• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

တကမ္ဘာလုံး ဖြစ်နေတဲ့ အကျပ်အတည်း ဒီအချိန်မှာ အစိုးရကို အားကိုးချင်တယ်

by သဇင်လှိုင်
7 March 2020
in အင်တာဗျူး
A A
14.1k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကြောင့်  တရုတ်နိုင်ငံမှ ကုန်ကြမ်းများ ဝင်ရောက်မှု မရှိ၍ လက်ရှိ နှစ်ပတ်အတွင်း၌ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ဟွာမန်အထည်ချုပ် စက်ရုံအပြင် ရန်ကုန်တိုင်း ဒေသကြီးက စက်ရုံ ၁၅ ရုံ စုစုပေါင်း စက်ရုံ ၁၆ ရုံ ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအခြေအနေများနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များနှင့် အလုပ်သမားအဖွဲ့များက အသီးသီး တောင်းဆိုချက်များလည်း ထုတ်ပြန်ခဲ့ကြသည်။ COVID-19 ကြောင့် ဖြစ်ပေါ်နေသည့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦး နှစ်ဖက် အခက်အခဲများကို မည်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်သင့်ကြောင်းနှင့် လက်ရှိ အလုပ်သမားတို့၏ ဖြစ်ပေါ်နေသည့် စိုးရိမ်ပူပန်မှုများကို  အသေးစိတ် သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

RelatedPosts

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
2.1k
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
2.2k
Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

10 July 2025
2.4k

မေး။  ။ COVID-19  ကြောင့် စက်ရုံတွေ ပိတ်သိမ်းတာနဲ့ ပတ်သက်ပြီး အမတို့ CTUM  အဖွဲ့အပါအဝင် အလုပ်သမား  ၁၀ ဖွဲ့က မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ချက် ထုတ်တာကို တွေ့ရတယ်။ အဓိက ဘယ်လိုကြောင့် ထုတ်တာလဲရှင့်။

ဖြေ။  ။ COVID-19 ကြောင့် နောက်ဆက်တွဲ ဖြစ်လာတာက တရုတ်နိုင်ငံကနေ ကုန်ကြမ်း မရတော့တဲ့ အခြေအနေမှာ စက်ရုံတွေ ပိတ်သိမ်းလာတယ်။ ဒီအခြေအနေမှာ အလုပ်သမားတွေ အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း မရှိတော့တဲ့ အခြေအနေ ဖြစ်တယ်။ နောက် UMFCCI က မကြာသေးမီက ကြေညာချက် ထုတ်ပြန်လိုက်တယ် အဲဒီ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံမှာ ရှိတဲ့ CMP ကုန်ထုတ်လုပ်မှုရဲ့ ရာခိုင်နှုန်း တော်တော်များများက ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံက ကုန်ကြမ်းပြတ်လပ်ပြီးတော့ စက်ရုံပိတ်သိမ်းရမယ့် အနေအထား ဖြစ်လာနိုင်တယ်လို့ ပြောတယ်ပေါ့။

ကြေညာ ချက်ထွက်ပြီးတဲ့ အချိန်မှာပဲ စက်ရုံတချို့က အဲဒီအချက်တွေကို အကြောင်းပြချက် ပေးပြီးတော့ အလုပ်ထုတ်လာတာမျိုးတွေ စက်ရုံ ပိတ်သိမ်းလာတာမျိုးတွေ ကြုံတွေ့လာရတယ် ဆိုတော့ အမတို့ အနေနဲ့ ဒါကို ဘယ်လိုမျိုး ကြိုတင်ပြင်ဆင် ထားသင့်တယ် ဆိုတာကို ဆွေးနွေးတယ်။ ပြီးတော့ ထုတ်ပြန်ချက်ကို ထုတ်လိုက်တာပေါ့။

အခုထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့တဲ့ လူက တယောက်မှ မရှိသေးဘူး။ ဒါပေမယ့် ရှိလာခဲ့ရင် ရုတ်တရတ် စက်ရုံတွေ အားလုံးပိတ်လိုက်ပြီဆိုရင် အလုပ်သမားတွေမှာ ပြန်ကြည့်လိုက်ရင် ဘယ်သူမှ ပိုက်ဆံ စုဆောင်းငွေ မရှိကြဘူး။ အဲဒီလို အခြေအနေမျိုးမှာ အလုပ်သမားသည် သေချာတာက ရောဂါဖြစ်နေစဉ် ကာလအတွင်းမှာ ဘယ်လို ရှင်သန်နေထိုင်မလဲ။ အဲဒါမျိုးတွေကို အစိုးရ အနေနဲ့ ဘယ်လိုကြိုတင် စီမံထားလဲ ဆိုတာကို အမတို့ အလုပ်သမား အဖွဲ့ချုပ်တွေရယ် အလုပ်သမားအရေး လုပ်နေတဲ့ NGO တွေက ဘယ်လိုမှ မသိရဘူး ဖြစ်နေတယ်။ အဲဒီအခြေအနေကို သိချင်လို့ ဒီတောင်းဆိုချက်ကို ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

မေး။  ။ အဲဒီ ထုတ်ပြန်ချက်ထဲမှာဆိုရင် စက်ရုံတွေကို သေချာစိစစ်ပေးဖို့ ဆိုတာပါတော့ ဘယ်လို အခြေအနေကို စိစစ်စေချင်တာလဲ။

ဖြေ။  ။ အခုမြေပြင် အခြေအနေမှာ စက်ရုံတွေ ပိတ်သိမ်းတယ်ပေါ့။ ဒါပေမယ့် သူတို့ ပိတ်သိမ်းရခြင်း အကြောင်းပြချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့်ဆိုပြီး အလွယ်တကူ ပိတ်သိမ်းတာ။ တကယ်တမ်း ပြန်ကြည့်တဲ့ အခါမှာ စက်ရုံ အုပ်ချုပ်တဲ့ သူတွေဆီကပဲ သတင်းစကား ကြားလာရတာက  စက်ရုံပြန်ဖွင့်ဖို့ အစီအစဉ်ရှိတယ်။ စက်ရုံထဲက သမဂ္ဂတွေကို မရှိစေချင်တဲ့ ရည်ရွယ်ချင်ကြောင့်မို့လို့ သမဂ္ဂအဖွဲ့ဝင် အားလုံးကို လျော်ကြေးပေးပြီးတော့ ထုတ်လိုက်မယ်။ နောက် ၂ လ တန်သည် ၃ လ တန်သည် ဆိုရင် စက်ရုံ ပြန်ဖွင့်မယ်ဆိုတဲ့ အခြေအနေမျိုးကို ကြားရတယ်။ ပြီးခဲ့တဲ့ ရက်က သမဂ္ဂ အဖွဲ့ဝင်တွေကို အလုပ်ထုတ်လိုက်တယ်။ ဒါပေမယ့် ဘယ်လောက်မှတောင် မကြာသေးဘူး စက်ရုံကို ပြန်ဖွင့်လိုက်တယ်။ စက်ရုံပြန်လည်ပတ်နေပြီ ဒါမျိုးကိုလည်း ကြုံတွေ့ရတယ်။

မှော်ဘီမှာလည်း အထည်ချုပ် စက်ရုံတခုက လုပ်သားအင်အား ၈ ထောင် အရေးတကြီး လိုက်ခေါ်နေတာတွေ ရှိတယ်ဆိုတော့ အဲဒီလို အခြေအနေတွေ ရှိတဲ့ အခါမှာ အလုပ်ရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆိုပြီး အကြောင်းပြပြီးတော့ သမဂ္ဂတွေကို ဖြိုဖျက်ချင်တဲ့သဘောနဲ့ အလုပ်သမားတွေကို အလုပ်ထုတ်မှာ စိုးရိမ်တဲ့ အတွက်ကြောင့်မို့လို့ အစိုးရ အနေနဲ့ အဆောတလျင် စိစစ်ပေးဖို့၊ မှန်မှန်ကန်ကန် ဖြစ်အောင် စိစစ်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

မေး။  ။ အစိုးရအနေနဲ့ ကရော ဒီကိစ္စ အပေါ်မှာ ဘယ်လောက် အတိုင်းအတာ အထိ မှန်မှန်ကန်ကန်စိစစ်ပေးမယ်လို့ မျှော်လင့်ထားလဲ။

ဖြေ။  ။ တကယ်ဖြစ်လာပြီဟေ့ ဆိုရင် အစိုးရကိုပဲ အားကိုးရမှာ။ ဒါက တကမာ္ဘလုံး ဖြစ်နေတဲ့ အကျပ်အတည်း ဒီအချိန်မှာ အစိုးရကို အားကိုးချင်တယ်။ အစိုးရက မှန်မှန်ကန်ကန် စိစစ်နိုင်အောင် ၃ ပွင့်ဆိုင် သော်လည်းကောင်း၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့ချုပ်တွေ အလုပ်သမားအရေး လှုပ်ရှားသူတွေ အားလုံး ဝိုင်းဝန်းပြီးတော့  မှန်မှန်ကန်ကန် စိစစ်နိုင်အောင် ကူညီပေးရမယ်။  အစိုးရက စိစစ်ပေးနိုင်ပါ့မလားလို့ အပြစ်မတင်တော့ဘူး။ အစိုးရလုပ်နိုင်အောင်လို့ အစ်မတို့က ဘယ်လိုကူပေးနိုင်မလဲ ဆိုတာကို သိချင်တယ်။ ပူးပေါင်း ပါဝင်နိုင်တာကို စဉ်းစားမယ်။

ဒါကြောင့် အစိုးရမှာ ကြိုတင်စီစဉ်ထားချက် ရှိပါသလားပေါ့။ ရှိတယ်ဆိုလည်း အမတို့ အဖွဲ့ချုပ်တွေက သိချင်တယ်။ တကယ်လို့ မရှိထားဘူးဆိုရင်လည်း ၃ ပွင့်ဆိုင် အဆောတလျင်နဲ့ အစည်းအဝေးလုပ်ဖို့ တောင်းဆိုထားတယ်။ အစည်းအဝေးမှာ ဘယ်လိုမျိုးတွေ ကြိုတင်ပြင်ဆင်သင့်တယ် ဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ နိုင်ငံ အကျပ်အတည်းမှာ အတူတကွ ဖြေရှင်းချင်တယ်။

မေး။  ။ လုပ်ငန်းရှင်တွေဘက်က ကြေညာချက် ထုတ်ပြန်လိုက်တဲ့ ၁၀ ချက်အပေါ်မှာရော အလုပ်သမား အဖွဲ့အစည်းတွေဘက်က ဘယ်လိုသဘောထား ရှိလဲ။

ဖြေ။  ။ သူတို့တောင်းထားတဲ့ အချက်တွေထဲမှာ အလုပ်ရှင်က သူ့ရဲ့ အခက်အခဲ အကျပ်အတည်းတွေကို တင်ပြတာပေါ့။ အနည်းဆုံး အခကြေးငွေကို ရက်ရွှေ့ပြီးတော့ သတ်မှတ်ပေးဖို့ပါတယ်။ ခွင့်ရက်တွေ ယူတဲ့အခါကျရင် လစာမဲ့ ခွင့်ယူဖို့ ဆိုတာပါတယ်။ လူမှုဖူလုံရေး ရန်ပုံငွေကနေ ချေးငွေ လုပ်ပေးဖို့တွေပါတယ်။  နောက်တခု အရမ်း စိုးရိမ်ချက် ရှိတာကတော့ စက်ရုံတွေ ပိတ်သိမ်း လိုက်တော့မယ်ဆိုရင် အနည်းဆုံး အခကြေးငွေနဲ့ပဲ အလုပ်ထုတ်နစ်နာကြေးကို ပေးဖို့ဆိုတဲ့ အချက်တွေ ပါတယ်ပေါ့။ အဲဒီမှာ အစ်မတို့ တင်ပြချင်တာက အလုပ်သမား အုပ်စုဆိုတာက တိုင်းပြည်မှာ  တခုခုဖြစ်ပြီဆိုရင် ထိခိုက်လွယ်တဲ့ အုပ်စုဖြစ်တယ်။

တိုင်းပြည်မှာ ဆင်းရဲတဲ့ လူတန်းစားသည် ရောဂါပဲလာလာ၊ သဘာဝဘေး အန္တရာယ်ပဲ လာလာ တကယ့်ထိခိုက်တဲ့ အုပ်စုပဲ။ ဒီလို အခြေအနေမျိုးမှာမှ လုပ်ငန်းရှင်ဘက်က အလုပ်ထုတ် နစ်နာကြေးကိုလည်း လျော့နည်းပြီးတော့ ပေးမယ်။ ခွင့်ရက်ယူတဲ့ အခါမှာလည်း ကျမတို့က အခကြေးငွေလည်း မရဘူးဆိုရင် အဲဒီ အလုပ်သမားက တကယ်ငတ်ပြတ်လာတဲ့ အချိန်ကျရင် ဘာလုပ်မလဲပေါ့။ နောက်ဆက်တွဲ ဆိုးကျိုးတွေကို စဉ်းစားစေချင်တယ်။ တိုင်းပြည်အကျပ်အတည်း ဖြစ်နေတဲ့ အချိန်မှာ သူတို့လက်ထဲမှာ စားစရာလည်း မရှိဘူး  စုဆောင်းထားတဲ့ ရိက္ခာလည်း မရှိဘူးဆိုတဲ့ အခြေအနေမှာ သူတို့ ဘာလုပ်မလဲပေါ့။

နောက်တဆင့် စိုးရိမ်စရာ ရှိတာက ချမ်းသာတဲ့ အလုပ်ရှင်တွေကိုပါ ထိခိုက်လာလိမ့်မယ်။ အဲဒီ နောက်ဆက်တွဲတွေကို စဉ်းစားစေချင်တယ်။ သူတို့တောင်းတာတော့ သူတို့အကျပ်အတည်းတော့ မှန်တယ်။ ဒါပေမယ့် အဲဒီအကျပ်အတည်းကို ခဏ သွားကြည့်လိုက်ရင် နောက်ဆက်တွဲ ဖြစ်လာမှာတွေက အများကြီးပဲ တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်နိုင်တဲ့ ကိစ္စတွေ ဖြစ်တယ်။ တကယ် အကျပ်အတည်းထဲမှာ လူသည် စားစရာလည်း မရှိတော့ဘူး ကြိုတင်ပြင်ဆင်ထားတဲ့ ရိက္ခာလည်း မရှိဘူးဆိုရင် ဒီ လူ့အသိုင်းအဝိုင်းကိုပဲ ပြန်ပြီးတော့ ထိမှာ။

မေး။  ။ လုပ်ငန်းရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ အလုပ်သမားများအနေနဲ့  ဆန္ဒပြသပိတ်မှောက်မှုတွေ မလုပ်ကြဖို့အတွက်  အစိုးရကနေ တိုက်တွန်း နှိုးဆော်ပေးဖို့ ဆိုပြီး  တောင်းဆိုထားတာကို တွေ့ရတယ်။ အဲဒီအချက်အပေါ်မှာရော ဘယ်လိုပြောချင်တာရှိမလဲ။

ဖြေ။  ။ စက်ရုံ ပိတ်သိမ်းရခြင်း အကြောင်းအရင်းထဲမှာ ထည့်လာတာက ၂ ချက်တွေ့ရတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်သိမ်းတယ်လို့ ပြောလာတာ ရှိတယ်။ နောက်တခုက သပိတ်တွေ ခဏခဏ မှောက်လို့ ပိတ်သိမ်းရတယ်ဆိုပြီး အကြောင်းပြချက် တခုအနေနဲ့ ထည့်တယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်ဆိုလည်း ဖြစ်တယ်ပေါ့။ အတိအလင်းရေးလိုက်။ သပိတ်မှောက်တာကို အစွဲပြုပြီးတော့ ပိတ်သိမ်းရခြင်းမှာ ထည့်လာတာမျိုးကျတော့ ဒီ ၂ ခုက ဘယ်လိုမှ မဆက်စပ်ဘူး။ မဆီလျော်ဘူး။

ဥပဒေမဲ့ အကြမ်းဖက်တယ် သပိတ်မှောက်တယ် ဆိုရင်တော့ အစ်မတို့ အဖွဲ့ချုပ်တွေက ဒါမျိုးကို အားပေး ထောက်ခံမှာ မဟုတ်ဘူး။ ဒါကိုအတတ်နိုင်ဆုံး ထိန်းပြီးတော့ ပူးပေါင်း ဆောင်ရွက်မှာပဲ ဖြစ်တယ်။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ သပိတ်မှောက် တောင်းဆိုတာတွေကို လုံးပြီး ရောထွေးပြီးတော့တော့ မပြောစေချင်ဘူး။ အဲဒီတော့ မှောက်ရခြင်း အကြောင်းအရင်းကို ပြန်ပြီးတော့ စိစစ်ပေါ့။ သို့သော် အလုပ်ရှင်တွေရော အစိုးရရော အလုပ်သမား အဖွဲ့ကရော ကြည့်ရမှာသည် အလုပ်သမားတွေက ဘာလို့ သပိတ်မှောက်တာလဲဆိုတာကို အားလုံးက စဉ်းစားဖို့သင့်တယ်ပေါ့။မေး။  ။ အနည်းဆုံး အခကြေးငွေ ပြောင်းလဲသတ်မှတ်တာကို ရွှေ့ဆိုင်းဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီးရော အစ်မတို့ အလုပ်သမားအဖွဲ့အစည်းတွေက ဘယ်လိုထင်မြင် ယူဆလဲ။

ဖြေ။  ။ လုပ်ငန်းရှင်တွေဘက်က ဒီလို ထုတ်ပြန်ကြေညာချက် ထုတ်ပြန်လိုက်တဲ့ အချိန်မှာ အပြည်ပြည်ဆိုင်ရာမှာ ရှိတဲ့ အစ်မတို့ သမဂ္ဂအဖွဲ့ဝင်တွေ၊ ကျွမ်းကျင်တဲ့ သူတွေကို မေးခွန်းလှမ်းမေးကြည့်တယ်။  ဒီလို အခြေအနေမှာ ဘယ်လိုရှိလဲ ဆိုတာပေါ့။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် မှတ်ချက် ပြန်လာတာက ဒီလိုအခြေအနေကြောင့်ကိုပဲ အနည်းဆုံး အခကြေးငွေ သုံးသပ်မှုက လိုအပ်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်တခုမှာ ဒီလိုအကျပ်အတည်း ဖြစ်လာရင် ထိခိုက်လွယ်တဲ့ အုပ်စုက ခံစားရမှာဆိုရင် နိုင်ငံတော် အစိုးရက လူမှုကာကွယ် စောင့်ရှောက်ရေးပေါ့ လုပ်ပေးရတယ်။ လူမှုကာကွယ် စောင့်ရှောက်ရေးလို့ ပြောရင် ဝင်ငွေအာမခံချက် ရှိဖို့က အရေးကြီးတယ်။ ဝင်ငွေ အာမခံချက် ပေးထားမှ သူတို့က ဒီဒုက္ခတွေထဲမှာ ရင်ဆိုင်နိုင်မှာ ဖြစ်တယ်။

တဖက်ကလည်း အလုပ်ရှင်တွေကို နားလည်ပါတယ်။ သူတို့လည်း နိုင်ငံရဲ့ အကျပ်အတည်းအခက်အခဲကို ရင်ဆိုင်ရတာ။ သို့သော် အကျပ်အတည်းကို ရင်ဆိုင်ရတာချင်း အတူတူ အားလုံးကို အလုပ်သမား ခေါင်းပေါ်ပစ်ပြီးတော့ ပုံမချလိုက်စေချင်ဘူး။ အပြည်ပြည်ဆိုင်ရာရဲ့ မှတ်ချက်ကို ယူတာ မှန်တယ် ဒါပေမယ့် နိုင်ငံရဲ့ အခြေအနေကိုလည်း  အမတို့က နားလည်တယ်။  ဒီအကျပ်အတည်းကို ဘယ်လိုကျော်လွှားသွားမလဲ ဆိုတာကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အားလုံး တိုင်ပင်ကြည့်ပြီးတော့ ဖြစ်သင့်တာကို ပြောမှာပေါ့။

ဒါပေမယ့် ယနေ့အချိန်အထိ အမတို့ အဖွဲ့ချုပ်တွေက စဉ်းစားထားတာသည် အနည်းဆုံး အခကြေးငွေကတော့ အဆောတလျင် သုံးသပ်ရမယ့်အပိုင်းကို သုံးသပ်ရမယ်။ မေလမှာ အနည်းဆုံးအခကြေးငွေအသစ် အဆိုပြုနှုန်းထားကို ပြဋ္ဌာန်းဖို့ သင့်မသင့် ဆိုတာကတော့ အစည်းအဝေးတွေကနေ လုပ်မယ်။ ဒါပေမယ့် ပြန်လည်သုံးသပ်ခြင်း ကိစ္စရပ်ကတော့ ဘယ်လို အကြောင်းကြောင့်ဖြစ်ဖြစ် သုံးသပ်ရမယ်။ ဒီလို အကျပ်အတည်း ဖြစ်လာလေလေ အလုပ်သမားတွေရဲ့ ဝင်ငွေသည် ဘယ်လောက်အထိ လုံခြုံမှု မရှိလည်း ဆိုတာကို သုံးသပ်ရမယ်။

မေး။  ။ အစ်မတို့ အလုပ်သမား အဖွဲ့တွေဆိုတာ မြေပြင်မှာ အလုပ်သမားတွေနဲ့ ထိတွေ့မှု အများဆုံးလူတွေ ဆိုတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ အလုပ်သမားတွေရဲ့ စိုးရိမ်မှုတွေက ဘယ်လိုရှိလဲ။

ဖြေ။  ။ သူတို့အရမ်း စိုးရိမ်တယ် အလုပ်ပြုတ်သွားပြီဆိုတာနဲ့ ဝင်ငွေက ပြဿနာဖြစ်လာပြီဆိုတော့ အလုပ်ရှာရတယ်။ ဒီအချိန်မှာ အလုပ်သမား ညီအစ်ကို မောင်နှမတွေက ရောဂါကူးမှာကို မစဉ်းစားနိုင်ဘူး။ ဒီရောဂါဆိုတာက သေနိုင်တယ် သေနိုင်တဲ့ ရောဂါ ဆိုတာက ရှောင်ရှားရမယ် ဒါပေမယ့် အဲဒီလို ရှောင်ရှားရမယ့် ဆိုတဲ့ အနေအထားတောင် မစဉ်းစားနိုင်တော့ဘူး။ အလုပ်သမားက ဝင်ငွေပြတ်သွားမှာစိုးလို့ အလုပ်ကို အဆောတလျင် ရှာနေတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ အလုပ်သမားတွေရဲ့ စဉ်းစားချက်က သေတာက နောက်မှ မိသားစုအတွက် ပိုက်ဆံရဖို့အတွက်လိုတယ်။ ဒါကြောင့်မို့လို့ ပိုက်ဆံရဖို့အတွက်ကို ကြိုးစားကြတယ်။ ရောဂါကူးစက်မှာတွေ မကူးစက်မှာတွေတောင် မစဉ်းစားနိုင်တော့ဘူး။ သူတို့သည် စိုးရိမ်တကြီးနဲ့ အလုပ်အကိုင်တွေကို ရှာဖွေနေကြတယ်။

မေး။  ။ အကယ်၍ လုပ်ငန်းရှင်တွေ ထုတ်ပြန်ထားသလို ကုန်ကြမ်းပြတ်လပ်သွားမယ်ဆိုရင် အလုပ်သမား အဖွဲ့အစည်းတွေဘက်က ဘယ်လိုဖြေရှင်းမယ် စဉ်းစားထားလဲ။

ဖြေ။  ။ တရုတ်နိုင်ငံက ကုန်ကြမ်းမရတာ မှန်တယ်။ ဒါပေမယ့် ပြန်ကြည့်ရမှာ တခုက ဈေးကွက်ထဲမှာ ဝယ်မယ့်သူကို မရှိတဲ့ ပြဿနာဖြစ်နေတယ်။ တကယ်လို့ ကုန်ကြမ်းရရင်တောင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဈေးကွက်မှာကိုက မဝယ်တော့တဲ့ အနေအထားကို ကြုံချင်ကြုံလာနိုင်သေးတယ်။ အဲဒီလို အခြေအနေမျိုးမှာ  စဉ်းစားနေတာက ဟောင်ကောင်က လုပ်သွားတာရှိတယ်။ သူ့နိုင်ငံသားကို ကြိုပြီးတော့ လူမှုရေး အထောက်အပံ့ ပုံစံမျိုးနဲ့ ပိုက်ဆံ ပေးလိုက်တာ။ အဲဒီလို အနေအထားမျိုးမှာ အစိုးရကို တောင်းဆိုကြည့်မယ်။ အောင်မြင်မယ် မအောင်မြင်မယ် မသိဘူး။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ရှိတယ်။ လူမှုဖူလုံရေး အဖွဲ့ရှိတယ်။ ကမာ္ဘ့ဘဏ်ရှိတယ်။ အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တွေရှိတယ်။ အစ်မတို့ နိုင်ငံအတွက် ဒီလိုကြားကာလမှာ တောင့်ခံထားနိုင်ဖို့ အတွက်ကို ဒီအလုပ်သမားတွေအတွက်၊ နိုင်ငံသူ နိုင်ငံသားတွေအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးကို ကြားကာလမှာ  တောင့်ခံနိုင်ဖို့ တခုခုများ စီစဉ်ထားနိုင်မလား ဆိုတာကို အစိုးရနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။ လောလောဆယ်မှာ တတ်နိုင်တာ ဒီအနေအထားပဲ ဖြစ်တယ်။ ရောဂါကူးပြီးမှထက်စာရင် မကူးခင်မှာကတည်းက ဘယ်လို ပြင်ဆင်ထားသင့်သလဲ ဆိုတာကို  သုံးပွင့်ဆိုင် ဆွေးနွေးပွဲကျရင် ညှိနှိုင်းဖို့ ရှိပါတယ်။

မေး။  ။  အလုပ်သမား အဖွဲ့အစည်းတွေဆီကို သတင်းတက်လာတဲ့ စက်ရုံပိတ်သိမ်းမှုတွေက ဘယ်လောက်ရှိလဲ။

ဖြေ။  ။ သတင်းကြားရတာ အတိအကျတော့ မသိသေးဘူး။ လုပ်ငန်းရှင်တွေကို မေးနေတယ်။ ကြားနေရတာက စက်ရုံ ၄၀ လောက် လျာထားချက် ရှိတယ်လို့ ကြားသိနေရတယ်။ ဒါပေမယ့် အလုပ်သမား ဝန်ကြီးဌာနက ကြားသိနေရတာက လက်ရှိမှာ သူတို့ ဝန်ကြီးဌာနကို စာရင်း ရောက်တာကတော့ ၁၀ ရုံ လက်ခံထားပြီလို့ သိရတယ်။ မြေပြင် အခြေအနေမှာတော့ ရုံ ၄၀ လောက်ပေါ့ အထည်ချုပ်ကဏ္ဍမှာဆို ပိုဆိုးတယ်။ လုပ်သား အင်အား ပိုများတယ်။ စက္ကူပုံးစက်ရုံကတော့ သစ်သီးဝလံတွေ မပို့ရဘူး အထည်ချုပ်တွေ မလုပ်ရဘူး ဆိုရင် စက္ကူပုံးတွေ မလုပ်ရတဲ့ အခါမှာ လုပ်ငန်းတွေ တော်တော်များများ ရပ်နေပြီ။ ဒါကြောင့်မို့လို့ အဆောတလျင် အဖြေရှာဖို့ လိုနေပြီ။ အလုပ်သမားတွေ စိုးရိမ်ချက် မကြီးခင်မှာ မြန်မြန်လုပ်မှ ရမှာ။

မေး။   ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲ။

ဖြေ။   ။ အဖွဲ့ချုပ်တွေ အနေနဲ့ အားလုံး စိုးရိမ်တာက တခုပဲရှိတယ်။ ရန်ကုန်မြို့က အလုပ်သမား ဦးရေ အရမ်းများတယ်။  အဲဒီအချိန်မှာ တခုခု ဝင်လာလိုက်ပြီဆိုရင် အကယ်၍များ ရောဂါပိုးကို တွေ့ခဲ့မယ်ဆိုရင် ဒီလိုအချိန်မှာ ကြိုတင်ပြင်ဆင်မှုတွေသာ မရှိရင် ဝုန်းကနဲ လူထုကလည်း ကြောက်လန့်တကြားတွေ ဖြစ်မယ်။ ဒီလို စိုးရိမ်တကြီး ကြောက်လန့်နေတဲ့ အချိန်မှာမှ နိုင်ငံတော်က လူမှု ကာကွယ်စောင့်ရှောက်မှုကို အဲဒီအချိန်မှ ပေးမယ်ဆိုရင်တောင် ပေးဖို့ အခြေအနေ ခက်သွားပြီ။

ဒါကြောင့်မို့လို့ အစိုးရကို တောင်းဆိုချင်တာက အခုမြန်မာနိုင်ငံက ကံကောင်းနေသေးတယ် အဲဒီရောဂါပိုး မတွေ့ခင်သေးမှာပဲ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအမံကို အမြန်ဆုံး လုပ်ပေးပါလို့ အဲဒါမှသာလျှင် တိုင်းပြည်က တည်ငြိမ်မှာ။ ဒီလို မဟုတ်ဘူး ရောဂါဝင်လာမှ ဆိုရင် ထောက်ပံ့ပေးချင်ရင်တောင် ခက်သွားပြီ။ ဒါကြောင့် လူမှုကာကွယ်စောင့်ရှောက်မှုကို မဖြစ်ခင်မှာ အဆောတလျင် လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။

You may also like these stories:

အနည်းဆုံး လုပ်ခလစာ ပြင်ဆင်မည့် ကာလ ရွှေ့ဆိုင်းပေးရန် လုပ်ငန်းရှင်များ တောင်းဆို

ကုန်ကြမ်းပြတ်၍ စက်ရုံများ ပိတ်သည် ဆိုခြင်းကို စိစစ်ရန် အလုပ်သမားအဖွဲ့များ ထုတ်ပြန်

ကုန်ကြမ်း ပြတ်လပ်မှုကြောင့် လုပ်ငန်းရပ်ရန် အထည်ချုပ်စက်ရုံ ၂၀ နီးပါး တင်ပြထား

Your Thoughts …
Tags: စက်ရုံဒေါ်ဖြိုးစန္ဒာစိုးအလုပ်သမားအခွင့်အရေး
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

H&M  မြန်မာပြည်က ထွက်ခွာသွားသော အခါ

H&M မြန်မာပြည်က ထွက်ခွာသွားသော အခါ

by ဧရာဝတီ
31 August 2023
4.6k

ထိုသို့ နိုင်ငံတကာအမှတ်တံဆိပ်များသည် မြန်မာနှင့် အဆက်အဆံ မရှိတော့ခြင်းသည် နိုင်ငံအတွင်းရှိ အလုပ်သမားဘဝများကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ကျွမ်းကျင်သူအချို့က ဆိုကြသည်

မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ

မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ

by ခိုင်ဇာအောင်
17 October 2024
4.2k

အာမခံကုမ္ပဏီတွေနဲ့ ဖက်ရှင်ကုန်အမှတ်တံဆိပ်တွေ အပါအဝင် နိုင်ငံစုံကုမ္ပဏီတွေ မြန်မာကနေ တာဝန်သိစွာ ထွက်ခွာဖို့ တောင်းဆိုတယ်။

လောပိတထဲရေဝင်၍ စက်ရုံနှစ်ရုံ လည်ပတ်မှု ရပ်နားထား

လောပိတထဲရေဝင်၍ စက်ရုံနှစ်ရုံ လည်ပတ်မှု ရပ်နားထား

by ဧရာဝတီ
1 October 2024
1.6k

ဆည်ရေများ လွှတ်နေမှုကြောင့် လွိုင်ကော်မြို့နှင့် ၁၀ မိုင်အကျော်၌ တည်ဆောက်ထားသည့် လောပိတရေအား လျှပ်စစ်စက်ရုံဝင်းအတွင်းထိ ရေများဝင်ရောက်လာနေပြီး စက်ရုံ အမှတ် ၂ နှင့် အမှတ် ၃ ကို ရပ်နားထားကြောင်း

ILO ဆုံးဖြတ်ချက်တွင် ဖောက်ထွက်ရမည့် စိန်ခေါ်မှုများရှိနေ

ILO ဆုံးဖြတ်ချက်တွင် ဖောက်ထွက်ရမည့် စိန်ခေါ်မှုများရှိနေ

by Jared Bissinger
9 June 2025
1.5k

သမိုင်းတလျှောက် ထိုသို့သော အရေးယူမှုကို ယခင် နှစ်ကြိမ်သာ ချမှတ်ဖူးပြီး တကြိမ်မှာ မြန်မာကို ၂၀၀၀ ပြည့်နှစ်တွင် အရေးယူခြင်းနှင့် ၂၀၂၃ ခုနှစ်တွင် ဘယ်လာရုစ်ကို အရေးယူခြင်းဖြစ်သည်။

အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို

အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို

by ဧရာဝတီ
7 October 2023
1.1k

"မြန်မာစစ်အာဏာပိုင်များ အနေဖြင့်အလုပ်သမား သမဂ္ဂဝင်များကို အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အခြားလူမဆန်သည့် လုပ်ရပ်များနှင့် အတင်းအကျပ် လုပ်အားခိုင်းစေမှု ပုံစံအားလုံး ချက်ချင်း ရပ်ဆိုင်းရန် တိုက်တွန်းသည်" ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

Next Post
ကွတ်ခိုင်မှာဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေက ကောင်းခါးပြည်သူ့စစ်နဲ့ ဆက်စပ်မှု ရှိသလား (ရုပ်/သံ)

ကွတ်ခိုင်မှာဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေက ကောင်းခါးပြည်သူ့စစ်နဲ့ ဆက်စပ်မှု ရှိသလား (ရုပ်/သံ)

ပုံမှန်စားနေကျ ကိုရီးယားခေါက်ဆွဲပြုတ် အရသာနဲ့မတူတဲ့ Jjapaguri ခေါက်ဆွဲ

ခေတ်စားနေတဲ့ “Parasite” ရုပ်ရှင်ထဲက Jjapaguri ခေါက်ဆွဲချက်ပြုတ်နည်း

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate