• English
Friday, December 8, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

        ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

        စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

        စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

        စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

        စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

        ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

        ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

        စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

        စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          ချက်နိုင်ငံကို လာမယ့်လူတွေရော ထွက်မယ့် လူတွေရော အကုန် ပိတ်ပင်လိုက်ပြီ

          by ကျော်ခ
          16 March 2020
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          ချက်နိုင်ငံမှာ မိသားစုနဲ့ အတူ နေထိုင်နေသူ  / Viviendo Praga

          ချက်နိုင်ငံမှာ မိသားစုနဲ့ အတူ နေထိုင်နေသူ / Viviendo Praga

          6.5k
          VIEWS
          Share on FacebookShare on Twitter

          တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် Covid- 19 ကူးစက်ရောဂါဟာ အခုဆိုရင် ကမ္ဘာတလွှားမှာ စိုးရိမ်စရာ အခြေအနေတရပ်ထိ ကူးစက်ပျံ့နှံ့နေသလို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ကလည်း ကပ်ရောဂါ အဖြစ် ကြေညာလိုက်ရတဲ့ အဆင့်ပါ။

          WHO ၏ မှတ်တမ်းများ အရ Covid- 19 ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၆ နိုင်ငံထိ ကူးစက်ပျံ့နှံ့နေပြီး ယနေ့ မနက်ပိုင်းထိ ကူးစက်ခံရသူ ၁၅၃၆၄၈ ရှိပြီး သေဆုံးသူ ၅၇၄၆ ဦးရှိပြီဖြစ်သည်။ ထိုအထဲတွင် အဆိုးဆုံး နိုင်ငံများမှာ တရုတ်၊ အီတလီ၊ အီရန်၊ တောင်ကိုရီးယား၊ စပိန်၊ ပြင်သစ်နှင့် ဂျာမနီ၊ အမေရိကန်၊ ဆွစ်ဇာလန်နှင့် အင်္ဂလန်တို့ ဖြစ်ပါတယ်။

          RelatedPosts

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          28 November 2023
          19.1k
          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          22 November 2023
          2.9k
          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          18 November 2023
          13k

          Covid- 19 ရောဂါဂယက်ကြောင့် ကူးစက်မှုလူနာ မပေါ်ပေါက်သေးတဲ့ မြန်မာအပါအဝင် ကမ္ဘာ့ နိုင်ငံ အတော်များများမှာ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနဲ့ နိုင်ငံရေး အခြေအနေတွေ ကိုပါ ရိုက်ခတ်မှုရှိနေပါတယ်။

          လက်ရှိ အခြေအနေမှာတော့ ဥရောပ တလွှားမှာ ကူးစက်မှု အရှိန်မြင့်နေလို့ အရေးပေါ် ကာကွယ်မှုတွေ၊ ထိန်းချုပ်မှုတွေပါ လုပ်ဆောင်နေရပါတယ်။ အီတလီ၊ စပိန်တို့လောက် အခြေအနေ ဆိုးဆိုး ဝါးဝါး မဖြစ်သေးတဲ့ ချက်နိုင်ငံကတော့ နိုင်ငံအတွင်း အဝင်၊ အထွက်တွေကိုပါ ပိတ်လိုက်ပါတယ်။

          ဒီအခြေအနေနဲ့ ပတ်သက်ပြီး ချက်နိုင်ငံမှာ မိသားစုနဲ့ အတူ နေထိုင်နေသူလည်းဖြစ်၊ ဧရာဝတီ သတင်းဌာနရဲ့ သတင်းစာဆရာ တဦးလည်း ဖြစ်ခဲ့တဲ့ ကိုလင်းသန့်ကို ဧရာဝတီ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။

          မေး ။ ။ တရုတ်ပြည်က စလာတဲ့ ကိုရိုနာက ဥရောပမှာ ကူးစက်မှုတွေဖြစ်နေပြီဆိုတော့ ချက်နိုင်ငံမှာရော ကိုရိုနာနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိပြီလဲ။ ဘယ်နှစ်ယောက်ကူးစက်ခံထားရပြီလဲ။

          ဖြေ ။ ။ အခုပြောတဲ့ အချိန်မှာ သံသယ ဖြစ်ခံထားရသူ ၄၀၆၅ ယောက် ရှိပြီး ရောဂါ ကူးစက် ခံထားရသူ Positive ၂၅၃ ယောက် ရှိပါတယ်။ သေဆုံးမှုကတော့ တယောက်မှ မရှိသေးပါဘူး။

          မေး ။ ။ အစိုးရအနေနဲ့ ဘယ်လိုကာကွယ်၊ ထိန်းချုပ်မှုတွေလုပ်နေလဲ။ ချက်နိုင်ငံရဲ့ ကာကွယ်မှုတွေနဲ့ ပတ်သက်ပြီး သိသလောက် ပြောပြပေးပါ။

          ဖြေ ။ ။ အခု နောက်ဆုံး အခြေအနေက စပြောရရင် မကြာခင် အချိန်မှာဘဲ ချက်တနိုင်ငံလုံးကို Quarantine လုပ်မယ်လို့. ဝန်ကြီးချုပ်က ပြောသွားတယ်။ ဒါကို ချိုးဖောက်ရင် ချက်ခရိုနာငွေ ၃ သန်း ဒဏ်ငွေ ရိုက်မယ်တဲ့။ အခုလို ဖြစ်စဉ်က အရေးပေါ်အခြေအနေ ကြေညာပြီး တဆင့်ချင်း တက်လာတဲ့ ထိန်းချုပ်မှုပေါ့။

          မတ်လ ၁၁ ရက် နေ့က ကူးစက်ခံရသူ တက္ကစီ မောင်းသမားတဦး ဘယ်က ကူးစက်မှန်း မသိလို့ စိုးရိမ်ပြီး အစိုးရက နိုင်ငံတော် အရေးပေါ် အခြေအနေအဖြစ် မတ်လ ၁၂ ရက်နေ့က ကြေညာလိုက်တယ်။

          အဲဒီမှာ မူကြိုကျောင်းတွေက လွဲလို့မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်နဲ့ ကောလိပ်တွေ၊ ပြတိုက်တွေ၊ စတဲ့ လူ ၁၀၀ အထက် စုဝေးမှု တွေ အကုန် စပိတ်လိုက်တယ်။ နယ်စပ်တွေ ပိတ်တယ်။ ‌ခြွင်းချက်တချို့ ထားခဲ့တယ်။ အကန့်အသတ်မရှိ ပိတ်လိုက်တာ။

          နောက်ထပ် အမိန့် တစုံတရာ မရမချင်း မဖွင့်သေးဘူးဆိုတာပဲ။ နောက်နေ့ ထပ်ဆင့်ပြီး တင်းကြပ် တာက စားသောက်ဆိုင်တွေကို ည ၈ နာရီမှာပိတ်ရမယ်ဆိုတာထပ်တိုးတယ်။ နောက် မနေ့က စပြီး စားသောက်ဆိုင်တွေ ဘားတွေနဲ့ လူ ၃၀ နှင့် အထက် စုဝေးမှုတွေ အားလုံး ပိတ်ခဲ့တယ်။ ဒီနေ့ ၁၅ ရက်နေ့ ည သန်းခေါင် ကျော် ၁၆ ရက်နေ့က စပြီး ချက်နိုင်ငံကို လာမယ့်လူတွေရော ထွက်မယ့် သူတွေရော အကုန် ပိတ်ပင်လိုက်ပြီ။ အထူး ခြွင်းချက်နဲ့ တချို့ပဲ အဝင် အထွက် ရမယ်။

          မေး ။ ။ အဲဒီနိုင်ငံမှာ နေတဲ့သူတယောက်အနေနဲ့ အခုလောလောဆယ်ရော အဲဒီရောဂါ ကာကွယ်ဖို့ ဘာတွေလုပ်ဆောင်ထားလဲ။ ဘယ်လိုစိုးရိမ်ချက်တွေရှိနေလဲ။

          ဖြေ ။ ။ စိုးရိမ်မှုက ရှိတာပေါ့။ ဘယ်လို ကူးစက်လာမှန်း မသိနိုင်တဲ့ အချက်ဆိုတော့ လူချင်း အသားချင်း ထိတွေ့ရမှာ စိုးရိမ်တယ်။ ဒါကြောင့် ကျန်းမာရေး ကောင်းနေအောင် မဖျား မနာအောင် အာဟာရ ရှိအောင် စားတယ်။ အိပ်ရေးဝအောင် အိပ်တယ်။

          ကိုယ်က မြန်မာလိုပဲ စားတတ်သူတွေဆိုတော့ ဆန် အပါအဝင် စားသောက်စရာတွေ အဓိက စုဆောင်းထားတာပေါ့။ ကလေးတွေက ငယ်သေးတော့ ကိုယ်လည်း လူထူတဲ့နေရာ မသွားဘူး။ ဈေးထွက်ဝယ်လည်း တော်တော် သတိထားပြီး သွားတယ်။ ပြန်လာတာနဲ့ ချက်ခြင်း လက်ဆေး၊ အဝတ်အစားလဲ၊ ပြီးမှ အိမ်အခန်းထဲ ဝင်တယ်။

          မေး ။ ။ ကမ္ဘာ့ကပ်ရောဂါအနေနဲ့ ကြေငြာလိုက်တာရော၊ ကူးစက်မှုတွေ မြင့်တက်လာတဲ့ အခြေအနေတွေမှာရော နိုင်ငံတော်တော်များများမှာ လူတွေက ကြောက်ပြီး လူသုံးကုန်ပစ္စည်းတွေ သိုလှောင်ထားဖို့ အလုအယက်ဝယ်နေကြတာ ချက်နိုင်ငံမှာရော ဒီရောဂါနဲ့ ပတ်သက်ပြီး လူတွေရဲ့ တုံ့ပြန်မှု၊ အလေးထားမှုတွေက ဘယ်လိုရှိလဲ။

          ဖြေ ။ ။ အဲဒါတော့ ဒီမှာလည်း နည်းနည်း ရှိတယ်။ ဒါပေမယ့် မြန်မာပြည်လိုတော့ သိပ်ပြီး အလုအယက် မဖြစ်ဘူး။ စည်းကမ်းတကျပဲ။ အစိုးရကလည်းအာမခံတယ်။ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း အကုန် လုံလောက်အောင် ရှိတယ်ပေါ့။ စိုးရိမ်လွန်ပြီး ဈေးဝယ်တာမျိုး မလုပ်ကြနဲ့ပေါ့။ လူတွေက ဒီရောဂါ အပေါ် ချက် နိုင်ငံသားတွေရော ချက် မဟုတ်တဲ့ ဒီမှာ နေထိုင်သူတွေရောက သတိရှိကြပါတယ်။ ဒါပေမယ့် တချို့ကတော့ အစိုးရ ကြေညာနေတာကို သိပ်ပြီး လေးစားမှုမပြတာလည်း ရှိနေတယ်လို့ အစိုးရ က သတိပေးတယ်။ ဒါပေမယ့် ယေဘူယျ ပြောရရင် အားလုံး နီးပါး က ညွှန်ကြားချက်တွေကို လေးလေးစားစား လိုက်နာတာတွေ့ရပါတယ်။

          မေး ။ ။ တခြားဥရောပနိုင်ငံတွေမှာလို ကူးစက်မှု မြင့်တက်လာမယ်ဆိုရင် ချက်နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအားက လုံလုံလောက်လောက်ရှိနိုင်လား။

          ဖြေ ။ ။ ဥရောပမှာက အခု သတိပေးမှု ဆိုတဲ့ အဆင့် ၃ ရှိနေပြီ။ အနီရောင်ပေါ့။ ပထမ အဆင့်က စောင့်ကြည့် အဆင့် ၁။ ဒုတိယ အဆင့်က Alert နှိုးဆော်တဲ့ အဆင့်ပေါ့။ အခု အနီရောင် Warning သတိပေးအဆင့်ဆိုတော့ အခြေအနေက တရုတ်ပြီးရင် ဥရောပက ကိုဗစ် ၁၉ ရဲ့ဗဟိုချက် ဖြစ်လာနေတာပေါ့။ အဆိုးဆုံးက အီတလီနိုင်ငံပါ။ ၁၅၀၀ နီးပါး သေဆုံးနေပြီဆိုတော့ တော်တော်များတယ်။ ဒုတိယ က စပိန်ပေါ့ ။ စပိန်မှာ သေဆုံးသူက အခု ပြောတဲ့ အချိန်မှာ ၁၃၆ ယောက် ဖြစ်နေပြီ။ သေဆုံးသူနဲ့ ကူးစက်မှုက ရက်ပိုင်းအတွက် တဟုန်ထိုး မြင့်တက် လာတာကြောင့် အစိုးရတွေက စိုးရိမ်မှု ပိုကြီးလာတယ်။ ဒါကြောင့် အထူးကြပ်မတ်တဲ့ ကန့်သတ်ချက်တွေ နာရီ အလိုက် ဆက်တိုက် ထွက်ပေါ်နေပါတယ်။

          ဒါပေမယ့် ချက်နိုင်ငံအနေနဲ့က ဆေးပညာကလည်း အဆင့်အတန်း မြင့်တယ်။ စောင့်ရှောက်မှုနဲ့ စွမ်းဆောင်နိုင်မှုတွေကလည်း အရမ်း ပြည့်မီတဲ့အတွက် ဖြစ်လာမယ့် အခြေအနေတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်သွားနိုင်မယ်လို့ယုံကြည်တယ်။

          မေး ။ ။ စီးပွားရေး လုပ်ငန်းတွေရဲ့ လုပ်ငန်းလည်ပတ်မှုက ပုံမှန်ဘဲလား။ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေကို ရိုက်ခတ်မှု ဘယ်လောက်ရှိနေလဲ။

          ဖြေ ။ ။ စီးပွားရေးကတော့ သိတဲ့အတိုင်း ဒါက တကမ္ဘာလုံး ရိုက်ခတ်သွားတာပါပဲ။ ချက် သမ္မတ နိုင်ငံအနေနဲ့လည်း တရုတ် ခရီးသည်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက ဗီဇာ မပေးတော့ဘူး ဆိုတော့ ထိခိုက်မှုတွေက များပါတယ်။ ဆိုင်တွေလည်း ပိတ်ထားရတယ်။ ပညာရေး ကလည်း ကျောင်းအားလုံး ပိတ်ထားတာ ဆိုပေမယ့် အခု မကြာခင် ရက်ပိုင်းက စပြီး ချက်နိုင်ငံ ရုပ်မြင်သံကြားကနေ “ဆရာ” လို့ အမည်ရတဲ့ သင်ခန်းစာ ပို့ချမှုတွေကို ကလေးငယ်တန်းတွေ အတွက် စတင်မယ်။ တက္ကသိုလ် ကောလိပ်တွေကတော့ Online ကနေ ပို့ချမှုတွေ လုပ်ကြမယ်လို့သိရတယ်။

          မေး ။ ။ ကိုရိုနာအစပြုခဲ့တဲ့ တရုတ်မှာတောင် ဒီရောဂါနဲ့ သေနှုန်းကနည်းတယ်။ ဥရောပမှာက ပိုမြင့်တယ်ဆိုပြီးတော့ သုံးသပ်ချက်တွေထွက်နေတဲ့အပေါ်မှာ ဘာကြောင့်ဖြစ်တယ်လို့ ကိုလင်းသန့်အနေနဲ့ ထင်ပါသလဲ။

          ဖြေ ။ ။ ဒါက တရုတ်နိုင်ငံမှာ သေဆုံးတာက ခုထိဆို ၃၂၀၀ ကျော်ရှိတယ်။ ဥရောပ တနိုင်ငံချင််း စီအနေနဲ့ အဲဒီလို မရှိပါဘူး။ ဒါပေမယ့် ဥရောပ နိုင်ငံတွေ စုပေါင်းလိုက်မယ်ဆိုရင်တောင် ၁၈၀၀ လောက်ပဲ သေဆုံးမှုရှိနေတာပါ။ ဥရောပက ပိုပြီး သေနှုန်းမြင့်တယ်လို့ပြောလို့ မရနိုင်ပါဘူး။ ဥရောပမှာက ဒီ ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကူးစက်မှုက ရက်ပိုင်းအတွင်း အရမ်းမြန်သွားတာပဲ ရှိပါတယ်။ ဒါကလည်း ဥရောပ သားတွေရဲ့ လူနေမှု ပုံစံကြောင့်လို့ထင်ပါတယ်။ အထူးသဖြင့် လက်ဆွဲတာ အပါအဝင် ပွေ့ဖက် နမ်းရှုံ့ နှုတ်ဆက်တာကြောင့်လို့ ထင်ပါတယ်။

          မေး ။ ။ ဥရောပရဲ့ ကူးစက်ပျံ့နှံ့နှုန်းက ဘယ်လောက်ထိ ဆိုးရွားနေတယ်လို့ သုံးသပ်မိပါသလဲ။

          ဖြေ ။ ။ အခု ဒီမှာ ကူးစက်ပျံ့နှံ့မှု နှုန်းက အတော်မြန်တယ်လို့ ဆိုရမယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းကို အတော် ကွာခြားတယ်။ ဥပမာ မနေ့က စပိန်မှာ ညပိုင်းက ထက် မနက်ပိုင်းကျတော့ ၁၅၀၀ လောက် သံသယ လူနာ အဖြစ် တက်သွားတယ်။ ပြောရင် ဥရောပဟာ အခုတော့ ဒီ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ရဲ့ ဒုတိယ ဗဟိုချက်လို့ ပြောဆိုနေကြတာပဲ ကြည့်ပါတော့ ဒါဟာ အခြေအနေ ဆိုးဝါးတယ်လို့ ပြောနိုင်တယ်။

          မေး ။ ။ ဥရောပရဲ့ ရောဂါကူးစက်ခံရတဲ့ အခြေအနေမှာ ရိုက်ခတ်လာနိုင်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေကို ဘယ်လိုသုံးသပ်မိလဲ။

          ဖြေ ။ ။ ဒါက တကမ္ဘာလုံးကို ဘက်ပေါင်းစုံက ရိုက်ခတ်မှာပါ။ တနေ့က အမေရိကန် သမ္မတ က ဥရောပက လာမယ့် သူတွေ အမေရိကားကို ပေးမဝင်ဘူးဆိုပြီး အီးယူနဲ့ မတိုင်ပင်ဘဲ တဖက်သတ် လုပ်လိုက်တာဟာ နိုင်ငံရေးအရ တင်းမာမှု တခုဖြစ်စေခဲ့တာ အထင်အရှားပဲ။ နောက် ပညာရေး ကိစ္စဆိုလည်း အလားတူပဲ အပြန်အလှန် ပညာသင်ကြားမှုတွေ လုပ်နေတဲ့ အစီအစဉ်တွေက ကမောက်ကမ ဖြစ်ကုန်တယ်။

          စီးပွားရေးကတော့ အတော့်ကို အထိနာရိုက်ခတ်မှာ အသေအချာပါပဲ။ ဒါပေမယ့် ဥရောပက နိုင်ငံတွေ စုဝေးထားပြီး အခြေခံ စနစ်ကောင်း ရှိထားတော့ ဒါကို ကုစားဖို့ အားကောင်းမယ် ထင်တယ်။ ဥပမာ ဥရောပ ကော်မရှင်က ဒါကို ထိန်းသိမ်းဖို့ယူရို ၇၃ ဘီလျံ ထည့်ဝင်လိုက်တာက အဓိက ကျောထောက်နောက်ခံ ပြုထားလိုက်တာပါပဲ။ အခုထိ ဒီ ချက်နိုင်ငံမှာ ဒေါ်လာနဲ့ ယူရိုဈေးက တည်ငြိမ်နေဆဲ အရင် ဈေးနှုန်းအတိုင်းပါပဲ။ ဒါကတော့ ထူးခြားမှု ပါပဲ။

          မေး ။ ။ မြန်မာနိုင်ငံမှာ တယောက်မှ မတွေ့ဘူးလို့ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ထားချက်ကိုလည်း တွေ့ပြီးရောပေါ့။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

          ဖြေ ။ ။ ကျနော့် တဦးချင်း သဘောအရတော့ ဒါက ဖြစ်နိုင်တယ်။ ဘယ်လို ဖြစ်နိုင်တာလည်း ဆိုတော့ သူတို့သံသယနဲ့ စစ်ဆေးမှု ပြုသမျှတိုင်းမှာ ရောဂါ လက္ခဏာပေါ်တဲ့သူ အခုထိ မရှိသေးဘူးဆိုတာပါပဲ။ ဒါကလည်း WHO နဲ့အနီးကပ် လုပ်ဆောင်နေတာလည်းဖြစ်တာ တကြောင်း၊ ဒီခေတ်ကြီးက နည်းပညာ သိပ်ထွန်းကားနေပြီး သတင်းအမှောင်ချလို့ ရနိုင်တာလည်း မဟုတ်တာတွေကြောင့် ကျနော်ကတော့ လက်ခံနိုင်ပါတယ်။

          ဒါပေမယ့် မစစ်ဆေးရသေးတဲ့ လူတွေထံမှာ ရှိနေပြီး သူတို့တွေဆီက ကူးစက်မှုတွေ ပျံ့နှံ့ပြီး ထိန်းမရ ဖြစ်သွားမှာတော့ စိုးရိမ်မိတယ်။ ဒီအတွက် အစိုးရနဲ့ တကွလူမှု အသိုက်အဝန်း တခုလုံးက အဆင့်သင့် ဖြစ်နေအောင် ကြိုးစားထားဖို့လိုတယ်။ အထူးသဖြင့် စိတ်ဓာတ်တွေ အပါအဝင်ပါ။

          မေး ။ ။ မြန်မာနိုင်ငံက ရောဂါ စဖြစ်တဲ့ တရုတ်နိုင်ငံရယ်၊ ကူးစက်ခံထားရတဲ့ နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ အခါမှာ မြန်မာနိုင်ငံရဲ့ ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

          ဖြေ ။ ။ ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရင် သိပ်အားရစရာတော့ မရှိပါဘူး။ တိုင်းပြည်က အဖက်ဖက်က ယိုယွင်းနေခဲ့ရာက အခုမှ ပြန်ဦးထောင်ဖို့ ကြိုးစားနေချိန်မှာ ဒီလို ပြဿနာတွေ ရင်ဆိုင်လာရချိန်မှာ အဆင်သင့် မဖြစ်သေးဘူးလို့မြင်မိပါတယ်။ သူ့နည်းသူ့ဟန်နဲ့တော့ အကောင်းဆုံး ကြိုးစားနေတာကို မြင်နေရလို့တော့ စိတ်သက်သာရာ ရပါတယ်။

          မေး ။ ။ ဒီရောဂါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ၊ နိုင်ငံရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးတွေအပေါ်မှာ သက်ရောက်လာနိုင်မှုတွေ ရှိလာနိုင်တယ်လို့ရော မြင်မိလား။

          ဖြေ ။ ။ အနည်းနဲ့ အများတော့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ပထမဆုံး နိုင်ငံရေးပေါ့။ တွေးမိတာတခုက ဗိုင်းရပ်စ် ကူးစက်မှုက ရုတ်တရက် ထပေါက်ကွဲပြီး ကြောက်စရာ အခြေအနေ ဖြစ်လာရင် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာရတော့မယ်။ ရက်ပိုင်းကပဲ လွှတ်တော်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေပြင်ဆင်ဖို့ ကြိုးစားခဲ့သေးတယ်။

          လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ ဒီလို အခြေအနေဖြစ်လာရင် ကာ/ချုပ်က နိုင်ငံတာဝန် ယူကိုင်တွယ်ရမယ် ဆိုတာကို သမ္မတ လုပ်ပိုင်ခွင့် ပြင်ဖို့ကြိုးစားခဲ့တာ အဆင်မပြေခဲ့ဘူး ဆိုတော့စိတ်လှုပ်ရှား စရာအခြေအနေပါ။

          အဓိက မြန်မာနိုင်ငံမှာက ညီညွတ်ရေးလိုအပ်နေတာပါပဲ။ စည်းလုံးမှုပြိုကွဲနေတဲ့ နိုင်ငံ ဆိုတော့ ဘယ်လို အန္တရာယ်တွေနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ တနိုင်ငံလုံးအနေနဲ့ ပြောရရင် စိုးရိမ်စရာတွေ ဖြစ်နေအုံးမှာပါ။

          နောက်တခုက စီးပွားရေးပါ။ တကမ္ဘာလုံး ရိုက်ခတ်ခံနေရချိန်လည်း ဖြစ်တော့ မြန်မာမှာလည်း ရိုက်ခတ်မှာ မုချမလွဲပါ။ ဒါပေမယ့် ဒီနေရာမှာ ကျနော့်အမြင်က အကောင်းမြင်တယ်ပြောရမလား မသိဘူး။ ဒေါ်လာဈေးတွေ ကျပြီး မြန်မာ ငွေ ဈေးတက်လာတာ ပို့ကုန်သမားတွေထိခိုက်တာက လွဲရင် ကောင်းတယ်လို့ မြင်မိတယ်။

          မြန်မာငွေဈေး ပိုအားကောင်းလာလေ အောက်ခြေ လူထု စားဝတ်နေရေး ပိုအဆင်ပြေနိုင်တယ်လို့ တွေးမိလို့ပါ။ နောက် စက်ရုံတွေက ပိတ်ပစ်လိုက်ရတာ မကောင်းဘူး။ ရာနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။ တဖက်က စက်ရုံ လုပ်ငန်းရှင် နိုင်ငံခြားသားတွေ ထွက်ပြေး ကြတယ်၊ လုပ်အားခတွေ မရတော့ဘူးဆိုတော့ အတော် စိတ်ထိခိုက်စရာပါ။

          ဒါပေမယ့် ဒီလို တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ နိုင်ငံခြားသား စက်ရုံပိုင်ရှင်တွေအတွက် နောက်ထပ် မြန်မာနိုင်ငံမှာ ထပ်ပြီး ရင်းနှီးမြှုပ်နှံခွင့်မရတော့တဲ့ အတွက် ဝမ်းသာမိပါတယ်။
          ကျန်းမာရေး ကိစ္စတော့ အခုထိ မြန်မာနိုင်ငံမှာ ကျန်းမာရေး အာမခံ လုပ်ငန်း ပီပီပြင်ပြင် မရှိသေးတာနဲ့ အဲဒီ လုပ်ငန်းနဲ့ ချိတ်ဆက်တဲ့ ဆေးရုံ ဆေးခန်းတွေ စနစ်တကျ မရှိတာဟာ နိုင်ငံသား အားလုံးအတွက် အတော် ရင်လေးစရာ အခြေအနေ ရှိနေဆဲလို့ပြောရမှာပါ။

          မြန်မာနိုင်ငံမှာ အရည်အသွေး ပြည့်မီတဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသူ ဆရာဝန်၊ သူနာပြုတွေ ပိုပြီး လိုအပ်နေသလို ဒီ ဌာနအတွက် ဘတ်ဂျက် အသုံး စာရိတ်လည်း ပိုသုံးစွဲဖို့ လိုနေပါသေးတယ်။

          You may also like these stories:

          ဘဏ်တိုးနှုန်းလျှော့ချမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ

          အမေရိကန်ကို Covid-19 စမ်းသပ်ကိရိယာနဲ့ Mask တွေ လှူဒါန်းဖို့ ဂျက်မား ကမ်းလှမ်း

          အရေးပေါ်အခြေအနေ ဒေါ်နယ်ထရမ့် ကြေညာ

          Your Thoughts …
          Tags: ကိုရိုနာဗိုင်းရပ်စ်ကိုလင်းသန့်ချက်
          ကျော်ခ

          ကျော်ခ

          ဧရာဝတီ

          Similar Picks:

          လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

          အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

          by အောင်သီဟ
          4 February 2020
          7.7k

          တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

          တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

          ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

          by ဧရာဝတီ
          16 January 2023
          9k

          တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

          ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ်

          ရန်ကုန်ရှိ အသေးစား ငွေချေးလုပ်ငန်းတချို့ ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမှုများ ပြုလုပ်လာကြ

          by မျိုးပပစန်း
          6 April 2020
          11.2k

          တချို့ကုမ္ပဏီများသည် ဆိုင်းငံ့ကာလအတွင်း တောင်းခံသည့် ဝန် ထမ်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်ရန်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း အသိပေးထားသည်။

          Roche အရိုးအဆစ်ရောင် ရောဂါပျောက်ဆေး Actemra ဆေးဟာ ကိုရိုနာရောဂါ ကုသရာမှာ အထောက်ကူပြုတာကို တွေ့ရှိခဲ့ကြပါတယ်။

          ဆွစ်ဇာလန်ထုတ် အဆစ်ရောင် ပျောက်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ သက်သာ‌စေတယ်လို့ ယူဆရ

          by Aurora
          6 March 2020
          10.9k

          Roche အဆစ်ရောင်ရောဂါပျောက်ဆေးဟာ ကိုရိုနာရောဂါ လက္ခဏာတချို့ကို ပျောက်ကင်း ကုသနိုင်တာကြောင့် တရုတ်အစိုးရက သုံးစွဲဖို့ အသိမှတ်ပြုလိုက်တာပါ။

          ရန်ကုန်မြို့ပတ်ရထားစီးနင်းကြသည့် ခရီးသည်များ / ထက်ဝေ / ဧရာဝတီ

          အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနှင့် ကိုရိုနာအန္တရာယ်

          by ဇူးဇူး
          23 March 2020
          8.3k

          ရန်ကုန်မှာ တနေ့ကို ဘတ်စ်ကား (YBS) အသုံးပြုသူ ၂ သန်းခန့်၊ ရထားအသုံးပြုသူ ၅ သောင်းကျော်နဲ့ ရန်ကုန်-ဒလ ကူးသင်္ဘော အသုံးပြုသူ ၁ သောင်းကျော် ရှိပြီး ရုံးတက်ရုံးဆင်းချိန်ဆို YBS ၁ စီးပေါ်မှာ...

          အီဂျစ်အစိုးရက သမိုင်းဝင် ရှေးဟောင်းနေရာတွေကို မတ်လလယ်လောက်ကတည်းက ခရီးသွားလာခွင့် ပိတ်ပင်ခဲ့တာပါ။

          အီဂျစ်က ကမ္ဘာကျော် ရှေးဟောင်းနေရာတွေ ပြန်ဖွင့်ပြီ

          by Aurora
          12 July 2020
          6.9k

          ဗိုင်းရပ်စ် ပျံ့နှံ့မှာကို ထိန်းချုပ်ကာကွယ်တဲ့ အနေနဲ့ အီဂျစ်အစိုးရက နိုင်ငံတကာလေကြောင်းလိုင်းတွေနဲ့ သမိုင်းဝင် ရှေးဟောင်းနေရာတွေကို မတ်လလယ်လောက်ကတည်းက ခရီးသွားလာခွင့် ပိတ်ပင်ခဲ့တာပါ။

          Next Post
          "Frozen 2" ရုပ်ရှင်

          Disney+ မှာ “Frozen 2” ရုပ်ရှင်ကို ၃ လစောပြီး ကြိုတင် ပြသမည်

          အမေရိကန်နိုင်ငံမှာ တနင်္ဂနွေနေ့ကစပြီး အစိုးရကျောင်းများကို ပိတ်ထားတာ ဖြစ်ပါတယ်။

          ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား

          No Result
          View All Result

          Recommended

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          6 days ago
          21.7k
          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          5 days ago
          12.9k

          Most Read

          • စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

            shares
            Share 0 Tweet 0
          • မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved