တရုတ်အစိုးရက နည်းနည်းနှင်ချင်တဲ့သဘော ဖြစ်နိုင်တယ်လို့ မြင်တယ်

နန်းလွင်နှင်းပွင့်
ကချင်ပြည်နယ် COVID-19 ကာကွယ် တားဆီးရေး ကွန်ရက်(KsC19PN)မှ ပြောရေးဆိုခွင့် ရှိသူ ဦးပေါလု
Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံမှ ပြန်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀၀၀ ခန့်သည် ဧပြီ ၁၆ ရက်မှစ၍ ကချင်ပြည်နယ် လွယ် ဂျယ် နယ်စပ်ဂိတ်နှင့် ကန်ပိုက်တည် နယ်စပ်ဂိတ်တို့မှ တဆင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသည်။

လွယ်ဂျယ် နယ်စပ်ဂိတ်မှ ပြန်ဝင်လာသူများကို ဗန်းမော်ခရိုင်အတွင်း နေရာထိုင်ခင်း စီစဉ်ပေးကာ ကန်ပိုက်တည် နယ် စပ်ဂိတ်မှ ဝင်လာသူများကို မြစ်ကြီးနားမြို့ရှိ ရောဂါခြေချုပ် စင်တာများတွင်၂၁ ရက် စောင့်ကြည့်ခြင်း၊ သက်ဆိုင်ရာ ဒေသသို့ ပြန်ပို့ခြင်းများ လုပ်ဆောင်လျက် ရှိသည်။

ရောဂါခြေချုပ် စင်တာများ (Quarantine) တွင် နေထိုင်ကြသူများ၏ အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီ အကြီး တန်း သတင်းထောက် နန်းလွင်နှင်းပွင့်မှ ကချင်ပြည်နယ် COVID-19 ကာကွယ် တားဆီးရေး ကွန်ရက် (KsC19PN) မှ ပြောရေးဆိုခွင့် ရှိသူ ဦးပေါလုကို ဆက်သွယ် မေးမြန်းထားသည်။

KsC19PN သည် ကချင်နိုင်ငံရေး ပါတီများ၊ ကချင် အရပ်ဘက် အဖွ့ဲအစည်းများ၊ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူများနှင့် ကချင်လူငယ် ခေါင်းဆောင်များဖြင့် စုဖွဲ့ထားပြီး အစိုးရနှင့် ပူးပေါင်းကာ ရောဂါခြေချုပ် ထားရှိသည့် စခန်းများတွင် ပါ ဝင် ကူညီနေသည့် ကွန်ရက် ဖြစ်သည်။

မေး ။ ။ မြစ်ကြီးနားက Quarantine Center တွေမှာ တရုတ်နိုင်ငံက ပြန်လာသူတွေကို ဘယ်လို ထားရှိပါသလဲ။ ကွန် ရက် ကရော ဘာတွေ ကူညီပေးနေလဲ။

ဖြေ ။ ။ တရုတ်ပြည်က ပြန်လာတဲ့သူတွေက ဧပြီ ၁၆ ရက်က စပြီးတော့ မြစ်ကြီးနား၊ စီတာပူ ရပ်ကွက် ကုန်တင်ကုန် ချစခန်းမှာ ဝင်လာတာနဲ့ ကျနော်တို့ ဆေးဖြန်းတာတို့ လုပ်တယ်။ သူတို့ ပါလာတဲ့ ပစ္စည်းတွေကားတွေ သူတို့ ထိုင် သွားတဲ့ ထိုင်ခုံတွေကအစ ကျနော်တို့က ဆေးဖြန်းပြီး ကြိုတင်ကာကွယ်ရေး အစီအစဉ်ကို လုပ်ဆောင်တယ်။ ရောက် လာတဲ့ထဲမှာ နီးတဲ့ မြို့နယ်တွေကတော့ ချက်ချင်း ပြန်တယ်။ ဝေးတဲ့ မြို့နယ်တွေ တညအိပ်ပြီးမှ ပြန်ကြတယ်။

ကျနော်တို့ မြစ်ကြီးနား မြို့နယ်မှာ Quarantine ထားတာက ၄ နေရာ ရှိပါတယ်။ မြစ်ကြီးနား တက္ကသိုလ်၊ မြစ်ကြီးနား ပညာရေး ကောလိပ်၊ သူနာပြုကျောင်း၊ သားဖွားမီးယပ်ကျောင်း ဒီ ၄ နေရာမှာ ထားထားတာပါ။ ဒီ ၄ နေရာမှာ ကျနော်တို့ ကွန်ရက်က ဗော်လန်တီယာတွေက ညမှာ သွားစောင့်ပေးတာတွေ လုပ်ပါတယ်။

ကျနော်တို့ ကွန်ရက်က လူအင်အားက ၅၀ နဲ့ ၆၀ ကြား ရှိတယ်။ အဲဒီထဲမှာ အဖွဲ့တွေ ပြန်ခွဲပြီးတာ့ Quarantine Center မှာ စောင့်တာ တညမှာ ၅ ဦး ဆိုရင် ၅ ဦး၊ ၃ ဦး တဖွဲ့ဆို တဖွဲ့ပေါ့။ အမျိုးသမီးဆောင်၊ အမျိုးသားဆောင် ခွဲပြီး အဖွဲ့နဲ့ စောင့်တယ်။ ဆေးဖြန်းတဲ့နေရာမှာလည်း အဖွဲ့လိုက် တာဝန်ခွဲပြီး လုပ်ပါတယ်။

မေး။ ။ တရုတ်ကနေ ပြန်ဝင်လာတာကရော လူဦးရေ ဘယ်လောက် ရှိပြီလဲ။

ဖြေ။ ။ ကျနော်တို့ သိသလောက်ဆို ဧပြီ ၁၆ ရက်ကနေ ဧပြီ ၂၃ ရက်ထိက ၈၀၀ ကျော် ရှိပါပြီ။ မနေ့က စာရင်းတွေ အရပေါ့။ အခုလည်း ဆက်တိုက် ဝင်နေတယ်။ တမြို့နယ်မှာတော့ ၂၀၀ ဝန်းကျင်တော့ ရှိပြီခင်ဗျ။ တချို့ မြို့နယ်တွေ ကတော့ Quarantine Center မရှိဘဲ Home Quarantine ထားတာတွေလည်း ရှိတယ်။

ကချင်ပြည်နယ် တပြည်နယ်လုံး စာရင်းလို့လည်း မပြောလိုပါဘူး။ ဘာလို့ဆိုတော့ ဗန်းမော်ခရိုင်ကျတော့ ဒီဘက်ကို သူတို့ မဝင်ဘူး။ ဗန်းမော်မှာ စာရင်းသွင်းပြီး သူတို့က သူတို့ သက်ဆိုင်ရာကို ပြန်ကြတာ။ ပူတာအိုခရိုင်၊ မြစ်ကြီးနား ခရိုင်၊ မိုးညှင်းခရိုင်ရယ်က မြစ်ကြီးနား ကုန်တင်ကုန်ချ စခန်းမှာ စာရင်းသွင်းပြီးတော့ သွားကြတာပါ။ အဲဒါပါ။

မေး။ ။ Quarantine Center တွေမှာ အစိုးရက ကူညီပေးတာတွေ နေနေရတဲ့သူတွေကို ဘယ်လို မြင်ရပါသလဲ။

ဖြေ။ ။ ကျနော်တို့ နိုင်ငံကသိတဲ့အတိုင်း၊ ဆင်းရဲတဲ့နိုင်ငံ ဆိုတော့ အများကြီး တခြားနိုင်ငံတွေလို မျှော်လင့်လို့ မရဘူး။ ဒါပေမယ့် အစိုးရလည်း နိုင်ရာဝန်နဲ့ တတ်နိုင်သလောက် လုပ်ပေးတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် Quarantine မှာ ထားတဲ့သူတွေကို ကိုယ့်စရိတ်နဲ့ကိုယ် မဟုတ်ဘဲနဲ့ အစိုးရက ပံ့ပိုးပေးနိုင်ရင်တော့ ပြည်သူတွေအတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။

မေး။ ။ ကိုယ့်စရိတ်နဲ့ကိုယ် နေနေကြတာဆိုတော့ ရောဂါခြေချုပ် နေနေသူတွေရဲ့ အခြေအနေကို ဘယ်လို မြင်ရလဲ။ စားရေးသောက်ရေး တို့ပေါ့။

ဖြေ။ ။ ကျနော်တို့ ဗော်လန်တီယာတွေကတော့ သူတို့ ယူခိုင်းတဲ့ ပစ္စည်းတွေ ယူပေးတယ်။ သူတို့ လိုအပ်တာကို ကျနော်တို့ ကူညီနိုင်သလောက် ကူညီပေးပါတယ်။ ကျနော်တို့ကလည်း ဒီအပိုင်းပဲ လုပ်နိုင်တယ်။ သူတို့အနေနဲ့ အခက်အခဲက တရုတ်ပြည်က ပြန်လာရင်လည်း ပိုက်ဆံ မပါခဲ့သူတွေ၊ တချို့ဆိုရင် တရုတ်ပြည်ဘက်က ပြန်လာတာ တရုတ်စစ်သားတွေက သိမ်းလိုက်တာတွေ ကြားရပါတယ်။ သူတို့ ပြောပြချက် အရပါ။

ပြီးတော့ မြစ်ကြီးနားမြို့နယ်ဆိုလည်း အကျယ်ကြီးဆိုတော့ မြစ်ကြီးနား ဇာတိခံ ဆိုရင်လည်း မြို့တွင်းကလူ မဟုတ်ဘဲ ရွာတွေဘက်က လူတွေလည်း ရှိတယ်။ ဒီတော့ သူတို့မှာ အခက်အခဲတွေ ရှိမယ်လို့ ကျနော်တို့ မြင်ပါတယ်။
ကျနော်တို့ကတော့ Psycho Social Support ပေါ့။ စိတ်ပိုင်းဆိုင်ရာအတွက်လည်း သီချင်းဆိုတာတို့ ဘာတို့ ဖျော်ဖြေ တာတို့ လုပ်ပေးပါတယ်။

မေး။ ။ ကျမတို့ လိုက်မေးတော့ တရုတ်ကနေ ဒီလောက် လူအများကြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြန်လာတာ လဲ ဆိုတာကို မျိုးစုံပဲ ကြားနေရတယ်။ အစ်ကိုတို့ ဗော်လန်တီယာအဖွဲ့ အနေနဲ့ရော သူတို့နဲ့ စကားပြောဆိုနေတော့ ဘယ်လိုတွေ သိရပါသလဲ။

ဖြေ။ ။ ပြန်လာသူတွေရဲ့ပြောပြချက်အရ ဒီရောဂါက ရေရှည်ဖြစ်မယ့် အလားအလာ ရှိတယ်။ သူတို့လည်း သူတို့ မိဘတွေနဲ့ တွေ့ချင်တယ်။ ဒါပေမယ့် တချို့လည်း အလုပ်ဆက် လုပ်ပြီး ကျန်ခဲ့တာ ရှိတယ်လို့ သိရတယ်။ ကိုယ့် မိသားစုနဲ့ ဒီလိုအချိန်မှာ အတူတကွ နေချင်ကြတဲ့ စိတ်သဘောာထားနဲ့ ပြန်လာကြတာတွေလည်း ရှိတယ်။ ဒါပေမယ့် လုပ်ခလစာတွေ တဝက်ပဲ ရလာတို့တွေလည်း ရှိတယ်လို့ ကျနော်တု့ိ စကားပြောကြည့်တော့ ကြားရတယ်။

သူတို့ ပြောပြချက်အရ မဟုတ်ဘဲ ကျနော်တို့ သုံးသပ်တာကတော့ တရုတ်အစိုးရက ဒီဘက်မှာရှိတဲ့သူတွေကို အခု ချိန်မှာ Quarantine လည်း ထားပြီးပြီ။ ဒါပေမယ့် နည်းနည်း နှင်ချင်တဲ့ သဘော၊ ကိုယ့်နိုင်ငံကို ကိုယ်ပြန်ကြတော့ ဆို တာမျိုး အနေအထား ဖြစ်နိုင်တယ်လို့ ကျနော်တို့က မြင်တယ်။ သူတို့ တနိုင်ငံလုံး၊ တကမ္ဘာလုံးမှာ ဘေးကျပ်နံကျပ် ဖြစ်နေတော့ တစုံတခု ထပ်ဖြစ်လာရင် ဒီလူအုပ်ကြီးကို သူက အများကြီး တာဝန်ယူရမှာ။ ဒီအပိုင်းတွေကိုလည်း ထည့် တွက်ပြီးမှ နည်းနည်းပြန်ခိုင်းတဲ့ သဘောလို့ ကျနော်တို့က သုံးသပ်ပါတယ်။

မေး။ ။ မြစ်ကြီးနားမှာ ရှိတဲ့ Quarantine Center တွေက တရုတ်က ပြန်လာသူတွေနေတဲ့ အခါ အိပ်ယာ၊ ခေါင်းအုံး၊ ဆပ်ပြာ စတာတွေက ကိုယ့်ဘာသာ ဝယ်သုံးနေကြရတာလား။ ဘယ်လို တွေ့ရပါသလဲ။ နေ့စဉ် စားသောက်ရေးရော ဘယ်လို လုပ်ကြလဲ။

ဖြေ။ ။ အစိုးရက စီစဉ်ထားပေးတာလည်း ရှိပါတယ်။ အိပ်ယာတွေလည်း စီစဉ်ထား ပေးတာတွေ ရှိပါတယ်။ ဒါပေ မယ့် လုံလောက်မှု ရှိတယ် မရှိဘူး ဆိုတာတော့ ကျနော်တို့လည်း မမေးဖြစ်သေးဘူး။ သူတို့ လိုအပ်တာတွေပဲ အခုက ကူလုပ်ပေးနေတော့လေ။ နေ့စဉ် စားသောက်တာကတော့ နီးတဲ့လူက လာပို့တာ မြင်ပါတယ်။ ထမင်းကတော့ လော လောဆယ် အလှူရှင်တွေတော့ လာလှူတာ ရှိပါတယ်။

မေး။ ။ ရောဂါခြေချုပ်ထားတဲ့ နေရာမှာ လူများလာတာ၊ လူမဆန့်တာတွေရော ရှိနေလား။

ဖြေ။ ။ ဒီလိုမျိုးတော့မရှိသေးပါဘူး။ အရမ်း ပြည့်ကျပ်သွားတာတော့ မရှိသေးဘူး။ စာရင်းသွင်းတဲ့ ကုန်တင်ကုန်ချ စခန်းမှာရော မြစ်ကြီးနားမြို့နယ်၊ စခန်း ၄ နေရာမှာရော အဲဒီလို မရှိသေးပါဘူး။ နေရာကတော့ အများကြီး ရှိသေး တယ်လို့ မြင်ပါတယ်။

မေး။ ။ ပြန်လာသူတွေက စည်းကမ်းရော လိုက်နာကြလား။

ဖြေ။ ။ ဗော်လန်တီယာ လုပ်နေတဲ့ ကျနော်တို့ ကွန်ရက်ထဲက ညီလေး၊ ညီမလေးတွေဆီကရော ပြန်သိရတာတွေအရ ဆိုရင် ထွေထွေထူးထူး စောကဒ တတ်တာတွေ မရှိဘူးလို့ သိရပါတယ်။

မေး။ ။ အစ်ကိုတို့အနေနဲ့ အစိုးရနဲ့ တရုတ်က ပြန်လာသူတွေကြားမှာ ဝင်ကူပေးနေသူတွေ ဆိုတော့ လက်ရှိ Quarantine Center တွေမှာ ရှိနေတဲ့သူတွေရဲ့ အခြေအနေကို ခြုံငုံသုံးသပ်မယ်ဆို ဘယ်လိုများ ပြောပြချင်ပါသလဲ။

ဖြေ။ ။ Quarantine Center မှာ ရှိတဲ့သူတွေကို ကျနော်တို့ ကချင်ပြည်နယ် မြို့နယ် ၁၈ ခုက မြို့နယ်တိုင်းမှာ ရှိနေ တဲ့သူတွေကို အစိုးရက စရိတ်တာဝန်ယူပေး လုပ်ဆောင်ပေးရင်တော့ အစိုးရအတွက် ပြည်သူတွေဆီက အမှတ် လည်း ရမယ်။ ပြည်သူတွေကို ငဲ့တယ်၊ လုပ်ပေးတယ်ဆိုတဲ့ အမှတ်ရမှာပေါ့။ ဒီလို ဖြစ်စေချင်တယ်။၂၁ ရက်လုံး စရိတ်ကို အစိုးရက တာဝန်ယူပြီး မြို့နယ်အလိုက် တာဝန်ယူပေးရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ မြင်တယ်။

တရုတ်ပြည်က ပြန်လာသူတွေက စိတ်ပိုင်းဆိုင်ရာ အရပြောရရင် တရုတ်ပြည်မှာလည်း ၁၄ ရက် Quarantine လုပ်ပြီး မှ ဒီဘက်ကို ဝင်တယ်လို့ ကြားရတယ်။ အကြာကြီးနေမှ ဒီဘက် ဝင်လာရတယ်ဆိုတော့ တရုတ်က ပြန်လာသူတွေမှာ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ တစုံတရာ ထိခိုက်မှုတွေ ရှိမယ်လို့ ကျနော်တို့ မြင်တယ်။

သက်ဆိုင်ရာ အစိုးရ၊ ဝန်ကြီးဌာနနဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ကိုယ့်ရဲ့ အွန်လိုင်းကနေ ဖြစ်ဖြစ်၊ Quarantine Center မှာ ရှိတဲ့သူတွေကို အားပေးစကား တွေ အများကြီး ပြောပေးတာ လိုချင်တယ်။ ဒါမှ ဒီမှာ ရှိတဲ့ လူတွေက စိတ်ပိုင်းဆိုင် ရာ အားငယ်တာတွေကို ပြန်မြှင့်နိုင်မှာပါ။

ဆက်စပ်ဖတ်ရှုရန်

COVID-19 ဂယက်က အလုပ်ရှင်၊ အလုပ်သမား ရတက်ပွေရ

COVID-19 အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း အသင်းချုပ် ဖွဲ့စည်းမည်

COVID-19 အတွက် အစိုးရဘတ်ဂျက် ခွဲဝေပေးတာ မရှိပါဘူး

Did you find apk for android? You can find new Free Android Games and apps.
Loading