တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေးကို ပြည်သူတွေ မယုံကြည်မှာ စိုးတယ်
နေပြည်တော် ကောင်စီနယ်မြေ၊ သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill မူကြိုကျောင်းတွင် တက်ရောက် နေသည့် အသက် ၃ နှစ် အရွယ်ခန့် ကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး အတွက် ဦး ဆောင်လှုပ်ရှားသူများထဲတွင် ဒေါက်တာ ဝင်းကိုကိုသိန်း (သို့) ဆရာ သက္ကမိုးညို လည်း အပါအဝင်ဖြစ်သည်။
ထို့ကြောင့် ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူ ကိုယ်စား အမှုနှင့် ပတ်သက်သည့် အခြေအနေများ၊ အကြောင်းအရာများကို ဖေ့စ်ဘုတ် စာမျက်နှာပေါ်တွင် လူအများ သတိပြုမိလာအောင် အချိန်နှင့် တပြေးညီ ရေးသားဖော်ပြခဲ့သည့် ဒေါက်တာဝင်းကိုကိုသိန်း (ခ) ဆရာ သက္ကမိုးညိုကို ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်မည့် အခြေအနေများကို နေပြည်တော်အခြေစိုက် ဧရာဝတီ သတင်းထောက် မိုးမိုးက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ ဗစ်တိုးရီးယားအမှု လက်ရှိအခြေအနေ က ဘယ်လိုဖြစ်သွားပြီလဲဆိုတာ သိချင်ပါတယ်ရှင်။
ဖြေ ။ ။ လက်ရှိအနေအထားကတော့ ကိုအောင်ကြီးကို ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်လိုက်ပြီးတော့ တရားရုံး ကနေ ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ချက်နဲ့ တက်ရင် တက်ပေါ့။ မတက်ရင် ဒီအမှုက ပြီးသွားပြီ ဆိုတာမျိုး ထုတ်ပြန်ထား တာရှိတယ်။ ဒီလောက်ပါဘဲ။
မေး ။ ။ ဒီအမှုနဲ့ ပတ်သက်ပြီး ဘာများ ဆက်လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ လုပ်စရာတွေက အများကြီးခင်ဗျ။ ကျနော်တို့ရဲ့ မူရင်းသွားနေသော ရည်ရွယ်ချက်သည် သမီးလေးအတွက် အမှန်တရား ဖော်ထုတ်ဖို့ပေါ့လေ။ ဖော်ထုတ်ဖို့ သွားရင် လမ်းမှာ တွေ့လာတာက အများကြီး။ အများကြီး ဆိုတာက သမီး လေး နာမည် ထုတ်ပြောလိုက်တဲ့ အတွက် ဒါနဲ့ ပတ်သက်ပြီး တရားစွဲဖို့ လုပ်တဲ့ဟာမျိုးတွေ အထိ ဖြစ်လာတာ ရှိတယ်။
သက်သေ အထောက်အထားတွေကို ဖျောက်ဖျက်တယ် ဆိုတာမျိုးတွေ ရှိတယ်။ နောက်တခုက ကိုအောင်ကြီးကို လွှတ် လိုက်တာလည်း ရှိတယ်။ ဒီပြင်ဆင်ချက် တက်မလား။ မတက်ဘူးလား။ ဒါလည်း ကျနော်တို့က ရှိသေးတယ်။
ဒီအခြေအနေ အကုန်လုံးကို ကျနော်တို့က ပြန်သုံးသပ်တာ။ ကျနော်တို့က ဘာဆက်လုပ်ရမလဲ ဆိုတော့ ပြောရရင်တော့ အမှန်တရားပဲ ဆက်ရှာရမှာပေါ့နော်။ အမှန်တရား ဆက်ရှာရမယ့် နေရာမှာ လမ်းတွေက အများကြီး ဖြစ်နေတယ်။ အများ ကြီး ဖြစ်သွားပေမယ့် သွားမယ့် လမ်းကြောင်းက အမှန်တရားရှာဖို့ လမ်းကြောင်းတခုပဲ ဖြစ်တယ်။
မေး ။ ။ အခုအခြေအနေမှာ အမှုက ရပ်တန့်နေတော့ ရှေ့နေတွေနဲ့ တိုင်ပင်တာမျိုးရော ရှိပါသလား။
ဖြေ။ ။ ကျနော်တို့က ဆရာမဒေါ်ရွက်နုအောင်၊ ကလေးမိဘတွေနဲ့ ကျနော်တို့ ဒီအဖွဲ့လေး ၁ ဖွဲ့ရှိတယ်ပေါ့နော်။ ဒီအဖွဲ့ လေးက အမြဲတမ်း တိုင်ပင်တယ်။ ရှေ့ကို ဘာဆက်လုပ်မလဲ။ ဘယ်လို ဆက်သွားမလဲ။ အမှန်တရားရအောင် ဘယ်လို လုပ်မလဲဆိုတာ အမြဲတမ်း တိုင်ပင်တယ်။ အဆက်အသွယ် ပြတ်တယ် ဆိုတာ မရှိပါဘူး။
မေး ။ ။ CCTV ကို ပညာရှင်တွေ စစ်ဆေးတဲ့ နောက်ဆုံး အခြေအနေကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ CCTV မှတ်တမ်းတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးတယ် ဆိုတာက ပထမဆုံး CCTV မှတ်တမ်းကို မန်မိုရီ စ တစ်၊ CD ပြားနဲ့ အပ်လိုက်တယ်ပေါ့နော်။ အဲဒါရှိတယ်။ Hard Disk ကိုယူခဲ့ပါဆိုမှ System ပုံးကြီး ယူခဲ့တယ်။ မူရင်း သက် သေခံ အထောက်အထားတွေ မဟုတ်ဘူး။ မူရင်း သက်သေခံ အထောက်အထား ယူခဲ့ပါဆိုကာမှ၊ ဓာတ်ပုံပြပြီး ခေါ်လိုက်မှ DVR စက် နဲ့ Hard Disk ကိုယူလာတာရှိတယ်။ ပညာရှင်တွေ စစ်တဲ့ အခါမှာ အဲဒီ ၄ မျိုး စစ်တာပေါ့။
ပထမဆုံးက မန်မိုရီ စတစ်ကို စစ်တယ်။ System ပုံးကို စစ်တယ်။ DVR စက်ထဲမှာ ပါသော Hard Disk ကို စစ်တယ်။ မန် မိုရီစတစ်နဲ့ System ပုံးက မူရင်း သက်သေခံ အထောက်အထား မဟုတ်ဘူးပေါ့လေ။ သူတို့ အပ်ထားတာ ရှိတယ်။ မူရင်း သက်သေခံ အထောက်အထားဖြစ်တဲ့ အဲဒီ သမီးလေး အခင်းဖြစ်ပွားတဲ့ အချိန်မှာ ရိုက်ထားခဲ့တဲ့ ဒီ CCTV မှတ်တမ်းရှိတဲ့ Hard Disk ကို ထည့်ထားတဲ့ DVR စက်ပေါ့နော်။
ဒီ ၂ ခုကို စစ်လိုက်တော့ ဒီ ၂ ခုသည် သူတို့ ပညာရှင် ပြောစကားအရ မူရင်း အဲဒီအချိန်မှာ လုပ်ထားခဲ့သော စက် ဟုတ် မ ဟုတ် အာမခံချက် မပေးနိုင်ပါလို့ သူတို့ကပြောတယ်။ ဒါ ပညာရှင် စကားနဲ့ ပြောတာ။ တကယ်တမ်းပြောရရင် ဒါလည်း ထားတာပဲ။ လဲထားတော့ လဲထားတာကြီးကို ကျနော်တို့က ဘာဆက်လုပ်ရမလဲ။ ဘာမှ ဆက်လုပ်လို့ မရဘူး။ လဲထားတာ သည် လဲထားတယ်လို့ပဲ ကျနော်တို့က တွေးလို့ရတယ်။ လဲထားတာနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲ ဆိုတာကို ကျနော် တို့ တိုင်ပင်နေတုန်း ရှိပါသေးတယ်။
မေး ။ ။ ဒီ CCTV မှတ်တမ်းက အမှုမှန်ပေါ်ဖို့အတွက် ဘယ်လောက်ထိ မျှော်လင့်လို့ ရပါသလဲ။
ဖြေ ။ ။ မူရင်း Hard Disk မဟုတ်ဘူးဆိုရင် ကျနော်တို့က မျှော်လင့်လို့ မရတော့ဘူး။ ဘာလို့လဲ ဆိုတော့ မူရင်းမှာသာ ၁ စက္ကန့်မှ မပြတ်ဘဲ CCTV ဖိုင်ကို တွေ့မှာပေါ့။ ဆိုတော့ မူရင်းလည်း ပေးမလာဘူး။ မူရင်း ပေးလာတယ်လို့လည်း ယူဆလို့ မရဘူးပေါ့လေ။ အဲဒီ အတွက်ကြောင့် ကျနော်တို့က မျှော်လင့်လို့ မရတော့ဘူးလေ။ ဒါကြောင့် အဲဒါနဲ့ ပတ်သက်ပြီး မျှော်လင့်ရ တော်တော် ခက်ခဲပါတယ်။
မေး ။ ။ တရားခွင် စစ်ဆေးချက်အရ တရားလိုပြ သက်သေတွေရဲ့ကွဲလွဲချက်တွေရှိရင်လည်း သိပါရစေ။
ဖြေ ။ ။ တရားလိုပြ သက်သေဆိုပြီးတော့ ရဲစခန်းက တင်ပြထားတဲ့ သက်သေတွေ အများကြီးရှိတယ်။ အဲဒီမှာ အုပ်စု ဖွဲ့လိုက်တော့ ၃ ခုထွက်လာတယ်။ သမီးလေးရဲ့ အဖေ၊ အမေ၊ သမီးလေး၊ အဖွား ပါမယ်။နောက်ပြီး ကျောင်းဘက်က ဆရာမတွေ၊ CCTV ကိုင်တဲ့ သက်သေတွေ ပါမယ်။ နောက်တခုက မှုခင်းဆရာဝန်ကြီးပါမယ်။ CCTV မှတ်တမ်း စစ်ပေး ခဲ့တဲ့ ပညာရှင်တွေ ပါမယ်ပေါ့နော်။ အမှုလိုက်ရဲတွေကိုတော့ မစစ်လိုက်ရဘူးပေါ့လေ။ သူတို့တွေ ပါမယ်ပေါ့။
အဲဒီအချိန်မှာ ကျနော်တို့က ကွဲလွဲချက်တွေက အများကြီး။ အများကြီး ဆိုတာက သမီးလေးသည် ကျောင်းမှာ ဖြစ်ခဲ့တဲ့ဆို တာမျိုးကို သက်မဲ့ သက်သေတွေရော၊ သက်ရှိသက်သေတွေရောက ညွှန်ပြနေတယ်။ ဆိုလိုတာက သမီးလေး မနက်ပိုင်း ဝတ်ခဲ့တဲ့ ဘောင်းဘီ အပြာမှာ သုတ်ပိုး တွေ့တယ် ဆိုတာကို ဓာတုဝန်ရုံး အစီရင်ခံစာမှာ ပါပါတယ်။ သမီးလေး လိင် အကြမ်းဖက်မှု ခံရတယ်ဆိုတာမျိုး မှုခင်းဆရာဝန်ကြီးက ပြောခဲ့တယ်။
ကျောင်းက ဆရာမတွေက ဘာပြောလဲဆိုတော့ သမီးလေးသည် သူတို့နဲ့ မျက်လုံးအောက်မှာ မကွာ ရှိနေပါတယ် ပြော ခဲ့တယ်။ ဒါဆို လဲလိုက်တဲ့ ဘောင်းဘီမှာ ဘာကိစ္စ သုတ်ရည် သုတ်ပိုး ရှိနေတာလဲ။ ကွဲလွဲချက်တွေက အများကြီး ဖြစ် နေတယ်။
နောက်တခုက CCTV မှတ်တမ်းသည် တချိန်မှ မပျက်ပါဘူး ဆိုတာမျိုး ပြောတာရှိတယ်။ တကယ်တမ်းကျတော့ ပျက် နေတာ ရှိတယ်။ ဒါတွေက ကွဲလွဲချက်တွေက အများကြီးပဲ။ အများကြီးကိုမှ ကျနော်တို့က ကွဲလွဲတဲ့ အတိုင်း ထားမလား။ ဒီအတိုင်း ပဲ ထားမလား။ တခုခု လုပ်မလား ဒါကို ပြန်စဉ်းစားရမှာပေါ့။
မေး ။ ။ ဒီအမှုမှာ အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဘယ်လို အချက်တွေက ဟန့်တားမှု ဖြစ်စေတယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ဘယ်အချက်က အဟန့်အတား ဖြစ်နေလဲဆိုရင် ကျနော်ထင်တယ် ဒါက ဒီရိုးသားမှု မရှိတဲ့ အချက်ကပဲ အဟန့် အတား ဖြစ်နေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမီးလေးရဲ့ ဖခင်သည် တောက်လျှောက်ပြောခဲ့တယ်။ ရဲစခန်းမှာ အမှုဖွင့် တယ်။ အမှုဖွင့်တဲ့နေရာမှာ CCTV မှတ်တမ်းကို သိမ်းပေးခဲ့ဖို့ သမီးလေးရဲ့ ဖခင်က ပြောခဲ့တယ်။ ပြောခဲ့တဲ့နေရာမှာ အ ကုန်မရဘဲနဲ့ အကုန်ရပါပြီ ဆိုတာမျိုး ကျန်ခဲ့တာတွေ ရှိတာပေါ့နော်။ ပြတ်တောက်နေတာကို ပြတ်တောက်တာ မရှိဘူး ဆိုတာမျိုးပေါ့။
ဒီဟာကို သိမ်းခဲ့တယ်။ သိမ်းခဲ့တယ်ဆိုရင် ဘာလို့ ပြန်ပေးခဲ့တာလဲ။ အကြောင်း အမျိုးမျိုး ဖြစ်နေတယ်။ မသိမ်းခဲ့ဘူး ဆိုတာလည်း အကြောင်း အမျိုးမျိုး ဖြစ်နိုင်တယ်။
ဒီ CCTV ဖိုင်မှာ မူရင်း သက်သေခံ ဖြစ်တဲ့ Hard Disk ကြီး သိမ်းရမယ်ဆိုတာ ကျနော်တို့ သာမန် ပြည်သူတွေ သိတယ်။ အဲဒီလို သိတာကိုတောင် မသိမ်းခဲ့ဘူး။ မသိလို့ မသိမ်းခဲ့တာပါလို့ ရိုးရိုးသားသား မပြောဘူး။ ကျနော်တို့ သိမ်းခဲ့ပါတယ်တဲ့။ ဆေးစာမှတ်တမ်း ပျောက်တယ်။ ပျောက်တဲ့ အကြောင်းကို မှုခင်း ဆရာဝန်ကြီးက အမှတ် (၁) ရဲစခန်းက လျှောက်လွှာ အမှတ် ဘယ်လောက်နဲ့ ဒီလျှောက်လွှာ အမှတ်နဲ့ ဆေးရုံကို လာလျှောက်ပါတယ်။ အဲဒီလျှောက်လွှာသည် ပျောက် သွားတယ်ဆိုတဲ့ လျှောက်လွှာသည် ဆေးရုံမှာ ရှိပါတယ်။ လိုအပ်ရင် ထုတ်ယူလို့ ရပါတယ် ဆိုကာမှ သက်သေခံ ထွက်သွားတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် သတင်းစာ ရှင်းလင်းပွဲလုပ်တော့ မပျောက်လို့ မူရင်း သက်သေခံ တင်ထားတာပေါ့ဆိုတာ ပြော သွားတယ်။ အဲဒီ ၂ ခုက ကွဲလွဲနေတယ်။ ကွဲလွဲခြင်းသည် သူလည်း မှန်တယ် ယူဆမယ့် အစား သက်သေခံ ဖြစ်တဲ့ တကယ်ပဲ လျှောက်လွှာ တင်ခဲ့ပါသလား။ ပြန်တွေ့ခြင်း၊ မတွေ့ခြင်းသည် တပိုင်းလေ။ ပျောက်တယ်လို့ လျှောက်လွှာ တင်ခဲ့ရင် ပျောက်လို့ လျှောက်လွှာ တင်တာပေါ့။ မပျောက်ပဲ လျှောက်လွှာ ဘယ်သူက တင်မလဲ။ ပျောက်တယ် ဆိုတာ ဘာလို့ ဝန်မခံချင်ရတာလဲ။ ကျနော်တို့မှာ ဒါမျိုးတွေ အများကြီး ရှိတယ်။
ဒီ Hard Disk ကို CID က သိမ်းပြီးတော့မှ CID ကနေ ပြီးတော့မှ ပုံမှန် လုပ်ထုံးလုပ်နည်း အရဆိုရင် အိုင်တီ ပညာရှင်တွေ သိပါတယ်။ ဒီ Hard Disk သိမ်းပြီး Hard Disk ကို Clone ဆိုပြီး Copy ကူးလိုက်ရတယ်။ ကူးပြီးတော့မှ ဒီ Copy ကိုပြန်စစ် တယ်။ ပြီးရင် ဒီ Hard Disk ကို ပြန်မပေးပဲနဲ့ သက်သေ အထောက်အထားနဲ့ သိမ်းထားတယ်။ Copy ကူးတာတွေက အချိန်မရွေး ဖြတ်တောက်လို့ ရတယ်။ အဲဒီ မူရင်း သက်သေခံ အထောက်အထားကို ဘာကိစ္စ ပြန်ပေးလိုက်တာလဲ။
အဟန့်အတား ဘာဖြစ်လဲ ဆိုတော့ မရိုးသားတဲ့ ကိစ္စတွေ။ မရိုးသားတာ ရိုးရိုးလေးပဲ ။မသိလို့ မရိုးသားတာ ဖြစ်ချင်ဖြစ် မယ်။ မသိလို့ ဖြစ်ခဲ့ပြီ။ ဖြစ်ခဲ့တာကို ဝန်ခံရဲတဲ့ သတ္တိ မရှိတဲ့ အခါကျတော့ မရိုးသားရာ ရောက်သွားမယ်။ အဲဒါကို ထပ် ဖုံးရင်း ဖုံးရင်း နဲ့ အမှားလုံးကြီးက အကြီးကြီး ဖြစ်သွားတယ်။ အမှားလုံးကြီးက ပိုပြီး ရှင်းရ ခက်သွားတယ်။
ဆိုလိုတာက ရဲတပ်ဖွဲ့ တခုထဲကို ကျနော်ပြောတာ မဟုတ်ဘူးနော်။ ကျောင်းဘက်က လည်း သူတို့ မဖြစ်ခဲ့ပါဘူးလို့ ပြော တယ်။ အခုအချိန်မှာ ဘာလို့ အသံ မထွက်လဲ။ အခုအချိန်မှာ သူတို့ အသံ ထွက်မယ်ဆိုရင် ထွက်လို့ ရနေပါပြီ။
အဟန့်အတားက ဘာလဲ ဆိုတော့ ဒီသမီးလေးအပေါ်မှာ မရိုးသားကြတာ အဟန့်အတား ဖြစ်နေတယ်။ ရိုးသားရင် ဒီဟာက လွယ်လွယ်လေးနဲ့ ပြီးသွားမှာပါ။
မေး ။ ။ ရဲတပ်ဖွဲ့ကရော ဒီအမှုကို အမှု မှန်ပေါ်ပေါက်အောင် ဖော်နိုင်ပေးမယ်လို့ ထင်ပါသလား။
ဖြေ ။ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ကတော့ ဒါက စုံစမ်းဖော်ထုတ်ရေး အတွက် အထူး လေ့ကျင့်ထားတဲ့ အဖွဲ့အစည်း ပေါ့နော်။ ဖော်မယ်ဆိုရင် ဖော်ပေးနိုင်ပါတယ်။ ကျနော်တို့ သာမန်ပြည်သူတွေတောင်မှ ဘယ်နေရာ လွဲနေတယ် ဒါမြင်နေရ တယ်။ ဒီလိုလေ့ကျင့်ထားတဲ့ အဖွဲ့အစည်း အနေနဲ့ မဖော်နိုင်စရာ အကြောင်း မရှိပါဘူး။ တခုရှိတယ်။ မဖော်ချင်ရင်တော့ ကျနော်တို့ ဘာမှ မတတ်နိုင်ပါဘူး။
မေး ။ ။ အခု အခြေအနေက ရဲကို အမှု ပြန်ဖွင့်မယ်ဆိုတော့ အခြေအနေဆိုတော့ ဗစ်တိုးရီးယား အတွက် အမှန်တရား ရှာပေးနိုင်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အမှုပြန်ဖွင့်မယ် ဆိုတာက ကျနော်တို့ ဆရာထင်လင်းဦးကနေ ပြီးတော့မှ ကူညီမယ် ပေါ့။ ရဲဇာနည် ပေ့ချ် ကို ပြန်ပြီး တရားစွဲဖို့ အတွက် ၆၆ (ဃ) နဲ့ စွဲဖို့ အတွက် General Power (ကိုယ်စားလှယ်လွှဲစာ) ပေး လိုက်တယ်။ သူကနေ ပြီးတော့မှ ILAM ကိုသွားပြီး အမှုအပ်တယ်။ ဒါက တပိုင်းပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ရပ်တည် ချက် ဆိုလိုတာက သမီးလေး ဖခင်ရယ်၊ ဆရာမ ဒေါ်ရွက်နုအောင်ရယ်၊ ကျနော်တို့ရယ် အဖွဲ့ရဲ့ ရပ်တည်ချက် သည် သမီး လေးရဲ့ အမှန်တရား ပေါ်ပေါက်ရေးကို သွေဖီသွားခြင်း မရှိပါဘူး။ ကျနော်တို့ကို ကူညီချင်တဲ့ သူတွေကို ကျနော်တို့က အမြဲ တမ်း ကြိုဆိုပါတယ်။
မေး ။ ။ ဗစ်တိုးရီးယားရဲ့ DNA ကို ပြန်စစ်ခွင့်ရမယ် ဆိုရင်ရော ဘာများ ထူးခြားမှု ရှိလာနိုင်သလဲ။
ဖြေ ။ ။ DNA နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က နိုင်ငံခြားကိုလည်း ဆက်သွယ် မေးမြန်းပြီးပြီပေါ့နော်။ ဆိုလိုတာက Chemical ပဲရောရော၊ ဘာပဲရောရော သူတို့ အနေနဲ့ စစ်လို့ ရပါတယ်ဆိုပြီး ကျနော်တို့ဘက်ကို အကြောင်းပြန်တာ ရှိတယ်။
ရှိတဲ့အတွက် အကြောင့် တကယ်လို့ ဒီ ဆလိုက်ပြားသာ ရှိနေရိုးမှန်ရင် ဒါသည် စစ်လို့ ရမယ်လို့ ယံုံကြည်တယ်။ ကျနော်တို့ကို ဆလိုက်ပြားကို နိုင်ငံခြားကို ပို့ပြီး စစ်ခွင့်ပေးဖို့ပဲ လိုတာ။ သူတို့ဘက်က နည်းပညာပိုင်းအရ ဒီ( မြန်မာပြည်) ထက်စာရင် မြင့်တာ အမှန်ပဲလေ။ စစ်လို့ ရမယ်လို့ ကျနော်တို့က ယုံကြည်တယ်။ ဒီဟာကို ဆက်ပြီး ထိန်းသိမ်းထား ပေးပါလို့ ဘာပဲ ဖြစ်ဖြစ် ရဲတပ်ဖွဲ့ကို မေတ္တာရပ်ခံပါတယ်။
မေး ။ ။ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ သက်မဲ့သက်သေ အထောက်အထားတွေမှာရော ဘာများ ပြောချင် ပါသလဲ။
ဖြေ ။ ။ သက်မဲ့ သက်သေတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက် အရ သူတို့ အောက်ခြေက တင်လိုက်တာကပဲ နည်းနည်းလေး မပြည့်စုံတာ ရှိနေလား မသိဘူးပေါ့နော်။ သက်မဲ့ သက်သေတွေနဲ့ ပတ်သက်ပြီး ကိုအောင်ကြီး ဟုတ်ကို ဟုတ်နိုင်တယ်လို့ အမှုလိုက် ရဲကနေ ပြောသွားတာမျိုးတွေ ရှိပါတယ်။
ပြန်တိုက်စစ် ကြည့်လိုက်တော့ ကိုအောင်ကြီးသည် ၃ နာရီမှ ဝင်တယ်။ သမီးလေးရဲ့ ဘောင်းဘီမှာ သုတ်ရည် သုတ်ပိုး တွေ့တယ်။ မနက်ပိုင်းဝတ်တဲ့ ဘောင်းဘီ အပြာမှာ တွေ့တယ်။ ၂ နာရီ ထိုးရင် လဲထားတယ် ဆိုတာမျိုး။ ဒီသက်မဲ့ သက်သေ အရ ကိုအောင်ကြီး ဖြစ်ဖို့ရာ တော်တော်ခဲယဉ်းသွားပြီ။
နောက်တခုက CCTV မှတ်တမ်းတွေ လုံးဝ ပြတ်တောက်မှု မရှိပါဘူးလို့ ပြောတယ်။ သို့သော်လည်းပဲ ပြတ်တောက် နေခဲ့ တယ်။ ရိုးရိုး ပြတ်တာ မဟုတ်ဘဲ လူက ဖြတ်တောက် ထားတဲ့ ပုံစံမျိုးပေါ့။ အဲဒီလိုမျိုးတွေ တွေ့ရတဲ့ အတွက် ဘာပဲ ပြောပြော သက်မဲ့သက်သေ အထောက်အထားသည် ကိုအောင်ကြီးကို ညွှန်ပြခြင်းက တော်တော်အားနည်းနေတယ်။
မေး ။ ။ ပြင်ဆင်ချိန် ၂ လပေးထားတဲ့ ဒီကာလအတွင်း အမှု ပြန်မတက်ဘူးဆိုရင် ဗစ်တိုးရီးယား၊ အောင်ကြီးရဲ့ အဝတ် အစားတွေကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချထားတယ်ဆိုတော့ နောက်လ ၁၈ ရက်ဆို ၂ လပြည့်ပြီဆိုတော့ အရေးကြီး တဲ့ ဗစ်တိုးရီးယားရဲ့ သက်သေခံ ပစ္စည်းတွေ ပါသွားနိုင်ပါလား။ အဲဒီ အပေါ်ကိုရော ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်း ကျနော်မသိဘူး။ သို့သော်လည်းပဲ ဒီအမှုသည် ကိုအောင်ကြီးနဲ့ ပတ်သက်တဲ့ အမှု တပိုင်း ပြီးသွားသော်လည်းပဲ သမီးလေးအတွက် အမှန်တရားပေါ်ဖို့ က မပြီးသေးဘူးလေ။ မပြီးသေးတဲ့ အတွက် သမီး လေးရဲ့ အဝတ်အစားတွေထဲမှာ ကျူးလွန်တဲ့သူရဲ့ သုတ်ရည် သုတ်ပိုး တွေ့ခဲ့တဲ့ ဘောင်းဘီ ၁ ထည်ပါတယ်။ အဲဒါကို ဖျက်ဆီးလိုက်ရင် ကိုယ့် အခွင့်အရေးပေါ့။ လုပ်ပိုင်ခွင့် တခုကို ဖျက်ဆီးရာ ရောက်သွားမှာပေါ့။
ဒီဟာသည် မြန်မာနိုင်ငံမှာ စစ်ဆေးလို့ မရဘူးလား။ နိုင်ငံခြားမှာ စစ်ဆေးလို့ ရတယ်။ ဒါကိုတော့ သိမ်းထားစေချင်တယ်။ လျှောက်လွှာလည်း သွားတင်ခဲ့တယ်။ ဒီအမိန့်ကို မပယ်ဖျက်ပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ ဒီအမိန့်ကို ထပ်ပြီးတော့ ပယ် လို့ မရဘူးလို့တော့ ပြောလိုက်တယ်။ သမီးလေးရဲ့ အဝတ်အစားကို လိုအပ်လာရင် နိုင်ငံခြား ပို့ စစ်ဆေးရင် စစ်ဆေး ရ မယ်။
ကိုအောင်ကြီး တရားရှင် လွတ်ပြီးမှ အခုလ ၆ ရက်နေ့မှာ သွားတင်တာ ဖြစ်ပါတယ်။ ကလေးရဲ့ ဖခင်ကနေပြီးတော့မှ တရားသူကြီးဆီ ဒီအဝတ်အစားကို ဖျက်ဆီးမယ်ဆိုရင် မဖျက်ဆီးပါနဲ့ ပြန်ပေးပါ ဆိုပြီးတော့ လျှောက်လွှာတင်ခဲ့တာပါ။ လက်မခံတာတော့ မဟုတ်ဘူး။ တင်ချင်တယ်ဆိုရင် အထက်ရုံးကနေ တင်ပေါ့။
မေး ။ ။ ဒီအမှုမှာ လွဲချော်မှုရှိရင် ရဲတပ်ဖွ့ဲကို တာဝန်ယူရမယ်လို့ သမ္မတရုံးက ပြောထားတာ ရှိတယ်။ အောင်ကြီးကို လွှတ်လိုက်ပြီ ဆိုတော့ ဘာမှ အရေးယူမှု လုပ်တာ မရှိဘူးဆိုတော့ အဲဒီအပေါ်မှာရော ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ဒီလိုမျိုး တရားရှင်လွှတ်တာသည် ဖြစ်လေ့ဖြစ်ထ ရှိတာမလို့ ဒါလွဲချော်မှု မဟုတ်ဘူးဆိုတဲ့ သဘောမျိုး ပြောသွားတယ်။ တကယ်တမ်းက လွဲချော်မှု ဆိုတာ အစတည်းက လွဲလာခဲ့တာ အများကြီး။ လွဲလာခဲ့တယ် ဆိုတာက တခုချင်း နည်းနည်းဆီ လွဲတာတွေက အများကြီး။ လုပ်ထုံး လုပ်နည်း အတိုင်း။
သမီးလေးကနေ ကောင်းကောင်းပြောနိုင်တယ်။ ၆ လပိုင်း ၁၃ ရက်မှာခေါ်ပြီး သမီးလေးကို ခေါ်မေးတယ်။ သမီးလေးက ကောင်းကောင်းပြောနိုင်ရဲ့သားနဲ့ ဘာလို့ လူတွေ့တန်းစီမှု မလုပ်ခဲ့တာလဲ။ ဒါလည်း လွဲချော်မှုပဲ။ ဒီလိုလွဲချော်မှုတွေက အများကြီးရှိတယ်။
ဒီလို လွဲချော်မှုတွေကြောင့်လည်းပဲ ဒီအမှုက ကပြောင်းကပြန် ဖြစ်သွားတာ။ အဲဒီတော့ နိုင်ငံတော် သမ္မတရုံးက တာဝန်ယူရမယ်လို့ ပြောထားတယ်။ တာဝန်ယူလောက်သော သက်သေခံ အထောက်အထားတွေလည်းတွေ့တယ်။ အများပြည်သူတွေလည်း မြင်နေတာပဲ။ တရားရုံး ထွက်ချက်လည်း မြင်နေတာပဲ။ အဲဒါမှလည်း သူတို့က တာဝန်ယူစရာ မလိုဘူး။
ဆိုလိုတာက တရားရှင်လွတ်တာ ဖြစ်သင့် ဖြစ်ထိုက် တာဝန်ယူစရာ မလိုဘူးဆိုရင်လည်း ဒါက ကျနော်တို့ရဲ့ အပိုင်း မဟုတ်တော့ဘူး။ ဦးဇော်ဌေးတို့ နိုင်ငံတော် သမ္မတရုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပိုင်း ဖြစ်သွားပြီ။
သူတို့ အချင်းချင်း အဆင်ပြေရင်လည်း ပြီးတာပဲလေ။ ကျနော်တို့ မတတ်နိုင်တော့ဘူး။ သို့သော်လည်းပဲ ကျနော်တို့က ဘာစိတ်ပူလဲ ဆိုတာ့ ဒီလိုမျိုး လွဲချော်မှု ရှိရင် တာဝန်ယူရမယ် ဆိုပြီးကာမှ တကယ်တမ်း လွဲချော်မှုတွေ ချပြနိုင်ရဲ့သားနဲ့ ဘာမှ တာဝန်ယူစေမှု မရှိဘူးဆိုရင် နောင်တချိန်မှာ ဦးဇော်ဌေး ပြောတဲ့ စကားကို အများပြည်သူက မယုံကြည်တော့မှာ ကျနော် တအား စိုးရိမ်တယ်။
ဦးဇော်ဌေးသည် ပြောရေးဆိုခွင့်ရှိသူ အနေနဲ့ နိုင်ငံတော် သမ္မတကို တာဝန်ကို ယူပြီး ပြောခဲ့တာ။ ဦးဇော်ဌေး ပြောတဲ့ စကားက တာဝန်ယူမှုရှိရမယ်။ တာဝန်ယူမှု မရှိခဲ့ဘူး။ ဒါဆိုရင် နောင်တချိန်မှာ နိုင်ငံတော် သမ္မတ ကို ကျနော်တို့ အများ ပြည်သူတွေက ယုံကြည်အားကိုးမှု လျော့မှာကို ကျနော် တအား စိုးရိမ်တယ်။
မေး ။ ။ ဒီအမှုမှာ အမှုမှန်ပေါ်ဖို့ ရဲကိုပဲ အားကိုးနေတာ မဟုတ်ဘဲ အထူးစုံစမ်း စစ်ဆေးအဖွဲ့ အနေနဲ့ ဖော်ထုတ်ဖို့ လိုတယ်လို့ရော ထင်ပါသလား။
ဖြေ ။ ။ ကျနော်တို့က သာမန်ပြည်သူတွေလေ။ သာမန် ဖြစ်တဲ့ အတွက် ဒီအမှုလေး ပေါ်စေချင်တာ ပဲ သိတာ။ ဘယ်လို ဘယ်လို လုပ်ရမယ်ဆိုတာက ကျနော်တို့ အပိုင်း မဟုတ်ဘူး။ နိုင်ငံတော် အကြီးအကဲတွေ အနေနဲ့ ဒီလိုမျိုး လုပ်ဖို့ လို
အပ်ပြီလား။ ဒါမှမဟုတ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုပဲ ပြန်စစ်ပေးပါလို့ ပြောလိုက်ရင်လည်း အမှန်တရား ထွက်လာနိုင်တာပဲ။ အကြီးကြီး ချဲ့ပြီး အကြီးကြီး လုပ်နေဖို့ ကျနော်တို့က ပြောနေတာ မဟုတ်ဘူး။ အမှန်တရားလေး ပေါ်သွားအောင်လို့ မှား နေတဲ့ အပိုင်းလေးတွေ ပြန်ဖြေလိုက်ရင် ပြန်ပေါ်သွားနိုင်တယ်။ အမှန်တရား ပေါ်အောင်တော့ လုပ်ပေးစေချင်ပါတယ်။
မေး ။ ။ ဒီအမှုကို မဖော်နိုင်ဘူးဆိုရင် နောက်နောင်မှာ ဒီလို ဖြစ်စဉ်မျိုးတွေ နောက်ထပ်ဖြစ်လာဖို့ ဖိတ်ခေါ်နေတယ်လို့ ပြောလို့ရပါသလား။ ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ ဒီအမှုက ဂရုမစိုက်နိုင်လို့ ဖြစ်သွားတဲ့ အမှု မဟုတ်ဘူး။ တခြားသက်ငယ် မုဒိမ်းတွေ အမှုတွေ အများကြီး ရှိတယ်။ မိဘက ဆင်းရဲတယ် ကိုယ့်သားသမီးကို ပြုစု စောင့်ရှောက်မှု အားနည်းတယ်။ အသိပညာပေးတာ အားနည်း တယ်။ အားနည်းတဲ့ အတွက်ကြောင့် ကလေးကို အိမ်မှာ၊ လမ်းမှာ ပစ်ထားတယ်။ ပစ်ထားတဲ့ အခါမှာ အသိဉာဏ်နည်းတဲ့ သူက ခေါ်သွားပြီ လိင် အကြမ်းဖက်တာတွေ ဖြစ်တယ်။
အခုဟာက ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ပေးပါဆိုပြီး အပ်ထားတဲ့နေရာမှာ ဖြစ်သွားတာ။ အဲဒီလို ယူဆရတယ်ပေါ့။ အဲဒီလို ဖြစ်သွားတဲ့ အခါမှာ ကျနော်တို့က ဒါကိုမှ ပေါ်အောင် မဖော်နိုင်ဘူးဆိုရင်။ သမီးလေး ဖြစ်ပွားနိုင်တဲ့ နေရာ ၃ နေရာပဲ ရှိတယ်။ အိမ်၊ ကျောင်း၊ ဖယ်ရီကား ပေါ်ရယ်။ သမီးလေး တွေ့ခဲ့သောသူသည် ၁၀ ယောက်ပဲ ရှိတယ်။
အရမ်းကျဉ်းတာကိုတောင် ပေါ်အောင်မဖော်နိုင်ဘူးဆိုရင် ဒါက တပိုင်း။ ပြည်သူလူထုရဲ့ ထောက်ခံမှုကလည်း ဝန်းရံမှုက လည်း ဒီမြန်မာနိုင်ငံမှာ မကြုံစဖူးပဲ။ မြန်မာနိုင်ငံမှာ အင်တိုက် အားတိုက် ဆန္ဒတွေ အလီလီ ပြပြီး ထောက်ခံတာ မရှိခဲ့ဘူး။ ပြည်သူလူထုရဲ့လိုလားချက်က ဒီလောက် မြင့်တက်တာ မရှိခဲ့ဘူး။
ဒီလို အမှုကို မဖော်နိုင်ဘူးဆိုရင် နောက်အမှုတွေ ဖိတ်ခေါ်တာ၊ မဖိတ်ခေါ်တာထက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး၊ တရား ဥပဒေ စိုးမိုးမှုကို မြန်မာ ပြည်သူတွေက မယုံမကြည် ဖြစ်သွားမှာ။ကိုယ့်နိုင်ငံသားတွေသည် ကိုယ့်နိုင်ငံရဲ့ တရားဥပဒေ စိုး မိုးရေးကို မယုံကြည်ဘူးဆိုရင် နောင်တချိန်မှာ အမှုတွေ ဖြစ်လာရင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းကြတော့မယ်။ အဲဒါ က တရားမဲ့တဲ့ အကြမ်းဖက် ဝါဒကို ရောက်သွားမှာ။ အဲဒါတော့ မဖြစ်စေချင်ဘူး။
You may also like these stories:
ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့တာဝန်ရှိသူများကို တရားစွဲနိုင်ရေး သမ္မတထံ ခွင့်ပြုမိန့်တောင်းခံ
ကလေး အတွက် အမှန်တရား အမြန်ဆုံး ပေါ်ပေါက်ပါစေလို့ ကျနော် ဆုတောင်းပါတယ်
ဗစ်တိုးရီးယားအတွက် အမှန်တရား ကူကယ်ရာမဲ့နေဟု ဖခင်ပြော
ဗစ်တိုးရီးယား DNA စစ်ဆေးချက်ရလဒ် ဆေးရုံနှင့် CID ကွဲလွဲမှု ရှိ