မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်း နယ်ပယ်သည် ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားပိုင် အာမခံကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများနှင့် ပြည်တွင်း ကုမ္ပဏီများဖြင့် ၁၀၀ ရာခိုင်နှုန်း နီးပါး ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်သဖြင့် အလှည့်အပြောင်း ကာလ တခုသို့ ရောက်ရှိလာသည့် အခြေအနေ ဖြစ်သည်။
သို့သော်လည်း ပြည်သူများ အနေဖြင့် အာမခံလုပ်ငန်းများနှင့် အာမခံ ဝန်ဆောင်မှုများ အကြောင်းမှာ လက်လှမ်းမမီသေး သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ရာ အာမခံလုပ်ငန်းများ အကြောင်းကို အခြေခံကျကျ သိရှိနိုင်ရန်အတွက် AYA SOMPO အာမခံ လုပ်ငန်းမှ အမှုဆောင် အရာရှိချုပ် ဦးမျိုးမင်းသူကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ အာမခံ လုပ်ငန်းရှိရင် ပိုပြီးစီးပွားဖွံ့ဖြိုးမယ်လို့ ပြောကြတော့ အာမခံလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာခြင်းက စီးပွား ရေးကို ဘယ်လို အထောက်အကူပြုသလဲ။
ဖြေ။ ။ အာမခံက စီးပွားရေးအပိုင်းမှာ အဓိကအားဖြင့် မမျှော်မှန်းထားတဲ့ ဆုံးရှုံးမှုတွေကို အကာအကွယ်တခု ပေးတာ၊ Risk Protection ပေါ့။ ဥပမာ- စီပွားရေး တခုလုပ်တဲ့ အချိန်ကစပြီး စီးပွားရေးက တဖြည်းဖြည်း ကြီးလာတယ်။ ကြီးလာတဲ့ စီးပွားရေးမှာ အာမခံ တခုအနေနဲ့ ဘယ်လိုကဏ္ဍမှာ ပါနေလဲဆိုတော့ စီးပွားရေးမှာ ကြီးထွားလာတဲ့ Access တွေကို အာမ ခံတခု အနေနဲ့ Coverage Protection မမျှော်မှန်းနိုင်တဲ့ ဆုံးရှုံးနိုင်ခြေတွေကနေပြီးတော့ ကာကွယ်ပေးဖို့။ အဓိကက အာ မခံ လုပ်ငန်းတခုက စီးပွားရေးကို ဘယ်နေရာမှာ ထောက်ပံ့လဲဆိုတော့ Risk Protection Point of View ကနေ ထောက်ပံ့ တယ်ပေါ့။
တပြိုင်တည်းမှာတင် Risk Protection အပြင် အာမခံကဏ္ဍကို ကြည့်မယ်ဆိုရင် နှစ်စဉ်နှစ်တိုင်း ဝင်ငွေပေါ့၊ ပရီမီယံလို့ ခေါ် တယ်။ အဲဒီ ပရီမီယံကနေ လျော်ကြေးပေးတာ အပြင် ပိုတဲ့ ပရီမီယံတွေကို ရင်းနှီးမြှုပ်နှံမှု ပြန်လုပ်ရတယ်။ အဲဒီ ရင်းနှီးမြှုပ် နှံမှု တော်တော်များများက နိုင်ငံတော်ကနေ ထုတ်တဲ့ အစိုးရ ငွေတိုက်စာချုပ်များတွေ ဝယ်ရတယ်။
အဲဒီလို ဝယ်သောအားဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေး ကဏ္ဍမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အတွက် နိုင်ငံတော်ကလည်း ဒီပိုက်ဆံတွေကို ပြန်လည် အသုံးပြုပြီးတော့ နိုင်ငံတော်မှာရှိတဲ့ ကျန်တဲ့ကဏ္ဍတွေ အခြေခံ အဆောက်အအုံဆိုင်ရာ စီမံ ကိန်းတွေ ဒါတွေကို မြှုပ်နှံမှု လုပ်နိုင်တယ်။
နိုင်ငံတခုကို ကြီးပွားအောင်၊ ထွန်းကားအောင် လုပ်တဲ့ Projects တွေမှာ ကျနော်တို့ တခန်း တကဏ္ဍက ပါဝင်တယ် ပံ့ပိုးပေးတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး တခု ဖြစ်ထွန်းဖို့ ကြီးပွားဖို့ ဆိုတဲ့ နေ ရာမှာ အာမခံ ကဏ္ဍအနေနဲ့ Risk Protection အပိုင်းမှာ ပါဝင်ပေးတယ်။ ဒုတိယအနေနဲ့က နိုင်ငံတော်ရဲ့ Investment အပိုင်းမှာ ကျနော်တို့ Treasury Bonds ကိုဝယ်ပြီးတော့ လုပ်နေပါတယ်။
မေး။ ။ ၂၀၁၂ ခုနှစ်ကနေ အာမခံလုပ်ငန်းတွေက စတင်လာတာ ဒီကနေ့ဆို ၈ နှစ် ရှိပြီဆိုတော့ အာမခံလုပ်ငန်းရဲ့ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျနော်တို့ ပုဂ္ဂလိက ကုမ္ပဏီတွေက တကယ် တိုးတက်လာတာ ၂၀၁၃ ပေါ့။ အဲဒီအစကတော့ နှေးသေးတယ်။ အခု ၇ နှစ်ကျော် ၈ နှစ် ရောက်တဲ့ အချိန်မှာ ပြည်သူလူထုကလည်း Awareness များလာပြီ။ မြန်မာ့ အာမခံ အပါအဝင် ပုဂ္ဂလိ က ကုမ္ပဏီတွေဟာ လွန်ခဲ့တဲ့ ၈ နှစ်ကနေ စပြီး ရလာတဲ့ ဝင်ငွေက (Income) ဟာ အခုဆိုရင် ပရီမီယံ (အာမခံ ကြေး) က ၂ ဆ နီးပါးပေါ့။
အရင်တုန်းကဆို တနှစ်ကို ၅၀ ဘီလီယံလောက် အခုဆိုရင် ၁၀၀ ဘီလီယံလောက် ရောက်ပြီလို့ မှန်းတယ်။ Income အနေနဲ့ တွက်မယ်ဆိုရင် အများကြီး တိုးတက်လာတယ်။ အခုဆိုရင် ပြည်သူတွေက အာမခံရဲ့ အကျိုးကျေးဇူးတွေကို သိ လာပြီ။
ဝယ်ရမယ်ဆိုတဲ့ အရာတွေကို ဒီအကျိုးကျေးဇူးတွေ သိတဲ့အတွက် ဝယ်လာပြီ။ အဲဒီတော့ ထုတ်ကုန် (Product) အသစ်တွေလည်း ဒီနှစ်ပိုင်း အတောအတွင်းမှာ ထွက်လာနေပြီ။ ထွက်လာဖို့ Product အသစ်တွေလည်း ရှိတဲ့ အခါကျ တော့ ကျနော်တို့ အာမခံလုပ်ငန်း အခန်းကဏ္ဍက လွန်ခဲ့တဲ့ ၈ နှစ်နဲ့ ယှဉ်ရင် အများကြီး တိုးတက်လာတယ်လို့ ယူဆလို့ ရပါတယ်။
မေး။ ။ ရှေ့မှာပြောသလိုဆိုရင်တော့ အများကြီး တိုးတက်လာတယ်ပေါ့။ ဒါပေမယ့် လက်ရှိ ရှိနေတဲ့ အနေအထားထက် ပိုပြီး တိုးတက်ဖို့ဆိုရင် ဘာတွေ လုပ်ကိုင်ဖို့ လိုအပ်ဦးမလဲ။
ဖြေ။ ။ ကျနော်တို့ အများကြီး လုပ်ဖို့ လိုပါသေးတယ်။ ဥပမာအားဖြင့် တိုင်းပြည်ဝင်ငွေ စုစုပေါင်း (GDP) အပေါ်မှာ တိုင်းတဲ့ အာမခံ ဝယ်ယူမှုနှုန်း (Insurance Penetration) ဆိုရင် မြန်မာနိုင်ငံမှာ ၀ ဒသမ ၁ ရာခိုင်နှုန်းပဲ ရှိသေးတယ်။
အာဆီယံ နိုင်ငံတွေ ကျနော်တို့ အိမ်နီးချင်း နိုင်ငံတော်တော်များများကို ပျမ်းမျှတိုင်းလိုက်တဲ့ အချိန်မှာ ၃ ဒသမ ၂ ရာခိုင်နှုန်းလောက် ရှိတယ်။ ၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ယှဉ်မယ်ဆိုရင် ၀ ဒသမ ၁ ရာခိုင်နှုန်း ဆိုတာ အဆပေါင်း အများကြီး တိုးတက်ဖို့ လိုသေး တယ်။
အဓိက လိုအပ်တာကတော့ အာမခံနဲ့ ပတ်သက်တဲ့ Product အသစ်တွေ ပြည်သူလူထုအတွက် လိုအပ်မယ့် Product တွေ ကို ဒီထက်ပိုပြီးတော့ ထုတ်ဖို့ လိုတယ်။ Product တွေ ရှိလာပြီ ဆိုရင်လည်း ဖြန့်ချိဖို့အတွက် Channel တွေ လိုပါလိမ့် မယ်။ အဲဒါတွေ ရှိလာမယ်၊ အားကောင်းလာမယ် ဆိုရင် ဒီထက်ပိုပြီးတော့ တိုးတက်လာမယ်။ အခုဆိုရင် ဒစ်ဂျစ်တယ်ပိုင်း မှာ အများကြီး တိုးတက်ဖို့ လိုသေးတယ်။
သူများနိုင်ငံတွေမှာ ဆိုရင် Mobile Platform တွေကနေပြီးတော့ အာမခံကို လွယ်ကူ ရိုးရှင်းစွာ ဝယ်လာလို့ရပြီ။ ကျနော်တို့အာမခံ ကဏ္ဍ တကယ် တိုးတက်ဖို့ ဆိုရင် Product ရှိမယ်၊ Distribution ရှိမယ်၊ ပြီးသွားရင်တော့ Digital Innovation လို့ခေါ်တဲ့ လိုအပ်တဲ့ ဒီထက်ပိုပြီးတော့ ပံ့ပိုးနိုင်တဲ့ ဝန်ဆောင်မှုတွေ လိုအပ် မယ်လို့ ယူဆပါတယ်။
မေး။ ။ အာမခံလုပ်ငန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ နားလည်သဘောပေါက်မှုကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ Awareness အနေနဲ့ ပြောမယ်ဆိုရင် ပြည်သူလူထု ၅၄ သန်းကို ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် တော်တော် နည်း သေးတယ်။ ကျနော်တို့ Market Survey အရဆိုရင် ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်ကတော့ Awareness ရှိတယ်။
ကျန်တဲ့ ၈၅ ရာခိုင်နှုန်းလောက်က Awareness အနေနဲ့ အရမ်း နည်းသေးတယ်။ အရမ်းနည်းသေးတယ် ဆိုတာလည်း ပြည်သူ လူထုအနေနဲ့ အာမခံကဏ္ဍကို ပိုပြီးထိတွေ့ဖို့ လိုလိမ့်မယ်။ ထိတွေ့ဖို့ ဆိုတာလည်း ခုနက ပြောသွားသလိုပဲ ဒီထက် ကောင်းတဲ့ Product တွေ၊ ဝန်ဆောင်မှုတွေ လိုပါတယ်။
ဘာကြောင့် အာမခံနဲ့ ပတ်သက်ပြီး Awareness မရှိဘူးလည်း ဆိုရင် ပြည်သူလူထုက အာမခံကို ရှုပ်ထွေးတယ် နက်နဲ တယ် ခက်ခဲတယ်လို့ ထင်ကြတယ်။ အဲဒီတော့ တော်တော်များများက မလေ့လာကြဘူး မသိကြဘူး။ အဲဒီတော့ အာမခံရဲ့ သဘောတရားရော၊ အကျိုးကျေးဇူးကိုရော သိပ်မသိကြဘူး။
အာမခံကဏ္ဍကို ဒီထက်ပိုပြီးတော့ ပြည်သူတွေ လွယ်ကူစွာ ရိုးရှင်းနားလည်ဖို့ အတွက် အခုဆိုရင် ကျနော်တို့ AYA SOMPO မှာဆိုရင် Digital Transformation ကိုသုံးပြီးတော့ Digital Platform တွေက သုံးမယ်။ နောက်ပြီးတော့ Facebook၊ Website အဲဒီက Channel တွေကို အသုံးပြုပြီးတော့ ဒီထက်ပိုပြီးတော့ Awareness တွေ တက်အောင် လုပ်မယ်။
တပြိုင်တည်းမှာပဲ ပြည်သူလူထုနဲ့ ထိတွေ့နိုင်တဲ့ Product တွေ၊ ခုဆိုရင် COVID-19 ဖြစ်လာတဲ့အခါမှာ ကျန်းမာရေး အာ မခံ ဆိုပြီးတော့ လူတော်တော်များများ စိတ်ဝင်စားမှုတွေ အများကြီး တက်လာတယ်။ လူတော်တော်များများ ကျန်းမာရေး အာမခံဆိုတဲ့ သဘောတရားရော အကျိုးကျေးဇူးရော တော်တော်များများ သိလာကြတယ်။
ဒီဟာ တခုကလည်း အဆိုးထဲ က အကောင်းတခုလို့ ယူဆတယ်။ အဲဒီတပြိုင်တည်းမှာပဲ ပြည်သူလူထု တကယ်လိုအပ်တဲ့ အာမခံ၊ ကျန်းမာရေး အာမခံ ဆိုလည်း ကျန်းမာရေး အာမခံ၊ မီးအာမခံ စသဖြင့် ပြည်သူလူထု လိုအပ်တဲ့ Product ကို ကောင်းကောင်း ဖြန့်ချိပေးနိုင်မယ်ဆိုရင် ဒီထက်ပိုပြီး တိုးတက်မယ်လို့ ကျနော်တို့ ယူဆပါတယ်။
မေး။ ။ အာမခံလုပ်ငန်းက ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ စီးပွားရေးတွေကိုရော ဘယ်လိုအထောက်အကူ ပြုသလဲ ရှင်းပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ Financial Planning ဆိုတာ အရမ်း အားနည်းသေးတယ်။ ပထမဦးဆုံး ကိုယ့်ကိုကိုယ် အရင်ကြည့်ရမှာပေါ့။ ကိုယ်တိုင် အသက်အာမခံ၊ ကျန်းမာရေး အာမခံ ရှိဖို့က လိုအပ်လာပြီ။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံမှာ တဖြည်းဖြည်းနဲ့ Middle Income Level တွေက တဖြည်းဖြည်း တိုးတက်လာပြီ၊ အလုပ်တွေလည်း ပိုများလာပြီ Income တွေလည်း ပိုများလာတယ်ဆိုတဲ့အတွက် ကိုယ်တိုင်ကြည့်ဖို့ လိုတာ ကိုယ့်အတွက် အသက် အာမခံ တခုကတော့ အရေးကြီးတယ် ထင်တယ်။
အရေးကြီးတယ် ဆိုတာ ဘာကြောင့်လဲဆိုတော့ ဒီအခန်းကဏ္ဍမှာ ကြည့်မယ် ဆိုရင် ဥပမာအားဖြင့် အိမ်တအိမ်မှာ မိသား စုဝင်တွေ ရှိတယ်။ ပိုက်ဆံရှာတဲ့ အိမ်ထောင်ဦးစီး တယောက်ရှိမယ်။ ဒီအိမ် ထောင်ဦးစီး တယောက်က ပိုက်ဆံရှာနေတဲ့ အချိန်မှာ မပြောကောင်း၊ မဆိုကောင်း အသက်သေဆုံးမှု ရှိတယ်ဆိုရင် ဒီအိမ်ထောင်ဦးစီးက ရတဲ့ လစဉ်ဝင်ငွေအပြင် ဆုံးရှုံးမှုတွေ အများကြီး ဖြစ်လာနိုင်တယ်။
အဲဒီတပြိုင်တည်းမှာပဲ သေဆုံးမှု မဖြစ်ဘူး။ ကျန်းမာရေး အာမခံတခုက ဒီကျန်းမာရေး အသုံးစရိတ်တွေကို Cover တခု အနေနဲ့ ပေးတယ်။ ဒီတိုင်း ကျန်းမာရေး ချို့တဲ့ရင် ဆေးရုံတက်ရမယ်၊ ဆေးခန်းသွားရမယ် စတဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုး တွေ၊ ငွေကြေးနဲ့ ပတ်သက်ပြီး ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ အဲဒီတော့ အာမခံ ကဏ္ဍက ငွေကြေးဆုံးရှုံးမှုတွေကို Protection တခု အနေနဲ့ ပေးတာပေါ့။
အဲဒီတော့ စီးပွားရေးတခု လုပ်နေရမယ့် ပိုက်ဆံတခုကို အာမခံ မရှိတဲ့အတွက်ပေး လိုက်ရတယ်။ ဆုံးရှုံးမှုတွေ ဖြစ်လာတဲ့အတွက် မိသားစု စီးပွားရေးပိုင်းမှာလည်း ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်။
အဓိကတော့ အာမခံကတော့ အရိုးရှင်းဆုံး ပြောရမယ်ဆိုရင် အာမခံချက် တခုရှိတဲ့အတွက် လျော်ကြေးဆိုတဲ့ Payment Benefit ရှိတယ်။ စီးပွားရှာတဲ့သူသော်လည်းကောင်း မိသားစုဝင်သော်လည်းကောင်း သားသမီးဆိုလည်း သားသမီး စိတ် ချမ်းချမ်းသာသာနဲ့ အကာအကွယ်ရှိတယ်ဆိုတဲ့ အရာတခု စိတ်ထဲမှာ ရှိတယ်ဆိုတဲ့ အတွက် စိတ်အေးချမ်းသာစွာနဲ့ စီးပွား ရှာတဲ့သူလည်း စီးပွားရှာလို့ရတယ်။
ပညာသင်မယ်ဆိုတဲ့သူလည်း စိတ်အေးချမ်းသာ ပညာသင်လို့ ရတယ်။ အာမခံရဲ့ အပိုင်း ကတော့ Risk Management Mechanizing တခုလိုပဲ ပါဝင်ပေးတာ၊ စီးပွားရေး တိုးတက်အောင် ပံ့ပိုးပေးတဲ့ ယန္တရား တခုပဲ။
မေး။ ။ အာမခံလုပ်ငန်းတွေကို ပြည်သူတိုင်းက လက်လှမ်းမီလာဖို့အတွက်ရော ဘယ်လောက်ထိ လုပ်ကိုင်ကြရဦးမလဲ။
ဖြေ။ ။ ခုနက ကျနော်ပြောသလိုပဲ ဒီကဏ္ဍမှာ ကဏ္ဍ သုံးခုလောက် ပါဝင်တယ်ပေါ့။ ပထမ တခုက ပြည်သူတွေ စိတ်ဝင် စားနိုင်လောက်တဲ့ အာမခံ ဝန်ဆောင်မှုတွေ ရှိဖို့လိုတယ်။ ဥပမာဆိုရင် Mobile Banking နဲ့ အာမခံနဲ့ ဘယ်ဟာ လိုအပ်လဲ ဆိုရင် လူတော်တော်များများက Mobile Banking လို့ ပြောမယ်။
ဘာကြောင့်လဲဆိုရင် ပိုက်ဆံ လွှဲမယ်၊ ယူမယ်ဆိုတဲ့ အတွက် ပိုလိုအပ်မယ်လို့ ယူဆကြတယ်။ ဒါပေမယ့် ကျန်းမာရေး အာမခံနဲ့ နောက်တခုနဲ့ ရွေးဆိုရင် ကျန်းမာရေးအာမခံက ပိုလိုတယ် ဆိုတာ လူတွေ သိလာကြမယ်။ အဲဒီတပြိုင်တည်းမှာပဲ ကျန်းမာရေး အာမခံက ယူဆောင်လာတဲ့ Value ပေါ့။ သူ့ရဲ့ အကျိုးကျေးဇူးတွေကို ပြည်သူလူထုကို ချပြဖို့ လိုမယ်။
ချပြတဲ့အချိန်မှာ ဒီကျန်းမာရေး အာမခံဆိုတဲ့ Product က ပြည်သူလူထုကို တကယ် အသုံးဝင်တဲ့ Value တခုကို ပေးနိုင် လား ဆိုတာကို စပြီး ဖန်တီးမှုလုပ်ရမယ်။ အခုဆိုရင် ကျနော်တို့ ဘဏ်တွေနဲ့ လုပ်ဖို့ Plan လုပ်နေတယ်။ ဘဏ်တခုတည်း မှာပဲ အားကိုးလို့ မရဘူး။ Digital Channel တွေ ဆိုတဲ့ Mobile Wallet တွေပါလာပြီ။
အဓိကတော့ ပြည်သူတွေ ဒီအာမခံ ကို လွယ်လွယ်ကူကူ ကြည့်လို့ရမယ်။ ရှာဖွေလို့ရမယ်။ ဝယ်ယူလို့ရမယ်။ ရိုးလည်း ရိုး ရှင်းတယ်။ သူတို့အတွက် လိုအပ်ချက် Value အနေနဲ့လည်း ပြည်သူလူထုအတွက် ရှိတယ်ဆိုလို့ရှိရင် တဖြည်းဖြည်းနဲ့ Awareness လည်း တက်လာမယ်။ တဖြည်းဖြည်းနဲ့ သုံးစွဲမှုလည်း တက်လာမယ်လို့ ယူဆရပါတယ်။
မေး။ ။ အာမခံလုပ်ငန်း ဝန်ဆောင်မှုတွေကို ပြည်သူတဦးချင်းဆီက သုံးစွဲလာဖို့အတွက် ဘယ်လို တိုက်တွန်းချင်ပါသလဲ။
ဖြေ။ ။ အာမခံဆိုတဲ့ အရာတခုကို အားလုံးနားလည်ဖို့ လိုတယ်။ ကျနော်တို့ဆီမှာ ရှိတဲ့ အဓိက တာဝန်ကတော့ ပြည်သူ လူထုကို အာမခံရဲ့ အကျိုးကျေးဇူးကို ချပြနိုင်ဖို့ လိုလိမ့်မယ်။ ဒုတိယ တခုက လွယ်ကူရိုးရှင်းစွာ ဝယ်လို့ရတဲ့ Channel တွေ ဖောက်ပေးဖို့ လိုလိမ့်မယ်။ တတိယတခုက တပြိုင်တည်း အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့နဲ့ ပေါင်းပြီးတော့ လူထုကို ပေး နိုင်တဲ့ Awareness ဥပမာဆိုရင် လူတိုင်းနဲ့ ထိတွေ့နိုင်တဲ့ ဝန်ဆောင်မှုက ကျန်းမာရေး အာမခံပဲ။
ကျန်းမာရေးဆိုတဲ့ အရာတခုက ဘယ်လိုမှ မှန်းဆနိုင်တာ မဟုတ်ဘူး။ အချိန်မရွေး မကျန်းမာမှုတွေ၊ ထိခိုက်မှုတွေ ရလာ နိုင်တယ်။ ကျန်းမာရေး ဝန်ဆောင်မှုတွေ အနေနဲ့လည်း ဆေးရုံ၊ ဆေးခန်း သွားပြမယ်ဆိုရင် ကုန်ကျစရိတ်တွေ များလာနိုင် တယ်။
ပြည်သူလူထုကို ကျန်းမာရေး အာမခံထားသောအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ပြမယ်ဆိုရင် ကောင်း လာမယ်။ ကျနော်တို့အနနဲ့ အဲဒီလို ချပြနိုင်တယ်။ မိုဘိုင်း ပလက်ဖောင်းကနေ လွယ်ကူရိုးရှင်းစွာ အာမခံကို ပြည်သူလူထု အနေနဲ့ ဝယ်ယူနိုင်မယ်ဆိုရင် ဒါက အာမခံရဲ့ Reputation ကို တက်လာနိုင်မယ့် နည်းလမ်း တလမ်းလို့ ယူဆပါတယ်။
ယခုဖော်ပြသည့် အင်တာဗျူးကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
ဆက်စပ်ဖတ်ရှုရန်
ပြည်တွင်း အာမခံလုပ်ငန်းတွင် ဂျပန်ကုမ္ပဏီ အများဆုံး ဝင်ရောက်
မြန်မာ့ အသက်အာမခံကဏ္ဍ တိုးတက်ရန် နိုင်ငံခြား စီးပွားရေးမိတ်ဖက်များ အသင့်ဖြစ်နေ