• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဗိုလ်ချုပ် ဂွန်မော်နှင့် ဆက်သွယ်မေးမြန်းခြင်း

by ဧရာဝတီ
20 January 2020
in အင်တာဗျူး
A A
ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌ - ၁ ဗိုလ်ချုပ်ဂွန်မော်

ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌ - ၁ ဗိုလ်ချုပ်ဂွန်မော်

26.4k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်မထိုးရသေးပေ။ သို့သော်လည်း NCA ရေးထိုးနိုင်ရန် အတွက် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းမှုများ ရှိသည်။ 

ထိုသို့ ကြိုးပမ်းနေမှုအခြေအနေ အပါအဝင် NCA ရေးထိုးနိုင်ရေး အဟန့် အတားဖြစ်နေသည့် အကြောင်းအရာနှင့် လတ်တလော မြန်မာနိုင်ငံကို လာသွားသည့် တရုတ်သမ္မတ ခရီးစဉ်အပေါ် အမြင်တို့ကို ဧရာဝတီက ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌ – ၁ ဗိုလ်ချုပ်ဂွန်မော် နှင့် ဆက်သွယ်မေးမြန်းထားသည်။ 

RelatedPosts

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
1.4k
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
2.6k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
3.4k

မေး။  ။ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်ကို ကြိုဆိုသလို မြန်မာနိုင်ငံသား တွေရဲ့ လိုအပ်ချက်ကို ကူညီပေးဖို့ နိုင်ငံသားတွေရဲ့ ခံစားချက်ကို နားလည်ပေးဖို့ဆိုပြီး ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန် ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဘယ်လို အကြောင်းအရာတွေ တရုတ်သမ္မတကို နားလည်ပေးဖို့ ပြောတာလဲ။

ဖြေ။  ။ မြန်မာနိုင်ငံသားများအနေနဲ့ ကြိုဆိုသူတွေရှိမှာ ဖြစ်ပြီး ဝေဖန်သူများလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံ သားများအနေနဲ့ စိတ်ထဲက ခံစားချက်တွေကို ဖော်ပြနေကြတာ ဖြစ်ကြောင်း နားလည်စာနာပေးနိုင်ဖို့ ဖြစ်ပါတယ်။

မေး။  ။  တရုတ်သမ္မတ ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းဖို့နဲ့ ကချင်ပြည်နယ် အတွင်းက တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ၊ တရုတ်–မြန်မာ စီးပွားရေး စင်္ကြန်အတွင်း အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေမှာ နိုင်ငံတကာ စံနှုန်းအတိုင်း လေးစားဖို့၊ မျှတတဲ့ မူဝါဒ ရှိဖို့ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။ ဒီဟာတွေ အပေါ် KIO ရဲ့ သဘောထားကို သိပါရစေ။

ဖြေ။  ။ [တရုတ်သမ္မတအနေနဲ့] မြစ်ဆုံစီမံကိန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားများကို တိုက်ရိုက် တွေ့ဆုံပြောပြ၊ ဆွေးနွေးနိုင်ရင် ကောင်းမယ်လို့ မြင်ပါတယ်။ အဲဒီလို တွေ့ဆုံနိုင်ရင် ပြည်သူရဲ့ စိုးရိမ်ပူပန်မှု တွေကို ကြားရမယ်၊ ပြန်ပြီး ရှင်းလင်းပြနိုင်မှာ ဖြစ်ပါတယ်။

KIO အနေနဲ့ကတော့ နိုင်ငံသားများရဲ့ သဘောထားတွေကို ပြောပြနိုင်မှာ ဖြစ်သလို မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး သိစေလိုတဲ့ သတင်းစကားများကို နိုင်ငံသားများဆီ ပေးပို့နိုင်ပါတယ်။ ဆုံးဖြတ်ချက် ချဖို့ကတော့ KIO ဆီမှာ မရှိပါဘူး။

မေး။  ။ ဇန်နဝါရီလ တရုတ်အထူး ကိုယ်စားလှယ် မစ္စတာ ဆွန်းကော့ရှန်က KIO နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေ တွေ့တာ ဘယ်လို ရည်ရွယ်ချက်တွေကြောင့်ပါလဲ။ တရုတ်တို့က နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိအား တစုံတရာ ထပ်ပေးတာမျိုး ရှိပါသလား။

ဖြေ။  ။ မစ္စတာ ဆွန်းကော့ရှန်ကတော့ KIO နဲ့ မကြာခဏလာရောက် တွေ့ဆုံပါတယ်။ ဇန်နဝါရီလ ခရီးစဉ်ကလည်း ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအပြင် တရုတ်နိုင်ငံ သမ္မတရဲ့ ခရီးစဉ်ရှိကြောင်း သတင်းစကားလည်း ပါ ပါတယ်။ ဖိအားပေးတာမျိုးတော့ မရှိပါဘူး။

မေး။  ။ KIO အပါအဝင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များနဲ့ အစိုးရတို့ တွေ့ဆုံညှိနှိုင်းဖို့က ဖေဖော်ဝါရီထဲ ရွှေ့သွားပြီလို့ သိရတယ်။ အဓိက အခက်အခဲက ဘာကြောင့်လဲ။ နှစ်ဖက် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ် ရလာဖို့ အတွက်ကော ဘယ်လောက် နီးစပ်ပြီလဲ။

ဖြေ ။  ။ တွေ့ဆုံဖို့ ရက်ရွှေ့ရတာက အခက်အခဲ တစုံတရာကြောင့် မဟုတ်ပါဘူး။ နှစ်ဖက်စလုံးမှာ အချိန်ဇယားတွေ ရှိနေ ပြီးသား ဖြစ်တာရယ်၊ တရုတ်နှစ်သစ်ကူး အချိန် ဖြစ်တာရယ်ကြောင့်ပါ။ စာချုပ် မူကြမ်းကို အပြန်အလှန် ဆွေးနွေးနေ ကြတာဆိုတော့ ဘယ်လောက် သဘောတူညီချက်ရပြီလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ ကြိုးစား ညှိနှိုင်းနေကြပါတယ်။

မေး။  ။ ဇန်နဝါရီ ဒုတိယ အပတ် (ဇန် ၁၃–၁၆) အတွင်း NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြင်ဆင်ရေးနဲ့ သက်ဆိုင်တဲ့ အစည်းအဝေးမှာ KIO နဲ့ တခြား NCA အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ တက်ရောက် ဆွေးနွေးတယ်လို့ သိရတယ်။ ဘယ်လို ကဏ္ဍ တွေကို အဓိက ပါဝင် ဆွေးနွေးပါလဲ။

ဖြေ ။  ။ မူဘောင်ပြင်ဆင်ရေး အစည်းအဝေးမှာ တက်ရောက်တာ မဟုတ်ပါဘူး။ ဖက်ဒရယ်အခြေခံမူ ဆိုင်ရာ ဆွေးနွေးပွဲ တွေ ရှိတဲ့အခါ တက်ရောက်တာ ဖြစ်ပါတယ်။

မေး။  ။ တနှစ်ကျော်ကြာ ရပ်တန့်နေတဲ့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်စပြီ ဆိုတော့ KIO ကရော ဘယ်လို ပါဝင် ဆောင်ရွက်သွားဖို့ ရှိပါလဲ။

ဖြေ ။  ။  ဒီဆွေးနွေးမှုတွေက NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့များရဲ့  ဆွေးနွေးမှုတွေ ဖြစ်ပါတယ်။ KIO အပါအဝင် မြောက် ပိုင်း အဖွဲ့တွေကတော့ အစိုးရ ကိုယ်စားလှယ်များနဲ့ ကြိုတင် ကန့်သတ်ချက်များ မထားရှိသော အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်အတွက် တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

မေး။  ။ KIO  က NCA ကို လက်မှတ် ရေးထိုးတော့မယ်လို့ သတင်းတွေ ကြားရပါတယ်။ ၂၀၁၅ ကနေ ၄ နှစ်ကျော်ကြာမှ တနိုင်ငံလုံး အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ ဆိုတာ KIO ဘက်က ပြင်ချင်တာတွေ ပြင်လို့ရသွားလို့လား။ ဘာကြောင့် လဲ။ ဒီ NCA လက်မှတ်ထိုးဖို့ တရုတ်ရဲ့ ကူညီမှု တစုံတရာ ရှိခဲ့ပါလား။

ဖြေ။  ။ ကြိုတင်ကန့်သတ်ချက် မထားရှိသော အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ် လက်မှတ်ရေးထိုးပြီးရင် စစ်ဘေးရှောင် (IDP’s)  များ နေရပ်ပြန်ရေး၊ NCA လက်မှတ်ရေးထိုးရေး ကိစ္စများကို ဆက်ပြီး ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

မေး။  ။ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ KIO တို့ သီးသန့် ထပ်မံ တွေ့သွားဖို့ ရှိပါသလား။ ဘယ်တော့လောက် ဖြစ်နိုင်ပါသလဲ။ မတွေ့ဖြစ်ရင်ကော ဘာကြောင့်ပါလဲ။

ဖြေ။  ။ လိုအပ်ရင် သီးသန့် ဆွေးနွေးမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ မရှိသေးပါဘူး။

မေး။  ။ ဇန်နဝါရီ ၁၆ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းမှာမိတဲ့ လက်နက်ခဲယမ်းတွေဟာ KIO ထုတ်တွေလို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး KIO ဘက်က ရှင်းပြချက်ကို သိချင်ပါတယ်။

ဖြေ။  ။ သတင်းတွေ တက်လာမှ ကျနော်တို့ သိရတာပါ။ KIO ကထုတ်တယ်ဆိုတာကတော့ မဟုတ်ပါဘူး။ KIO မှာ အသေးစား ပြုပြင်ရေး လုပ်ငန်းရုံတွေပဲ ရှိတာပါ။

မေး။  ။ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ချင်းမိုင်မြို့မှာ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ အစိုးရအဖွဲ့ သီးခြား တွေ့ဆုံခဲ့တယ်။ အဲဒီ ဆွေးနွေးပွဲက ဘာတွေ ဆွေးနွေးတာလဲ။

ဖြေ။  ။ အလွတ်သဘော တွေ့ဆုံကြတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ၊ မြောက်ပိုင်းအဖွဲ့များရဲ့ လိုလားချက် များကို အလွတ်သဘော ပြောဆိုဆွေးနွေးကြတာ ဖြစ်ပါတယ်။

မေး။  ။ မြောက်ပိုင်း မဟာမိတ်တွေ အပစ်ရပ် လက်မှတ်ထိုးနိုင်ရေးအတွက် ဘယ်အရာက အဟန့်အတား ဖြစ်နေတာလဲ။

ဖြေ။  ။ တချို့အချက်တွေကို ပြောရမယ်ဆိုရင် ၂ ဖက် လက်ခံဖို့ ခက်ခဲစေမယ့် ကြိုတင် ကန့်သတ်ချက်တွေ မထားရှိရေး၊ သက်သက်အဖြစ် ပါဝင်သူများအနေနဲ့ တစုံတရာ ပြဿနာ ဖြစ်ပွားလာခဲ့ရင် “ကြားဝင်စေ့စပ် ဖြေရှင်းသူ” အဖြစ် တာဝန်   ရှိမရှိ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

မေး။  ။ ICJ ကိစ္စမှာ တခြားလက်နက်ကိုင် အဖွဲ့တွေက သဘောထားထုတ်ပြန်ပေမယ့် KIO ကတော့ နှုတ်ဆိတ်ခဲ့တာ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။  ။ KIO အနေနဲ့ တစုံတရာ ပြောဖို့ မလိုအပ်ဘူးလို့ ထင်မြင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 

You may also like these stories:

အာဂျင်တီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ

ငြိမ်းချမ်းရေးအထောက်အကူပြုရုံးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းမည်ဟု အစိုးရပြော

လာမည့်လ တရားဝင်ဆွေးနွေးပွဲများ ပြန်စရန် အစိုးရနှင့် အပစ်ရပ်အဖွဲ့များ မျှော်မှန်း

Your Thoughts …
Tags: KIONCAတရုတ်သမ္မတ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.2k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ရှီကျင့်ဖျင်  / Nyein Chan Naing  / EPA POOL

မြန်မာဖွံ့ဖြိုးတိုးတက်ရေး ယွမ် ၄ ဘီလီယံ ကူညီရန် တရုတ် ကတိပြု

ဖမ်းဆီးရမိထားသည့် အုပ်စုဖွဲ့ လုယက်သူများ / မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့

မန္တလေးတွင် အုပ်စုဖွဲ့ ရိုက်နှက် လုယက်သူများကို ညတွင်းချင်း ဖမ်းမိ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.4k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate