• English
Tuesday, July 8, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ကဏန်းလုပ်ငန်း ရပ်သွားလို့ လူ ၂ သောင်းလောက် အလုပ်လက်မဲ့ဖြစ်သွားတယ်”

by ဆလိုင်းသန့်စင်
17 March 2020
in အင်တာဗျူး
A A
လပွတ္တာမြို့နယ်မှ ကဏန်း အဝယ်ဒိုင် / ဆလိုင်းသန့်စင် / ဧရာဝတီ

လပွတ္တာမြို့နယ်မှ ကဏန်း အဝယ်ဒိုင် / ဆလိုင်းသန့်စင် / ဧရာဝတီ

9.4k
VIEWS
Share on FacebookShare on Twitter

စီးပွားရေးအရ အင်အားကြီးနိုင်ငံဖြစ်သော အိမ်နီးချင်း တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ တင်ပို့နေသည့် ရေထွက်ကုန် ပစ္စည်း များထဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် ကဏန်းအရှင် တင်ပို့မှု လုပ်ငန်းလည်း တခု အပါအဝင် ဖြစ်သည်။

၂၀၀၈ ခုနှစ်၊ မေလက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူပေါင်းသောင်းနှင့်ချီ သေကြေ ပျောက်ဆုံးပြီး လူပေါင်းသိန်းနှင့်ချီ၍ အိုးအိမ်စီးပွား ပျက်စီးခဲ့ရသည့် လပွတ္တာမြို့နယ်အတွက် ရေထွက်ကုန် အခွံမာကဏန်းကို တရုတ်ပြည် တင်ပို့သည့် လုပ်ငန်းက ဒေသခံများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သည်။

RelatedPosts

မိုးဗြဲကို ပြန်ပေးခဲ့ရတာ ဘာကြောင့်လဲ (ရုပ်/သံ)

မိုးဗြဲကို ပြန်ပေးခဲ့ရတာ ဘာကြောင့်လဲ (ရုပ်/သံ)

7 July 2025
90
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
575
ငြိမ်းချမ်းရေးဖိုရမ် ဆိုတာ နိုင်ငံရေးအာသာဖြေမှုတခုပဲ (ရုပ်/သံ)

ငြိမ်းချမ်းရေးဖိုရမ် ဆိုတာ နိုင်ငံရေးအာသာဖြေမှုတခုပဲ (ရုပ်/သံ)

7 July 2025
54

၂၀၁၀ ခုနှစ်မှ စတင်၍ လပွတ္တာမှ ထွက်ရှိသည့်  ကဏန်းများကို တရုတ်နိုင်ငံမှ အလုံးအရင်း ဝယ်ယူခဲ့သဖြင့်
အလုပ်အကိုင် ရှားပါးသော လပွတ္တာမြို့နယ်၌ ကဏန်းထောင်ခြင်း လုပ်ငန်းက ဒေသခံ ရေလုပ်သား မိသားစုများကို တနှစ်ပတ်လုံးနီးပါး စားဝတ်နေရေး အထိုက်အလျောက် ဖူလုံစေခဲ့သည်။

သို့သော် လပွတာမြို့ သာမက ဧရာဝတီတိုင်း တတိုင်းလုံးမှ ထွက်ရှိသည့် ကဏန်းများကို သိမ်းကျုံးဝယ်နေသည့် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ‌ရောဂါ ကျယ်ပြန့်စွာ ဖြစ်ပွားနေမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းမှစတင်ကာ တရုတ်ပြည်သို့ ကဏန်းတင်ပို့မှုများ အားလုံး ရပ်ဆိုင်းသွားခဲ့သည်။

ထိုအခြေအနေများကြောင့် လပွတ္တာဒေသခံ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်မှု အခြေအနေ၊ ကျဆင်းနေသည့် ကဏန်း ဈေးကွက်၊ လပွတ္တာမြို့နယ်ရှိ ဒေသခံ ရေလုပ်သား မိသားစုဘဝများ ထိခိုက်မှု အခြေအနေများကို လပွတ္တာမြို့နယ်၊ ကဏန်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းနိုင်ကို ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ဆလိုင်းသန့်စင်က တွေ့ဆုံ မေးမြန်း ထားပါသည်။

မေး – လပွတ္တာမြို့နယ်မှာ ကဏန်းလုပ်ငန်းတွေ ဘယ်အချိန်ကတည်းက စတင်ထွန်းကားလာသလဲ၊ နိုင်ငံခြား တင်ပို့မှုတွေ ရော ဘယ်လိုတွေ ပေါ်ပေါက်လာသလဲ။

ဖြေ – လပွတ္တာရဲ့ ကဏန်းလုပ်ငန်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက စတင် ဖြစ်ထွန်းခဲ့ပါတယ်။ အရင်တုန်းကတော့ ပြည်တွင်းသင်္ဘောလိုင်းတွေနဲ့ ရန်ကုန်ကို တင်ရောင်းတဲ့ အဆင့်လောက်ပဲရှိတယ်။ ၂၀၀၀ ခုနှစ် ကနေ စတင်ပြီးတော့ တွင်တွင်ကျယ်ကျယ် ဖြစ်လာခဲ့တယ်။ ၂၀၁၀ လောက်ရောက်လာတော့ ကားလမ်းပေါက်သွားတဲ့အခါမှာ လပွတ္တာမြို့ဟာ ကဏန်း အဓိက ထွက်ရှိရာမြို့လေး ၁ မြို့ ဖြစ်လာခဲ့ပါတယ်။

အဲဒီတော့ လပွတ္တာမှာ ကဏန်းတွေ စုတယ်။ ပြီးရင် အချိန်တိုအတွင်း ရန်ကုန်ကို ကားနဲ့တင်ပို့နိုင်တဲ့အတွက် လပွတ္တာမြို့ ဟာ ဧရာဝတီတိုင်းရဲ့ကဏန်းလုပ်ငန်းမှာ အဓိကနေရာ ဖြစ်လာခဲ့တယ်။ လပွတ္တာမြို့နယ်ထဲက ထွက်တဲ့ကဏန်းတွေတင် မဟုတ်တော့ဘဲ ကျန်တဲ့ချောင်းသာ၊ ငွေဆောင်၊ ပုသိမ်၊ ငပုတော၊ ဘိုကလေး မြို့နယ်က ကဏန်းတွေက လပွတ္တာကို ပြန်ဝင်လာပြီး လပွတ္တာကနေတဆင့် ရန်ကုန်ကို ကားနဲ့တင်ပို့တဲ့ အနေအထားအထိ လုပ်ငန်းတွေ ဖြစ်ထွန်းလာခဲ့တယ်။

ပြီးတော့ ပြည်ပပို့တဲ့ အတိုင်းအတာမှာလည်း ကဏန်းအခွံမာကို တရုတ်ပြည်ကို အဓိကပို့တယ်။ ကဏန်း အရည်ပျော့ကို တော့ ဥရောပနဲ့ အမေရိကန်၊ နယူးဇီလန်စသဖြင့် ပို့ကြတယ်။ ကဏန်းအရည်ပျော့ကိုကျတော့ လပွတ္တာမှာပဲ မွေးကန်တွေ လုပ်ပြီးတော့ ပို့ကြတာပေါ့။ အခွံမာကဏန်းကတော့ တရုတ်ပြည်ကိုပဲ တိုက်ရိုက် ပို့ပါတယ်။ ဧရာဝတီတိုင်းက ထွက်ရှိတဲ့ အခွံမာကဏန်းအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းလောက်က တရုတ်ပြည်ကို ပို့နေတာ။

မေး – ကဏန်းလုပ်ငန်းတွေ အဲဒီလို တွင်ကျယ်နေရာကနေ ကိုရိုနာဗိုင်းရပ်စ် တရုတ်ပြည်မှာဖြစ်လာတော့ လုပ်ငန်းတွေ ဘယ်လိုတွေ ထိခိုက်ကုန်လဲ။

ဖြေ – ဒီနှစ်မှာ တရုတ်နှစ်မကူးခင် ဖေဖော်ဝါရီလ ၂၀ ရက်မတိုင်ခင်က အရောင်းအဝယ်တွေ ကောင်းခဲ့တယ်။ ဂရမ် ၈၀ ဆိုဒ်ရှိတဲ့ ကဏန်း ၁ ကီလိုကို ၁၅၀၀၀၊ ၁၆၀၀၀ ကျပ် ရောင်းရတယ်။ ကဏန်းက အဲဒီထက် တဆိုဒ်ကြီးသွားခဲ့ရင် တထောင် စီ ဈေးနှုန်း တိုးသွားတယ်။

ဥပါတဲ့ကဏန်းအမ ၁ ကီလိုဆိုရင် ၃ သောင်းကျပ် ဝန်းကျင် ရောင်းချရတယ်။ နှစ်တိုင်းဖြတ်သန်းမှုက တရုတ်နှစ်ကူးသွားရင် ဈေးနည်းနည်း အေးသွားပြီးတော့ နှစ်ကူးပြီးတာနဲ့ ဈေးတွေ ပြန်တက် လာတယ်။ ဒါက ကုန်သည်တွေအကုန် သိပြီးသား။

လပွတ္တာမြို့နယ်၊ ကဏန်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းနိုင်/ဆလိုင်းသန့်စင်/ဧရာဝတီ

အဲဒီတော့ တရုတ်နှစ်ကူးကာလမှာ ၁၅၀၀၀ ဈေးကနေ ၁၂၀၀၀ လောက်ကို ဈေးပြုတ်ကျသွားတော့ ကုန်သည်တွေက ဗုံလုံထဲ (ကဏန်းယာယီထားသည့်နေရာ)ထည့်ပြီး ထိန်းကြတယ်။ နှစ်ကူးပြီးရင် ဈေးပြန် တက်လာမယ်ဆိုတော့ နှစ်ကူးပြီး တာနဲ့ ရောင်းကြဖို့ ပြင်ထားတာ။

ဖေဖော်ဝါရီ ၂၄ ရက် နောက်ပိုင်းလည်း ကျရော တရုတ်မှာက ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာတော့ သယ်ယူပို့ဆောင်ရေး၊ သွားလာရေးလမ်းကြောင်းတွေ အကုန်ပိတ်လိုက်တော့ ကျနော်တို့မှာ ဆုံးရှုံး နစ်နာမှုတွေ အများကြီး ဖြစ်သွားတယ်။ ကဏန်းလုပ်ငန်းတွေက အရောင်းအဝယ်ရပ်လို့ မပြောဘဲနဲ့ အကုန်လုံး ရပ်ဆိုင်းသွားခဲ့တာ အခုအချိန်အထိပဲ။ အခုထိ တရုတ်ပြည် တင်ပို့တဲ့ ကဏန်းလုပ်ငန်းတွေ ရပ်နေလို့ လပွတ္တာရဲ့ ဂဏန်းလုပ်ငန်းကလည်း ၉၀ ရာခိုင်နှုန်းကျော်က လုပ်ငန်းတွေ ရပ်ဆိုင်းဆဲ ဖြစ်နေတယ်။

မေး – ကဏန်းတွေ တရုတ်ပြည်တင်ပို့မှု ရပ်ဆိုင်းသွားတဲ့အတွက် လပွတ္တာမြို့နယ်က အလုပ်သမားတွေ ဘယ်လိုထိခိုက်သွားသလဲ။

ဖြေ – တရုတ်ပြည်မှာ ဝူဟန်ဗိုင်းရပ်စ်ဖြစ်လို့ ကဏန်းလုပ်ငန်းတွေ အကုန်နီးပါး ရပ်ဆိုင်းသွားတဲ့အခါမှာ လပွတ္တာမြို့ပေါ်က ကဏန်းဒိုင် ၁၅၀ လောက်မှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၁၀၀၀ လောက် နီးပါးအလုပ်လက်မဲ့ တွေ ဖြစ်ကုန်တယ်။ ဒီမှာက ကဏန်းဒိုင် ၁ ဒိုင်ကို အလုပ်သမား ၅ ယောက်လောက် အနည်းဆုံးရှိတယ်။ ကဏန်းတွေ ပြည်ပတင်ပို့မှုမရှိတော့ အလုပ်သမားတွေလည်း ထိန်းမထားနိုင်တော့ဘူး။

အဲဒီတော့ ပိတ်သွားတဲ့ ကဏန်းဒိုင်က အလုပ်သမားတွေဆိုရင် အကုန်လုံး အလုပ်မရှိ ဖြစ်ကုန်တယ်။ မှေးပြီး ဆက်ဖွင့်တဲ့ဒိုင် တွေကျတော့လည်း အရင်က လူ ၅ ယောက်ခန့်တဲ့နေရာမှာ ၁ ယောက်၊ ၂ ယောက်လောက်ပဲ ခန့်နိုင်တော့တယ်။ အဲဒီ တော့ လပွတ္တာမြို့ပေါ် ရပ်ကွက် ၁၀ ခုကနေ ကဏန်းဒိုင်တွေမှာ အလုပ်လာလုပ်သူတွေ အကုန်လုံးနီးပါး အလုပ်မရှိ ဖြစ်ကုန် တယ်။

ရန်ကုန်ပို့တဲ့ကားဆိုရင်လည်း အရင်က တနေ့ကို ကား ၅ စီး လောက် ထွက်တဲ့နေရာမှာ အခု ကျတော့ ကား ၁ စီးတောင် ထွက်ဖို့ကို အနိုင်နိုင် ဖြစ်နေတယ်။ ကဏန်း ကလည်း ကား ၁ စီးစာ ကုန်မပြည့်ရင် ထွက်လို့မရဘူး။ အဲဒီတော့ ထိခိုက်မှုတွေက အများကြီး ဖြစ်နေတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ လပွတ္တာမှာ ကျေးရွာအုပ်စု ၅၇ အုပ်စု ရှိတယ်။ ရွာအားလုံးရဲ့ ၈၀ ရာခိုင်နှုန်း လောက်က ကဏန်းလုပ်ငန်းကို အမှီပြုပြီး ရပ်တည်စားသောက်နေကြတာ ဖြစ်တယ်။ ရွာတိုင်းမှာ ကဏန်းဒိုင်မရှိတဲ့ရွာဆိုတာ မရှိဘူး။ လပွတ္တာမှာက လယ်စိုက်တာက မိုးတရာသီပဲ စိုက်လို့ရတာ။ ကျန်တဲ့ အချိန်က ကဏန်းထောင်တဲ့လုပ်ငန်းနဲ့ပဲ အဓိကရှာဖွေစားသောက်နေရတာ။

အခု အများအပြားထိခိုက်တာ ဘယ်လိုလူတွေလဲဆိုတော့ ကဏန်းထောင်တဲ့သူ၊ ကဏန်း ပိုက်ထိုးသူ၊ ရွာတွေမှာ ကဏန်း ကောက်တဲ့ ဒိုင်အသေးစားလေးတွေ၊ လပွတ္တာကို ကုန်ပို့ပေးတဲ့မော်တော်တွေ၊ ကုန်ကြိုတဲ့လူတွေ၊ ကုန်တင်ကုန်ချ အလုပ် သမားတွေ၊ ကဏန်းကြိုးချည်တဲ့ အလုပ်သမားတွေ စသဖြင့် အခြေခံအလုပ်သမားတွေ အများကြီး ဝူဟန်ဗိုင်းရပ်စ် ကြောင့် အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။

ကျနော်တို့ ကောက်ထားတဲ့စာရင်းအရ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၂ သောင်းလောက် ရှိတယ်။ ဒါက လပွတ္တာ ၁ နယ်ထဲက ကျနော်တို့ လက်လှမ်းမီသလောက်ပြောတာ။ တခြားဒေသတွေ မပါသေးဘူး။

ငပုတောမြို့နယ်၊ မြစ်တစ်ရာဘက်ကဆိုရင် အရင်က ကုန်သည်တယောက်ကို ကဏန်းခြင်း ၇၀၊ ၈၀ သယ်လာပြီး လပွတ္တာ ကို လာရောင်းတယ်။ အခုဆို မလာနိုင်တော့ဘူး။ ဘာလို့ဆိုတော့ သူသယ်လာတဲ့ ဂဏန်းခြင်းတွေ ဒီမှာရောင်းလို့ မကုန် ဘူးလေ။

ရောင်းမကုန်တော့ ကုန်သည်က မဝယ်တော့ဘူး။ ကုန်သည်မဝယ်တော့ အောက်ခြေက ကဏန်း ထောင်သမားက ဘယ် သွားရောင်းမလဲ။ ရောင်းစရာ မရှိတော့ အလုပ်မရှိ၊ အလုပ်မရှိတော့ စားဝတ်နေရေး ထိခိုက်ပြီပေါ့။

မြို့က ကဏန်းဒိုင် လုပ်ငန်းရှင်တွေက ဒီလုပ်ငန်းမကောင်းရင် ရပ်ထားမယ်။ လုံး၀ အဆင်မပြေတော့ဘူးဆိုရင် တခြား လုပ် ငန်း ပြောင်းလုပ်လို့ ရသေးတယ်။ တနေ့လုပ်မှ တနေ့စားရတဲ့ မရှိဆင်းရဲသား အလုပ်သမားတွေ ကျတော့ ဒီကဏန်း လုပ် ငန်းနဲ့ နှစ်ပေါင်းများစွာ အသက်မွေးလာခဲ့ပြီးမှ အခုလို ရုတ်တရက် အချိန်အကြာကြီး ရပ်ဆိုင်းသွားတဲ့အခါမှာ စားဝတ်နေ ရေးတွေက အတော်လေးကို ခက်ခဲကြပ်တည်းကုန်ကြတယ်။

မေး – အခြေခံ အလုပ်သမားတွေ သောင်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်ကုန်တော့ ဘယ်လိုလုပ်ငန်းတွေကို ပြောင်းလုပ်နေကြ သလဲ။ တခြားကိုရော ရွှေ့ပြောင်းအလုပ်လုပ်နေကြတာ ရှိသလား။

ဖြေ – ကဏန်းတွေ တရုတ်ပြည်ပို့တဲ့ လုပ်ငန်းက ရပ်နေတာ ဘယ်လောက်ကြာမှာလဲ။ ဘယ်နေ့ ပြန်ဖွင့်မှာလဲ မသိတဲ့ အတွက် တောက ကဏန်းထောင်တဲ့လုပ်သားတွေမှာက ဒီလုပ်ငန်းကို မစောင့်နိုင်တော့ဘူး။ အဲဒီတော့ ရရာဘေး အလုပ်တွေ ဖြစ်တဲ့ လက်သမားလုပ်၊ ပန်းရံလုပ်၊ ဆားထမ်း၊ ဓနိခုတ်၊ မြေကြီးပေါက်တဲ့အလုပ်တွေ ဝင်လုပ်နေကြတယ်။

ဒီအလုပ်တွေကလည်း တနှစ်ပတ်လုံး ရှိတာမဟုတ်ဘူး။ ကဏန်းလုပ်ငန်းက တနှစ်ပတ်လုံးနီးပါး လည်ပတ်နေတဲ့လုပ်ငန်း ဖြစ်တယ်။

ကဏန်းထောင်လုပ်ငန်းက လပွတ္တာကကျေးလက်က ဒေသခံပြည်သူတွေကို ဘယ်လောက်အထိ အကျိုးပြု နေသလဲဆိုတာ ကျနော်ရှင်းပြမယ်။ တခြားလုပ်ငန်းတွေဆိုရင် အိမ်ထောင်ဦးစီး ယောက်ျား၊ မိန်းမ ဒီလူကြီး၂ ဦးပဲ လုပ်လို့ရမယ်။ မိန်းမ အလုပ်လုပ်နိုင်ရင် ယောက်ျား ၁ ယောက်ထဲ ဝင်ငွေနဲ့ ဘယ်လိုမှ မစားလောက်ဘူး။ ကဏန်းထောင် လုပ်ငန်းကျတော့ အိမ် မှာရှိတဲ့ ၁၀ နှစ်သားကလေးကအစ ကဏန်း ဝင်ထောင်လို့ရတယ်။ ပြီးတော့ တနှစ်ပတ်လုံးနီးပါးက ကဏန်း အရောင်းအဝယ် ရှိနေတဲ့အတွက် မိသားစု စားဝတ်နေရေးကို ထိန်းထား ပေးနေတဲ့လုပ်ငန်း ဖြစ်ပါတယ်။

အဲဒီတော့ ကဏန်းဒိုင်လုပ်သားတွေလည်း ဒိုင်တွေက အလုပ်မပေးနိုင်တဲ့အတွက် ရန်ကုန်တို့ မြဝတီတို့၊ နယ်စပ်တွေကို မိသားစုလိုက် ပြောင်းရွှေ့သွားတဲ့လူတွေလည်း ရှိတယ်။ ဘာလို့လည်းဆိုတော့ ဒီလုပ်ငန်းက ဘယ်တော့ ပြန်ကောင်း လာမ လဲ မခန့်မှန်းနိုင်တဲ့ အနေအထားကို သူတို့စောင့်နေလို့ မရတော့ဘူးလေ။ အဲဒီတော့ အလုပ်ရှိတဲ့နေရာ ရွှေ့ပြောင်းရတော့ တာပေါ့။

မေး – တရုတ်ပြည်က ကဏန်းမဝယ်တဲ့အတွက် လပွတ္တာရဲ့ကဏန်းဈေးနှုန်းတွေ ဘယ်လောက်အထိ ကျဆင်းသွားလဲ။

ဖြေ – အရင်တုန်းက ၁ ကီလိုကို ၁၅၀၀၀၊ ၁၆၀၀၀၊ ၁၈၀၀၀၊ ၃၀၀၀၀ လောက်ဈေးရှိတဲ့ ကဏန်းတွေက အခုဆို ၇၀၀၀၊ ၇၅၀၀၊ အမြင့်ဆုံး ၈၅၀၀ အထိ ပြုတ်ကျသွားတယ်။ ဒါတောင် ဒီရက်ပိုင်း တပေါင်းလပွဲတော်တွေ ရှိနေလို့ ဈေးလေး နည်းနည်း ပြန်တက်လာတာ။ တရုတ်လမ်းကြောင်း ပိတ်ကာစတုန်းကဆိုရင် ၁ ကီလို ၆၀၀၀ ဈေးလောက်ပဲ ရှိတယ်။ အဲဒီတော့ ဈေးနှုန်းက ၂ ဆ၊ ၃ ဆလောက် ပြုတ်ကျသွားတော့ ကဏန်းရှာသူ၊ ပြန်ရောင်းသူတွေအတွက်လည်း အဆင်မပြေဘူး။

အခုချိန်အထိ တရုတ်ပြည် အဝယ်မရှိတဲ့အတွက် ရန်ကုန်က စားသောက်ဆိုင်တွေနဲ့ သံဈေးကိုပဲ အဓိက တင်ပို့ ရောင်းချ နေရတယ်။ မန္တလေးဘက်က တခါတလေမှာရင် ပို့ပေးတယ်။ ဒီလောက်ပဲရှိတယ်။ အရင်တုန်းက ရန်ကုန် သံဈေးကို ကဏန်းပို့တယ်ဆိုတာ အသေ၊ အမျော့ကို ပို့တာ။ အကောင်းစား အရှင်တွေကို တရုတ်ပြည် တင်တာ။

အခုက သံဈေးမှာ ကဏန်းအကောင်းတွေကို သွားရောင်းနေရတာ။ ကဏန်းဒိုင်တွေက ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေလို ပြန်ဖြစ်နေတာ။ ဒါကလည်း ဘယ်အချိန်အထိ တောင့်ခံနိုင်မလဲဆိုတာ မသိသေးဘူး။

အခု လည်ပတ်နေတာကလည်း ရန်ကုန်ဈေးကွက်လောက်နဲ့ လည်ပတ်နေရတာ။ ရန်ကုန်ကလည်း လပွတ္တာက တက်တဲ့ ကဏန်းကို အကုန်မဝယ်နိုင်ဘူး။ မူဆယ် လမ်းကြောင်းက ပြန်တော့ပွင့်နေပြီ။ ဒါပေမယ့် တရုတ်ကနေ ကုန်အမှာ မရှိဘူး။ အဲဒီတော့ တရုတ်ဝယ်လက်တွေ အကုန်နားနေကြတယ်။ ကဏန်းလုပ်ငန်းက ရက်အကန့် အသတ်မရှိ ပိတ်လိုက်သလို ဖြစ်နေတယ်။

မေး – လက်ရှိမှာ လပွတ္တာမြို့ပေါ်မှာရှိတဲ့ ကဏန်းဒိုင်တွေရော ဘယ်လောက်ပမာဏလောက် ဆက်ဖွင့်နိုင်လဲ။ ပိတ်သိမ်းကုန်တဲ့ဒိုင်ရော ဘယ်လောက်ရှိသလဲ။

ဖြေ – ကဏန်းဒိုင်တွေက အခုဆို မှေးပြီးဖွင့်နေတာ ဒိုင် ၁၀၀ ဝန်းကျင်လောက်ပဲ ရှိတော့တယ်။ ဘာလို့လည်းဆိုတော့ လပွတ္တာကမ်းနားဘက်မှာ ကိုယ်ပိုင်အိမ်နဲ့ ကဏန်းဒိုင် ဖွင့်နိုင်တာ ၄၀ လောက်ပဲ ရှိတယ်။ ကျန်တဲ့ ဒိုင် ၁၀၀ ကျော်က အိမ်ခန်းတွေကို တလ ၂ သိန်း၊ ၃ သိန်းငှားဖွင့်ရတာ။ အလုပ်အကိုင်တွေက မကောင်းပေမယ့် ဆိုင်ခန်းငှားခ ဈေးနှုန်း တွေက မကျဘူး။

ဆိုင်ခန်းသက်တမ်းကုန်လို့ နောက်တစ်ကြိမ် စာချုပ်ပြန်ချုပ်ရင်လည်း ၆ လစာ၊ ၁ နှစ်စာ ဒီလိုပေးမှ ချုပ်လို့ရတယ်။ အဲဒီတော့ ကဏန်းဒိုင်တချို့တွေက ဆိုင်ခန်းစာချုပ် ပြည့်သွားတဲ့ အခါမှာ ပြန်မချုပ်တော့ဘဲ ဆိုင်ခန်းအပြီး ပိတ်တာ ရှိတယ်။ သက်တမ်းကျန်နေတဲ့ဒိုင်မှာ လုပ်ငန်း ၂ ခု ပေါင်းပြီး ဒိုင်ဖွင့်တာ ရှိတယ်။ တချို့ကျတော့လည်း ကိုယ့်အိမ်မှာပဲပြန်ပြီး ဒိုင်ဖွင့်လုပ်ကိုင်နေကြတယ်။

အခုက ကဏန်းထောင်သူ တွေက ဈေးမကိုက်တော့ အရင်လို လူအများကြီးမထောင်ကြတော့ဘူး။ အဲဒီတော့ တက်လာတဲ့ ကုန်ချိန်က အရင်လောက်မများတော့ အိမ်တွေမှာပဲ ဒိုင်ပြန်ဖွင့်လို့ နိုင်တဲ့အနေအထား ဖြစ်သွားတယ်။ ကဏန်းလုပ်ငန်း ကတော့ ပြိုလဲလုနီးပါး ဖြစ်နေတယ်။ လက်ရှိ အနေအထားမှာ လပွတ္တာ ကဏန်းဒိုင်အားလုံးရဲ့ ၃၀ ရာခိုင်နှုန်း လောက်က ပိတ်သွားတဲ့အနေအထား ရှိတယ်။

က
လပွတ္တာမြို့နယ်မှ ကဏန်း အဝယ်ဒိုင် (ဆလိုင်းသန့်စင်၊ ဧရာဝတီ)

ဒါကြောင့်လည်း ကဏန်းလုပ်ငန်း ရေရှည်တည်တံ့နိုင်ရေးအတွက် လပွတ္တာ ကမ်းနားက သောင်ထွန်းမြေပေါ်မှာ ဒိုင်ခန်း နေရာလေး တည်ဆောက်ပေးဖို့ ဧရာဝတီတိုင်းအစိုးရကို တင်ပြထားပါတယ်။ လပွတ္တာကို နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာတုန်းကလည်း တင်ပြထားတယ်။

အခုထိတော့ အစိုးရဘက်က အကောင် အထည် ဖော်ပေးတာ မရှိသေးဘူး။ အဲဒီတော့ ကဏန်းလုပ်ငန်း မကောင်း သော် လည်း ကဏန်းဒိုင် တွေက ဆိုင်ခန်းလခကို ၃ နှစ်စာချုပ်ထားသူဆို သိန်း ၁၀၀ လောက်ကို ပေးချေထားရတယ်။

မေး – ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်ကို ကဏန်းမပို့ရဘဲ လုပ်ငန်းတွေအကြာကြီး အခုလို ရပ်ဆိုင်း နေမယ်ဆိုရင် ရေရှည်မှာဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ – တရုတ်ပြည် မတင်ပို့ရဘဲ အချိန်တွေကြာနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၊ မြန်မာ နိုင်ငံကဏန်း လုပ်ငန်းရှင်များအသင်းတို့ကို အကူအညီတောင်းပြီး တခြားသော ဈေးကွက်ရှိတဲ့ နိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ရေး ကြိုး ပမ်းပေးဖို့ အကူအညီ တောင်းရမှာပေါ့။ အခုက တခြားနိုင်ငံတွေကို တရုတ်ကနေ ကဏန်းဖြန့်တော့ ကဏန်းဆိုရင် တရုတ်ပြည်ကနေရတယ်ပဲ ထင်နေတာ။

တရုတ်က လပွတ္တာကထွက်တဲ့ ကဏန်းကို အကုန်သိမ်းကျုံးဝယ်ပြီး သူတို့လည်း စားတယ်။ တခြားနိုင်ငံတွေ ကိုလည်း ပြန်ဖြန့်တယ်။ ဒါကြောင့်လည်း မြန်မာပြည်က ထွက်သမျှ ကဏန်းအကုန်လုံး သူတို့ဝယ်နိုင်တာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံဆို ကျနော်တို့ဆီက ကဏန်းဝယ်ဖို့ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ပြောခဲ့တာ ရှိတယ်။ အခုထိတော့ ဖြစ်မလာသေးဘူး။ ဘာလို့လဲဆိုတော့ တရုတ်ကနေ စင်္ကာပူကို ကဏန်းပို့ပေးနေတဲ့ အတွက် စင်္ကာပူက မြန်မာကဏန်းကို တရုတ်ဆီကနေပဲ ပြန်ဝယ်နေတာ။

မေး – လပွတ္တာက ကဏန်းလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတော်အစိုးရကို ဘာများအကူအညီတောင်းခံချင်တာ ရှိသလဲ။

ဖြေ – ကျနော်တို့ဒေသအနေအထားနဲ့ အဓိက အကူအညီ တောင်းချင်တာကတော့ လပွတ္တာမြို့ အနေအထားနဲ့ ဒိုင်ဦးရေက များပြားလာတယ်။ ဒိုင်ခန်းနေရာ မရှိတဲ့သူတွေကို ဒိုင်ခန်းနေရာ စီမံဆောင်ရွက်ပေးဖို့ တိုင်းအစိုးရ အနေနဲ့ ပြင်ဆင်ထား တာကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ဖို့ရယ်၊ ကျနော်တို့နိုင်ငံက ထွက်ရှိတဲ့ကဏန်းတွေကို တရုတ်နိုင်ငံတင်မက အခြား သောနိုင်ငံများနဲ့ ချိတ်ဆက်ရောင်းချပေးနိုင်ဖို့ အမြန်ဆုံး ကူညီပေးစေချင်ပါတယ်။

ဒီလိုချိတ်ဆက် ပေးမှသာ တရုတ်က မဝယ်နိုင်သေးလည်း တခြားနိုင်ငံတွေ ဝယ်နေရင် အခြေအနေပြန်ကောင်း နိုင်ပါ တယ်။ အဲဒီလို မဟုတ်ဘဲ တရုတ်က ပြန်ဝယ်တဲ့အထိ ရက်အတိအကျမရှိဘဲ စောင့်နေရရင်၊ ဒီလိုမျိုး လုပ်ငန်းတွေ ရက်အကြာကြီး ရပ်ဆိုင်းနေမယ်ဆိုရင် ကျနော်တို့ လပွတ္တာဒေသက သောင်းနဲ့ချီတဲ့ ရေလုပ်သား မိသားစုတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူနေမှုဘဝတွေ ပိုပြီးဆိုးရွားသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်လင့်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ဂိတ်များ ရက်အကန့်အသတ်မရှိ ပိတ်

ပြည်တွင်း၌ စက်ရုံများ ပိတ်၍ အလုပ်သမား ၁ သောင်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်

လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့

Your Thoughts …
Tags: ကဏန်းကိုရိုနာဗိုင်းရပ်စ်တရုတ်လပွတ္တာ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ထူး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇနှင့် Banyan Tree Holdings Limited တာဝန်ရှိသူတို့ လက်မှတ်ရေးထိုး စဉ် / Htoo Group of Companies / Facebook

ထူးဟိုတယ်လုပ်ငန်းနှင့် စင်ကာပူအခြေစိုက် Banyan Tree Holdings Limited အကျိုးတူပူးပေါင်း

ကယ်လီဖိုးနီးယားပြည်နယ်အတွင်းက သေနတ်ဆိုင်တွေမှာ သေနတ်ဝယ်ဖို့ လူပေါင်းများစွာ တန်းစီနေကြတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေနတ်နဲ့ ခဲယမ်း ဝယ်ယူမှုများ ရှိနေ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

5 days ago
5.1k
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

7 days ago
6.1k

Most Read

  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0
  • တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate