အလုပ်လုပ် နေကြတယ်။ ကာစီနိုတို့ ဆူပါမားကတ်တို့မှာပေါ့။ ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြတဲ့ အကြောင်းအရင်း က ဘာများလဲ။

ဖြေ။ ။ ကျောင်းမတတ်ချင်တာလည်း မဟုတ်ဘူး။ အကုန်လုံးက ပိုက်ဆံလိုတယ်လေ။ မလွယ်ဘူး။ ၄ နှစ်၊ ၅ နှစ် ကျောင်းတတ်ပြီး စာနည်းနည်းရေးတတ်၊ ပြောတတ်ရင် သူ့တာဝန်ကျေပြီလို့ ကလေးတွေက ထင်တယ်။ အဲ့တော့ အလုပ်ဝင်သွားပြီ။ အလုပ်ဝင်သွားတော့ မိဘကိုလည်း ထောက်ပံ့လို့ ရတယ်။ ကိုယ်လိုတာလည်း ကိုယ်ဝယ်လို့ ရတယ်။ သုံးလို့ ရတာပေါ့။ အဲ့တာကြောင့် သွားကြတယ်။ ပညာရေး စိတ်ဓါတ်ကို ပြည်မကလို တို့ ဒေသခံတိုင်းရင်းသားတွေက သိပ်မရှိကြဘူး။ ကိုယ့်ကိုကိုယ် ရေးတတ်ဖတ်တတ်၊ သွားလာတတ်ရင် ရပြီ။ ဒီလောက်ပဲ သင်တယ်။

မေး။ ။ မိုင်းလားမှာ ပညာရေးနဲ့ ပတ်သတ်ပြီး အတတ်ပညာရှင်တွေ ပေါ်ထွက်လာဖို့ရော မှန်းထားတာမ ရှိဘူးလား။

ဖြေ။ ။ ရည်မှန်းထားပေမယ့်လည်း ဒီက ကလေးတွေက မရဘူးလေ။ ကျနော်တို့ရဲ့ မြေးတွေ အရွယ်ဆိုရင်တော့ ဒါမျိုးတွေ သွားခိုင်းရမယ်။ အင်ဂျင်နီယာတို့ ဥပဒေရေးရာတို့ပေါ့။ ဒါတွေက ဘွဲ့ရမှ ဖြစ်တာလေ။ ဒီက ကလေးတွေက ဘွဲ့ရတဲ့ထိ မနေချင်ကြဘူး။ ဥပမာ ကျနော်က ဘွဲ့ရတယ်။ ဘာလုပ်လဲ။ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ရတယ်။ တချို့က ဆယ်တန်းအောင်တယ်။ ဘာလုပ်လဲဆို တံမြက်စည်းလှည်းနေတယ်။ ဝပ်ရှော့ ပြင်နေရတယ်။ ဒါက ကလေးရဲ့ အပြစ်မဟုတ်ဘူး။ ပတ်ဝန်းကျင်အခြေအနေက ဖြစ်နေတာ။ လုံးဝ မတတ်ရင်လည်း မဖြစ်တော့ နည်းနည်းတတ်ရင် ရပြီဆိုပြီး နည်းနည်းတတ်ရင် အလုပ်လုပ်ကြတယ်။ ဒီဘက်မှာက တရုတ်စကားတတ်ရင် ပိုအဆင်ပြေပြီ။ နယ်စပ်နားမှာ ဖြစ်နေလို့ ဒီလိုတွေ ဖြစ်နေတာပါ။

မေး။ ။ ဝ၊ မိုင်းလား မြို့တွေကို ရောက်ရင် တရုတ်နိုင်ငံငယ်လေးတခု ရောက်သွားသလိုပဲလို့ ပြင်ပက လူတွေက ပြောစမှတ်ပြုကြတယ်။ ဖွံ့ဖြိုးမှုပုံစံက ပြည်မနဲ့ ကွာဟတယ်ပေါ့။ ဒီအပေါ် ခေါင်းဆောင်ပိုင်းတွေ သဘောထား ဘယ်လိုရှိလဲ။

ဖြေ။ ။ မဟုတ်ဘူး။ ဝ ဟာက ဝပဲ ၊ ဝကလည်း သက်သက်ပဲ။ တရုတ်ပြည်လည်း မဟုတ်ဘူး။ မိုင်းလား ကလည်း မိုင်းလား သက်သက်ပါ။ တရုတ်ပြည်နဲ့ ဘာမှ မဆိုင်ဘူး။ တိုးတတ်တယ်ဆိုတဲ့ ရည်ရွယ်ချက်က ပြည်မနဲ့ ဘာလို့ ကွာလဲ ဆိုတော့ ကျနော်တို့ ချမှတ်ထားတဲ့ လမ်းစဉ်တွေ မူဝါဒတွေက လူထုအတွက် အကျိုးရှိတဲ့ဟာတွေကို ဆောင်ရွက်တာ ရှိတယ်။ လူထုကို ဘာဒုက္ခမှ မပေးဘူး။ ဘာခြိမ်းခြောက်မှုမှ မပေးဘူး။ အဲ့တာကြောင့် လူထုတရပ်လုံးက ကြိုးစားလုပ်ကိုင် စားသောက်ကြတော့ ဒီလို တိုးတတ်လာတာပါ။ ပြည်မနဲ့ ကတော့ ကွာပါတယ်။ တိုးတတ်မှု အရှိန်ကလည်း မြန်ပါတယ်။ ဒါက တရုတ်နဲ့ ဘာမှ မဆိုင်ဘူး။ ကျနော်တို့ တိုးတတ်မှုမှာ တရုတ်ရဲ့ ပါဝင်မှု ဘာမှ မရှိပါဘူး။ ကျနော်တို့ တိုင်းရင်းသားပြည်သူတွေ ပေါင်းပြီး ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေး ကော်မတီက ဦးဆောင်ပြီးတော့ တတ်ညီလက်ညီ ကြိုးစားလို့ ဒီလို တိုးတတ်တာပါ။ တရုတ်နိုင်ငံနဲ့ ဘာမှ မပတ်သတ်ပါဘူး။ တရုတ်နဲ့ နယ်စပ်ချင်းတော့ ဆက်စပ်နေတာပေါ့။ တရုတ်နဲ့ ဆက်စပ်လို့ တရုတ်ပြည် ဖြစ်သွားပြီလို့ ပြောနေတာ လျှောက်ပြောနေတာပဲ။ အဲ့လိုပြောတဲ့ ကောင်တွေက ကျနော်တို့ မြန်မာနိုင်ငံကို ရောင်းစားတဲ့ လူပဲ။ မယုံရင် လာကြည့်ခိုင်းလိုက်။ ဒီမှာ တရုတ်သြဇာ ဘာသက်ရောက်လဲ။ ဘာမှ မသက်ရောက်ဘူး။

ဆက်စပ်ဖတ်ရှူရန်ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရချင်တယ်

Did you find apk for android? You can find new Free Android Games and apps.
Loading