• English
Thursday, November 30, 2023
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

    စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

    စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

    စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

    စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

    ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

    ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

    ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

    ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

        ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

        စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

        စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

        စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

        စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

        ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

        ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

        လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

        လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

        တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

        တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

        နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

        နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

        ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

        ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          သမီးလေးအတွက် အမှန်တရား ရှာပေးဖို့ ကျနော်ပြောချင်တယ်

          by ထက်နိုင်ဇော် & မိုးမိုး
          14 January 2020
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          ဗစ်တိုးရီးယား အမှု တရားမျှတမှု ရရှိရေး လှုံ့ဆော်သည့်ပုံ

          ဗစ်တိုးရီးယား အမှု တရားမျှတမှု ရရှိရေး လှုံ့ဆော်သည့်ပုံ

          17.6k
          VIEWS
          Share on FacebookShare on Twitter

          လွန်ခဲ့သည့် ၈ လက နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်း၌ တက်ရောက်နေသည့် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းမငယ် တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဖြစ်ပွားခဲ့ သည်။

          ယခုနှစ် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယင်းအမှုကို CID က လွှဲပြောင်းယူခဲ့သည့်နောက် Wisdom Hill ကျောင်း၏ ကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ ကိုအောင်ကြီးကို CID ၏ စစ်ဆေးပေါ်ပေါ က်ချက်များအရ သံသယ တရားခံအဖြစ် ဖမ်းဆီးခဲ့သည်။

          RelatedPosts

          ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

          ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

          30 November 2023
          243
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          30 November 2023
          4.7k
          စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

          စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

          29 November 2023
          5.3k

          ထို့နောက် တရားခွင် စစ်ဆေးချက်များအရ စွဲချက်တင်နိုင်သည့် သက်သေခံချက် အထောက် အထား တစုံတရာ မတွေ့ရ သည့်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က ကိုအောင်ကြီးကို ဒက္ခိဏခရိုင် တရားသူကြီးက တရားရှင် လွှတ်ပေးလိုက် သည်။

          ယင်းအမှုတွင် တရားခံအစစ်ကို ဖမ်းဆီးရမိရေး အပါအဝင် အမှုကို မည်သို့ ဆက်လက် ဆောင်ရွက်မည် ဆိုသည့် အခြေ အနေများကို ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူနှင့် ဧရာဝတီ သတင်းထောက်များ ဖြစ်သည့် ထက်နိုင်ဇော်နှင့် မိုးမိုးတို့က တွေ့ ဆုံ မေးမြန်း ထားပါသည်။

          မေး။ ။ တရားရုံးက ကိုအောင်ကြီး မဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်ခံလား။ အစ်ကိုတို့ အနေနဲ့ အမှုမှန် ပေါ်ပေါက် ဖို့ ဘာများ ဆက်လုပ်သွားဖို့ ရှိမလဲ။

          ဖြေ။ ။ မေးခွန်းက ၂ ပိုင်း ဖြစ်နေတယ်။ အောင်ကြီး မဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် လက်ခံလား ဆိုတော့ ဒါက တရားရုံး က သူ့ရဲ့ စီရင်ဆုံးဖြတ်ချက် အရ၊ သူတွေ့ရှိချက်အရ သက်သေတွေ ထွက်ဆိုချက်အရ အောင်ကြီး ဟုတ်တယ်၊ မဟုတ် ဘူး သူစီရင်ချက်ချခဲ့တာလေ။ အဲဒါ တပိုင်း။

          ဘယ်လို ဆက်လုပ်သွားဖို့ ရှိမလဲဆိုတော့ ကျနော်တို့ဆီမှာ အကန့်အသတ် ရှိတယ်ဗျ။ ကျနော်တို့သည် သာမန် ပြည်သူပါ။ ကျနော်တို့က နစ်နာသူ ဖြစ်တဲ့အတွက် ကိုယ်နစ်နာတဲ့ အကြောင်းကို ကျနော်တို့ ရဲစခန်းမှာသွားပြီး အမှုဖွင့်တယ်။ ကလေး လေး ဒီလိုဖြစ်တဲ့အတွက် ဆေးရုံ သွားတယ်။ ကျနော်တို့က ဒီနေရာ ဒီနေရာတွေပဲ သွားလို့ ရတာလေ။

          ကျနော်တို့ ကိုယ်တိုင် အမှုလိုက်လို့ မရဘူး။ ကျနော်တို့ ကိုယ်တိုင် ဆေးကုလို့ မရဘူး။ အမှုမှန်ပေါ်ဖို့အတွက် ဘာလုပ်လို့ ရလဲဆိုတော့ ကျနော်တို့ အခုလိုမျိုး ဖြေနေတာလည်း အမှန်တရားပေါ်ဖို့ အတွက် လုပ်နေတာပဲ။ လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေ လုပ်နိုင်စွမ်းရှိတဲ့သူတွေ ကြားပါစေ ဆိုပြီးတော့ မီဒီယာတွေမှာ ဖြေတယ်။ ဒီကနေတဆင့် သူတို့ ကိုယ်တိုင် တိုက်ရိုက် မကြားဘူးဆိုရင်တောင် သူတို့နဲ့ နီးစပ်တဲ့သူတွေ ကြားတယ်ဆိုရင် သူတို့နားထဲ ရောက်သွားပါစေ ဆိုပြီးတော့ ဖြေနေတာ ပဲ။ အဲဒါပဲ အမှန်တရား ပေါ်ပေါက်ဖို့အတွက် ကျနော်တို့ လုပ်ခဲ့တာ အကုန်လုံး ကုန်သွားခဲ့ပြီ။

          ရုံးချိန်း စကတည်းကိုက ရုံးချိန်း တချိန်းပြီး တချိန်း ကျနော်တို့က အမှန်တရား ပေါ်ပေါက်ရေး အတွက် တရားခွင်မှာ ဘာ တွေများ ထွက်ပေါ်လာမလဲ၊ ဘယ်သက်သေတွေက ဘယ်လို ထွက်ပေါ်လာမလဲ မျှော်လင့်ချက်တွေနဲ့ပေါ့။ နောက်ပြီးတော့ သက်မဲ့ သက်သေတွေနဲ့ ဘာတွေများ အမှန်တရားအတွက် ထွက်ပေါ်လာမလဲပေါ့၊ ကျနော်တို့ ဦးတည်ပြီး သွားခဲ့ကြတာ ပေါ့ဗျာ။

          မေ။ ။ ရဲဘက်က သတင်းစာ ရှင်းလင်းပွဲလုပ်တော့ အစ်ကိုတို့ ကာယကံရှင် မိသားစု နာမည်တွေ၊ လိပ်စာတွေကို ထုတ် ဖော်ပြောဆိုခဲ့တယ်။ နောက်ဆုံး သတင်းထုတ်ပြန်တော့လည်း ပထမ သတင်းပေး တိုင်တန်းချက်ကိုပါ လူမှုကွန်ရက်မှာ တင်လိုက်တယ်။ အဲဒီလို လုပ်ဆောင်မှုအပေါ်ကို ဘာများ ပြောချင်ပါသလဲ။

          ဖြေ။ ။ ဒါကတော့ ရဲဆိုတာက ဥပဒေ အကြောင်းကို နားလည်တဲ့သူတွေပဲလေ။ သူတို့က ဥပဒေ ချိုးဖောက်တဲ့သူတွေကို ဖမ်းဆီးရမယ်။ အပြစ်ပေး အရေးယူရမယ်လို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တရပ်ပဲ။အဲဒီ အဖွဲ့အစည်းကနေ ဒီလို ကလေး သူငယ်တယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မီဒီယာမှာ လူသိရှင်ကြား သတင်းစာ ရှင်းလင်းပွဲမှာပြော တယ်။ နောက် တရားဝင် လူမှုကွန်ရက် Page တခုကနေ ရေးတင်လိုက်တယ်ဆိုတာ ကျနော်တို့ဘက်က ပြောစရာ မရှိပါဘူး။

          သူတို့တွေက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်။ ဘယ်လို စိတ်ဓာတ်နဲ့ ဘယ်လိုမျိုး လုပ်တယ် ဆိုတာ သူတို့ပဲ သိလိမ့် မယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်နစ်နာမှုတော့ ရှိခဲ့တာပေါ့။ မြန်မာ့လူနေမှုယဉ်ကျေးမှု ထုံးစံအရပေါ့နော်။ ဒီကိစ္စမျိုး ဆိုတာက အများကြီး ပြောလို့ကောင်း တဲ့အရာ မဟုတ်ဘူးလေ၊ လူကြားထဲမှာ။

          ကျနော်တို့ မီဒီယာမှာ စဖြစ်တည်းက သွားလာနေတာ။ တရားရုံးတွေမှာ တွေ့တယ်။ မီဒီယာတွေ အကုန်လုံး စောင့်စည်းခဲ့ တယ်။ နာမည်လည်း မပြောခဲ့ဘူး။ ကျနော်တို့ ပုံတွေလည်း မတင်ခဲ့ဘူး။ အကုန်လုံး စောင့်စည်းခဲ့တယ်လေ။ အခုလိုလုပ် တဲ့ အနေအထားမှာ တော်တော်များများ သိသွားကြတာပေါ့လေ။ ကျနော်တို့ ပတ်ဝန်းကျင် သိသွားတယ်။ ပထမက ရန် ကုန်မှာနေတယ်။ နေပြည်တော်မှာ နေတယ်။ ဟိုဘက်က သူတွေ မသိဘူး။ အခုဆိုရင် သိသွားကြတယ်။

          အဲဒီအတွက်က အခက်အခဲက ရိုက်ခတ်မှုကတော့ ကြီးတာပေါ့။ ဒါပေမယ့်လည်း အစထဲကိုက သမီးလေးအတွက် အမှန် တရားကို ရှာမယ်။ မရ ရအောင် ဖော်ထုတ်မယ်။ တတ်နိုင်သလောက် လုပ်ကတည်းကိုက ဒါတွေ တနေ့ ဖြစ်လာမယ်လို့ လည်း တွေးထားပါတယ်။

          မေး။ ။ ရဲကို အမှုဖွင့်မယ် တရားစွဲမယ်ဆိုရင် ဒီအမှုကို တကယ် ဖော်ထုတ်ပေးရမှာက ရဲတပ်ဖွဲ့ပဲ ဖြစ်နေတော့ အခုလို လုပ် လိုက်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်မယ်လို့ထင်လဲ။ တရားစွဲမယ့် အခြေအနေကရော ဘယ်လိုလဲ။

          ဖြေ။ ။ ကျနော်တို့ အနေနဲ့ အထွေထွေ ကိုယ်စားလှယ်လွှဲစာ (General Power) လွှဲပေးလို့ ရတဲ့ဟာက ၆၆ (ဃ) နဲ့ စွဲလို့ ရတဲ့ဟာ ဆရာထင်လင်းဦးတို့ စွဲလိမ့်မယ်။ ကျန်တဲ့ ဥပဒေနဲ့ ငြိစွန်းတဲ့ ဥပဒေတွေကတော့ သေချာစီစဉ်ရဦးမှာ။ သေချာ ပြင် ဆင်ပြီးမှ တရားစွဲလို့ ရမယ်ဗျ။

          မေး။ ။ ဒီလို အခြေအနေတွေမှာ ရဲတပ်ဖွဲ့က ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာပေးနိုင် မယ်လို့ ထင်ပါသလား။ သူ့ကို အားကိုးလို့ မရဘူးဆိုရင် အမှုမှန် ပေါ်လာအောင် အထူးစစ်ဆေး ရေး အဖွဲ့မျိုး လိုမလား။ ဘာပြောချင်ပါသလဲ။

          ဖြေ။ ။ အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့တွေ စစ်ဆေးမယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။

          မေး။ ။ ဒီအမှု တရားရုံးရောက်တော့ တရားလိုပြ သက်သေတွေကို စစ်တဲ့အခါမှာ မြေပြင် အခြေအနေနဲ့ တယောက်နဲ့ တယောက်ကြားမှာ ကွဲလွဲနေတာမျိုးတွေ တွေ့ရပါသလား။ ကွဲနေရင် ဘာကြောင့်လို့ ထင်ပါသလဲ။

          ဖြေ။ ။ တရားခွင်မှာ တရားလိုပြ သက်သေတွေ ကွဲလွဲတာဆိုလို့ တရားခွင်မှာ တရားလိုပြ သက်သေတွေ ၃ ပိုင်း ရှိတယ် ဗျ။ ကျနော်တို့ ကျူးလွန်ခံရတဲ့ မိသားစု ရှိမယ်။ ကျောင်းဘက်က ရှိမယ်။ နောက် ပညာရှင်တွေ ရှိမယ်။ ကျနော်တို့ ကျူး လွန်ခံရတဲ့ မိသားစုအနေနဲ့ ကျနော်တို့ ရဲစခန်းမှာရော တရားခွင်မှာရော ကျနော်တို့ ထွက်ထားတာ ရှိတယ်။ ကျနော်တို့ သမီးလေး သည် မနက် ၈ နာရီခွဲမှာ ကျောင်းကားပေါ် ပါသွားတယ်။ ညနေ ပြန်လာတယ်။ ဒီကိစ္စ ဒီလိုဖြစ်တယ်။ ဆေးရုံ သွားတယ်။

          ဒါပေမယ့်လည်း ကျောင်းဘက်က ဆရာမတွေ ထွက်တဲ့ ထွက်ဆိုချက်မှာကျတော့ ကျောင်းမှာ လုံးဝ မဖြစ်ခဲ့ဘူး။ ကလေး သည် ဒီကိစ္စ ကျူးလွန်ခံရပုံ မပေါက်ဘူးလို့ကို ထွက်ဆိုသွားတာဆိုတော့ အဲဒီကိစ္စ ကျူးလွန်ခံရပုံ မပေါက်ဘူးလို့ ထွက်ဆို ချက်နဲ့ ဆရာဝန်ကြီးက ဒီကိစ္စ ကျူးလွန်ပါတယ်ဆိုတဲ့ ထွက်ဆိုချက်နဲ့ကျတော့ လုံးလုံး ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေ တယ်။

          ဆရာမတွေကလည်း ဒီကိစ္စ ကျူးလွန်ပုံ မပေါက်ဘူးတဲ့ ကလေးကို။ ကျူးလွန်ပုံ မပေါက်ဘူး ဆိုတော့ ၁၇ ရက်မှာ ရဲတပ်ဖွဲ့ အတူတူ ကျောင်းကို သွားသေးတာကိုး။ သွားပြီးတော့ CCTV မှတ်တမ်း တောင်းတယ်။ ကလေး ဖြစ်တဲ့နေရာမှာ သွား ကြည့်တဲ့အခါမှာ သူတို့က ကလေးက အဲဒီအချိန်မှာ ကစားနေတာ ပြုနေတာ မြင်တော့ ဒီကိစ္စ ကျူးလွန်ခံရပုံ မပေါက်ဘူး ဆိုပြီး၊ ကျောင်းမှာ အဲဒီ ဗီဒီယိုဖိုင် ရှိပါသေးတယ်ဆိုတာကို ရဲရဲကြီးကို အာမခံ သွားတယ်။ ဒါပေမယ့်လည်း ဆရာဝန်ကြီး ထွက်ချက်မှာတော့ ဒီမုဒိမ်းမှု ကျူးလွန်ခံရတယ်ဆိုတဲ့ ကိစ္စကို သေသေချာချာ ဆေးပညာရှု ထောင့်အရ ထွက်သွားတယ်။

          နောက်တခုက ရန်နောင်ဌေး CCTV ကိုင်တွယ်တဲ့ ပုဂ္ဂိုလ်ပေါ့နော်။ သူထွက်ဆိုသွားတာက ဒီ CCTV ကို သူတို့ CID က ဖြုတ်သိမ်းသွားတယ်။ သူတို့ ပြန်လာတယ်။ ဒီဖိုင်တွေကို စက်က ပေးတယ်။ သူတို့ ဆွဲထုတ်ထားတယ်။ ဒါပေမယ့်လည်း ပညာရှင် စစ်တဲ့အခါမှာကျတော့ ဖိုင်တွေကို အမျိုးမျိုး ကစားထားတယ်။ ဆိုလိုတာက ၈ နာရီပြီးတော့ ၉ နာရီလာရမှာကို ၈ နာရီပြီးတော့ ၁၁ နာရီလာတယ်။ အဲဒီလိုမျိုး၊ အမျိုးမျိုး ၃ ဖိုင် ပေါင်းထားတယ်၊ စပ်ထားတယ်၊ ကစားထားတယ်။

          နောက်ပြီးတော့ ၁၂ နာရီနဲ့ ၁ နာရီကြားမှာလည်း ဖိုင်ဆိုက်နဲ့ ဖိုင်အချိန်က မတူဘူး။ နောက် အဲဒါကိုလည်း DVR ထဲမှာ DVR Log ဖိုင်ထဲမှာ Shut down ကျထားတယ်ဆိုတာ မရှိဘူး။ အဲဒါတွေကျတော့ ဆန့်ကျင်နေတာပေါ့။ ဆန့်ကျင်တာ ၂ မျိုးပေါ့ဗျာ။ ပညာရှင် ပြောစကားနဲ့ ကျောင်းဘက်က ပြောစကား။ ကျနော်တို့ ပြောစကားနဲ့ ကျောင်းဘက်က ပြောစကား အဲဒီလို ဆန့်ကျင်နေတာ ရှိတယ်။

          မေး။ ။ ဗစ်တိုးရီးယားရဲ့ DNA ကိုဘာကြောင့် ပြန်စစ်ဖို့ ကြိုးစားရတာလဲ။ ဒီအကြောင်းရင်း သိချင်ပါတယ်။ စစ်ခွင့်ရမယ် လို့ ထင်ပါသလား။

          ဖြေ။ ။ ကျနော်တို့ ကြိုးစားနေတယ် ဆိုတာက DNA ။ သမီးလေးကို ဆရာဝန်ကြီးက ထွက်ဆိုသွား တယ်။ သမီးလေး မိန်းမ ကိုယ်ထဲကနေပြီးတော့ ဒီအရည်ကို ယူပြီးစစ်တဲ့အခါမှာ သုတ်ပိုးတွေ့ပါ တယ်။ သုတ်ပိုးတွေ့ပြီ ဆိုရင် DNA စစ်လို့ ရတယ် ဆိုတာကို ကျနော်တို့က ယူဆတယ်။ ဒါက တပိုင်း။ သမီးလေး မိန်းမကိုယ်ထဲက သုတ်ပိုး တွေ့တာက။ နောက်တခါ ဘောင်းဘီ။ သမီးလေး ကျောင်းမှာ ဝတ်ခဲ့တဲ့ ဘောင်းဘီမှာ ဓာတုဗေဒ ပြန်ကြားစာအရ သုတ်ပိုးတွေ့ပါ တယ်ဆိုပြီးတော့ ပြန်ကြားထားတယ်။

          ဒါပေမယ့် ရဲတပ်ဖွဲ့ရဲ့ ပြောစကားအရပေါ့။ အဲဒီ၂ ခုလုံး ဘာမှ စစ်လို့ မရဘူး။ ကျနော်တို့က ဒီနိုင်ငံမှာ စစ်လို့ မရဘူးလား။ ဘယ်မှာ စစ်လို့ ရမလဲ။ ကျနော်တို့က လမ်းအဆုံးထိ လျှောက်ချင်သေးတယ်။ သွားချင်သေးတယ်ဆိုတော့ လောလော ဆယ်တော့ ဒီဟာသည် CID လက်ထဲမှာ ထိန်းသိမ်းထားတယ်။

          ဆေးရုံကနေ သုတ်ပိုး တွေ့ပါတယ်ဆိုတဲ့ ဒီပလိတ်ပြားသည် ရှိကိုရှိနေရဦးမယ်။ ထိန်းကို ထိန်းသိမ်းရမယ်။ ကျနော်တို့က တော့ အဖွဲ့အစည်း တခုခုအနေပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် Third Party တခုအနေနဲ့ ဒီဟာကို စစ်လို့ ရတဲ့ နိုင်ငံတခုကို ပို့စေ ချင်တယ်။ အဲဒါတော့ ရှိတယ်။ ကြိုးလည်း ကြိုးစားသွားမှာပါ။ ဒီဟာသည် သူတို့ လွှင့်ပစ်လို့လည်း မရဘူး။ ဖျောက်ဖျက်လို့ လည်း မရဘူး။ ဒါ အင်မတန် အရေးကြီးတဲ့ဟာ သူတို့ဆီမှာ ရှိမယ်လို့လည်း ကျနော် ယူဆတယ်။ ကြိုးစားကြည့်ရမှာပေါ့။

          မေး။ ။ ဒီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြီးအကဲတွေထိ စာပို့ပြီး တင်ပြတာတွေလည်း ရှိတော့ ဘာလုပ်ပေးစေချင် တာလဲ။ အဓိက ဘာပြောချင်တာ ရှိမလဲ။

          ဖြေ။ ။ အဓိက ပွိုင့်ကတော့ တခွန်းတည်းသော စကားပါပဲ။ သမီးလေးအတွက် အမှန်တရား ရှာပေးဖို့ ကျနော်က ပြောချင် တာပါ။ ပထမဆုံးအခြေအနေ တရားရုံးမရောက်ခင် အခြေအနေ တုန်းက ကျနော်ပြောခဲ့တယ်။ အခုချိန်မှာ ကျနော်တို့ ပညာရှင် ထွက်ဆိုချက်တွေ ကျနော်တို့ ရလာခဲ့ပြီ။ ပညာရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေ၊ ဆေးပညာရှင်ရဲ့ စစ်ဆေးတွေ့ရှိ ချက်တွေနဲ့ တရားလိုပြ သက်သေတွေရဲ့ ထွက်ဆိုချက်တွေ ကွဲလွဲနေတယ်။

          အဲဒီ ကွဲလွဲနေတာက ဘာကြောင့်လဲ။ ဒါတွေကို ကျနော်တို့က သမ္မတကြီးတင် မကဘူး။ ဒီ အာဏာရှိတဲ့သူ မှန်သမျှပေါ့။ လုပ်ပိုင်ခွင့် ရှိတဲ့သူမှန်သမျှကို ကျနော်တို့ တိုင်စာတွေ ပို့ထားတယ်။ ဒီနားမှားတယ်။ အဲဒီနား ဘာကြောင့် မှားရတာလဲ ဆိုပြီးတော့ စုံစမ်း စစ်ဆေးလို့ရအောင် ဆိုပြီးတော့ ကျနော်တို့ ပြောထားတာ။

          မေး။ ။ ဗစ်တိုးရီးယားအမှုမှာ ကျောင်းက တာဝန်ယူမှု၊ တာဝန်ခံမှု ဘာတွေ ရှိလဲ။ လိုင်စင် မတင်ထားလို့ ကျောင်းပိတ်ခံ ထားရတာလွဲရင် ဘာမှ မတွေ့ရဘူး။ ကျောင်းဘက်ကရော ဒီကာလမှ အမှုမှန် ပေါ်ပေါက်ဖို့အတွက် ဘာတွေ ကူညီပေးခဲ့ တာ ရှိပါသလဲ။

          ဖြေ။ ။ ကူညီခဲ့တာတော့ ဘာမှ မရှိဘူးဗျ။ တာဝန်ယူမှု တာဝန်ခံမှုကလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ စပြီး ရဲ စခန်းမှာ အမှုဖွင့်ကတည်းကိုက ဒီအမှု ဖွင့်တယ်။ ဒီမှတ်တမ်း တောင်းတယ်။ အဲဒီနေ့ကတည်းကိုက သူတို့က ကျောင်းမှာ ဖြစ်တာကို လုံးဝ လက်မခံဘူး။ ကျောင်းမှာ ဖြစ်တာထက်ကို ကလေးဖြစ်တာကို လက်မခံတာ။ ကလေးက မဟုတ်ဘူး။ မကျူးလွန်ခဲ့ဘူးပဲ သူတို့က ပြောတာ။

          ဘယ်လောက်ထိလဲ ဆိုတော့ ဒီကိစ္စ နေပြည်တော်မှာရှိတဲ့ Wisdom Hill ကျောင်းမှာ တက်တဲ့ ကျောင်းသား မိဘတွေ သိ တယ်။ ကျောင်းသား မိဘတွေကို ဗီဒီယိုဖိုင်နဲ့ ခေါ်ရှင်းပြတယ်။ ဒီကလေး မဖြစ်ခဲ့ပါဘူး ဆိုတာကို ခေါ်ရှင်းပြတယ်။ အဲဒါကို ထောက်ခြင်းအားဖြင့် ကလေးတယောက်ရဲ့ နစ်နာမှုကို မကြည့်ဘဲနဲ့ မိမိအကျိုးစီးပွား နစ်နာမှုကိုပဲ ရှေးရှုနေတယ်ဆိုတာ မြင်တွေ့ရတယ်။ ကျနော် ဒီလောက်ပဲ ပြောချင်တယ်။

          မေး။ ။ ဗစ်တိုးရီးယား ပါးစပ်ကနေ နာမည် တချို့ကို ထုတ်ပြောတာ ရှိတယ်။ လူမှုကွန်ရက်မှာလည်း အများစုက ဒီလို စွပ်စွဲ ပြောဆိုတာတွေ ရှိနေတော့ အစ်ကိုတို့ လုပ်သလိုမျိုး ဓာတ်ပုံပြ မေးမြန်းတာမျိုး၊ ဒါမှမဟုတ် မှန်တဖက်ကနေ မေးမြန်းတာ မျိုး ရဲက ဘာလို့ မလုပ်ခဲ့တာလဲ။ လုပ်ဖို့ရော အစီအစဉ်ရှိခဲ့တာရော တွေ့ဖူးလား။

          ဖြေ။ ။ သမီးနဲ့ ပတ်သက်ပြီးတော့ ကျနော် ပြောပြမယ်။ အမှတ်(၁) နယ်မြေ ရဲစခန်းမှာတုန်းက ရဲမေတွေရယ်၊ ရဲတွေရယ် အိမ်ကို ၃ /၄ ကြိမ်လောက် လာတယ်။ လာပြီးတော့ ကလေးကလည်း အဲဒီ ကာလမှာ အရမ်းစိတ်က ဖိစိမှုများနေတဲ့ အချိန်၊ ကလေးကလည်း ပြီးတော့ လူစိမ်းမြင်တော့ ကြောက်တာပေါ့ဗျာ။ ကလေးကို လာစစ်မေးကြတာပေါ့။

          အဲဒါနဲ့ CID ရောက်သွားတယ်။ ရောက်သွားတော့ ၆ လ ပိုင်း ၁၂ ရက်နဲ့ ၁၃ ရက်မှာ CID က ခေါ်စစ်တယ်။ ခေါ်စစ်တဲ့ အခါကျတော့ ကလေးက သွက်သွက်လက်လက် သူတို့ ရှေ့မှာ ဖြေတယ်။ ၂ ရက်စလုံး ဖြေနိုင်တယ်။ ကျနော်တို့ မေးတာ မဟုတ်ဘူး။ ကျောင်းက ဆရာမတွေ ခေါ်ပြီး မေးခိုင်းတာ။ ကျနော်တို့ မိဘတွေက ဘာမှဝင်ပြောခွင့် မရှိဘူး။ ဘေးမှာ ငုပ် တုတ်လေး ထိုင်နေရတာ။ ရဲမှူးရှေ့မှာ ကလေးကိုယ်တိုင် ဖြေနိုင်တယ်။ ကလေးတော်တော် ဖြေနိုင်ရဲ့သားနဲ့ တဆင့် တက်ပြီးတော့ ဘာကြောင့် ဓာတ်ပုံတွေ ပြပြီးတော့ မမေးခဲ့တာလဲ။ ဒါ ကိုယ်လည်း မသိဘူး။

          မေး။ ။ နေပြည်တော်က သမ္မတ တိုက်ရိုက် အုပ်ချုပ်တဲ့နေရာ ဖြစ်တယ်။ ပြောရရင် တရားဥပဒေ စိုးမိုးမှု ရှိတယ်ဆိုတဲ့ နေရာမျိုးမှာတောင် ဒီလို အမှုမျိုး မဖော်နိုင်တာ လူ့အဖွဲ့အစည်းမှာ တရားမျှတမှု အတွက် နေရာမရှိတော့ဘူးလို့ထင်လား။ ဒီလို အခြေအနေတွေကရော ဘယ်လို ရင်ဆိုင်ခဲ့ရလဲ။

          ဖြေ။ ။ နေပြည်တော် နယ်မြေမှာတင် မကဘူးပေါ့နော်။ သမ္မတ တိုက်ရိုက်ပဲ အုပ်ချုပ်ချုပ် မအုပ်ချုပ်ချုပ် တနိုင်ငံလုံး အ တိုင်းအတာနဲ့ ပြောတာပါ။ တရားမျှတမှုက ရှိကို ရှိရမယ်။ လိုအပ်တဲ့ အရာပေါ့ဗျာ။ နစ်နာတဲ့ လူရှိမယ်ဗျာ၊ နစ်နာတဲ့သူရှိ ရင် ကျူးလွန်တဲ့သူ ရှိကို ရှိရမယ်။ ကျနော့် သမီးလေးသည် ကျူးလွန်ခံရတယ်ဆိုတာ ဖြစ်ခဲ့ပြီးပြီ။ အဲဒီတော့ ကျူးလွန်တဲ့ သူရှိကို ရှိရမယ်။ တရားမျှတမှု ရှိကို ရှိရမယ်။ ကျနော်တို့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ တရားမျှ တမှုရဖို့အတွက်ကတော့ ဆက်လျှောက်ရမှာပဲ။

          မေး။ ။ အစ်ကိုတို့ မိဘ၂ ပါးစလုံးက အစိုးရ ဝန်ထမ်းတွေ ဖြစ်တယ်။ လစာမဲ့ ခွင့်ယူထားရတယ်ဆိုတော့ ဘယ်လောက် ကြာပြီလဲ။ ရုံးနဲ့ရော ဘယ်လိုမျိုး ညှိယူထားလဲ။ ပုံမှန်ဝင်ငွေလည်း မရှိတော့ဘူးဆိုတော့ ဘယ်လို အခက်အခဲတွေ ရှိခဲ့ပါ သလဲ။

          ဖြေ။ ။ ရုံးနဲ့ကတော့ ကျနော်တို့က လစာမဲ့ ခွင့်တင်ထားတာပါပဲ။ ကျန်တာတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ စား ဝတ်နေရေး အခက်အခဲကတော့ ဒါကတော့ မပြောတော့ပါဘူး။ သမီးလေး အမှန်တရား မပေါ်မှာစိုးတဲ့ စိတ်ဆန္ဒနဲ့စာရင် ကျန်တာ အကုန်အသေးအဖွဲပဲ။ ကျန်တာတွေက စကားထဲလည်း ထည့်ပြီး မပြောချင်ပါဘူး။ (ပြုံးလျက်)

          မေး။ ။ ကျောင်းမှာ တပ်ထားတဲ့ CCTV အခင်းဖြစ်တဲ့နေ့ ပျက်တာတွေ ပြန်ဆယ်ဖို့ နည်းပညာ ကျွမ်းကျင်သူတွေက ပြန် ဆယ်ဖို့ဆိုပြီး အစ်ကို အပါအဝင် တရားရုံးမှာ ညလုံးပေါက် စောင့်ပြီး ဖော်ထုတ်ကြတယ်လို့ သိရပါတယ်။ အခု CCTV နောက်ဆုံး အခြေအနေက ဘယ်လို အခြေအနေမျိုးလဲ။ အဲဒီ မှတ်တမ်းတွေ အကုန်ပြန်ဖော်နိုင်ရင်ရော အဖြေက ဘယ်လို မျိုးထွက်လာနိုင်ပါသလဲ။

          ဖြေ။ ။ အဲဒီနေ့က CCTV ကို စစ်တယ်။ စစ်တဲ့ အခါကျတော့ သူက ၃ ပိုင်း စစ်တယ်။ ပထမတပိုင်းက မန်မိုရီစတစ်၊ သက် သေခံ အဖြစ် တရားရုံးကို တင်တဲ့ မန်မိုရီစတစ်ကို စစ်တယ်။ စစ်တဲ့အခါကျတော့ တရားရုံးကို တင်တာ ၁၁ ဖိုင်ရှိ တယ်။ Recovery Software နဲ့ ပြန်ဖော်တာ နောက်ထပ် ၁၈ ဖိုင် ထပ်ထွက်လာတယ်။ ဆိုတော့ ၂၉ ဖိုင် ရှိတယ်။ ခုနက ကျနော် ပြောသလိုပဲ ဖိုင်တွေကို အမျိုးမျိုး ကစားထားတယ်။ အဲဒီဖိုင်တွေသည် စက်ထဲက တိုက်ရိုက်ထွက်ပြီး အဲဒီလို မဖြစ်ဘူး။ သူက ၁ နာရီကြား၊ ၁ နာရီကြား၊ ၁ နာရီကြား အဲဒီလို ထွက်ရမှာ။ ဒါက မန်မိုရီစတစ်။

          နောက် CCTV – DVR ကြီးပေါ့နော်။ DVR ကြီးကို စစ်တဲ့ အခါမှာ ဘယ်လိုဖြစ်လဲ ဆိုတော့ အထဲက Hard Disk ကို အသုံး ပြုထားတဲ့ ရက်စွဲက တခု၊ ဒီ DVR စက်ကို အသုံးပြုထားတဲ့ ရက်စွဲက ၁ ခု၊ နောက်ပြီး DVRမှာ Hard Disk ၂ လုံးစာရှိ သော်လည်း ၁ လုံးပဲ ရှိတယ်။ ပထမတလုံး တပ်ခဲ့ဖူးတယ်ဆိုတဲ့ မူလီစုပ်ရာတွေ တွေ့တယ်။ နည်းပညာရှင်တွေရဲ့ အမြင် အရ။ နောက်ပြီး ကင်မရာ ၃၂ လုံး တပ်ထားတယ်ဆိုရင် 2 TV ဆိုတဲ့ Hard Disk တလုံးတည်းနဲ့ တပ်ထားတာ အဓိပ္ပာယ် မရှိဘူးလို့လည်း သုံးသပ်တယ်။

          နောက်တခါ အဲဒါကြီးကို Recovery Software နဲ့ပြန်ဆယ်တဲ့ အခါမှာ ဒီ CCTV –Hard Disk နဲ့ဆိုရင် ထွက်လာမယ့် ဟာ တွေက JPEG(ဓာတ်ပုံ) ဖိုင်တွေ ထွက်လာစရာ အကြောင်း မရှိဘူးဗျာ။ JPEG တို့ ၊ Software တို့ ထွက်လာတယ်။ ထွက် လာတယ်ဆိုတော့ ဒါက နည်းပညာရှင်ကတော့ ဒီ Hard Disk ကို အခင်းဖြစ်တဲ့ ကာလမှ အသုံးပြုတဲ့ Hard Disk ဖြစ် ကြောင်း သူအာမခံနိုင်ဘူး။ ဆုံးဖြတ်ချက် မချနိုင်ဘူးလို့ ဒါ နည်းပညာ စကားအရ ပြောတာပဲ။ တည့်တည့်ပြောရင် လဲ တာပဲ။

          CCTV Hard Disk ဆိုရင် ဘာမှ JPEG ဖိုင် ထွက်စရာ အကြောင်းမရှိဘူး။ လောလောဆယ်တော့ အဲဒီလို တွေ့ရှိတယ်။ တွေ့ ရှိပြီးတော့ အဲဒီရက်မှာပဲ တရားခွင်ကြီး ပြီးသွားတယ်။ ပြီးသွားတော့ ကျနော်တို့က CCTV နဲ့ ပတ်သက်လို့ကတော့ စောစော ပိုင်းက ကျနော်ပြောခဲ့သလိုပဲ ဒီ CCTV ကိုင်တဲ့ တာဝန်ခံ ပြောခဲ့တဲ့ စကားနဲ့ နည်းပညာရှင် ထွက်တဲ့စကား ဘယ်လို ကွဲလွဲတယ်။

          ဒီ Hard Disk ကြီးက အချင်းဖြစ်တဲ့နေ့တုန်းက သုံးခဲ့တာ မဟုတ်ဘူး။ ဖိုင်တွေကို အမျိုးမျိုး ပြင်ထားတယ်။ ဒါတွေကို ကျနော်တို့ ပြောနိုင်ခဲ့တယ်။ ပြောနိုင်ခဲ့တယ်ဆိုတာက တရားခွင်မှာကို ကျမ်းကျိန်ပြီးတော့ကို ပညာရှင်တွေက ထွက်ဆို ခဲ့တယ်။ ကျနော်တို့ဘက်က တတ်နိုင်တာ အဲဒီလောက်ပဲဗျ။ အဲဒါတွေကို ဆက်စပ်ပြီးတော့ ဘယ်လို လုပ်ရမလဲဆိုတာ ကျနော်တို့ လုပ်လို့ မရဘူးလေ။

          မေး။ ။ ရဲတပ်ဖွဲ့က ဒီအမှုကို ဖော်ထုတ်တဲ့ နေရာမှာ အားမရတဲ့ အချက်တွေရော ရှိပါသလား။ ရှိတယ်ဆိုရင်ရော ဘယ်လို အချက်တွေ ရှိပါသလဲ။

          ဖြေ။ ။ အားမရတဲ့ အချက်တွေ ရှိလားဆိုတော့၊ ကျနော် ပြောပြမယ်ဗျ။ ဒီဟာက အစတည်းကိုက ခုန ပြောတဲ့ CCTV နဲ့ ဆက်စပ်ပြီးတော့ ၁၆ ရက် ညကြီးပေါ့ဗျာ။ ၂ နာရီ ထိုးလောက်ကြီးဆိုတော့ ၁၇ ရက် မနက်အစော ပိုင်းကြသွားတာပေါ့။ ကျနော့် အမျိုးသမီး ညဘက်ကြီး ရဲစခန်းကို သွားတယ်။ FIR (အမှု) သွားဖွင့်တယ်။ သွားဖွင့်တဲ့အခါမှာ ဘာဖြစ်လဲဆိုတော့ သူ့ရဲ့ဆန္ဒက ညတွင်းချင်း အဲဒီ CCTV ကို သွားသိမ်းစေချင်တာ။ ဒီမှတ်တမ်းရှိမှ ဖြစ်မယ်ဆိုပြီးတော့ မရခဲ့ဘူး။ FIR မဖွင့်ခဲ့ ရဘူး။

          ၁၇ ရက် မနက် ကျနော် ရောက်လာတယ်။ ကျနော်တို့ ရဲစခန်း သွားတယ်။ ရဲတပ်ဖွဲ့နဲ့။ အဲဒီတုန်းက ကျနော်တို့ မျှော်လင့် ထားတာက ကျောင်းက အခန်းထဲမှာ ရှိမယ်လို့ မျှော်လင့်ထားတာ။ ကျောင်းက အခန်းထဲမှာ မရှိဘူးတဲ့။ မရှိတော့ ကျနော် လေ့လာကြည့်တော့ ကျောင်းအဝင်ပေါက်ကို ထိုးထားတဲ့ CCTV တွေ့တယ်။ ကျနော်က အဲဒီ မှတ်တမ်း လိုချင်တယ်။

          လိုချင်တယ်ဆိုတာ ရဲတပ်ဖွဲ့ကို ကျနော် စစ်ဆေးခိုင်းစေချင်တာ။ ကျနော့်ကို ပေးပါလို့ ပြောတာ မဟုတ်ဘူးနော်။ ဒါရဲတပ် စစ်ဆေးဖို့ လိုအပ်တယ်လို့ ကျနော်က ထောက်ပြတာ။ ပြီးတော့ ကျနော်က တခါတည်း ပြောတယ်။ ၁၆ ရက်ပါမကဘူး။ ၁၅၊ ၁၄၊ ရှေ့ ၂ ရက်၊ ၃ ရက်ပါ ယူပေးပါ။

          ဆိုတော့ ကျောင်းဘက်က တာဝန်ရှိတဲ့သူကလည်း ဒီဟာသည် ၅ ရက် ခံတယ်။ ဆိုတော့ ကျနော်က ရှေ့ကဟာပါ ယူပေး ပါ။ ပုံမှန် အဝင်/အထွက် ရှိတဲ့သူတွေ ကျနော် လေ့လာဖို့ လိုအပ်တယ် ပြောတယ်။ ဒါပေမယ့်လည်း မရခဲ့ဘူး။ နောက် ၁၉ ရက်မှာ ကျနော် ထပ်ပြီးတော့ အမှုစစ်ကို ကျနော် ထပ်ဖုန်းဆက်တယ်။ ရပြီလား မေးတယ်။ မရဘူး။ မန်မိုရီ မလောက်လို့ ဘာလို့ ဆိုပြီးတော့ ကျနော့်ကို အမျိုးမျိုး အကြောင်းပြတယ်။

          အဲဒီအချိန်ထိ ၅ ရက်ဆိုတာ ပျက်မသွားသေးဘူး။ ရှိသေးတယ် အချိန်ဖြစ်တယ်။ အမှန်တကယ် ဖြစ်သင့်တာက စဖွင့်လျှင် ဖွင့်ခြင်းကိုပဲ ဒီဟာကို သမီးလေးသည် အဲဒီ ၁၆ ရက် အများဆုံး နေထိုင်သွားတဲ့ အချိန်သည် အဲဒီကျောင်းမှာနေသွားတာ။ ကျနော်ပြောတာ ရှင်းရှင်းလေးပဲ။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီမှတ်တမ်းကို မသိမ်းဘူး ဆိုရင်တောင် ဒီ Hard Disk ကို ဆက်ပြီးတော့ အလုပ် မလုပ်ဖို့ သူတို့ ရဲတပ်ဖွဲ့ အနေနဲ့ သိမ်းကို သိမ်းထားရမှာ။ အဲဒါမှ တကယ့် တကယ် လိုအပ် တဲ့အခါ အကုန်လုံး ပြန်ကြည့်လို့ရမှာ။

          ဒီအမှုနဲ့စတဲ့ ပြဿနာသည် အဲဒီက စတာ။ အဲဒီလိုမျိုး အားနည်းချက်တွေ ရှိတာပေါ့ဗျာ။ ဆိုလိုတာက ကျနော်တို့ ဆရာဝန် ဆေးရုံသွားပြတယ်။ ဆေးရုံက ဒီမုဒိမ်းမှု ကျူးလွန်ခံရတဲ့ လက္ခဏာရှိလို့ ရဲတပ်ဖွဲ့ကို ရဲဆေးစာအရ စစ်တယ်။ အဲဒီအခါမျိုး မှာ ဘာကိစ္စများ၊ ဘာကြောင့်များ ဒီ Hard Disk ကို သူတို့ မသိမ်းရဲရတာလဲ။

          CID ကိုရောက်တော့ ဇွန်လ ၃ ရက်က ရောက်တယ်။ ရောက်တော့ ရှေ့ကဟာတွေ ပျက်နေတယ် ဆိုပေမယ့် အဲဒီ Hard Disk ကို အဲဒီအချိန်မှာ ဖော်ရင်ရသေးတယ်။ Recovery Software နဲ့ ကျနော်တို့ CID မှာ ပြန်ဖော်တဲ့ စက်တွေ ရှိတယ် လို့လည်း ကျနော်တို့ သိထားတယ်။

          ကျနော်တို့ နည်းပညာရှင်တွေ ပြောစကားအရ သူတို့သည် နာရီ ၃၀ ကျော်အောင် လုပ်ခဲ့ရတယ်။ အဲ့ဒီ CID မှာ ရှိတဲ့စက်နဲ့ ဖော်ရင် အဲဒီလောက်မကြာဘူး။ လုပ်လို့ ရတယ်။ ဒီမှတ်တမ်းကို သိမ်းကိုသိမ်းရမှာ။ အမှတ် ၁ နယ်မြေ ရဲစခန်းရော၊ CID ရော၊ CID ရောက်တဲ့ အချိန်မှာ နောက်မကျသေးဘူး။ သိမ်းလို့ ရသေးတယ်။ မသိမ်းဘူး ပြန်ပေးလိုက်တယ်။ အဲဒီ ပြဿ နာက အားရမှု၊ ကျေနပ်မှု ရှိလား၊ မရှိဘူးလား ဆိုတာကိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။

          မေး။ ။ အောင်ကြီး လွတ်ပြီးနောက်ရက် ရဲဘက်က သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ ပထမ သတင်းပေး တိုင်တန်းချက် အစရှိတာတွေကို အသေးစိတ် ပြောတဲ့အပြင် ကလေးအဖေ ကိုယ်တိုင် CCTV မှတ်တမ်းအရ အောင်ကြီးပါ ဆိုပြီး ပြောဆို တာတွေ ရှိတယ်။ နောက်ပိုင်း မဟုတ်တော့ဘူးဆိုပြီး ပြန်ပြောတာ အစရှိသဖြင့် ရဲဘက်က ဒါတွေ ထောက်ပြသွားတာတွေ လည်း ရှိတယ်။ အဲဒါကိုရော ဘာများ ပြောချင်ပါသလဲ။

          ဖြေ။ ။ ပထမ သတင်းပေး တိုင်ကြားချက်က၂ ပိုင်းပေါ့။ ပထမ ကျနော် မပါဘူး။ ကျနော့် အမျိုးသမီး ညဘက်ကြီး သွားဖွင့် တယ်။ နောက်တခုက ဒီ ပထမ သတင်းပေး တိုင်ကြားချက်မှာ ကိုကိုဆိုတဲ့ ကိစ္စလေ။ ဒီဟာကတော့ဗျာ။ ရှင်းစရာ အကြောင်းကို မရှိပါဘူး။ ကျနော်တို့က ၁၆ ရက်မှာ ဆေးရုံနဲ့ ရဲစခန်းနဲ့ တညလုံး အမျိုးသမီးရော၊ ကလေးရော သွားနေရ တာလေ။ ၁၇ ရက်မှာလည်း ကျနော်တို့က ရဲစခန်း၊ ကျောင်း၊ ဆေးရုံ ဒီလိုမျိုး သွားနေရတာ။ ကျနော့် ထွက်ချက်မှာလည်း အသေးစိတ် ပါပြီးသားပါ။ ကျနော် ဒီကိစ္စတွေ ထပ်ပြီးတော့ မပြောချင်တော့ပါဘူး။ စိတ်ထဲ ခံပြင်းတယ်။ မပြောချင်တော့ ဘူး။

          နောက်တခုက ပထမ အောင်ကြီးပါလို့ ပြောတယ်။ အောင်ကြီး မဟုတ်တော့ဘူး။ ကျနော်တို့က CCTV ကို ၁၈ ရက်ညမှာ သွားကြည့်တယ်။ ၁၇ ရက်မှာ သူတို့ အမှုဖွင့်ပေးလိုက်ပြီ။ ၁၈ ရက်က နေ့လယ်ပိုင်း ကျနော့်အမျိုးသမီး ရဲစခန်းမှာ ထွက် ချက် သွားပေးတယ်။ အိမ်မှာ ကျနော် ကလေးထိန်း ကျန်ခဲ့တယ်။ မေးခဲ့လား ဘာထူးလဲ။ ဘာမှ မထူးဘူး။ ကျနော် ညနေ ပိုင်းသွားပြီး ထွက်ချက်ပေးတယ်။ ဘာထူးလဲ မေးတယ်။ ဘာမှ မထူးဘူး။ ကျနော် ညဘက် ထပ်သွားကြည့်တယ်။ ကြည့် တော့ ဒီ အမျိုးသား တယောက် ဝင်သွားတယ်။ အဲဒီ အမျိုးသားသည် အောင်ကြီးလား ဘာလား ကျနော်မသိဘူး။

          ကျနော် သိတာက ဘယ်သူမှ မဝင်ဘူးဆိုတဲ့ ကျောင်းထဲ အမျိုးသား တယောက် ဝင်သွားတယ်။ ဒါပြောတယ်။ အဲဒါသည် ကျနော်က အောင်ကြီး တရားခံလို့ ပြောတာ မဟုတ်ဘူး။ အဲဒါ သူတို့အလုပ်ကိုယ်က သွားပြီး စုံစမ်း စစ်ဆေးရမှာ သူတို့ အလုပ်။ ကိုယ်ကသွားပြီး စစ်ဆေးလို့ ရတာ မဟုတ်ဘူးလေ။

          မေးခွန်းက၂ ပိုင်း။ နောက်ပိုင်းကျတော့ အောင်ကြီး မဟုတ်တော့ဘူး ဖြစ်သွားတာ။ အစ်ကို့ ထွက်ချက်တွေ ပြန်ဖတ်ကြည့် ပါ။ အောင်ကြီးမဟုတ်ဘူး တခွန်းမှ မပြောခဲ့ဘူး။ အမှန်တိုင်း ပြောခဲ့တာ။ ကလေးပြောတဲ့ စကားသည်လည်း ဒီအတိုင်း ပြောခဲ့တာ။ ကိုယ်ကြုံတွေ့ခဲ့ရတာ အသေးစိတ် ပြောခဲ့တာ။ အောင်ကြီး မဟုတ်ဘူးလို့ တရားရုံးက သုံးသပ်တာလည်း အစ်ကိုပြောတာနဲ့ ကျတော့ အဓိပ္ပာယ်ခြင်း ကွာတယ်လေ။ အစ်ကိုတို့ ထွက်ချက်တွေမှာ အောင်ကြီး မဟုတ်ဘူးလို့ တခွန်း မှ မပြောခဲ့ဘူး။

          မေး။ ။ အခု အခြေအနေက အောင်ကြီးကို တရားရှင် လွှတ်ထားတယ်။ ဒီအမှုကို အစ်ကိုတို့အနေနဲ့ ဘာများဆက် လုပ် သွားဖို့ ရှိပါသလဲ။

          ဖြေ။ ။ အစ်ကိုတို့မှာက ဘာလုပ်ခွင့်ရှိမှာလဲ။ သာမန်ပြည်သူတွေပဲလေ။ ဒီတရားရုံးမှာလည်း လိုအပ်တဲ့ အိုင်တီ ပညာရှင် တွေ ရှာပြီး ဆက်သွယ်ပြီးတော့ အကူအညီတောင်းတယ်။ အကုန်လုံး ဒါတွေ လုပ်ခဲ့တယ်။ ဒါတွေ အစွမ်းကုန် လုပ်ခဲ့တယ်။ အမှန်တရား ပေါ်ပေါက်ဖို့အတွက် အခုလို မီဒီယာကို ဖြေတာကိုပဲ လုပ်တယ်လို့ပဲ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စောစောက ပြောခဲ့သလိုပေါ့။ လုပ်နိုင်စွမ်း ရှိတဲ့သူတွေ၊ စီရင်နိုင်စွမ်းရှိတဲ့သူတွေ သိပါစေတော့ သဘောပဲ။ ဒီဟာတွေ၊ ဒီဟာတွေ လွဲမှားနေတယ်ဆိုတဲ့ဟာတွေပေ့ါ။

          မေး။ ။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတဲ့ သက်မဲ့သက်သေ အထောက်အထားတွေ အပေါ်ကိုရော ဘာများ ပြောချင် ပါသလဲ။

          ဖြေ။ ။ အစ်ကိုတို့ ဒီတရားခွင်မှာသူတို့ အမှုစပြီး တရားရုံး ရောက်ပြီဆိုတော့ ကျနော်တို့ အမှုတွဲ မိတ္တူဆိုတာ ရှိတယ်။ ဒါကို မိတ္တူကူးလိုက်တယ်။ သက်မဲ့သက်သေတွေ ပါတယ်။ နောက် သတင်းစာ ရှင်းလင်းပွဲမှာ သူတို့ တဖွဖွ ပြောသွားတယ်။ တဖွဖွ ပြောတယ်ဆိုတာ မီးမီးကို လုပ်တာ ဒီလူပါ။ ဒီသမီးလေးက မီးမီ သေနတ်နဲ့တောင် ပစ်ချင်တယ်ပြောတဲ့ ဗီဒီယိုဖိုင် ပေါ့လေ။ အဲဒီဖိုင်ကို ရဲတပ်ဖွဲ့က ဒါ သက်မဲ့သက်သေထဲမှာ ထည့်ထားတယ်။ အင်မတန် အရေးကြီးတယ်လို့ သူတို့ ပြောခဲ့ တယ်။ ဘယ်နား လွဲနေလဲတော့ မသိဘူး။ တရားခွင်ထဲ အဲဒါ ပါမလာဘူး။ သူတို့ သိရောသိရဲ့လားတောင် မသိဘူး။

          သူတို့ပြောတဲ့ အရေးကြီးတဲ့ သက်မဲ့သက်သေ တရားခွင်ထဲ ပါမလာဘူး။ တရားခွင်ထဲ ပါလာတဲ့ အခွေက မီးမီးလေးက သူ့ ဒီနေရာကို လုပ်တယ်ဆိုတဲ့ သူကျုးလွန်ခံရတဲ့ လက်ညိုးထိုးပြတဲ့ ဖိုင်ဖြစ်တယ်။ သူတို့ ပြောတဲ့ အကျီၤအဖြူ၊ ပုဆိုး အပြာကို ဗီဒီယိုဖိုင် မပါလာဘူး။ ဘယ်လို လွဲနေလဲ၊ ဘယ်လို မှားနေလဲ၊ ဘာကြောင့် ပေါ်ပေါ်တင်တင်ကြီးကို ဒါကြီးကို လွဲမှားစွာကြီး ဖြစ်သွားခဲ့တာလဲဆိုတာ တချက်။ ဒါ သက်မဲ့သက်သေ တခုတည်းမှာပါတဲ့ တခု။

          နောက် CCTV ကတော့ အများသိတဲ့ အတိုင်းပဲ။ CCTV ကတော့ အကုန်လုံးကတော့ ဝိုင်းစောင့်ကြည့်နေတဲ့ အမှုမှာ CCTV ၁ မိနစ်မှ ပျက်လို့ မရပါဘူး။ CCTV မှာ ဖျက်ကနဲ လူတယောက် ဝင်သွားတာ၊ ထွက်သွားတာကြည့်လို့ ရတယ်။ အဲဒါကို ၃ ကြိမ် ပျက်သွားတယ်။အနိမ့်ဆုံး ကြာချိန်သည် ၄ မိနစ်ကျော်ကျော် ၅ မိနစ်လောက် ရှိမယ်ထင်တယ်။ ၃ ကြိမ် ပျက်ထားတယ်။ ဒါက သက်မဲ့သက်သေ နောက်တခု။

          မတင်လိုက်ရဘူး ဆိုတဲ့ သက်မဲ့သက်သေ။ သမီးလေး ဘောင်းဘီမှာ သုတ်ပိုးတွေ့တယ်။ အောင်ကြီးရဲ့ဘောင်းဘီမှာ သုတ် ပိုးတွေ့တယ်။ အဲဒီ၂ ခု မတင်လိုက်ရဘူးပေါ့ဗျာ။ ဒီအမှုမှာ သက်သေခံ ပုံစံနဲ့ သိမ်းတဲ့အခါမှာ နယ်မြေမှူးတွေ ပါတယ်လေ။ အဲဒီနယ်မြေမှူး ထွက်သွားတဲ့ ထွက်ချက်ထဲမှာ ပါပြီးသား။ အောင်ကြီးကို သိမ်းတာ ၃၁ ရက်မှာ သိမ်းသွားတာ။ အခင်းဖြစ် တာသည် ၁၆ ရက်မှာ ဖြစ်တာ။ ဆိုတော့ကာဗျာ။ ဒါက Open Court ကြီးဗျာ။ လူတကာဝိုင်း လေ့လာနေတဲ့ Court ကြီး ဗျာ။ ဒီ ၁၅ ရက် ကွာဟနေတဲ့ ဘောင်းဘီသိမ်းမှု တခုတည်းနဲ့ ဘယ်လိုများသွားပြီးတော့ တိုက်ဆိုင် စစ်ဆေးမလဲတော့ ကျ နော် မသိဘူး။ အဲဒီတော့ သက်မဲ့သက်သေ ၃ ခု အခု ကျနော် ရှင်းပြခဲ့တယ်။

          သမီးလေး ပြောခဲ့တယ်ဆိုတဲ့ ဗီဒီယိုဖိုင်၊ သမီးလေးက လက်ညှိုးထိုးပြတဲ့ ဗီဒီယိုဖိုင် မပါခဲ့ပါဘူး။ တရားရုံးမှာ မတင်ခဲ့ပါဘူး။ ဒါက ရဲတပ်ဖွဲ့ ကျနော့်ဆီက သိမ်းသွားတယ်။ သူတို့တင်တဲ့ အထဲမှာ မပါလာဘူး။ CCTV ကသိတဲ့ အတိုင်းပဲ။ ပညာရှင်တွေ စစ်တဲ့ အဆင့်ထိကို ဖြစ်သွားတယ်။ အပိုင်းပိုင်းပြတ်တာတွေရော၊ ဘာတွေရော အစုံပဲ။ ဖြစ်သွားတယ်။ နောက် ဒီမတင် လိုက်ရတဲ့ဟာက ရာအိမ်မှူးရဲ့ ထွက်ချက်ထဲမှာကို ပါသွားပြီ။ ၃၁ ရက်မှာ သိမ်းသွားတယ်။

          အဲဒီမှာ ထက်ပြီး ပြောစရာ ရှိတာက ဒီသက်မဲ့ သက်သေဆိုတာက ဘောင်းဘီ အပြာမှာတွေ့တယ်။ ဘာကို ညွှန်ပြလဲဆို တော့ ဘောင်းဘီအပြာကို ဆရာမတွေက ၃ ယောက်စလုံးက ထွက်ထားတယ်။ ၂ နာရီထိုးမှာ လဲပေးလိုက်တယ်တဲ့ မိတ်ကပ်ရောင် ဘောင်းဘီကို ဆိုတော့ ရဲတပ်ဖွဲ့ အနေနဲ့ ဒီ ဓာတုဗေဒရုံးက ပြန်စာတွေအကုန်လုံး၊ ဆရာမတွေရဲ့ စစ်ချက် တွေ အကုန်လုံးက တရားရုံး မရောက်ခင်တည်းက သူတို့လေ့လာပြီးသား။

          သူတို့သည် အဦးဆုံး လေ့လာရတဲ့ အဖွဲ့ပဲ။ အဲဒီတော့ စဉ်းစားကြည့်ဗျာ။၂ နာရီထိုးမှ ဘောင်းဘီ လဲပေးလိုက်တယ်။ သူတို့ အချိန်ကာလအားဖြင့် ချုံ့လို့ရတယ်။ နေရာအားဖြင့် ချုံ့လို့ ရသွားပါပြီ။ ၂ နာရီ အရှေ့ပိုင်း ဖြစ်သွားပြီ။ အောင်ကြီး ဝင်လာ တာသည် ၃ နာရီ ၁၂ မိနစ်။ ဒီဟာကို သူတို့ အရင်ထဲက သူတို့ သိတယ်။ ဒါသူတို့ အရင်ဆုံး လေ့လာရတာလေ။ အဲ့ဒါကို အောင်ကြီးကို တရားခံပါ ဆိုပြီး စွဲတင်လိုက်တယ်။ အခု ကြာချိန်က တရားရုံးမှာဆိုရင် ၅ လလောက် ကြာသွားတယ်။ အဲဒီအချိန်ကာလကြီးက အောင်ကြီး တရားခံ ဆိုတော့ တရားခံ အစစ်က လွတ်မနေဘူးလား။ ဒါကတော့ မေးခွန်းတွေ ထုတ်စရာ ရှိတာပေါ့။

          မေး။ ။ အခုကလေးရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လို ရှိပါလဲ။ ဘယ်လိုမျိုး ဖြတ်သန်းနေပါလဲ။

          ဖြေ။ ။ ကလေးက အရင်တကည်းက ဉာဏ်အရမ်းကောင်းတဲ့ ကလေးဆိုတော့ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ချင်တာပေါ့။ ကျနော်ကတော့ ကျောင်းမထားရဲတော့ဘူး။ ပြီးတော့ ကျောင်းမထားရဲလို့ အိမ်မှာ အဖေနဲ့အမေ စုံစုံညီညီ နေရလားဆို တော့ မနေရပြန်ဘူး။ ကျနော်က ဒီအမှုကိစ္စနဲ့ ဒီရောက်နေတယ်။ သူတို့ သားအမိက ရန်ကုန်မှာ နေရတယ်။

          စောစောက ကျနော်ပြောခဲ့သလိုပေါ့။ အမှန်တရား မပေါ်ရင် စိတ်မဖြောင့်ဘူးဆိုတော့ ကိုယ့်ကလေးကို အချိန်ပြည့် မပေး နိုင်ဘူးပေ့ါ။ ကလေးအနေနဲ့ စိတ်ခံစားမှုကတော့ ပြင်းထန်တာပေါ့။ အဖေ၊ အမေနဲ့ တူတူမနေရဘဲ ခွဲနေရတော့ ဖြစ်တာ ပေါ့။ ကိုယ်လည်း သမီးလေးကို သတိရတာပေါ့။ ဒါပေမယ့်လည်း ဒီအမှန်တရားရှာဖို့ အတွက် ဒီနေပြည်တော်မှာနေပြီး တိုင်ပင်ဆွေး နွေးနေမှလည်း ဖြစ်မှာလေ။

          ဆက်စပ်ဖတ်ရှုရန်

          ဗစ်တိုးရီးယားအတွက် အမှန်တရား ကူကယ်ရာမဲ့နေဟု ဖခင်ပြော

          ဗစ်တိုးရီးယား အမှု ထိုင်းနိုင်ငံတွင် DNA စစ်ဆေးခွင့်ပြုရန် ဖခင်ဖြစ်သူ တောင်းဆို

          Your Thoughts …
          Tags: CCTVWisdom Hillကိုအောင်ကြီးဗစ်တိုးရီးယားအမှန်တရား
          ထက်နိုင်ဇော် & မိုးမိုး

          ထက်နိုင်ဇော် & မိုးမိုး

          Similar Picks:

          နေပြည်တော် ကလေးငယ် အဓမ္မမှုအတွက် တရားမျှတမှု တောင်းဆိုကြသော ဆိုရှယ်မီဒီယာ ကန်ပိန်း စတစ်ကာ

          နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်

          by ဧရာဝတီ
          30 June 2019
          381.6k

          နေပြည်တော်မှ Wisdom Hill အမှု မှ ကာယကံရှင် ကလေးငယ်၏ ဖခင်ကို ဧရာဝတီက ချည်းကပ်ခဲ့ရာ ဖြေကြားရန် သဘောတူခဲ့ပါသည်။

          ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

          ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့တာဝန်ရှိသူများကို တရားစွဲနိုင်ရေး သမ္မတထံ ခွင့်ပြုမိန့်တောင်းခံ

          by မိုးမိုး
          14 January 2020
          13k

          တရားစွဲ ခွင့်ပြုမိန့် ကျမှသာလျင် တရားစွဲဆိုခွင့်ရှိကြောင်း၊ ခွင့်ပြုမိန့် မတောင်းခံဘဲ တရားစွဲဆိုပါကလည်း တရားရုံးဘက်မှာ လက်ခံပြီး စစ်ဆေးပေးခြင်း မရှိကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။

          ယနေ့ပြုလုပ်သည့် ၆ ကြိမ်မြောက် ရုံးချိန်း / ထက်နိုင်ဇော် / ဧရာဝတီ

          လိင်အကြမ်းဖက်မှု ကိုကို ၂ ယောက်လုပ်ဟု ဗစ်တိုးရီးယား ထွက်ဆို

          by မိုးမိုး
          11 September 2019
          45.3k

          ကလေးငယ်ကို မေးခွန်းများမေးသည့် အခါမှာ ဓာတ်ပုံများကို ဖြန့်၍ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ တရားခံဟု စွပ်စွဲခံထားရသည့် ကိုအောင်ကြီး၏ ဓာတ်ပုံကို ပြသရာတွင် အောင်ကြီးကို မသိကြောင်း ကလေးက ထွက်ဆိုခဲ့သည်

          ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက် ကလေးငယ်များ စိတ်ချလုံခြုံရေးနှင့် လိင်အမြတ်ထုတ်မှုအပေါ် ဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ် / အောင်ကျော်ထက်

          သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အခါ

          by ဇူးဇူး
          6 July 2019
          14.8k

          မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှု ရာခိုင်နှုန်း ၂၀၁၆ တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၆၄ ရာခိုင်နှုန်း၊ ၂၀၁၈ ဧပြီလထိ ၆၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပြီး အဆိုပါ ရာခိုင်နှုန်းများက သက်ငယ်...

          လုပ်ကြံသတ်ဖြတ်ခံရသည့် အငြိမ်းစား စစ်တပ်အရာရှိဖြစ်သူ ရန်ကုန်လေဆိပ် Operation ဒါရိုက်တာ ဦးရဲခိုင်

          အငြိမ်းစား စစ်တပ်အရာရှိ ရန်ကုန်လေဆိပ် Operation ဒါရိုက်တာ ဦးရဲခိုင် ပစ်သတ်ခံရ

          by ဧရာဝတီ
          20 June 2023
          5k

          စစ်ကောင်စီဘက်က တင်းကျပ်ထားမှုများရှိနေသော်လည်း မြို့ပြပြောက်ကျားရဲဘော်များ၏ ကျွမ်းကျင်မှု နှင့် ပြည်သူများ၏ ဝန်းရံကူညီမှုတို့ကြောင့် မစ်ရှင်များ တခုပြီးတခု လှုပ်ရှားလာနိုင်ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ နာမည်မဖော်လိုသည့် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုသည်။

          ဗစ်တိုရီးယားပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သည့် အကောင့်

          ဗစ်တိုရီးယား ဓာတ်ပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သူကို တရားစွဲရန်ပြင်

          by မိုးမိုး
          27 July 2019
          40.4k

          လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် ဗစ်တိုးရီးယား၏ ဓာတ်ပုံများကို ရှာ၍ အများသိအောင် ဖြန့်ဝေသွားမည်ဟု ခြိမ်းခြောက်သူကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ လိုက်ပါ ဆောင်ရွက်နေသူ ဒေါက်တာ ဝင်းကိုကိုသိန်း (သက္ကမိုးညို) က ပြောသည်။

          Next Post
          မင်းသား Cillian Murphy

          မင်းသား Cillian Murphy ရဲ့ ဇာတ်ကောင်ကို မိတ်ဆက်ပြသခဲ့တဲ့ "A Quiet Place: Part II"

          ကမ္ဘာကျော် အနုပညာရှင်များ

          သြစတြေးလျ တောမီးအတွက် ရည်ရွယ်လှူဒါန်းခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          2 days ago
          11.4k
          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          5 days ago
          8.1k

          Most Read

          • စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

            စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

            shares
            Share 0 Tweet 0
          • စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

            shares
            Share 0 Tweet 0
          • ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

            shares
            Share 0 Tweet 0
          • တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved