• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စစ်ဘောင် ကျယ်လာရင် ဒီမိုကရေစီဘောင်က ကျုံ့သွားမယ်

by ဇူးဇူး
9 November 2019
in အင်တာဗျူး
A A
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး  / ဧရာဝတီ

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး / ဧရာဝတီ

12.4k
VIEWS
Share on FacebookShare on Twitter

ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ကျောင်းသား ခေါင်းဆောင်တဦး အဖြစ် ပါဝင်ခဲ့သော ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (People’s Party) သည် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၃ ရက်တွင် ပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ယခုဆိုလျှင် ပါတီသက်တမ်း ၁ နှစ်ကျော် ကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ထိုကာလအတွင်း ပါတီ၏ ဆောင်ရွက်ချက် များ၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများ၊ တခြားသော နိုင်ငံရေးပါတီများနှင့် မဟာမိတ် ဖွဲ့စည်းမှု အခြေ အနေတို့နှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် ဇူးဇူး က ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကို တွေ့ဆုံမေး မြန်းထားပါသည်။

RelatedPosts

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

14 June 2025
2.6k
မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
954
ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

14 June 2025
1.5k

မေး။ ။၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူ့ပါတီ အနေနဲ့ ဘာတွေ ပြင်ဆင်နေပြီလဲ။

ဖြေ ။ ။ အရင်ဆုံး ပါတီရဲ့ ဖြစ်စဉ်လေး အကျဉ်းချုပ်ပြောရရင် ပါတီဖြစ်မြောက်ရေး ကော်မတီအဆင့်မှာပဲ ၁ နှစ် လောက် ကြာတယ်။ အဲဒါပြီးတော့ မှတ်ပုံတင်တဲ့ အဆင့်မှာ ၈ လလောက် ကြာတယ်။ အခု ပါတီ မှတ်ပုံတင်ကျတာ ၁ နှစ် ကျော်ကျော်ပဲ ရှိသေးတယ်။ တနှစ်ကျော် အတောအတွင်းမှာ တရားဝင် စည်းရုံးလှုပ်ရှားခွင့် ရပြီဆိုပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတီဝင် စုဆောင်းတာတွေ၊ ရုံးခန်းဖွင့်တာတွေ၊ ဆိုင်းဘုတ် တင်တာတွေ တောက်လျှောက် ဆောင် ရွက်နေတယ်။

အဲဒီလို စည်းရုံးရေး၊ ပါတီ တည်ဆောက်ရေး လုပ်ရင်းနဲ့ တပြိုင်နက်တည်းမှာ ဘယ်နေရာတွေက ရွေးကောက်ပွဲ အတွက် အလားအလာ ရှိတယ်၊ ကိုယ်စားလှယ်လောင်း ဘယ်သူတွေ ဖြစ်နိုင်လဲ ဆိုတာတွေကို စိစစ်နေတဲ့ ကာလ ဖြစ်ပါတယ်။

မေး။ ။ ဒီတော့ ပြည်သူ့ ပါတီအတွက် ဘယ်ဒေသတွေမှာ ပိုပြီး အားကောင်းမယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ တရားဝင် ထုတ်ပြန်တဲ့ အခါကျမှပဲ ဘယ်နေရာတွေ၊ ဘယ်နှနေရာ ဆိုတာကို ကျနော်တို့ ပြောပါမယ်။ အခု ကတော့ လေ့လာ စိစစ်နေတဲ့ အချိန်ပဲ ရှိပါသေးတယ်။

မေး။ ။၂၀၂၀ အတွက် ပြည်သူ့ပါတီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်/ကြွေးကြော်သံက ဘာဖြစ်မလဲ။

ဖြေ။ ။ ရွေးကောက်ပွဲ ကတိကဝတ် ဆိုတာတွေက တရားဝင် (ရွေးကောက်ပွဲ) ကြေညာတဲ့ အခါကျတော့မှ Campaign Message ပေါ့၊ အဲဒီအခါကျမှ ထုတ်ပါမယ်။ ပါတီရဲ့ နိုင်ငံရေး အယူအဆအရ ပြောရရင် ကျနော်တို့ နိုင်ငံ မှာ မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စတွေ ရှိတယ်။

အဲဒါတွေက ရေရှည် လုပ်ရမယ့် ကိစ္စ။ ဆိုလိုတာက ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး၊ ဒါတွေက ရွေးကောက်ပွဲ သက်တမ်းနဲ့ သတ်မှတ်လို့ မရဘူး။ ၂၀၂၀ လို့ သတ်မှတ်လို့ မရဘူး။ ရေရှည်ဆက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စတွေ။ ဒါတွေဟာ တိုင်းပြည်ရဲ့ အခြေခံ ပြဿနာတွေ ဖြစ်တယ်။

တချိန်တည်းမှာ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့က မြင်တယ်။ နိုင်ငံရေးသမား တွေ အချင်းချင်းကြားထဲမှာ ငြင်းခုံပြောဆိုနေတဲ့ ကိစ္စတွေဟာ နေ့စဉ် ပြည်သူတွေရဲ့ဘဝကို ဘယ်လောက် သက် ရောက်သလဲ ဆိုတာကို ကျနော် သံသယ ဖြစ်တယ်။

ကိုယ်တိုင်လည်း ပြည်သူထဲမှာ လိုက်ပြီး လေ့လာတာတွေ၊ သူတို့ဆီက အသံ နားထောင်တာတွေ တတ်နိုင်သလောက် ကျနော်ကြိုးစားနေတဲ့ အချိန်မှာ ပြည်သူရဲ့ နိုင်ငံရေးကတော့ သူတို့ရဲ့ နေ့စဉ် စားဝတ်နေရေး။ အဲဒါကို အာရုံစိုက်သင့် တယ်လို့ မြင်တယ်။

မေး။ ။ ပါတီအနေနဲ့ တိုင်းရင်းသား ပါတီတွေ အပါအဝင် တခြားသော ပုဂ္ဂိုလ်၊ ပါတီတွေနဲ့ မဟာမိတ်ဖွဲ့သွားဖို့ ရှိပါသ လား။

ဖြေ။ ။ အရင်ဆုံးက ရှစ်လေးလုံး ကြွေးကြော်သံတွေပေါ့။ ဒီမိုကရေစီရေး အပေါ်မှာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်များ၊ ပါတီ အဖွဲ့အစည်းများ ဒါ ကျနော်တို့ရဲ့ ဦးစားပေး၊ မဟာမိတ်လုပ်ဖို့ ရည်ရွယ်ချက် ရှိတယ်။ နောက်တခု ကတော့ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများရဲ့ အခန်းကဏ္ဍကို အင်မတန် အရေးကြီးတယ်လို့ မြင်တယ်။ ဒါကြောင့် တိုင်းရင်းသား ပါတီတွေနဲ့တော့ အထူးသဖြင့် မဟာမိတ် မူဝါဒ ကျင့်သုံးသွားဖို့ ရှိပါတယ်။

မဟာမိတ်မူဝါဒ ဆိုတာကတော့ ဘယ်အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ် တဖွဲ့တည်းက မဟာမိတ်မူဝါဒ လုပ်လို့ မရဘူး။ အဲဒီ တော့ အခြားအဖွဲ့တခုနဲ့ မဟာမိတ်လုပ်တဲ့ အခါမှာ တဖက်က မဟာမိတ်မူဝါဒရှိမှ ကျနော်တို့က မဟာမိတ်မူဝါဒကို အကောင်အထည် ဖော်နိုင်မှာ။ ဒါကြောင့် ကျနော်တို့က မဟာမိတ်မူဝါဒ ရှိတဲ့ အဖွဲ့အစည်းများပေါ့လေ၊ တိုင်းရင်းသား ပါတီများနဲ့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ အမြဲတမ်း ကြိုးစားနေပါတယ်။

မေး။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နဲ့ ပြည်သူ့ ပါတီရဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေက ဘယ်လိုရှိပါ သလဲ။

ဖြေ။ ။ NLD ပါတီနဲ့ ပြည်သူ့ပါတီ တွေ့ဆုံဖို့အတွက်ကို ကျနော်တို့ တရားဝင်ပဲ သူတို့ကို ခွင့်တောင်းပြီး သွားဆွေးနွေး ခဲ့တာ ရှိပါတယ်။ နောက်ပိုင်းလည်း အခါအားလျော်စွာ လိုအပ်ရင်တော့ တွေ့ဆုံဆွေးနွေးတာတွေ ကျနော်တို့ဘက် တော့ မျှော်လင့်ပါတယ်။

မေး။ ။ ဆိုတော့ NLD နဲ့ ဆက်ဆံရေးကို ဘယ်လို အခြေအနေမျိုးလို့ ပြောလို့ရမလဲ။

ဖြေ။ ။ NLD ဆိုတာလည်း ကျနော်တို့ ရင်းနှီးတဲ့ ရဲဘော်တွေ အများကြီး ပါနေတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ အတောအ တွင်းမှာ နိုင်ငံရေးပါတီ တော်တော်များများက ဖျက်သိမ်းခံရတယ်။ ကျောင်းသား သမဂ္ဂတွေ ဆိုရင်လည်း တဖြည်း ဖြည်း အသက်ရွယ်ရလာတဲ့ အချိန်မှာ ဝင်လုပ်စရာ ပါတီဟာ ဒီပါတီပဲ ရှိတယ်။ ဒီမိုကရေစီ ဘက်က။

ဒါကြောင့် နယ်အသီးသီးမှာ ရှိတဲ့ ကျနော်တို့ ရဲဘော်တွေ ကိုယ်၌က NLD ထဲမှာ ဝင်လုပ်နေကြတယ်။ အခု ကျနော်တို့ ပါတီထူထောင်တဲ့ အခါမှာလည်း နယ်အသီးသီးမှာ ၈၈ ကတည်းက ဆောင်ရွက်ခဲ့ကြတဲ့ ရဲဘော်တွေက အဓိကပါလာ တယ်။ နောက်ပိုင်း လူငယ်မျိုးဆက်တွေပါ ပါလာဖို့ ကြိုးစားရင်း တဖြည်းဖြည်းနဲ့ နယ်တွေမှာ ရုံးခန်းတွေ ဖွင့်လာတယ်။

မေး။ ။ အဲဒီတော့ NLD နဲ့ ပြည်သူ့ပါတီက ဘယ်လိုဆက်ဆံရေးမျိုး ရှိလဲပေါ့။

ဖြေ။ ။ ကျနော်တို့က အကြောင်းအရာလိုက် တူညီတဲ့ကိစ္စတွေမှာ လက်တွဲ ဆောင်ရွက်လို့ ရတယ်။ အရင်ဆုံး မဟာ မိတ်လို့ပြောရင် မူဝါဒဆိုင်ရာ ညှိနှိုင်းမှုတွေက အရေးကြီးတယ်လို့ မြင်တယ်။ တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေးတဲ့ အခါမှာလည်း အန္တိမ ရည်မှန်းချက်တွေ တထပ်တည်း ဖြစ်ချင်မှ ဖြစ်မယ်။

သို့သော် ရွေးကောက်ပွဲ နိုင်ငံရေး ဆိုတာက ၅ နှစ် သက်တမ်း တခုစာ အတောအတွင်းမှာ ဘာတွေကို ဦးစားပေး ဆောင်ရွက်မယ် ဆိုတဲ့ ဘုံသဘောတူညီချက်။ အဲဒါကို အရင်ဆုံး ရဖို့ လိုတယ်။ ပြီးတော့မှ ရွေးကောက်ပွဲဆိုင်ရာ မဟာမိတ် ပြုလုပ်တာကျတော့ မူဝါဒပိုင်း ဆိုင်ရာ ဘုံသဘောတူညီချက် ရပ်တည်ချက် ရပြီဆိုတဲ့အခါ ရွေးကောက်ပွဲမှာ ဘယ်နေရာတွေမှာ ဘယ်လို ဝင်မလဲ ဆိုတာ ထပ်ပြီး အသေးစိတ် ညှိနှိုင်းရမှာပါ။

ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့ အချိန်မှာ လွှတ်တော်တွင်း မဟာမိတ်ဖွဲ့စည်းမှု ဆိုတာလည်း နောက်တဆင့် ထပ်ပြီး ဖြစ် လာမယ်။ အကြောင်းအရာ အလိုက် တူညီမှုအပေါ်မှာ ပူးပေါင်းဆောင်ရွက်တာမျိုးတွေလည်း ရှိလာမယ်။ ဒါကြောင့် ကျနော်တို့က ပါတီစုံ ဒီမိုကရေစီ ဆိုတာ ပြိုင်ဆိုင်ရုံ သက်သက် မဟုတ်ဘူး။ ပြိုင်လည်း ပြိုင်။ နိုင်ငံအတွက် အကျိုးရှိ မယ့် ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လုပ်ရမယ်။ ဒါကြောင့် Competition and cooperation ပေါ့။ အဲဒီ လိုမျိုး ဖြစ်သင့်တယ်လို့ မြင်ပါတယ်။

မေး။ ။ မကြာသေးခင်ကမှ မှတ်ပုံတင်ခွင့် ရထားတဲ့ ပြည်သူ့ရှေ့ဆောင် ပါတီပေါ့နော်။ အဲဒီမှာ NLD က နုတ်ထွက် လိုက်တဲ့ ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ သက်သက်ခိုင်လည်း ပါတယ်လို့ သတင်းတွေ ထွက်နေတယ်ပေါ့။ ဒီပါတီနဲ့ တွေ့ဆုံတာမျိုး ရှိလား။ မဟာမိတ် လုပ်သွားဖို့ရော ရှိလား။
ဖြေ။ ။ ပါတီက အခုမှ ပူပူနွေးနွေး မှတ်ပုံတင် ကျတာဆိုတော့ သူတို့ပါတီနဲ့ တရားဝင် တွေ့ဆုံတာမျိုးတော့ မရှိသေး ဘူး။ နိုင်ငံရေး ဖြတ်သန်းမှုပေါ့။ ကျနော်ဆိုရင် ဘာသာရပ်ဆိုင်ရာ အရ နိုင်ငံရေးနဲ့ နီးစပ်တယ်။ နိုင်ငံတကာ ဆက်ဆံ ရေး ပညာပေါ့။ နိုင်ငံတကာရဲ့ နိုင်ငံရေး စနစ်တွေ၊ နိုင်ငံရေး အင်စတီကျူးရှင်းတွေ၊ နိုင်ငံရေး အတွေးအခေါ်တွေ အများကြီး သင်ခဲ့ လေ့လာခဲ့ ရတယ်။ ဒါက ပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ လေ့လာတာ။

နောက်တခုက ကိုယ်တိုင် လက်တွေ့ နိုင်ငံရေးကို ၃၁ နှစ်ကျော်ကျော် ဖြတ်ခဲ့တဲ့ အခါကျတော့ နိုင်ငံရေးမှာ အရေးကြီး ဆုံးက Political capital လို့ ခေါ်တဲ့ နိုင်ငံရေး အရင်းအမြစ်ပေါ့။ ဒီလူတွေ ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံရေး ဖြတ်သန်းမှု ဘယ်လောက်ကြာကြာ ဖြတ်သန်းခဲ့တယ်။ ဘယ်လို ဖြတ်သန်းခဲ့တယ်။ ဘယ်လို စွန့်လွှတ် အနစ်နာခံခဲ့တယ် ဆိုတာ ကို ပြည်သူက အသိအမှတ်ပြုမှု။ အဲဒီဟာက ချက်ချင်း ပါတီထောင်ပြီး ချက်ချင်း တည်ဆောက်လို့ မရဘူး။

Political capital က သိပ်အရေးကြီးတယ်။ အဲဒီ brand ရှိတဲ့သူတွေ နိုင်ငံရေး နာမည်ကောင်း ရှိထားတဲ့ သူတွေက အရည်အသွေး မြှင့်တင်ဖို့ကိုလည်း စဉ်ဆက်မပြတ် လုပ်ရတယ်။ နောက်ဆုံးပေါ် အကြောင်းအရာတွေ အချက်အ လက်တွေနဲ့ ပတ်သက်လို့ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်တွေကို အမြဲတမ်း အချိန်နဲ့ တပြေးညီ ဖြစ်နေအောင် ဆည်းပူး ဖို့လိုတယ်။

ပြောချင်တာက Intellectual capital ပေါ့။ ပါတီထောင်လို့ ရွေးကောက်ပွဲ ဝင်သွားပြီ။ အနိုင်ရပြီ ဆိုရင် သူက Campaign အလုပ် မဟုတ်တော့ဘူး။ အဲဒီမှာ Performance သူ့ရဲ့ စွမ်းဆောင်မှုတွေ လိုလာပြီ။ အဲဒီအခါမှာ နိုင်ငံရေး အရင်းအမြစ်တွေပါဖို့ လိုတယ်။

နောက်တခုက ဘဏ္ဍာရေး အရင်းအမြစ်။ ပါတီလုပ်ပြီ ဆိုကတည်းက လိုအပ်တဲ့ အသုံးစရိတ်တွေ ပေါ်လာပြီ။ ကိုယ့်ပါ တီကို ထောက်ခံတဲ့သူတွေ လိုလာပြီ။ တချို့က လူကိုယ်တိုင်ဝင်ပြီး ဆောင်ရွက်တာ ရှိတယ်။ တချို့က ငွေအား အကြံ ဉာဏ်အားနဲ့ ပံ့ပိုး ကူညီတာ ရှိတယ်။ အဲဒါတွေ အားလုံးကို စုစည်းနိုင်မှ အောင်မြင်တဲ့ ပါတီတခု ဖြစ်လာနိုင်မယ်။ ဒါ ကြောင့် အခြေခံ အကျဆုံး ဖြစ်တဲ့ နိုင်ငံရေး အရင်းအမြစ် မရှိဘဲနဲ့တော့ ပါတီတခု အောင်မြင်ဖို့ဆိုတာ မလွယ်ဘူး။

နိုင်ငံရေး အရင်းအမြစ် မရှိဘဲနဲ့ ဘွဲ့လက်မှတ်တွေ သက်သက်နဲ့တော့ နိုင်ငံရေး လုပ်လို့မရဘူး။ တချို့က ပိုက်ဆံတွေ ငွေလုံးငွေရင်းလိုက် သုံးပြီး နိုင်ငံရေး ဝင်လုပ်ဖို့ ကြိုးစားတယ်။ အဲဒါလည်းပဲ နိုင်ငံရေး အရင်းအမြစ် မပါဘဲနဲ့ မလွယ် ဘူး။ အရေးကြီးတာက နိုင်ငံရေး အရင်းအမြစ်ရယ်၊ ကျွမ်းကျင်မှု ဆိုင်ရာ အရင်းအမြစ်ရယ်၊ ဘဏ္ဍာရေး ဆိုင်ရာ အရင်းအမြစ်ရယ်။ အဲဒါတွေ အားလုံး ပေါင်းလိုက်ရင် တကယ့်ကို အောင်မြင်တဲ့ နိုင်ငံရေးပါတီတခု ဖြစ်လာမယ်ပေါ့။

မေး။ ။ လူထုထောက်ခံမှုနဲ့ အတူ အာဏာရပါတီ ဖြစ်လာခဲ့တဲ့ NLD ကို ပြည်သူ့ပါတီအနေနဲ့ ယှဉ်ပြိုင်နိုင်ပါ့မလား။ ဘယ်လို စိန်ခေါ်မှုတွေ ရှိမလဲ။

ဖြေ။ ။ ကျနော်က ပါတီတခုတည်းကို တည်ပြီးတော့ မပြောချင်ဘူး။ ပါတီစုံ ဒီမိုကရေစီမှာတော့ ပါတီအသီးသီးက အနိုင်ရဖို့ ကြိုးစားကြတာပဲ။ ပြိုင်ကြတာပဲ။ အနိုင်ရတယ် ဆိုတာကလည်း ပြည်သူ့ရဲ့ ကိုယ်စားပြုခွင့်ကို တောင်းဆို တာပေါ့။

အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ဘယ်ပါတီနဲ့မဆို ညှိနှိုင်း ဆောင်ရွက်နိုင်တယ် ဆိုရင်တော့။ ဆိုပါတော့ မူဝါဒ ညှိနှိုင်းမှု ပြီးသွားလို့ ရွေးကောက်ပွဲ ဆိုင်ရာမှာ မဟာမိတ်လည်း လုပ်ပြီဆိုရင် ဒီနယ်မှာတော့ ကျနော် မဝင်ဘူး။ ပြည်သူ့ လွှတ် တော်မှာ ဝင်မယ်။ အမျိုးသားလွှတ်တော် မဝင်ဘူး။ သို့မဟုတ် ဒီမဲဆန္ဒနယ်မြေမှာ ဝင်မယ်။ ဟိုမဲဆန္ဒနယ်မြေမှာ မဝင် ဘူး အစရှိသဖြင့် အဲဒီလို ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။

မေး။ ။ လက်ရှိ ပြည်သူ့ပါတီ အပေါ် ပြည်သူလူထုရဲ့ ထောက်ခံမှုကရော ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ လေ့လာလို့ ရသလောက် ပြည်သူထဲမှာ လက်ရှိ အခြေအနေကို အားမလို အားမရ ဖြစ်တာတွေ ကတော့ taxi ပဲ စီးစီး၊ ဆိုက်ကားပဲ စီးစီး ဈေးထဲပဲ သွားသွား ဆက်မိလို့ စကားပြောကြရင် ဒီအသံတွေက အမြဲတမ်း ကြားနေရတယ်။ မဲဆန္ဒရှင် ပြည်သူတွေရဲ့ တုံ့ပြန်မှုက နှစ်မျိုး ရှိတယ်။ တမျိုးက လက်ရှိ အခြေအနေကို အားမရဘူး။ ဒါပေမယ့် တဖက် အဖွဲ့အစည်းကိုတော့ မဲမပေးဘူး။ တလျှောက်လုံး သူတို့ရဲ့စိတ်ထဲမှာ ဒီလူတွေဟာ လူဆိုးလူကောင်း ခွဲတာပေါ့။

ဒီလူတွေကိုတော့ ဘယ်နည်းနဲ့မှ မဲမပေးဘူး။ ဒီဘက်မှာ ကိုယ်မျှော်လင့်သလိုလည်း ဖြစ်မလာခဲ့လို့ ရွေးကောက်ပွဲ ဘယ်သူနိုင်နိုင် သိပ်မထူးပါဘူး ဆိုတာမျိုး မဲပေးချင်စိတ် ကျဆင်းလာတာ။ အဲဒါက တခု တွေ့ရတယ်။ နောက်တခုက လက်ရှိ အခြေအနေကို အားမရပေမယ့် ဒီထက်ကောင်းတဲ့ ရွေးချယ်စရာ မပေါ်ဘူး ဆိုရင်တော့ မျက်စိမှိတ်ပြီး လက်ရှိ ပါတီကိုပဲ ဆက်ပြီး မဲပေးရမှာပဲဆိုတဲ့ အယူအဆ တခု ရှိတယ်။

တကယ်လို့ တခြား ပိုပြီးကောင်းတဲ့ ရွေးချယ်စရာ အခွင့်အလမ်း ပေါ်လာရင်တော့လည်း သူတို့အနေနဲ့ ရွေးချယ်မယ်။ ဆုံးဖြတ်မယ်ဆိုတဲ့ သဘောမျိုး ရှိတယ်။ ဒီအပေါ်မှာ မူတည်ပြီး ကျနော်တို့က စဉ်းစားရတာပေါ့။

နောက်တခုက Young voter လို့ ခေါ်တာပေါ့။ တခါမှ မဲမပေးဖူးသေးဘူး။ ဒီလာမယ့်၂၀၂၀ ကျမှ ပထမဦးဆုံး အကြိမ် မဲပေးမယ့် လူငယ် ၅ သန်းလောက် ရှိမယ်လို့ သိရတယ်။ ဒီနိုင်ငံရေး အခြေအနေပေါ်မှာ ဒီလူငယ်တွေကတော့ စဉ်း စားတဲ့အခါ ပြောကြစို့ ဆိုရင် အတိတ်ရဲ့လွှမ်းမိုးမှု တော်တော်လေး ကင်းတယ်လို့ ပြောလို့ရတယ်။ သူတို့က ပိုပြီး လက်တွေ့ကျကျ စဉ်းစား ရွေးချယ်လိမ့်မယ်လို့ မျှော်လင့်ရတယ်။

မေး။ ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ နိုင်ငံရေး အခြေအနေတွေကြောင့်၂၀၂၀ ရွေးကောက်ပွဲ ဖြစ်ပါ့မလား ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိကြတယ်ပေါ့။ ဦးကိုကိုကြီး အနေနဲ့ရော ဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ ပုံမှန်အားဖြင့်တော့ လာမယ့် ၂၀၂၀ မတိုင်ခင်မှာ ဘာတွေဖြစ်မလဲ ဆိုတာ အတိအကျ ဘယ်သူမှ မသိနိုင်ဘူး။ မှန်းလို့ ရတာတခုက ဒီတိုက်ပွဲတွေ ဒီအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင် ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် မဲဆန္ဒနယ်မြေ တွေ ပိုများလာဖို့ ရှိတယ်။ ၂၀၁၅ မှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မဲဆန္ဒနယ်မြေ ၇ နေရာ ရှိတယ်။

အခု ဒီလိုမျိုး ဆက်ဖြစ်နေမယ် ဆိုရင် ရခိုင်၊ ရှမ်းမြောက်၊ ကချင်တို့လို နေရာမျိုးတွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မဲဆန္ဒနယ်မြေတွေ ပိုများလာရင် သဘောက မာရှယ်လော ဧရိယာတွေ ပိုများလာရင် ဒီမိုကရေစီ ဘောင်က ကျုံ့သွား နိုင်တယ်။ စစ်ဘောင် ကျယ်လာရင် ဒီမိုကရေစီဘောင်က ကျုံ့သွားမယ်။ အဲဒါတော့ ကျနော်တို့က စိုးရိမ်တယ်။

၂၀၂၀ မှာ စိုးရိမ်စရာ နှစ်ခုပေါ့။ တခုက လက်နက်ကိုင် ပဋိပက္ခကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နယ်မြေတွေ တိုး လာမှာကို စိုးရိမ်တယ်။ နောက်တခု မဲဆန္ဒရှင်တွေက ရွေးကောက်ပွဲ အပေါ်မှာ ယုံကြည်မှု ကျလာမှာကို စိုးရိမ်တယ်။ မဲ မပေးတဲ့ ရာခိုင်နှုန်း များလာတာ အဲဒါကို စိုးရိမ်တယ်။

မေး။ ။ ဦးကိုကိုကြီး စိုးရိမ်သလိုပဲ နိုင်ငံရေးသမားတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေကလည်း မဲဆန္ဒ ရှင်တွေ ရွေးကောက်ပွဲ အပေါ် ယုံကြည်မှု ကျလာပြီး မဲထွက်မပေးမှာကို စိုးရိမ်ကြောင်း ဆွေးနွေးပွဲတွေမှာ ထုတ်ဖော် ပြောကြတာ တွေ့ရတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အဓိကက မဲပေးတဲ့ အရေအတွက် နည်းလာရင် ဒီမိုကရေစီ ဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုတာ လက်ခံတာ ကိုယ်၌က အားနည်းသွားမယ်လို့ မြင်တယ်။ ဥပမာ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ လှိုင်သာယာမှာ မဲပေးသူက ၁၂. ၈၆ ရာခိုင်နှုန်းပဲ ရှိတယ်။ မဲနိုင်တဲ့သူက ၁၀ ရာခိုင်နှုန်း ဝန်းကျင်ဆိုပါတော့။ အဲဒါဆို ဒီမိုကရေစီလို့ ဘယ်လိုလုပ် ပြောလို့ ရတော့မလဲ။

မဲဆန္ဒရှင်ရဲ့ ထက်ဝက်ကျော်လောက်ကို ကိုယ်စားပြုမှ ဒီမိုကရေစီလို့ ပြောနိုင်မှာ။ မဲဆန္ဒရှင်တွေကို မျှော်လင့်ချက် ကောင်းကောင်း မဖန်တီးပေးနိုင်ဘူး ဆိုရင် ခုနက မဲပေးချင်စိတ် အပေါ်မှာ ထိခိုက်တယ်။

နောက်တခုက တချို့Technical ပြဿနာတွေ အများကြီးရှိတယ်။ ဥပမာ စနေနေ့ကို ရွေးကောက်ပွဲ လုပ်တယ်ဆိုရင် အလုပ်ရုံ စက်ရုံတွေက ခွင့်မပေးတဲ့ ပြဿနာ ရှိတယ်။ အဲဒီတော့ အလုပ်သမားတွေ မဲပေးခွင့် ဆုံးရှုံးတယ်။ ကြိုတင်မဲ ပေးပါလား ဆိုရင် ကြိုတင်မဲနဲ့ ပတ်သက်လို့လည်း အငြင်းပွားစရာတွေက အများကြီး ရှိတယ်။ ဒါတော့ နည်းပညာပိုင်း ဆိုင်ရာ အခက်အခဲတွေ။

နောက်ပြီး စီးပွားရေး ပြဿနာ။ ကျနော်တို့ နယ်တွေ လှည့်တဲ့အခါ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေ၊ မဲပေးတဲ့ အရွယ် တွေဟာ သူတို့ ဌာနေဒေသတွေမှာ မရှိဘူး။ တော်တော်များများက ပြည်တွင်း ရွှေ့ပြောင်း သို့မဟုတ် ပြည်ပ ရွှေ့ ပြောင်း အလုပ်သမားတွေ အဖြစ်နဲ့ သွားနေတဲ့ အရေအတွက် တော်တော်များတယ်။ ထိုင်းလိုနေရာမျိုးမှာ ၄ သန်း ဝန်း ကျင်လောက် ရှိတယ်ဆိုတာ နိုင်ငံလူဦးရေနဲ့ ပြောရင် ၁၀ ရာခိုင်နှုန်းလောက် ရှိတယ်။

မဲပေးတဲ့ ရာခိုင်နှုန်းနဲ့ ပြောရင် ဒီထက်များမယ်။ ကျနော်တို့ နိုင်ငံလူဦးရေ အားလုံးထဲမှာ ၁၈ နှစ်အောက် ကလေးတွေ ပါတယ်။ မသန်စွမ်း သက်ကြီးအရွယ်တွေ ပါတယ်။ ပြည်ပ ရောက်နေတဲ့ဟာက တကယ့် မဲပေးတဲ့ အရွယ်တွေ။ ဒါတွေ အဲဒီလောက် ပမာဏ များနေတာဟာ ဒီမိုကရေစီအတွက် အရေးကြီးတဲ့ အချက် တချက်လို့လည်း မြင်ပါတယ်။

မေး။ ။ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲ အပေါ် ယုံကြည်မှု ပျက်လာပြီး မဲပေးဖို့ သိပ်စိတ်မပါတော့ဘူးလို့ ဘာကြောင့် ပြောတာပါလဲ။

ဖြေ။ ။ တခုက ရွေးကောက်ပွဲ အနိုင်အရှုံးဟာ သူတို့ရဲ့ နေ့စဉ်ဘဝနဲ့ မဆက်စပ်ဘူး။ နောက်တခုက ဘာမှ ထူးခြားမ လာဘူး ဆိုတဲ့ ခံစားချက်မျိုး ဖြစ်လာတဲ့အခါ မထူးပါဘူး ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး ကိုယ့်ထမင်း ကိုယ်ရှာစားရတာ ဆိုတဲ့ အယူအဆဘက်ကို ရောက်သွားတယ်။ အဲဒါကို စိုးရိမ်တာပါ။ နိုင်ငံရေးစနစ် ဒီရွေးကောက်ပွဲ ရလဒ်အပေါ်မှာပါ ယုံကြည်မှု ကျလာတာ။

အဲဒီတော့ မဲပေးတဲ့သူက ပါတီတခုချင်းစီရဲ့ မဲသေတွေပဲ ရှိတော့တယ်။ မဲလာပေးတဲ့ သူသည် နိုင်မဲပဲ။ မဲမပေးတဲ့ သူ တွေက တကယ့် ပါတီဝင် မဟုတ်တဲ့ သာမန်ပြည်သူတွေ ဖြစ်နေတယ်။ မဲလာပေးတဲ့ သူတွေက သက်ဆိုင်ရာ ပါတီ တခုချင်းစီရဲ့ခိုင်မဲလို့ ခေါ်တာပေါ့။ သူတို့ရဲ့ပါတီဝင်လောက်ကပဲ မဲလာပေးတော့ ပြည်သူ အားလုံးကို ကိုယ်စားပြုတဲ့ ရလဒ် မထွက်ဘဲ ပါတီဝင်တွေ၊ ပါတီကို ထောက်ခံတဲ့ သူတွေကသာ လာပေးတဲ့ မဲလိုမျိုး ဖြစ်သွားတယ်။ ပြည်သူကို ကိုယ်စားပြုတဲ့ မဲရလဒ် ဖြစ်ဖို့က မဲပေးနှုန်းမြင့်လာဖို့ လိုတယ်လို့ မြင်တယ်။

မေး။ ။ ပြည်သူ့ပါတီ အနေနဲ့ ရှေ့ဆက်ပြီး ဘာတွေ ဆောင်ရွက်သွားဖို့ ရှိမလဲ။ ပြည်သူတွေကိုရော ဘာများ သတင်း စကား ပါးချင် ပါသေးလဲ။

ဖြေ။ ။ ပါတီ စထောင်ပြီဆိုကတည်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ တည်ထောင်တဲ့ ပါတီအဖြစ် မှတ်ပုံတင်ထားတာ ဖြစ်လို့ နိုင်ငံနဲ့အဝှမ်းမှာ ရုံးခန်းတွေ၊ ကွန်ရက်တွေ ဖြစ်ပေါ်လာဖို့ ကြိုးစားနေတယ်။ ကျနော်တို့ ရုံးခန်းတွေ ဖွင့်ပြီးတာနဲ့ တပြိုင်နက် သက်ဆိုင်ရာ ဒေသခံတွေရဲ့ ရင်ဖွင့်နိုင်တဲ့ နေရာဖြစ်ဖို့ ကြိုးစားတယ်။

သူတို့ရဲ့ အခက်အခဲ ပြဿနာတွေကို ကျနော်တို့ ရုံးခန်းတွေမှာလာပြီး အခုလည်း တိုင်တန်းနေကြတာတွေ ရှိတယ်။ အဲဒီအခါမှာ ကျနော်တို့က လိုအပ်တဲ့ ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်တွေ ဝန်ဆောင်မှု ပေးတယ်။ ဒါက အခု တောက် လျှောက် ရုံးတွေမှာ ဆောင်ရွက်နေပါတယ်။ ဒါဟာ ပါတီတခုအတွက် အဓိကကျတဲ့ လုပ်ငန်းလို့ မြင်တယ်။ ဒါကြောင့် ကျနော်တို့ ပါတီရုံး အသီးသီးဟာ ပြည်သူနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု အပိုင်း ဆက်ပြီးတော့ ဆောင်ရွက်သွားပါမယ်။

ပါတီတခုဟာ ပြည်သူ ထောက်ခံမှု မရရင် ရေရှည် မရပ်တည်နိုင်ဘူး။ တချို့ဆိုလည်း ငွေရေးကြေးရေးကြောင့် မရပ် တည်နိုင်လို့ ပြုတ်သွားတာတွေ ရှိမယ်။ တချို့လည်း အသေးတင် ဒီတိုင်းရပ်လို့ မရဘူး။ တို့အချင်းချင်း ပေါင်းမှရမယ် ဆိုပြီး တပ်ပေါင်းစုတွေ ပေါ်လာတာတွေလည်း ဖြစ်နိုင်တယ်။

ပြည်သူ့ပါတီ အနေနဲ့ကတော့ ပြည်သူတွေနဲ့ တသားတည်း ဖြစ်အောင် ဆက်ပြီးတော့ ကြိုးစားသွားမယ်။ ပြည်သူတွေ ယုံကြည်အားကိုးလောက်တဲ့ ပါတီ ဖြစ်အောင်လည်း တောက်လျှောက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

Your Thoughts …
Tags: ပြည်သူ့ပါတီရွေးကောက်ပွဲဦးကိုကိုကြီး
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
91.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.2k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
22.6k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
19.9k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

Next Post
"ဆေးပေါင်းခတဲ့ ရန်ကုန်ည"ပွဲမှာ ဖျော်ဖြေမယ့် အဆိုတော်များ / ချစ်ပိုး / ဧရာဝတီ

"ဆေးပေါင်းခတဲ့ ရန်ကုန်ည"ပွဲမှာ ဖျော်ဖြေမယ့် အဆိုတော်များရဲ့ စကားသံများ

နှစ်စဉ် ကျင်းပနေကျ လမ်းမတော်ပွဲဈေး  / မျိုးမင်းစိုး / ဧရာဝတီ

တန်ဆောင်တိုင်ကာလ ရန်ကုန်မြို့မှာ ကျင်းပမယ့် ပွဲတော်များ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate