• English
Thursday, December 7, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

        စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

        စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

        စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

        ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

        ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

        စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

        စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          ညီလာခံဖြစ်စေချင်ပါတယ်၊ တက်လည်းတက်မှာပါ

          by ဇင်လင်းထက်
          31 July 2020
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း  / ဧရာဝတီ

          KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း / ဧရာဝတီ

          7.7k
          VIEWS
          Share on FacebookShare on Twitter

          ကရင် အမျိုးသားအစည်းအရုံး (KNU) ဟာ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ထဲမှာ စစ်ရေး၊ နိုင်ငံရေး သြဇာအကြီးဆုံး အဖွဲ့ဖြစ်ပါတယ်။

          အပစ်ရပ်ထားပေမယ့်လည်း KNU တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ ဒေသတွေမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ မကြာခနဖြစ်ပွားမှုတွေ ရှိနေသလို အစိုးရက နေပြည်တော်မှာ မကြာခင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို တက်မယ် မတက်ဘူးဆိုတဲ့ အပေါ်မှာလည်း လူထုက သိချင်နေကြပါတယ်။

          RelatedPosts

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          4 December 2023
          7.5k
          စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

          စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

          4 December 2023
          1.7k
          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 December 2023
          12.8k

          ဒါ့အပြင် အစိုးရက မကြာခင်ရက်ပိုင်းက အပစ်ရပ်အဖွဲ့တွေကို ကိုဗစ်ကာလ ထောက်ပံ့ငွေ အသီးသီးပေးအပ် ခဲ့တဲ့ကိစ္စ၊ လက်တလော KNU လှုပ်ရှားနယ်မြေထဲမှာ ဖြစ်ပွားသွားတဲ့ ဆန္ဒပြပွဲနဲ့ ကရင်ပြည်နယ်ထဲက လူပြောများနေတဲ့ တရုတ်စီမံကိန်း ပြဿနာတွေကလည်း အများစိတ်ဝင်စားစရာဖြစ်ပါတယ်။

          ဒီလိုအကြောင်းအရာတွေ အပါအဝင် လတ်တလော KNU နဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သဘောထား သိရှိနိုင်ဖို့ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကို ဧရာဝတီ သတင်းထောက် ဇင်လင်းထက်က ဆက်သွယ်မေးမြန်းထားပါတယ်။

          မေး ။ ။ ဇူလိုင်လ ၂၄ ရက် ရက်စွဲနဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်တဲ့ကာလအတွင်းမှာ NCA လက်မှတ်ထိုးထားတဲ့ EAO တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေစားဝတ်နေရေးအတွက် အစိုးရက ထောက်ပံ့တဲ့ ငွေကြေးစာရင်းကို ကျနော်တို့ ရတယ်။ ကျနော်တို့ မရသေးတာက RCSS နဲ့ KNU ထောက်ပံ့ကြေးဘယ်လောက်အထိ ရတယ်ဆိုတာပါ။ ဆရာတို့ KNU အနေနဲ့ ဘယ်လောက်အထိ လက်ခံရရှိတယ်ဆိုတာ သိပါရစေ။

          ဖြေ ။ ။ ကျနော်တို့ အဖွဲ့အစည်းက ဒီအကူအညီကို လက်ခံဖို့ အစီအစဉ်မရှိတဲ့အတွက် ကျနော်တို့ ကိုယ်စားလှယ်က လက်မခံလိုက်ဘူးဗျ။ တခြားအဖွဲ့အစည်းတွေ ရတာတော့ သိလိုက်ပါတယ်။ ဒီလိုထောက်ပံ့မယ်ဆိုတာ ကျနော်တို့ မသိလိုက်တဲ့အပေါ်မှာ။ ကျနော်တို့ ကိုယ်စားလှယ်က မဆွေးနွေးလိုက်တဲ့အပေါ်မှာ။ လက်မခံသေးဘူးလို့ပဲ ပြောရမှာပေါ့။

          မေး ။ ။ ငွေလွှဲပေးလိုက်တာ ဆရာတို့ဆီကို မရှိဘူးပေါ့။

          ဖြေ ။ ။ မရှိပါဘူး။ ကျနော်တို့လည်း လွှဲတယ်ဆိုရင် အဲဒီမှာ ကိုယ်စားလှယ်တွေပါတာကိုး။ ကျနော်တို့ အခု NCA အကောင်အထည်ဖော်မှု ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့မှာ ကျနော်တို့ ကိုယ်စားလှယ်ပါတယ်လေ။ တရားဝင်ကျတော့ ကျနော်တို့ ဒီဘက်က ကြိုလည်းမသိဘူး။ ဒါကြောင့် ဆွေးနွေးထားမှုလည်းမရှိဘူး။ အဲဒီတော့ ငွေလည်း လက်မခံဖြစ်ပါဘူး။

          မေး ။ ။ နောက်ထပ်မေးချင်တာက ပင်လုံနဲ့ ပတ်သက်တဲ့ကိစ္စပါ။ ၂၁ ပင်လုံကိစ္စ ဆရာတို့ ကိုယ်စားလှယ်တွေ ရန်ကုန်မှာ လာဆွေးနွေးတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒါက NCA ထိုးတဲ့ အဖွဲ့တွေကိုပဲ ကိုယ်စားပြု ဆွေးနွေးတာဖြစ်တော့ ဆရာတို့ KNU တဖွဲ့တည်းရဲ့ သဘောထားကို မသိရဘူးပေါ့။ ဆိုတော့ နံပါတ် ၁ မေးချင်တာက KNU အနေနဲ့ ပင်လုံညီလာခံကို တက်ဖြစ်မတက်ဖြစ်ပေါ့။ ဒုတိယက ဒီအစည်းအဝေးကနေ ဆရာတို့ဘာတွေမျှော်လင့်လဲပေါ့။

          ဖြေ ။ ။ ကျနော်တို့ကတော့ အခုလာမယ့် ၂၁ ရာစုငြိမ်းချမ်းရေး ညီလာခံ တတိယ ပင်လုံအစည်းအဝေးကို ဖြစ်မြောက်စေချင်တယ်။ ဖြစ်စေချင်တယ်ဆိုတာက ဒီလိုပါ။ ကျနော်တို့ မူလကတည်းကိုက JICM ရှစ်ကြိမ်မြောက်အစည်းအဝေးပေါ့။ ဇန်နဝါရီလ ၈ ရက်မှာ လုပ်တဲ့အစည်းအဝေးပွဲမှာ လည်းပြောခဲ့ပါတယ်။ ဒီကြားထဲမှာ ညှိနေတာတွေက နိုင်ငံရေးဆွေးနွေးမှုက ပြီးပြတ်မှုမရှိသေးပေမယ့်လည်း ၂၀၂၀ အလွန်မှာ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း တက်လာတဲ့အစိုးရသစ်မှာလည်း NCA လမ်းကြောင်းအပေါ် အခြေခံပြီး ဆက်သွားနိုင်ဖို့အတွက် ကျနော်တို့ လိုလားတယ်။ အဲဒီလို ဆွေးနွေးနိုင်ဖို့အတွက် အခုထိ ငြိမ်းချမ်းရေးညီလာခံမှာ ကျနော်တို့ ပြင်ဆင်ထားတဲ့ ပြည်ထောင်စု သဘောတူ စာချုပ်အပေါ်မှာ မူတည်တယ်။

          ဒီပြည်ထောင်စု သဘောတူစာချုပ်ကလည်း အစိုးရ၊ တပ်မတော်နဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ ညှိနှိုင်းတာ ။ မနေ့က အထိတော့ မပြီးပြတ်သေးဘူးပြောတယ်။ ကျနော်တို့ ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုနိုင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်သွားနိုင်တာရှိမယ်။ အဲဒီသဘောတူစာချုပ်ထဲမှာ အပိုင်း ၃ ပိုင်းပါမှာပေါ့။

          တပိုင်းကတော့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ဆိုတဲ့ သဘောတူညီချက် ၁ ချက်ရှိမယ်။ နောက်တချက်က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဒါတွေလည်း သဘောတူညီမှုရှိမယ်။ ၃ က ကျနော်တို့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်လို့ရှိရင် လမ်းညွှန်အခြေခံတွေပေါ့။

          ဒီအချက် ၃ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်အနေနဲ့ ချုပ်ဆိုနိုင်ဖို့ ကျနော်တို့ ကတော့ ညှိနေတာပေါ့။ ကျနော်တို့ကတော့ ဖြစ်စေချင်ပါတယ်။ ညှိနှိုင်းမှုရဲ့အဖြေရလဒ်အပေါ်မှာ ကျနော်တို့က ရလဒ်ကောင်းတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတခုဖြစ်သွားနိုင်ဖို့ ကျနော်တို့လိုလားတယ်။ ကျနော်တို့ KNU အနေနဲ့ကလည်း တဖွဲ့တည်းမဟုတ်ဘဲ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

          မေး ။ ။ ကျနော်တို့ကြားရတာက KNU အဖွဲ့ထဲမှာ ပင်လုံတက်ဖြစ်၊ မတက်ဖြစ်သဘောထားကွဲနေတယ် ဆိုတာပါ။ အဲဒါကြောင့် ဆရာတို့ကို ပင်လုံညီလာခံတက်ဖြစ်၊ မတက်ဖြစ်မေးကြည့်ရတာပါ။ အဲဒါကြောင့် ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပြပေးနိုင်မလားဗျ။

          ဖြေ ။ ။ ကျနော်တို့ အဖွဲ့အစည်းထဲမှာတော့ အဲဒီလို မတက်ဘူးဆိုတဲ့ ဆွေးနွေးချက်မျိုး ကျနော်တော့ တခါမှ မကြားမိဖူးဘူး။ သိလည်း မသိဘူး။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပိုပြီး ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ဒါကို တက်မယ်။ သို့သော်လည်းပဲ ညှိနှိုင်းမှုတွေ အပေါ်မှာတော့ မူတည်တာပေါ့နော်။

          ညှိနှိုင်းမှုတွေ အောင်မြင်မှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်သွားနိုင်မယ့် အာမခံချက် တစုံတရာ ရှိလာမှာကိုး။ ဒါကြောင့် ညီလာခံဖြစ်စေချင်ပါတယ်။ တက်လည်းတက်မှာပါ။

          မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆိုရင် KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် KNU က ထွက်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းတွေကြားပါတယ်။ တချို့တွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး KNU အဖွဲ့ထဲမှာ ပြဿနာတစုံတရာရှိလို့ နှုတ်ထွက်လိုက်တာလားလို့ မေးခွန်းထုတ်ကြတာရှိတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများပြောနိုင်မလဲ။

          ဖြေ ။ ။ နံပါတ် ၁ အချက် အဖွဲ့အစည်းထဲမှာ ဘာပြဿနာမှလည်း မဖြစ်ဘူး။ အဖွဲ့အစည်းရဲ့ အစီအစဉ်လည်းမဟုတ်ဘူး။ သူကတော့ ဧရာဝတီတိုင်းသား တယောက်ဖြစ်တယ်။ ကရင့်အမျိုးသားရေးလှုပ်ရှားမှုကို ဆောင်ရွက်တဲ့ကာလက ဒီစစ်တိုင်းမှာ နှစ်ပေါင်း ၅၀ လောက် အမျိုးသားအရေးကို ဆောင်ရွက်ခဲ့တယ်။ အခု ကျနော်တို့အဖွဲ့အစည်း NCA ထိုးလာပြီးတဲ့နောက်ပိုင်း ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာ မူတည်ပြီးတော့ သူက ပြည်တွင်းမှာ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်နိုင်တဲ့ အနေအထားရှိတယ်ဆိုပြီးတော့ သူ့ခံယူချက်နဲ့သူ ဒါကို ရွေးချယ်တာဖြစ်တယ်။

          KNU အဖွဲ့ထဲမှာလည်း သူ့ရဲ့ သဘောထား ဆုံးဖြတ်ချက်အရ နှုတ်ထွက်လိုက နှုတ်ထွက်ပိုင်ခွင့်ရှိတယ်။ ဒါကို သူက နှုတ်ထွက်ချင်တယ်လို့ အဖွဲ့အစည်းမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို တင်ပြတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီကလည်း ဒါကို လက်ခံတယ်။ ဒါက သူ့ရွေးချယ်မှု ကျနော်တို့ တားလို့မရဘူး။ ကရင်အမျိုးသားတွေရဲ့ လိုလားချက်၊ ကျနော်တို့နိုင်ငံရေးရဲ့ လိုလားချက် ဒါကို သူသိတဲ့အပေါ်မှာ ရွေးချယ်ပြီးတော့ သူလုပ်ဆောင်တာဖြစ်ပါတယ်။ ဒါက သူ့ဆန္ဒနဲ့သူပဲ။ နိုင်ငံရေးပြောင်းလဲလာတဲ့ အပေါ်မှာ လွှတ်တော်နည်းလမ်းနဲ့ အမျိုးသားအကျိုးအတွက် ဆောင်ရွက်မယ်ဆိုပြီး ဆောင်ရွက်တာဖြစ်တယ်။ အဖွဲ့အစည်းထဲမှာ ကွဲတာလည်းမဟုတ်ဘူး။ သူ့ကိုတာဝန်ပေးတာလည်း မဟုတ်ဘူး။ သူ့ရွေးချယ်မှုသာ ဖြစ်တယ်။

          မေး ။ ။ ရွေးကောက်ပွဲနဲ့ပတ်သက်ရင် တချို့သော EAO အဖွဲ့တွေက ရွေးကောက်ပွဲကို မနှောင့်ယှက်ဘူး ကျင်းပနိုင်တယ်လို့ ဆိုကြတာလည်းရှိပါတယ်။ KNU ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။

          ဖြေ ။ ။ ကျနော်တို့ကလည်း ဒီမိုကရေစီအခြေခံတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ ရွေးကောက်ပွဲက အရေးကြီးတယ်ဆိုတာကို ကျနော်တို့ လက်ခံပါတယ်။ သို့သော်လည်းပဲ တချို့ဒေသမှာက ကျနော်တို့ အခုလို ကြားကာလပဲပြောရမှာပေါ့။ တချို့ဒေသမှာ ကျနော်တို့ ပြည်သူအချို့ကလည်း အမျိုးသားမှတ်ပုံတင်မရသေးတဲ့ အပေါ်မှာ မဲပေးနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး။ သို့သော်လည်း လုပ်နိုင်တဲ့နေရာ လုပ်တဲ့အပေါ်တော့ ကျနော်တို့ ဘာမှ ကန့်ကွက်ဖို့လည်းမရှိဘူး။

          အခုက ရွေးကောက်ပွဲက ပြိုင်ဆိုင်မှုပြင်းထန်တော့ ပြောကြဆိုကြလည်း ရှိတာပေါ့။ ဒါတွေက မလုပ်သင့်ဘူးလေ။ ဒါက ပြည်သူက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေပဲ။ သူတို့ ပြည်သူအတွက် ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုတဲ့ အပေါ်မှာမူတည်တာပေါ့။ သူတို့ လုပ်နိုင်တဲ့ဒေသမှာလုပ်တာက ကျနော်တို့ တားဆီးဖို့လည်း မရှိပါဘူး။

          မေး ။ ။ နောက်ထပ်ကြားရတဲ့ သတင်းတွေရှိတယ်။ KNU က ကရင်ပါတီတွေကို ဝန်းရံမယ်ဆိုတာပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း သိချင်ပါတယ်။

          ဖြေ ။ ။ ဒါကတော့ ကိုယ့်အမျိုးသားနိုင်ငံရေးပါတီကို ကိုယ်က အနိုင်ရစေချင်တာပေါ့ဗျာ။ သို့သော်လည်း အဆုံးအဖြတ်အရ ကျနော်တို့ ဘယ်လိုဝန်းရံမလဲ။ တကယ်က ရွေးကောက်ပွဲမှာ ဘယ်လို မဲပေးပိုင်ခွင့်ရသလဲဆိုတဲ့ အပေါ်မှာလည်း မူတည်တာကိုး။ ဘယ်ပါတီက ဘယ်လောက်ပဲ ကောင်းကောင်း ရွေးချယ်မှုအပေါ်မှာမူတည်တယ်။ ပြည်သူတွေအတွက် ဘယ်လောက်အထိ ပေးဆပ်မှု၊ စွန့်လွှတ်မှုရှိသလဲဆိုတဲ့ အပေါ်လည်း မူတည်တယ်။

          မေး ။ ။ ဒီရက်ပိုင်းမှာ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ ဒေသခံတွေ ဆန္ဒပြနေတာတွေ့ပါတယ်။ ကရင်အမျိုးသမီး နော်မုနော် ပစ်သတ်ခံတဲ့ ကိစ္စကို မကျေနပ်တာပါတယ်။ တပ်မတော်ဘက်က တပ်စခန်းတွေ ရုတ်သိမ်းပေးဖို့တောင်းဆိုတာလည်း ပါတယ်။ ဒီကိစ္စအပေါ်ရော ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ နောက်တချက်က ဆန္ဒပြပွဲမှာ KNU အနေနဲ့ ပါဝင်ခြင်းရှိမရှိပေါ့။ အဲဒါရော ဘာများပြောနိုင်မလဲ။

          ဖြေ ။ ။ ဖြစ်ရတဲ့အကြောင်းအရင်းက လူထုတွေနေတဲ့ ကျေးရွာ အတွင်းပဲဖြစ်ဖြစ်။ အနီးအနားမှာပဲ ဖြစ်ဖြစ် စစ်တပ်စခန်းတွေ ထားခြင်းအားဖြင့် ဒီလို ပြဿနာမျိုးဟာ ဖြစ်တတ်တယ်ဆိုတာ ကျနော်တို့သိတယ်။ NCA ထဲမှာလည်း အဲဒါ ပြဌာန်းထားတယ်။ ဒီလိုဖြစ်လာတဲ့အပေါ်မှာ လူထုတွေ ဒီလိုခံစားလာရတဲ့အပေါ်မှာ ပြည်သူလူထုတွေက သူတို့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ ကျနော်တို့ ဒီကိစ္စကိုလည်း လွန်ခဲ့တဲ့ အချိန်တုန်းက သက်ဆိုင်ရာ တပ်မတော် တာဝန်ရှိသူတွေကို ဆွေးနွေးခဲ့ပါတယ်။ NCA မှာပြဌာန်းထားတဲ့အတိုင်း အကောင်အထည်ဖော်ဖို့ပေါ့။

          လက်တွေ့မှာတော့ အခုလို မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်လာတယ်။ ဒါတွေကလည်း ဖြစ်တတ်တယ်ဆိုတာ ကျနော်တို့က နဂိုကတည်းက သိထားပြီးပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရဲဘော်ဆိုတာက သေနတ်ကိုင်ထားတယ်။ တခါတလေမှာ မလိုအပ်ဘဲနဲ့ အဲလိုဖြစ်သွားရင် ပိုအရုပ်ဆိုးတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ အချိန်မှာ ယုံကြည်မှုက အရေးကြီးတာကိုး။ မယုံကြည်မှုက များလာပြီး ဒီလိုဖြစ်လာတဲ့အပေါ်မှာ လူထုတွေက ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်။

          NCA စာချုပ်ရဲ့ အခန်း (၃) မှာဆိုရင်လည်း ပြည်သူလူထု ၊ အရပ်သားတွေကို အကာအကွယ်ပေးရေးဆိုတဲ့ အဲဒီကိစ္စတွေကိုလည်းပါဝင်ပါတယ်။ ဒါတွေကို အကာအကွယ်ပေးရင် လူထုအနေနဲ့ ယုံကြည်မှုတက်လာမှာလည်း ဖြစ်ပါတယ်။

          KNU ပါဝင်ခြင်းရှိမရှိဆိုတာက ကျနော်တို့က နဂိုကတည်းကိုက လူထုကို အကာအကွယ်ပေးဖို့အတွက် နဂိုကတည်းက သဘောထားရှိတာဖြစ်တယ်။ ဒါက ပြည်သူလူထုအနေနဲ့ သူတို့ အစီအစဉ်နဲ့ သူတို့လုပ်တာဖြစ်ပါတယ်။

          မေး ။ ။ ဒါဆိုရင် KNU ဘက်က ဆန္ဒပြပွဲဖြစ်မြောက်အောင် ဝင်ပြီးလုပ်ပေးတာ မရှိဘူးလို့ ပြောလို့ရနိုင်မလား။

          ဖြေ ။ ။ ကိုယ့်အမျိုးသားတွေ ဦးဆောင်တာဆိုတော့ ခရိုင်အဆင့်တို့၊ မြို့နယ် အဆင့်တို့ ကျေးရွာအဆင့်တို့ဆိုတော့ သူတို့ ပါဝင်မှု အတိုင်းအတာတော့ရှိမှာပေါ့ဗျာ။ ဒါက ပြည်သူလူထုက သူတို့ခံစားချက်နဲ့ သူတို့ ဦးဆောင်ပြီး လုပ်တာဖြစ်တယ်။ ကျနော်တို့ ဗဟိုကတော့ တိုက်ရိုက်တော့ ဒါလုပ်ပါ။ ဒီလိုလုပ်ပါ။ ညွှန်ကြားချက်ထုတ်တာတော့မရှိပါဘူး။

          သို့သော်လည်း NCA မှာ ပြဌာန်းပြီး ဖြစ်တယ်လို့ ပြောချင်တယ်။ NCA ကို အကောင်အထည်ဖော်မှုပဲ လို့ ပြောချင်တယ်။

          မေး ။ ။ ကရင်ပြည်နယ်ထဲက မန်ထော်တလေး အရပ်မှာ တရုတ်စီမံကိန်း ပရောဂျက်တခုရှိပါတယ်။ အဲဒီပရောဂျက်မှာ KNU ကာကွယ်ရေးအကြီးအကဲ စောရော်ဂျာခင် ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။ ဒါက KNU အနေနဲ့ ပါဝင်ပတ်သက်တာလား။ တဦးတယောက်တည်းရဲ့ ပတ်သက်မှုလား။

          ဖြေ ။ ။ ကျနော်တို့ အနေနဲ့ပြောနိုင်တာက အဖွဲ့အစည်းအနေနဲ့ ဘာမှ ပတ်သက်မှု မရှိဘူး။ ကျနော်တို့အဖွဲ့အစည်းအနေနဲ့လုပ်တာလည်း မဟုတ်ဘူး။ တသီးတယောက်ကနေပြီးတော့မှ ပါဝင်ပတ်သက်မှုသာဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း ကျနော်တို့က သဘောထား ကျနော်တို့ အဖွဲ့အစည်းအတွင်းမှာ ဆွေးနွေးပြီးပြီ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်က ဒါက အဖွဲ့အစည်းနဲ့ မဆိုင်ဘူး။ ဒီနေရာမှာ တိုက်ရိုက် KNU ကပါဝင်တာလည်းမဟုတ်ဘူး။ ဒါက ရင်းနှီးမှုတခုမှာ အသိအနေနဲ့ သွားပြီးတက်ရောက်တာဖြစ်ပါတယ်။

          မေး ။ ။ အခုဆိုရင် ကရင်ပြည်နယ်ထဲကို တရုတ်စီးပွားရေးလုပ်ငန်းတွေ ဝင်နေတာရှိတယ်။ တချို့ ကာစီနိုလုပ်ငန်းတွေ၊ ရွှေကုက္ကိုလ်မြို့သစ်လို စီမံကိန်းတွေပေါ့။ ဒါကတော့ ဆရာတို့နဲ့ တိုက်ရိုက်တော့ မဆိုင်ပါဘူး။ ဒါပေမယ့် ဒီလို တရုတ်စီမံကိန်းတွေ ကရင်ပြည်နယ်ထဲ ဝင်လုပ်နေတဲ့အပေါ်မှာ KNU ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

          ဖြေ ။ ။ တဖက်ကတော့ ကျနော်တို့ ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုတော့ လိုလားတာပေါ့။ ဒေသခံပြည်သူလူထု၊ ကျနော်တို့ ကရင် လူထု အလုပ်အကိုင်မရှိတဲ့အပေါ်မှာ အိမ်နီးချင်းနိုင်ငံထွက်ပြီး အလုပ်လုပ်နေရတာကိုး။ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လုပ်သင့်လုပ်ထိုက်တဲ့ စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်သင့်တာပေါ့။ တရုတ်လုပ်တာက တကယ်လို့ နည်းမှန် ၊ လမ်းမှန်ဆိုရင်တော့ လူထုအတွက် အကျိုးရှိမယ်ဆိုရင်တော့ ကန့်ကွက်စရာမရှိပါဘူး။

          သို့သော်လည်း အခုလုပ်နေတာတွေက ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့က အဖွဲ့အစည်းအတွင်းမှာ လက်ခံထားတဲ့အနေအထားမရှိဘူး။ သဘောထားက အဲဒီလိုဆိုတော့ ပတ်သက်မှုတော့ မရှိဘူးပေါ့။ သို့သော်လည်းပဲ ဆက်စပ်မှုတော့ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကလည်း တရားဝင် ခွင့်ပြုပေးထားတဲ့အတိုင်းအတာမှာရှိတယ်။

          အိမ်နီးချင်းနိုင်ငံနဲ့လည်း နားလည်မှုမရှိဘူးဆိုရင် သူတို့ အကောင်အထည်ဖော်ဖို့ ခက်ခဲမယ်ထင်တယ်။ ဒါက ပတ်သက်မှုက အတိုင်းအတာတော့နဲနဲရှိတာပေါ့။

          မေး ။ ။ ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်မှာ တရုတ်သံအမတ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံတဲ့အချိန်မှာ တရုတ်သံအမတ်ကလည်း ပြောသွားတယ်။ တရုတ်စစ်သံမှူးကလည်း ပြောသွားတယ်။ ကရင်ပြည်နယ်မှာလုပ်နေတဲ့ တရုတ်စီမံကိန်းတွေက OBOR ပရောဂျက်နဲ့ မပတ်သက်ဘူးလို့ပြောသွားတယ်။ ဆိုတော့ မေးချင်တာက ဒီတရုတ်စီမံကိန်းတွေနဲ့ပတ်သက်ရင် ဆရာတို့ KNU အနေနဲ့က သတိကြီးကြီး ထားတဲ့အနေအထားရောရှိရဲ့လား။

          ဖြေ ။ ။ တဖက်ကလည်း ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်တာပေါ့ဗျာ။ သို့သော်လည်း တရုတ်အစိုးရနဲ့ ပတ်သက်သလား။ မပတ်သက်သလားဆိုတာက နိုင်ငံတော်အစိုးရက ပိုသိမှာပေါ့။ ခုနက ကျနော်တို့ ပြောနေတဲ့ ရွှေကုက္ကိုလ်လို ကိစ္စမျိုးက MIC က နေခွင့်ပြုထားတဲ့ လုပ်ငန်းတခုပေါ့။ စီမံကိန်းတခုပေါ့။ တခြားဒေသမှာလည်း တရုတ်က လုပ်တဲ့ စီမံကိန်းတွေအများကြီးရှိပါတယ်။ OBOR နဲ့ မပတ်သက်တာတွေအများကြီးရှိပါတယ်။ ဒါတွေ ကတော့ ကျနော်တို့ မပတ်သက်တဲ့အပေါ်မှာ ကျန်တဲ့ဟာတွေကလည်း ကျနော်တို့ နိုင်ငံအတွက် ကျနော်တို့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင်တော့ လုပ်သင့်ပါတယ်။ သို့သော်လည်း ဒါက သတိကြီးကြီးတော့ ထားရမှာပေါ့။

          You may also like these stories:

          နိုင်ငံရေး ဆွေးနွေးပွဲများ ပြန်စလိုကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကြေညာ

          ဖက်ဒရယ်မူ ဘုံသဘောထားရရှိရေး လက်နက်ကိုင် ၁၂ ဖွဲ့ဆွေးနွေး

          Your Thoughts …
          Tags: ၂၁ ပင်လုံKNU
          ဇင်လင်းထက်

          ဇင်လင်းထက်

          ဧရာဝတီ

          Similar Picks:

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          by ဧရာဝတီ
          4 December 2023
          35.9k

          ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

          ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

          ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

          by ဧရာဝတီ
          27 August 2023
          19.2k

          တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          by ဧရာဝတီ
          18 November 2023
          13k

          လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

          စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

          စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

          by ဧရာဝတီ
          22 September 2023
          12.6k

          ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          by Matthew B. Arnold
          20 November 2023
          11.9k

          ၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

          “သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

          “သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

          by Bertil Lintner
          22 July 2023
          10.6k

          တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

          Next Post
          ဧရာဝတီတိုင်း ဟင်္သတာမြို့နယ် ရေတိုက်စားမှုကို ကာကွယ်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဌာမှ အင်းမပန်းတာ၊ ဦးမိုးလေးဖြတ်တာ (၁) ၊ ဖြတ်တာ(၂)နှင့် ဖြတ်တာ(၃) တို့ကို နှစ်ဆန်းပိုင်းက တည်ဆောက်ထားသည်  / MOI

          ဟင်္သာတ၌ ရေကာတာအဟောင်း ပြိုကျ၍ အိမ် ၈၀ကျော် အရေးပေါ် ပြောင်းရွှေ့ရ

          ကိုဗစ်ရောဂါကြောင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ မပိတ်မီ မတ်လအတွင်း မြင်တွေ့ရသော ရန်ကုန်လေဆိပ်ရှိ လေကြောင်းလိုင်း ကောင်တာတခု  / ဧရာဝတီ

          မြန်မာနိုင်ငံသားများ အရေးပေါ်ကိစ္စရှိလျှင် နိုင်ငံခြားပေးထွက်မည်

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          4 days ago
          12.8k
          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          1 day ago
          11.8k

          Most Read

          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved