• English
Saturday, September 23, 2023
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

    စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

    တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

    တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      သီချင်း ညည်းတတ်သည့် အလေ့

      သီချင်း ညည်းတတ်သည့် အလေ့

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

        ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

        စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

        စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

        တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

        တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

        ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

        ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

        စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

        စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

        ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

        ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

        မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

        မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

        ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

        ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

        မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

        မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

          မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

          လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

          သီချင်း ညည်းတတ်သည့် အလေ့

          သီချင်း ညည်းတတ်သည့် အလေ့

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          ညှိနှိုင်းရေး စားပွဲပေါ်အရင်ဆုံးရောက်မှသာ ပြည်သူတွေ အသက်ရူချောင်မယ်

          by မင်းအောင်ခိုင်
          22 December 2019
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း  / မိုးမိုး / ဧရာဝတီ

          မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း / မိုးမိုး / ဧရာဝတီ

          26.9k
          VIEWS
          Share on FacebookShare on Twitter

          ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တိုက်ပွဲ ဖြစ်ပွားမှုမှာ ၁ နှစ်ကျော်ထိရှိလာပြီ ဖြစ်သည်။ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများမှာ လျော့ကျခြင်း မရှိဘဲ စစ်ပွဲဧရိယာမှာလည်း ကျယ်ပြန့်၍ လာနေသည်။

          စစ်ပွဲဧရိယာ ကျယ်ပြန့်လာသည်နှင့်အမျှ တဖက်တွင်လည်း အပြစ်မဲ့ ပြည်သူများသေကြေပျက်စီးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု၊ ဖမ်းဆီးခံရမှုများလည်း စာရင်းမပြုစုနိုင်လောက်အောင် များပြားလာနေသည်။

          RelatedPosts

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          21 September 2023
          6.3k
          မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ

          မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ

          18 September 2023
          3.1k
          ဆမီးမြို့ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး

          ဆမီးမြို့ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး

          18 September 2023
          3k

          အရပ်သား အစိုးရ လက်ထက်တွင် လူအသေအပျောက် အများဆုံး ဖြစ်သော ရခိုင်တိုက်ပွဲကို အဆုံးသတ်ရန် အစိုးရနှင့် AA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ငြိမ်းချမ်းရေးလမ်း အရာမထင်ခဲ့သလို ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း စစ်မီးမှာ ပို၍သာ ကြီးထွားလာခဲ့သည်။

          စစ်ပွဲများ ကြီးထွားလာမှုနှင့်အတူ ရက္ခိုင် စစ်တပ် (AA) အဖွဲ့က ဥပဒေကဲ့သို့ တားမြစ်ချက်များ၊ အခွန်ကောက်ခံမှုဆိုင်ရာ လုပ် ငန်းများ အပါအဝင် စင်ပြိုင် အစိုးရကဲ့သို့ အာဏာတည်ဆောက်ရန် တဖြည်းဖြည်း ကြိုးပမ်းလာမှုကို မြင်တွေ့လာရသည်။

          ထိုသို့သော ရခိုင်ပြည်နယ်အတွင်း စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ရခိုင် အမျိုးသားပါတီ (ANP) ၏ နိုင်ငံရေး မူဝါဒ ဦးဆောင်ကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဖေသန်းကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေး မြန်းထားမှုကို ဖော်ပြလိုက်သည်။

          မေး။  ။ ရခိုင်ပြည်နယ်အတွင်းမှာ နေ့စဉ်နဲ့ အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေသလို အခုဆိုရင် AA ကနေပြီးတော့  ဥပဒေကဲ့သို့ တားမြစ်ချက်တွေ ထုတ်ပြန်လာကို တွေ့ရတယ်။ ရှားပါတိရစ္ဆာန်တွေကို သတ်ဖြတ်မှု မလုပ်ဖို့၊ စီးပွားရေး လုပ်ငန်းတွေကို အခွန်ကောက်ဖို့၊ ရေလမ်း၊ ကုန်းလမ်း သွားလာမှုတွေမှာ သတင်းပို့ပြီးမှ သွားလာဖို့ ထုတ်ပြန်ထားတာတွေကို တွေ့ရပါ တယ်။ အဲဒီ ဆောင်ရွက်ချက်တွေအပေါ် ဘယ်လို မြင်သလဲ။

          ဖြေ။  ။ ဒီလို လုပ်ဆောင်ချက်တွေက တချို့ စစ်ရေးနဲ့ ပတ်သက်လာတဲ့ ကိစ္စတွေမှာတော့ သူတို့အတွက် လိုအပ်မယ်လို့ ထင်ပါတယ်။ ရေယာဉ်သွားတာ လာတာတွေ၊ ဥပမာ ပလက်ဝ စီမံကိန်းအတွက် ကိစ္စလိုမျိုးပေါ့။ လုံခြုံရေးနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ ဆိုရင်တော့ လုပ်သင့်တယ်လို့ မြင်တယ်။ တချို့ကိစ္စတွေမှာတော့ အုပ်ချုပ်ရေးပိုင်းတွေမှာ လက်တံတိုးချဲ့ပြီး ဝင်ရောက်လာတဲ့ အခါမှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတခု အနေနဲ့ နည်းနည်းတော့ တာဝန်ပိုကြီး လာ တယ်ပေါ့။

          တကယ်တမ်း အာရုံပြုရမှာက စစ်ရေးကို အာရုံပြုရမယ့် အခြေအနေမှာ အုပ်ချုပ်ရေးလိုင်းတွေကို ဝင်လာတဲ့အခါမှာ သူတို့ မှာ တာဝန်ပိုကြီးလာမယ်။ နောက်ပြီးတော့ တဖက်က ထိန်းကျောင်းမှုတွေ ခက်ခဲလာနိုင်တယ်။  အကြောက်တရားတခု တည်းနဲ့ လက်ခံတယ်ဆိုတာထက် အကျိုးအကြောင်းတခုနဲ့ လက်ခံအောင် ကိုယ့်ဘက်က ပိုလို့လုပ်သင့်တယ်။ အုပ်ချုပ် ရေးပိုင်းကို ဝင်လာတဲ့အခါ တရားစီရင်ရေးပိုင်းကိုလည်း မဖြစ်မနေ ပါဝင်လာရတော့မယ်။

          အုပ်ချုပ်ရေးပိုင်းနဲ့ ပြောတဲ့အခါ မလိုက်နာတဲ့ လူတွေကို တရားစီရင်ရေးပိုင်းနဲ့ ဘယ်လို လုပ်လာမှာလဲ ။ ဥပမာ- တောရဲ တိရစ္ဆာန်တွေကို သတ်ဖြတ်မှုအပိုင်းကို ကိုင်လာမယ်ဆိုရင် ဒါက တည်ငြိမ်နေတဲ့ ဥပဒေစိုးမိုးတဲ့ အဖွဲ့ကလုပ်တဲ့အခါ သူတို့ မှာက တရားစီရင်ရေး အပိုင်း ရှိတယ်။

          သို့သော် AA လို တော်လှန်ရေး အဖွဲ့တခုက လုပ်တဲ့အခါ ဒါတွေကို စစ်ဆေးဖို့၊ အရေးယူဖို့ဆိုတဲ့ အပိုင်းတွေက နည်းနည်း အလုပ်ပိုလာနိုင်တယ်။ အလုပ်ပိုလာတာထက် တခါတခါ အပြစ်ပေးမယ့်ဟာတွေမှာ အခက်အခဲ တွေ့လာနိုင်တယ်ပေါ့။ သူတို့မှာ ထောင်မရှိ၊ ဂတ်မရှိ၊ တရားစီရင်ရေး ဆိုတာတွေက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ဘက်ကလည်း တိတိကျကျ ပြဋ္ဌာန်းနိုင်တဲ့ အပိုင်းတွေ မရှိသေးဘူး။

          တာဝန်ယူလာတာနဲ့ အမျှ ကိုယ့်ဘက်ကလည်း လုပ်ငန်းတွေ တာဝန်ပိုကြီးလာနိုင်တယ်။ နောက်တခါ မိမိတို့ရဲ့ ပင်မ အလုပ်ဖြစ်တဲ့ တော်လှန်ရေးတိုက်ပွဲ ဖော်ဆောင်လာတဲ့ အပိုင်းတွေမှာ အားလျော့လာနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ ကတော့ သူတို့လုပ်တာ ကောင်း မကောင်း ဆိုတာထက် သူတို့ လုပ်ရပ်တွေဟာ ပိုပြီးတာဝန်ကြီးလာပြီး ပဋိပက္ခတရားတွေ ဆောင်လာရင်တော့ ကိုယ့်လုပ်ရပ် မအောင်မြင်လာရင်၊ ဆန့်ကျင်မှုတွေနဲ့ ကြုံတွေ့လာရင် စည်းရုံးရေးပိုင်းတွေမှာ အား နည်းသွားမှာလား ဆိုတာမျိုးကို သူတို့ဘက်က စဉ်းစားသင့်တယ်လို့တော့ မြင်တာပေါ့။

          မေး။  ။ ရခိုင်ပြည်နယ်မှာ လာမယ့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် AA အဖွဲ့နဲ့ ညှိနှိုင်းရမယ်လို့ AA စစ် ဦးစီးချုပ်က ထုတ်ဖော် ပြောကြားတဲ့ အပေါ်ရော ဘယ်လို မြင်ပါသလဲ။

          ဖြေ။  ။ အမှန်ကတော့ ဒီမိုကရေစီပါလီမန်စနစ်မှာ ကျနော်တို့က လွှတ်တော်ဆိုတာလည်း ရှိသေးတယ်။ လွှတ်တော် ကိုယ် စားလှယ် ဆိုတာလည်း ရှိသင့်တာပေါ့။ ဘာပဲပြောပြော တချိန်ချိန်မှာ သူတို့အနေနဲ့ မရှိစေချင်ရင်လည်း ဒီလို စပ်ကူးမတ် ကူး ကာလမျိုးမှာ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဆိုတာ ရှိသင့်သေးတယ်။ ဘာကြောင့်လဲဆိုရင် ပြည်သူ့ ကိုယ်စား၊ ပြည်သူ့အသံတွေ မပျောက်သွားဖို့ လိုတယ်။

          အခု စစ်ပွဲ၊ စစ်ဒဏ်တွေ ခံနေကြရတဲ့ နေရာကို လွှတ်တော် ကိုယ်စားလှယ်တွေ သွားရောက်တယ်။ မီဒီယာတွေနဲ့ ပြော တယ်။ အထက်ကို တင်ပြပြီး သက်ဆိုင်ရာတွေမှာ တတ်နိုင်သလောက် တင်ပြဆွေးနွေးကြတယ်။ ဒါက ပြည်သူတွေရဲ့ အသံကို လွှတ်တော်ဆိုတာက တကယ်တမ်း ထုတ်ဖော်ပြောကြားနေတဲ့ နေရာတခု ဖြစ်တယ်။ အောင်မြင်တာ၊ မအောင် မြင်တာ တကဏ္ဍလေ။ တကယ်လို့ လွှတ်တော် ကိုယ်စားလှယ်လည်း မရှိဘူး။ လွှတ်တော်လည်း မရှိဘူးဆိုရင်တော့ ပြည် သူ့ အသံဟာ ပျောက်သွားမှာပေါ့။

          ပြည်သူ့အသံ ပျောက်ရင် ကူမယ့်လူ ကယ်မဲ့လူ ကိုယ့်ဘက်က ရပ်တည်မယ့်လူ မရှိဘဲ သတင်း အမှောင်ချမှုတွေ ပိုပြီးတော့ ဖြစ်လာမယ်။ အဲဒီအချိန် ပြည်သူတွေက ဒီဒဏ်တွေကို ပိုပြီးတော့ ခံစားလာရမယ်။ အဲဒါကြောင့် လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ရှိဖို့ လိုတယ်။ လွှတ်တော် ကိုယ်စားလှယ် ရှိမယ်ဆိုရင် ရွေးကောက်ပွဲ ဆိုတာလည်း ရှိဖို့လိုတယ်။

          AA ကလည်း ရွေးကောက်ပွဲကို ကန့်ကွက်တယ်လို့ ပြောတာတော့ မဟုတ်ဘူး။ သို့သော် လာပြီးတော့ ညှိနှိုင်းရမယ်လို့ဆို တဲ့ အတိုင်းအတာကတော့ ဘယ်သူကသွားပြီး ညှိမလဲဆိုတာ မေးခွန်းတခု ဖြစ်နေတာပေါ့။ အစိုးရကတော့ ညှိစရာ အကြောင်း မရှိဘူးလေ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ရွေးကောက်ပွဲ ကော်မရှင်က လုပ်ငန်းဆောင်ရွက်ချက်တွေက အဲဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး။ အစိုးရ မညှိရင် ဥပမာ-တခြား ပါတီတွေ၊ အဖွဲ့အစည်းတွေက ညှိမယ်ဆိုရင် ဘယ်လို သဘောထား မလဲ။ လက်မခံဘူးဆိုရင်တော့ ရွေးကောက်ပွဲ မဖြစ်တော့ဘူး အခြေအနေ ဖြစ်သွားမှာပေါ့။

          သူတို့ (AA) သဘောတူညီချက် မရရင်တော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မဖြစ်တော့ဘူး။ အဲဒါတော့ သေချာတယ်။ ရွေးကောက်ပွဲ လုပ်ရင်တောင်မှ ဝင်ရောက် အရွေးခံမယ့်လူ မရှိတော့ဘူး။ ပြည်သူ့ကိုယ်စားလှယ်တွေလည်း ရွေးကောက်ပွဲ ဝင်ဝံ့မယ့် လူတွေ မရှိတော့ဘူး။ အဲဒါဆိုရင် ရခိုင်ပြည်အစိုးရနဲ့ ရခိုင်ပြည်လွှတ်တော် ဘာဖြစ်သွားမှာလည်းဆိုရင် အားလုံး တပ်မတော် လက်ထဲကို ရောက်သွားမှာပေါ့။ အလိုအလျှောက် ခွဲတမ်းရထားတာက ၂၅ ရာခိုင်နှုန်းလေ။

          အစိုးရဖွဲ့ဝင်လည်း တပ်မတော်ကပဲ ဖွဲ့သွားမှာပေါ့။ အဲဒီ ဆိုးကျိုးကတော့ စဉ်းစားဖို့ လိုတာပေါ့။ အခုကတော့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကာလ ဖြစ်တဲ့အတွက် ဆွေးနွေးမှု ပြေလည်သွားရင်တော့ သူဘက်ကလည်း ဒီလို ရပ်တည်ချက်တွေဟာ လည်း ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တယ်။ တကယ်လို့ အစိုးရက ငါတို့အပေါ် ညှိနှိုင်းမှသာ ခွင့်ပြုနိုင်မယ်ဆိုတဲ့မူ ကို တင်းတင်းကြီး ကိုင်ထားရင်တော့ ရွေးကောက်ပွဲ မဖြစ်တော့ဘူး။

          မေး။  ။၂၀၂၀ မှာ AA ကနေပြီးတော့ စီးပွားရေး လုပ်ငန်းတွေကို အခွန်ကောက်ခံသွားမယ်။ နောက်တခါ လွှတ်တော် ကိုယ် စားလှယ်တွေနဲ့ အစိုးရဝန်ထမ်းတွေပါ အခွန်ကောက်ခံဖို့ စဉ်းစားနေတာ ရှိတယ်လို့လည်း AA စစ်ဦးစီးချုပ်က ပြောထား တာ ရှိပါတယ်။ အဲဒီအပေါ် ဘယ်လို မြင်ပါသလဲ။

          ဖြေ။  ။ လွှတ်တော် ကိုယ်စားလှယ်ပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် AA က အခွန်ကောက်ခံလာရင် တနည်းနည်းနဲ့တော့ ပေး ကြရတော့မှာပဲ။ မပေးရင်လည်း ဒီအပေါ်မှာ သူတို့အနေနဲ့ အရေးယူ ဆောင်ရွက်မှုမျိုးတွေ လုပ်နိုင်တယ်လေ။ အခွန်ပေး တာကို အစိုးရက သိပြန်ရင်လည်း အရေးယူလာနိုင်တယ်ပေါ့။ သို့သော်လည်း တနည်းနည်းတော့ ပေးကြရမှာပဲ။ ပေးကြ ရမယ်ဆိုတာက တရားဝင်တော့ မဟုတ်ဘူး။ အခွန်ကောက်ခံလာရင် မပေးဘူးလို့ တယောက်မှတော့ ငြင်းမှာမဟုတ် ဘူး။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့တော့ ပေးကြမယ်လို့တော့ ထင်တယ်။

          မေး။  ။ လက်ရှိ အစိုးရကလည်း ရှိနေတယ်။ AA က စင်ပြိုင်အစိုးရလိုမျိုး အာဏာတည်ဖို့ ကြိုးစားတာကိုတွေ့တယ်။  ဒီလို အခြေအနေမျိုးမှာ ပြည်သူတွေ ပိုပြီး ဒုက္ခတွေ့လာနိုင်လား။

          ဖြေ။  ။ တော်လှန်ရေး အင်အားတရပ် ကြီးလာတဲ့အခါ အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းကို ဝင်ပြီးတော့ ထိန်းမယ်ဆို တာတွေကတော့ သူတို့မှာလည်း လုပ်သင့်တယ်လို့ ယူဆလို့ လုပ်တာပဲ နေမယ်။ တဖက်ကလည်း အစိုးရရဲ့ တရားဥပဒေ စိုးမိုးရေးပိုင်း လုံးဝပျက်သွားတဲ့ အခြေအနေမှာ မရှိတဲ့အခါ နှစ်ဖက်ရဲ့ ထိန်းကျောင်းမှုတွေကို ပြည်သူတွေ ခံရတယ်ပေါ့။

          လုပ်ငန်းရှင်တွေ အလုပ် လုပ်တဲ့အခါ သူတို့ဆီမှာ အခွန်ပေးဆောင်ရမယ် ဆိုတဲ့ကိစ္စတွေမှာ  လုပ်ငန်းရှင်တွေဟာ ဒီဘက် လည်း အခွန်ပေးရ၊ ဟိုဘက်မှာလည်း အခွန်ပေးရ အဲဒီလို ပုံစံမျိုးတွေ ဖြစ်လာမယ်ပေါ့။ နောက်တခါ အခွန်ပေးဟာကို သိ ပြန်ရင်လည်း အစိုးရဘက်က တရားစွဲဖို့၊ အရေးယူဖို့ ဖြစ်လာမယ်။ နှစ်ဖက်၊ နှစ်လမ်းက အာဏာချိန်ခွင်လျှာငြိကြတဲ့ အခါ မှာ လူထုက ကြားကနေ ခံကြရတာ ရှိတယ်။ အဲဒီလို ဖြစ်လေ့ဖြစ်ထလေ့ ရှိတယ်။

          အဲဒီလိုကာလနဲ့ ရေရှည်ဘယ်လောက်သွားမလဲ ဆိုတာလည်း ပြောလို့ မရဘူး။ တဖက်က အာဏာစက်ကို ထူထောင်လာ ရင် တဖက်က အာဏာစက်က လုံးဝပျက်သွားမှာလား။ သို့တည်းမဟုတ်။ ဒီဘက်က အာဏာစက်ကို လိုက်နာတဲ့အခါ ဒီဘက်က အာဏာစက်ကို လိုက်နာရတဲ့ လူတွေကို အရေးယူ ဆောင်ရွက်လာမယ် ဆိုရင် ပြည်သူတွေ ပိုပြီး ဒုက္ခ ရောက် လာနိုင်တယ်။ အဲဒီလိုမျိုးတွေကိုတော့ သတိထားပြီး လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။

          မေး။   ။ ဒီအခြေအနေက  အစိုးရနဲ့ AA အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး လမ်းခရီးက ပိုပြီတော့ ဝေးကွာမသွားနိုင်ဘူးလား။

          ဖြေ။   ။ စစ်ရေးအရ ဖိအားပေးတာ၊ တခြား နည်းလမ်းတခုခုနဲ့ ဖိအားပေးတာတွေ ကတော့ နှစ်ဖက်စလုံးက ရှိကြမှာပေါ့။ ဒီနိုင်ငံမှာက လက်နက် မရှိရင် အရေးမစိုက်ချင်၊ တိုက်ပွဲမရှိရင် အဖက်မလုပ်ချင်ဘူး။ အဲဒီလို ကဏ္ဍတွေကလည်း အစိုးရ တွေမှာ ရှိတာကိုး။ သူတို့က ဒီလို စစ်ရေးနဲ့ ဖိအားပေးဖို့ ဒီအဖွဲ့ကို အမှန်တကယ် မဆွေးနွေးလို့ မရတော့ဘူး ဆိုတဲ့ ပုံစံနဲ့ AA က ဖော်ဆောင်နေတယ်လို့ သုံးသပ်မိတယ်။

          AA တို့ ပလောင် (တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်) TNLA တို့ကို အရင်က မဆွေးနွေးဘူးပေါ့။ အဲဒီအခါမှ သူတို့က စစ်ရေးအင်အားကို တည်ဆောက်လာတဲ့ အခါ ဆွေးနွေးသင့်တယ်လို့ အစိုးရဘက်က မြင်လာတာတွေ ရှိတယ်။ အစတုန်း ကတော့ ဒီအဖွဲ့တွေကို မလောက်လေး မလောက်စား အဖွဲ့တွေ။ မနေ့ တနေ့ကမှ ပေါ်လာတဲ့ အဖွဲ့တွေ ဆိုပြီး အဲဒီလို အမြင်မျိုးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကိုတောင် လက်မခံခဲ့တာ မဟုတ်ဘူးလေ။

          အခု အချိန်အခါမှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကို လက်ခံပြီးတော့ ဆွေးနွေးပွဲတွေကို လုပ်နေကြတယ်။ အခုလို ကိစ္စ တွေကြောင့် ဆွေးနွေးပွဲအတွက် အခက်အခဲ ဖြစ်သွားမယ်လို့တော့ မထင်ပါဘူး။ စစ်ရေးနဲ့ ဖိအားပေးတယ်လို့ ကျနော်တို့က ရှုမြင်တယ်။

          ဒီလိုဟာတွေက တခါတခါမှာ ပိုပြီးတော့ ဆွေးနွေးပွဲလမ်းကြောင်းကို ရောက်သွားစေတာလည်း ရှိတယ်။ ဒါပေမယ့် ဆွေး နွေးပွဲတခု အောင်မြင်ဖို့ မအောင်မြင် ဆိုတာတွေကတော့ ဆွေးနွေးလို့ အောင်မြင်တဲ့ အချိန်အခါမှာတော့ စစ်ရေးတွေကို လျှော့ချပေးဖို့တော့ လိုတာပေ့ါ။ ဆွေးနွေးတဲ့ လမ်းကြောင်းကို ရောက်လာတဲ့ အခါမှာ စစ်ရေးတွေကို လျှော့ချပေးပြီး တည် တည်ငြိမ်ငြိမ်နဲ့ နှစ်ဖက် အလုပ်တွေကို ဆက်လုပ်ဖို့ လိုတယ်။ အခုကာလမှာတော့ စစ်ရေးအရ ဖိအားပေးမှုတခုလို့ လက် တွေ့အားဖြင့် မြင်နေရတယ်။

          မေး။  ။ အဆုံးမသတ်နိုင်တဲ့ မြန်မာ ပြည်တွင်းစစ်ကြီးကို သင်ခန်းစာယူပြီး  ရခိုင်ပြည်နယ်ထဲက စစ်မီးကို ငြိမ်းဖို့ အကောင်း ဆုံး နည်းလမ်းက ဘယ်လိုလုပ်သင့်တယ်လို့ မြင်လဲ။

          ဖြေ။  ။ အဲဒါကတော့ ဒီဘက် (AA) က ကြွေးကြော်ထားတာ ဘယ်အဆင့်ထိ ကြွေးကြော်ထားလဲ။ ဖယ်ဒရယ်လမ်း ကြောင်းထဲကို သွားပြီးတော့ ကိုယ်လိုချင်တဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုမယ် ဆိုရင်တော့ ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေး နီးနီးစပ်စပ်နဲ့ မြန်မြန်ဆန်ဆန် ရသွားနိုင်တယ်ပေါ့။ ဘာဖြစ်လို့လည်းဆိုရင် တောင်းဆိုမှုက ဖက်ဒရယ်လမ်းကြောင်းထက် ကျော်လွန်သွားမယ် ဆိုရင်တော့ စစ်ပွဲက ပိုပြီးတော့ ပြင်းထန်လာမယ်။ စစ်ပွဲကပိုပြီးတော့ ပြင်းထန်လာရင် ကျနော်တို့ ပြည် သူတွေလည်း ပိုပြီးတော့ ဒုက္ခရောက်ကြမယ်။

          အခုလည်း တနှစ်လောက် အတွင်းမှာ  တော်တော်ကြီး ဒုက္ခရောက်ကြရတယ်။ နောက်ထပ် စစ်ရေးက ဒီထက် ပြင်းထန် လာရင် ဒီထက် အဆပေါင်းများစွာ ပြည်သူတွေ ဒုက္ခရောက်လာမယ်ပေါ့။ အဲဒီ အခြေအနေတွေကို ကျော်လွန်ပြီးတော့ တဖက်ကလည်း အောင်ပွဲကိုရအောင် လုပ်နိုင်မှာလား။ မရနိုင်ရင် စစ်ရေး၊ စစ်ဒဏ် ပဋိပက္ခအတွင်းမှာ ကျနော်တို့ ပြည်သူ တွေ ဘယ်လောက်အထိ နောက်ဆုံး ခံကြရဦးမလဲ။

          အဲဒီ အကျိုးနဲ့အပြစ်ကိုတော့ စဉ်းစားဖို့ လိုတယ်။ အဲဒါကြောင့် ကျနော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ တိုက် တွန်းနေတာ။ ကျနော်တို့က ငြိမ်းချမ်းရေးလမ်းကြောင်းကိုပဲ သွားစေချင်တာ။ ငြိမ်းချမ်းရေး မြန်မြန်ရလေ ကျနော်တို့ အတွက် ကောင်းလေပဲ။

          ငြိမ်းချမ်းရေး ရတယ်ဆိုတဲ့ အပိုင်းမှာလည်း ကျနော်တို့ လျှော့ဈေးနဲ့ ရတဲ့ဈေးနဲ့ ယူဖို့ပြောတာ မဟုတ်ပါဘူး။ ကိုယ့်လူမျိုး ကိုယ့်အခြေအနေနဲ့ ထိုက်တန်တဲ့ ရပိုင်ခွင့် တခုကို ရဖို့လိုတယ်။ အဲဒါကြောင့် ဖက်ဒရယ်ပဲ ဖြစ်ဖြစ်၊ ကွန်ဖက်ဒရိတ်ဖြစ်ဖြစ် တခုခုကိုတော့ ကျနော်တို့ လိုချင်တဲ့ စံချိန်စံညွှန်းတခုတော့ ရလည်း ရရမယ်။ ငြိမ်းချမ်းရေးလည်း ရရမယ်။ နောက်တခါ တိုက်ပွဲတွေလည်း အမြန်ဆုံး ရပ်စဲနိုင်ရမယ်။ အဲဒီလိုမဟုတ်ဘဲ  လွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ်ကြီးတင်ပြီး လုပ်ရင် တော့ သူသေ ကိုယ်သေချကြမယ့် အနေအထား တခုကို ရောက်သွားကြမှာပေါ့။

          အဲဒါကြောင့် ကျနော်တို့ကတော့ တဆင့်ပြီး တဆင့် သွားစေချင်တယ်။ ကျနော်တို့ မျိုးဆက်၊ အခု မျိုးဆက်တွေ ရင်ထဲမှာ ဘယ်လိုပဲရှိရှိ ဖက်ဒရယ် ဘောင်ထဲမှာပဲ ကျနော်တို့ ရပိုင်ခွင့်တွေ၊ ကျနော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်း ဆိုမှုက အသင့်တော်ဆုံးနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ စစ်ဘေး စစ်ဒဏ်တွေကို အငြိမ်းချမ်းဆုံး ဖြစ်အောင် လုပ်နိုင်မယ့် လမ်း ကြောင်း တခုလို့ ယုံကြည်တယ်။

          မေး။  ။ နောက်ဆုံး တခုအနေနဲ့ ရခိုင်စစ်ပွဲနဲ့ ပတ်သက်ပြီး  အစိုးရ၊ တပ်မတော်၊ AA ဘက်အသီးသီးကို ဘာတွေ တိုက် တွန်း ပြောကြားချင်လဲ။

          ဖြေ။  ။ အဓိကတော့ ကိုယ်လိုချင်ရာကို တင်းတင်းမာမာ ဆုပ်ကိုင် မထားဖို့ လိုတယ်။  တင်းတင်းမာမာ ဆုပ်ကိုင်ထားရင် တော့ ဆွေးနွေးပွဲလည်း ဖြစ်လာမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလည်း ရလာမှာ မဟုတ်ဘူး။  အဲဒီ အကျိုးဆက်ဒဏ်ကိုတော့ ပြည်သူ အများအပြား ခံစားကြရမှာပဲ။ အဲဒါကြောင့် သက်ဆိုင်သူ အားလုံးက အပြုသဘောနဲ့ ဆွေးနွေးရမယ်။ ငြိမ်းချမ်း ရေး ရအောင် လုပ်ဖို့ဟာကတော့ အရေးကြီးတယ်။

          အဲဒီဘက်ကိုပဲ ရိုးရိုးသားသားနဲ့ လိုချင်တဲ့ ဟာတခုကို နှစ်ဖက် အပြန်အလှန် ဆွေးနွေးကြတဲ့အခါ  အဖြေတခု ရလာမှာပေါ့။ အဲဒါကြောင့် ညှိနှိုင်းရေး စားပွဲပေါ်ကိုတော့ အရင်ဆုံး ရောက်စေချင်တယ်။ အဲဒီကမှ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရ လာပြီး ကျနော်တို့က ငြိမ်းချမ်းရေး ခရီးကို ရောက်သွားမယ်။ လောလောဆယ်မှာ ညှိနှိုင်းရေး စားပွဲပေါ်ကို အရင်ဆုံး ရောက်ဖို့ လိုတယ်။ အပြန်အလှန် ဆွေးနွေးဖို့ လိုတယ်။ အဲဒီအချိန်အခါမှာ စစ်ပွဲတွေကို ရပ်စဲထားဖို့ လိုတယ်။

          အဲဒီလို အခြေအနေကိုရောက်မှာပဲ ပြည်သူတွေ နည်းနည်းလောက် အသက်ရူချောင်မယ်။ မဟုတ်ရင် ပြည်သူတွေ အခု စားဝတ်နေရေး ခက်ခဲလာတယ်။ ပြည်သူတွေ လယ်ယာကိုင်းကျွန်း မစိုက်ပျိုးနိုင်၊ မထွန်နိုင်၊ မရိတ်သိမ်းနိုင်။ ချောင်းထဲကို မဆင်းနိုင်၊ တောင်ပေါ်ကို မတက်နိုင် ဖြစ်လာနေတဲ့အတွက် တကယ်တမ်း  ဒီလာမယ့် မိုးတွင်းလောက်မှာ အခက်အခဲ တွေ အများကြီး ဖြစ်လာနိုင်တယ်။

          အဲဒီကြားမှာ စစ်တွေ-ရန်ကုန်ကားလမ်းမှာလည်း ခရီးသည်တွေ အလာနည်းတယ်။ ပဋိပက္ခတွေ များလာတယ်။ တိုက်ပွဲ ကြားမှာ ဒုက္ခရောက်ကြတဲ့ အတွက် အစိုးရက အဲဒီလမ်းမတွေကို မပိတ်ဘဲ သူ့အလိုလို ပိတ်သွားနိုင်တဲ့ အခြေအနေရှိ တယ်။ ရခိုင်ပြည်နဲ့ ဗမာပြည် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်သွားရင် အဲဒီအကျိုးဆက်က ပြည်သူတွေ ခံစားလာရ မယ်။ ကုန်ဈေးနှုန်းမြင့် တက်လာနိုင်တယ်။

          အဲဒါကြောင့် ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ဖို့၊ စစ်ပွဲတွေကို မဖြစ်မနေရပ်စဲမှသာလျှင် ပြည် သူတွေရဲ့ အခက်အခဲ ပြေလည်သွားနိုင်မယ်။ အဲဒီလိုမဟုတ်ဘဲ မဖြစ်မနေ တိုက်ကြတော့မယ်။ မျက်စိမှိတ်ပြီး တိုက်ဖို့ လမ်းစဉ်ကိုပဲ ရွေးကြမယ်။ နှစ်ဖက်လုံးက မလျှော့တမ်း တိုက်ပွဲ ဝင်သွားမယ်။ ဆွေးနွေးပွဲ စကားဝိုင်းကို လုံးဝ ပစ်မယ်ထား မယ်ဆိုရင် ဒီလာမယ့် မိုးတွင်းလောက်မှာပဲ တကယ့် ရခိုင်ပြည်ရဲ့ အခက်အခဲ အကျပ်အတည်း ပြည်သူတွေ ဒုက္ခရောက်မှု ကို ပီပီပြင်ပြင် မြင်လာရတော့မယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို ဆွေးနွေးပြီး တိုက်ပွဲတွေကို အမြန်ဆုံး ရပ်စဲဖို့ တိုက်တွန်း ချင်ပါတယ်။

          Your Thoughts …
          Tags: AAငြိမ်းချမ်းရေးတပ်မတော်ဖက်ဒရယ်ရခိုင်စစ်ပွဲရွေးကောက်ပွဲ
          မင်းအောင်ခိုင်

          မင်းအောင်ခိုင်

          Senior Reporter

          Similar Picks:

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          by မိုးစက်ငြိမ်းချမ်း
          22 July 2023
          11.1k

          ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

          ၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

          ၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

          by မိုးစက်ငြိမ်းချမ်း
          6 September 2023
          6.8k

          တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

          စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး

          စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး

          by ဧရာဝတီ
          20 July 2023
          6.1k

          ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ AA ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကားများဖြင့် ဝင်ရောက်ရန် ကြိုးစားသည့်အတွက် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့သည်။

          မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

          မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

          by ဧရာဝတီ
          21 July 2023
          6k

          ဘူးသီးတောင်မြို့နယ်အတွင်းရှိ မေယုတောင်ကြောတွင် စိမ့်ဝင်လှုပ်ရှားနေသော ARSA အဖွဲ့နှင့် စစ်ကောင်စီတပ်မှ အောက်ခြေအရာရှိတချို့နှင့် AA ၏အောက်ခြေ အရာရှိတချို့တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းများ တွင် ဆက်နွယ်မှုရှိသည်

          ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး ပစ်သတ်ခံရ

          ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး ပစ်သတ်ခံရ

          by ဧရာဝတီ
          15 September 2023
          5.2k

          ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ခိုင်စိုးလွင် ဖြစ်ကာ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးရှိ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်ယူရန် စောင့်နေစဉ် အမည်မသိ ဆိုင်ကယ်သမား ၄ ဦး လာရောက် လုပ်ကြံခြင်းဖြစ်

          နွေဦးတော်လှန်ရေး၊ ဓနုဒေသနှင့် ဓနုလက်နက်ကိုင်တပ်ဖွဲ့

          နွေဦးတော်လှန်ရေး၊ ဓနုဒေသနှင့် ဓနုလက်နက်ကိုင်တပ်ဖွဲ့

          by ကိုဦး
          12 September 2023
          5.2k

          ဓနုလက်နက်ကိုင်အဖွဲ့များ၏ ဖြစ်ထွန်းတိုးတက်မှုကမူ သူတို့၏ ရည်မှန်းချက်၊ သူတို့၏ခံယူချက်၊ သူတို့၏စွမ်းဆောင်ရည်၊ သူတို့ ဇွဲသတ္တိတို့နှင့် သက်ဆိုင်၏။

          Next Post
          ဆေးခြောက် လျှော်ပင်ကနေ ထွက်လာတဲ့ ဝတ်မှုန်တွေကို ပျားတွေက နှစ်သက်ကြတယ်လို့ သိရပါတယ်။

          ဆေးခြောက်လျှော် (Hemp) စိုက်ပျိုးခြင်းက ပျားကောင်ရေ လျော့နည်းလာမှုကို ထိန်းသိမ်းနိုင်

          တရုတ်စတိုင် ခေါက်ဆွဲကြော် (Chow Mein)

          ကံကောင်းခြင်းတွေ ယူဆောင်လာမယ်ဆိုတဲ့ အယူနဲ့ စားလေ့ရှိတဲ့ တရုတ်စတိုင် ခေါက်ဆွဲကြော်

          No Result
          View All Result

          Recommended

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          1 week ago
          25.2k
          ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

          ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

          1 week ago
          40.5k

          Most Read

          • စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            shares
            Share 0 Tweet 0
          • တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

            shares
            Share 0 Tweet 0
          • မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved