• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဘယ်သူ ကန့်ကွက်တယ်၊ ဘယ်သူ ထောက်ခံတယ်ဆိုတာ သမိုင်း မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့မှာ

by မိုးမိုး
10 March 2020
in အင်တာဗျူး
A A
--

--

20.2k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဥပဒေ ပုဒ်မ ၄၃၆ (က) တွင် သက်ဆိုင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲ လက်မှတ် ၁ နှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံး အ ဖြတ်ကို ရယူခဲ့ရာတွင် တပ်မတော်၏ အခန်းကဏ္ဍကို လျော့ချရန် ပြင်ဆင်ထားသည့် ပုဒ်မများကို ပြင်ဆင်နိုင်ခြင်း မရှိပေ။

တပ်မတော်အာဏာ ရယူထားမှုအား လျော့ချရန်အတွက် ပြင်ဆင်ချက် ပုဒ်မများကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ပြည့်မီမှု မရှိသဖြင့် ပြင်ဆင်နိုင်ခြင်းမရှိပေ။ သို့သော် နိုင်ငံရေးအရ အရေးမကြီးသည့်  ပုဒ်မ ၃၂ (က)နှင့် ပုဒ်မ ၃၂ (ခ) တို့သည် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်ခဲ့သည့်အတွက်  ပြင်ဆင်နိုင်ခဲ့သည်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
173
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
1.5k
မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

14 July 2025
573

ထို့ကြောင့် ယနေ့ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ခဲ့သည့် လွှတ်တော်အစည်းအဝေးအပြီးတွင်  ပါတီ အစုအဖွဲ့အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ် တချို့၏  သဘောထား အမြင်များကို ဧရာဝတီက  စုစည်းဖော်ပြလိုက်ပါသည်။

ဦးဖြိုးမင်းသိန်း  ရန်ကုန်တိုင်း ဝန်ကြီးချုပ်

ဦးဖြိုးမင်းသိန်း  ရန်ကုန်တိုင်း ဝန်ကြီးချုပ်

လွှတ်တော်ကို လာလေ့လာတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ကြီးရဲ့ ကြိုးပမ်းနေမှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ လွှတ်တော်ကိုလာလေ့လာခြင်း ဖြစ်ပါတယ် ။ အခုဒီမှာ ပြင် ဆင်လို့ ရတဲ့ ပုဒ်မ ၂ ခု တွေ့ပါတယ်။ ဒါပေမယ့် ဒီဥစ္စာကတော့ သိပ်ကြီးကြီးမားမားပေါ့နော်။ နိုင်ငံရေး အရ သိပ်ကြီးကြီး မားမား နိုင်ငံရေး အရ ပြောင်းလဲသွားနိုင်တဲ့ အချက်လက်တွေတော့ ကျနော်တို့ မတွေ့ရဘူး။

ဒါပေမယ့် ပြည်ထောင်စုလွှတ်တော် က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးပမ်း နေမှုကို ကျနော်တွေ့ရပါတယ်။ လူထု အတွက်ပေ့ါနော်။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော် အတွင်းက နေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒါ အဖက်ဖက်ကနေ ညှိနှိုင်းပေါင်စပ်ပြီး ကြိုးပမ်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒီအတွက် ဝမ်းသာပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကတော့ ကျနော်တို့ မျှော်မှန်းထားသလောက် ပြည်သူလူထုရဲ့ ဒီမိုကရေစီ စနစ်တခု ကိုပေါ့ ဒါ ဥပဒေနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ အညီ ပြုပြင်ပြောင်းလဲဖို့ အတွက် ကျနော်တို့ ထပ်ပြီး ကြိုးစားရဦး မယ်လို့ ကျနော် အနေနဲ့  မြင်ပါတယ်။

ဘာပဲ ပြောပြော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကြိုးပမ်းမှုတွေက အားရစရာတွေ ကောင်းပါတယ်။ ပြည်သူ အတွက် လည်း သူတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါတယ်။

ဦးဖေသန်း  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ရခိုင်အမျိုးသား ပါတီ)

ဦးဖေသန်း  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ရခိုင်အမျိုးသား ပါတီ)

ဒီနေ့ ၁၄ ချက်မှာ ဒီနေ့ မသန်မစွမ်းဆိုတာကို မသန်စွမ်းဆိုတဲ့ အချက်ပဲ ပြင်နိုင်ခဲ့တာပေါ့။ ဒီဟာကလည်း ဘာမှ အရေး ပါတဲ့ ဟာတော့ မဟုတ်ဘူး။ လာမည့်နောက်တနှစ်မှာလည်း ကျနော်တို့ ပြင်ဆင်နိုင်မည့် ပုဒ်မ ကျနော်ရှာကြည့်တယ်။ ပုဒ်မဆိုတာ မတွေ့သလောက်ပဲ ဖြစ်နေတော့လေ။ ဒါကနောက်နှစ်မှာတော့ တချက်မှ သဘောတူညီချက် ရနိုင်မယ် မထင်ဘူး။

တပ်မတော်သားတွေ ဆွေးနွေးစဉ် တောက်လျောက်မှာလည်း မသန်စွမ်းနဲ့ မသန်မစွမ်းလောက်ပဲ သူတို့ ထောက်ခံ ဆွေး နွေးတာတွေ့ရတယ်။ ကျနော်တို့  ဖြစ်စေချင်တာတွေ တဖက်နဲ့ တဖက် အခြေအတင် အငြင်းပွားရင်းနဲ့ပဲ ၇၅ ရာခိုင် နှုန်း ကျော်မယ့် ပုဒ်မတွေတောင် ရှာမတွေ့တော့ဘူး။

ခြုံပြီးပြောရရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးက တာဝန်ကျေပွန်စွာ လုပ်ခဲ့နိုင်တယ်။ ဘယ်သူ ကန့်ကွက်တယ်။ ဘယ်သူက ထောက် ခံတယ်ဆိုတာကတော့ သမိုင်း မှတ်တမ်းအဖြစ်ပဲ ကျန်ရစ် ခဲ့မှာကလွဲလို့ ဘာမှ အကျိုးရလဒ် မရှိနိုင်ဘူးလို့ မြင် ပါတယ်။

နောက်ရက်တွေ မဲခွဲရင်လည်း အစထဲက ပြောထားတဲ့ အတိုင်းပဲ ဘာမှ မမျှော်လင့် ဘူးဆိုတာ အစထဲက ပြောထားပြီး သာ ပါ။ သူတို့တွေ တူတူညီညီ ထောက်ခံတယ်။ ဆွေးနွေးတယ်။ ဒါကို ကြိုက်တယ်ဆိုတဲ့ ဘုံသဘောတူညီချက် ရတာဆွေးနွေး တဲ့ အခါမှာ တချက်မှ မတွေ့ဘူး။

နောက်အချက်မှာကျတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျော့ချတာတို့ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို လျော့ချတာတို့ ၅၉(စ) လို သမ္မတ အရည်အချင်းကို သတ်မှတ်တာတို့ ဒါတွေ ကြတော့လည်း လွှတ်တော်ထဲမှာဆွေးနွေးပြီးသားဆိုတော့ ဖြစ် လာနိုင်စရာ အကြောင်းမရှိဘူး။

အစထဲက ဒီလို ပြင်ဆင်ရ ခက်ခဲအောင် လုပ်ထားတဲ့ ဥပဒေ တခုဆိုတော့ အဲ့ဒီ ဥပဒေကို ပြင်ဆင်မယ်ဆိုရင် တပ်နဲ့ NLD နဲ့ပေါ့ ပူးပေါင်းဆောင်ရွက်မှ သဘောတူညီချက် ရမှဆိုတာလည်း အကုန်လုံး သိတယ်။

သိသိကြီးနဲ့ကို ပူးပေါင်းဆောင်ရွက်မှု မရှိကြဘူး။ ပိုပြီးတော့ အငြင်းပွားပြီးတော့ စိတ်ခံစားချက်တွေ ပိုပြီးတော့ ပြင်းထန် လာတာပဲ အဖတ်တင်တယ်။

အဓိကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ၂ ဦးသဘောတူ တေ့တေ့ ဆိုင်ဆိုင် ဆွေးနွေးပြီး တော့ ဘယ်အချက်က ပြင်နိုင်တယ်။ ဘယ်အချက်က လျော့မယ်။ ဘယ်အချက်က ပယ်ဖျက်မယ်။ အဲ့ဒီလို လုပ်နိုင် မှပဲ ဒါ က ရတော့မယ်။

အခု အခြေအနေက အဲ့ဒီလို မလုပ်နိုင်တဲ့ အပြင် အမျိုးသားရင်ကြားစေ့ရေး NLD နဲ့ တပ်မတော်နဲ့ ပိုပိုတောင်မှ ဝေးသွား တယ်လို့ မြင်ပါတယ်။ စိတ်ခံစားချက်တွေက ပိုပြီးတော့များလာပြီးတော့ တင်းတင်းမာမာ ရပ်တည် ခြင်းအားဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဘာမှ အဖြေမထွက်အောင် လုပ်လိုက်သလို ဖြစ်သွားတယ်လို့ပဲ ပြောချင်ပါတယ်။

ဒေါ်ခင်စန်းလှိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)

ဒေါ်ခင်စန်းလှိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခြေခံ ဥပဒေမှာ မသန်စွမ်းအနေနဲ့ကတော့ ဝမ်းသာစရာတော့ ဖြစ်တာပေါ့လေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မသန်စွမ်း များကို ဒီလိုမျိုးတွေထိအောင် ထည့်ပြီး ရေးသွင်းပေးတယ်ဆိုတဲ့ အနေနဲ့ကတော့ မသန်စွမ်းတွေ အ နေနဲ့ကတော့ ဒါကျေးဇူးတင်ရမှာပါ။

သို့သော်လည်းပဲ ဒါက နိုင်ငံတော် တခုလုံး အတွက် အပြောင်းအလဲအတွက်တော့ ဒါ အဓိက ကျတဲ့ ပုဒ်မ မဟုတ်ဘူးလို့ ကျမ ဒီလို နားလည်ပါတယ်။

ဒီနေ့ဆိုရင် ပြည်သူလူထုက တနိုင်ငံလုံး အတိုင်းအတာအရ စောင့်ကြည့်နေတဲ့ အခါကြတော့ ပြောမယ်ဆိုရင် ပြည်သူ လူထုရဲ့ ဆန္ဒကမပြည့်ဝဘူးလို့ ကျမက ဒီလိုပြောရမှာပေါ့။ ပြည်သူလူထုရဲ့ လိုချင်တောင့်တတဲ့ အတိုင်း မဖြစ်လာဘူးလို့ ကျမတို့ ဒီလိုပြောနိုင်ပါတယ်။

အခုဟာဆိုရင် သဘောထားတွေ အကုန်လုံး မြင်နေရပြီ ဖြစ်ပါတယ်။ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင်တော့ အားလုံးဝိုင်းဝန်း ပါဝင်ဖို့တော့လိုတာပေါ့။

ဒီနေ့တချို့ပုဒ်မတွေမှာ မဲရလာဒ် ၄၀၀ ကျော်တာတွေ အားလုံးက တခြားပါတီတွေကပါ မဲပေးတယ်ပေါ့။ အခြားပါတီတွေ မဲပေးတယ်ဆိုတာထက်ကို တိုင်းပြည်ကို ဒီလိုပြုပြင်ပြောင်းလဲတဲ့ အခါမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချင်တဲ့ ပုဂ္ဂိုလ် များ အားလုံးက ဒါ ဆန္ဒသဘောထား ရှိတဲ့သူတွေ အားလုံးက ပြင်ဆင်ချင်တဲ့ အပေါ်မှာ အတူတူ ပဲဆိုတာ တွေ့ရပါတယ်။

ဦးစိုင်းသီဟကျော်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)

ဦးစိုင်းသီဟကျော်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)

ပြည်သူတွေက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်မှာ လောလောဆယ် လွှတ်တော်ဘက် ဆိုဒ်က ပုဒ်မ ၂ ခုကို ၇၅ ရာခိုင် နှုန်းကျော် ထောက်ခံပေးလိုက်ပြီးပြီ။ တဖက်ကတော့ ပြည်သူတွေ ဘက်က ကျန်နေပါသေးတယ်။ မဲလာပေးပြီးတော့ ထက် ဝက်ကျော် ထောက်ခံ ဆန္ဒမဲ ရဖို့လိုပါသေးတယ်။

ပုဒ်မ ၂ ခုက ပြင်ဆင်တဲ့ ပုဒ်မ အတည်ဖြစ်သွားမှာ ဖြစ်ပါတယ်။ တခြားသော ပုဒ်မတွေလည်း တခြားသော ပုဒ်မတွေက အတည်ပြုမှ လူထုက ထပ်ပြီးတော့ မဲပေးဖို့ လိုပါသေးတယ်။ လောလောဆယ် အထိကကျတော့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဖော်ပြတာဟာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အစုအဖွဲ့ တွေ အားလုံးမှာ ပြည်သူ့မျက်နှာကို မူပြီးတိုင်းပြည်ကို ကြည့်မယ်ဆိုရင် အကောင်းဆုံး အနေ အထားတခုကို အတတ်နိုင်ဆုံး လုပ်နိုင်ကြလိမ့်မယ်လို့ ယူဆပါတယ်။

လောလောဆယ်တော့ လူထုရဲ့ မျှော်လင့်ချက် မပြည့်ဘူးလို့ ပြောရမှာပဲ။ နောက်ပိုင်း ဖွ့ဲစည်းပုံ အခြေခံ ဥပဒေ ပြင်မယ် ဆိုရင် ဖြစ်နိုင်အောင်ဆောင်ရွက်မယ်ဆိုရင် တကယ်ကို မဖြစ်မနေ ပြင်မှ ရမယ်ဆိုတဲ့ အနေအထား တခုမျိုး ဖြစ်အောင် သွားနိုင်မှ အဲ့ဒါမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက အောင်နိုင်မှာ ဖြစ်ပါတယ်။

ပြင်ဆင်ဖို့ အတွက် တပ်မတော်နှင့်  ပိုပြီးတော့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်မှုတွေ အများကြီးလိုပါသေးတယ်။ ၂၁ရာစု ပင်လုံလို နေရာမျိုးကနေ ဆွေးနွေးပြီးမှ အဲ့ဒီအပေါ်ရဲ့ သဘောတူညီမှုတွေ ရလာရင်တော့ ဒီ ဖွ့ဲစည်းပုံ ပြင်ဆင် ရေးလွှတ် တော်တွင်းက လမ်းကြောင်းကို အထောက်အကူ ပြုလိမ့်မယ်လို့ ယူဆပါတယ်။

၂၁ ရာစု ပင်လုံကနေ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပြင်နိုင်လိမ့်မယ်လို့ တထစ်ချ ပြောလို့တော့ မရဘူး။ ၂၁ ရာစု ပင်လုံရဲ့ ဆွေးနွေးမှုတွေရဲ့  ဆုံးဖြတ်ချက်တွေက ဘယ်လို တရားဝင်မှု ရှိမလဲဆိုတဲ့ ဟာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဖွဲ့စည်းပုံ တခု  ပြင်နိုင်ဖို့ ဆိုတာ က သက်ဆိုင်တဲ့ ပြည်သူအားလုံးကို ကိုယ်စားပြု နိုင်တဲ့ တကယ့် ကိုယ်စားပြု အမှန်တ ကယ်ကို ရမှ တကယ့် ခိုင်မာ အားကောင်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်လာမှာ ဖြစ်ပါတယ်။

You may also like these stories:

ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေးနှင့် ကာ/လုံ ပြင်ဖွဲ့ဖို့ မနက်ဖြန် မဲခွဲမည်

ခြေ/ဥ ပြင်နေစဉ် အမျိုးသားရေး လှုပ်ရှားသူများ နေပြည်တော်၌ အင်အားပြ

Your Thoughts …
Tags: ၂၀၀၈ ဖွဲ့စည်းပုံNLDပုဒ်မ ၄၃၆
မိုးမိုး

မိုးမိုး

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.6k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.1k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ် စက်ရုံ လုပ်ငန်းခွင်တခု / ဧရာဝတီ

ပြည်တွင်း၌ စက်ရုံများ ပိတ်၍ အလုပ်သမား ၁ သောင်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်

တရုတ်နယ်စပ်တွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားအချို့ / ဇော်ဇော် / ဧရာဝတီ

တရုတ်ပြည်ဘက်ကူးပြီး အလုပ်သွားလုပ်ကြပြီဆို

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate