• English
Thursday, September 21, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

    ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

    ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

    ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      သီချင်း ညည်းတတ်သည့် အလေ့

      သီချင်း ညည်းတတ်သည့် အလေ့

      ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

      ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

      မိန်းမ နှင့် အလှတရား

      မိန်းမ နှင့် အလှတရား

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

        ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

        စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

        စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

        ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

        ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

        မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

        မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

        ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

        ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

        မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

        မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

        ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

        ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

        နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

        နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

        ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

        ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

          မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

          လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

          သီချင်း ညည်းတတ်သည့် အလေ့

          သီချင်း ညည်းတတ်သည့် အလေ့

          ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

          ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

          မိန်းမ နှင့် အလှတရား

          မိန်းမ နှင့် အလှတရား

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          ကျနော်တို့ အခုတောင်းဆိုတိုက်ပွဲဝင်နေတာ တအာင်းပြည်နယ်အတွက်ပါ

          by ကျော်ခ
          6 October 2019
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်  / ဧရာဝတီ

          TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် / ဧရာဝတီ

          15.8k
          VIEWS
          Share on FacebookShare on Twitter

          မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင်စစ်တပ် (AA) တို့သည် ယခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် အပါအဝင် တိုးလ်ဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ် အပါအဝင် နောင်ချိုရဲစခန်း၊ တိုးလ်ဂိတ်နှင့် မြို့ရှောင်ဂိတ်စသည့် နေရာ ၆ နေရာကို တချိန်တည်း တိုက်ခိုက်ခဲ့သည်။

          ထိုတိုက်ခိုက်မှုကြောင့် တပ်မတော်၊ ရဲနှင့် အရပ်သားများ သေဆုံးခဲ့သလို တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်း ယာယီ ပြတ်တောက်ခဲ့ရသည်။ ထိုစစ်ဆင်ရေး အတွင်း နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကုန်ကားနှင့် ခရီးသည်ကားများ မီးရှိူ့ဖျက်ဆီးခံခဲ့ရသလို ဒေသခံ အရပ်သားများ သေဆုံးမှုများလည်း ရှိခဲ့သည်။

          RelatedPosts

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          21 September 2023
          3.2k
          မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ

          မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ

          18 September 2023
          3.1k
          ဆမီးမြို့ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး

          ဆမီးမြို့ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး

          18 September 2023
          3k

          ထိုစစ်ဆင်ရေး အပါအဝင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေမှု၊ မြေပြင် အခြေအနေနှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် TNLA ၏နိုင်ငံရေး ရည်မှန်းချက်များကို TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို ဧရာဝတီ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ က မေးမြန်းထားသည်။

          မေး ။ ။ TNLA ရဲ့ ခေါင်းဆောင် တချို့က ဝ (ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် -UWSA) အဖွဲ့ကို သဘောကျ တယ်လို့ ပြောဖူးပါတယ်။ ဆိုတော့ TNLA ရဲ့ နိုင်ငံရေး ရည်မှန်း ချက်က ကွန်ဖက်ဒရိတ်လား၊ ဖက်ဒရယ်လား။ ဘယ်လို ပုံစံမျိုးလဲ။

          ဖြေ ။ ။ ကျနော်တို့က အခုနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရှင်းဖို့လိုတယ်ဆိုတာ အဓိက နိုင်ငံရေး ရှင်းဖို့က တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့လို တယ်လို့ ကျနော်တို့ ပြောတာဖြစ် ပါတယ်။

          ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်းသားအကုန်လုံးက အမျိုးသားတန်း တူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် စစ်စစ်မှန်မှန်ရပြီဆိုရင် ဒါက ဒီနိုင်ငံကို တကယ်ပြည်ထောင်စု တည်ဆောက်ပြီဆိုရင် ပြဿနာတွေက ပြေလည်ပြီ။ တိုင်းရင်းသားတွေလိုချင်တာကလည်း ဒါပါပဲ။

          အခု “ဝ” မှာ ကျနော်တို့ကြည့်မယ် ဆိုရင်လည်း ဒါက လက်တလောအခြေအနေအရ “ဝ” ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ပေါ့။ သပ်သပ်ရှိတယ်။ သူအုပ်ချုပ် နိုင်တယ်။ ဒါက ထူးခြားမှုအနေနဲ့ ပြောတာပါ။

          ဒါပေမယ့် နိုင်ငံတခုလုံးနဲ့ ကျနော်တို့ ခြုံပြီးပြောမယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရင် ဒီပြဿနာတွေ ပြေလည်မယ်။ ကျနော်တို့ တအာင်းပလောင် ကလည်း လူမျိုးတမျိုးဖြစ်တယ်။

          ကိုယ့်အမျိုးသားရေးအတွက် ကိုယ်သက်ဆိုင်တဲ့နယ်မြေဒေသ နောက်ကိုယ့်အုပ်ချုပ်ရေး၊ ကိုယ်ရဲ့စာပေယဉ်ကျေးမှုအရ၊ ကိုယ်ရဲ့ နယ်မြေအရ ကိုယ်ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်မယ့် အခွင့် အရေးရှိတဲ့ အုပ်ချုပ်မှုပုံစံမျိုးရတယ်ဆိုရင် ဒါက ပြေလည်နိုင်တယ်။

          ကျနော်တို့က ဒီကိုယ့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဆောင်ရွက်တဲ့အချိန်မှာ တခြားလူမျိုးကို ဖိနှိပ်ဖို့ ဥပမာဆို ကျနော်တို့ ဒေသမှာ ရှုတ်ထွေးပါတယ်။ ရှမ်းတွေ လည်း ရှိတယ်။ ကချင်တွေလည်း ရှိတယ်။ ကျနော်တို့က အဲဒီလိုလူမျိုးအများကြီး ရှုတ်ထွေးတဲ့ အချိန်မှာ ကျနော် တို့က ကိုယ့် အာဏာရှင်ပုံစံလိုမျိုး အုပ်ချုပ်လို့မရဘူး။ မြန်မာနိုင်ငံက လူမျိုးတမျိုးထဲက ကြီးစိုးလွှမ်းမိုး ချင်တဲ့ အာဏာရှင်အုပ်ချုပ်လို့ ပြဿနာတွေဖြစ်တယ်။

          ဆိုတော့ ကျနော်တို့ အမျိုးသားပြဌာန်းခွင့်နယ်မြေလို့ ကိုယ်ပိုင် အုပ်ချုပ်တဲ့ အချိန်မှာ ဥပမာ “ဝ” မှာဆိုရင် တခြားလူမျိုး တွေရှိတယ်။ တခြားလူမျိုးတွေက သူတို့ရဲ့ သက်ဆိုင်ရာ ယဉ်ကျေးမှု တွေကို ပြဌာန်းပိုင်ခွင့် ရှိရမယ်။ သူတို့ရဲ့နိုင်ငံရေး အခွင့်အရေးတွေရှိနေရမယ်။ အဲဒါဆိုရင် ကျနော်ထင်တယ် ပြဿနာ ပြေလည်နိုင်မှာဖြစ်တယ်။

          ကျနော်တို့ လိုချင်တာက စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုပါ။ ကျနော်တို့က အခုတောင်းဆိုတိုက်ပွဲဝင်နေတာ တအာင်းပြည်နယ်အတွက်ပါ။

          ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသော TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

          မေး ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်မယ့် တရုတ်ရဲ့ BRI စီမံကိန်းတွေအပေါ် ဘယ်လို မြင်လဲ။ TNLA ဘက်ကလည်း ညှိနှိူင်းသင့်တယ်ဆိုတာမုျိးပြောနေတော့ ဒီအခြေအနေကိုလည်း သေချာ ရှင်းပြစေချင်ပါတယ်။

          ဖြေ ။ ။ ကျနော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးသဖြင့် ကျနော်တို့ ရခိုင်ကနေဖြတ်လာပြီး တော့ မြန်မာ နိုင်ငံအလယ် ပိုင်း တအောင်းပလောင်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းဆိုရင် ကျနော်တို့ တအောင်းပလောင်တွေ နေတာပါ။ ကျနော်တို့ တအာင်းပလောင်တွေကို ဖြတ်လာမယ့် တရုတ်ရဲ့ BRI စီမံကိန်းတွေ သူရဲ့ One Belt One Road နောက်ဆက်တွဲ စီမံကိန်းတွေ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့လည်း ကျနော်တို့ သဘောထားကို ပြောထားပြီးသားဖြစ်ပါတယ်။

          တရုတ်နိုင်ငံရဲ့ စီမံချက်အကြီးကြီးက တကယ့်ကိုမြင့်မားတဲ့ စီမံချက်တွေ ဖြစ်တယ်။ စီမံချက်က တကယ့်ကို ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ခံတာဝန်ရှိမှုနဲ့ လုပ်မယ်ဆိုရင် ဒေသခံ လူထုတွေ ရဲ့အကျိုးရှိနိုင်တဲ့ စီမံချက်ဖြစ်တယ်။

          အဲဒါကြောင့်မို့ ကျနော်တို့လည်း ထောက်ခံတယ်လို့ သဘောထား ကျနော် တို့ ပြောထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုစီမံချက်ကို လုပ်တဲ့အချိန်မှာ လက်ရှိအစိုးရက လူထုအသံကို နားမထောင်ဘဲနဲ့ တောက်လျောက် မြန်မာအစိုးရ၊ စစ်တပ်အုပ်စိုးစဉ် ကတည်းကရော NLD အစိုးရတက်လာတဲ့ အချိန်မှာရော ဒေသခံလူထုအသံကို နားမထောင်ဘဲနဲ့ တဖက်သပ်လုပ်မယ် ဆိုရင်တော့ လူထုအတွက် ဆိုးကျိုး တွေ ဖြစ်နိုင်တယ်။

          အဲဒါဆိုရင်တော့ ကျနော်တို့ TNLA အနေနဲ့ လက်မခံနိုင်ဘူး။ ကျနော်တို့ တရုတ်ကိုလည်း ပြောပါ တယ်။ စီမံချက်တွေ လုပ်မယ်ဆိုရင် လူထုရဲ့အသံ၊ လူထုကိုကိုယ်စားပြုတဲ့ ဒေသခံထဲမှာ အခြေပြုတဲ့ အဖွဲ့အစည်း ဥပမာ ကျနော်တို့လို TNLA အဖွဲ့အစည်း အမြင်ကိုလည်း နားထောင် ပေးဖို့လိုတယ်လို့ ကျနော်တို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်။

          ဒီစီမံချက်ကို အောင်မြင်ဖို့ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ သက်ဆိုင်ရာ အရေးကြီးတဲ့ အသံတွေကို နားထောင်ဖို့ လိုတယ်။ အဲလိုမဟုတ်ရင် ပိုပြီးတော့မှ လူထုအတွက် ပိုအကျိုးရှိမယ်။ လူထုအတွက် အကျိုးရှိမယ်ဆိုရင် ဒီစီမံကိန်းလည်း အောင်မြင်မှာဖြစ်ပါတယ်။

          မေး ။ ။ တရုတ်က မြန်မာ့ငြိမ်းချမ်းရေး အပေါ်မှာ ဘယ်လောက် အရေးပါလဲ။

          ဖြေ ။ ။ လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအပေါ်မှာ တရုတ်က တော်တော်အရေးပါတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဘာဖြစ်လို့ အဲလိုအရေးပါလဲဆိုတော့ နံပါတ်တစ် တရုတ်၊ မြန်မာနယ်စပ်ကြီးက တော်တော်ကို ရှည်ရှည်လျားလျား မိုင်ပေါင်း ထောင်နဲ့ချီရှိတယ်။

          အခုကျနော်တို့လို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေ ရပ်တည်နေတာလည်း တရုတ်၊ မြန်မာနယ်စပ်ဖြစ်တဲ့ အတွက်ကြောင့် တရုတ်နယ်စပ် တည်ငြိမ် အေးချမ်းရေးက တရုတ်အတွက်တော်တော် အရေးကြီးတဲ့အချက်လည်းဖြစ်တယ်။

          နံပါတ်နှစ်က တရုတ်က တကမ္ဘာလုံးကို လွှမ်းပြီးတော့မှ စီးပွားရေးတွေ ဖွံ့ဖြိုးရေးတွေ လုပ်ချင် တယ်ဆိုတော့ သူတို့ရဲ့စီမံချက်တွေ BRI စီမံချက်တွေ ဆောင်ရွက်တဲ့အချိန်မှာ ကျနော်တို့ ဒီဒေသကို အသုံးပြုဖို့လိုတယ်။ အဲဒါအတွက်ကြောင့် ဒီဒေသ တည်ငြိမ်အေးချမ်းဖို့လိုတယ်။ ဒါကြောင့်မို့ မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်က အရေးပါတယ်လို့ ကျနော် မြင်ပါတယ်။

          ဆိုလိုချင်တာကတော့ မြန်မာ့ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံမှာ တိုက်ပွဲတွေရပ်ပြီးတော့မှ နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ အရေးပါတာထက်ကို တရုတ်ရဲ့အကျိုးစီးပွားတွေ အောင်အောင် မြင်မြင် ဆောင်ရွက် နိုင်ဖို့အတွက် ဒီငြိမ်းချမ်းရေးဖြစ်စဉ်က တရုတ်အတွက် အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။

          ဒါပေမယ့်လည်း ပြန်ကြည့်မယ်ဆိုရင်တော့ တရုတ်က သူရဲ့အကျိုးစီးပွားတွေ အောင်မြင်ဖို့ လိုသလို ကျနော်တို့ ငြိမ်းချမ်းပြီးတော့မှ နိုင်ငံရေးပြဿနာဖြေရှင်းဖို့အတွက်လည်း အရေးကြီး တယ်။ ဒါကြောင့်မို့ ကျနော်တို့ဘက်က အရေးပါတဲ့ကိစ္စနဲ့ တရုတ်ဘက်က အကျိုးစီးပွား အရေး ပါချင်တဲ့ အချက်အလက်က ခေါင်းနဲ့ ပန်းလိုပါပဲ ဒွန်တွဲနေတာဖြစ်တယ်။

          ကျနော်တို့ကိစ္စတွေ အောင်မြင်မှလည်း သူတို့ရဲ့အကျိုးစီးပွား၊ သူလုပ်ချင်တဲ့ စီမံချက်တွေအောင်မြင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ နှစ်ဘက်စလုံးက ဒီလိုအမှီသဟဲပြုနေကြတဲ့ ကိစ္စတွေဖြစ်တယ်။ တရုတ်ဘက်က အဲဒီရှု့ဒေါင့်ကနေ အရေးကြီးတယ်လို့ မြင်ပါတယ်။

          မေး ။ ။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်တွေကို တရုတ်က ကိုင်ကစားနေတယ်ဆိုတဲ့ အမြင်တွေရှိပါတယ်။ ဒီအပေါ်မှာ ဘာများပြောချင်ပါလဲ။

          ဖြေ ။ ။ မြန်မာ့ငြိမ်းချမ်းရေး လက်ရှိဖြစ်နေတဲ့ မြောက်ပိုင်းအဖွဲ့ကလည်း တရုတ်နယ်စပ်မှာပဲ အခြေစိုက်တဲ့ အတွက် တရုတ်ကလည်းသူရဲ့ စီမံကိန်းတွေ လုပ်မယ်ဆိုရင် ဒီဒေသတွေမှာပဲ အဓိက အခြေပြုပြီး ဖြတ်သန်း ရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ဒေသ အေးချမ်းဖို့လိုတယ်။

          နယ်စပ်တည်ငြိမ်ဖို့လိုတယ်။ တိုက်ပွဲတွေ ရပ်ဖို့လို တယ်။ အဲဒါမှသာလျှင် စီမံကိန်းအောင်မြင်နိုင် မယ်။ ဒါကြောင့်မို့ တရုတ်လိုချင်တာက တိုက်ပွဲတွေ ရပ်မယ်။ နယ်စပ်တည်ငြိမ်မယ်ဆိုရင် ဒါက သူရဲ့စီမံချက်တွေကို ဆောင်ရွက်လို့ ရမှာဖြစ်ပါတယ်။

          ဒါကြောင့်မို့ တရုတ် အနေနဲ့ တိုက်ပွဲတွေ ရပ်ဖို့နယ်စပ်တည်ငြိမ်ဖို့ အမျိုးမျိုး ကျနော်တို့ကိုလည်း ဖိအားပေးတယ်။ မြန်မာအစိုးရကို လည်း ဖိအားပေးတယ်။ ဒါကြောင့်မို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ တရုတ်က တွန်းအားတွေပေးတယ်။ တနည်းအားဖြင့် အများအမြင်ကတော့ တရုတ်က ကိုင်ကစားတယ်လို့ ပြောတာပေါ့။

          ဒါပေမယ့် ပြန်ကြည့်မယ်ဆိုရင် တရုတ်က အဲလိုဆောင်ရွက်တဲ့ အချိန်မှာ ကျနော်တို့ အခု တိုက်ပွဲ တွေ ရပ်ဖို့ လူထုတွေ တိုက်ပွဲဒဏ်ကနေ လွတ်ဖို့ ပြန်စဉ်းစားမယ်ဆိုရင်လည်း ဒါကကောင်းတဲ့ ဘက်က စဉ်းစားမယ်ဆိုရင် တရုတ်ရဲ့ ဖိအားတွေက လူထုအတွက်လည်း ကောင်းတယ်လို့ ကျနော်ပြောချင်ပါတယ်။

          တကယ်လို့သာ ကျနော်တို့က အဆုံးမရှိ ဒီလိုပဲ တိုက်နေကြမယ်ဆိုရင် လူထုတွေပိုပြီး နစ်နာ နိုင်တယ်။ ဒါက ကျနော်တို့ ဖြစ်နေတဲ့ တိုက်ပွဲတွေကိုမဖြစ်နဲ့ဟေ့လို့ ပြောမယ့်တရုတ်ကြီး ရှိနေ တာက ဘာပြောပြော ဒါကောင်းတဲ့ဘက်က မြင်တယ် ဆိုရင် ဒါကောင်းတယ်လို့ မြင်ပါ တယ်။ အထူးသဖြင့်ကတော့ ဒီလိုနယ်စပ် ကလည်း အရှည်ရှိတယ်။

          တရုတ်နဲ့ဆက်ဆံရေးကလည်း ဒီလိုရှိနေတဲ့အတွက်ကြောင့် တရုတ်က ဒီလိုကြားဝင်နိုင်တာက ကျနော်တို့ နိုင်ငံအတွက် လောလောဆယ် ကျနော်တို့ ပြောမယ်ဆိုရင် တိုက်ပွဲဒီထက်ပိုပြီး မပြင်းဘူး။ တိုင်းပြည်ထိခိုက် နစ်နာမှုတွေက ဒီထက်ပိုပြီး မကြီးဘူးလို့ လောလောဆယ် ပြောလို့ရတာပေါ့။

          ဒါပေမယ့် တရုတ်အနေနဲ့လည်း သူရဲ့ ကိုင်တွယ်ပုံကိုင်တွယ်နည်း တကယ်လက်တွေ့အလုပ်ဖြစ်ဖို့ လိုတယ်။ အဲဒါပြန် သုံးသပ်ဖို့လိုတယ်လို့ မြင်တယ်။ ကျနော်တို့အနေနဲ့လည်း တရုတ်အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့ လည်း တင်ပြပါတယ်။ အခြေအနေတွေ ဒီလို ဖြစ်တယ်။ အခုကိုယ်တွယ်ပုံ ကိုင်တွယ်နည်း သေချာသုံးသပ်ပါ။ အဲဒါဆိုရင် ပိုပြီးထိရောက်နိုင် တယ်လို့ ကျနော်တို့လည်း အကြံပြုပါတယ်။

          ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသော TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

          မေး ။ ။ စစ်ဆင်ရေးမှာ သုံးတဲ့ လက်နက်တွေက တရုတ်ထုတ်တွေဖြစ်တယ်။ တရုတ်ဘက်နဲ့ UWSA, KIO တို့ဘက်က အထောက်အပံ့တွေပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိပါတယ်။

          ဖြေ ။ ။ ကျနော်တို့ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပြောဆိုတာကတော့ တဖက်နဲ့ တဖက် ဘယ်သူမဆို ခေတ်မီတဲ့ လက်နက်၊ ထိရောက်မှုရှိတဲ့ လက်နက် နှစ်ဖက်စလုံးက သုံးကြတာပဲ ဖြစ်ပါတယ်။ အဲလိုသုံးတဲ့ အချိန်မှာ ကျနော်တို့ နည်းလမ်းပေါင်းစုံရှာကြရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ တတ်နိုင်တဲ့ဘက်က ကျနော်တို့ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ရအောင် ကျနော်တို့ တိုက်ပွဲတွေ ဖော်ဆောင်ရတာဖြစ်တယ်။

          ဒါပေမယ့် ကျနော်တို့ ပြောမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အများ အမြင်မှာ ပြောသလို တရုတ်ကြီးက ကူနေတယ်စသဖြင့် အမျိုးမျိုးဝေဖန်တယ်ပေါ့။ တကယ်လို့ တရုတ်ကြီးကသာ ကူတယ်ဆိုရင် ကျနော်တို့ တွေ ဒီထက်ပိုအင်အားကြီးမှာ ဖြစ်တယ်။

          ကျနော်တို့ရဲ့တိုက်ပွဲက ကျနော်တို့ ဒီထက်ပိုပြီး အလုပ်လုပ်နေမှာဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ အဲလိုထိ ရောက်တဲ့ အကူအညီတွေ မရလို့သာလျှင် အခုလို ကျနော်တို့က ပြောက်ကျား စစ်သဏ္ဍန်ပဲ ကျနော်တို့ ဆောင်ရွက်နေရတာ ဖြစ်တယ်။

          စောစောတုန်းက ကျနော်တို့ပြောတဲ့ ကချင်တို့ “ဝ” တို့ ဆိုတာက ကျနော်တို့ရဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရေးမဟာမိတ်တွေဖြစ်တယ်။ မဟာမိတ် တွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကို လူမျိုးခြင်းစာနာမှုအရ ကူညီစာနာ မှုတွေရှိနိုင်ပါတယ်။ ကျနော်တို့ မငြင်းပါဘူး။

          ဒါပေမယ့်လည်း ဒီအချိန်မှာက ဒီလောက်ကုန်ကျစရိတ်ကြီးမားတဲ့ ပမာဏာ ကြီးကုန်ကျတယ်လို့ ကျနော်ထင်တယ်။

          ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အဓိကတဖွဲ့နဲ့တဖွဲ့ အများကြီး မကူညီ နိုင်ပါဘူး။ ကျနော်တို့ ဒီလိုပဲ ရရာလက်နက်နဲ့ ရှိတဲ့ လက်နက်ကို ခြိုးခြံချွေတာပြီးတော့မှ ကျနော်တို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ အဲဒီဟာက လည်း ကျနော်တို့ရဲ့ ရည်မှန်းချက်တွေကို ကျနော်တို့ အကောင် အထည်ဖော်နေတာဖြစ်ပါတယ်။

          မေး ။ ။ စက်တင်ဘာ ၂၀ ရက်နေ့က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဒီဇင်ဘာအထိ အပစ်ရပ်နားမယ်လို့ ထုတ်ပြန်တာတွေ့ရတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြစေချင်ပါတယ်။

          ဖြေ ။ ။ ကျနော်တို့ ၂၀ ရက်နေ့တုန်းက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဒီ ၂၀၁၉ နှစ်ကုန်အထိ တဖက်သတ် အပစ်အခတ် ရပ်ဆိုင်းမယ်လို့ ကြေညာပါတယ်။ ကျနော်အဓိက အပစ်အခတ် ရပ်ဆိုင်းဖို့ ကြေညာတာက အခုဆွေးနွေးနေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေက လက်တွေ့အလုပ် ဖြစ်ပြီး တော့မှ နှစ်ဘက်အပစ်အခတ် ရပ်စဲနိုင်တဲ့ စာချုပ်လက်မှတ်ထိုးနိုင်ဖို့ ကျနော်တို့ ဆွေးနွေးပွဲ လက်တွေ့အောင်မြင်နိုင်ဖို့အတွက် ကျနော်တို့က ရည်ရွယ်ပြီး အပစ်အခတ်ရပ်တာဖြစ်တယ်။

          အခုဖြစ်နေတဲ့တိုက်ပွဲက တကယ်လျော့ကျသွားနိုင်ဖို့ ကျနော် ရည်ရွယ်ပြီး ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ကြေညာ တာဖြစ်တယ်။ တကယ်ပဲ ကျနော်တို့က ငြိမ်းချမ်းရေးကို လိုလားတယ်။ တကယ်ရစေချင်တယ်။ တကယ်တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ တကယ်အောင်မြင်စေချင်တယ်။

          ဒါကြောင့်မို့ ကျနော်တို့ ဆွေးနွေးပွဲကနေ ဆောင်ရွက်တဲ့အချိန်မှာ အခက် အခဲတွေ ဖြစ်နေတော့ ကျနော်တို့က ဆွေးနွေးပွဲ အတွက် အထောက်အကူများ ဖြစ်နေမလားဆိုပြီး ကျနော်တို့ က အခုလို တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာတာဖြစ်ပါတယ်။

          အဲဒီအတွက်လည်း ကျနော်တို့ မြင်ပါတယ်။ မြန်မာ့တပ်မတော်ဘက်ကလည်း သေချာစဉ်းစား လိမ့်မယ်လို့ မြင်ပါတယ်။ တရုတ်ဘက်ကလည်း ဒီကြေညာချက်အပေါ်မှာ မူတည်ပြီးတော့ မြန်မာအစိုးရနဲ့ ဆွေးနွေးတဲ့ဟာ လမ်းကြောင်းတွေ ပိုပြီး ပွင့်သွား အောင်၊ ပိုပြီးမြန်ဆန်အောင် နည်းလမ်းတွေ ရှာတဲ့အချိန်မှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မြင်ပါတယ်။

          အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကျနော်တို့မြင်တာ တဖက်နဲ့တဖက် သူတင်ကိုယ်တင် တိုက်ပွဲတွေ ဖော်ကြမယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့မှ ထိခိုက်နစ်နာမှုတွေရှိမယ်။ လူထုတွေကလည်း စစ်ဘေးဒဏ် ပိုပြီးသင့်မယ်။

          ဘာဖြစ်တာလဲဆိုတော့ ကျနော်တို့က သြဂုတ်လမှာ ခုခံကာကွယ်စစ် ၃ ဖွဲ့ဆင်နွဲပြီးတဲ့ နောက် ပိုင်းမှာ မြန်မာတပ်မတော်က အခုဆိုရင် ၉ လပိုင်း ထဲမှာဆိုရင် ပြန်ပြီးကလဲ့စားချေဖို့ ဆောင်ရွက်တယ်။

          ဥပမာ ကျနော်တို့ တအာင်းပလောင်ဒေသ နမ့်ဆန်မှာ တကယ့်တပ်စခန်းက ဘာမှမရှိဘူး။ အဲဒါ မြန်မာ့ တပ်မတော်က လေယာဉ်နဲ့လည်းလာတယ်။ ၃ ရက်တိုင်တိုင် လေကြောင်းစစ်ဆင်ရေးတွေ လုပ်တယ်။ ပြီးတော့ လက်နက်ကြီး တွေ တောက်လျှောက်ပစ်တယ်။

          တကယ်ရတဲ့အချိန်မှာ တပ်စိတ်တစိတ်ပဲနေတဲ့ တောင်ကုန်းတွေကို အဲ့ဒီ လောက်အထိ အင်အား သုံးပြီး လာချေမှုန်းတယ်။ လူထုတွေ ဒုက္ခရောက်အောင်လုပ်တယ်။ အဲလိုတိုက်ပွဲတွေ အစဉ်အဆက်မပြတ် အများကြီးဖြစ်လာနိုင်တယ်။

          ကျနော်တို့ကလည်း ကျနော်တို့ဒေသမှာ အဲလိုမျိုး တိုက်ပွဲတွေ ပြင်းထန်လာမယ်ဆိုရင် ကျနော်တို့ အတွင်းထဲမှာ ကျနော်တို့ လူမသိ၊ သူမသိ ကျနော်တို့ကို ဒုက္ခ ရောက်စေမယ့် တိုက်ပွဲတော့ မဖန်တီးဘူး။

          ဒါဆိုရင် ကျနော်တု့ိ က လမ်းမတွေထဲ ထွက်ရတော့မယ်။ မြို့ပြတွေကို ကျနော်တို့ တက်ရတော့ မယ်။ အဲဒါဆိုရင် တိုက်ပွဲတွေက ပိုပြင်းနိုင်တယ်။ တကယ်ပဲ လောဂျစ်အရ တွက်မယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေပဲ ကိုယ့်တောတောင်ဒေသမှာ စစ်ဘေးဒဏ်သင့်နေမယ့်အစား ကျနော်တို့ ပြဿနာအဖြေရှာဖို့က ဒါနိုင်ငံတခုနဲ့ဆိုင်တယ်။

          ဒါဆိုရင် မြန်မာလူထုကလည်း ဒီစစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားမှပဲ ဒီပြဿနာကို ထိထိရောက် ရောက် ဖြေရှင်းလိမ့်မယ် လူထုဖိအားတွေရှိလိမ့်မယ်လို့ ကျနော်တို့ မြင်တယ်။ ဒါကြောင့်မို့ ကျနော်တို့လည်း မြို့ထဲ မြန်မာ့တပ်မတော်ရဲ့ တပ်ရင်း ဌာနချုပ်တွေရှိတဲ့ နေရာကို တိုက်ပွဲတွေ မျှားဦးလှည့်လာမှာဖြစ်တယ်။

          အဲဒါဆိုရင် အခြေအနေတွေက ပိုပြီး ရှုတ်ထွေးနိုင်တယ်။ ဒါကြောင့်မို့ ကျနော်တို့ မြင်တာက ကျနော်တို့ အဲဒါတွေ ရှောင်လွှဲနိုင်ဖို့ဆိုရင် ကျနော်တို့ ကောင်းမွန်တဲ့ ခြေလှမ်းအစား ကျနော်တို့ ဘက်ကလည်း ၃ လတော့ အပစ်အခတ် ရပ်စဲနိုင်တယ်။ အဖြေရှာကြမယ်။ ကျနော်တို့ လမ်းဖွင့် ပြီးတော့မှ အပစ်အခတ်ရပ်စဲရေး ၃လကြေညာတာဖြစ်ပါတယ်။

          နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာကတော့ ကျနော်တို့က နှစ်ကုန်အထိ အပစ်အခတ်ရပ်စဲ ရေး ကြေညာ ထားပေမယ့် အခုမြန်မာ့တပ်မတော်ဘက်က သူရဲ့အပစ်ရပ်သက်တမ်းလည်း မတိုးဘူး။ မတိုးတဲ့အပြင်ကို ရခိုင်ဒေသဘက်ကိုရော၊ ကျနော်တို့ဒေသဘက်ကိုရော နောက်ထပ် ကချင်လိုင်ဇာဘက်ကိုလည်း ပြင်းတဲ့ ထိုးစစ်၊ လက်ဦးယူတဲ့ ထိုးစစ်တွေ လုပ်မယ်လို့ ပြင်ဆင်နေ တာ ကျနော်တို့ တွေ့ရတယ်။

          ဒါတွေက ငြိမ်းချမ်းရေး အတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူးလို့ မြင်တယ်။ အဲဒီလို ထပ်ဖြစ်လာမယ်ဆိုရင် အဲဒါလည်း ပြန်လည်တုန့်ပြန်မှု ဖြစ်လာမယ်ဆိုရင်တော့ ကျနော်ထင် တယ်။ ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုတွေ အများကြီး ဖြစ်နိုင်တယ်။

          ဒါပေမယ့်လည်း ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အကောင်းဆုံး ရင်ဆိုင် သွားရမှာပဲ ဖြစ်တယ်။ ကျနော်တို့ လူထုကိုပြောချင်တာကတော့ အတတ်နိုင်ဆုံး တော်လှန်ရေး သတိနဲ့ နေထိုင်ကြပါ။ သွားလာကြပါ။ အဲဒါဆိုရင် တော့ ကျနော်တို့နဲ့ မြန်မာ့တပ်မတော်နဲ့ ပဋိပက္ခတွေကြောင့် လူထု မလိုအပ်တဲ့ ထိခိုက်နစ်နာမှုတွေ အတတ်နိုင်ဆုံး လျော့နည်းလိမ့်မယ်လို့ ထင်တယ်။

          လူထုတွေ ထိခိုက်နစ်နာ တာလည်း ကျနော်တို့တွေ မဖြစ်စေချင်ပါဘူး။ ကျနော်တို့အနေနဲ့လည်း ဒီပြဿနာတွေကို နိုင်ငံရေးနည်းလမ်း အရ အကောင်းဆုံးဖြေရှင်းချင်တယ်။ နိုင်ငံရေးနည်းလမ်း တွေ့ဆုံဆွေးနွေးခြင်းတွေသာလျှင် ကျနော်တို့ တိုင်းပြည်အတွက် အကောင်းဆုံးအဖြေ ဖြစ်တယ် လို့ ကျနော်ပြောချင်ပါတယ်။

          ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသော TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

          မေး ။ ။ တပ်မတော်က အပစ်ရပ်ထပ်မတိုးတော့တဲ့ အပေါ် TNLA အမြင်သိချင်ပါတယ်။

          ဖြေ ။ ။ မြန်မာ့တပ်မတော်က ခါတိုင်းအပစ်အခတ်ရပ်စဲရေးကိစ္စကို တဖက်သတ်ထုတ် ထား တဲ့တာကို တိုးလေ့ ရှိပါတယ်။ သို့ပေမယ့်လည်း တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်။ ဒီတကြိမ်တော့ ကျနော်တို့ ကျိုင်းထုံဆွေးနွေးပွဲပြီး တဲ့ နောက်ပိုင်းမှာ စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြီးတဲ့အချိန် တော့ သူပြန်ပြီးတော့ မတိုးဘူး။

          အခါတိုင်း ကျနော်တို့ ပြောသလိုပဲ သူသွားတိုက်ဆေးညှစ်သလို ညှစ်ပြီးတော့မှ လိုအပ်သလို ညှစ်ပြီး ထုတ်သုံးနေတဲ့ တဖက်သပ် အပစ်အခတ်ရပ်စဲရေးက သူအတွက် အလုပ်မဖြစ် တော့ဘူး လို့ မြင်တဲ့အတွက်ကြောင့် ဒီတခါ သူထပ်မညှစ် တော့ဘူးလို့ ကျနော်တို့မြင်တယ်။

          အဲလိုမတိုးတဲ့အတွက်ကြောင့် ကျနော်တို့ မြင်တာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ လုပ်ငန်း စဉ်အတွက်တော့ အန္တရာယ် ရှိတယ်လို့တော့ မြင်တယ်။ ပြီးတော့ တိုက်ပွဲတွေ ပိုပြီး ဖြစ်လာမယ့် လမ်း သတိပေးချက်တခုလည်း ဖြစ်တယ်လို့ ကျနော်မြင်တယ်။

          နောက်တချက်ကတော့ ဒါက မြန်မာ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ်မှာ ထားတဲ့ မြန်မာ့ တပ်မတော်ရဲ့ သဘောထား အမှန်စစ်စစ်က ဘွားကနဲ့ ပေါ်လာတယ်လို့ ပြောလို့ရပါတယ်။

          မြန်မာ့တပ်မတော်က တကယ်ငြိမ်းချမ်းရေးကို မလိုလားဘူး။ မြန်မာ့တပ်မတော်က ဒီအချိန်မှာ တိုက်ပွဲတွေပဲ သူလိုလားတဲ့ အချက်တချက်ရဖို့အတွက်ပဲ တိုက်ပွဲတွေ ထပ်ဖြည့်ဆောင်ရွက် မယ်ဆိုတဲ့လက္ခဏာ ပိုပြီးပေါ်လွင်တယ်လို့ ကျနော်တို့မြင်တယ်။

          အခုအချိန်မှာလည်း ကျနော်တို့ကြည့်တာက ရခိုင်ဒေသ၊ အခုကချင်ဒေသ ကချင်က ဘယ်လောက်အထိ စစ်ပွဲတွေ ငြိမ်းအောင် ဘယ်လိုပဲ ဆောင်ရွက်နေ၊ ဆောင်ရွက်နေ ကျနော်တို့ ကြည့်ရတာကတော့ မြန်မာ့တပ်မတော်ရဲ့ ပြင်ဆင်ချက် အရ ကချင်ဘက်မှာလည်း တိုက်ပွဲတွေ ပိုပြင်းလာနိုင်တဲ့အနေအထား ရှိတယ်။

          ကျနော်တို့ တအာင်း ပလောင် ဒေသမှာ၊ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဆက်ပြင်းနေတယ်။ ပြင်းဦးမယ့် လက္ခဏာတွေလည်းရှိတယ်။ ပြင်းဦးမယ့် အဓိပ္ပါယ်ထွက် တယ်လို့ ကျနော်တို့ မြင်ပါတယ်။

          ဒါက ကျနော်တို့မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာလည်း ကျနော်တို့ ပြောပါတယ်။ Bilateral အပစ်အခတ်စာချုပ် မချုပ်နိုင်တဲ့ ကျနော်တို့ နှစ်ဖက်သဘောတူ မြန်မာ့တပ်မတော်နဲ့ ကျနော်တို့ ၄ ဖွဲ့နဲ့ ပူးတွဲပြီးတော့မှ အပစ်ရပ်ကြောင်း ကြေညာကြမယ်။

          ကြေညာပြီး ဆက်ဆွေးနွေးမယ်ဆိုလည်း မြန်မာ့တပ်မတော်က သဘောမတူပါဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေအရ တော်တော်ကို ရှုတ်ထွေးတယ်။ တော်တော်ကိုနက်နဲတယ်လို့ ပြောလို့ရပါတယ်။

          မေး ။ ။ မူဆယ် – မန္တလေးလမ်းပေါ်မှာ တံတားဖာက်ခွဲမှုတွေ၊ ကားတွေတားပြီး ပိတ်ဆို့ ဖျက်ဆီးမှုတွေအပေါ် ဘာလို့ ဒီလိုလုပ်တာလဲဆိုတာကို လူထုက သိချင်နေကြပါတယ်။ ဘာကြောင့် ဒီလိုလုပ်တာလဲ။

          ဖြေ ။ ။ ကျနော်တို့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကျနော်တို့သုံးဖွဲ့က ခုခံကာကွယ်စစ်ကို မလွဲ မရှောင်သာ အခြေအနေကြောင့် ကျနော်တို့လုပ်ရတယ်လို့ ကျနော်ရှင်းပြထားပြီးသား ဖြစ်ပါ တယ်။ ဒါကြောင့်မို့ ကျနော်တို့ ပြည်တောင်စုကားလမ်းကြီးကို ကျနော်တို့ ပိတ်ဆို့ဆောင်ရွက်ရ တဲ့ကိစ္စတွေ ဆောင်ရွက်ရတာဖြစ်တယ်။

          အဲ့လို ဆောင်ရွက်တဲ့အချိန်မှာ ကျနော်တို့ရဲ့ဆောင်ရွက်ချက်၊ ကျနော်တို့ရဲ့စီမံချက်ကို မြန်မာ့ တပ်မတော်က အလွယ်တကူ စစ်ရေးအရ အကူပေးဖို့အခက်အခဲဖြစ်တဲ့ အဟန့်အတားဖြစ်ဖို့ အတွက် ကျနော်တို့က တချို့မလိုအပ်တဲ့ ဆောင်ရွက်ချက် တွေ မတတ်နိုင်တဲ့အဆုံး ဆောင်ရွက် တာဖြစ်တယ်။

          ဥပမာတံတားခွဲတာတွေ၊ တချို့ကားလမ်းတွေ ပိတ်ရတာတွေ ကျနော်တို့ ဆောင်ရွက်ရ တာဖြစ် ပါတယ်။ တံတားခွဲတာက တော့ အားလုံး သိတဲ့အတိုင်း ပြီးသွားတယ်။ ကားလမ်းကို ပိတ်တဲ့ အချိန်မှာတော့ ကျနော်တို့ ပြဿနာတွေ တော်တော်ကြီး ပါတယ်။ ကျနော်တို့ တော်တော်လေး စွန့်စား ပြီး လုပ်ရတဲ့အလုပ်ဖြစ်တယ်။

          ကားလမ်းကို ပိတ်တဲ့အချိန်မှာ မြန်မာ့တပ်မတော်က လာတယ်။ ကားလမ်းကြားထဲမှာ ကျနော်တို့ နဲ့ မြန်မာ့တပ်မတော် ပစ်ကြခတ်ကြတယ်။ အဲဒီအချိန်မှာ ကားတွေထိတယ်။ ဆီတိုင်ကီတွေ ထိ တယ်။ လောင်စာ၂စီး၊ ၃ စီးဆက်ကူးတယ်စတဲ့ မလိုလား အပ်တဲ့အမှုတွေ အများကြီးဖြစ်တယ်။

          ဒါက တကယ်ဝမ်းနည်းစရာကောင်းတယ်။ ကျနော်တို့က ဒီလမ်းမမှာ မပိတ်ဆို့ဘူးဆိုရင် တိုက်ပွဲ မဖြစ်ဘူးဆိုရင် ကျနော်တို့က တောထဲမှာ အခုဆို တိုက်ပွဲတွေက နေ့စဉ်ရက်ဆက် ဖြစ်နေတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့ရဲ့တချို့တပ်ကုန်းတွေကို မြန်မာ့တပ်မတော်က လာသိမ်းသွား တယ်။

          မြန်မာ့တပ်မတော်က လက်နက်ကြီးတွေနဲ့ ပုံမှန်ခြိမ်းခြောက်ထုနေတယ်။ ကျနော်တို့ တအန်းဒေသ လူထုတွေက တောထဲမှာ လူမသိသူမသိစစ်ဘေးဒဏ်ကို ခံနေရတယ်။ သေနေရတယ်။ ပြေးနေရ တယ်။ အဲဒီဒဏ်တွေကို ရှောင်ဖို့အတွက် ကျနော်တို့က ဒီလိုလမ်းမပေါ်မှာ ကျနော်တို့ ၃ ဖွဲ့က လာအပစ်ခံရတာ ဖြစ်တယ်။

          ကျနော်တို့ လမ်းမကြီး ပိတ်ဆို့တယ်ဆိုတာ ဒါက သဘောတရားပဲရှိပါတယ်။ ကျနော်တို့က ငါတို့ကို တောထဲမှာ မပစ်ပါနဲ့ လူမြင်ကွင်းမှာပစ်ပါလို့ လမ်းမကြီးမှာ လာအပစ်ခံရတာဖြစ်ပါ တယ်။ အဲလိုပစ်မှ ဒီတိုက်ပွဲက ဒီလိုဆိုးဆိုးဝါးဝါးဖြစ်တယ်။ ဒါဆိုရင် ဒီလိုပြဿနာ ဘယ်လို အဖြေရှာကြမလဲ။ မြန်မာနိုင်ငံတခုလုံး ကို ကျနော်တို့က အသိပေးချင်တာဖြစ်ပါတယ်။

          ဒါကြောင့်မို့ ဒီကိစ္စကို ရှောင်လွှဲလို့မရလို့ မလုပ်ချင်ပေမယ့်လည်း လုပ်ဆောင်ရတာဖြစ်တယ်လို့ ကျနော်ရှင်းပြချင်ပါတယ်။

          ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသော TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

          မေး ။ ။ အပစ်ရပ်စာချုပ်တစုံလုံး သဘောတူနိုင်ဖို့ အချိန် ဘယ်လောက် ကြာမှာလဲ။ ကြာမယ် ဆိုလည်း ဘာကြောင့်လဲ။ ဘယ်လို အတားအဆီးတွေ ရှိလို့လဲ။ နှစ်ဖက်ကြားမှာ ညှိနှိုင်းရ ခက်တာ တွေက ဘာတွေလဲ။ လူထုက သိချင်ကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောပြပါ။

          ဖြေ ။ ။ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးဖို့ ဘယ်လောက်အထိ ကြာမလဲဆိုတာတော့ ကျနော်တို့ ပြန်ကြည့် မယ်ဆိုရင်တော့ တော်တော်ခက်ခဲတဲ့ အနေအထားရှိတယ်။ အချိန်ကာလ သတ်မှတ်ချက် တခုတောင်မှ ခန့်မှန်းဖို့ တော်တော်ခက်ပါတယ်။ ဘာဖြစ်လို့ ခက်လဲဆိုတော့ စောစောတုန်းက ကျနော်တို့ ပြောသလို ကျနော်တို့ရဲ့ နှစ်ဖက်သဘောထားတွေက ညှိနှိုင်းရတော် တော်ခက်ပါတယ်။

          အဲဒါကြောင့်မို့ နံပါတ် ၁။ ကျနော်တို့ ၄ ဖွဲ့က bilateral စာချုပ်ကို တပြိုင်နက်ထဲ လက်မှတ်ထိုး မယ်။ ထိုးပြီးပြီဆိုရင် စာချုပ် မှာပါတဲ့ဟာတွေကို ညှိနှိုင်းဆွေးနွေးကြတယ်။ တပ်နေရာချထား ရေးကိစ္စ၊ ဒုက္ခသည်ကိစ္စ စသဖြင့် ကျနော်တို့ နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်စသဖြင့် ပဋိပက္ခတွေ လျော့ချနိုင်မယ့် ကိစ္စတွေ ကျနော်တို့ စည်းဝေးပြီး တော့မှ ဆောင်ရွက်မယ်။

          အဲဒီဟာနဲ့ တပြိုက်နက်ထဲမှာ NCA ကို ဘယ်လိုလက်မှတ် ရေးထိုးနိုင်မလဲ။ အကျေ အလည် ညှိနှိုင်းဆွေးနွေးကြမယ်။ အဲဒါကနေတဆင့် ၂၁ ရာစုပင်လုံမှာ ဘယ်လိုပူးပေါင်းပါဝင်နိုင်မလဲ။ ဒါက ကျနော်တို့ ၄ ဖွဲ့လိုချင်တဲ့လမ်းကြောင်းဖြစ်တယ်။

          ဒါပေမယ့် မြန်မာ့တပ်မတော်က သူလိုချင်တာက ကျနော်တို့ ၄ ဖွဲ့ကို ဒီလိုသဘောတူညီချက်ပုံစံနဲ့ (DOC) ပုံစံပဲ သူလိုချင် တယ်။ အဲဒီကနေ တဆင့် သူက တဖွဲ့ချင်းကို အပစ်အခတ်ရပ်စဲရေး လုပ်ချင်တယ်။ လက်မှတ်ထိုးချင်တယ်။ မထိုးနိုင်တဲ့သူ မရပ်နိုင်တဲ့သူ ချန်ထား။ ရပ်တဲ့သူတွေနဲ့ပဲ သွားမယ်ဆိုတဲ့ပုံစံ ကျနော်တို့ မြင်တွေ့ရတယ်။

          အဓိကက သူက NCA ထဲကို သွားချင်တယ်။ ဒါက မြန်မာအစိုးရရဲ့ ပုံစံပေါ့။ နောက်တချက် အဓိက ကျနော်တို့ ဆွေးနွေးနေတဲ့အပိုင်းက ခုနက ကျနော်တို့ ပြောတဲ့အပစ်ရပ်နေတဲ့ ကာလ အတွင်းထဲမှာ ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ အပစ်အခတ်ရပ်စဲတဲ့ အခြေ အနေတွေ စောင့်ကြည့်ဖို့ ကျနော်တို့ အဖွဲ့လိုတယ်။

          အဲဒီအဖွဲ့ကို ကျနော်တို့က တရုတ်ပါဖို့လိုတယ်လို့ ကျနော်မြင်တယ်။ FPNCC ပါဖို့လိုတယ်လို့ မြင်တယ်။ အဲဒါမှသာလျှင် လက်တွေ့ကျကျ ပဋိပက္ခတွေကို ကျနော်တို့ ရှင်းနိုင်မယ်။ ကျနော်တို့နဲ့ မြန်မာ့တပ်မတော်နဲ့ ပဋိပက္ခဖြစ်လာပြီဆိုရင် တကယ်ပြဿနာ ဖြေရှင်းနိုင်မှာဖြစ်တယ်။

          ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတကယ် ဖြစ်တော့ ပဋိပက္ခက တကယ်ရှိမှာပဲ။ အဲဒါကို မြန်မာ့တပ်မတော်က တရုတ်ရဲ့ပါဝင်ပတ်သက်မှုကို မလိုအပ်ဘူး။ ဗိုလ်ချုပ်ရာပြည့်ဆိုရင် အစည်းအဝေးထဲမှာ ကိုယ်တိုင်ပြောတယ်။

          အခုပဋိပက္ခဖြစ်နေတာက မြန်မာ့တပ်မတော်နဲ့ TNLA ဆိုတော့ စာချုပ်ချုပ်မယ်။ ပဋိပက္ခ ဖြေရှင်း မယ်ဆိုလည်း မြန်မာ့တပ်မတော်နဲ့ TNLA ပဲ။ တခြားဘယ်သူကိုမှ အပါမခံနိုင်ဘူး။ အဲလိုတရား သေ ကိုင်စွဲထားတဲ့မူတွေ ရှိတယ်။

          နောက်တချက်က နယ်မြေပိုင်းခြားထားရေး။ နယ်မြေပိုင်းခြားထားရေးဆိုလည်း အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောတယ်။ ဒီမြန်မာနိုင်ငံမှာ သူ့သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းရှိနေတော့ နယ်မြေပိုင်းခြားရေးဘာမှ လုပ်စရာမလိုဘူးတဲ့။

          တပ်နေရာချထားရေးတော့ ဆွေးနွေးလို့ရတယ်။ တပ်နေရာ ချထားရေး ဆွေးနွေးမယ်ဆိုလည်း အားလုံး သိတဲ့အတိုင်းပဲ။ မြန်မာ့တပ်မတော်က ကျနော်တို့ဘက်ကိုဆိုရင် မန်တုံနဲ့ နန့်ဆမ် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒီလောက်ပဲ။

          ကိုးကန့်ဆိုရင် ဟုန်အိုင်နေ။ AA ဆိုရင် ရခိုင်လုံးဝ အခြေချခွင့်မပေးဘူး။ မြောက်ပိုင်းက ဖွဲ့တဲ့ အဖွဲ့ ဖြစ်လို့ မြောက်ပိုင်းကိုပဲ ပြန်ပါစသဖြင့် ဒီတပ်နေရာချထားရေးမှာလည်း မြန်မာ့ တပ်မတော်ရဲ့ သဘောထားက တင်းတင်း မာမာဖြစ်နေတဲ့အချိန်မှာ ကျနော်တို့မြင်တာ တဖွဲ့ချင်း ဆွေးနွေးရင် လည်း ဘယ်လိုမှ ရှေ့ရောက်နိုင်မှာ မဟုတ်ဘူး။

          ဒါကြောင့်မို့ အဲဒီလိုအနေအထားတွေ ကျနော်တို့ ပြန်ချိန်ဆကြည့်မယ်ဆိုရင်တော့ bilateral စာချုပ်ကို တကယ် လက်မှတ်ထိုးဖို့က အချိန်အတော် ကြာဦးမယ်။ ကျနော်တို့ နားလည်မှုတွေ အများကြီးတည်ဆောက်ဖို့လိုတယ်။ ရပ်တည်ချက်တွေ အများကြီး လျော့ချနိုင်အောင် နည်းလမ်းတွေ ရှာဖို့လိုတယ်လို့ ကျနော်တို့မြင်ပါတယ်။

          မေး ။ ။ အခုတခေါက် စစ်ဆင်ရေးလုပ်တာ ကုန်ကျငွေ ဘယ်လောက်လောက် ရှိပါလဲ။ ဒီငွေတွေက ဘယ်ကရလဲလို့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။ ဒီအပေါ်မှာ ဘာများ ပြောချင်ပါလဲ။

          ဖြေ ။ ။ ကျနော်တို့ ပြည်တွင်းစစ်ကြီးက တော်တော်ကို ရှည်နေပြီ။ လက်ရှိ နှစ်ပေါင်း ၆၀၊ ၇၀ ရှိနေပြီ။ ကျနော် တို့ မြန်မာနိုင်ငံ တခုလုံးအထူးသဖြင့် ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ဆိုရင် ဖွံ့ဖြိုးမှုတွေ၊ တိုးတက်မှုတွေ က အရမ်းကို နောက်ကျတယ်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အရမ်းကို ချို့တဲ့နေတဲ့အနေ အထားဖြစ်ပါတယ်။

          ဒါကြောင့်မို့ ကျနော်တို့ ပြည်တွင်းစစ်ကို တကယ်ရပ်စဲဖို့လိုတယ်။ တိုက်ပွဲတွေ ရပ်အောင် နိုင်ငံ ရေးပြဿနာ တကယ်ရှင်းဖို့ လိုတယ်လို့ တောက်လျောက်ပြောနေတာဖြစ်တယ်။ အဲလို မဟုတ် ဘဲနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ် ဆိုရင်တော့ ကျနော်တို့ မလိုလားအပ်တဲ့ ဘတ်ဂျက်တွေ အများကြီးသုံးရမယ်။

          မြန်မာ့ တပ်မတော်လည်း နိုင်ငံတော်ဘတ်ဂျက်သုံးပြီး ကျနော်တို့ကို လာတိုက်မှာပဲ။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ဘယ်ကရလဲ။

          ဒါကလူထုတွေဆီက ဘတ်ဂျက်ပဲ။ ကျနော်တို့ အခုသုံးနေတာ၊ တိုက်နေတာ အကုန်လုံးက ကျနော် တို့ တအောင်း ပလောင်ပြည်သူလူထုရဲ့ ဘတ်ဂျက်နဲ့ ခုခံကာကွယ်ဖို့ ဆောင်ရွက်နေ တာဖြစ် တယ်။

          ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသော TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

          ဒါကြောင့်မို့ စစ်ရေးကိစ္စသုံးတဲ့ ဘတ်ဂျက်တွေကို စစ်ရေးမှာမသုံးဘဲနဲ့ တအောင်းပလောင်လူထု အတွက် ဖွံ့ဖြိုး တိုးတက်ရေးတွေ လုပ်မယ်ဆိုရင် တအောင်း လူထုအတွက် ဘယ်လောက်အထိ အကျိုးရှိမလဲ။ ကျနော်တို့လည်း ဒီဘတ်ဂျက်ကို စစ်ရေးထဲမှာ ဒီလိုအလဟဿ ဖြုန်းတီးပြီး မသုံးချင်ဘူး။ ကျနော်တို့ ဘတ်ဂျက်တွေက လူထုဘတ်ဂျက်တွေပဲဖြစ်တယ်။

          You may also like these stories: 

          ငြိမ်းချမ်းရေး ဆွေးနွေးနေတာတွေက ရပ်နေတယ်ဆိုတဲ့ ခိုင်သုခနှင့် မေးမြန်းခြင်း

          မြောက်ပိုင်းမဟာမိတ် စစ်ဆင်ရေး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် မေးမြန်းချက် (အပိုင်း – ၁)

          Your Thoughts …
          Tags: AAMNDAATNLAတာဘုန်းကျော်မြောက်ပိုင်း မဟာမိတ်
          ကျော်ခ

          ကျော်ခ

          ဧရာဝတီ

          Similar Picks:

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          by မိုးစက်ငြိမ်းချမ်း
          22 July 2023
          11.1k

          ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

          တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်

          တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်

          by ဧရာဝတီ
          1 September 2023
          7.4k

          တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်များနှင့် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း

          TNLA နဲ့ တိုက်ပွဲမှာ အာဏာသိမ်းတပ် အသေအပျောက်များ

          TNLA နဲ့ တိုက်ပွဲမှာ အာဏာသိမ်းတပ် အသေအပျောက်များ

          by နွေမြင့်
          4 August 2023
          7.4k

          စစ်တပ်က တောင်ပေါ်ကနေ အများကြီး ပြေးထွက်လာတာ။ ၂ ယောက်က ဖိနပ်တောင်မပါဘူး။ သေနတ်ကိုယ်စီနဲ့ ပြေးလာကြတာ

          ၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

          ၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

          by မိုးစက်ငြိမ်းချမ်း
          6 September 2023
          6.8k

          တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

          စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး

          စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး

          by ဧရာဝတီ
          20 July 2023
          6.1k

          ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ AA ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကားများဖြင့် ဝင်ရောက်ရန် ကြိုးစားသည့်အတွက် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့သည်။

          မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

          မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

          by ဧရာဝတီ
          21 July 2023
          6k

          ဘူးသီးတောင်မြို့နယ်အတွင်းရှိ မေယုတောင်ကြောတွင် စိမ့်ဝင်လှုပ်ရှားနေသော ARSA အဖွဲ့နှင့် စစ်ကောင်စီတပ်မှ အောက်ခြေအရာရှိတချို့နှင့် AA ၏အောက်ခြေ အရာရှိတချို့တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းများ တွင် ဆက်နွယ်မှုရှိသည်

          Next Post
          အရသာရှိတဲ့ ဖရဲသီးရေခဲခြစ်

          အရသာရှိပြီး အလွယ်တကူ လုပ်နိုင်တဲ့ ကိုရီးယားစတိုင် ဖရဲသီးရေခဲခြစ်

          တရုတ်နိုင်ငံက Samsung ဖုန်းစက်ရုံ

          တရုတ်နိုင်ငံတွင်း Samsung ဖုန်းထုတ်လုပ်မှု ရပ်ဆိုင်း

          No Result
          View All Result

          Recommended

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          2 days ago
          11.9k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          1 week ago
          24.3k

          Most Read

          • မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            shares
            Share 0 Tweet 0
          • နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

            shares
            Share 0 Tweet 0
          • မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

            shares
            Share 0 Tweet 0
          • ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

            shares
            Share 0 Tweet 0
          • CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved