ဆေးပစ္စည်းကိရိယာတွေ အဓိကလိုအပ်နေလို့ တတ်နိုင်သလောက် ကူညီဖို့ ပြောလိုပါတယ်

နန်းလွင်နှင်းပွင့်
KIA ၏ COVID-19 နှိမ်နင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်ဝန်
Want create site? Find Free WordPress Themes and plugins.

COVID-19 ကာကွယ်ကုသရေး၊ ထိန်းချုပ်ရေးကို အစိုးရ အာဏာသက်ရောက်မှု မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အုပ်ချုပ်သည့် နယ်မြေများတွင်လည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

သို့သော် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ၏ နယ်မြေသည် နယ်စပ်ဒေသများတွင် ရှိသော်လည်း အစိုးရ၏ အာ ဏာ မသက်ရောက်ခြင်း၊ အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှု သက်ရောက်မှုမရှိခြင်းနှင့် တဖက်နိုင်ငံ၏ ကျန်းမာရေး အကူအညီ ထောက်ပံ့မှုများကို လိုအပ်သလောက် မရရှိသဖြင့် ကျန်းမာရေးကဏ္ဍတွင် အားနည်းမှုများ ရှိနေသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကပ်လျက်ရှိပြီး အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)သည်လည်း ၎င်းတို့ အုပ်ချုပ်သည့် လိုင်ဇာ၊ မိုင်ဂျာယန်မြို့များတွင် ၎င်းတို့ ထိန်းချုပ်နယ်မြေများ၌ ရောဂါကူးစက်ခံရခြင်း မရှိစေရန် ကာကွယ်လျက် ရှိသည်။

KIA သည် ပြည်တွင်းရှိ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များထဲတွင် အင်အားအကြီးဆုံး တပ်ဖွဲ့များ စာရင်းတွင် ပါ ဝင်သော်လည်း တကမ္ဘာလုံး ရင်ဆိုင်နေရသည့် COVID-19 ကပ်ရောဂါကို ကာကွယ်ရန် ကျန်းမာရေးကဏ္ဍတွင် စိန် ခေါ်မှုများ ရှိနေသည်။

အထက်ပါ အခြေအနေများနှင့် ပတ်သက်၍ ကျန်းမာရေးကဏ္ဍတွင် ဆောင်ရွက်ထားသည့် အခြေအနေများ၊ အားသာ ချက်၊ အားနည်းချက်များနှင့် စိန်ခေါ်မှုများ မည်သို့ ရှိသည်ကို KIA ၏ COVID-19 နှိမ်နင်းရေး ကော်မတီ၊ အတွင်းရေး မှူး ဗိုလ်မှူးကြီး ဟိန်ဝန်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်မှ ဆက်သွယ် မေးမြန်းထားပါ သည်။

မေး။ ။ KIA ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ လိုင်ဇာနဲ့ မိုင်ဂျာယန်မှာ COVID-19 နဲ့ ပတ်သတ်ပြီး ဘာတွေ ဆောင်ရွက် နေပါသလဲ။

ဖြေ။ ။ အစပိုင်း ကျနော်တို့က ပညာပေးတာ အရင် လုပ်တယ်။ အခု ပညာပေးတာက ၁ လကျော်ပြီ။ အခုဆိုရင် အဝင်/အထွက်ကို လျှော့ချဖို့အတွက် လုပ်ဆောင်နေတယ်။ နောက်ပိုင်းမှာတော့ Quarantine စခန်းတွေ ဖွင့်ပြီးတော့ လူတွေကို ကျန်းမာရေးအရ ကြည့်ရှု စောင့်ကြပ်တာတွေ ပြုလုပ်နေပါတယ်။

မေး။ ။ ပုံမှန်ဆိုရင် လိုင်ဇာနဲ့ မိုင်ဂျာယန် အဝင်အထွက်က ဘယ်လို ရှိပါသလဲ။ အခုရော ဘယ်လို ပြောင်းလဲ ဆောင် ရွက်ထားလဲ။

ဖြေ။ ။ ကျနော်တို့ လိုင်ဇာက ပြည်သူလူထု၊ မိုင်ဂျာယန်က ပြည်သူလူထုရဲ့ အဝင် အထွက်က အသွားအလာကတော့ သူတို့ကို ခွင့်ပြုထားတယ်။ ဒါပေမယ့် အရေအတွက်ကတော့ လျော့ကျသွားပြီ။ တချို့အရေးကြီးတဲ့သူတွေ သွားလာ တာပဲ ရှိတယ်။ အရင်တုန်းကလိုတော့ မရှိတော့ဘူး။

နည်းနည်းတော့ နဂိုအတိုင်း သယ်ယူပို့ဆောင်တာတော့ မဖြစ်တော့ဘူး။ အခု ကျနော်တို့က သတ်မှတ်ထားတယ်။ လူ ကိုလည်း သတ်မှတ်လိုက်တယ်။ ကုန်ကားတွေ အသုံးအဆောင်ပို့တဲ့ ကားတွေကိုလည်း ရက်တွေ သတ်မှတ်လိုက် တယ်။ ဥပမာ တပတ်မှာ၂ ရက်လားပဲ အဝင် အထွက် လုပ်တယ်။ တချို့ဆိုရင် ကိုယ့်ရဲ့ကုန်တွေ ဝင်လာမယ့် အချိန် ကို ပြန်ညှိပြီး ယူတာမျိုးတွေ လုပ်တယ်။ မိုင်ဂျာယန်မှာလည်း အဲဒီလိုပဲ။ ကျနော်တို့ လိုင်ဇာမှာလည်း အဲဒီလိုပဲ ဆောင် ရွက်နေပါတယ်။

မေး။ ။ မိုင်ဂျာယန်မှာ တရုတ်နိုင်ငံသားတွေ ဝင်ထွက်မှုနဲ့ စီးပွားရေး လုပ်ငန်းတွေလုပ်တဲ့ ကဏ္ဍတွေကရော အခု ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ။ ။ နယ်စပ် တလျှောက်ကတော့ အားလုံး အတူတူ ဖြစ်ပါတယ်။ မိုင်ဂျာယန်ရော လိုင်ဇာရောပေါ့။ လူတွေ အဝင် အထွက် မလုပ်နိုင်အောင် ပိတ်ထားရင်လည်း ကုန်တွေ ဟင်းသီးဟင်းရွက်တွေ အဝင်အထွက်ရော နယ်စပ်ဂိတ်မှာ လာပို့တာရယ်၊ အဝင်အထွက်ရှိတဲ့ ကားတွေကတော့ လုပ်နေတုန်းပါပဲ ခင်ဗျ။

တရုတ်ပြည်ဘက်က ဝင်လာတာတော့ သိပ်မရှိတော့ဘူး။ သူတို့ ဟိုဘက်မှာလည်း တားထားတယ်ဆိုတော့ ဧပြီလ ဆန်း ၁ ရက်ကနေ ဆိုရင် ဒီဘက်ကို အဝင်အထွက် အားလုံး သူတို့ဘက်က ပိတ်လိုက်ပြီ။ အဲဒါကြောင့် သိပ်မရှိတော့ ပါဘူး။

မေး။ ။ ဗိုလ်မှူးကြီးတို့ဆီမှာ လက်ရှိ Quarantine လုပ်ထားသူ ဘယ်နှဦး ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ မိုင်ဆပ်ပါမှာ ဆိုရင် ၈ ယောက်ရှိတယ်။ မိုင်ဂျာယန်မှာလည်း အယောက်၂၀ ကျော်၊ နောက် ကျ နော်တို့ လိုင်ဇာမှာ ၃ ယောက် ရှိပါတယ်။ သူတို့က ဒေသခံတွေ များပါတယ်။ သူတို့က အနီးအနား မြို့ရွာတွေကို သွား ပြီး ပြန်လာတာ များတယ်။ မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေးဘက်ကတော့ သိပ်မရှိဘူး။ ၁ ယောက်၊၂ ယောက်တော့ ရှိ တယ်။

မေး။ ။ တရုတ်နယ်စပ်က တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ နယ်မြေတွေဆိုရင် နယ်စပ်ရော အစိုးရနဲ့ ထိ စပ်တဲ့ ဂိတ်တွေရော အကုန် ပိတ်ထားကြတယ်။ KIA မှာရော အဲဒီလို လုပ်ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။ ။ အခုချိန်မှာ အဓိက ကတော့ အဝင် အထွက် လျှော့ချတာကို တင်းတင်းကြပ်ကြပ် လုပ်နေတယ်။ Lockdown အဆင့် မရောက်အောင် ကြိုးစားနေပါတယ်။ ကုန်စည်စီးဆင်းမှုကလည်း အဓိက အဆင်ပြေအောင် ဆောင်ရွက်နေပါ တယ်။ အပြင်က လူတွေတော့ လုံးဝ မဝင်ပါဘူး။ တကယ်လု့ိ ဝင်ခဲ့ရင်လည်း ကျနော်တို့ သတ်မှတ်ထားတဲ့ နေရာမှာ Quarantine လုပ်တာ ခံရမှာ ဖြစ်ပါတယ်။

မေး။ ။ အစိုးရက၂၁ ရက်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပြီနော်။ ဗိုလ်မှူးကြီးတို့ဆီမှာက ၁၄ ရက်ပဲလား။

ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်တို့ရဲ့ Quarantine စခန်းမှာကတော့ ၁၄ ရက်ပါ။ Quarantine စခန်းကနေ အိမ်ကို ပြန် သွားတဲ့အခါမှာလည်း Home Quarantine ကို ၇ ရက် သတ်မှတ်ထားပါတယ်။

မေး။ ။ COVID-19 နဲ့ ပတ်သက်ပြီး KIO က ဘတ်ဂျက်ကို ဘယ်လောက် သုံးပါသလဲ။

ဖြေ။ ။ ဘတ်ဂျက် အနေနဲ့ကတော့ ကျနော်တို့ ရေးဆွဲထားတာတော့ မရှိဘူး။ အခု လောလောဆယ်ကတော့ ကျနော် တို့ ကျန်းမာရေးဌာနမှာလည်း ပြင်ဆင်တာ တချို့လုပ်နေတယ်။ ကျနော်တို့ ကိုဗစ်ရောဂါနှိမ်နင်းရေး ကော်မတီက ဆို ရင်လည်း ဗဟိုက တိုက်ရိုက်ချပေးထားတဲ့ ဘတ်ဂျက် ဘဏ္ဍာငွေနဲ့ သုံးစွဲနေပါတယ်။ ငွေပမာဏာကို သတ်မှတ်ထား တာတော့ မရှိပါဘူး။ Open ပဲ လုပ်ပေးထားပါတယ်။

မေး။ ။ တကယ်လို့ သံသယလူနာရှိလာရင်ရော ဘယ်လို ဆောင်ရွက်မလဲ။ တရုတ်နိုင်ငံဘက်ကို ပို့တာ ရှိပါသလား။

ဖြေ။ ။ ကျနော်တို့က COVID-19 နဲ့ ရောဂါလက္ခဏာ ဆင်တူတယ်ဆိုရင် ကျနော်တို့ သတ်မှတ်ထားတဲ့ COVID-19 ဆေးရုံမှာ ထားဖို့ စီစဉ်ပါတယ်။ အဆောက်အအုံ တချို့လည်း ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။ နောက် ကျနော်တို့လိုတဲ့ ဆေးရုံသုံး ပစ္စည်း ကိရိယာတွေလည်း စုဆောင်းနေပါတယ်။ လူနာအယောက် ၁၀၀ ဆန့်မယ့် အဆောက်အအုံကို မွမ်း မံ ပြင်ဆင်နေပါတယ်။

ကျနော်တို့မှာ စစ်ဆေးတဲ့ဘက်မှာ အကန့်အသတ်တွေ အများကြီး ရှိပါတယ်။ အခုတော့ Test Kit နဲ့ပဲ ကျနော်တို့ စစ် ဆေးနေပါတယ်။ တချို့Test Kit တွေကလည်း သိပ်အားကိုးလို့ မရဘူး။ မရှိဘူးဆိုတော့လည်း ကျနော်တို့က တတ်နိုင် သလောက် အဲဒါနဲ့ စစ်ပါတယ်။ တကယ်လို့ Positive လူနာ ရှိလာမယ်ဆိုရင် သက်ဆိုင်ရာမှာ ကျနော်တို့ ညှိနှိုင်းထား တဲ့ အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ။ သံသယလူနာဆိုရင် ကျနော်တို့ Test Kit နဲ့ပဲ စစ်ဆေးပါတယ်။ တခြား နေရာတော့ မပို့ပါဘူး။

မေး။ ။Test Kit က ဘယ်က ဝယ်တာလဲ။

ဖြေ။ ။ အခုတော့ တရုတ်ပြည်က ထုတ်တာကိုပဲ ဝယ်သုံးနေပါတယ်။ လောလောဆယ် ကျနော်တို့ ဝယ်ယူထားတာ ၂၀၀၀ ဝန်းကျင်လောက် ရှိတယ်။ နယ်တွေဘက်လည်း ကျနော်တို့ ဝေပေးထားတယ်။ အဓိက ကတော့ စစ်တော့ စစ် တယ်။ Positive တော့ မတွေ့ရသေးဘူး။ Positive တွေ့ရင်လည်း ၂ ခေါက်၊ ၃ ခေါက်တော့ ကျနော်တို့ ထပ်စစ်ရမယ် ထင်တယ်။ အဲဒီတော့မှ Confirm လုပ်ပြီး ကျနော်တို့ ဆက်သွယ်ထားတဲ့ လမ်းအတိုင်း သက်ဆိုင်ရာကို အကူအညီ တောင်းပြီးတော့ ပြန်စစ်ဆေးသွားရမှာ ဖြစ်ပါတယ်။

မေး။ ။ ရှေ့တန်း စခန်းတွေကိုရော Test Kit တွေ ခွဲပေးထားလား။

ဖြေ။ ။ ရှေ့တန်း စခန်းကိုတော့ ကျနော်တို့ မပေးထားဘူး။ အဓိကဆိုရင် ကျနော်တို့ ဆေးရုံရှိတဲ့ နေရာမှာ ပိုပြီးတော့ အသုံးပြုဖို့ အစီအစဉ် ရှိပါတယ်။

မေး။ ။ လူနာတွေ့လာရင်ရော လိုင်ဇာမှာပဲ ထားမှာလား။ တရုတ်ဘက်ကို ပို့ဖို့ ညှိနှိုင်းထားတာရော ရှိလား။

ဖြေ။ ။ တကယ်လို့ လူနာရှိလာရင် ကျနော်တို့နေရာမှာပဲ ကုသဖို့ စီစဉ်ထားပါတယ်။

မေး။ ။ ပိုးရှိတဲ့ လူနာ ရှိလာရင်ရော ဗိုလ်မှူးကြီးတို့ဆီမှာ ဘယ်လောက်ထိ ကုသနိုင်မလဲ။

ဖြေ။ ။ ကျနော်တို့ဆိုရင် ရောဂါဖြစ်တဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ၁၀၀ မှာ အယောက် ၁၀ လောက် ၁၀ ရာခိုင် နှုန်းကျော်ကျော်လောက်ဆိုရင် ကျနော်တို့ လိုင်ဇာနဲ့ မိုင်ဂျာယန် ဝန်းကျင်မှာ ဆိုရင် အဲဒီလို သတ်မှတ်ပြီး ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဥပမာ ICU မှာ ကျနော်တို့ လူနာရှိမယ်ဆိုရင် ၁၀ယောက် ဝန်းကျင်လောက် ရှိမယ်လို့ ကျ ေနော်တို့ ယူဆထားပါတယ်။

မေး။ ။ အောက်ဆီဂျင်ပေးနိုင်မယ့် စက်တွေရော ရှိပါသလား။ ကျန်းမာရေးဝန်ထမ်း အင်အားရော ဘယ်လောက် ရှိပါသလဲ။

ဖြေ။ ။ ဆေးရုံမှာ နဂိုက သုံးနေတာတွေတော့ ရှိတယ်။ ဒါပေမယ့် မလုံလောက်ဘူး။ အခု ကျနော်တို့ ထပ်မှာနေ တယ်။ အောက်ဆီဂျင်ပေးတဲ့ စက်ပေါ့။ Oxygen Concentrator စက်ပေါ့။ တရုတ်ကပဲ မှာထားတာ ပိုများပါတယ်။ တခြားဆိုရင် အဖွဲ့အစည်းတွေ INGO တွေ NGO တွေ ကူညီတာတွေကလည်း ပြည်တွင်း လမ်းကြောင်းကနေ ဝယ် ယူပြီး လာပို့ ပေးတာလည်း ရှိပါတယ်။ ကျနော်တို့ မှာထားတာတွေနဲ့ အားလုံးပေါင်းရင် အောက်ဆီဂျင်ပေးနိုင်မယ့် စက်က အလုံး ၅၀ လောက်တော့ ရှိပါမယ်။ ဒါပေမယ့် Ventilator (အသက်ရှူစက်) အဆင့်တော့ မဟုတ်ဘူး။ နည်းနည်းတော့ လွယ် လွယ် သုံးလို့ရတဲ့ စက်မျိုးပါ။

ကျနော်တို့ လိုင်ဇာမှာဆိုရင် ဆရာဝန်နဲ့ ဆရာမ ဝန်ထမ်းတွေ အားလုံးပေါင်းရင် ၉၀ ကျော်လောက်ရှိ တယ်။ မိုင်ဂျာယန်မှာတော့ ၆၀လောက် ရှိတယ်။ အားလုံး စုပေါင်းရင်တော့ သူတို့ ဒေသက ဆေးခန်း၊ ဆေးရုံတွေနဲ့ ပြန်ပေါင်းရင် ၁၀၀ ကျော် ရှိပါတယ်။ ဒီဘက်မှာ ဆိုရင်လည်း အားလုံးပေါင်းရင် ၂၀၀ လောက်တော့ ရှိပါတယ်။

ကျနော်တို့မှာ အကန့်အသတ်တွေတော့ ရှိတယ်။ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့က အုပ်စုတွေ ဖွဲ့ထားတယ်။ Quarantine စခန်းမှာ ၃ ဖွဲ့ ခွဲထားတယ်။ ၃ ဖွဲ့မှာ ဆရာဝန်၊ ဆရာမတွေ ၆ ယောက် တဖွဲ့ ဖွဲ့ထားတယ်။ ဆေးရုံမှာဆိုရင်တော့ Quarantine နဲ့ မဆိုင်တော့ဘူး။ နောက်ပြီးတော့ Quarantine မှာ ကြည့်တဲ့ ဆရာဝန်ကလည်း သပ်သပ် ရှိတယ်။ တခြားနေရာတွေမှာ ဖျားနာတဲ့ လူတွေ ရှိရင်လည်း သွားကြည့်ဖို့ Mobile Team ရှိတယ်။

ကျန်းမာရေး ကြည့်ရှု စောင့်ရှောက်တာတွေ လုပ်ဆောင်ပေးတာတွေ လုပ်ထားပါတယ်။ နောက်ပြီး ဆေးရုံမှာကျတဲ့ သူတွေကို တာဝန် အပြောင်းအလဲ လုပ်ရင်လည်း သူတို့ကို ၁၄ ရက် Quarantine လုပ်ပါတယ်။ ပြန်စောင့်ကြည့်ဖို့ သတ်မှတ် ထားပါတယ်။

မေး။ ။ ကချင်မှာ ရိုးရာအရ ဆေးကုတာမျိုးတွေ နောက် နည်းနည်းဖျားရင် မက်ကလောင်ခြစ်တာမျိုးတွေ အမြဲ လုပ် ကြတာရှိတော့ အခု COVID-19 ကာလမှာ ကျန်းမာရေး အသိပေးတာတွေကို နားလည်လက်ခံကြလား။ ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ။ ။ ဒီအပိုင်းမှာကတော့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လည်း ပညာပေးတယ်ဆိုတော့ ပြည် သူ လူထုတွေလည်း တော်တော်လေး လက်ခံပါတယ်။ အရင်တုန်းကဆိုရင် ဖျားတာနဲ့ မက်ကလောင်ခြစ်တာတို့က အခုတော့ သိပ်မလုပ်ကြတော့ဘူး။ သူတို့ သိထားတယ်။ ဖျားရင် ကျနော်တို့ ဆေးရုံကို လာပြရမယ် ဆိုတာပေါ့။ ဖျားရင် ဘယ်လိုမျိုးတွေက COVID-19 လက္ခဏာ ဖြစ်တယ်ဆိုတာကို သူတို့ကို အသိပေးထားတယ် ဆိုတော့ သူတို့ လည်း အခု ပိုပြီး ဂရုစိုက်ကြတယ်။ ဖျားတာ ကိုယ်ပူတာတို့ ရှိရင် ချက်ချင်းပဲ နီးစပ်တဲ့ ဆေးပေးခန်း၊ ဆေးရုံကို အဆက်အသွယ် လုပ်တာတွေတော့ ပိုပြီး ရှိလာတယ်။

မေး။ ။ KIA မှာ စစ်သားတွေ နေထိုင်သွားလာတာ၊ တပ်စခန်းတွေနဲ့ လေ့ကျင့်ရေး သင်တန်းတွေမှာရော အရင်လို ပဲလား။ COVID-19 ကြောင့် ပြောင်းလဲ ဆောင်ရွက်ထားတာတွေ ရှိပါသလား။

ဖြေ။ ။ ကျနော်တို့က အဓိကဆိုရင် လူစုလူဝေး ကန့်သတ်တာကို လွန်ခဲ့တဲ့ မတ်လဆန်းပိုင်းကတည်းက ဟန့်တား တာတွေ ရှိပါတယ်။ အဖွဲ့က သင်တန်းတွေဆိုရင် ကိုယ့်သင်တန်းကျောင်းမှာပဲ သတိနဲ့ပဲ နေကြဖို့အပြင်က လူနဲ့လည်း အဆက်အသွယ် မရှိအောင်ရယ်၊ အပြင်ထွက်တဲ့ လူလည်း သတ်မှတ်တဲ့ လူပဲသွားရအောင် လုပ်ဆောင်ထားပါတယ်။

မေး။ ။ KIA ထိန်းချုပ် နယ်မြေထဲက ဒုက္ခသည် စခန်းတွေမှာရော ဘာတွေစီစဉ် ပေးထားလဲ။

ဖြေ။ ။ ကျနော်တို့ COVID-19 ကော်မတီက စစ်ရှောင်စခန်းတွေ အတွက်ရော အားလုံးပါတယ်။ အားလုံး ကျန်းမာ ရေးပိုင်းမှာ အရပ်ဘက်အဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ပညာပေးတာ။ အဓိက လက်ဆေးတာတို့ ရောဂါမဖြစ်အောင် ဘယ် လို ကာကွယ်မလဲ ဆိုတာတွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ သူတို့အတွက်လည်း Quarantine စခန်းတွေ ကျ နော်တို့ ပြုပြင်နေပါတယ်။

မေး။ ။ COVID-19 ရောဂါက ဘယ်ကာလလောက်အထိ ရင်ဆိုင်ရမယ်ဆိုတာမျိုး အချိန်ကာလ အတိုင်းအတာကို မှန်းဆပြီး လုပ်ငန်းစဉ်တွေ ချမှတ်ထားတာမျိုး ရှိပါသလား။

ဖြေ။ ။ လောလောဆယ်တော့ ကျနော်တို့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ရေးဆွဲထားတာ စီမံကိန်းက အဲဒီလောက်တော့ မရှိဘူး။ ကျနော်တို့ တတ်နိုင်တဲ့ပေါ်မှာမူတည်ပြီး ဘယ်လောက်ထိ ဆက်လက်ဆောင်ရွက်မလဲဆိုတာက အထက်ကို တင်ပြရမယ်။ တင်ပြပြီးမှ အထက်က ဆုံးဖြတ်ချက်အတိုင်းပဲ ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ တရုတ်ဘက်ကရော KIA ကို ဘာတွေကူညီပေးတာ ရှိပါသလဲ။

ဖြေ။ ။ သူတို့က ကျနော်တို့ အသုံးများတဲ့ Mask တွေ၊ PPE တွေ ကူညီပါတယ်။ နောက်ပြီး Hand Gel နဲ့ ပိုးသတ် ဆေးတွေ ကူညီပါတယ်။ ကျနော်တို့နဲ့ နီးစပ်ရာခရိုင် ဆေးရုံ၊ ခရိုင်မြို့က ကျန်းမာရေး ဌာနတွေက ကူညီပါတယ်။ ပြီး ရင် COVID-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေး အသိပညာ ပေးတာတွေ ကုသရေးတွေနဲ့ ကျနော်တို့ လိုက်နာ ဆောင် ရွက်ရမယ့် အချက်တွေကို သင်တန်း လာပို့ချပေးတာ ရှိပါတယ်။

မေး။ ။ Mask နဲ့ PPE ဝတ်စုံတွေက အခမဲ့ ကူညီတာလား။ ဝယ်ရတာလား။

ဖြေ။ ။ ကျနော်တို့ သူတို့ဆီက တချို့ကတော့ လှူဒါန်းတာလည်း ရှိပါတယ်။ တချို့ကတော့ ဝယ်ယူရတာလည်း ရှိပါတယ်။

မေး။ ။ ကမ္ဘာ့ကုလသမဂ္ဂ (UN) ဆိုင်ရာ အဖွဲ့အစည်းတွေ WHO တို့တွေက ကူညီပေးဖို့ ပြောဆိုတာတွေ ရှိပါသလား။

ဖြေ။ ။ အဓိက ကျနော်တို့ အဆက်အသွယ် လုပ်နေတဲ့ INGOs တွေ၊ သူတို့ကနေပဲ တဆင့် အကူအညီ တောင်းတာ ပဲ ရှိပါတယ်။ (UN တို့ WHO တို့က) ကူညီပေးတာမျိုးတော့ မရှိသေးပါဘူး။

မေး။ ။ အစိုးရနဲ့ရော ညှိနှိုင်းဆောင်ရွက်ဖို့ အခန်းကဏ္ဍ ရှိပါသလား။

ဖြေ။ ။ အစိုးရနဲ့လည်း အစကတော့ ညှိနှိုင်းဆောင်ရွက်တာ ရှိပါတယ်။ NRPC ကနေ ကျနော်တို့ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ EAOs တွေကို အားလုံး အကြောင်းကြားတာတွေ ရှိပါတယ်။ တခြား ပစ္စည်း ကူညီထောက်ပံ့တာ တို့ ရရှိတာ မရှိသေးပါဘူး။

မေး။ ။ COVID-19 ရောဂါ ကာကွယ်ရေး၊ ကုသရေးနဲ့ ပတ်သက်ပြီး အစိုးရ အကူအညီ လိုအပ်တာရော ရှိပါသလား။ ဒါမှမဟုတ် KIO/KIA အနေနဲ့ ကိုယ့်ဘာသာပဲ အကုန် လုပ်နိုင်ပါသလား။

ဖြေ။ ။ ကျနော်တို့တော့ ငွေရေးကြေးရေး အကန့်အသတ် ရှိပါတယ်။ တခြား ပြင်ပက အကူအညီလည်း အများကြီး လိုပါတယ်။ အခုဆိုရင် ငွေရေးကြေးရေး ထောက်ပံ့တာ ပိုပြီးတော့ အရေးကြီးနေပါတယ်။ အရေးတကြီး လိုအပ်နေပါ တယ်။

မေး။ ။ ခေါင်းဆောင်ပိုင်း အချင်းချင်း ဆက်သွယ်မှုတွေမှာရော အစိုးရဘက်က COVID-19 နဲ့ ပတ်သက်ပြီး ကူညီဖို့ ပြောတာမျိုးတွေရော ရှိပါသလား။

ဖြေ။ ။ အဲဒါတော့ ကောင်းကောင်း မကြားရသေးပါဘူး။ ကောင်းကောင်း မသိပါဘူး။

မေး။ ။ COVID-19 အတွက် ကာကွယ်ရေးပိုင်း ပြင်ဆင်တဲ့ကဏ္ဍမှာ KIA အတွက် စိန်ခေါ်မှုတွေကရော ဘာတွေ ရှိပါ သလဲ။

ဖြေ။ ။ ကျနော်တု့ိမှာ COVID-19 အတွက် ဒီမှာ အဆောက်အအုံတွေ မွမ်းမံပြင်ဆင်တော့ အကုန်အကျတွေ တော် တော်လေး များပါတယ်။ အခုလည်း ကျနော်တို့ အဆောင်တွေ ကြိုတင်ဆောက်ထားတာ မရှိတော့ အဆောက်အအုံ အဟောင်းတွေကို ပြုပြင်မွမ်းမံရတော့ လိုအပ်တာတွေက တော်တော်လေး များတယ်။ ဆောက်လုပ်ရေးဘက်မှာဆို ရင် ဆေးရုံမှာ သုံးမယ့် စက်ကိရိယာတွေ ဆေးဝါးတွေ အထူး လိုအပ်နေပါတယ်။ နောက်ပြီး PPE ဝတ်စုံတို့ ပိုးသတ် ဆေးတို့ Spray တို့ အများကြီးပေါ့။ နေ့စဉ် အသုံးများတာတွေ အထူးသဖြင့် လိုအပ်နေပါတယ်။ အဲဒါတွေက အခက်အ ခဲ ရှိပါတယ်။

ကျနော်တို့မှာလည်း အခက်အခဲတွေ ရှိနေလို့ အထူးသဖြင့် ဆေးပစ္စည်း ကိရိယာတွေ အဓိက လိုအပ်နေလို့ ကျနော် တို့ကို တတ်နိုင်သလောက် ကူညီပေးဖို့ ပြောလိုပါတယ်။

ဆက်စပ်ဖတ်ရှုရန်

လိုင်ဇာတွင် ကိုဗစ် သံသယရှိသူတွေ့၊ တရုတ်သို့ ဓါတ်ခွဲနမူနာပို့ စစ်ဆေးနေ

တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများထဲက COVID -19 ကာကွယ်ရေး

COVID-19 ကာကွယ်ရန် “ဝ” နယ်စပ်ဂိတ်အားလုံး ယာယီ ပိတ်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading