ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး တရားစွဲဖို့ အဆင်သင့်ဖြစ်နေပြီ

ဒီလှိုင်းဝင်း
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း အထွေထွေ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး
Want create site? Find Free WordPress Themes and plugins.

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှု အမှန်တရားပေါ်ပေါက်ရေး အတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက တရားစွဲဆိုသွားတော့မည်ဖြစ်သည်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၉၇ () အရ ပြည်သူ့ဝန်ထမ်းကို ရာဇဝတ်မှု စွဲဆိုရန်အတွက် နိုင်ငံတော်သမ္မတထံသို့ ကြိုတင်ခွင့်ပြုမိန့် တောင်းခံခြင်းကို ဗစ်တိုးရီးယား၏ မိဘများ တရားဝင် လွှဲအပ်ချက်ဖြင့် နေပြည်တော်ရှိ စာချုပ်စာတမ်း မှတ်ပုံတင်ဌာနမှုးရုံး အထွေထွေ ကိုယ်စားလှယ် လွှဲအပ်ခြင်း ခံထားရသူ ဦးထင်လင်းဦး၏ လွှဲအပ်ညွှန်ကြားချက်အရ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက လျှောက်ထားခဲ့သည်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းရဲတပ်ဖွဲ့  ညွှန်ကြားရေးမှူး ရဲမှူးကြီးမင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီး သာထွန်းအောင်နှင့် ရဲဇာနည် (Page) တာဝန်ခံ တို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ ရဲတပ်ဖွဲ့ဌာနချုပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှုင်းလင်းပွဲတွင် ဗစ်တိုးရီးယားနှင့် မိသားစုများ၏ အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့မှုများသည် တည်ဆဲဥပဒေများနှင့် ငြိစွန်းနေခဲ့ခြင်းကြောင့် တရားစွဲဆိုရန် သမ္မတထံ ခွင့်ပြုချက်တောင်းခံခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်မှု မရှိသော၊ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်သော လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သည့် ဥပဒေပြဌာန်းမှုနှင့် ညီညွတ်မှုမရှိသော တာဝန်ရှိသူများကို သက်ဆိုင်ရာ အဖွဲ့အစည်းများ က အရေးယူရန် နိုင်ငံတော်သမ္မတ က ညွှန်ကြားထားပြီးဖြစ်သည်ဟု သမ္မတရုံး က ပြောထားသည်။

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းအနေဖြင့် ယခုကဲ့သို့ သမ္မတက အရေးယူရန် သက်ဆိုင်ရာသို့ ညွှန်ကြားထားသည့် အပေါ် အခြေခံ၍ စတင်တရားစွဲဆိုရန် လုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။

ထို့ကြောင့် ဗစ်တိုးရီးယား အမှုမှန် ပေါ်ပေါက်ရေး အတွက် တရားစွဲဆိုနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုကို  မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း အထွေထွေ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကို ဧရာဝတီ သတင်းထောက် ဒီလှိုင်းဝင်းက တွေ့ဆုံမေးမြန်းထားသည်။

မေး ။      ။ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့ လုပ်ဆောင်နေတဲ့ အခြေအနေကို သိပါရစေ။

ဖြေ ။       ။ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး တရားစွဲသွားဖို့ အဆင်သင့်ဖြစ်နေပြီ၊ သမ္မတကနေ ကျနော့်တို့ဆီကို တိုက်ရိုက် ခွင့်ပြုမိန့်ပေးတာတော့ မရှိဘူးပေါ့နော်၊ ဒါပေမယ့် သမ္မတရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့် ရှိသူကနေ ဥပဒေချိုးဖောက်တဲ့သူ အကုန်လုံးကို တရားစွဲဆိုဖို့ ညွှန်ကြားလိုက်ပြီလို့ ဆိုတဲ့အတွက် ဒါဟာ ကျနော်တို့ကို ခွင့်ပြုတယ်လို့ပဲ ကျနော်သဘောပေါက်တယ်၊ ဒါကြောင့် မတ်လထဲမှာ တရားတရားစွဲသွားမယ်။

ဒါကြောင့် ကျနော်တို့ကတော့ ကျနော်တို့ လုပ်စရာရှိတာကို လုပ်တော့မယ်၊ မကြာခင်တရားစွဲပါတော့မယ်၊ အဲဒီအတွက် မတ်လ ရက်နေမှာ ဗစ်တိုးရီးယား မိသားစုရဲ့ ကိုယ်စားလှယ် လွှဲစာ ရရှိထားတဲ့ ဆရာ ဦးထင်လင်းဦးနဲ့ ရန်ကုန်မှာ တွေ့ပါမယ်။

မေး ။      ။ တရားစွဲဖို့ ပြင်ဆင်ထားမှုကိုလည်း သိပါရစေ။

ဖြေ ။       ။ တရားစွဲဖို့အတွက် ပြင်ဆင်စရာကို မလိုတာပါ၊ သက်သေ အထောက် အထားတွေက ဥပဒေစကားအရ ပြောရရင် သူတို့က လူသိရှင်ကြား သိအောင် ပြောကြားထားတာပေါ့၊ ရဲဇာနည် Page ကနေ ပြောထားတွေအပြင် Live တောင် လွှင့်လိုက်သေးတယ်၊ အဲဒါတွေ အကုန်လုံးက မှတ်တမ်းတင်ပြီးသားတွေ ဖြစ်ပါတယ်၊ ကျနော်တို့က ဥပဒေသမားတွေပါ၊ ဒါကြောင့် ဥပဒေနဲ့ အညီ ဆောင်ရွက်မှာပါ။

ဗစ်တိုးရီးယားအမှုက သာမန်ကျောင်း တကျောင်းနဲ့ မိသားစုတစုနဲ့ ဖြစ်တာ မဟုတ်ဘူး၊ ဒါဟာ လက်ရှိ မြန်မာနိုင်ငံ တရားစီရင်ရေးကို စိန်ခေါ်နေတဲ့အချက်ဖြစ်တယ်၊

ကျနော်တို့က ရဲတပ်ဖွဲ့ကိုဖြစ်စေ၊ ကျောင်းကိုဖြစ်စေ၊ ဗစ်တိုးရီးယားမိသားစုကိုဖြစ်စေ မသိပါဘူး၊ ကျနော်တို့ တာဝန်ဝတ္တရားအရ တရားဥပဒေ စိုးမိုးမှုအတွက် ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်၊ ဒီအမှုမှာ တရားမျှတမှု လိုအပ်တယ်ထင်လို့ လုပ်တာပါ။

မေး ။      ။ ဘယ်သူတွေကို တရားစွဲဆိုသွားမှာလဲ၊ ဘယ်လိုတွေ ဆက်လက် ဆောင်ရွက်သွားမှာလဲဆိုတာ သိပါရစေ။

ဖြေ ။       ။ အဓိက တရားစွဲသွားမှာကတော့ ဒီဇင်ဘာ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ကြတဲ့ ရဲအရာရှိကြီး ဦးနဲ့ ရဲဇာနည် Page တည်ထောင်သူ အက်ဒမင်တွေကို တရားစွဲမှာပါ၊

အဓိကကေတာ့ ဗစ်တိုရီးယား မိသားစုရဲ့ ကိုယ်စားလှယ် လွှဲစာရရှိထားတဲ့ ဆရာဦးထင်လင်းဦးက ဗစ်တိုးရီးယား အမှန်တရား ရှာဖွေရေးကော်မတီကနေ စွဲမှာပေါ့နော်၊ ကျနော်တို့က အကျိုးဆောင်ရှေ့နေအဖြစ်နဲ့ လိုက်ပါဆောင်ရွက်သွားမှာပါ။

မေး ။      ။ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်နေတဲ့ အချက်တွေ ရှိနေတဲ့အပေါ် ဆရာ့ရဲ့ အမြင်သဘောထားကို သိပါရစေ။

ဖြေ ။       ။ ဗစ်တိုးရီးယားအမှုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲတင်ခဲ့တဲ့ ကိုအောင်ကျော်မျိုး () ကိုအောင်ကြီးကို တရားလိုနဲ့ လိုပြသက်သေတွေရဲ့ စစ်ဆေးထွက်ဆိုချက်တွေအရ ကျူးလွန်ကြောင်း ထင်ရှားမှု မရှိဘူးဆိုပြီး တရားရုံးကနေ ဒီဇင်ဘာလ ၁၉ ရက်နေ့က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ () အရ စွဲချက်မတင်မီ တရားရှင်လွှတ်ပေးခဲ့တယ်။

ဒီအမှုမှာ အမှုလိုက် ရှေ့နေတွေ တရားစွဲခံရတယ်၊ ကျနော့်တို့ကိုလည်း တရားစွဲဖို့ ပြင်ဆင်ထားတယ်လို့ ကြားခဲ့ရတာပေါ့၊ ဒီအမှုက အဲဒီလို ရန်ပြုဖို့ အထိဖြစ်အောင် ဘယ်လောက်အထိ ကြီးကျယ်နေသလဲ၊ အမှုသက်သက်က တဖက်ကလည်း ကလေးတွေပါ၊ ကလေးတွေချင်းဖြစ်တဲ့ကိစ္စ ကျနော်တို့က ဘာမှမပြောလိုပါဘူး၊ ဒါကဥပဒေအတိုင်း သွားကြရမှာပေါ့။

ဒါကြီးကို အသည်းအသန် အကြီးအကျယ် ကာကွယ်နေတဲ့ ကိစ္စတွေက မသင်္ကာစရာတွေပေါ့ဗျာ၊ နောက်တခါ ကလေး ယောက်ကို စစ်မယ့်ဆဲဆဲမှာ အောင်ကြီးကို စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်တယ်၊ ပြီးတော့ သက်သေခံ အထောက် အထားတွေက ပျောက်ဆုံးနေတာတို့၊ ကျောင်းဆရာမ နှင်းနုရဲ့ ထွက်ချက်တို့ အားလုံးကို ပေါင်းချုပ်လိုက်မယ်ဆိုရင် စဉ်းစားစရာ အချက်တွေ အများကြီးပေါ်နေပြီးတော့ လူထုကလည်း မကျေနပ်ဘူး၊ ကျနော်တို့ကလည်း မကျေနပ်ဘူး၊ အဲဒီအတွက် ဒီအမှုကတော့ဖြင့် တိုင်းပြည်ရဲ့ တရားစီရင်ရေး ဂုဏ်သိက္ခာနဲ့ သက်ဆိုင်လို့ စနစ်တကျ ကိုင်တွယ်ရလိမ့်မယ်လို့ ပြောချင်ပါတယ်။

You may also like these stories:

ဗစ်တိုးရီးယားအမှုတွင် တာဝန်မကျေသူများကို အရေးယူဖို့ သမ္မတ ညွှန်ကြား

ဗစ်တိုးရီးယားအမှု ရဲလုပ်ငန်း အစကောင်းရန် လိုအပ်ခဲ့ဟု ပြည်ထဲရေးဝန်ကြီး အသစ်ပြော

ဗစ်တိုးရီးယားအမှု ဆက်လက် စောင့်ကြည့်နေဆဲဟု သမ္မတရုံး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading