• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ANP ပါတီဥက္ကဋ္ဌသစ် ဦးသာထွန်းလှနှင့် တွေ့ဆုံမေးမြန်းခြင်း

by မင်းအောင်ခိုင်
8 June 2019
in အင်တာဗျူး
A A
ANP ပါတီဥက္ကဋ္ဌသစ် ဦးသာထွန်းလှ  / မင်းအောင်ခိုင် / ဧရာဝတီ

ANP ပါတီဥက္ကဋ္ဌသစ် ဦးသာထွန်းလှ / မင်းအောင်ခိုင် / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း အင်အားကြီး ပါတီတခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဒုတိယအကြိမ် ပါတီ ညီလာခံကို စစ်တွေမြို့တွင် မေလ ၃၀ ရက်နေ့မှနေ ဇွန်လ ၁ ရက်နေ့အထိ ၃ ရက်တာ ကျင်းပခဲ့သည်။

ထိုညီလာခံမှ လက်ရှိ ဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အားလုံးကို ဖျက်သိမ်းကာ အသစ်ပြန်လည် ရွေးချယ်ခဲ့သလို ဥက္ကဋ္ဌဟောင်း ဒေါက်တာ အေးမောင်၏ နေရာတွင်လည်း ပါတီခေါင်းဆောင် တဦးဖြစ်သည့် ဦးသာထွန်းလှကို ရွေးချယ်တင်မြောက်ခဲ့သည်။

RelatedPosts

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
7.7k
မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

23 June 2025
49
မြန်မာ့အရေး အာဆီယံ ချဉ်းကပ်မှု အလုပ်ဖြစ်မှာလား (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံ ချဉ်းကပ်မှု အလုပ်ဖြစ်မှာလား (ရုပ်/သံ)

22 June 2025
53

၂၀၁၄ ခုနှစ်က ရခိုင်အမျိုးသားပါတီ၏ ပထမ အကြိမ်ညီလာခံကို ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့တွင် ကျင်းပခဲ့ရာ ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်မြောက်မှု၌ အငြင်းပွားမှုများ၊ မကျေလည်မှုများ ဖြစ်ပွားခဲ့ရာမှ ANP တခုတည်း အဖြစ် ပေါင်းစည်းခဲ့သော RNDP နှင့် ALD တို့ မှာ ညီညွတ်မှု ပြိုကွဲကာ ပါတီနှစ်ခြမ်းကွဲသည့် သင်ခန်းသားများလည်း ရှိခဲ့သည်။

နောက်ပိုင်း ပါတီထိပ်ပိုင်း ခေါင်းဆောင် အချင်းချင်း သဘောထားကွဲလွဲကာ ပါတီဥက္ကဋ္ဌ တာဝန်ကို ထမ်း ဆောင်ခဲ့သော ဒေါက်တာ အေးမောင် ကိုယ်တိုင် ပါတီကနေ နုတ်ထွက်စာ တင်ပြီး နောက်ပိုင်း ရသေ့ တောင်မြို့နယ်တွင် ပြုလုပ်ခဲ့သော စာပေဟောပြောပွဲ ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် ပုန်ကန်မှု အပါအဝင်၊ နိုင်ငံတော် အကြည်အညို ပျက်စေမှုတို့ဖြင့် လက်ရှိအချိန်တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည်။

ANP ဥက္ကဋ္ဌ သစ် ဦးသာထွန်းလှ အနေဖြင့် ပါတီကို ပြန်လည် တည်ဆောင်မည့်ကိစ္စ အပါအဝင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခ၊ နိုင်ငံရေး အကျပ်အတည်းအပေါ် ကျော်လွားရန် မည်သို့ မည်ပုံ လုပ်ကိုင် ဆောင်ရွက် သွားမည် ဆိုသည်ကို ဧရာဝတီ သတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံးမေးမြန်းထားသည်။

မေး ။ ။ ပါတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြောက် ခံရခြင်းအပေါ် သဘောထားသိချင်ပါတယ်။

ဖြေ။ ။ ကျနော်က နိုင်ငံရေးကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလမှာ တက္ကသိုလ်ကျောင်းသား တဦးအနေနဲ့ ပါဝင်လာတာဖြစ်တယ်။ ၁၉၈၉ ခုနှစ်ကလည်း ကျနော်တို့ ရခိုင်ပြည်နယ်မှာ လိုအပ်ချက်အရ ကျနော်တို့ ရက္ခိုင့် ကျောင်းသား လူငယ်များ အဖွဲ့ချုပ် ပါတီကို ထူထောင်ပြီး ဗဟိုကော်မတီမှာ စည်းရုံးရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ပြီးရင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါက်လာပြီး နောက်ပိုင်းမှာလည်း ရခိုင်ပြည်ရဲ့ နိုင်ငံရေး လိုအပ်ချက်အရ အဲဒီတုန်းက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပါတီကို ထူထောင်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

နောက်ပြီး ၂၀၁၄ ခုနှစ်မှာ ရခိုင်ပြည်သူများ လိုလားချက်အရ ၉၀ ခုနှစ် ရွှေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ အနိုင်ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ RNDP ပါတီ နှစ်ပါတီ ပူးပေါင်းပြီး ဖြစ်လာတဲ့ ရခိုင်အမျိုးသားပါတီ ထူထောင်လာတဲ့ အခါမှာလည်း ပါတီထူထောင်သူ တယောက်အနေနဲ့ ပါဝင်လာပြီး အဲဒီပါတီမှာ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

အဲဒါကြောင့် ပါတီဗဟို အလုပ်အမှုဆောင်တွေက နိုင်ငံရေးနယ်ပယ်တွေမှာ ဖြတ်သန်းလာတဲ့ လူတယောက်မို့ ကျနော်ကို ဥက္ကဋ္ဌနေရာကို ထမ်းဆောင်ဖို့ တာဝန်ပေးကြတယ်လို့ပဲ ကျနော် ယုံကြည်ပါတယ်။ အဲဒါကြောင့် ကျနော်အနေနဲ့ ဥက္ကဋ္ဌ တာဝန် တင်မြောက်ခံရလို့ ထူးခြားတဲ့ ခံစားမှု ဖြစ်ပေါ်တာမျိုး မရှိပါဘူး။

မေး ။ ။ ပါတီဥက္ကဋ္ဌနေရာကို ဘယ်လို စနစ်နဲ့ ရွေးချယ် တင်မြောက်ခဲ့ကြတာလဲ။

ဖြေ။ ။ ပါတီဥက္ကဋ္ဌ တာဝန်ကိုတော့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၂၅ ဦးက ညှိနိုင်းတိုင်ပင်ပြီး ကျနော့်ကို တာဝန်ပေးတာ ဖြစ်ပါတယ်။

မေး ။ ။ ပါတီကို ဒီထက်ကောင်းအောင် ဘာတွေ ဆက်လုပ်သွားဖို့ မျှော်မှန်းထားလဲ။

ဖြေ။ ။ ကျနော်တို့ ပါတီမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ရှိတယ်။ ပြီးရင် ဗဟိုကော်မတီတွေ ရှိပါတယ်။ ပြီးရင် နောက်ဖွဲ့စည်းလာမယ့် ဆပ်ကော်မတီတွေ ရှိလာမယ်။ ဒီကော်မတီတွေ အဓိက အလုပ်ဖြစ်လာအောင် ကျနော် အနေနဲ့ စီစဉ်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပြီးရင် အခု ဖွဲ့စည်းပုံအရ ပေါ်လာတဲ့ ပါတီမူဝါဒ ရေးရာ ဦးဆောင် ကော်မတီ ရှိလာတယ်။ အဲဒီပါတီ မူဝါဒ ရေးရာ ဦးဆောင် ကော်မတီက ချမှတ်တဲ့ မူဝါဒ ရေးရာတွေကို ကျနော်အနေနဲဲ့ အကောင်အထည် ဖော်နိုင်အောင် ကြိုးစား ဆောင်ရွက်ပြီးတော့ လုပ်ကိုင်သွားဖို့ ရှိပါတယ်။

မေး ။ ။ ပါတီဥက္ကဋ္ဌ အနေနဲ့ ပါတီကို သွေးစည်းညီညွတ်အောင် ဘယ်လို ကိုင်တွယ်သွားမလဲ။

ဖြေ ။ ။ ပါတီဝင်တွေ အချင်းချင်း ညီညွတ်မှု ဖြစ်လာအောင် ပါတီထဲမှာ ဘာလုပ်ငန်းတွေကိုပဲ လုပ်လုပ် တဦး၏ ဆန္ဒကို တဦးက နားလည် လက်ခံပြီးတော့ ညှိနိုင်းတိုင်ပင် ဆွေးနွေး အဖြေရှာကြတယ်။ တဦးက ပြောလိုက်တာကို တဦးက အပြစ် မမြင်ဘဲ အပြန်အလှန် ညှိနိုင်း ပေါင်းစပ်မယ့် မယ့်ပုံစံမျိုးနဲ့ ပါတီညီညွတ်ရေးကို ကျနော် တည်ဆောက်သွားမှာ ဖြစ်ပါတယ် သွားပါတယ်။

မေး ။ ။ လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ စစ်ရေးပဋိပက္ခ၊ နိုင်ငံရေး အကျပ်အတည်းအပေါ် ပါတီ ဥက္ကဋ္ဌ အနေနဲ့ ရုန်းထွက်နိုင်ရေး ဘယ်လို စဉ်းစားထားလဲ။

ဖြေ ။ ။ ပါတီဥက္ကဋ္ဌ ကနေရာကို တာဝန်ပေးအပ်ထားတာက ရက်ပိုင်းပဲ ရှိသေးတယ်။ မကြာမီ ကျနော်တို့ မူဝါဒရေးရာ ဦးဆောင်ကော်မတီရယ်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီရယ်။ အစည်းအဝေးတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။ အဲဒီအစည်းတွေမှာ ရခိုင်ပြည်နယ်ရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာ၊ အကျပ်အတည်း အပေါ် ကျနော်တို့ ဆွေးနွေး တိုင်ပင်ရအုံးမှာ ဖြစ်ပါတယ်။ ပြီးမှ ကျနော်တို့ မူဝါဒရေးရာ ဦးဆောင်ကော်မတီက ဒီအကျပ်အတည်းကို ဘယ်လို ရင်ဆိုင်သင့်တယ်။ ဘယ်လိုလမ်းကြောင်းနဲ့ သွားသင့်တယ် ဆိုတာကို တိကျ ခိုင်မာတဲ့ မူဝါဒ လမ်းစဉ်တခု ချမှတ်ဖို့ တဦးတယောက်တည်း ဆန္ဒတခုတည်းနဲ့ မဟုတ်ဘဲ ဗဟိုအလုပ် အမှုဆောင်ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်၊ မှုဝါဒရေးရာ ဦးဆောင်ကော်မတီရဲ့ လမ်းညွန်းမှု၊ အကြံပေးမှုတွေ အပေါ်မှာ မူတည်ပြီး ဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာ ကျနော် တဦးတယောက်တည်း အနေနဲ့ လောလောဆယ် ပြောလို့ ရနိုင်တဲ့ အနေအထား မရှိသေးပါ။

မေး ။ ။ ပြီးခဲ့တဲ့ ကာလတုန်းက ဥက္ကဋ္ဌ အဖြစ် ဒေါက်တာ အေးမောင်က တာဝန်ယူခဲ့တယ်။ ANP ပါတီမှာ ခေါင်းဆောင်ပိုင်း အချင်းချင်း သဘောထားတွေ ကွဲပြီးတော့ ပါတီစည်းလုံးညီညွတ်မှု ပျက်ပြားခဲ့တယ်။ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်လည်း ပါတီကနေ နုတ်ထွက်ခဲ့တယ်။ ဆရာ့ လက်ထက်မှာ အဲဒီလို အချင်းချင်း သဘောထား မတိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာခဲ့ရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲ။

ဖြေ ။ ။ သဘောထား မတိုက်ဆိုင်မှုဆိုတာ ဒါက လူပုဂ္ဂိုလ်အပေါ်မှာလည်း မူတူတည်ပါတယ်။ လူပုဂ္ဂိုလ် တယောက်ရဲ့ စိတ်ခံစားမှု အပေါ်မှာလည်း မူတည်ပါတယ်။ အဲဒါကြောင့် အခုရွေးချယ်ခံထားရတဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့တွေကိုလည်း ကျနော် ညီလာခံအပြီးမှာ ကျေးဇူးတင်စကားပြောတဲ့ အခါမှာလည်း ပါတီအစည်း အဝေးတွေလုပ်ပြီး ကျနော်တို့ ဆွေးနွေးတိုင်ပင်ကြတဲ့ အခါမှာ တယောက်ရဲ့ ဆန္ဒကို တယောက်က နားလည် လက်ခံပြီးတော့ အပြန်အလှန်၊ အကျေအလည် ညှိနိုင်းတိုင်ပင်ပြီး အဖြေရှာနိုင်တဲ့ အခါမှာ မိမိဆန္ဒကို ရှေ့တန်းမတင်ဘဲ အများဆန္ဒနှင့်အညီ အကောင်ထည်ဖော် လုပ်ကိုင်သွားရင် ပါတီထဲမှာ စိတ်ဝမ်းကွဲပြားမှုဆိုတာ ဖြစ်ပေါ်လာစရာ အကြောင်းမရှိဘူးလို့ ယုံကြည်ပါတယ်။

မေး ။ ။ လာမည့် ၂၀၂၀ ရွှေးကောက်ပွဲကို ဘယ်လို မျှော်မှန်းလဲ။

ဖြေ ။ ။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိ ကျနော်တို့ ပြည်တွင်းစစ် အခြေအနေကြောင့် ၂၀၂၀ ရွေးကောက်ပွဲရဲ့ အခင်း အကျင်းက ဘယ်လို ပုံစုံဖြစ်ပေါ်လာမလဲဆိုတာ အဲဒီ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီးမှ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။

မေး ။ ။ အခြေအနေ တည်ငြိမ်ပြီးတော့ ပုံမှန်ရွှေးကောက်ပွဲ ကျင်းပနိုင်မယ်ဆိုလို့ ရှိရင် ရခိုင်ပြည်နယ်အတွင်းမှာ ANP ပါတီနဲ့ အဓိက ပြိုင်ဘက်ပါတီက ဘယ်ပါတီ ဖြစ်လာနိုင်လဲ။

ဖြေ ။ ။ ကျနော်တို့ ပါတီရဲ့ အဓိက ပြိုင်ဘက်ပါတီက ဘယ်ပါတီဖြစ်လာနိုင်မလဲဆိုတာ ကျနော် ပြောလိုက်ရင် အဲဒီပါတီအပေါ်မှာ နိုင်ငံရေး ပါတီအချင်းအချင်း တစုံတရာ အပြစ်တင်တဲ့ ပုံစံမျိုး သဘော သက်ရောက်သွားရင် မကောင်းတဲ့ အတွက်ကြောင့်မို့ အဲဒီ မေးခွန်းအပေါ် ကျနော့်ကို နားလည်ပေးစေချင်ပါတယ်။ မဖြေချင်ဘူး။

မေး ။ ။ ရခိုင်ပြည်သူတွေကို ဘာများပြောချင်လဲ။

ဖြေ ။ ။ ရခိုင်အမျိုးသားပါတီမှာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်သူအများဆုံး မဲပေးပြီးတော့ ပြည်နယ်တခုလုံးမှာ အနိုင်ရပါတီလို့ ပြောလို့ ရပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကျပ်အတည်း၊ ကျနော်တို့ ရခိုင်လူမျိုးတွေရဲ့ ဆုံးရှူံးနစ်နာမှုတွေ၊ ကျနော်တို့ ရခိုင်လူမျိုးတွေရဲ့ ရသင့်၊ ရထိုက်တဲ့ အခွင့်အရေးတွေကို ပါတီဥက္ကဋ္ဌ တာဝန် ပေးအပ်ခံထားရတဲ့ ကျနော်က ပါတီကို ပိုပြီးတော့ စုစည်းအားကောင်းတဲ့ ပါတီတခုကို တည်ဆောက်ပြီး နိုင်ငံရေးနည်းလမ်းအရ ရခိုင်လူမျိုးတွေရဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးကို အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ အသိပေးလိုပါတယ်။

ဆက်စပ်ဖတ်ရှူရန်

ANP ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ဦးသာထွန်းလှ ကို ရွေးချယ်တင်မြောက် 

လွှတ်တော် အမတ်တွေကို ကျနော်တို့သဘောနဲ့ နုတ်ထွက်ခွင့် ပေးလို့ မရဘူး

ANP ပါတီ ဥက္ကဋ္ဌ ဘယ်သူဖြစ်လာမလဲ

Your Thoughts …
Tags: ANPရခိုင်ဦးသာထွန်းလှ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.1k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.3k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

Next Post
ဦးဝီရသူသည် အာဏာပိုင်များ ထုတ်ပြန်ထားသော ဝရမ်းကို ရှောင်ပြေးပုန်းရင်း တရားဥပဒေစိုးမိုးမှုကို စိန်ခေါ် ပြက်ရယ်ပြုနေသည် / ဧရာဝတီ

အမျိုးသားရေး အမည်ခံ နိုင်ငံရေးလှုပ်ရှားမှုကို ထိန်းချုပ်ပါ

၂၀၁၈ ခုနှစ် မေလ အတွင်းက ကိုအောင်ကိုထွေး ရုံးထုတ် မြင်ကွင်း / အောင်ကျော်ထက် / ဧရာဝတီ

ထောင်ဒဏ် ကျခံနေရသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအား ထပ်တရားစွဲရန် ကြိုးပမ်း

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

19 hours ago
7.7k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate