• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home အာဘော် အင်တာဗျူး

          ပြည်တွင်းစစ်က သိပ်ကြာနေပြီ

          by ချစ်မင်းထွန်း
          2 August 2019
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာ  / ဧရာဝတီ

          မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာ / ဧရာဝတီ

          10.4k
          VIEWS
          Share on FacebookShare on Twitter

          လက်ရှိ မြန်မာ့နိုင်ငံရေးသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေသည်။

          အစိုးရ၊ တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့များ တည်ဆောက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖြစ်စေ၊ အစိုးရနှင့် တပ်မတော် ကြားက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အားပြိုင်မှုကို ဖြစ်စေ၊ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မထိုးရသေးသော လက်နက်ကိုင်အဖွဲ့များကြား ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ်(Bilateral) ထိုးနိုင်ရေး စေ့စပ်ညှိနှိုင်းနေမှုကို ဖြစ်စေ ကြည့်လျင် တိုးတက်မှု အားနည်းနေသေးသည်ကို တွေ့ရသည်။

          RelatedPosts

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          8 December 2023
          16.2k
          ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

          ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

          7 December 2023
          3.2k
          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          4 December 2023
          7.6k

          ထို့နောက် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြားမှာလည်း သဘောထားများ ကွဲလွဲမှု များ ဖြစ်နေသကဲ့သို့ ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပလိုသော အဖွဲ့အစည်းများနှင့် အနှစ်သာရရှိမှ ကျင်းပ လိုသော အဖွဲ့အစည်းကြားမှာလည်း အားပြိုင်မှုများ ဖြစ်နေကြသည်။

          အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး NCA ထိုးထားသည့် မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာကို ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။

          မေး ။ ။ ဒီနှစ်ထဲမှာ ပင်လုံညီလာခံကို တကြိမ်လောက် ပြန်လုပ်ဖို့ စဉ်းစားမှုတွေ ရှိကြတယ်လို့ ကြားပါတယ်။ အဲဒါ ဘယ်လို အခြေအနေတွေရှိကြလဲဗျ။

          ဖြေ ။ ။ ကျနော်ကတော့ အသေအချာ ဘာမှ သတင်းမရသေးဘူး၊ အမှန်ကတော့ လုပ်နိုင်ရင်တော့ ဒါက ကောင်းပါတယ်။ ဒါပေမယ့် လုပ်တာ လုပ်တယ် ဘာမှ အဖြေမထွက်ဘူးဆိုရင် ဘာမှမထူးဘူးဗျ။ ပိုက်ဆံ ကုန်တယ်၊ အချိန်ကုန်တယ်၊ လူပင်ပန်းတယ်။ အခုက အဲဒီလို အဖြေရနိုင်ဖို့ပေါ့ဗျာ၊ တစ်ဆို့နေတဲ့ဟာတွေကို အပြင်မှာ နည်းနည်း ညှိနှိုင်း ပြီးတော့မှလေ။ နားလည်မှုများ ရနိုင်မလား အဲဒါကို နည်းနည်း ကြိုးပမ်း သင့်တယ်လို့ ကျနော် အကြံပြုလိုပါတယ်။

          မေး ။ ။ အခု KNU က အန်ကယ်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO) အစည်းအဝေးတွေမှာပါ တက်ရောက်မှု တော်တော်လေး အားနည်းသွားတယ်။ ဒီတော့ ၂၁ ရာစု ပင်လုံ အစည်းအဝေး လုပ်မယ်ဆိုရင် KNU မတက်ရင်ရော ကျန်တဲ့ NCA ထိုးထားတဲ့ ၉ ဖွဲ့က ဘယ်လို စဉ်းစားမှုတွေရှိကြလဲဗျ။

          ဖြေ ။ ။ အဲဒါလည်း ဒီလိုပါ။ ကျနော်တို့စဉ်းစားတာတော့ တက်မယ်ဆိုရင်တော့ အားလုံးတက်စေချင်တယ်၊ မတက်ရင်လည်း အားလုံးမတက်တာ ပိုကောင်းမယ်။ စုစုစည်းစည်းနဲ့ ပေါ့ဗျာ။ အခုကတော့ အမှန်က တဖက် က တနိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် စဉ်းစားနေတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ဖို့ သင့်တယ်ဗျ။ အခု အနေအထားမှာ အားလုံး မပါဝင်နိုင်တဲ့အပြင် ပါဝင်တဲ့ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ထဲ မှာလည်း အကွဲအပြဲတွေ ဖြစ်နေရင်လည်း ဒါက မသင့်တော်ဘူးလို့ ကျနော်ကတော့ အဲဒီလိုမြင်တယ်။

          မေး ။ ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုပုံစံမျိုး ညှိနှိုင်းဖြေရှင်းရင် ကောင်းမလဲဗျ။

          ဖြေ ။ ။ အဲဒါက ကိုယ့်အတွင်းမှာ NCA ထိုးထားတဲ့ ၁၀ ဖွဲ့အတွင်းမှာပေါ့ဗျာ၊ ကိုယ့်အချင်းချင်းလည်း ဒါက တော့ ညှိနှိုင်းရမယ်လေ၊ အဲဒီလို ညှိနှိုင်းတဲ့အချိန်မှာ အဖွဲ့ ၁ ဖွဲ့က ကိုယ့်အမြင်ပဲ ယူထားလို့မသင့်ဘူးလေ၊ အများနဲ့ ညှိပြီးတော့မှ အကောင်းဆုံးဖြစ်အောင် ဒါကတော့ လုပ်ဖို့သင့်တယ်လို့ ကျနော်က အဲဒီလိုမြင်တယ်။

          မေး ။ ။ အခုက NCA ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) ကို ဖျက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) ကို အကောင်အထည်ဖော်ဖို့ KNU က ကြိုးပမ်းနေတယ်၊ ဒီအပေါ်မှာ အန်ကယ်တို့ မွန်ပြည်သစ်ပါတီ (NMSP)အနေနဲ့ဘယ်လို သဘောထားရှိလဲ။

          ဖြေ ။ ။ PPCM ကို လုပ်တာကတော့ ကောင်းပါတယ်၊ ပိုပြီးတော့ ကျယ်ပြန့်တယ်၊ အဖွဲ့ပေါင်းစုံနဲ့ ညှိနှိုင်း မယ် ဒါကတော့ ကောင်းတယ်။ ဒါပေမယ့် PPST ကို ဖျက်တာ၊ မဖျက်တာကတော့ အမှန်ကတော့ ကျနော်မြင် တာလေ စုစည်းမှုက PPST ပုံစံ အနေနဲ့က PPCM ထက်ကို အများကြီးကို မြင့်တယ်။

          PPCM ဆိုတာကတော့ ညှိနှိုင်းတိုင်ပင်တဲ့ သဘောပဲလေ။ အခုက တဖက်က ပြောမယ်ဆိုရင်တော့ ကျနော်တို့ လည်း PPST အဖွဲ့ဝင်မဟုတ်သေးတော့ PPST ကို ဖျက်သိမ်းဖို့ သင့်လား၊ မသင့်လား ဆိုတာကိုတော့ ကျနော်တို့ အဖြေမပေးချင်ဘူးဗျ။

          မေး ။ ။ ဒီဟာက တကယ်လို့ သွားသင့်တယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ သွားသင့်လဲ။

          ဖြေ ။ ။ PPCM ဆိုတာက ကျနော်တို့ ညှိနှိုင်းတိုင်ပင် အစည်းအဝေး လုပ်မယ်ပေါ့ဗျာ၊ အဖွဲ့ပေါင်းစုံတွေ ဖိတ် မယ် အကြံဉာဏ်တွေရယူမယ်။ အကောင်းဆုံး ဘယ်လိုအဖြေထုတ်ကြမလဲ၊ ညှိနှိုင်းတိုင်ပင်ကြတဲ့ သဘောပေါ့ နော်။ ဒါက တပိုင်းပါ။ ညှိနှိုင်းတိုင်ပင်ပြီးတော့ အများသဘောဆန္ဒအရ အားလုံးက နာခံပြီးတော့ အဲဒီအတိုင်း အကောင်အထည် ဖော်နိုင်ရင်တော့ ကောင်းတယ်။

          မဟုတ်ရင် သူက ညှိနှိုင်းသာ ညှိနှိုင်းတယ်၊ တချို့အဖွဲ့အစည်းက ကိုယ့်အမြင်ကိုတော့ သူယူထားမယ်ဆိုရင် တော့ ဒါက မသင့်တော်ဘူးလို့ မြင်တယ်။

          မေး ။ ။ အခု မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ အစိုးရ ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ်(Bilateral) ထိုးနိုင် ရေး ညှိနှိုင်းနေတယ်၊ အဲဒီမှာ အစိုးရက ရခိုင်ပြည်နယ်မှာ AA အခြေစိုက်ခွင့်မရှိဘူး၊ ကချင်မှာပဲ နေရမယ်၊ ဒါဆို ရင် နယ်မြေခံတပ်တွေပဲ ထားပြီး သူတို့ လှုပ်ရှားတပ်တွေ ထွက်ပေးမယ်၊ နောက်ပြီး TNLA ကိုလည်း မန်တုံနဲ့ နမ့်ဆန်မှာပဲ နေရင်ပေါ့။ တဖက်ကလည်း သူတို့က ရောက်တဲ့နေရာမှာ တပ်တွေရပ်ထားပြီးတော့ Bilateral ချုပ်ဖို့ ကြိုးပမ်းမယ်ဆိုတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စက ကွဲလွဲနေတော့ ဘယ်လိုပုံစံမျိုး ကျော်လွှားရင် သင့်တော် မလဲ။

          ဖြေ ။ ။ ကျနော် မြင်တာလေ၊ ဥပမာ ရခိုင်ဆိုရင် ရခိုင်ပြည်နယ်မှာ မနေဘဲနဲ့ပေါ့။ ရခိုင်လူထု အများစု ရှိတဲ့ နေရာမှာ အခြေမခံဘူး၊ ရခိုင်လူထုကိုလည်း အကာအကွယ်မပေးဘူးဆိုရင် ဒါက အဓိပ္ပာယ်မရှိဘူးဗျ။ သူတို့က ရခိုင်အမျိုးသား အတွက် လုပ်တယ်ဆိုတာ ရခိုင်လူထုကို အကာအကွယ်ပေးနိုင်တဲ့နေရာ အနေအထားတွေမှာ ယူရမယ့် နောက်ပြီး ရခိုင်လူမျိုး အများစုနေနိုင်တဲ့ နေရာမှာ နေမှ ရခိုင်လူထုတွေကလည်း သူတို့ကို အပြန် အလှန် ကာကွယ်ပေးနိုင်တာပေါ့ဗျာ။ အထောက်အပံ့ပေးနိုင်တာပေါ့ဗျာ၊ အဲဒီ ပုံစံမျိုးတွေလေ။ သူ့အမျိုးသား အတွက် သူ လုပ်တယ်ဆိုတာ သူ့အမျိုးသား ရှိတဲ့နေရာမှာဘဲ သွားပြီးတော့ အခြေခံမယ်ဗျ။

          နောက်ပြီးတော့ ပလောင်တွေလိုဆိုတဲ့ သဘောပေါ့နော်၊ သူတို့လူမျိုးရှိတဲ့နေရာမှာပဲ သူတို့ အခြေခံမှာပါ၊ ဒါကတော့ ဘယ်အဝန်းအဝိုင်းမှာ နေရမယ်ဆိုတဲ့ဟာက သူတို့ရဲ့ ကျယ်ပြန့်လာတဲ့သဘောကို ပြန်ချုပ်ကိုင်လိုက် တယ်ဆိုတဲ့ သဘောပဲ။ ဒါကတော့ သိပ်တော့ အဆင်မပြေလှဘူးလို့ ကျနော်မြင်တယ်ဗျ။ သူတို့ လက်ခံနိုင်မှာ မဟုတ်ဘူးလေ။

          မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲကလည်း လာတော့မယ်။ ငြိမ်းချမ်းရေးကလည်း တချို့အရာတွေက ရှေ့မ ဆက်နိုင်သေးဘူး ဖြစ်နေတယ်။ ၂၀၂၀ မှာ ဥပမာ တပ်က တပ်ချုပ်အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်တဲ့ အလားအလာတွေလည်း ရှိတယ်ဆိုပြီးလည်း အသံတွေထွက်တာတွေရှိတယ်ဆိုတော့ ကျနော်တို့ နိုင်ငံရေး အခင်းအကျင်းက ဘယ်လိုပြောင်းလဲသွားနိုင်သလဲ။

          ဖြေ ။ ။ အမှန်က ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကပေါ့နော်၊ လက်မှတ်ထိုးထားတဲ့ အဖွဲ့ တွေ ဆန္ဒသဘောထားက ကျနော်တို့ ဆွေးနွေးတာ မြန်မြန်နားလည်မှု ရချင်တယ်ဗျ။ ကျနော်တို့နိုင်ငံ မြန်မြန် အေးချမ်းမှ မြန်မြန်တိုးတက်မယ်လေဗျာ။ အခုက ကျနော်တို့ နိုင်ငံ မတိုးတက်ဘူးဗျ၊ ကမ္ဘာမှာ အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်နေပြီ။ အဲဒီအနေအထားမျိုးမှာ IDP တွေလည်း အများကြီးပဲ၊ လူထုတွေမှာ ဒုက္ခတွေ ဖြစ်နေတယ်။

          ဒီအနေအထားကနေ မြန်မြန် လွတ်မြောက်ဖို့ ကျနော်တို့ကလည်း အမြန် ငြိမ်းချမ်းစေချင်တယ်၊ ငြိမ်းချမ်းစေချင် တဲ့ အပိုင်းမှာ နောက်ဆုံးပေါ့ဗျာ ကျနော်တို့ဘက်က မြင်တာကတော့ ဒီပိတ်ဆို့နေတဲ့ အဓိက မြန်မာ့တပ်မ တော်ဘက်ကပေါ့ဗျာ လုံးဝ ခွဲမထွက်ရတို့ ၊ နောက်တခုတည်းသော တပ်မတော်ဆိုတာမှာ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး(DDR)ကို လက်သိပ်ထိုးနေတဲ့ပုံစံမျိုးက တဖက်က မဖြစ်နိုင်တဲ့ အနေအထားပေါ့ဗျာ၊ တဖက်က လက်မခံနိုင်တဲ့ အနေအထားပါ။

          ၁၉၄၇ ခုနှစ် ပင်လုံရဲ့သဘောထားတွေကို နည်းနည်း ဖောက်ဖျက်တဲ့သဘော ဖြစ်တာပေါ့ဗျာ။ အဲဒီ အနေ အထားမျိုးမှာ မဖြစ်နိုင်တဲ့ ခေါင်းစဉ်ကြီးနဲ့ တဖက်က ပြောလာတော့လည်း ဒါကတော့ တစ်ဆို့ ကြန့်ကြာသွား တယ်လို့ မြင်တယ်။

          မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အားလျော့သွားပြီးတော့ တခြား အုပ်စုတွေ တက်လာခဲ့မယ် ဆိုရင် ဒီလက်နက်ကိုင်တိုက်ပွဲ အခြေအနေတွေကရော ဘယ်လို ဖြစ်လာနိုင်သလဲ။

          ဖြေ ။ ။ ဒါကတော့ အတိအကျတော့ ပြောလို့မရသေးဘူး၊ ဒါပေမယ့် NLD ကတော့ နည်းနည်း အားလျော့ သွားမယ်၊ ဘာကြောင့်လဲဆိုတော့ NLD အစိုးရ လက်ထက်မှာ အခြေခံဥပဒေကိုလည်း ဘာမှ မပြောင်းလဲ ပေး နိုင်သေးဘူး၊ ငြိမ်းချမ်းရေးကိုလည်း ဘာမှ အကောင်အထည် မဖော်နိုင်ဘူး၊ လူထုတွေက ဘာမှ အားမရဖြစ်လာ ကြတယ်၊ ဒီလို အနေအထားတွေ အများကြီးရှိနေတော့ ဒီရွေးကောက်ပွဲမှာတော့ NLD က အထိုက်အလျောက် တော့ မဲကျမယ် ထောက်ခံမှုတွေ ကျသွားမယ်။ ဒါပေမယ့် အဖြေကတော့ ဘယ်လို ထွက်လာမလည်းတော့ အတိအကျတော့ မပြောနိုင်ဘူးလေ။

          မေး ။ ။ အခု NLD အပါအဝင် ပါတီအများစုက ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းရာမှာ အချက်ပေါင်း ထောင်နဲ့ ချီ ထွက်လာတယ်၊ အဲဒီမှာ တိုင်းရင်းသား အခွင့်အရေး ဘယ်လောက်ရနိုင်တဲ့ အလားအလာတွေတွေ့လဲ၊ ဒီကြိုး ပမ်းမှုက တကယ်စိတ်ရင်း စေတနာနဲ့လုပ်တယ်လို့ ပြောလို့ရလား၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် လုပ်တာမျိုး လား။

          ဖြေ ။ ။ သူတို့တင်တဲ့ အချက်ပေါင်း ၃၀၀၀ ကျော်မှာလေ၊ ကျနော်လည်း အဲဒီအချက်အလက်တွေကို မကြည့်မိသေးဘူးဆိုတော့ မဝေဖန်တတ်ဘူးဗျ။ အမှန်ကတော့ ကျနော်တို့ ပြည်တွင်းစစ် မြန်မြန် ပြေလည် သွားဖို့ပေါ့ဗျာ။ တိုင်းရင်းသားအရေး ပြဿနာကတော့ အဓိကကျတယ်လို့ ကျနော်မြင်တယ်။ အဲဒီ တိုင်းရင်းသား တွေရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ဟာကလေ ကျနော်တို့ကတော့ ဒါတွေ ရှောင်လို့မရဘူးလို့ မြင်တယ်။

          မေး ။ ။ တခြား ဖြည့်စွက်ပြောချင်တာရှိပါသလားဗျ။

          ဖြေ ။ ။ ကျနော်တို့နိုင်ငံက ပြည်တွင်းစစ်က သိပ်ကြာနေပြီဗျ၊ ဒါကို ဒီအတိုင်း ဆက်သွားနေရင် ဘယ်သူမှ အကျိုးမရှိဘူးလေ၊ ကျနော်တို့ နိုင်ငံကို တကယ့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ အကောင်အထည်ဖော် လိုက်ရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကလည်း အများကြီးကို ခိုင်မာလာမယ်လို့ ကျနော်မြင်တယ်ဗျ။ အဲဒါကို တဖက်ကပေါ့ဗျာ။ သက်ဆိုင်တဲ့ လူတွေအားလုံး နောက်ပြီး ဒုက္ခသည်တွေကိုလည်း စာနာပြီးတော့လေ။ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရင်တော့ ကောင်းမယ်။

          ကျနော်တို့ဘက်ကလည်း ကြိုးစားနေတယ်။ ဒါပေမယ့် လမ်းမပွင့်ဘူးဗျ၊ အဲဒီလို အနေအထားမျိုးဖြစ်နေတယ်လို့ ကျနော်မြင်တယ်၊ အမြန်ဆုံး လမ်းပွင့်နိုင်ဖို့ သက်ဆိုင်ရာ အားလုံးက ကြိုးစားကြဖို့ ကျနော်က အကြံပြုလိုတယ်။

          ဆက်စပ်ဖတ်ရှုရန်

          ဗမာကို တိုင်းရင်းသားလို့ မမြင်တာ ပြဿနာ 

          ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို KNU မပါလျှင်ပင် ကျင်းပသွားဖွယ်ရှိ 

          ၂၁ ရာစု ပင်လုံညီလာခံ ယခု နှစ်ကုန်ပိုင်းတွင် ကျင်းပရန် ရည်မှန်းထားဟု ဆို 

          Your Thoughts …
          Tags: NCAနိုင်ဟံသာမွန်ပြည်သစ်ပါတီ
          ချစ်မင်းထွန်း

          ချစ်မင်းထွန်း

          ဧရာဝတီ

          Similar Picks:

          ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

          ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

          by ဧရာဝတီ
          17 October 2023
          38k

          ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

          မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

          မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

          by ဧရာဝတီ
          8 November 2023
          28.4k

          နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

          စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

          စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

          by ဇော်တူးဆိုင်း
          3 November 2023
          25.7k

          NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          by ဇုန်းရိန်
          27 July 2023
          20.8k

          စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          by မိုးစက်ငြိမ်းချမ်း
          22 July 2023
          13.1k

          ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

          တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား

          တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား

          by မိုးစက်ငြိမ်းချမ်း
          6 November 2023
          12.5k

          ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်အများစု ကြံ့ကြံ့ခံ၍ ခုခံနိုင်ခြင်းမရှိဘဲ အချိန်တိုအတွင်း ပြိုဆင်းသွားသည်။

          Next Post
          "Ghost" မင်းသားကြီး Patrick Swayze

          မင်းသား Patrick Swayze အကြောင်း မြင်တွေ့ရမယ့် "I Am Patrick Swayze" မှတ်တမ်းရုပ်ရှင်

          --

          ဖုန်းဈေးကွက်မှာ Sony နဲ့ LG တို့ ရုန်းကန်နေရပြီး Huawei ဆက်လက် အတက်ပြ

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          16.2k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          12.3k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved