• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ

by သဇင်လှိုင်
12 March 2020
in အင်တာဗျူး
A A
--

--

8.6k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 (ကိုရိုနာ ဗိုင်းရပ်စ်) သည် ယနေ့အထိ ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်အထိ ပြန့်ပွားလျက် ရှိပြီ ဖြစ်သည်။ အဆိုပါ ကူးစက်ရောဂါကြောင့် နိုင်ငံ အနှံ့ ရိုက်ခတ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ် ကဏ္ဍ အနေဖြင့်လည်း တရုတ်နိုင်ငံမှ ကုန်ကြမ်းကို အဓိက တင်သွင်းရသည့် အတွက် ကုန်ကြမ်းပြတ်လပ်မှုကြောင့် စက်ရုံ တချို့ ပိတ်သိမ်းမှုများ ရှိနေကာ အလုပ်သမား ၁ သောင်း ဝန်းကျင် အလုပ်လက်မဲ့ ဖြစ်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

RelatedPosts

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

13 June 2025
584
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

13 June 2025
254
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

13 June 2025
2.8k

ထို့ပြင် COVID-19 ကြောင့် အထည်ချုပ်ကဏ္ဍအပြင် အခြားသော လုပ်ငန်းနယ်ပယ်များတွင်လည်း ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိသည်။ လက်ရှိအခြေအနေ အရပ်ရပ်ကို သိရှိနိုင်ရန်အတွက် လုပ်ငန်းနယ်ပယ် အသီးသီးမှ သဘော ထား အမြင်များကို စုစည်း တင်ပြလိုက်ပါသည်။

ဦးဌေး

အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေ

လုပ်ငန်းရှင်တွေက COVID-19 က တရုတ်ပြည်မှာ ဖြစ်ပွားတဲ့ အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာ ကုန်ကြမ်း ပြတ် လပ်မှုတွေ ဖြစ်ပွားနေပြီလို့ ဆိုပါတယ်။ COVID-19 က မြန်မာနိုင်ငံမှာ အမျိုးသားရေး အရ ဘယ်လို ကာကွယ် စောင့်ရှောက်မလဲ ဆိုတာထက် တရုတ်ပြည်မှာ ဖြစ်တဲ့အတွက် ကုန်ကြမ်းပြတ်လပ်မှု အပေါ်မှာ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲကို ဦးတည်တယ်လို့ တွေ့ရတာပေါ့။

ဆိုလိုတာက ကျနော်တို့ ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားထက် သူတို့ လုပ်ငန်းရှင် တစုရဲ့ အကျိုးစီးပွားကို ဦးတည်တဲ့ သဘော။ တောင်းလာတဲ့ အချက်အလက်တွေကို ကြည့်လိုက် တဲ့ အခါမှာ ပြည်သူလူထုထက် သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ များနေတာပေါ့။

ကျနော်တို့က အလုပ်ရှင်တွေရဲ့ အခွင့်အရေးကို လေးစားတယ်။ တကယ်တမ်း ကုန်ကြမ်းပြတ်လပ်ပြီ ဆိုရင် အလုပ်ရှင် ရဲ့ အခက်အခဲကိုလည်း နားလည်တယ်။ စက်ရုံတွေ ပိတ်ရမယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာ လက်ရှိတည်ဆဲ ဥပဒေအရ လိုက်နာပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အကြောင်းကြောင်းကြောင့် စက်ရုံအလုပ်ရုံတွေ ရပ်စဲသွားမယ် ဆိုရင် လည်း သတ်မှတ်ထားတဲ့ ဝန်ကြီး ဌာနက ကြေညာတဲ့ နှုန်းအတိုင်း နစ်နာကြေး ပေးရပါမယ်။ ဒါက တည်ဆဲဥပဒေ အရ အလုပ်သမားတွေရဲ့ အခွင့်အရေးပေါ့။

ကျနော်တို့ အလုပ်သမားတွေနဲ့ ဆန္ဒပြဖို့ သပိတ်မှောက်ဖို့ အစီအစဉ်မရှိပါဘူး။ အလုပ်သမားတွေ နားလည်မှု ရှိပါ၊ ဆန္ဒပြ သပိတ်မှောက်မှုတွေ မလုပ်ဖို့ အစိုးရက တိုက်တွန်းနှိုးဆော်ပေးပါ ဆိုတော့ အလုပ်သမားတွေကပဲ ဆန္ဒပြမယ့် သဘော ဖြစ်နေတယ်။ အဲဒီ စွပ်စွဲချက်ကတော့ အလွန် မကောင်းပါဘူးး။ ကျနော်တို့ အလုပ်သမားတွေကို ထိုးချတာ ပေါ့။

ကျနော်တို့ အလုပ်သမားတွေက ဒီလို အနေအထားမှာ ဆန္ဒပြ သပိတ်မှောက်ဖို့လည်း အစီအစဉ်မရှိပါဘူး။ ကျနော်တို့က အလုပ်သမား အခွင့်အရေး အတွက်ပဲ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဦးမောင်မောင်

ဥက္ကဋ္ဌ

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)

ဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ကုန်ကြမ်းပြတ်တယ်ဆိုရင် တကယ် ဆန်းစစ်ဖို့ တော့ လိုတာပေါ့။ စီးပွားရေးလည်ပတ်မှုကို ဘယ်လိုလုပ်ကျမလဲ။ ကျနော်တို့ အားလုံးက အထည်ချုပ်ကိုပဲ ပြောနေကြ တာ။

ခရီးသွားလုပ်ငန်းဆို လူတွေ အလုပ်တွေတောင် ပြုတ်ကုန်ပြီထင်တယ်။ အဲဒါတွေက မပေါ်လာဘူးလေ။ ဆိုတော့ ခရီးသွား လုပ်ငန်းကို ကျနော်တို့ ဘာလုပ်ပေးမလဲ။ နောက် လူမမြင်ဘူး၊ ကုန်တင်ကုန်ချပေါ့၊ ခါတိုင်းဆို ဒိုက်ဦးမှာဆို သစ်သီးဝလံတွေ ပို့နေတာ တရက်ကို အနည်းဆုံး ကား ၅၀၀ လောက်သွားနေတာ အခုချိန်မှာ ကား ၅၀ တောင် မသွားတော့ဘူး။ သူတို့ဝင်ငွေသည် အဆ ၁၀၀ လောက် ကျသွားတယ်။

ကျနော်တို့ မြင်နေတာ အထည်ချုပ် လုပ်ငန်း တခုတည်း မဟုတ်ဘူး။ Overall Sector (ကဏ္ဍတိုင်း) ကို ကြည့်တာပါ။

အထည်ချုပ်က ကျနော်တို့ နားလည်သလောက်က Stock တွေ ရှိနေသေးတယ်။ အပြည်ပြည်ဆိုင်ရာနဲ့ အဆက် အသွယ် မရှိပေမယ့် Supplied change မှာ ပါခဲ့တဲ့ ကုန်တင်ကုန်ချတို့ ပြည်တွင်းရေကြောင်းတို့ Tourism industry ကို ဘယ်လို လုပ်ကြမလဲပေါ့။

အဲဒီတော့ အကုန်လုံး အားလုံးပါတာကို စဉ်းစားဖို့ လိုတယ်။ အထည်ချုပ် လုပ်ငန်းတခု ကိုပဲ ဘာဖြစ် သွားမယ် ညာဖြစ်သွားမယ်ဆိုတာမျိုးထက်ပေါ့၊ မှန်ပါတယ် လူအများစုကို တနေရာတည်းမှာ အလုပ်ပေးထားတဲ့ လုပ်ငန်း ဖြစ်တယ်။ သို့သော် ကုန်တင်ကုန်ချတွေ အလုပ်မရှိတော့ဘူး ဆိုတာကို သတိထားဖို့ လိုမယ်။ ဘာက အကောင်း ဆုံး ဖြစ်မလဲပေါ့။

လူမှုဖူလုံရေး ဆိုရင် အထည်ချုပ်လုပ်ငန်းက လူက နီးစပ်နေတယ်။ သို့သော် ကုန်တင်ကုန်ချတို့ ဆောက် လုပ်ရေးတို့ ကျ Informal sector ဖြစ်နေတယ်။ အဲဒါတွေကို ဘယ်လို စဉ်းစားမှာလဲ။ ကျနော်တို့က ကိုယ့်ကဏ္ဍကိုပဲ စဉ်းစားလို့ တော့ မရဘူး၊ အားလုံးကို ခြုံပြီးတော့ စဉ်းစားဖို့ လိုတယ်။

အစိုးရက ဘာတွေကူညီဖို့ ကြိုပြင်ထားလဲ ဆိုတာ သိဖို့တော့ လိုတယ်။ ဒါမှ ပြည်သူတွေက စိတ်အေးရမှာပေါ့။ တနိုင်ငံလုံး ဒုက္ခရောက်တယ်၊ အားလုံး ဆန်ပြုတ်သောက်ရမယ် ဆိုလည်း ဆန်ပြုတ်ပဲ သောက်ကြမယ်။ သို့သော် အားလုံးက ပြင်ပြင်ဆင်ဆင်နဲ့ ဖြစ်တာတော့ အကောင်းဆုံးပဲလို့ ကျနော်ကတော့ မြင်တယ်။

လူတွေ မဖျားဘူး လူတွေ မသေဘူးဆိုတာ ထူးခြား ဖြစ်စဉ်ပေါ့၊ ဒါပေမယ့် စီးပွားရေး ကဏ္ဍမှာ ဘယ်လို ဖြစ်နိုင်လဲပေါ့။ တကမ္ဘာလုံး ကပ်ဆိုက်နေတဲ့ အချိန်မှာ၊ ပြန်အတက်မှာ အားကောင်းရင် ကောင်းမှာ ပြောလို့မရဘူး။

အဲဒါကို လူ အကုန်လုံး ဖြုတ်ချလိုက်ကွာဆိုပြီး လွယ်လွယ်နဲ့ လုပ်မယ့်အစား ဒါကို ဘယ်လိုလုပ်ပြီး ထိန်းညှိလို့ ရမလဲ ဆိုတာ အစိုးရရော အလုပ်ရှင်ရော အလုပ်သမားရော ကဏ္ဍအားလုံးကို စဉ်းစားဖို့ လိုတယ်။

ဦးစိုးသန်းမင်းဒင်

ဥက္ကဋ္ဌ

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFVP)

ကျနော်တို့ ကဏ္ဍက စက်ရုံက ပစ္စည်းတွေ ထုတ်တာ မဟုတ်တော့ ပြောလို့မရဘူး။ အခုဆို သရက်သီးတွေ သီးနေတယ်။ သီးနေတာကို ရပ်ထားလို့လည်း မရဘူး။ ရပ်ထားလို့ မရတဲ့ အခါကျတော့ ထိုက်သင့်တဲ့ သွင်းအားစုတွေ ကတော့ သွင်းနေရတာပေါ့။ ကောင်းလာနိုးနိုးနဲ့ သွင်းနေရတာပေါ့။

အခုချိန်မှာ ရပ်လိုက်ပြီးတော့ ဒီအသီးတွေ အပေါ် မှာ ဘာမှ မလုပ်ဘူးဆိုရင် ဒီအပင်က နောက်ပိုင်းကျရင် ပိုးကျတာတို့ ဘာတို့ ဖြစ်သွားပြီးတော့ နောက်နှစ်ခါကျ ကုရခက်ပြန်ရော။

ဟိုဘက်ဈေးကွက်ကိုလည်း ခန့်မှန်းလို့ မရဘူး။ မရတဲ့ အခါကျတော့ ပြည်တွင်းဈေးကွက်ကိုပဲ အဓိက လုပ်ရမှာ ဒါကြောင့်လည်း အခု သရက်သီးပွဲတော်တို့ကို မေလ ၁၅၊ ၁၆ ရက်မှာ လုပ်မယ်ဆိုပြီး အစီ အစဉ်တွေ ဆွဲထားတာ။

အခုဆိုရင် ဖရဲသီးပွဲတော် လုပ်တယ်။ နောက်ပြီး အခု ခွင့်ပြုချက်တွေ ရတော့ ရန်ကုန်ထဲမှာပဲ ဈေးကွက်တွေ ဖော်ပြီးတော့ ရောင်းမှာ။ သရက်သီးကိုလည်း တကယ်လို့ နိုင်ငံခြားကို မပို့နိုင်ဘူးဆိုရင် ပြည်တွင်းမှာပဲ ဈေးကွက်တွေ ဖော်ဆောင်ပြီးတော့ ရောင်းပေးရမှာပဲ။ စိုးရိမ်မှုကတော့ ရှိတာပေါ့။ ဘယ်လိုရောင်းရမလဲ ဘယ်လို လုပ်ရမလဲပေါ့။ တိုင်ပင်ကြတာပဲ၊ ဈေးကွက်တွေ ဖော်ဆောင်ပေးတာကလွဲလို့ ဘာမှ လုပ်လို့မရသေးဘူး။

ဦးအောင်မျိုးဟိန်း

ဗဟို အလုပ်အမှုဆောင်

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း

ကုန်ကြမ်းကတော့ ဒီလိုပါပဲ တိုးတက်လာမှုတော့ မရှိသေးဘူး။ စက်ရုံ ပိတ်သိမ်းတာကတော့ အကြောင်း အမျိုးမျိုးပဲပေါ့။ ဒီအနေအထားမှာ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်တယ်။ ကုန်ကြမ်းဝင်တာကတော့ ဝင်နေတာပဲ။ ဝင်နေတာနဲ့ လိုချင်တာနဲ့က မကိုက်ညီဘူး။

ပြီးတော့ ပမာဏကလည်း နည်းတာပေါ့။ စစချင်း အလုပ်လုပ်လို့ရအောင် လာတာတွေ လည်း ရှိတယ်။ ချုပ်ဖို့အတွက် အစီအစဉ်ဆွဲတဲ့ အခါမှာလည်း မရောက်သေးတာကို ထည့်မတွက်ဘူး။ ရှိပြီးသားကိုပဲ ဘယ်လို စီမံရမလဲပေါ့၊ အဲဒါပဲ စဉ်းစားကြတာပေါ့။

အလုပ်သမား အသစ်ကတော့ ဘယ်ရုံမှ မခေါ်ဘူး၊ ကျနော် ၁၀၀ ရာခိုင်နှုန်း ပြောလို့ရတယ်။ အော်ဒါရှိနေတဲ့ ရုံတွေတောင်မှ အလုပ်သမား အသစ် မခေါ်ဘူး။ ရှိတဲ့ ဝန်ထမ်းကို ပုံမှန် လေး ပေးပြီး ခိုင်းနေတာပေါ့။

ဒေါက်တာ ခင်မောင်အေး

ဥက္ကဋ္ဌ

လှိုင်သာယာ အခြေခံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း

COVID-19 ဖြစ်တယ်။ ဒါကငြင်းလို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ တရုတ်ပြည်မှာ နားသွားတယ်၊ အလုပ်တွေ အကုန်လုံး ရပ်သွားတယ်။ ဒါလည်း အမှန်ပဲ။ ကုန်ကြမ်းက တရုတ်ပြည်က လာတယ်ဆိုတာလည်း အမှန်ပဲ။

ဒီအချက်တွေပေါ် မူတည်ပြီးတော့ ကုန်ကြမ်းရောက်တာ လျော့သွားတယ်လို့ ပြောတာကို လက်မခံနိုင်ဘူးလို့ ပြောရင် ကိုယ့်ဘာသာပဲ ဖြေရှင်းခိုင်းတော့လေ။ ဒီက ကုန်ကြမ်းဝယ်တဲ့ နိုင်ငံမှာ ရောဂါဖြစ်နေတယ်၊ စက်ရုံတွေ ပိတ်ထားတယ်။ အခုထိ ကောင်းကောင်း မလည်သေးဘူး တဝက်ပဲ လည်တယ်။ အဲဒီနိုင်ငံက ပို့တဲ့ ပစ္စည်းတွေ နောက်ကျလို့ ဒီမှာ ပစ္စည်း မရှိဘူးလို့ ပြောတယ်၊ ဒါကို လိမ်တယ်လို့ ပြောရင် မတရားဘူးပေါ့။

အဲဒီနိုင်ငံမှာ Supermarket တွေ ပိတ်ထားတယ်၊ ရုပ်ရှင်ရုံတွေ ပိတ်ထားတယ်၊ လူအများပွဲတွေ အကုန် လုံး ရပ်ထားတယ်။ လူတွေက အပြင်မထွက်ဘူး ဆိုရင် အင်္ကျီလိုသေးလား။ အဝတ်အစား အဝယ်လျော့သွားမယ်လို့ Buyer တွေ က ခန့်မှန်းနေတယ်။

ခန့်မှန်းတဲ့ အတွက်ကြောင့် နောင်ချမယ့် အော်ဒါတွေကို လျှော့လိမ့်မယ်လို့ ယူဆရတယ်။ အဲဒီ အတွက် ကြောင့် ရှေ့တနှစ်အတွက်ကတော့ အော်ဒါတွေ အားနည်းမယ်လို့ အားလုံးက ယူဆတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ စဉ်းစားရမယ်။

Order Buyer က Cancel လုပ်တာတွေ ရှိတယ်။ အရင်က Cancel လုပ်ဖူးတာတွေလည်း ရှိတယ်။ ဒါပေမယ့် အခုက လူတိုင်းလူတိုင်း ရဲ့ လက်ထဲက အော်ဒါတွေ Cancel ရာခိုင်နှုန်းတခု လုပ်ခံရတယ်။

တချို့က ၅၀ ရာခိုင်နှုန်းက Cancel ခံရတယ်။ တချို့က ၁၀၊ ၂၀ ရာခိုင်နှုန်းလောက် အော်ဒါ Cancel တွေရှိတယ်။ အဲဒီလို Cancel ခံရရင် တချို့စက်ရုံတွေ က ပိတ်လိုက်ရတယ်။ ပိတ်လိုက်ပြီးတော့ သူတို့ရဲ့အော်ဒါတွေကို တခြားစက်ရုံကို ပေးလိုက်ရတာပေါ့။

အဲဒီလို ပေးခြင်း အားဖြင့် ကျန်တဲ့စက်ရုံတွေ ရပ်တည်နိုင်မယ်။ မပိတ်တဲ့ စက်ရုံတွေ ရပ်တည်နိုင်တယ်။ အကုန်လုံး ဖွင့်ပြီး တော့ တောင့်ခံထားရင် အခြေအနေ ပိုဆိုးကောင်း ဆိုးသွားနိုင်တယ်။

နိုင်ငံတော် အနေနဲ့က ခက်ခဲပါတယ်ဗျာ။ ဒါက မိုးပြိုတဲ့ သဘောလို့ ပြောလို့ရပါတယ်။ မိုးပြိုတဲ့ အနေ အထားမှာတော့ ဒေါက်ထောက်ပြီး ကြိုးစားလို့ အဆင်မပြေနိုင်ဘူး။ အားလုံးက ကြံ့ကြံ့ခံပြီး ဘယ်လိုကျော်လွှားရမလဲ ဆိုတာကို စဉ်းစား ရမယ်။ ဒါက တော်တော်ခက်တဲ့ အလုပ်ပါ။ ဘယ်အတိုင်းအတာအထိ ဘယ်လိုကူညီရမလဲ ဆိုတာလည်း ခက်ပါတယ်။

အနည်းဆုံး အခကြေးငွေကို တနှစ်လောက်ကို ရွှေ့ဆိုင်းထားရမှာ၊ အခုလုပ်နေလည်း အပိုပဲ မှန်ကန်တဲ့ ဒေတာတွေ မဖြစ်နိုင်ဘူး။ အကုန်လုံး ပြောင်းလဲသွားနိုင်တဲ့ အနေအထားတွေ ရှိတယ်။ ကောက်ထားတဲ့ စာရင်းတွေ လွဲကောင်း လွဲသွားနိုင်တယ်။ အခြေအနေ တည်ငြိမ်မှ ပြန်လုပ်သင့်တယ်လို့ ယူဆတယ်။

အခုလည်း သတ်မှတ်လို့ မရနိုင်ဘူး။ ဒီအတိုင်းတောင် မရပ်တည်နိုင်လို့ တဖြုတ်ဖြုတ်နဲ့ ပိတ်နေတာ၊ မောင်းထုတ်လိုက်သလို ဖြစ်သွားမှာပေါ့။ အဲဒီလို မဖြစ်ဖို့ကတော့ အားလုံး ဂရုစိုက်ဖို့ လိုမယ်။ လုပ်နိုင်တဲ့ အတိုင်းအတာက လက်ရှိ အနည်းဆုံး လုပ်ခလစာကို တနှစ် လောက် ဆိုင်းထားတာပဲ လုပ်နိုင်တယ်။ ဒါကို လုပ်နိုင်၊ မလုပ်နိုင်ဘဲ ကြည့်ရမယ်။

ဦးနောင်းနောင်းဟန်

ဥက္ကဋ္ဌ

ခရီးသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ

ခရီးသည်တွေ နည်းတဲ့ ကိစ္စကတော့ ကုမ္ပဏီတွေ ကြုံတွေ့နေရတာပေါ့။ အဘက်ဘက်ကနေ စီးပွားရေး ကျဆင်းမယ့် အနေအထားကို ကြံ့ကြံ့ခံဖို့ လိုပါသေးတယ်။ ခရီးသွား ကုမ္ပဏီတွေက အများကြီး ထိခိုက်မှု ရှိတဲ့အတွက် ကိုယ့်ရဲ့ ရှင်သန်မှု အတွက်ကို ကြိုတင်ပြင်ဆင်နေတာတွေ့တယ်။

တချို့ကျတော့ ကုန်ကျစရိတ်တွေလျှော့တယ်၊ ဝန်ထမ်းတွေ လျှော့တယ်၊ တချို့ကျတော့လည်း တခြားဝင်ငွေရအောင် တခြားစီးပွားရေး တခုခုကိုမှေးတယ်ပေါ့လေ။ အဲဒါမျိုး အစီအမံတွေကို လုပ်နေကြတာ တွေ့ပါတယ်။ Industry အနေနဲ့ကတော့ ကြိုးစားနေတုန်းပါပဲ၊ အခက်အခဲတွေ ကတော့ တနေ့တခြား ပိုပိုပြီးတော့ များလာတယ်။

ခရီးသွားလုပ်ငန်းက တနိုင်ငံလုံးမှာ ပြန့်ကျဲပြီးတော့ ရှိနေတာ။ ခရီးသွားလုပ်ငန်းက တနိုင်ငံလုံးမှာ အလုပ်အကိုင် ဖန်တီးထားတာ ၈ သိန်းကျော် ရှိပါတယ်။ တိုက်ရိုက် ပေးထားတာပေါ့။ သွယ်ဝိုက်ပြီး ပေးထားတာက သူ့ရဲ့ ၂ ဆ လောက် ရှိပါတယ်။

ခရီးသွားကဏ္ဍကနေ တိုက်ရိုက် ၈ သိန်း၊ သွယ်ဝိုက်က ၁ သန်းခွဲဆိုတော့ အဲဒါတွေအပေါ်မှာ အများကြီး ထိခိုက်မှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ တတ်နိုင်သလောက် စောင့်ရှောက်ပေးဖို့ တင်ပြထားတာ ရှိပါတယ်။ ရလဒ်ကိုတော့ စောင့်ရမှာပေါ့။ နိုင်ငံတော်က လုပ်ပေးနိုင်မှာမျိုးတွေကို ညှိနှိုင်းနေတယ်ပေါ့။

အခွန်ကိစ္စတွေ၊ ပရိုမိုးရှင်း တွေ၊ လိုင်စင်ကြေးလိုမျိုးတွေမှာ ကင်းလွတ်ပေးဖို့နဲ့ လုပ်ငန်း အသေးလေးတွေကို ကာလတိုချေးငွေ ချေးပေးဖို့ပေါ့။

ခရီးသွားကုမ္ပဏီ အငယ်တွေရော အကြီးတွေရော စိုးရိမ်နေတာက တနေ့တခြား အခြေအနေတွေက ကောင်းလာတာ မတွေ့ရဘဲနဲ့ ဆိုးရွားလာတာကို တွေ့ရတာပေါ့။ လေယာဉ်လိုင်းတွေ လျှော့ချလာတာမျိုးတွေ၊ ဥရောပမှာ တဖြည်း ဖြည်း ပျံ့နှံ့ပြီးတော့ ခရီးသည်တွေ မလည်ရဘူးဆိုပြီး တခြားနိုင်ငံတွေက ထုတ်တာတွေ တဖြည်းဖြည်း များများလာ တယ်။

ပိုပြီး စိုးရိမ်လာကြတယ်။ တနေ့တခြား ပိုပြီးစိုးရိမ်လာတယ်။ ဈေးကွက်အပေါ်မှာ စိုးရိမ်ပူပန်မှု ဖြစ်လို့ ကုန်ကျ စရိတ်တွေ လျှော့ချဖို့ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို လျှော့ဖို့ ဖြစ်ပါ့မလားပေါ့။ ဝန်ထမ်းတွေကို ဆက်ထိန်း ထားဖို့ ဆိုရင်လည်း ကုန်ကျစရိတ်တွေ ဆက်ကြီးမားနေမယ် ရပ်တည်ဖို့ အတွက် ခက်ခဲဖို့ ဖြစ်လာမယ်။ ဒီအချိန်က ဦးနှောက်ခြောက်တဲ့ အချိန်ပေါ့။ ။

You may also like these stories:

လှိုင်သာယာအထည်ချုပ်စက်ရုံ ၃ ရုံမှ အလုပ်သမားများအရေး သုံးပွင့်ဆိုင် ဆွေးနွေးမှု မပြေလည်

ကုန်ကြမ်းပြတ်မှု ကြာရှည်ပါက အထည်ချုပ်စက်ရုံများ ပိတ်သိမ်းသည်အထိ ရှိလာနိုင်

ရွှေပြည်သာရှိစက်ရုံ ၌အလုပ်ရှင် ထွက်ပြေး၍ လုပ်သား ၄၆၀ ကျော် လစာမရ အခက်တွေ့

Your Thoughts …
Tags: COVID-19 နဲ့ မြန်မာ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဥရောပမှ အမေရိကန်သို့ လာရောက်မည့် ခရီးသည်များအား ရက် ၃၀ ကြာ ပိတ်ပင်မည့် တားမြစ်ချက်တခုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၂ ရက်နေ့တွင် ကြေငြာခဲ့သည် / Reuters 

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရန် ဥရောပခရီးသည်များအား အမေရိကန်ဗီဇာ ယာယီပိတ်

ထမင်းတလုပ်နဲ့ မညီမျှတဲ့ ကျောက်မိုင်းခွဲအလုပ်  (ရုပ်/သံ)

ထမင်းတလုပ်နဲ့ မညီမျှတဲ့ ကျောက်မိုင်းခွဲအလုပ် (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate