ရန်ကုန်မှာ လေထုညစ်ညမ်းမှု ဘယ်လောက်ဆိုးဝါးနေပြီလဲ

သဇင်လှိုင်
Air Quality Yangon မှ အဖွဲ့ဝင် ဖြစ်သူ မမြတ်ဖူးပွင့်ကျော် / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့၏ လေထု ညစ်ညမ်းမှု အခြေအနေသည် အနီရောင်အဆင့်သို့ ရောက်ရှိနေပြီး လူတိုင်းကို ကျန်းမာရေး ထိခိုက် စေနိုင်သည့် အဆင့် ဖြစ်နေကြောင်း ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုကို အစဉ်တစိုက် စောင့်ကြည့်နေသည့် Air Quality Yangon က သတိပေးချက် ထုတ်ပြန်ထားသည်။ 

လေထုညစ်ညမ်းမှု ကာကွယ်သည့် နှာခေါင်းစည်းများ အသုံးပြု သွားလာရန်ပင် နှိုးဆော်ထားရာ ၎င်းတို့ အဖွဲ့အနေဖြင့် လေထုညစ်ညမ်းမှုကို မည်သို့ လေ့လာစောင့်ကြည့်နေသည်နှင့် ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှု အခြေအနေများကို သိရှိနိုင်ရန် Air Quality Yangon မှ အဖွဲ့ဝင် ဖြစ်သူ မမြတ်ဖူးပွင့်ကျော် ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ လက်ရှိ လေထုညစ်ညမ်းမှု အခြေအနေက ဘယ်လို အခြေအနေ ရှိနေတာလဲရှင့်။

ဖြေ။ ။ လေထုညစ်ညမ်းမှု အခြေအနေက ဒီဇင်ဘာလမှာ Campaign စတာဆိုတော့ ဒီဇင်ဘာလ တလျှောက်လုံး တိုင်းလာ တဲ့ အခြေအနေက အနီရောင်တွေချည်းပဲ။ မနက်တိုင်းဆိုရင် အနီရောင်တွေချည်းပဲ။ ဇန်နဝါရီလမှာဆိုရင် နှစ်စမှာ ရက်၊ ရက်ပိုင်းအတွင်းမှာ လိမ္မော်ရောင် အဆင့်မှာ ရှိတယ်။ နောက်ပိုင်း တိုင်းလာတဲ့ အခါမှကျတော့ အနီရောင် ပြန်ရောက် လာတယ်။ အဲဒီကနေမှ မနေ့က ကျတော့ ခရမ်းရောင်အဆင့် 264 AQI ဆိုပြီးတော့ ရောက်သွားတယ်။ ဒါတွေကို စက်တွေနဲ့ တိုင်းတာတယ်။ Data တွေ ရတယ်။ ဒါပေမယ့် Data Analysis လုပ်ဖို့ ကြတော့ ညီမတို့က ကျောင်းသားတွေ ဖြစ်နေတော့ သေချာ Analysis မလုပ်နိုင်သေးဘူး။ ဘာက အဓိက ခရမ်းရောင်အဆင့် ဖြစ်သွားစေတယ်ဆိုတာက သေချာ အသေးစိတ်တော့ မရှာရသေးဘူး။

ဒါပေမယ့် ခန့်မှန်းချက်အရ Temperature နဲ့လည်း ဆိုင်တယ်လို့ ထင်တယ်။ ရာသီဥတုက ဒီတလောမှာ အေးနေ တယ်လေ။ အေးနေတာနဲ့ အမျှ လေထုထဲမှာ အမှုန်အမွှားတွေရဲ့ သိပ်သည်းဆက ပိုပြီးတော့ စုလာတယ်။ စုလာပြီးတော့ ပူတဲ့လေက အပေါ်ကမြင့်တယ်။ အေးတဲ့လေက အောက်ကျတယ်။ အေးတဲ့လေက အောက်မှာစုပြီးတော့ အမှုန်တွေ အမွှားတွေက ပိုပြီးတော့ များလာတဲ့ ပုံမျိုးဖြစ်တယ်။ အဲဒါကြောင့် မနေ့က ခရမ်းရောင်အဆင့် ရောက်သွားတယ်လို့ ထင်တယ်။

မေး။ ။ အရင်ကရော ခရမ်းရောင် အဆင့်ရောက်ဖူးလား။

ဖြေ။ ။ အရင်ကတော့ ခရမ်းရောင်အဆင့်က Sensor လုံး၊ လုံးလောက်ပဲ ရှိဖူးတယ်။ ရန်ကုန်တမြို့လုံး ပျမ်းမျှ ခရမ်းရောင် ရောက်တာကတော့ မနေ့ကမှ ရောက်ဖူးတာ။ ဒါပေမယ့် ဒါက ညီမတို့တိုင်းလာသမျှပေါ့။ တိုင်းတာ ၂၀၁၈ လောက်က စတိုင်းတယ်။ ၂၀၁၈ အရှေ့ပိုင်းတွေမှာ ဘယ်လိုဖြစ်ခဲ့လဲဆိုတာတော့ သေချာမသိဘူး။

မေး။  ။ ရန်ကုန် တမြို့လုံးလို့ ပြောလို့ရလား။

ဖြေ။ ။ စက်က မြို့နယ်တိုင်းမှာတော့ မရှိဘူး။ ရန်ကုန်တမြို့လုံး ဆိုပေမယ့် သေသေချာချာ တိတိကျကျ Accurate တော့ မဖြစ်ဘူး။ ဒါပေမယ့် ပျမ်းမျှခြင်းအားဖြင့် ရန်ကုန်တမြို့လုံးလို့တော့ ပြောလို့ရတယ်။

မေး။ ။ ခရမ်းရောင်အဆင့်က စက် ၁၃ လုံးမှာ ဖြစ်သွားတာလား။ လက်ရှိမှာ ခရမ်းရောင်က ပြန်ကျသွားပြီလား။ 

ဖြေ ။ ။ စက် လုံးကတော့ လိမ္မော်ရောင် အဆင့်မှာပေါ့။ ၁၂ လုံးမှာ ဖြစ်တာပေါ့။ ခရမ်းရောင်က ပြန်ကျသွားပြီး အနီရောင်အဆင့်မှာ။ ဒါပေမယ့် လေထုကတော့ ညစ်ညမ်းတုန်းပဲ။ AQI အရ ဆိုရင် ၁၀၀ ကျော်တာနဲ့ လူ့ကျန်းမာရေးအတွက် မကောင်းဘူး။

မေး။ ။ စက်တွေက ဘယ်မှာ တပ်ထားတာလဲ။ ဘယ်နှစ်လုံးလောက် တပ်ထားတာလဲ။

ဖြေ။ ။ စက်က ကိုယ်ပိုင် ဝယ်ထားတဲ့စက်ရယ်။ တခြားကုမ္ပဏီတွေ၊ ကျောင်းတွေကနေ ကိုယ်ပိုင်တပ်ထားတဲ့ စက်တွေ ရှိတယ်။ အခုအားလုံးပေါင်း Indoor Sensor, Outdoor Sensor ဆိုပြီးရှိတယ်။ အားလုံးပေါင်းဆိုရင် ၁၃ လုံးရှိတယ်။ ရန်ကုန်မြို့တွင်းမှာ ဆိုရင် အားလုံးပေါင်း ၁၃ လုံးဆိုပေမယ့် မြို့နယ်အလိုက်တော့ ပြောလို့ မရဘူး။ 

စက်ပိုများရင်တော့ ပိုတိကျမယ်။ အကြမ်းဖျင်းပြောရရင်တော့ သန်လျင်မှာ ရှိတယ်၊ ကမာရွတ်မှာ ရှိတယ်။ မြေနီကုန်း (စမ်းချောင်း) မှာ ရှိတယ်။ သင်္ဃန်းကျွန်းမှာရှိတယ်။ 

မေး။ ။ သတ်မှတ်တာက ဘယ်လိုအဆင့်တွေရှိတာလဲ။

ဖြေ။ ။ AQI – Air Quality အဆင့် သတ်မှတ်တာက US က သတ်မှတ်ထားတဲ့ AQI နဲ့ သတ်မှတ်ထားတာ။ သုညကနေ ၅၀ အထိဆိုရင် အစိမ်းရောင်၊ အဲဒါက လုံးဝကောင်းတယ်။ အဲဒီလို အခြေအနေက မိုးရာသီမှာ ဖြစ်ဘူးတယ်။ အချို့ ဥရောပ နိုင်ငံတွေမှာ ရှိတယ်။ အဝါရောင်ကကျတော့ ကနေ ၁၀၀ အထိ အဲဒါကတော့ မိုးရာသီထဲမှာပဲ ရှိတယ်။ အဲဒါကလည်း ကောင်းတယ်လို့ မဟုတ်၊ ဆိုးတယ်လို့ မဟုတ်တဲ့ အဆင့်မှာရှိတယ်။ ပြီးတော့ လိမ္မော်ရောင်ကတော့ ၁၀၀ ကနေ ၁၅၀ အထိမှာ ရှိတယ်။ အဲဒီအခြေအနေက ကျန်းမာရေး အခြေခံ မကောင်းတဲ့သူတွေ ဥပမာ ရပ်ကျပ်ရောဂါ ရှိတဲ့သူမျိုး ထိခိုက်နိုင်တယ်။ ပြီးတော့ နောက် အနီရောင်အဆင့်၊ အဲဒါက ၁၅၀ ကနေ ၂၀၀ အထိ အဲဒီအဆင့်ဆိုရင် လူတိုင်းအတွက် ကျန်းမာရေး ဆိုးရွားနိုင်တယ်။ နောက် ခရမ်းရောင်အဆင့်က ၂၀၀ ကနေ ၂၅၀၊ နောက်ထပ်က ကြက်သွေးရောင် ၂၅၀ ကနေ ၃၀၀ အထိ၊ အဲဒါက အဆိုးဆုံး အဆင့်ပေါ့နော်။ အဲဒါက အိန္ဒိယတို့ သြစတြေးလျ မဲလ်ဘုန်းတို့မှာဖြစ်တယ်။

မေး။  ။ အခုရက်ပိုင်း တောက်လျှောက်တွေ့နေရတာက အနီရောင်အဆင့်ပေါ့။ အဲဒါက ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်လဲ။

ဖြေ။  ။ လေဆိုတာက မျက်စိနဲ့ မမြင်ရတဲ့ အရာ။ ရှူလိုက်တယ်ဆိုရင် ဥပမာ ကားတွေဘာတွေ ဖြတ်သွားတယ်ဆိုရင် လူတွေက အနံ့လောက်ပဲရတာ။ ကြာရှည် ဆက်ရှူနေမယ်ဆိုရင် လူ့ရဲ့ ကျန်းမာရေး အဆုတ်ရောင်ရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါတို့ ဖြစ်လာနိုင်တယ်။ Short Term မှာတော့ ချက်ချင်းကြီး ဖြစ်တာမျိုးမရှိဘူး။ ဒါပေမယ့် ဟိုတနေ့ ကဆိုရင်။ ဒါက Example ပြောပြတာ ညီမနေတဲ့ ရန်ကင်းနားမှာ သစ်ရွက်ခြောက်တွေ မီးရှို့တယ်။ သစ်သီးဈေး ဘေးနားမှာနေတဲ့ ကလေးလေး တယောက်ဆိုရင် သူဒီဘက်မှာ မီးရှို့နေရင် အမြဲရှိနေတာ။ ဟိုတနေ့ကပဲ ဆေးရုံတက် လိုက်ရတယ်။ အသက်ရှူလမ်းကြောင်း ရောဂါနဲ့ပဲ။

မေး။  ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် လေထုညစ်ညမ်းမှုက ဘယ်လိုအခြေအနေရှိမလဲ။

ဖြေ။ ။ ဒီ Air Visual ကနေ Ranking ချပေးတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေက ၁၀ ကျော်နားမှာ။ ၁၀ ဝန်းကျင်မှာ။ လက်ရှိ ဒီရက်ပိုင်းမှာ နံပါတ် တို့၊ ဟိုနေ့ကဆိုရင် နံပါတ် အထိတောင် ရောက်သွားတယ်။ လေထု အခြေအနေက အမြဲ အတက်အကျတော့ ရှိတယ်။ ဒါပေမယ့် အရမ်းကြီးကောင်းတဲ့ အခြေအနေမှာ မရှိဘူး။ ဘန်ကောက်တို့၊ China တို့နဲ့ အရမ်းကြီးကွာတဲ့ အခြေအနေမှာ မရှိဘူး။

မေး။ ။ ဘန်ကောက်ထက်တောင် ဆိုးရွားဘူးတဲ့ အခြေအနေလည်း ကြုံဖူးတယ်ကြားတယ်။ အဲဒါကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ခုနက ပြောသလိုပဲ လေထုအခြေအနေက အမြဲအတက်အကျ ရှိနေတာ။ ရာသီဥတုနဲ့လည်း ဆိုင်တယ်။ လူတွေကနေ လုပ်တဲ့ Activity တွေနဲ့လည်း ဆိုင်တယ်။ ဘန်ကောက်ထက် ဆိုးရွားတဲ့ အခြေအနေရှိသလို၊ သူ့ထက်နိမ့်တဲ့ အခြေအနေလည်း ရှိနိုင်တယ်။

မေး။ ။  အခုရက်ပိုင်းက အနီရောင်မှာပဲ ဖြစ်နေတာများတယ် ဆိုတော့ ဘာကြောင့် အဲဒီလိုဖြစ်တာလဲ။

ဖြေ။ ။ အခုရာသီပိုင်းမှာ လူတွေက သစ်ရွက်ခြောက်တွေ မီးရှို့တာ အရမ်းများလာတယ်။ လူတွေထင်တာက သစ်ရွက် ခြောက်တွေ မီးရှို့လိုက်ရင် ချက်ခြင်း လေထဲမှာ ပျောက်သွားတယ်ထင်တာ။ ဒါပေမယ့် မဟုတ်ဘူး။ အဲဒီသစ်ရွက် ခြောက်တွေ၊ ဓာတ်ငွေ့တွေက ထွက်တဲ့ အမှုန်တွေ ရှိနေတုန်းပဲ။ သူတို့က ပျောက်သွားတာ မဟုတ်ဘူး။ အဲဒါကြောင့် စက်တွေက ပြနေတာပေါ့နော်။

မေး ။ ။ စက်တွေက လေထုရဲ့ အရည်အသွေးကို ဘယ်လိုတိုင်းတာသလဲ။

ဖြေ ။ ။ ဒီ sensor တွေ တိုင်းတာကလည်း အမှုန်အမွှားတွေကို အဓိက တိုင်းတာပေါ့။ PM 2.5 နဲ့ PM 10 ဆိုပြီး ရှိတယ်။ အဲဒီအမှုန်အမွှားတွေကို အဓိက တိုင်းတာပေါ့။ PM 2.5 ဆို လူ့ဆံပင်ထက် အဆ ၂၅ လောက် ပိုသေးငယ်တယ်။ အဲဒါကြောင့်မို့လို့ အသက်ရှုလိုက်တဲ့ အခါမှာ အဆုတ်ထဲကို ဝင်ရတာ ပိုပြီးတော့ လွယ်တယ်။ အဲဒီ practical pollution က ပိုပြီးတော့ အန္တရာယ်ရှိတာကြောင့် အဲဒါတွေကို အဓိကထား တိုင်းတာပါ။ ခရမ်းရောင် အနီရောင် ပြနေတယ် ဆိုတာလည်း အမှုန်အမွှားတွေရဲ့ data ကို ပြနေတာပေါ့။

မေး။  ။ အခုဖြစ်နေတဲ့ အခြေအနေကို ရေတိုအရရော ရေရှည်ပါ ဘယ်လိုဖြေရှင်းရမလဲ။

ဖြေ။  ။ ဒီဇင်ဘာလမှာ Campaign လုပ်တယ်လို့ ပြောတယ်မလား။ ဒီဇင်ဘာလမှာ တောက်လျှောက် လူတွေကို ဘယ်လို အကြံပြုလဲဆိုရင် ကားတွေလျှော့သုံးဖို့၊ Public Transportation တွေကို သုံးဖို့။ ဘာကြောင့်လဲ ဆိုတော့ ဒါတွေကလည်း လေထုညစ်ညမ်းမှုတွေကို ဖြစ်စေတယ်လေ။ ဒီကားတွေက ထွက်တဲ့ ဓာတ်ငွေ့တွေကလည်း လေထုကို ပိုညစ်ညမ်းစေတယ်။ သစ်ရွက်ခြောက်တွေဆိုရင် မီးမရှို့ဘဲ မြေဆွေးလုပ်လို့ရတယ်။ ညီမတို့နောက်ပိုင်းမှာ မြေဆွေး ဘယ်လိုလုပ်ရမယ် ဆိုတာကို ဖြန့်ဝေပေးသွားမယ်။ တခြားအဖွဲ့အစည်းတွေလည်း ရှိတယ်။ မြေဆွေး ဘယ်လိုလုပ်ရမယ် ဆိုတာ အကြံဉာဏ်ပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ အဲဒါကို ပိုပြီးတော့ လေ့လာသင့်တယ်။ ပြီးရင် အဲဒါတွေကို လိုက်နာဆောင်ရွက်သင့်တယ်လို့ ထင်တယ်။

ရေရှည်အနေနဲ့ ဆိုရင် ညီမတို့ တယောက်တည်း လုပ်တာနဲ့ တင်မကဘဲ တခြားအဖွဲ့အစည်းတွေ စီးပွားရေးသမားတွေ၊ အစိုးရတို့ကပါ ပူးပေါင်းပြီး မူဝါဒတွေ ထုတ်တာမျိုးတွေ လုပ်သင့်တယ်။ ကိုယ်တိုင်လုပ်နေရုံမပြီးဘူးလေ။ အပြောင်းအလဲ တခုဆိုတာ လူတိုင်း ပူးပေါင်းပါဝင်လုပ်မှ ဆိုတော့ အစိုးရရော၊ အခြားအဖွဲ့အစည်းတွေရော စပြီး လုပ်ဆောင်သင့်နေပြီလို့ ထင်တယ်။

မေး။  ။ ဒီကရတဲ့ အချက်အလက်တွေကိုတော့ ပြည်သူလူထုသိအောင် ဖြန့်ဝေနေတယ်။ ဒီအချက်အလက်တွေကို အစိုးရကိုရော ပေးဖို့ ပြောဖို့ အစီအစဉ်ရှိလား။

ဖြေ။ ။ အစိုးရက သူတို့ကိုယ်တိုင် တိုင်းတာနေတာတော့ ရှိတယ်။ ဒါပေမယ့် Public ကို မချပြသေးဘူး။ အဲဒါကြောင့် ညီမတို့ အဖွဲ့က လူတိုင်းကို သိစေချင်တဲ့အတွက် ဒီအချက်အလက်တွေကို ဖြန့်ဝေပေးနေတာ။ ပေးဖို့ဆိုရင်တော့ သူတို့ဘက်က တခုခု ကောင်းကျိုးဖြစ်စေမယ့် အရာလုပ်ဖို့ ရှိတယ်ဆိုရင် ပေးဖို့ အဆင်သင့်ပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒါက လူတိုင်းအတွက် Data ဖြစ်တယ်။ Open Source လည်းဖြစ်တဲ့ အတွက်ကြောင့် မပေးနိုင်စရာ အကြောင်းလည်း မရှိပါဘူး။

မေး။ ။ အစိုးရက ပြည်သူလူထုကို ချပြတာ မရှိဘူးဆိုတော့။ အစိုးရက လေထုညစ်ညမ်းမှု အပေါ်မှာ ဘယ်လောက်ထိ အာရုံစိုက်နေတယ်ထင်လဲ။

ဖြေ။  ။ ညီမတို့လည်း အစိုးရနဲ့ လက်တွဲအလုပ်လုပ်နေတာ မဟုတ်တော့ သူတို့ ဘယ်လောက်အထိ အာရုံစိုက် နေတယ်ဆိုတာကို မပြောတတ်ဘူးပေါ့။

မေး ။ ။ အဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်ငန်းတွေ ထပ်လုပ်ဆောင်ဖို့ ရှိလဲ။

ဖြေ ။ ။ ညီမတို့ လုပ်နေတာကတော့ လူတွေကို အသိပညာ ပေးတာပေါ့။ လေထုညစ်ညမ်းမှုဆိုတာ လူတွေက သိပ်ပြီးတော့ ဂရုစိုက်တာ မဟုတ်ဘူး။ လူတွေကို ပိုပြီးတော့ ဂရုစိုက်စေချင်တယ်။ ကျန်းမာရေးကို မထိခိုက်အောင် အကြံဉာဏ်တွေပေးတာ လုပ်ချင်တယ်။ ရှေ့လျှောက်ဆိုရင် လေထုညစ်ညမ်းမှုတွေ ပညာပေးတာတင် မဟုတ်ဘဲနဲ့ ကိုယ်တိုင်ဖြေရှင်းတာတွေလည်း လုပ်ချင်တယ်။ တခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လည်း ရှိတယ်။

မေး ။ ။ ၂၀၁၈ ခုနှစ် ကတည်းက စတင်တိုင်းတာခဲ့တယ် ဆိုတော့ ၂၀၁၉ နဲ့ နှစ်တာ နှိုင်းယှဉ်ရင် လေထု ညစ်ညမ်းမှု အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ ၂၀၁၈ မှာတုန်းက အောက်တိုဘာလ နှစ်ကုန်နားနီးမှာ စတာ ဆိုတော့ စက် လုံး လုံးလောက်နဲ့ပဲ စတာဆိုတော့ အဲဒီတုန်းကလည်း ဆောင်းရာသီဆိုတော့ သစ်ရွက်ခြောက်တွေ မီးရှို့တာလည်း ရှိတယ်။ လိမ္မော်ရောင် အနီရောင် ပတ်ဝန်းကျင်မှာပဲ ရှိတယ်။ ၂၀၁၉ နှစ်စမှာတော့ လိမ္မော်ရောင်၊ အဝါရောင် မိုးရာသီမှာ အစိမ်းရောင်၊ အဝါရောင် ရှိတယ်။ ဒီ ၂၀၁၉ နှစ်ကုန်နားလေးမှာ ဒီဇင်ဘာလမှာ စပြီးတော့ အနီရောင်အဆင့် ဆိုပြီးတော့ ဆက်တိုက် ဖြစ်နေတာ။

မေး ။ ။ ဒါတွေက သစ်ရွက်မီးရှို့တာကြောင့်ပဲလား တခြား ဘယ်လို အချက်တွေကြောင့် ဖြစ်နိုင်သေးလဲ။

ဖြေ ။ ။ မီးရှို့တာကတော့ အဓိကလို့ ထင်တယ်။ ကားတွေက ထွက်တဲ့ ဓာတ်ငွေ့တွေ၊ စက်ရုံတွေက ထွက်တဲ့ အငွေ့တွေကြောင့်လည်း ပါမယ်။

မေး ။ ။ အခုလို ကျောင်းသားတွေချည်းပဲ ဖွဲ့စည်းပြီး လုပ်တာဆိုတော့ ဘယ်လို အခက်အခဲတွေ ရှိလဲ။

ဖြေ ။ ။ အခက်အခဲက Human resource အားနည်းတာပေါ့။ professional ပိုင်းဆိုရင် သိပ်ပြီး မလုပ်နိုင်သေးဘူး။ data analysis အပိုင်းတွေတွေ အားနည်းတယ်။ သေချာ analysis လုပ်တဲ့ အပိုင်းပေါ့ အနီရောင်ဖြစ်သွားတယ် ဆိုရင် ဘာကြောင့် ဖြစ်တယ်ဆိုတာ research မလုပ်နိုင်သေးတာပေါ့။ တခြားအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ စကားသွားပြောတဲ့ အခါမှာလည်း ကျောင်းသား အနေနဲ့ စကားသွားပြောမယ် ဆိုရင် နည်းနည်းတော့ အားနည်းနေသေးတယ် ထင်တယ်။

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာပါလာသော တရုတ် လေယာဉ် ပြန်လည် ထွက်ခွာ

ဝူဟန်မှ မန္တလေးရောက် တရုတ်လူမျိုး ၇၃ ဦး သွားလာခဲ့သည့် နေရာများကို စစ်ဆေးမည်

ယူနန်ပြည်နယ်က မြန်မာလုပ်သား ၁၀၀၀ ကျော် နေရပ်ပြန်ရေး အစိုးရ ကူညီ

Did you find apk for android? You can find new Free Android Games and apps.
Loading