• English
Wednesday, September 27, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

        ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

        တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

        တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

        ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

        ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

        အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

        အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

        ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

        ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

        တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

        တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

        အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

        အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

        အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

        အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

        စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

        စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေချင်ရင် မဲစာရင်း ပါ၊ မပါ သွားကြည့်ပါ

          by မင်းအောင်ခိုင်
          11 August 2020
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ( ခွဲ ) မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ် /  မင်းအောင်ခိုင် / ဧရာဝတီ

          ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ( ခွဲ ) မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ် / မင်းအောင်ခိုင် / ဧရာဝတီ

          6.5k
          VIEWS
          Share on FacebookShare on Twitter

          လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပရန် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ ထားပြီးသော်လည်း စစ်ရေးပဋိပက္ခ ပြင်းထန်နေသော ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များရှိ ပြည်သူအများစုမှာ စစ်ဘေး သင့်နေသဖြင့် ရွေးကောက်ပွဲထက် မိမိအသက်ရှင် ရပ်တည်ရေးအတွက်ကိုသာ လုံးပန်းနေကြရသည်။

          နယ်မြေလုံခြုံရေးကြောင့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း ကျေးရွာ အုပ်စု ၁၅ အုပ်စုတွင် မဲစာရင်းများ မကပ်နိုင် သည့်အတွက် မဲပေးခွင့် ဆုံးရှုံးနိုင်သည့် အခြေအနေရှိသလို ရခိုင်မြာက်ပိုင်းမြို့နယ်များ၌ လာမည့်ရွေးကောက်ပွဲသည်ပင် ကျင်းပနိုင်ခြေ ရှိ၊ မရှိ ဆိုသည်ကို ကံသေကံမ မပြောနိုင်ကြဘဲ အားလုံး က စိတ်ဝင်တစား စောင့်ကြည့် နေကြရသည်။

          RelatedPosts

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          16 September 2023
          3.2k
          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          13 September 2023
          10.1k
          လွန်ခဲ့တဲ့ ၈၈နှစ်က စာရေးဆရာ ဂျော်လီစိန်ကို ရှာနေတဲ့ ထိုင်းသုတေသီ

          လွန်ခဲ့တဲ့ ၈၈နှစ်က စာရေးဆရာ ဂျော်လီစိန်ကို ရှာနေတဲ့ ထိုင်းသုတေသီ

          3 September 2023
          2k

          သို့သော်လည်း ရခိုင်နိုင်ငံရေးပါတီ အချင်းချင်းကြားတွင်တော့ ရွေးကောက်ပွဲနီး လာသည်နှင့်အမျှ တဖက်နှင့် တဖက် ထိုးနှက် တိုက်ခိုက်မှုများကို မြင်တွေ့လာရပြီး ပြည်နယ်အတွင်း အင်းအားကြီးပါတီ တခုဖြစ်သည့် ANP ပါတီမှ နုတ်ထွက် ထားသည့် လွှတ်တော်ကိုယ်စားလှယ်များမှာလည်း လက်ရှိပါတီမှ နုတ်ထွက်ခွင့်မပြုသည့်အတွက် နိုင်ငံရေး ပါတီများ မှတ်ပုံတင် ခြင်း ဥပဒေအရ တခြားပါတီတခု ဝင်ရောက်ယှဉ်ပြိုင်ရန် ကန့်သတ်မှု ရှိနေသည်။

          ထိုသို့သော စစ်ရေး၊ နိုင်ငံရေး ရှုပ်ထွေးနေသည့် ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေနှင့် ပတ် သက်ပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ( ခွဲ )မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ် အား ဧရာဝတီသတင်းဌာနမှ အကြီး တန်း သတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

          မေး။ ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေကို သိပါရစေ။

          ဖြေ။ ။ လက်ရှိကတော့ မဲစာရင်းကပ်ပြီး ကြေညာတာတွေ လုပ်ထားတာရှိပါတယ်။ ပြီးရင် မဲစာရင်းမှာ မပါတဲ့လူတွေက လျှောက်ပေါ့ဗျာ။ မပါသင့်တဲ့လူတွေ ပါရင် ကန့်ကွက်ပေါ့။ တကယ်လို့ အမည်စာရင်းတွေမှာ မှတ်ပုံတင်မှာ အချက်အလက် တွေ မှားတာတို့ အဖေ၊ အမေ နာမည်မှားတာတို့ မွေးသက္ကရာဇ် မှားတာတို့ ရှိရင်ပြန်ပြင်ပေါ့ ။ အဲဒါတွေကတော့ ကျနော်တို့ တောက်လျှောက် လုပ်နေတယ်။ ပြီးရင် ခရိုင်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လက်ခံတဲ့အပိုင်းပေါ့။

          မေး။ ။ မဲစာရင်း အမှား အမှန် ဖြစ်ပေါ်တဲ့ ကိစ္စအပေါ် ဘယ်နှစ်ရက်လောက် သတ်မှတ်ထားလဲ။

          ဖြေ။ ။ ကျနော်တို့ကတော့ ဒီလ ၇ ရက်နေ့ထိ ကပ်ထားကြေညာပေးပါမယ်။ အဲဒါမှ တခုရှိတာက ကျနော်တို့ ၁၄ ရက်ထိ ကပ်ထားတဲ့ အထဲမှာ လူတွေက လာကြည့်တာ သိပ်မရှိဘူး။ အဲဒီတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က နောက်ဆုံး တပတ် အချိန် ထပ်ပေးထားတယ်။

          မေး။ ။ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပါတီ ဘယ်နှစ်ပါတီလောက် ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတာရှိလဲ။

          ကျနော်တို့ဆီမှာ ကိုယ်စားလှယ်လောင်း တင်သွင်းတဲ့အခါ ပါတီ ၁၃ ပါတီ တင်သွင်းထားတာတော့ တွေ့ရတယ်။

          မေး။ ။ ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းထားတာက အရေအတွက် ဘယ်လောက်ရှိလဲ။

          ဖြေ။ ။ ပြည်သူ့လွှတ်တော်နေရာ၊ အမျိုးသားလွှတ်တော်နေရာ၊ ပြည်နယ်လွှတ်တော်နေရာ ကိုယ်စားလှယ်လောင်း အား လုံး စုစုပေါင်း ၃၈၆ ဦးရှိပါတယ်။ အဲဒီအထဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းက ၄၂ ယောက်ပါတယ်။ ပြီးတော့ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ၉ ဦး ရှိပါတယ်။

          မေး။ ။ စစ်ဘေးရှောင်စခန်းတွေမှာ ရှိတဲ့ လူတွေရဲ့ မဲစာရင်းတွေကိုရော ဘယ်လို ပုံစံမျိုး ဆောင်ရွက်ထားတာရှိလဲ ။

          ဖြေ။ ။ ပြည်နယ်အစိုးရ တရားဝင်ဖွင့်လှစ်ထားတဲ့ စခန်းတွေ ဆိုရင်တော့ ကျနော်တို့က လုံခြုံရေးကလည်းကောင်းတယ်။ စခန်းမှာ တာဝန်ခံရှိတယ်။ အုပ်ချုပ်မှုအဖွဲ့ရှိမယ်။ ဘယ်ရွာက ဘယ်နှစ်ယောက် စာရင်းဇယားနဲ့ အတိအကျ ရှိတယ်။ အဲဒီ နေရာတွေ ဆိုရင်တော့ ကျနော်တို့ မဲစာရင်း ကပ်ထားပေးတယ်။

          တခြားသော အစိုးရ အသိအမှတ်မပြုတဲ့ စခန်းတွေလည်း ရှိတယ်။ အဲဒီနေရာကျတော့ ကျနော်တို့ ဘယ်ရွာက ဘယ်နှစ် ယောက် မှန်းလည်း မသိဘူး။ စခန်းတာဝန်ခံတို့ အုပ်ချုပ်မှု အဖွဲ့အစည်းတွေလည်း မရှိတော့ သူတို့နေရာကျတော့ မဲစာရင်း မကပ်နိုင်ဘူးပေါ့။ မဲစာရင်း ကပ်နိုင်တဲ့ တိုက်ပွဲရှောင်စခန်းတွေမှာတော့ ကပ်ပေးတယ်။ တကယ်လို့ ရွာတွေ ပျက်သွားပြီး အဲဒီရွာမှာလည်း မဲစာရင်းကပ်လို့မရဘူး ဆိုရင်တော့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ကြော်ငြာသင်ပုန်းမှာ သေချာလေး ကပ် ပေးထားတယ်။

          မေး။ ။ မဲစာရင်း မကပ်နိုင်တာက နေရာဘယ်နှစ်ခုလောက်ရှိလဲ ။

          ဖြေ။ ။ နယ်မြေလုံခြုံရေး အခြေအနေကြောင့် မဲစာရင်း မကပ်နိုင်တာ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်း ပြား၊ အမ်း မြို့နယ်တွေမှာ ကျေးရွာအုပ်စုပေါင်း ၁၅ အုပ်စုလောက်ရှိတယ်။ အဓိကတော့ အဲဒီမှာ တာဝန်ခံ အုပ်ချုပ်ရေး အဖွဲ့တွေ မရှိဘူး။ ရွာတွေ ပျက်စီးသွားတာတွေရှိတယ်။ တချို့ကလည်း အိမ်တချို့တဝက်ရှိပြီး လူတွေမရှိကြဘူး။ လုံခြုံရေး အခြေအနေကလည်း မကောင်းဘူး။ အဲဒီလို ဖြစ်စဉ်မျိုးတွေကြောင့် အဲဒီ အုပ်စုတွေမှာ မဲစာရင်း မကပ်နိုင်ဘူး။

          ကျောက်တော်မြို့နယ်မှာဆိုရင် တင်းမကျေးရွာအုပ်စု၊ မွန်ထောင့်ကျေးရွာအုပ်စု၊ မီးဝကျေးရွာအုပ်စု၊ မျောက်တောင် ကျေးရွာအုပ်စု၊ လောင်းရှည်ကျေးရွာ အုပ်စုနဲ့ မြောက်ဦးမြို့နယ်နဲ့ အတွင်းမှာဆိုရင် ဘုရားကြီးကျေးရွာအုပ်စု၊ ဘူးရွက် မညိုး ကျေးရွာအုပ်စု၊ ဝေသာလီကျေးရွာအုပ်စ ၊ ဘောင်းဒွတ်ကျေးရွာ အုပ်စုတို့ ဖြစ်တယ်။

          ဘူးသီးတောင်မြို့နယ်အတွင်းမှာဆိုရင်တော့ သရက်ပြင်ကျေးရွာအုပ်စု၊ စံဂိုးတောင် ကျေးရွာအုပ်စု၊ စပါးထား ကျေးရွာ အုပ်စုနဲ့ မင်းပြားမြို့နယ်အတွင်းက အဝ ကျေးရွာအုပ်စု၊ ဖုံသာဝကျေးရွာအုပ်စုနဲ့ အမ်းမြို့နယ်အတွင်း မှာဆိုရင် ဒါးလက် ကျေးရွာ အုပ်စုတို့မှာ မဲစာရင်း မကပ်နိုင်ဘူး။

          မေး။ ။ မဲပေးမယ်ဆိုလို့ ရှိရင် မှတ်ပုံတင်တို့၊ အိမ်ထောင်စုစာရင်းတို့ အထောက်အထားတွေ လိုတယ်၊ တခုရှိတာက ရွာတွေ မီးလောင်သွားတာ။ ရွာတွေ ပျက်စီးပြီးတော့ အိမ်ထောင်စုစာရင်းတို့ မှတ်ပုံတင်လို့ ပျောက်ဆုံး ၊ ပျက်စီး သွားပြီး တော့ ဘာအထောက်အထားမှ မရှိကြဘူး။ လူပဲ ကျန်တာပေါ့။ အဲဒီလိုမျိုး အောက်ခြေမှာ ဖြစ်နေတော့ ဒီကိစ္စ အပေါ်မှာ ဘယ်လို ဆောင်ရွက်သွားမလဲ။

          ဖြေ ။ ။ အဲဒါကိုတော့ ကျနော်တို့ လဝကတို့ ဘာတို့နဲ့ဆောင်ရွက်နေတာ ရှိပါတယ်။ စီမံချက် ချပြီးတော့လေ။ ပျောက်ဆုံး သွားတဲ့ လူတွေအတွက် ဘယ်လို လုပ်မလဲ။ ပျက်စီးသွားတဲ့ လူတွေ အတွက် ဘယ်လို လုပ်မလဲ ဆိုတာ လုပ်နေတာတွေ ရှိပါတယ်။ ဒါတွေကတော့ လဝက အပိုင်းဆိုတော့ သူတို့ပဲ သေချာသိမှာပေါ့။

          မေး။ ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကတော့ အထူးရဲတွေ ခေါ်ယူပြီး မဲရုံ လုံခြုံရေး ဆောင်ရွက်တာ တွေ့ပါ တယ်။ လာမယ့် ရွေးကောက်ပွဲ အဲဒီလိုမျိုး ခေါ်ဖို့ ရှိလား။ နောက်ပြီးတော့ ရွေးကောက်ပွဲအတွက် လုံခြုံရေး ကိစ္စတွေကို ဘယ်လို ဆောင်ရွက်ဖို့ စီစဉ်ထားလဲ။

          ဖြေ။ ။ ဒါတွေကတော့ လုံခြုံရေးအဖွဲ့ အစည်းတွေကို မေးမှရမှာ။ ကျနော်တို့ကတော့ လောလောဆယ် သူတို့နဲ့ ညှိနှိုင်း ဆောင်ရွက်တာမျိုးတွေ မလုပ်သေးဘူး။ မလုပ်သေးဘူး ဆိုတာက ကမ်ပိန်းကာလ အချိန်မှ ကျနော်တို့ စလုပ်လို့ ရ မှာ။ ပြီးရင် ကျနော်တို့က ရွေးကောက်ဆိုင်ရာ လုံခြုံရေး ကော်မတီတို့ ဘာတို့လည်း တရားဝင် ဖွဲ့စည်းထားတာ မရှိသေး ဘူးလေ။ အဲဒီအဖွဲ့တွေ တရားဝင် ဖွဲ့စည်းပြီးတဲ့အခါကျမှ ကျနော်တို့က ညှိနှိုင်းပေါင်းစပ်ပြီးမှ စီမံချက်တွေ ဆွဲကြမှာပေါ့။

          မေး ။ ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရခိုင်တောင်ပိုင်းမြို့နယ်လောက်ပဲ ကျင်းပမည့် အလားအလာ ရှိပြီး မြောက်ပိုင်းမှာ မကျင်းပနိုင်လောက်ဘူးဆိုပြီး ပြောဆိုနေတာရှိပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကရော ဒီလိုကိစ္စတွေ အပေါ် ဘယ်လို ညွန်ကြားထားတာရှိလဲ ။

          ဖြေ ။ ။ အဲဒီလိုမျိုးတော့ မရှိပါဘူး။ ကျနော်တို့ကတော့ ရခိုင် ၁၇ မြို့နယ်လုံး ကျင်းပဖို့ ပြင်ဆင် ဆောင်ရွက်နေတာပဲ ရှိပါ တယ်။ အဲဒီလိုမျိုး ကိစ္စတွေက ကျနော်တို့ အဆင့်နဲ့ မမှီဘူး။ အကြီးအကဲတွေပဲ သုံးသပ်နိုင်မယ်။

          မေး။ ။ ရခိုင်ပြည်နယ်အတွင်းမှာ မဲရုံပေါင်း ဘယ်လောက် ရှိပြီးတော့ ဆန္ဒမဲပေးခွင့်ရှိသူ ဘယ်လောက်လဲ ဆိုတာလည်း သိချင်ပါတယ်။

          ဖြေ။ ။ မဲရုံပေါင်း ၂၅၉၆ ရုံနဲ့ မဲဆန္ဒရှင်ပေါင်းကတော့ အဲဒီမှာ ပျက်တာတွေ၊ ပြင်တာတွေ ထပ်ပြီးတော့ လျှောက်တာတွေ တော့ ရှိအုံးမယ်။ လက်ရှိအချိန် အထိတော့ ၁၆၄၃၃၄၃ ဦးရေ ရှိပါတယ်။ တပ်မဲစာရင်း အပါအဝင်ပေါ့။

          မေး။ ။ တပ်မဲစာရင်းက ဘယ်လောက်ရှိလဲ။

          တပ်မဲစာရင်းရယ်လို့တော့ ကျနော်တို့မှာ သီးသန့်တော့ လုပ်ထားတာ မရှိဘူး။ တပ်မဲရုံကတော့ အားလုံး ၆၈ ရုံ ရှိတယ်။ အဲဒီအထဲမှာ ရဲတပ်ရင်းက ၁၂ ရုံရှိတယ်။ တပ်ရင်းတပ်ဖွဲ့က ၅၆ ရုံရှိတယ်။

          မေး။ ။ တပ်မဲရုံတွေ ကော်မရှင်က အပြင်ထုတ်မယ်ဆိုပြီး ပြောဆိုထားတာရှိပါတယ်။ အဲဒီတပ်မဲရုံတွေကို ဘယ်နေရာ လောက်မှာထားမလဲ။

          ဖြေ။ ။ ရပ်ကွက် သို့မဟုတ် ကျေးရွာတွေနဲ့ နီးစပ်တယ်ပေါ့။ အဲဒီမဲရုံနဲ့ နီးစပ်တဲ့ တပ်တွေဆိုရင်တော့ ရပ်ကွက်၊ ကျေးရွာ တွေမှာ ပေါင်းပြီးတော့ ပေးမှာပေါ့။ မဲစာရင်း ကလည်း သူတို့ထဲမှာပဲ ထည့်ထားတယ်။ တချို့တပ်ရင်းတပ်ဖွဲ့ကျတော့ သီးခြား ရှိနေတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာကိုသွားဖို့ အဆင်မပြေဘူးပေါ့။ မပြေဘူး ဆိုရင် သူက သူ့တပ်ရဲ့ရှေ့ တပ်ဧရိယာရဲ့ အပြင်ဘက် အနီးစပ်ဆုံးနေရာ၊ လုံခြုံရေးအတွက် အဆင်ပြေမယ့်နေရာ အဲဒီမှာ မဲရုံလုပ်ပြီးတော့ မဲပေးဖို့ စီစဉ်ထားတယ်။

          မေး။ ။ လူတယောက် ပါတီနှစ်ခု ဝင်ထားသူ မဖြစ်ရဘူး ဆိုတဲ့ ဥပဒေ ပြဌာန်းချက်လည်းရှိတယ်။ ANP ပါတီက နုတ် ထွက် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီက နုတ်ထွက်ခွင့်မပြုဘူး ဆိုတော့ လာမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ် ဆိုတဲ့အခါ ပါတီနဲ့ နုတ်ထွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြားမှာ အငြင်းပွားမှု ဖြစ်ပေါ်နေပါတယ်။ အဲဒီလို ပြဿနာတွေပေါ်ပေါက်လာခဲ့ရင် ဘယ်လို ဖြေရှင်းသွားမလဲ သိချင်ပါတယ်။

          ဖြေ။ ။ နိုင်ငံသားတိုင်းက ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ရွေးချယ်တင်မြောက်ပိုင်ခွင့်ရှိတယ်။ ရွေးချယ်တင်မြောက်ခံ ပိုင်ခွင့်ရှိတယ်။ သူလည်း မဲပေးလို့ရတယ်။ ကိုယ်ကိုယ်တိုင်လည်း မဲပေးလို့ရတယ် အဲဒီသဘော။ ဒါက နိုင်ငံသားတဦးရဲ့ အခွင့်အရေး၊ ဒါပေမယ့် ဒီဘက်က နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာကျတော့ လူပုဂ္ဂိုလ်တဦးဟာ တချိန်တည်း တပြိုင်တည်းမှာ ပါတီနှစ်ခုမဝင်ရဘူးဆိုပြီး ပြဌာန်းထားတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကလည်း ထုတ်ပြန်ပြောကြားထားပြီးပါပြီ။

          လက်ရှိ အခြေအနေမှာ ANP ပါတီဝင် ဖြစ်နေတယ်။ ထွက်ခွင့်လည်း တင်ထားတယ်။ ဒါပေမယ့် ပါတီက ကိစ္စတွေကို လာရောက်ရှင်းလင်းခြင်း မရှိတဲ့အတွက် သူ့ရဲ့ ပါတီက နုတ်ထွက်ခွင့် မပေးခဲ့ဘူးပေါ့။ ဒီလိုရှိတယ်ဆိုရင်တော့ သူက ဟိုဘက်ပါတီမှာ ဝင်ပြီး အရွေးခံလို့တော့မရဘူး။ များသောအားဖြင့် ဖြစ်တာက ရွေးကောက်တင်မြောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်တယ်။

          သူ့ပါတီအနေနဲ့ ရွေးကောက်တင်မြောက် ခံထားရတာ ဖြစ်တဲ့အတွက် ဒီကနေ ထွက်ပြီး ဟိုဘက်ကို ပေးမဝင်ဘူး။ အဲဒီ တော့ ကျနော်တို့က ဒီလိုမျိုး ဖြစ်တယ်ဆိုတော့ ရွေးကောက်ပွဲသက်တမ်း အတွင်းမှာတော့ ပါတီသွားဝင်လို့ မရဘူး။ တသီး ပုဂ္ဂလ ဝင်ပြိုင်မယ် ဆိုရင်တော့ ခုနက နိုင်ငံသားတယောက်ရတဲ့ အခွင့်အရေး ဖြစ်တဲ့ ရွေးချယ် တင်မြောက်ခံ ပိုင်ခွင့် ကိုတော့ သူရမယ်။

          မေး။ ။ ရသေ့တောင်ကြားဖြတ် ရွေးကောက်ပွဲတုန်းက ALD ပါတီက ကိုယ်စားလှယ်လောင်းကို ANP ပါတီက သူတို့ ပါတီဝင် အဖြစ်နဲ့ပဲ ရှိသေးတယ်။ ပါတီက နုတ်ထွက်ခွင့်မပြုသေးဘူး ဆိုပြီး ကန့်ကွက်ခဲ့တာရှိတယ်။ သို့သော်လည်း အဲဒီ အချိန်တုန်းက ကော်မရှင်က ကန့်ကွက်မှုကို ပယ်ပြီးတော့ ALD ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ခွင့်ပြုခဲ့တာ ရှိပါတယ်။ အဲဒီအပေါ် တချက် ရှင်းပြပေးပါ ။

          ဖြေ။ ။ အဲဒီကာလကတော့ တော်တော်လည်း အကျပ်အတည်းကာလ ဖြစ်တယ်။ ပြီးတော့ သူက လွှတ်တော်ကိုယ်စား လှယ် မဟုတ်ဘူးဗျ။ သူ့ကို ဘာကိစ္စနဲ့ နုတ်ထွက်ခွင့် မပေးဘူးဆိုပြီး အကြောင်းပြချက်လည်း မရှိခဲ့ဘူး။ သူကနေ နုတ် ထွက်ခွင့် တင်လိုက်တယ်။ ပြီးတော့ ဟိုဘက်ပါတီကို ဝင်လိုက်တယ်။ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ( ခွဲ ) အနေနဲ့လည်း ဒီကိစ္စကို စဉ်းစားတဲ့ အခါမှာ အချိန်က တော်တော်လည်း ကပ်နေပြီ။

          ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ( ခွဲ ) ဆုံးဖြတ်ချက်အရ နံပါတ်တစ် ကတော့ သူက လွှတ်တော်ကိုယ်စားလှယ် မဟုတ် ဘူး။ အဲဒါကြောင့် နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးရှိတယ်။ ပါတီဝင်တော့ မှန်တယ်။ ပါတီရဲ့အခွင့်အရေးကလည်း မှန်တယ်။ သူက လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ ဟိုဘက်ပါတီကို ဝင်တာ မဟုတ်တဲ့အတွက် ခရိုင် ကော်မ ရှင် ကတော့ သူ့ကို နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးအရ ရွေးချယ်ခံပိုင်ခွင့်တော့ ပေးသင့်တယ်ဆိုပြီး ဒီလိုမျိုး သုံးသပ် ပြီး ပေးခဲ့တာပါ။

          အဲဒီအချိန်ကာလကတော့ ကော်မရှင် ကတော့ အကောင်းဆုံး ဖြစ်မယ်ဆိုပြီး စဉ်းစားပြီး ပေးခဲ့တာပါ။ ဒါပေမယ့် လက်ရှိ အချိန် ကာလကတော့ အထွေထွေ ရွေးကောက်ပွဲကြီးလည်း ဖြစ်နေတယ်။ အဲဒီအချိန်ကာလကတော့ ကြားဖြတ် ရွေးကောက်ပွဲ ဆိုတော့ ရလဒ်ကလည်း ပြောင်းလဲမှု ဘာမှလည်း ရှိစရာ မရှိဘူး ဆိုပြီးတော့ အတွေးအခေါ် လည်းရှိတယ်။ ဘက်ပေါင်းစုံက စဉ်းစားပြီးပေးခဲ့တာပါ။

          မေး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများပြောချင်တာရှိလဲ

          ဖြေ။ ။ အခုလောလောဆယ်တော့ မဲစာရင်းကပ်ထား၊ ကြေငြာထားတယ်ဆိုတော့ ပြည်သူတွေအနေနဲ့ မဲစာရင်းမှာ မဲဆန္ဒရှင်တွေ အဖြစ် ပါဝင်နိုင်ဖို့ အရေးကြီးတယ်။ ကိုယ်ဟာ နိုင်ငံသားတယောက်လည်း ဖြစ်တယ်။ နိုင်ငံသား အခွင့် အရေးလည်း မဆုံးရှုံးစေချင်ဘူး ဆိုရင်တော့ ကိုယ်ရဲ့ မဲစာရင်း ပါ၊ မပါ ဆိုတာကို သွားကြည့်တော့ပြီးမှ မပါရင်လျှောက်ပါ။

          မဲဆန္ဒရှင်ပြည်သူတယောက် အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုရင် ကန့်ကွက်ပါ။ အချက်အလက်တွေ မှားနေရင်လည်း ပြုပြင်ပါ။ အဲဒါကို ဦးစားပေး အနေနဲ့ လုပ်ဆောင်ပါလို့ ကျနော်အနေနဲ့ ပန်ကြားလိုပါတယ်။

          ဆက်စပ်လင့်

          အရောင်တခုတည်းက လွှမ်းတဲ့လွှတ်တော်ကြီး ဖြစ်အောင် မလုပ်ကြပါနဲ့

          ရခိုင်က တပ်မဲရုံတွေမှာ မဲဘယ်လိုပေးကြရမလဲ

          ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန် ကူမည်

          ရခိုင်မြောက်ပိုင်းရှိ စစ်ဘေးသင့်ပြည်သူများ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိနေ

          ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ရွေးကောက်ပွဲ ဝင်မည်

          ဒီမိုကရေစီ စစ်စစ်ကို သွားမယ်ဆိုရင် ပြည်သူ မဲပေးမှ ဖြစ်မယ်

          ရခိုင်ပြည်နယ် ခရိုင် ၂ ခုတွင် ALD ပါတီ ရွေးကောက်ပွဲ ဝင်ရန် မသေချာ

          Your Thoughts …
          Tags: မဲစာရင်းရခိုင်နိုင်ငံရေးပါတီ
          မင်းအောင်ခိုင်

          မင်းအောင်ခိုင်

          Senior Reporter

          Similar Picks:

          ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြကြစဉ် / ဧရာဝတီ

          စစ်တပ်၏ ရွေးကောက်ပွဲသည် အလုပ်မဖြစ်သော စိတ်ဓာတ်စစ်ဆင်ရေးတခုမျှသာ

          by အီဂေါဗလာဇီဗစ်
          7 April 2023
          5.2k

          ရွေးကောက်ပွဲကို အယောင်ပြလှည့်စားနေသည်မှာ သူတို့၏ စစ်ဆင်ရေး တိုက်ပွဲများအပေါ် လူအများ အာရုံမကျရောက်စေရန် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းသာဖြစ်သည်။

          "မကောင်းဆိုးဝါး မင်းသား"လို့ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သူ စစ်ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်

          တပတ်အတွင်း သတင်းစုံ

          by ထက်မြက်ငြိမ်းချမ်း
          19 November 2022
          15.2k

          ဦးခင်ညွန့်၏ နောက်ဆုံး နေ့ရက်များ၊ မဲစာရင်းမှန်ဖို့ ခက်တယ်လို့ ဒု စစ်ခေါင်းဆောင် ဝန်ခံ၊ အနေကြာဖို့ နေကြာစိုက်တာလားနဲ့ စစ်ကောင်စီ ဗုံးကြဲမည့် ရန်ကြောင့် ရွှေ့လိုက်ရတဲ့ KNU ကွန်ဂရက်တို့အကြောင်း တင်ပြလိုက်ပါတယ်။

          ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံအဖွဲ့များ အိမ်ထောင်စုလူဦးရေ စာရင်း ကောက်ယူနေမှု မြင်ကွင်း

          စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဖိအားပေး ကောက်နေ

          by ဧရာဝတီ
          13 January 2023
          2.5k

          စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ လူစာရင်း ကောက်ခံရာတွင် လူထုအနေဖြင့် ပူးပေါင်းပါဝင်ရန်နှင့် ပါဝင်ခြင်းမရှိပါက မိမိတို့ကိုယ်တိုင် တာဝန်သာဖြစ်ကြောင်း ကြေညာခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း

          ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရန်ကုန်ရှိ မဲရုံတရုံတွင် မဲရေတွက်စဉ် / ထက်ဝေ / ဧရာဝတီ

          ရွေးကောက်ပွဲ မဲစာရင်း ပြန်စစ်ဆေးမည်

          by ထွန်းထွန်း
          2 February 2021
          26.1k

          UEC ဥက္ကဌ ဦးလှသိန်းအပါအဝင် အဖွဲ့ဝင်အချို့ အား ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

          UEC ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင် / ဧရာဝတီ

          UEC ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ထောင်မှပြန်လွှတ်

          by ဧရာဝတီ
          27 October 2022
          9.8k

          ၎င်းတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးခံရကာ ထောင် ၃ နှစ်ချမှတ်ခံရသည့် UEC အဖွဲ့ဝင် ဦးသန်းဌေးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။

          ရန်ကုန်မြို့မှ ပရဟိတ အသင်းတသင်းကို တွေ့ရစဉ် / Tun Tunlin Facebook

          မဲစာရင်းပြုစုရေး ပရဟိတအဖွဲ့များကိုပါ ဖိအားပေး ခိုင်းစေ

          by ဧရာဝတီ
          28 December 2022
          5.3k

          စစ်ကောင်စီက ယခုကဲ့သို့ ပရဟိတ အသင်းအဖွဲ့များကိုပါ ရွေးကောက်ပွဲအင်အားအတွက် အသုံးပြုလာခြင်းသည် ငွေကြေးအင်အား မရှိခြင်း ၊ လူအင်အား နည်းပါးနေခြင်းအပြင် အခြားနိုင်ငံရေး ရည်ရွယ်ချက်များလည်း ရှိနိုင်ကြောင်း

          Next Post
          စပိန်မင်းသား Antonio Banderas

          COVID-19 ကူးစက်ခံခဲ့ရတဲ့ စပိန်မင်းသား Antonio Banderas

          နာမည်ကျော်အစီအစဉ်တွေရဲ့ ဒိုင်လူကြီး Simon Cowell

          လျှပ်စစ်စက်ဘီး မတော်တဆမှုကြောင့် ခွဲစိတ်မှုခံခဲ့ရတဲ့ Simon Cowell

          No Result
          View All Result

          Recommended

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          2 days ago
          14k
          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          6 days ago
          9.2k

          Most Read

          • အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

            အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

            shares
            Share 0 Tweet 0
          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

            shares
            Share 0 Tweet 0
          • စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            shares
            Share 0 Tweet 0
          • ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved