• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

Reuters သတင်းထောက် နှစ်ဦး လွတ်မြောက်လာသည့် အပေါ် သူတို့အမြင်

by လဲ့လဲ့
7 May 2019
in အင်တာဗျူး
A A
Reuters သတင်းထောက် နှစ်ဦး လွတ်မြောက်လာသည့် အပေါ် သူတို့အမြင်
12.9k
VIEWS
Share on FacebookShare on Twitter

မေလ ၇ ရက်နေ့ မနက်ပိုင်းမှာပဲ မြန်မာနိုင်ငံ အတွင်းက အကျဉ်းထောင်/စခန်း အသီးသီးမှာ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်း သား ၆၅၂၀ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန် ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာပဲ သမ္မတ အမိန့်နဲ့ အခုလိုမျိုး အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့် ပေးတာဟာ ဧပြီလ ၁၇ ရက်မှာ တကြိမ်၊ ဧပြီ ၂၆ ရက်မှာ တကြိမ်နဲ့ အခု တကြိမ်ဆိုရင် ၃ ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
1.5k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
6.9k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.5k

ရှေ့ ၂ ကြိမ်မှာ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ နည်းပါးပြီး အများစုက မူးယစ် မှုတွေ တခြား ပြစ်မှုတွေကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေသာ များပြားနေတဲ့ အတွက် ပြည်သူတွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့ ပါတယ်။

အခု တကြိမ်မှာတော့ လွတ်မြောက်ကြသူတွေထဲမှာ ထင်ရှားသူတွေ၊ နိုင်ငံရေး အကျဉ်းသား၊ နိုင်ငံတကာက စိတ်ဝင် စားခြင်း ခံရသူတွေ၊ ပြည်သူ လူ ထုက လွတ်မြောက် စေချင်တဲ့သူနဲ့ သတင်း မီဒီယာသမားတချို့လည်း ပါဝင်လာပါတယ်။

အဲဒီထဲမှာမှ ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင် လူသတ်မှု အကြောင်း စုံစမ်းဖော်ထုတ် ရေးသားဖို့ လုပ်ဆောင်ခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ Reuters သတင်းထောက် နှစ်ဦး ဖြစ်တဲ့ ကိုဝလုံး(ခေါ်) ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး တို့ ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။
Reuters သတင်းထောက် နှစ်ဦးကို ဖမ်းဆီး ထောင်ချလိုက်တဲ့အတွက် ပြည်တွင်း သတင်းမီဒီယာ သမားတွေနဲ့ နိုင်ငံ တကာ သတင်းမီဒီယာ၊ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ မြန်မာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

အခုလို သူတို့ ၂ ဦး လွတ်ငြိမ်း သက်သာနဲ့ လွတ်မြောက်လာတဲ့ အပေါ် မြန်မာ့ သတင်းမီဒီယာ ကဏ္ဍအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ ဆိုတဲ့ ပြောဆိုချက်များကို ပြည်တွင်း သတင်း မီဒီယာနဲ့ သက်ဆိုက်တဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေကို ဧရာဝတီသတင်းထောက် လဲ့လဲ့က အင်တာဗျူးထားပါတယ်။

ဦးအောင်လှထွန်း
ဒု ဝန်ကြီး
ပြန်ကြားရေး ဝန်ကြီးဌာန

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လာတာကတော့ ကျနော့် အနေနဲ့ သိပ်ကို ဝမ်းသာပါ တယ်။ ဒါဟာ ကျနော်တို့ သတင်းလောက အတွက်ရော၊ ကျနော်တို့ တိုင်းပြည် အတွက်ရော ဝမ်းမြောက်စရာ တခုပေါ့ဗျာ။ သူတို့ကို နိုင်ငံတော် သမ္မတကြီးရဲ့ လွတ်ငြိမ်းခွင့်နဲ့ အတူ တပါတည်း ပါလာတော့ ကောင်းသတင်း တခုပေါ့။

အရင်က သူတို့ အမှုက အယူခံတို့ ဘာတို့ ရှိနေတော့ မပြီးပြတ်သေးတဲ့ သဘော ရှိတယ်။ အခုချိန်မှာ သူတို့ အယူခံလည်း ပလပ်ပြီးသွားတော့ အမှုက ပြီးပြတ်သွားတဲ့ အတွက် နိုင်ငံတော် သမ္မတ အနေနဲ့ လွတ်ငြိမ်းချမ်းသာကို ပေးလိုက်တဲ့ သဘောမျိုး ယူဆတယ်။

ဒါပေမယ့် ဒီလို လွှတ်လိုက်တာဟာ ကျနော်တို့ နိုင်ငံ အပေါ် နိုင်ငံတကာ ဖိအားတွေနဲ့တော့ တိုက်ရိုက် ပတ်သက်နေမယ် လို့ ကျနော် မထင်ဘူး။ နောက်ပြီး ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် မြန်မာနိုင်ငံ လာခါနီးဆိုမှ လွှတ်လိုက်တယ် လို့လည်း ကျနော် မယုံဘူး။ သူဟာ (ကိုဝလုံး) တကယ်တော့ ကျနော် သင်ခဲ့တဲ့ အင်္ဂလိပ်စာ သင်တန်းမှာ တက်ခဲ့တဲ့ ကျနော့် တပည့်လေးပါ။ သူ့ အနေနဲ့ နိုင်ငံ့ တာဝန်တွေကို ထပ်ပြီး သယ်ပိုးနိုင်ပါစေ။ သူ့ဘဝသစ်မှာ လျှောက်လှမ်းနိုင်ပါစေလို့ပဲ ကျနော် ဆုတောင်းတယ်။

ဦးရဲနည်
တာဝန်ခံ အယ်ဒီတာ
ဧရာဝတီ သတင်းဌာန (မြန်မာပိုင်း)

ဝမ်းသာစရာ သတင်းကောင်းပေါ့။ သူတို့ရဲ့မိသားစုဝင်တွေ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက အစ ကျန်တဲ့ ဂျာနယ်လစ် တွေ အကုန်လုံး အတွက် ဒါက သတင်းကောင်းပါ။ ဒါပေမယ့် တခု ပြောချင်တဲ့ဟာက ဘာလဲ ဆိုတော့ ကျနော်တို့ လွတ် လပ်စွာ ပြောဆိုပိုင်ခွင့်နဲ့ သတင်းသမားတွေရဲ့ ပဋိပက္ခကြားထဲမှာ သတင်းယူပိုင်ခွင့် အဲဒါကတော့ အခုထက်ထိ အခြေ အနေက ဘာမှ မတိုးတက်သေးဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေက အကုန်လုံး လက်ရှိ ရှိနေတဲ့ ဥပဒေတွေပေါ့။ ဥပမာ ဆိုလို့ ရှိရင် ပုဒ်မ ၁၇/၁(က)၊ ပုဒ်မ ၅၀၅၊ ပုဒ်မ ၅၀၀ နောက် အများဆုံး ဖြစ်တဲ့ ၆၆(ဃ) ၊ နောက်တခု ကိုဝလုံးတို့၊ ကိုကျော်စိုးဦးတို့ကို စွဲတဲ့ နိုင်ငံတော် လျို့ ဝှက်ချက် ဥပဒေတွေ ဒီဟာတွေက ကျနော်တို့ရဲ့သတင်းသမားတွေ လွတ်လပ်စွာ ရေးသား ထုတ်ဖော် ပြောဆို ပိုင်ခွင့်ကို ခြိမ်းခြောက်နေတုန်းပဲ။

ဆိုတဲ့ အခါမှာကျတော့ ကျနော် တို့ကို ဥပဒေ အရ အာမခံ ပေးထားတဲ့ သတင်း မီဒီယာ ဥပဒေ။ အဲဒီ သတင်းမီဒီယာ ဥပဒေ ထဲမှာ ပါတဲ့ ရပိုင်ခွင့်တွေက ခုနတုန်းက ကျနော် ပြောသွားတဲ့ ဥပဒေတွေနဲ့ ဝိရောဓိ ဖြစ်နေတယ်။ ဆိုတော့ သူတို့ လွတ်လာတာ ကောင်းပေမယ့် တဖက်က သတင်းစာ လွတ်လပ်ခွင့်၊ နောက် တဖက်က လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ပိုင်ခွင့် အခြေအနေတွေ ကတော့ တိုးတက် မလာသေးဘူးလို့ ပြောရမှာပဲ။ ဒါကတော့ ဝမ်းနည်းစရာပေါ့။

ဦးမိုးရန်နိုင်
ဒုရဲမှူးဟောင်း

သူတို့ လွတ်မြောက်တာနဲ့ ပတ်သက်လို့ ကျနော့် အမြင် ပြောရရင်တော့ နိုင်ငံတကာ ဖိအားတွေ လျော့လာနိုင်တယ် လို့ မြင်ပါတယ်။ ဒီလွတ်မြောက်မှုက ကောင်းတယ်လို့ ကျနော် မြင်ပါတယ်။ သူတို့ လွတ်လာတဲ့ အတွက် သူတို့ မိသားစု အတွက် အရမ်း ဝမ်းသာပါတယ်။

ဦးမြင့်ကျော်
အထွေထွေ အတွင်းရေးမှူး တွဲဘက်(၁)
မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ

အခုလို လွတ်ငြိမ်း ချမ်းသာနဲ့ လွတ်လာတာ မိသားစု အတွက် ဝမ်းမြောက်စရာ သတင်း ဖြစ်သလို သတင်းမီဒီယာ လောက အတွက် စိတ်သက်သာရာ ရစေပါတယ်။ ခြွင်းချက်အားဖြင့် ပြောရရင် တရားစီရင်ရေးအရ အပြစ်မရှိဘူး ဆိုတာမျိုး မဟုတ်ပေမယ့်လည်း ခြုံပြောရရင်တော့ ကြိုဆိုပါတယ်။

မောင်ဆောင်းခ
(အသံအဖွဲ့၊အမှုဆောင်ဒါရိုက်တာ)

ဒီနေ့ သူတို့ လွတ်မြောက်လာတဲ့ အပေါ်မှာ ဝမ်းသာ ကြိုဆိုပါတယ်။ သူတို့လည်း တဖက်မှာ သူတို့ လွတ်မြောက် လာတယ် ဆိုပေမယ့်လည်း တဖက်မှာ သတင်း မီဒီယာတွေ ပေါ်မှာ ဖိနှိပ်မှုတွေကတော့ ဆက်တိုက် ရှိနေတုန်းပဲ။ အခု အချိန်အထိ လည်း RFA ၊ The irrawaddy၊ နောက် ရခိုင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာ (DMG) စသဖြင့် သူတို့ အပေါ်မှာ တရားစွဲဆိုမှု တွေက ဆက်ရှိနေတာကို တွေ့ရတယ်။

နောက်တခုက အရင်တုန်းက ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ရေးသား ပြောဆို တာတွေ၊ စုံစမ်း ဖော်ထုတ် ရေးသားတာ တွေကို တရားစွဲဆိုတာတွေ လုပ်ခဲ့လာတာ တွေ့ခဲ့ပြီး အခုနောက်ပိုင်းကျတော့ ရက္ခိုင့် တပ်မတော် (AA) နဲ့ ပတ်သက်တဲ့ သတင်း ဖော်ပြမှုတွေကို တပ်မတော်ဘက်ကနေ လိုက်လံ စောင့်ကြည့်ပြီး တရား စွဲလို့ ရတဲ့ဟာ မှန်သမျှကို တရား လိုက် စွဲနေတယ်လို့ ကျနော်တို့က မြင်တယ်။

ဒီလို အခြေအနေတွေကိုလည်း ကျနော်တို့က အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်တယ်။ သတင်း မီဒီယာတွေ အပေါ်မှာ တရား စွဲဆိုမှုတွေကို အမြန်ဆုံး ပြန်လည် ရုပ်သိမ်းပေးသင့်တယ်။ သူတို့တွေကိုလည်း အမြန်ဆုံး ပြန်လည် ရုပ်သိမ်းဖို့ ထပ်မံ မျှော် လင့်တယ်။ အဲဒီအတွက်လည်း သမ္မတကြီးကို တောင်းဆိုပါတယ်။

ဦးစိန်ဝင်း
Internews၊ သတင်းစာ ပညာ အကြံပေး

သူတို့ လွတ်လာတာ မြန်မာပြည်မှာ သတင်းကောင်း မကြားရတာ ကြာတဲ့ အခါ အခုလို သတင်းကောင်းကြားရတာ အင်မတန် ဝမ်းသာစရာ ကောင်းတယ်။ ဒီလောကကြီးမှာ သတင်းဆိုးတွေပဲ ကျန်နေတာ သတင်းကောင်းက တော်တော် နည်းနေတဲ့ အချိန် ဒါမျိုး သတင်းကြားရတာ ဝမ်းသာစရာပေါ့။ ကျနော်တို့ ထတောင် ခုန်ကြတယ်။

တကယ်ဆို သူတို့က ထောင်ထဲကို ရောက်စရာ အကြောင်း မရှိဘဲနဲ့ ဒီလိုရောက် သွားတာက သတင်းသမား အလုပ်၊ မှန်ကန်တဲ့ သတင်းကို ပေးပို့ခြင်းနဲ့ပဲ ထောင်ထဲ ရောက်သွားရတယ်။ ဒါက ပြောရရင်တော့ တရား မျှတမှုက နောက်ကျမှ ရောက်လာတယ် လို့ ပြောလို့ရတယ်။

ဦးကျော်မင်းဆွေ
အယ်ဒီတာချုပ်
The Voice ဂျာနယ်

သူတို့ လွတ်မြောက်လာတာ ဝမ်းသာစရာ ကောင်းပါတယ်။ မျှော်လည်း မျှော်လင့်ထားတယ်။ ဒီလိုမျိုး ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့ ကတည်းကပါ။ ဒါပေမယ့်လည်း World press freedom day အပြီး လွှတ်ပေးတယ် ဆိုတာလည်း ကောင်းပါ တယ်။ ဘာပဲပြောပြော သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်တယ် ဆိုပေမယ့် ဒါလည်း ကောင်းတယ်။

နောက် အစိုးရနဲ့ မီဒီယာ အကြား ရှိနေတဲ့ တင်းမာမှုတွေကိုလည်း လျော့ကျသွားစေတယ် လို့ ထင်တယ်။ ဘာပဲပြောပြော ကျနော်တို့ နိုင်ငံသား သတင်းထောက် နှစ်ယောက် ဒီလို အဖမ်းခံနေရတယ် ဆိုတဲ့ အကြောင်းတရားတွေ ဒါတွေက အား လုံးလည်း သိနေတာပဲ။ တခြား ကိစ္စတွေ အခြေခံပြီးတော့ သူတို့က ကြားခံ ဖြစ်ရတယ်။ သူတို့ လွတ်မြောက်လာတာ ကောင်းပါတယ်။ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက် လို့ မြင်ပါတယ်။

ကိုသီဟသွေး
နိုင်ငံရေး ဆောင်းပါးရှင်

သူတို့ ဘာကြောင့်ပဲ လွှတ်လွှတ် သူတို့ လွတ်မြောက်မှုနဲ့ ပတ်သက်ပြီး ကျနော်တို့က ဝိုင်းပြီး တောင်းဆိုခဲ့ကြတယ်။ နောက် နိုင်ငံတကာ အသိုင်းအဝိုင်းကနဲ့ မီဒီယာ အသိုင်းအဝိုင်းက အားလုံး ဝိုင်းဝန်း တောင်းဆိုကြတဲ့ အပေါ်မှာ ဒါ တုံ့ပြန်မှု တခု လို့ ကျနော်တို့က မြင်တယ်။

နောက် နိုင်ငံရေး အကျပ်အတည်းတွေ အများကြီး ရင်ဆိုင်ရတဲ့အခါမှာ ကျနော်တို့ မီဒီယာနဲ့ ရန်ဖြစ်နေလို့ မရဘူး ဆိုတာ သူတို့ သဘောပေါက်ဖို့ လိုတယ်။ သူတို့ဘက် ကလည်း စစ်မျက်နှာ လျှော့တဲ့ သဘောလည်း ပါပုံ ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ ကတော့ လွတ်လာတဲ့ အပေါ်မှာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။ နောက်ပြီးတော့ ဒီလို ကိစ္စမျိုး ထပ် မရှိဖို့ ကိုလည်း မျှော်လင့်ပါတယ်။

Your Thoughts …
Tags: လွတ်ငြိမ်းသက်သာ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

နိုင်ငံရေးအကျဉ်းသားပါဝင်မှုမရှိသည့် စစ်ကောင်စီလွတ်ငြိမ်း ယောင်ပြသက်သက်ဟု ဆို

နိုင်ငံရေးအကျဉ်းသားပါဝင်မှုမရှိသည့် စစ်ကောင်စီလွတ်ငြိမ်း ယောင်ပြသက်သက်ဟု ဆို

by ဧရာဝတီ
3 August 2023
1k

လွတ်ငြိမ်းတွင် နိုင်ငံရေးခေါင်းဆောင်ပိုင်းများနှင့် နာမည်ကျော်ကြားလူသိများသူများ ပါဝင်လာခြင်း မရှိဘဲ အကျဉ်း ထောင်မှ လွတ်ရက်နီးသူများ၊ လွတ်ရက်စေ့သူများသာ ပါဝင်မှု များကြောင်း

နှစ်ဆန်း ၁ ရက်နေ့က ပြန်လွတ်လာသူများအား စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ  / AAMIJ

စစ်ကောင်စီ နှစ်သစ်ကူး လွတ်ငြိမ်း နိုင်ငံရေးအကျဉ်းသားများ မပါဝင်

by ဧရာဝတီ
18 April 2022
5.1k

လက်ရှိတွင်လည်း စစ်ကောင်စီ အနေဖြင့် ပြစ်ဒဏ်ချမှတ်ထားသူ နိုင်ငံရေး အကျဉ်းသားများအား ထောင်ပြောင်းရွှေ့ မှုများ ပြုလုပ်လျက်ရှိသည်။

ထောင်ဆူမှု သွေးရိုးသားရိုးဖြစ်စဉ်လို့ မမြင်ဘူး

ထောင်ဆူမှု သွေးရိုးသားရိုးဖြစ်စဉ်လို့ မမြင်ဘူး

by ဧရာဝတီ
9 May 2019
51.3k

အကျဉ်းထောင်များ တပြိုင်တည်းဆူပူမှု ဖြစ်ပွားနေခြင်းအပေါ် နိုင်ငံရေးလှုပ်ရှားမှုဖြင့် အကျဉ်းကျခဲ့ဖူးသူများနှင့် ထောင်မှူးဟောင်းတို့ကို ဧရာဝတီ အကြီးတန်း သတင်းထောက်များ ဖြစ်သည့် ထက်နိုင်ဇော်နှင့် ထက်ခေါင်လင်းတို့က မေးမြန်းစုစည်းထားသည်။

မေလ ၇ ရက်နေ့ ရန်ကုန် အင်းစိန်ထောင်မှ ပြန်လွတ်လာသော ကိုဝလုံးနှင့် ကိုကျော်စိုးဦး / Reuters

သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး

by ကျော်စွာမိုး
27 May 2019
6.2k

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာမှုသည် သတင်းကောင်းဖြစ်သော်လည်း မီဒီယာလောက အပြောင်းအလဲ ရှိလာမည့် သတင်းတော့ မဟုတ်သေးချေ။

Next Post
မွေးနေ့မှာ လူကြမ်းသရုပ်ဆောင်တွေကို လှူဒါန်းခဲ့တဲ့ လူမင်း / ချစ်ပိုး / ဧရာဝတီ

မွေးနေ့အလှူ လုပ်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် လူမင်း

Lucky 7 ထုတ်လုပ်ရေးမှ စီစဉ်သူ မအေးအေးဝင်း ၊ မိုးအောင်ရင်နဲ့ ကိုအုန်းဝင်း  / Ohn Win's Facebook

မိုးအောင်ရင် ထောင်က ထွက်လာပြီးနောက် လူမှုရေး အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate