• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ICJ တွင် မော်လဒိုက်က မြန်မာကို ကြားဖြတ်အမှု တင်သွင်းမည့် အပေါ် သူတို့အမြင်

by ဇူးဇူး & လဲ့လဲ့
27 February 2020
in အင်တာဗျူး
A A
--

--

26.7k
VIEWS
Share on FacebookShare on Twitter

မော်လဒိုက်နိုင်ငံသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို အပြည်ပြည် ဆိုင်ရာ တရားရုံး (ICJ)တွင် ကြားဖြတ်အမှု တင်သွင်းမည့်အကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကြေညာလိုက်သည်။

မော်လဒိုက် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာ ရှာဟစ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပနေသည့် (၄၃) ကြိမ် မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ထိုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီး ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်သည်ဟူသော ဂမ်ဘီယာနိုင်ငံ၏ စွဲချက်ကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.7k
သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

12 May 2025
43
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

10 May 2025
5.2k

ICJ တရားရုံးက ဂမ်ဘီယာနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ပြီး တလကျော်အကြာ တွင် မော်လဒိုက်နိုင်ငံကလည်း အလားတူ လုပ်ဆောင်လာခြင်းဖြစ်ရာ ထပ်မံ တရားစွဲခံရမှုကြောင့် မြန်မာနိုင်ငံ အနေ ဖြင့် မည်သို့သော အကျိုးဆက်၊ အကျပ်အတည်းများ ရင်ဆိုင်ရလာနိုင်ဖွယ်ရှိသည်ကို ဘက်ပေါင်းစုံမှ မတူညီသော သဘောထား အမြင်များကို ဧရာဝတီက မေးမြန်းကာ စုစည်းဖော်ပြလိုက်ပါသည်။

ဟာဂျီဦးအေးလွင် (ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်)

အခုပြောနေတဲ့ အကြောင်းအရာတွေက ကာယကံရှင် မြန်မာနိုင်ငံကလည်း အငြင်းမပွားဘူး။ လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့က သုံးနှုန်းတဲ့ အသုံးအနှုန်းတွေထဲမှာ Serious Violation လို့ သုံးထားတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကို အပြင်းအထန် လုပ်ထားတယ်။ နောက်ပြီး War Crime ဆိုတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ တွေ့ထားရတယ်။ တပ်မတော်ဘက်ကလည်း စစ်ဆေးတဲ့အခါမှာ စစ်ဆေးစရာတွေ ထပ်ထပ်တွေ့လာတာတွေ ရှိနေတယ်။ ဒါတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်စိတ်တွေ ရှိမှာပဲလေ။

ကျနော်တို့ဘက်က ဒါကို တုန့်ပြန်တတ်ဖို့ လိုတာပေါ့နော်။ ဒါတွေကို အသိအမှတ်လည်း ပြုတယ်။ မဖြစ်သင့်ဘူးဆို တာလည်း လက်ခံတယ်။ ဒါတွေကို ဘယ်လို Correct (မှန်ကန်အောင်) လုပ်မလဲ။ အဲဒါတွေကို ရှင်းပြနိုင်မယ်ဆိုရင် ဒါ ကျနော်တို့အတွက် အခွင့်အရေးတရပ် ဖြစ်မှာပါ။

ဒါကို စိန်ခေါ်ချက်အနေနဲ့ မမြင်ဘဲ အသုံးချတတ်မယ်ဆိုရင် ဒါရှိနေမှာပါ။ အမှန်တရားကြီးတခုကိုး။ မော်လဒိုက်တင် မဟုတ် ဘူး။ နောက်ထပ် ဘယ်သူတွေ လာအုံးမလဲ မသိဘူး။ ရှိလာမှာပဲ။ အဲဒီတော့ လက်တွေ့ကျကျလေး လုပ်ပြဖို့ လိုပါတယ်။ ပြောထားတဲ့ကိစ္စရပ်ကို လူတွေယုံကြည်လာအောင် လုပ်ပြ လာလေလေ ဒီလိုကိစ္စရပ်တွေက ကိုယ့်အတွက် အကျိုးရှိလာလေလေ ဖြစ်မှာပါ။

ကျနော်ကတော့ အကျပ်အတည်းလို့ မမြင်ပါဘူး။ ကိုယ့်အတွက် အခွင့်အရေးပါ။ ဒါကို လက်တွေ့ကျကျ လုပ်ပြရမယ်။ ဒါ အမှုသစ်လည်း မဟုတ်ဘူး။ ရှိပြီးသားကိစ္စတခုကို နောက်ရှုထောင့် တခုကနေ ချဉ်းကပ်လာတာ။ အဲဒါမျိုးတွေကို ကျနော်တို့က လက်ခံအသိအမှတ်ပြုရမယ်။ ပြီးရင် လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲမှု လုပ်ပေးရမယ်။ အပြီးအပြတ် မလုပ်နိုင်သည့်တိုင် လုပ်လိုတဲ့ ဆန္ဒစေတနာကို ဖော်ပြနိုင်ရမယ်။

အဲဒီလို လုပ်ပြရင် အင်မတန် ကျနော်တို့အတွက် အကျိုးရှိပါတယ်။ မနေ့ကပဲ ဝန်ကြီးဦးကျော်တင့်ဆွေက ဂျီနီဗာမှာ ပြောသွားတာ ရှိတယ်။ ပြောထားတာလေးတွေက သံခင်းတမန်ခင်း အရ အင်မတန် ရေပက်မဝင်ပါဘူး။ ဒါတွေကို တကယ် လူတွေ ယုံကြည်မှုရှိလာအောင် လက်တွေ့ မှာ မြေပြင်မှာ တစုံတရာတော့ လိုအပ်ပါတယ်။ ကြိုးစားပြီး လုပ်ကြပါလို့ တိုက်တွန်းပါတယ်။


ကိုမင်းဇာနည်လင်း (စီးပွားရေးသုတေသီ)

စီးပွားရေးဘက်ခြမ်းကနေ ကြည့်မယ်ဆိုရင်တော့ မကောင်းဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကလည်း မလာခင်က တည်းက တန့်သွားတာတွေ ရှိတယ်။ ဒီလိုဖြစ်လာတဲ့အခါ စီးပွားရေးအရ နိုင်ငံတကာဆက်ဆံရေးမှာလည်း ကျနော် တို့ဘက်မှာ ဖိအားတွေ ပိုများလာမယ်။ ဒါလေးတွေ စိန်ခေါ်မှု ရှိတယ်။

ဒါပေမယ့် ကံကောင်းတာ တခုက အရင်တုန်းက ကျနော်တို့ မျှော်ထားတာ ICJ ရလဒ် ထွက်လာပြီးရင် အီးယူကနေ တစုံတရာ ဆုံးဖြတ်ချက် ချမလားဆိုပြီး စိတ်ပူပန်တာတွေ ရှိတယ် စီးပွားရေးဘက်ခြမ်းမှာ။ အထူးသဖြင့် GSP ကိစ္စ။ အခုကတော့ GSP ကို မြန်မာနိုင်ငံကို မချဘူး။ ကမ္ဘောဒီးယားကိုတော့ GSP ပြန်နုတ်လိုက်ပြီ။ Justice အခွင့်အရေး မပေးတော့ဘူး။

မြန်မာပြည် ကိုတော့ Justice အခွင့်အရေး ပေးမယ်ဆိုတဲ့ သတင်းစကားက မျှော်မှန်းသလောက်ထက်စာရင် လက်ရှိ အခြေအနေက မဆိုးသေးဘူး လို့ ပြောရမယ်။ ဒါပေမယ့် ရေရှည်မှာ ဒီဟာကလည်း ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေးမူဝါဒ တွေ စဉ်းစားတဲ့အခါ အရေးကြီး တဲ့ အခန်းကဏ္ဍတရပ်ကနေ ပါလာမှာပေါ့။

ဒီကနေ ဘယ်လိုရုန်းထွက်မလဲဆိုတဲ့ စဉ်းစားချက်တွေ စီးပွားရေးကဏ္ဍမှာ သုတေသန လုပ်တာပဲဖြစ်ဖြစ် သုံးသပ် တာပဲဖြစ်ဖြစ် ဒါက မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အကြောင်းတရား ဖြစ်လာမယ်လို့ မြင်ပါတယ်။

ကျနော်တို့စီးပွားရေးက နိုင်ငံတကာကို ပြန်ပြီးဝင်ဆံ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို သွားမယ်ဆိုပြီး ကြွေးကြော်ထား တယ်။ ပို့ကုန်ကို ဦးစားပေးပြီး ဒီတိုင်းပြည်ရဲ့ စီးပွားရေးကို ဆွဲတင်မယ်ဆိုပြီး အစိုးရမူဝါဒတွေကို ယေဘူယျအားဖြင့် ကြည့်ရင် သိနိုင်တယ်။

ပြင်ပကမ္ဘာနဲ့ ဆက်ဆံပြီးတော့ ကျနော်တို့ရဲ့ စီးပွားရေး၊ လူမှုရေး တိုးတက်အောင်လုပ်မယ် ဆိုပြီး လုပ်တာကိုး။ အရင်တုန်းက တရုတ်နိုင်ငံ တခုတည်းကို မှီခိုနေရမယ်။ တခြား ဘေးအိမ်နီးချင်းနိုင်ငံတွေ တခုတည်းကို မှီခိုနေရတဲ့ စီးပွားရေးလုပ်ဆောင်မှုကနေ ဖြန့်ကျက်ပြီးတော့ ကမ္ဘာ့မိသားစု အသိုင်းအဝိုင်းအားလုံးနဲ့ ဆက် ဆံပြီး စီးပွားရေးလုပ်ဖို့ ၂၀၁၁-၂၀၁၂ လောက်ကတည်းကစပြီး သိသိသာသာ ပြောင်းလာတာတွေ ရှိတယ်။

လက်ရှိအထိလည်း အစိုးရ ဘယ်လိုပဲပြောင်းပြောင်း စီးပွားရေးမူဝါဒမှာ ဒီပုံစံအတိုင်းပဲ သွားကြတာ။ ဒါပေမယ့် အခုကျ ကမ္ဘာ့မိသားစုဝင်တွေနဲ့ ဆက်ဆံတဲ့အခါ ကျနော်တို့ကို မယုံကြည်မှုတွေ သံသယတွေ အထင်သေးတာတွေ ဖြစ်လာ နိုင်တဲ့ အခြေအနေတွေ ရှိတာကိုး။ ဒါတွေနဲ့ ပတ်သက်လို့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့ လိုလာမယ်။

နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကတဆင့်၊ ကုန်ပစ္စည်းတွေ ထုတ်လုပ်ပြီး ပြည်ပပို့ကုန်ကနေတဆင့် စီးပွားရေးကို ထူထောင် မယ်။ ဒါ ကျနော် တို့ စဉ်းစားတာကိုး။ ဒီမှာဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေကတော့ အများကြီးပေါ့။ ကမ္ဘာ့မိသားစု တွေနဲ့ ဆက်ဆံတဲ့ အခါကျရင် ဟိုဘက်က လိုလိုလားလား ရှိပါ့မလားဆိုတဲ့ အချက်အလက်တွေကလည်း ကျနော် တို့စီးပွားရေးအပေါ်မှာ အများကြီး သက်ရောက်နိုင်တယ်။ ဒါတွေကို အကုန်လုံး ထည့်တွက်ထားဖို့ လိုမယ်ထင်တယ်။

အကုန်လုံးကတော့ စည်းစည်းလုံးလုံးနဲ့ တဦးတယောက် အကျိုးစီးပွားမဟုတ်ဘဲ အများအကျိုးစီးပွားအပေါ် အခြေခံပြီး စဉ်းစားလုပ်ကိုင် မယ်ဆိုရင် အကောင်းမဖြစ်ရင်တောင် အဆိုးဘက်ကို မရောက်တဲ့ လမ်းကြောင်းပေါ်ရှိမယ်လို့ မြင်ပါတယ်။

ဦးမောင်မောင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ကျနော်တို့ အမြင်ပြောရရင် အဲဒီလို နိုင်ငံငယ်လေးတွေကနေ တခုချင်း လိုက်တရားစွဲနေတာ အစိုးရ အနေနဲ့ ပြန်ဖြေရှင်းနေတာ မလိုအပ်ဘူးလို့ ထင်ပါတယ်။ တကယ်တမ်းက ကုလသမဂ္ဂကနေတဆင့် ဆွေးနွေးဖြေရှင်းတာက အဖြေရပါလိမ့်မယ်။ ဒီလို ကျနော်တို့နဲ့လည်း နယ်နမိတ်ချင်း ဆက်စပ်မနေဘူး။

ကင်းကွာနေတဲ့ နိုင်ငံတွေကနေ လိုက် တရားစွဲနေတာတွေကို လိုက်ဖြေရှင်းနေတာက ကျနော်တို့အတွက် အလကား အချိန်ကုန်ပြီးတော့ အကျိုးရှိတယ်လို့ မမြင်ပါဘူး။ ကျနော်ကတော့ မော်လဒိုက်က တရားစွဲဖို့လုပ်လာတာကို အကျပ်အတည်းလို့ မမြင်ပါဘူး။ ဒါကို ကျနော်တို့ လျစ်လျူရှု လိုက်လို့ရတယ်လို့ ထင်ပါတယ်။

ဒေါ်မေစံပယ်ဖြူ (Gender Equality Network)

မော်လဒိုက်က တရားစွဲတဲ့အပေါ်မှာ ပြောချင်တာက ကိုယ့်မှာ အပြစ်ရှိပါတယ်။ မရှိပါဘူး။ လုပ်ပါတယ်။ မလုပ်ပါဘူး ဆိုတာတွေက ဒီအတိုင်းပဲ ငြင်းခုန်နေတာထက် မှန်ကန်တဲ့ ဖြေရှင်းရမယ့် လမ်းကြောင်းတွေ ရှိတယ်။ ဘယ်လိုပဲ ဘယ်သူက ဘာပြောပြော၊ ဘယ်သူ ဘာလုပ်လုပ် ဂရုစိုက်စရာ မလိုဘူးဆိုတာကတော့ အမှန်တကယ် ဖြေရှင်းသင့်တဲ့ နည်းလမ်းအမှန်မဟုတ်ဘူး။ ဟုတ်တယ်။ မဟုတ်ဘူးက ငြင်းနေစရာမလိုဘူး။

အခုလို တနိုင်ငံနဲ့ တနိုင်ငံ တရားစွဲလာ တာက ကိုယ့်နိုင်ငံအတွက် ကောင်းတဲ့ နမိတ်လက္ခဏာတော့ မဟုတ်ဘူး။ နိုင်ငံအတွက် မကောင်းဘူး။

ဒီမကောင်းတဲ့ပုံရိပ်ကို ဖယ်နိုင်ဖို့အတွက် ခြေစုံကန်ပြီး မျက်စိဇုံမှိတ်ငြင်းနေတဲ့ဟာက ဖြေရှင်းရမယ့် နည်းလမ်း မဟုတ်ဘူးလို့ ထင်တယ်။ တကယ်လို့ မရှိဘူးဆိုရင်လည်း မရှိကြောင်း သက်သေပြနိုင်တဲ့ဟာပေါ့။

တရားစွဲတယ်၊ တရားဥပဒေလမ်းကြောင်းအတိုင်း သွားတယ်ဆိုတာက လူတယောက်မှာ အပြစ်ရှိတယ်၊ မရှိဘူး လားဆိုတာကို သူလုပ်ခဲ့ပါတယ်လို့ စွပ်စွဲတဲ့သူတွေကလည်း သက်သေအထောက်အထားနဲ့ စွပ်စွဲသလို ကိုယ့်မှာ အပြစ်မရှိပါဘူးလို့ ပြောတဲ့သူကလည်း အပြစ်မရှိကြောင်း သက်သေအထောက်အထားနဲ့ ပြကြမှာ။ ဒါကြောင့် ဒါကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းရမယ်။

တရားစွဲတာ တနိုင်ငံပြီး တနိုင်ငံ ထပ်တိုးလာတာကတော့ နိုင်ငံအတွက် မကောင်းဘူး။ လက်ရှိမှာ အာဏာရနေတဲ့ အစိုးရဲ့ ပြဿနာ မဟုတ်ဘူး။ ဒါနိုင်ငံရဲ့ ပြဿနာပဲဖြစ်တယ်။ နိုင်ငံရဲ့ ပြဿနာဖြစ်တဲ့အတွက် နိုင်ငံသားအားလုံးနဲ့ ဆိုင် တယ်လို့ ထင်တယ်။

နောက် နိုင်ငံအတွက်လည်း အကျပ်အတည်းတွေဖြစ်နိုင်တယ်။ ကိုယ့်အတွင်းရေး ပြဿနာကို တောင်မှ ဖြေရှင်းလို့ မရနေသေးဘူး။ ဖြေရှင်းဖို့တော့ ကြိုးစားနေတာပဲ။ အခက်အခဲတွေ အများကြီး ဖြစ်နေတယ်။ ဒီ အထဲမှာမှ ပြင်ပက ဖိအားတွေ ရှိလာတော့ အကျပ်အတည်းတွေ ဖြစ်ကုန်တယ်။ ပြီးတော့ ရွေးကောက်ပွဲက နီးလာပြီ ဆိုတော့ အခြေ အနေနဲ့ အချိန်အခါက နိုင်ငံအတွက် အခက်အခဲ အကျပ်အတည်းတွေ ဖြစ်စေတယ်။

ဦးမြအေး (ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးဦးဆောင်ကော်မတီဝင်)

ရခိုင်မှာရှိတဲ့ ပြသနာက အေးအေးဆေးဆေးနဲ့ မဖြေရှင်းနိုင်သမျှ ကာလပတ်လုံး ဒီကိစ္စတွေက ဒီလိုပဲ တက်လာအုံး မှာပဲ။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားတဲ့သူတွေကို ဒီဘက်က ပြန်လက်ခံဖို့ ကြိုးစားမှုတွေလည်း ရှိခဲ့ကြတာပဲ။

ညှိနှိုင်းလို့မရတဲ့ ကိစ္စရပ်တွေအပေါ်မှာ မူတည်ပြီးတော့ ဟိုဘက်က ပြန်ဝင်လာတာက အလွန်ကို နည်း တယ်။ မရှိသလောက် ဖြစ်နေတာကိုး။ အဲဒီပြဿနာကြီးက ဒီတိုင်းထားလည်း ဆက်ပြီး ထပ်ထပ်ဖြစ်နေအုံးမှာပဲ။

နောက်တချက်က ပြည်တွင်းနိုင်ငံရေး ဂယက်ရိုက်မှု အခြေအနေ။ ပြည်တွင်းနိုင်ငံရေးကို ကြည့်လိုက်တဲ့အခါ ကျတော့လည်း လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ပြီး အတွန်းအတိုက်တွေ ဖြစ်နေတဲ့အချိန် ဖြစ်နေတယ်။ ကျနော်တို့ နိုင်ငံရေးမျက်နှာစာ တခုလုံးကို ခြုံကြည့်ရင် ပြည်တွင်းအနေအထားရော ပြည်ပအနေအထားရော တပူပေါ် နှစ်ပူဆင့်လာတဲ့ကိစ္စကတော့ နိုင်ငံအတွက် မကောင်းဘူး။ အဲဒီအပေါ်မှာ စိတ်မကောင်း အများကြီး ဖြစ်တယ်။

ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ်က ပွင့်ပွင့်လင်းလင်း ပြောရရင် ပျက်နေပြီလို့ မြင်တယ်။ အစိုးရအနေနဲ့လည်း ဘယ်ဘက်ကနေ ဘယ်လို စလုပ်ရမလဲဆိုတာ သူ့အနေနဲ့ တော်တော်ကြပ်မှာပဲ။ ပြည်တွင်းကြည့်လိုက်တဲ့ အခါကျတော့လည်း ညှိနှိုင်း မှုတွေက အဆင်မပြေဘူး။ ဖွဲ့စည်းပုံ ပြင်ရေးကိစ္စ ညှိနှိုင်းလို့မှမရတဲ့ အခြေအနေမျိုး တွေ့ရတယ်။ ပထမဖွင့်တဲ့နေ့ကဆို ပြင်းပြင်းထန်ထန်ကို ဖြစ်ကြတာ။

အဲဒီအခြေအနေကို ကြည့်ရင် ကြားထဲမှာ အစိုးရ ဆောင်ရွက်ခဲ့တဲ့ တည့်တည့်ပြောရ ရင် တပ်မတော်နဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းဆောင်ရွက်မှုက မအောင်မြင်ဘူးလို့တောင် မြင်တယ်။ အဲဒါတွေ ကလည်း တဖက်။ ဒီကြားထဲ ရခိုင်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေ အကုန်လုံးကို အစိုးရကလည်း ICJ မှာ သွားဖြေရှင်းတုန်း က လူ့အခွင့်အရေး စံနှုန်းတွေ နဲ့ပဲ ချဉ်းကပ်ဖြေရှင်းတဲ့ ပုံစံမျိုး ပြောခဲ့တယ်။ မကျူးလွန်ဘူးလို့လည်း မပြောခဲ့ဘူး။

အဲဒါတွေနဲ့ပတ်သက်ပြီး ဒီကိစ္စတွေကလည်း အနှောင့်အယှက်အဖြစ် ဝင်လာတာကတမျိုး။ ပြည်ပဖိအားတွေကလည်း တစုံတရာအားဖြင့် ဒီအပေါ်မှာ အကျိုးသက်ရောက်မှုတွေ များတာက တဖုံ။

ပြည်တွင်းငြိမ်းချမ်းရေးကို ကြည့်လိုက်မယ် ဆိုရင်လည်း ဧပြီမတိုင်ခင်မှာ နောက်ဆုံး ၄ ကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ဖို့ကိစ္စကလည်း သောင်မတင်ရေ မကျ အခမ်းအနားဆိုတော့ အဲဒီအခြေအနေမှာ အစိုးရက တော်တော့်ကို ခေါင်းစားမှာပဲ။ ဘက်ပေါင်းစုံ အကျပ်အတည်းပဲလို့ မြင်တယ်။

တကယ်တမ်းတော့ ဒီပြဿနာတွေက ရိုးရိုးလေး ဖြေရှင်းရမယ့် ကိစ္စတွေလို့ မြင်တယ်။ ရခိုင်ပြဿနာကို ဖြေရှင်း မယ်ဆို လူသားချင်းစာနာထောက်ထားမှု ရှုထောင့်ကနေ ချဉ်းကပ်ရလိမ့်မယ်။ Democratization ကို သွားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ ချဉ်းကပ်ရမယ်။

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေတဲ့ လူ့အခွင့်အရေး ဘောင်အတွင်းကနေ ချဉ်းကပ်ရမှာ။ ဒါပေမယ့် ခက်တာက တချို့အပိုင်းတွေမှာ နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးပြီး ပြောနေတဲ့အပိုင်းတွေကလည်း အကုန်လုံးမှာ ရှိနေကြတယ်။ တကယ်တမ်းကျ စံနှုန်းတွေနဲ့ ချဉ်းကပ်ပြီး သွားရတော့မယ်လို့ မြင်တယ်။

ဒါပေမယ့် အစိုးရလည်း ဆန္ဒရှိတယ်။ လုပ်လို့မလွယ်ဘူး ပြဿနာက။ ဖွဲ့စည်းပုံ ပြင်ရေးဆိုလည်း အခု လွှတ်တော် ထဲမှာ ဆွေးနွေးချက်တွေ ကျနော်တို့ တွေ့နေတာပဲ။ ဘာတခုမှ အဆင်ပြေ မယ့် အနေအထားမျိုးတော့ ခုထက်ထိ မမြင်သေးဘူး။ နည်းနည်းတော့ ရက်တော့ ကျန်ပါသေးတယ်။ ဆိုတော့ ဖြေရှင်းချင်တဲ့ ဆန္ဒရှိတယ်။

ဖြေရှင်းမယ့် နည်းလမ်း ရှိပေမယ့်လည်း ဒီနည်းလမ်းကို ကန့်လန့်တိုက်မယ့်အုပ်စုရှိ ဘယ်လိုမှ လုပ်လို့မရဘူး။ တော်တော်ခက်တယ်။ ဒါကြီးက ဘယ်လိုဖြစ်သွားမလဲဆိုတော့ ကျနော်တို့အားလုံး တပြည်လုံးအတွက် ကောင်းကျိုး မဖြစ်နိုင်ဘူးလို့ မြင်တယ်။

ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)

ကိုယ့်နိုင်ငံကို အကြောင်းအရာတခုနဲ့ တရားစွဲတာမှ မဟုတ်ပါဘူး။ နိုင်ငံတကာ ဆက်ဆံရေးအရရော UN အဖွဲ့ဝင်နိုင်ငံ တခုခုကပါ အကြောင်းတခုခုကြောင့် တရားစွဲတာ သို့မဟုတ် အပြစ်တင်တာကြောင့် ဒီအပေါ်မှာ လွတ်လပ်တဲ့ နိုင်ငံ တနိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူ နိုင်ငံရဲ့ မူဝါဒတွေနဲ့ တုန့်ပြန်ရမှာ ဖြစ်ပါတယ်။

မတုန့်ပြန်လို့ရတဲ့ အခြေအနေ ရှိတယ် လို့ ကျမကတော့ မထင်ပါဘူး။ နိုင်ငံအပေါ်မှာ ကျရောက်လာမယ့် ဘယ်ကိစ္စ မဆို နိုင်ငံခြားရေးရာမူဝါဒ ဒါမှမဟုတ် သူ နဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေက နိုင်ငံကိုယ်စားပြု ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ICJ နဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံ က တရားစွဲတဲ့အပေါ် ကျမတို့နိုင်ငံက ပြန်လည်ချေပသလိုပဲ အဲဒီဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေက ကိုယ့်နိုင်ငံက ရှိတဲ့ခွန်အားတွေနဲ့ ကိုယ်နိုင်ငံရဲ့ မှန်ကန်တဲ့ အနေအထားတွေကနေ ပြန်လည်ချေပရမှာ ဖြစ်ပါတယ်။

အတိုင်းအတာ တခုအထိတော့ အကျပ်အတည်း ဖြစ်လာနိုင်တယ်။ ဘာလို့ဆို မြန်မာနိုင်ငံက အခုဆိုရင် လမ်း အစွန်ကို ရောက်နေသလိုပဲ။ နိုင်ငံတကာဖိအားတွေကလည်း ကျမတို့ နိုင်ငံမှာရှိတယ်။ ပြည်တွင်းပြုပြင်ပြောင်းလဲ မယ့် လမ်းဆုံကို ရောက်နေတယ်။ ဒီအချိန်မှ ပြုပြင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် နောင်တချိန်မှာ အရမ်းကို ရှုတ်ထွေး သွားလိမ့်မယ်။ ဒါပေမယ့် ကျမတို့ ဒါကို ရင်ဆိုင်ရမယ်။ ဖြေရှင်းရမယ်။

ဒီအခက်အခဲကို ဖြေရှင်းမှသာ နိုင်ငံသူနိုင်ငံသားလည်း နိုင်ငံမှာရှိကြတဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အားလုံးက ရင့်ကျက် လာမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကဆိုရင် ပြဿနာဖြစ်မှာစိုးလို့ တားဆီးရေးတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ ကိုယ့်အရှေ့မှာ ဖြစ်လာပြီ။ ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းရမယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုဖြစ်ဖြစ် အကျိုးသက်ရောက်မှု တစုံတရာ ရှိနိုင်တယ်။ ဒါပေမယ့် ရိုးသားတဲ့ နိုင်ငံရေးသမားတွေကသာ ဦးဆောင်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ မရိုးသားဘဲ ပါတီတခု အနိုင်ရလိုဇော၊ တခြားတဖက်ကိုလည်း နှိပ်ကွပ်လိုဇောနဲ့ နိုင်ငံရေးလုပ်ကြမယ်ဆိုရင် မြန်မာနိုင်ငံက တင်းမာနိုင်ပါတယ်။

မြန်မာနိုင်ငံ ဒီအခြေအနေမှာ ဒီလိုရောက်တာ သိပ်တော့ မထူးဆန်းပါဘူး။ ကျမတို့က အရမ်းကို နိုင်ငံကို ပိတ်ထား ခဲ့တာ။ ပိတ်ထားတဲ့အချိန်မှာ အုပ်ချုပ်ရေးအသစ်တခုကို ပြောင်းတာ။ နိုင်ငံတိုင်း အနည်းနဲ့ အများကတော့ ရင်ဆိုင် ခဲ့ရမှာပဲ။ ဒါကို ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ ခံနိုင်ရည်နဲ့ ဖြတ်သန်းကြရမှာပါ။

ပြည်တွင်းကိစ္စကို ပြည်တွင်း ကိစ္စ။ အမှန်ကို အမှန်လို့ မြင်နိုင်မယ်။ အမှားကို အမှားလို့မြင်နိုင်မယ်။ ဒါကို ဖြေရှင်းရမယ်။ မြန်မာနိုင်ငံကို ဂမ်ဘီယာ နိုင်ငံကပဲ ဖြစ်ဖြစ် မော်လဒိုက်ကပဲဖြစ်ဖြစ် တရားစွဲကြတဲ့အခါ အကျိုးသက်ရောက်မှုတော့ ရှိကြမှာပဲ။ ဒါက မနေ့တနေ့က ဖြစ်ခဲ့တာမဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ နောက်ကျတဲ့ အတွက်ကြောင့် ဒီကိစ္စတွေ ဖြစ်ပေါ်လာရတာ။ ဒီအပေါ်မှာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေက ဒါကို ကြံကြံခံပြီး ဖြေရှင်းဖို့ လိုပါတယ်။ ပြည်တွင်းမှာလည်း ပြု ပြင်ပြောင်းလဲမှုတွေက ဆက်လုပ်နေရမှာပဲ။

You may also like these stories:

ICJ ကြားဖြတ်အမိန့် မြန်မာ လိုက်နာရေး ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောကွဲ

“လူမျိုးစု သန့်စင် ရှင်းလင်းမှု” အပေါ် သူတို့အမြင်များ

ICJ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်တဲ့ အဆိုတော် သျှီ

Your Thoughts …
Tags: ICJကြားဖြတ်အမှုမော်လဒိုက်မြန်မာ
ဇူးဇူး & လဲ့လဲ့

ဇူးဇူး & လဲ့လဲ့

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.4k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.6k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

အမ်းမြို့

အမ်းမြို့

by ဧရာဝတီ
3 November 2024
9.3k

အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။

Next Post
ပုသိမ်ကြီးမြို့နယ် အတွင်းရှိ အုန်းချောနယ်မြေ ရဲစခန်း / အုန်းချော ရဲစခန်း

ပြည့်တန်ဆာ အမျိုးသမီးကို သတ်ဖြတ်သည့် တရားခံ ၃ ဦး လွတ်မြောက်နေဆဲဖြစ်

”ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ ကိုယ်လိုချင်တဲ့အပိုဒ်ကိုပဲ ပြင်ဆင်တာမျိုး မဖြစ်စေချင်ဘူး”(ရုပ်/သံ)

''ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ ကိုယ်လိုချင်တဲ့အပိုဒ်ကိုပဲ ပြင်ဆင်တာမျိုး မဖြစ်စေချင်ဘူး"(ရုပ်/သံ)

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.2k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate