• English
Thursday, September 28, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

    ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

    နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

    နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

    မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

    မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

        ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

        နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

        နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

        မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

        မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

        ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

        ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

        တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

        တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

        ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

        ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

        အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

        အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

        ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

        ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

        တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

        တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          ကူးစက်ပြန့်ပွားမှုနှုန်း ကြီးကြီးဖြစ်မှာကို ကျမတို့ နိုင်ငံအတွက် စိုးရိမ်တယ်

          by သဇင်လှိုင်
          21 April 2020
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          မြန်မာနိုင်ငံလုံးဆိုင်ရာ  အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး  / ထက်ဝေ / ဧရာဝတီ

          မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး / ထက်ဝေ / ဧရာဝတီ

          8.2k
          VIEWS
          Share on FacebookShare on Twitter

          COVID-19 ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်း အဖွဲ့များသည် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ၂၀၂၀ ဧပြီလ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

          သို့သော်လည်း အချို့သော စက်ရုံအလုပ်ရုံများမှာ ညွှန်ကြားချက်ကို ဆန့်ကျင်ပြီး အလုပ်သမားများကို ဖိအားပေး အလုပ်ဆင်းခိုင်းနေမှုကြောင့်  အလုပ်သမားများနှင့် အလုပ်ရှင်များအကြား အငြင်းပွားဖွယ်ရာ အခြေအနေများ ကြုံတွေ့လျက်ရှိသဖြင့် အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ  အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

          RelatedPosts

          စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

          စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

          26 September 2023
          1.7k
          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          16 September 2023
          3.2k
          မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

          မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

          14 September 2023
          2.7k

          မေး ။  ။ မနေ့က အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ချက်ထုတ်လိုက်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနက စက်ရုံ အလုပ်ရုံတွေကို စစ်ဆေးပြီးမှ ဖွင့်ရမယ်လို့ ပါထားတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ အခက်အခဲတွေ တွေ့နေရတယ်ဆိုတော့ ဘယ်လိုအခက်အခဲတွေလဲရှင့်။

          ဖြေ ။  ။ ဝန်ကြီးဌာနက ထုတ်တဲ့ ထုတ်ပြန်ချက်မှာ စာသားအရကို အလုပ်ရှင်နဲ့ အလုပ်သမားကြားထဲမှာ  ပြည်သူလူထု ကြားထဲမှာ မကွဲပြားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒါက အလုပ်သမားတွေနဲ့ အတူ ဖွင့်လှစ်ပြီးတော့မှ စစ်ဆေးမှုကို လုပ်ရမှာလား။ စက်ရုံကို ပိတ်ထားမယ်။ ပိတ်ထားပြီးတော့မှ စစ်ဆေးမှု လုပ်မယ်။ ခွင့်ပြုချက်အမိန့်ရတော့မှ စက်ရုံဖွင့်မယ်။ စက်ရုံဖွင့်တော့မှ အလုပ်သမားတွေက အလုပ်လာ ဆင်းရမှာလား။ အဲဒါနဲ့ ပတ်သက်ပြီး မကွဲပြားမှုတွေ ရှိပါတယ်။

          CTUM အနေနဲ့က အမြဲတမ်းအတွင်းဝန်နဲ့ ညွှန်ချုပ်နှစ်ယောက်နဲ့ကို ဖုန်းဆက်မေးပါတယ်။ မေးတဲ့အချိန်မှာ အလုပ်သမား ဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေက ပြန်ပြောကြတာက စက်ရုံအလုပ်ရုံတွေကို ပိတ်ထားရမှာဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့သည် ပူးပေါင်းကော်မတီဖွဲ့ပြီး စစ်ဆေးပြီးတော့မှ ခွင့်ပြုမိန့်ကို ပေးပြီးမှ အလုပ်သမားတွေက အလုပ်ပြန်ဆင်းရမှာ ဖြစ်ပါတယ်။

          အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အခက်အခဲက ဘာလဲဆိုတော့ အချို့အလုပ်ရှင်နဲ့ အလုပ်သမားတွေက ဒီညွှန်ကြားချက် အကြောင်းကို လုံးဝမသိတဲ့သူရှိပါတယ်။ အချို့ကတော့ ဒီညွှန်ကြားချက်ကို သိတယ်။ လိုက်နာတဲ့ အလုပ်ရှင်ရှိတယ်။ အချို့ကတော့ သိတယ်။ မလိုက်နာတဲ့ အလုပ်ရှင်တွေရှိတယ်။ မလိုက်နာတဲ့ အလုပ်ရှင်တွေဆိုရင် ဘယ်လိုလုပ်ကြ သလဲဆိုတော့ ဒါက တရားဝင် ထွက်ထားတာ မဟုတ်ဘူးဆိုပြီး ဗြောင်ငြင်းပါတယ်။ သူတို့ကို အလုပ်သမား၊ အလုပ်ရုံဥပဒေ စစ်ဆေးရေး ဦးစီးဌာနက တရားဝင် စာဖြင့် အကြောင်းကြားထားတာ မဟုတ်တဲ့အတွက်ကြောင့် သူတို့သည် လိုက်နာစရာမလိုဘူးဆိုပြီး ဗြောင်ငြင်းပါတယ်။

          အဲဒါကြောင့်မို့လို့ အလုပ်သမားတွေကို ဆက်ဖွင့်မယ်ဆိုပြီးတော့ ဖိအားပေးပြီး ခိုင်းစေတဲ့ စက်ရုံတွေရှိပါတယ်။ အခုဆိုရင် လှိုင်သာယာ၊ မြစိမ်းရောင်စက်မှုဇုန်၊ ရွှေပြည်သာ၊ သာဓုကန်၊ လှော်ကား၊ လှည်းကူး၊ အင်းတကော် အဲဒီလိုမျိုး စက်မှုဇုန်တွေက နေပြီးတော့ နောက်သန်လျင် အထူးစီးပွားရေးဇုန် အဲဒီက အလုပ်သမားတွေက အကြောင်းကြား လာတာရှိတယ်။ သူတို့ အလုပ်ဆင်းနေရတယ်ပေါ့။ အစိုးရက ထုတ်ပြန်ချက်ထုတ်လာသော်လည်း သူတို့သည် ဆင်းနေရတယ်ပေါ့။ အဲဒီအခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

          မေး ။  ။ ဒီလိုလုပ်ငန်းရှင်တွေက မလိုက်နာတဲ့ အခက်အခဲကို အစိုးရတွေက ဘယ်လိုဖြေရှင်းသင့်လဲ။

          ဖြေ ။  ။ အဓိက ပြောရမှာက ညွှန်ကြားချက်ပဲ ထွက်ထွက်၊ ဥပဒေပဲ ထွက်ထွက် အကောင်အထည်ဖော်မှုက အရေး ကြီးတယ်။ အလုပ်ရှင်က လေးစားလိုက်နာအောင် ဝန်ကြီးဌာနက ညွှန်ကြားပေးဖို့ လိုပါတယ်။ နောက်တခုက မြေပြင်အခြေအနေမှာကျတော့ မြို့နယ်အသီးသီးမှာရှိတဲ့ ဦးစီးမှူးတွေပေါ့။ ဦးစီးဌာန ၄ ခု ရှိပါတယ်။ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ လူမှုဖူလုံးရေးအဖွဲ့ရှိတယ်။ အလုပ်ရုံနဲ့ ဥပဒေစစ်ဆေးရေး ဦးစီးဌာနရှိတယ်။ အလုပ်သမား ဆက်ဆံရေး ဦးစီးဌာန ရှိတယ်။ ဒီဦးစီးဌာန ၄ ခုကိုလည်း နေပြည်တော်ကနေ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ပေးပါလို့ ညွှန်ကြားထားတယ်လို့ ကျမတို့ သိရပါတယ်။

          ဒါပေမယ့် မြေပြင်အခြေအနေအရ အကြောင်းကြားတဲ့အခါ သူတို့သည် ညွှန်ကြားချက်ကို မသိပါဘူး။ အလုပ်ပိတ် သိမ်းရမယ် ဆိုတာလည်း တလုံးမှမပါပါဘူးလို့ အလုပ်သမားတွေကို ပြောနေပါတယ်။ အဲဒီလိုပြောနေပြီဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားမှု ဖြစ်ပြီးတော့ နိုင်ငံအတွက် အကျိုးလည်း မရှိပါဘူး။ တကယ်က ရည်ရွယ်ချက်ကဘာလဲဆိုရင် COVID ကူးစက်မခံရအောင် နိုင်ငံတော် အနေနဲ့ အကာအကွယ်ပေးချင်လို့ အလုပ်သမားတွေကို အချိန်မီ ပြင်ဆင်တဲ့အနေနဲ့ လုပ်ပေးတာ။

          အဲဒါဆိုရင် ဦးစီးမှူးတွေက ဒီရည်ရွယ်ချက်ကို အထမြောက် အောင်မြင်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ ပြန်တွေ့နေရတာက ဒီညွှန်ကြားချက်ကိုတောင် မသိပါဘူးလို့ ကျမတို့ကို တာဝန်မဲ့စွာ မြေပြင်အခြေအနေမှာ ပြန်ပြောနေ တဲ့အခါ။ အဲဒီလိုမျိုး ပြန်ပြောမှုတွေသည် အဆင်မပြေပါဘူး။ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားမှုကို ပိုတိုးစေမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ ပြောချင်တာ အကောင်အထည်ဖော်မှု အရေးကြီးတယ်။ မြေပြင်အခြေအနေမှာ တကယ့် နဖူးတွေ့ ဒူးတွေ့လုပ်ရမယ့် အလုပ်ရုံနဲ့ ဥပဒေစစ်ဆေးရေး ဦးစီးဌာနရယ်၊ ပြီးတော့ တခြား ပံ့ပိုးပေးရမယ့် ဦးစီးဌာနတွေက ပံ့ပိုးဆောင်ရွက်ပေးပါ။ ညွှန်ကြားချက်ကို အတိအကျလေးစားလိုက်နာ ပေးပါလို့ တင်ပြချင်ပါတယ်။

          မေး ။  ။ လက်ရှိအခြေအနေက ညွှန်ကြားချက်သာ ထုတ်လိုက်တယ်။ အောက်မှာက ဝန်ကြီးဌာန တခုတည်းမှာ တောင် မသိတဲ့ အနေအထားဖြစ်နေတာ တွေ့ရတယ်ပေါ့နော်။

          ဖြေ ။  ။ ဟုတ်တယ် အဲဒီပုံစံမျိုးဖြစ်နေတာ။ သန်လျင်ကိုသွားတယ်။ သန်လျင်က ဦးစီးမှူးက မသိဘူး ပြောတယ်။ မှော်ဘီကို သွားတယ်။ မှော်ဘီက ဦးစီးမှူးက မသိဘူးပြောတယ်။ ရွှေပြည်သာကို သွားတယ်။ မသိဘူး ပြောတယ်။ ဒါဆိုရင် တကယ်တမ်းပြောရင် နယ်တွေတောင် မဟုတ်သေးဘူး။ မြို့ကြီးပြကြီးတွေမှာပဲ။ နေပြည်တော်က ညွှန်ကြားထားတဲ့ အချက်ကို သိရမှာ။ ကျမတို့လို အလုပ်သမား တယောက်၊  သာမန်ပြည်သူတယောက်တောင် သိတယ်ဆိုရင် သူတို့သည် ဒီကိစ္စကို လုပ်နေတဲ့သူတွေ ဦးစီးမှူးတွေသည် ဒီကိစ္စကို ပိုတောင် သိရဦးမယ်။ နိုင်ငံတော်က ထုတ်တဲ့ ထုတ်ပြန် ကြေညာချက်ကို သိရမှာ။ ဒါနဲ့ ပတ်သက်လို့ ညွှန်ကြားချက်ကို မသိပါဘူး။ တလုံးတပါဒမျှ မပါဘူးလို့ ပြောနေတဲ့ အခါ ကျမတို့က အရမ်းပဲ ဒုက္ခရောက်ရပါတယ်။

          မေး ။  ။ အခုလို အခြေအနေအတိုင်းဆိုရင် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အတိုင်း စစ်ဆေးမှု ပြုလုပ်မယ် ဆိုတဲ့ အဆင့်ကို သွားဖို့က ခက်ခဲနေတဲ့ အနေအထားမျိုးလား။

          ဖြေ ။  ။ အခုက မသိသေးတဲ့ အလုပ်ရှင်တွေလည်း တော်တော်များများ ရှိတယ်။ အလုပ်သမားတွေလည်း တော်တော် များများ ရှိတယ်။ အဲဒီအပြင်ကို ပါဝင် စစ်ဆေးရမယ့် ဦးစီးမှူးတွေကလည်း မသိဘူး ဖြစ်နေတာဆိုတော့ ဒီနေ့တနေ့တော့ စောင့်ရမယ်။  အပေါ်ပိုင်း အလုပ်သမားဝန်ကြီးဌာနကိုလည်း ကျမတို့ နားလည်ပါတယ်။ သူတို့ အစည်းအဝေးတွေ အားချင်းခေါ်ရတယ်။ ဒီလိုလုပ်ရတဲ့ အချိန်မှာ သတင်းအချက်အလက် အောက်ကို စီးဆင်းမှုတွေက အချိန်ကြန့်ကြာတာ တွေ ရှိမယ်။ အဲဒါကို အမြန်ဆုံး ဆယ်ပြီးတော့ လုပ်ပေးရပါမယ်။ သတင်းအချက်အလက် အမြန်စီးဆင်းအောင် လုပ်ပေးရပါမယ်။ ကြိုးစားပြီးတော့ အားချင်း လုပ်ပေးမှ ရပါမယ်။

          မေး ။  ။ အလုပ်သမားတွေက အခု အလုပ်ဆင်းနေရတဲ့ အနေအထားလား။

          ဖြေ ။  ။ ဟုတ်တယ်။ တချို့ရင် စက်ရုံထဲကနေပြီးတော့ ဝင်မိသွားလို့ ပိတ်မိသွားပြီတဲ့။ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနကို သွားပါ အကြောင်းကြားပါလို့ ပြောတဲ့ အချိန်မှာ ထွက်လို့မရတော့ဘူးတဲ့ ပိတ်ထားလိုက်ပြီတဲ့။ အဲဒီလိုပိတ်ပြီးတော့ အလုပ်ဆင်းနေရတဲ့ သူတွေရှိတယ်။ ပြီးတော့ အလုပ်ရှင်က ပြောတာက နင်တို့ အလုပ်မဆင်းတဲ့ သူတွေက အလုပ်ထုတ်ပလိုက်မယ်ပြောတယ်။ ခြိမ်းခြောက်တဲ့ အလုပ်ရှင်တွေလည်း ရှိတယ်။ အဲဒီလို ဒုက္ခမျိုးတွေက ကြုံတွေ့နေရတယ်။

          အဲဒီတော့ ကျမတို့ ပြန်ပြောတာက အလုပ်ရှင်က ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဒါကနိုင်ငံတော်က ချပေးထားတဲ့ အမိန့်ဖြစ်တယ်။ ဒါကြောင့်မို့လို့ အလုပ်သမားသည် နိုင်ငံတော်က အမိန့်ကို လေးစားလိုက်နာပါသည် ဆိုပြီး အလုပ်ရှင်ကိုလည်း စာတင်ပါ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနကိုလည်း စာတွေသွားပေးပြီးတော့ မှတ်တမ်းထားပေးပါ နှုတ်နဲ့ မလုပ်ပါနဲ့ စာနဲ့လုပ်ပေးပါ သက်သေ မှတ်တမ်းဝင်အောင် လုပ်ပါလို့ အလုပ်သမားတွေကို ပြောပြထားပါတယ်။

          မေး ။  ။ အခုလို စစ်ဆေးမှုလုပ်မယ်ဆိုတာကရော ကူးစက်မြန် COVID-19 ဖြစ်ပွားမှု ထိန်းချုပ်တာမှာ ကာမိမယ်လို့ ထင်လား။ ဘာဖြစ်လို့လဲ ဆိုရင် အမတို့ အလုပ်သမား အဖွဲ့အစည်းတွေက စက်ရုံ ပိတ်ဖို့ကိုပဲ အကြံဉာဏ်ပေးထားထာ မျိုးကိုတွေ့တော့လေ။

          ဖြေ ။  ။ ကျမတို့က COVID ကာလမှာ အထိုက်အလျောက်အထိ မကူးစက်ခံရအောင် ကျန်းမာရေး ဝန်ကြီးဌာနဲ့ ကျွမ်းကျင်သူများ ပူးပေါင်းကော်မတီကတော့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ပြည့်မီလား မမီလားကို သူတို့လုပ်ပါလိမ့်မယ်။ ညွှန်ကြားချက်တွေကို ပြည်မီအောင် လုပ်ပေးထားမယ်ဆိုရင် အထိုက်အလျောက် ကာကွယ်လို့ရမယ်။ သို့သော် ယာယီလုံးဝ အရှင်းပိတ်ပြီးတော့ နေအိမ်မှာ နေမှသာလျှင် ရောဂါကို ကာကွယ်နိုင်မှာဖြစ်တယ်။

          ကျမတို့ လိုချင်တာကတော့ ကာလတခုအထိ အိမ်မှာ  နေလိုက်မယ် ဘယ်မှ မထွက်ဘဲ နေလိုက်ရင် ကိုဗစ်ရောဂါပိုးက သူ့ဘာသာ ကာလတခုမှာ သေသွားပြီးတော့ မြန်မာနိုင်ငံမှာ မရှိတော့ဘူးဆိုရင် ကျမတို့ လုပ်ငန်းတွေ ပြန်စနိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမတို့က သတ်မှတ်ကာလ တခုထဲမှာ လုံးဝကို အပြင်မထွက်ဘဲနဲ့ နေပေးလိုင်ရင် ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းတွေလည်း အလုပ်မရှုပ်တော့ဘူး။ ပိုးကသူဘာသာ သေသွားရင်လည်း ကူးစက်မှု ပြန်ပြုတ်ချ သွားပြီးဆိုရင် ပုံမှန် အနေအထား ပြန်ဖြစ်မယ်လို့ မျှော်လင့်တယ်။ အဲဒီနည်းလမ်းကသာလျှင် အကောင်းဆုံးဖြစ်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။

          သို့သော်လည်း ဘာပဲပြောပြော နိုင်ငံတော်ရဲ့ စေတနာပေါ့။ ကျေးဇူးတင်ပါတယ်။ အလုပ်သမားတွေက တအားတွေ စိတ်ပူနေတယ် တအား စိတ်သောက ရောက်နေတဲ့ အချိန်မှာ ကြားအဖြေတခုကို ချပေးတာ။ ဒါလည်း ကျမတို့ အသိအမှတ်ပြုတယ်၊ ကျေးဇူးတင်တယ်။ အဲဒီအခြေအနေမှာလည်း ကျမတို့ လိုက်ပါပြီးတော့ အကောင်းဆုံး ဆောင်ရွက်နေပါတယ်။

          မေး ။  ။ အခုလို ၂၀ ကနေ ၃၀ ရက်နေ့အထိ စက်ရုံတွေ ပိတ်ရမယ်ဆိုတော့ အလုပ်သမားတွေရဲ့ အနည်းဆုံး အကြေးငွေ ပေးမှာနဲ့ ပတ်သက်ပြီးတော့ အမတို့အနေနဲ့ ဘယ်လိုသိထားလဲ။

          ဖြေ ။  ။ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကို မေးပါတယ်။ ဒီလိုပိတ်ထားတဲ့ ကာလမှာ လူမှုဖူလုံရေးထဲမှာ ရှိတဲ့ အာမခံ လုပ်သားတွေ အကျုံးဝင်မှု ရှိပါသလား မရှိပါသလား ဆိုတာ ရှိပါတယ်လို့ ပြောတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့ရော အလုပ်သမား ဝန်ကြီးဌာန အနေနဲ့ရော ပြည်ထောင်စု ဝန်ကြီး အနေနဲ့ရော ပြည်ထောင်စု အစိုးရအဖွဲ့တွေ အနေနဲ့ ဒါကို အကောင်းဆုံး စဉ်းစားပေးနေပါတယ်ပေါ့။ အာမခံ ရန်ပုံငွေထဲကနေပြီးတော့ လူမှုရေး ထောက်ပံ့မှု ပုံစံမျိုးနဲ့ ပြန်ပြီးတော့ လုပ်ဖို့ အစီအစဉ်ရှိပါတယ်လို့ ပြောပါတယ်။ သို့သော်လည်းပဲ ငွေကြေးကိန်းဂဏန်း ဘယ်လောက်ပေးမယ် ဆိုတာကိုတော့ တွက်ချက်နေတုန်းမို့လို့ ကျမတို့ ဒီအဆင့်လောက် အထိပဲ သိပါတယ်။ သူတို့ရဲ့ ညွှန်ကြားချက်ကို ကျမတို့ စောင့်မျှော်နေပါတယ်။

          မေး။ ။ ထုတ်ပြန်ချက် ထုတ်ပြီး ပထမနေ့မှာပဲ ဒီလိုကသောင်းကနင်းကိစ္စရပ်တွေ ရှိခဲ့တယ်ဆိုတော့ နောက်နေ့တွေမှာ အလုပ်သမား အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်လိုမျိုးတွေဆောင်ရွက်ဖို့ တိုင်ပင်ထားတာရှိလဲ။ ဘာတွေ တိုက်တွန်းချင်လဲ။

          ဖြေ။ ။ အလုပ်သမား အဖွဲ့ချုပ်တွေရဲ့ ပေါ်လစီက မပြောင်းသေးဘူး။ ကျမတို့က ယာယီပိတ်ထားဖို့ပဲ။ ဒီ COVID ရောဂါပိုးက ကာလတခုမှာ သူ့ဟာသူသေပြီးတော့ လူတွေကို မကူးနိုင်တဲ့အထိမှာ ပိတ်ထားပေးဖို့ ကျမတို့က ဆက်ပြီးတော့ တွန်းသွားမှာပါ။ ဒါပေမယ့် လက်ရှိအနေအထားမှာ နိုင်ငံတော်အစိုးရက တတ်နိုင်သလောက် ကြိုးစားပြီး အဖြေရှာနေတာကို ကျမတို့က ပူးပေါင်းပြီး ဆောင်ရွက်မယ်။ အစိုးရရဲ့ ညွှန်ကြားချက်ကို မြေပြင်အခြေအနေမှာ အလုပ်ရှင်တွေ အလုပ်သမားတွေ လိုက်နာအောင်ပေါ့။

          အလုပ်ရှင်တင် မဟုတ်ပါဘူး။ မလိုက်နာချင်တဲ့ အလုပ်သမားတွေလည်း ရှိတော့ အလုပ်သမားတွေလည်း လိုက်နာအောင် ကျမတို့ လိုက်ပြီး ပြောနေပါတယ်။ ကျမတို့ ဝမ်းသာစရာတခုတော့ ရှိတယ်။ ကျမကို တောက်လျှောက် ဖုန်းတွေ ဆက်မေး နေတဲ့ အချိန်မှာ အလုပ်ရှင်တွေ HR မန်နေဂျာတွေက ဆက်လာတာ။ အချို့စက်ရုံတွေဆို ဆက်ပြီး မေးပြီး တကယ်လည်း ပိတ်ပေးလိုက်တယ်။ အဲဒီလိုအလုပ်ရှင်တွေမျိုးဆို အရမ်းစိတ်ချမ်းသာတယ်။ ကျမတို့ ကျေးဇူးလည်း တင်တယ်။ အဲဒါမျိုး ဒီလိုအလုပ်ရှင်တွေရဲ့ ပူးပေါင်းပါဝင်ဖို့ လုပ်သွားပါမယ်။ အလုပ်သမားတွေ လည်း အစိုးရက ပိတ်ထားပေးတဲ့အချိန်မှာ အိမ်မှာနေဖို့၊ အိမ်မှာ တကယ်ပဲ နေဖို့ ရောဂါ မဖြစ်အောင် နေဖို့ ကျမတို့ ကြိုးစားဆောင်ရွက်သွားပါမယ်။ ယာယီပိတ်ထားဖို့ ကိစ္စကတော့ ကျမတို့က ဆက်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်။

          မေး ။  ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိသေးလဲရှင့်။

          ဖြေ ။  ။ အခု COVID-19 ဆိုတဲ့ ကာလမှာ ကူးစက်ပြန့်ပွားမှုနှုန်းကလည်း မြင့်တက်လာတယ်။ မြင့်တက်လာတဲ့ အချိန်မှာ အလုပ်သမားတွေ စိုးရိမ်နေတာက စက်မှုဇုန်ထဲက လူတွေပါသွားပြီ။ စက်ရုံ၊ အလုပ်ရုံက လူတွေ ပါသွားပြီဆိုတော့ Big Outbreak ကူးစက်ပြန့်ပွားမှုနှုန်း ကြီးကြီးဖြစ်မှာကို ကျမတို့ နိုင်ငံအတွက် စိုးရိမ်တယ်။ အဲဒါကြောင့် အစိုးရက ယာယီပိတ်ထားဖို့အတွက် နိုင်ငံတော်က ပြောနေတဲ့အချိန်မှာ ကျမတို့ ညီအစ်ကို မောင်နှမ အလုပ်သမား တွေသည် နိုင်ငံတော်က ချမှတ်ထားတာ ဖြစ်တဲ့အတွက် မကြောက်ပါနဲ့။ အလုပ်ရှင်က ဖိအားပေးသော်လည်း မကြောက်ပါနဲ့။ ဒီညွှန်ကြားချက်ကို မိမိရရ အသေအချာဆုပ်ကိုင်ပြီး မိမိအခွင့်အရေးကို မိမိ ကျင့်သုံးပါ။ ဒါအလုပ်သမားတွေဘက်ကို ပြောချင်တာ။ အကူအညီလိုတဲ့အခါ ကျမတို့ ဖုန်းတွေကို ဆက်ပါ။ ကျမတို့ တောက်လျှောက်ဖြေကြားပေးနေပါတယ်။

          အလုပ်ရှင်ဘက်တွေကို ပြောချင်တာ တကယ်ဆိုရင် လိုက်နာတဲ့ လုပ်ငန်းရှင်တွေရှိတယ်။ အရမ်းဝမ်းသာဖို့ ကောင်းတယ်။ ဒါပူးပေါင်းဆောင်ရွက်မှုပဲ။ တကယ်ဆိုရင် မလိုက်နာတဲ့ လုပ်ငန်းရှင်တွေရှိတယ်။ ကျမတို့ အရမ်းကို စိတ်ပျက်တယ်။ ကိုယ့်ကိုကိုယ် လူသတ်တရားခံ မဖြစ်ချင်ပါနဲ့။ ဒါက လူသတ်တရားခံ ဖြစ်သွားနိုင်ပါတယ်။ စက်ရုံ ၁ ရုံမှာ ကူးသွားရင် ကိုယ့်ကြောင့် မိမိကြောင့် ကူးသွားရင် တိုင်းပြည်အတွက် အရမ်းကို အန္တရာယ်ကြီးတယ်။ မလုပ်ပါနဲ့။ နိုင်ငံအတွက်ရော၊ မိမိပတ်ဝန်းကျင် အတွက်ရော စဉ်းစားပေးပါ။ အစိုးရက အမိန့်ထုတ်တဲ့အချိန်မှာ ယာယီကို ပိတ်ထားပေးပါ။ ခွင့်ပြုချက်ရမှာ ပြန်ဖွင့်ပေးပါ။ ဒီအချိန်မှာ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါတယ်။ ပူးပေါင်းဆောင်ရွက်ပေးပါလို့ တိုက်တွန်းချင်ပါတယ်

          Your Thoughts …
          Tags: စက်ရုံအလုပ်ရုံအလုပ်သမားဥပဒေ
          သဇင်လှိုင်

          သဇင်လှိုင်

          ဧရာဝတီ

          Similar Picks:

          ဖမ်းဆီးတရားစွဲထားသည့် အလုပ်သမားများကို စစ်ကောင်စီ ပြန်လွှတ်

          ဖမ်းဆီးတရားစွဲထားသည့် အလုပ်သမားများကို စစ်ကောင်စီ ပြန်လွှတ်

          by ဧရာဝတီ
          5 September 2023
          3.2k

          ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော အလုပ်သမား ၁၂ ဦးကို ယမန်နေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

          စစ်တပ်ဖမ်းသွားသော သပိတ်ကျင်းရွှေတောမှ အလုပ်သမား ၁၅ ဦး ပျောက်ဆုံးနေ

          စစ်တပ်ဖမ်းသွားသော သပိတ်ကျင်းရွှေတောမှ အလုပ်သမား ၁၅ ဦး ပျောက်ဆုံးနေ

          by ဧရာဝတီ
          27 July 2023
          907

          ဇူလိုင်၂၂ ရက် ညနေပိုင်းတွင် ယင်းရွှေလုပ်ကွက်သို့ လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၃၀ ခန့်နှင့် ဝင်ရောက် စီးနင်း၍ ဖမ်းဆီးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

          ကလေးများ၏ ထမင်းပွဲ၌ ဟင်းမရှိသည်က များသည်

          အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”

          by ဧရာဝတီ
          16 September 2022
          5.2k

          ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်မှအစ အိမ်သုံးဆေးဝါး၊ ရေချိုးဆပ်ပြာအထိ ဈေးနှုန်းများ တက်လာသည်မှာ တပတ်ဈေးနှင့် တပတ်မတူ

          တရုတ်နယ်စပ်တွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားအချို့ / ဇော်ဇော် / ဧရာဝတီ

          တရုတ်ပြည်ဘက်ကူးပြီး အလုပ်သွားလုပ်ကြပြီဆို

          by မြတ်ပြည့်ဖြိုး
          11 March 2020
          9.4k

          မြန်မာရွှေ့ပြောင်း လုပ်သားများသည် တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်ခြင်း မဟုတ်သဖြင့် စိန်ခေါ်မှုများစွာ ရှိနေသည်။

          ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတရုံမှ လုပ်သားများ (Reuters)

          အလုပ်သမားရေးဆောင်ရွက်သူများကို စစ်ကောင်စီ ပိုမိုနှိပ်ကွပ်လာ

          by ဧရာဝတီ
          8 July 2023
          1.8k

          အာဏာသိမ်းစစ်ကောင်စီသည် ဖိနှိပ်မှုမျိုးစုံဖြင့် ရင်ဆိုင်နေကြရသည့် အလုပ်သမားများ၏ အခွင့်အရေးအတွက် တောင်းဆိုပေးနေသူများကို ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်းဆက်သွယ်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုကာ ပိုမိုနှိပ်ကွက်လာနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ဆိုသည်။

          နီကယ်သတ္တုရိုင်းမြေစာ တန်ချိန် ၅၀၀၀ ပေးပို့နေသော ပိုက်လိုင်း / မြတ်ပြည့်ဖြိုး

          တကောင်းနီကယ်စက်ရုံက အလုပ်သမားတွေရဲ့ ဒုက္ခ

          by မြတ်ပြည့်ဖြိုး
          22 January 2020
          12.2k

          တကောင်းတောင် နီကယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး နီကယ်ထုတ်လုပ်ရေး စီမံကိန်း တခု ဖြစ်သည်။

          Next Post
          ရေပန်းစားနေတဲ့ Dalgona Coffee

          အိမ်မှာနေရတဲ့ ကာလအတွင်း ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ Challenge များ

          အဆိုတော် နီနီခင်ဇော် / Ni Ni Khin Zaw's Facebook

          ကိုဗစ်ကာလမှာ ပရိသတ်တွေနဲ့အတူ နီနီခင်ဇော် ဖန်တီးထားတဲ့ “တနေ့” သီချင်း

          No Result
          View All Result

          Recommended

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          3 days ago
          14.4k
          တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

          တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

          5 days ago
          6.4k

          Most Read

          • နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

            နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

            shares
            Share 0 Tweet 0
          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

            shares
            Share 0 Tweet 0
          • ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved