• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ရခိုင်မှာ အင်တာနက် 4G ပြန်ဖွင့်ပေးပါ

by နန်းလွင်နှင်းပွင့်
22 August 2020
in အင်တာဗျူး
A A
လူထုကျန်းမာရေးအတွက် 4G အင်တာနက်လိုင်း ပြန်ဖွင့်ပေးရန် ရခိုင်လူမှုအဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

လူထုကျန်းမာရေးအတွက် 4G အင်တာနက်လိုင်း ပြန်ဖွင့်ပေးရန် ရခိုင်လူမှုအဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

7.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် ရက်ပိုင်းအတွင်း COVID-19 ရောဂါကူးစက်ခံရသူ ၃၅ ဦးအထိ  တွေ့ရှိထားပြီ ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်တွင်း ရောဂါကူးစက် ခံထားရသူများမှာ ပြည်ပသို့ သွားလာမှု မရှိဘဲ ကူးစက်ခံရသည့် ရောဂါကွင်းစက်များလည်း  ပျောက်နေသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
218
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.6k
မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

21 May 2025
2k

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများမှာ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA)တို့၏ တိုက်ပွဲများကြား လုံခြုံရေးနှင့် အမုန်း စကားများ လျှော့ချရန် ဟုဆိုကာ အင်တာနက်လိုင်းများကို တနှစ်ကျော်ကြာ ပိတ်ထားခဲ့သည်။

သြဂုတ်လတွင် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးခဲ့သော်လည်း 2G သာ ဖွင့်ပေးထားသဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် COVID 19 အတွက် အသိပညာပေးမှုများ၊ သတင်းထုတ်ပြန်ချက်များ ဖတ်ရန် အခက်အခဲ ရှိနေဆဲဖြစ်သည်။

အထက်ပါအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်မှ ရခိုင်ဒေသခံများကို ဆက်သွယ် မေးမြန်းထားပါသည်။

ဦးထွန်းသာစိန်
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ မြောက်ဦး

ကျနော်တို့ သတင်းအချက်အလက်ကို ဖုန်းနဲ့ ဆက်သွယ်ပြီး ပြောရပါတယ်။ အွန်လိုင်းက မကောင်းပါဘူး။ ဒီမနက်လည်း မြောက်ဦးမှာ ပိုးတွေ့သူ တဦးတွေ့တယ် ဆိုတာလည်း စစ်တွေကတဆင့် ကျနော်တို့ကို ဖုန်းနဲ့ လှမ်းပြောလို့ သိတာပါ။ အစ် ကိုတို့ မြို့နယ်မှာ ပိုးတွေ့ထားတဲ့ လူနာ တယောက် ရှိတယ်။ သူက NGO ဝန်ထမ်းတယောက် ဖြစ်တယ်တဲ့။ ဖုန်းဆက်ပြော လာလို့ သိရတာ ဖြစ်ပါတယ်။ ကျနော်တို့ ဖုန်းလိုင်းတော့ အဆက်အသွယ် ရတယ်ဆိုတော့ ဖုန်းဆက်ကြတယ်။ သတင်း တွေ ဖလှယ်ကြတယ်။ ဒီလိုနဲ့တော့ မြောက်ဦးမှာ ပိုးတွေ့သူ ရှိတယ်ဆိုတာကတော့ တမြို့နယ်လုံး သိသွားကြပါပြီ။

အခု မြောက်တဦး တနယ်လုံး အသွားအလာ ကန့်သတ်ထားပါတယ်။ တရွာနဲ့ တရွာ သွားရင်လည်း ရွာအပြင်ကပဲ သွားရ မယ်။ ရွာထဲကနေ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း Mask တွေတပ်ပြီး လက်ကို ဆပ်ပြာနဲ့ ဆေးပြီးမှ ဝင်ခွင့် ရှိပါမယ်။ နယ်ကနေ မြောက်ဦးကို သွားမယ်ဆိုရင် သွားလို့ ရတယ်။ ပြန်လို့ မရပါဘူး။ မြောက်ဦးမြို့ထဲကနေ ကျောက်တော်ကို သွား မယ်ဆိုရင် သွားလို့ ရပါမယ်။ ပြန်လာလို့ မရပါဘူး။

လောလောဆယ် စစ်တွေမှာ ရှိနေတဲ့ သူတွေကတော့ စစ်တွေကနေ ဒီနေ့ပြန်လာရင် Quarantine  ဝင်ရမှာပါ။ တနယ် လုံးကို ကန့်သတ်တာတွေ လုပ်ထားပါပြီ။ စစ်တွေအပြင် တခြား ပြည်နယ်နဲ့ တိုင်း ဘယ်ကပဲလာလာ အဲဒီလူက ကိုယ့် ရပ်ရွာကို ရောက်ရင် Quarantine  ဝင်ရပါမယ်။

အခု ဒီမှာ ရေနဲ့ ဆပ်ပြာကတော့ ရှိတယ်။ Mask နဲ့ Hand Gel က လုံလောက်မှု မရှိဘူး။ တချို့ရပ်ရွာတွေမှာ နှာခေါင်း စည်း ရှိတဲ့ မိသားစုတွေ ရှိသလို တချို့အိမ်တွေမှာဆို လုံးဝ မရှိပါဘူး။ များသောအားဖြင့် မရှိပါဘူး။ ကျနော့်မှာတောင် ရှိနေ တာက NGO ဝန်ထမ်းတယောက်က ဆရာက သွားရလာရတယ် ဆိုပြီး လူထုကြားထဲ သွားရတယ်ဆိုပြီး လက်ဆောင်ပေးခဲ့မယ် ဆိုပြီး တထုပ်ပေးထားလို့သာ ကျနော့်မှာ ရှိနေတာပါ။ တခြားလူတွေဆီမှာတော့ မရှိပါဘူး။ အရင်ကလည်း Mask တခုကို ၁၀၀၀ ကျပ်အထိ ဈေးတတ်တယ်။ အခု အပြင်မှာ ဝယ်လို့တော့ ရမယ်။ ဒါပေမယ့် ပေါပေါသီသီတော့ မရပါဘူး။

ကျနော်တို့ ယခင်ကလည်း ခဏခဏ အစိုးရကို ပြောတယ်။ လွှတ်တော်ထဲမှာလည်း အဆိုတွေ မေးခွန်းတွေမေးပြီး ပြော တာရှိပါတယ်။ အခုဆိုရင် ကိုဗစ်က ဖြစ်လာပြီ။ ဒုတိယလှိုင်းပဲ ပြောရမလား။ ကိုဗစ် ရောဂါပိုးက ရခိုင်ပြည်ကို ကြီးကြီးမား မား ဝင်ရောက်လာပြီ။ ဝန်ထမ်းတယောက်ကနေ စတွေ့တယ်။ ဝန်ထမ်းနဲ့ မဆက်စပ်တဲ့ လူတယောက်မှာလည်း ရောဂါပိုး တွေ့တယ်ဆိုတော့ ဒီရောဂါက ရခိုင်ပြည်နယ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေပြီလား။ ဘယ်လောက် ထုထည်ကြီးနေ ပြီလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ နောက်တခုက ရခိုင်ပြည်နယ်မှာ ဒုက္ခသည်က ၂ သိန်းနီးပါး ရှိပါတယ်။

ဒုက္ခသည်တွေက နေရာကျဉ်းကျဉ်း အခန်းကျဉ်းကျဉ်းမှာ ပြွတ်သိပ်နေရတယ်။ Mask လည်း မရှိဘူး။  Hand Gel လည်း မရှိဘူး။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ရင် ဘယ်လိုကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အသိပညာကလည်း အားနည်းတယ်ဆို တော့ တကယ်လို့ ဒုက္ခသည်စခန်းကို ကိုဗစ်-၁၉  ဝင်လာလို့ ရှိရင် ပိုပြီးတော့ အခက်အခဲတွေနဲ့ ကြုံရနိုင်ပါတယ်။ ပြီးတော့ အင်တာနက်၊ အွန်လိုင်းကလည်း သုံးလို့ မရဘူး။ အင်တာနက် အွန်လိုင်းကို အများပြည်သူ သုံးစွဲခွင့် ရှိအောင် ဖွင့်မပေးဘူး ဆိုတော့ အွန်လိုင်းထဲက အသိပညာပေး ဟောပြောတာတွေလည်း သူတို့ မသိရပါဘူး။ ဘာဖြစ်နေလဲဆိုတော့ တကယ်လို့ သာ ဒုက္ခသည် စခန်းတခုကို ဒီရောဂါပိုး ဝင်သွားပြီဆိုရင် တော်တော်လေး အသေအပျောက် များနိုင်သလို အခက်အခဲတွေ လည်း အများကြီး တွေ့လာနိုင်ပါတယ်။

ခိုင်မင်းသျှင်
ဥက္ကဋ္ဌ၊ မြောက်ဦး လူငယ်အစည်းအရုံး (MUYA)


အခု သတင်းအချက်အလက်က ထိထိရောက်ရောက် ရတာမျိုး မရှိပါဘူး။ ထိထိရောက်ရောက်ဆိုတာ အင်တာနက် လိုင်း ကနေ ရတဲ့ သတင်းမျိုး မရှိဘူး။ မြေပြင်မှာ နီးစပ်သူတွေ ပြောလာတဲ့ စကားကို နားထောင်ပြီး ရတာပဲ ရှိပါတယ်။ သတင်း ရယူပိုင်းက သိပ်မရှိဘူး။ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။

ပြန်ဖွင့်ပေးထားတဲ့ အင်တာနက်ကလည်း အဆင်မပြေဘူးဗျ။ Messenger chat box  သုံးတာလောက်ပဲ အဆင်ပြေတယ်။ သတင်းဖတ်ဖို့ ကျတော့ အဆင်မပြေဘူး။ Facebook news feed တောင် သိပ်မတက်ဘူးဗျ။ မနက်က မြောက်ဦးမှာ လူနာ တဦး ရှိလာတယ်ဆိုတာကလည်း နီးစပ်တဲ့ သူနာပြုတွေ နီးစပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကနေတဆင့် သိရတာပါ။

ကျနော်တို့မှာ သတင်းအမှားတွေ ရောက်လာတာတွေလည်း ကြုံရပါတယ်။ အများကြီးပါ။ အင်တာနက်လိုင်းမရတဲ့ နောက် ပိုင်းမှာ သတင်းမှားလား၊ မှန်လား စစ်ဖို့ကလည်း အခက်အခဲတွေ ရှိနေပါတယ်။ စောင့်ကြည့်လူနာတွေဆိုရင်လည်း ဆေး စစ်ချက်တွေ မထွက်သေးဘဲ အတည်ဖြစ်သွားပြီ။ အဖြေထွက်ပြီ ဆိုတာမျိုး သတင်းအမှားတွေ ရတာလည်း ရှိပါတယ်။

 

ကျနော်တို့မှာ စိုးရိမ်ပူပန်မှုက အများကြီးပါ။  ရပ်ရွာထဲမှာ နေသူတွေရော စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်သူတွေရော အကုန်လုံး စိုးရိမ်မှုက မြင့်တတ်နေပါတယ်။ ကြိုတင် ကာကွယ်မှုကလည်း အစိုးရက ဘာမှ ထိထိရောက်ရောက် မလုပ် ထားဘူး။ သတင်း အချက်အလက်ကလည်း ဘာမှ မသိရတော့ ကူးစက်မှုက ပိုမြန်လာမလား။ တကယ်လို့ ကူးစက်လာရင် ဘယ်လို လုပ်ကြမလဲဆိုတာလည်း  ရှိတယ်။ ဒီအခြေအနေတွေပေါ်မှာ အများကြီး စိုးရိမ်မှုမြင့်တတ်နေကြပါတယ်။

Mask ကလည်း အားလုံး လုံလုံလောက်လောက် ဝယ်ယူနိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ တချို့ဆိုင်တွေမှာ ကုန်နေပြီ။ ဒီနေ့ Positive လူနာတယောက် တွေ့တယ်ဆိုရင်ပဲ Mask တွေ လူအများကြီး သွားဝယ်ကြတယ်။ အခုဆိုရင် ဆိုင်တွေမှာ လုံးဝ ကုန်သွားတာတွေ ရှိတယ်။ မြောက်ဦးမှာ ဝယ်ယူလို့တောင် မရတော့ဘူး။

ကျနော်တို့ အစိုးရကို တောင်းဆိုချင်တာက အင်တာနက်လိုင်းကို 4G အပြည့်ပေးစေချင်တယ်။ သတင်း အချက်အလက် တွေနဲ့ ပတ်သက်ရင် ဌာနဆိုင်ရာရော ကျန်းမာရေးဌာနရော ပူးပေါင်းပြီး မြို့မှာ အသိပညာပေးတာတွေ လုပ်ရင် ပိုကောင်း မယ်လို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

ဒေါ်ဝေဖြိုးမြင့်
ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အကြီးတန်း တာဝန်ခံ၊ ဖန်တီးရာ

သူတို့က အင်တာနက် ပြန်ပေးတယ်လို့ ပြောတယ်။ ဒီလအစောပိုင်းမှာ 2G ပြန်ပေးတယ်ပေါ့။ လက်ရှိမှာ ရခိုင်က ကိုဗစ်က ဒုတိယ လှိုင်းစတဲ့ အနေအထား ဖြစ်လာတယ်။ ကျမတို့ တလျှောက်လုံး ပြောလာတာက ကိုဗစ်နဲ့ ပတ်သက်ရင် ရခိုင်ဒေသ က အင်တာနက် မရှိလို့ သတင်းအချက်အလက် မရဘူး။ အစိုးရ ထုတ်ပြန်ချက်တွေရော အစိုးရက အသိပေးတာတွေရော ကျန်းမာရေး အသိပေးတာတွေရောက အကုန် Facebook ကနေ သွားတယ်။ ဒီအင်တာနက်ရှိမှ မဖြစ်မနေ ဒီသတင်း အချက်အလက်တွေကို ပြည့်ပြည့်ဝဝ ရမယ်။ အင်တာနက် ပြန်ပေးပါလို့ ကျမတို့ တလျှောက်လုံး တောင်းဆိုခဲ့တယ်။

တာဝန်ရှိသူတွေ ပြောနေတာက အင်တာနက် မရှိလည်း ဖုန်း ရပါတယ်။  စာတိုတွေပို့လို့ ရပါတယ်။ ရပ်ကွက်ထဲ လော်စပီ ကာနဲ့ လှည့်အော်ပါတယ်ဆိုတာတွေ ပြောတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ပတ်ဝန်းကျင်လောက်ကတော့ ဟုတ်ချင်ဟုတ်မယ်။ အခုက ဘယ်လိုမှ လော်စပီကာနဲ့ အော်တာက သတင်း အချက်အလက်လောက်ပဲ ရတာ။ ကိုဗစ်ကာလမှာက  လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ သောကတွေ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိတယ်။ စီးပွားရေး၊ ငွေရေးကြေးရေး ကိစ္စတွေ ရှိတယ်။

အဘက်ဘက်က သတင်း အချက်အလက်တွေ အဘက်ဘက်က နှစ်သိမ့်နိုင်မှုတွေက လော်စပီကာနဲ့လည်း ကြေညာလို့ ရတာ မဟုတ်ပါဘူး။ ဒီလူတွေက အင်တာနက် မရှိဘဲနဲ့ ကျန်တဲ့ ဒေသတွေမှာ ရနေတဲ့ သတင်း အချက်အလက်လိုမျိုး ပြည့်ပြည့်ဝဝ ရပါတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒါ တချက်ပါ။

သူတို့ ဒီနှစ်ဆန်းပိုင်းမှာ 2G ပေးတယ်။ အင်တာနက် ပြန်ဖွင့်ပေးလိုက်ပါပြီလို့ ပြောတယ်။ 2G ရဲ့ Capacity၊ လုပ်နိုင်တဲ့  စွမ်းရည်က ကျမတို့ မနေ့ကပဲ စစ်တွေ ဒေသခံအရပ်ဘက် အဖွဲ့တွေနဲ့ ဆက်သွယ်မေးမြန်းတယ်။ 2G နဲ့ သတင်းအချက် အလက် ရယူတာ ဖလှယ်တာ အဆင်ပြေလားဆိုတော့ သူတို့ အီးမေးလ် ပို့ဖို့တောင် အဆင်မပြေပါဘူး။ မထွက်ဘူးတဲ့။ 2G က အင်တာနက် ပြန်ရတယ်သာ ပြောတာ တကယ်တမ်း သုံးလို့ရတဲ့အထိ အဆင်မပြေပါဘူး။ ပေးလိုက်တယ်လို့ အပြောပဲ ရှိပါတယ်။ ပြည့်ဝတဲ့ ဆက်သွယ်မှု၊ ရခိုင်ဒေသရဲ့ လိုအပ်တဲ့ အခြေအနေကို စာနာထောက်ထားပြီး ပြောင်းလဲတဲ့ လုပ်ရပ် တခုလို့ ကျမတို့ မမြင်ဘူး။

အခု ရခိုင်မှာ ကိုဗစ် ပြန်ဖြစ်တယ်။ သတင်းအချက်အလက်တွေ ဘာမှကြိုသိကြတာ မရှိဘူး။ 2G နဲ့ သတင်း အချက် အလက်ကို ပြည့်ပြည့်ဝဝ ဖလှယ်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နောက် ပဋိပက္ခ ဧရိယာလည်း ဖြစ်နေတယ်။ အဲဒီ လို ဒေသမှာက ကိုဗစ် ဒုတိယလှိုင်းက ဝင်လာတယ်။ ဘယ်လောက် ထိန်းနိုင်မလဲ ဆိုတာလည်း မေးခွန်းထုတ်နေရတဲ့ အနေအထားဆိုတော့ ကျမတို့ ဒစ်ဂျစ်တယ် အခွင့်အရေးပိုင်းကတော့ အစိုးရအနေနဲ့ ကျန်းမာရေးပိုင်း စောင့်ရှောက်မှုတွေ အပြင် တပြိုင်နက်တည်း ပြည်သူလူထုက လိုအပ်တဲ့ သတင်း အချက်အလက်တွေရဖို့ လိုအပ်တဲ့ စာနာနားလည်မှု ရဖို့က အင်တာနက် 4G ကိုလည်း တပြိုင်တည်း ပြန်ဖွင့်ဖို့ တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းပါတယ်။

စောစံငြိမ်းသူ
ဥက္ကဋ္ဌ၊ ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့ (RWIO)

သြဂုတ်လဆန်းပိုင်းလောက်မှာ အင်တာနက် ပိတ်ထားတဲ့မြို့နယ်တွေမှာ အင်တာနက်ပြန်ဖွင့်ပေးတယ်။ ပြန်ဖွင့်ပေးပေ မယ့် ပုံမှန်အားဖြင့်ဆို 4G  ဖြစ်ရမှာက 2G ပဲ ဖြစ်နေတယ်။ ဒါက မဖွင့်ပေးတာနဲ့ ဖွင့်ပေးတာက အတူတူပဲ ဖြစ်နေတယ်။ စာတို ပို့ဖို့လောက်ပဲ ရနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ဖွင့်ပေးတယ်ဆိုတာကလည်း ရုပ်ပြလိုပဲ ဖြစ်နေတုန်းမှာ ကိုဗစ် ကလည်း ပြင်းပြင်းထန်ထန်ကို ၃ ရက် ၄ ရက် အတွင်းမှာ ရှိလာတယ်။

အင်တာနက် မရတဲ့ မြို့နယ်တွေမှာ တော်တော်လေး စိုးရိမ်စရာ ဖြစ်ပါတယ်။ မြောက်ဦးမှာဆိုလည်း အင်တာနက်ကောင်း ကောင်း မရပါဘူး။ အချိန်နဲ့ အမျှ သတင်းစကားတွေ သတင်းစာမျက်နှာတွေကို ကြည့်ဖို့ အရေးကြီးနေတဲ့အချိန်မှာ အခု ချိန်ထိ အင်တာနက် အဆင်မပြေနိုင်တဲ့ အနေအထားကြောင့်  အင်တာနက် အဆင်မပြေတဲ့ မြို့နယ်တွေမှာ လုံးဝ သတင်း အချက်အလက် မသိတာကို ဖြစ်နေတယ်။

ကျမဆိုရင် ဒီမနက် ရသေ့တောင်ဘက်ကို ဖုန်းဆက်ပါတယ်။ သူတို့က ဒီလောက်ထိ ဖြစ်နေတယ်လို့ မထင်ထားကြဘူး။ စစ်တွေမှာ အရမ်းစိုးရိမ်ပြီး သတိထားနေနေတဲ့အချိန် ကျန်တဲ့ မြို့နယ်တွေမှာ သိမနေကြဘူး။ သွားလာရေး ပိတ်ပင်တာ တွေလည်း သူတို့ မသိဘူး။ ဒါက အရမ်းစိုးရိမ်စရာ ဖြစ်နေပါတယ်။

ကျမတို့က နည်းနည်း တည်ငြိမ်သွားတာနဲ့ကို ပေါ့ဆတာကြောင့်လည်း ဒီလို ကူးစက်တာ ဖြစ်နိုင်တယ်။ ပြည်သူထဲ ပြန့်ပွား တာက ဘာကြောင့် ဖြစ်လဲဆိုတော့ ပေါ့ဆတာကြောင့်လည်း ဖြစ်နိုင်တယ်။ အရင်က ရန်ကုန်ဘက်မှာ တော်တော် လူနာ များလာတော့ သွားလာရေး ကိစ္စတွေကို စနစ်တကျ ထိန်းကွပ်တာ မရှိခဲ့ဘူး။ ရန်ကုန်ဘက် လူနာတွေ များနေပေမယ့် စစ်တွေနဲ့ ရန်ကုန်ဆိုတာ လေယာဉ်လမ်းကြောင်းတွေရော သွားလာနေတာပဲ။ ဒေသတွင်း ရေကြောင်း၊ ကုန်းလမ်းတွေမှာလည်း စက်လှေစီးတာတွေ သင်္ဘော၊ ကားစီးတာတွေလည်း စည်းကမ်းမဲ့ သွားလာနေတယ်။ အဲဒီလို အနေအထားကိုက ကူးစက်နိုင်ဖို့ လမ်းဖြစ်နေတယ်လို့  ပြောချင်ပါတယ်။

လက်ရှိအနေအထားမှာ စစ်ပွဲကိစ္စ၊ ရွေးကောက်ပွဲကိစ္စတွေကို ခဏထားပြီး ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ထိန်းကြောင်းမှု ကို အဓိကထားပြီး ဆောင်ရွက်ဖို့၊ ဘယ်သူပဲဖြစ်ဖြစ် နယ်ပယ်အသီးသီးက အရပ်ဘက် ပြည်သူတွေကလည်း သတိမူပြီး အရေးယူ သတိထား ကာကွယ် စောင့်ရှောက်ဖို့ ဆိုတာက သတင်းအချက်အလက်တွေရနိုင်ဖို့ အစိုးရအနေနဲ့ 4G ကို အမြန်ဆုံး ဖွင့်ပေးဖို့  တောင်းဆိုပါတယ်။

နောက် အင်တာနက် မရှိတာက စာတိုပို့တာကို မပြောနဲ့ဦး။ ဒီတိုင်း ဖုန်းဆက်ပြီး ရှည်ရှည်ဝေးဝေး ပြောလို့ရနေရင် တောင်မှ သတင်းကို ဒီတိုင်း နားထောင်တာက မသေချာနိုင်ဘူး။ အင်တာနက်ရရင် သတင်းတွေ ဗီဒီယိုဖိုင်တွေ လူတွေ ပြောထားတာတွေကို ကိုယ်တိုင် ဖတ်နိုင်မယ်။ အဲဒီတော့မှ သတင်း မှန်ကန်တိကျမှုကိုလည်း ပိုသေချာမယ်။

အခုက တယောက်စကား၊ တယောက်နားနဲ့ ဟိုတခွန်း ဒီတခွန်း ပို့တာက နောက်ထပ်တခါ သတင်းအမှားတွေ ထပ်ဖြစ် နိုင်တယ်။ ကိုယ်ကိုယ်တိုင် ကြားမြင်သိနိုင်တဲ့ အနေအထားဖြစ်ဖို့ အရေးကြီးတယ်။ အင်တာနက်ရပြီး လူထုကိုယ်တိုင် သတင်းစာ မျက်နှာတွေကို ဖတ်ခွင့်ရှိဖို့  အရမ်းအရေးကြီးတယ်။ ပြီးတော့ စာပို့တာကလည်း အချိန်လည်း ကုန်တယ်။ လုံလည် မလုံလောက်ပါဘူး။

ဦးခင်မောင်ကြီး
ဥက္ကဋ္ဌ၊ ရခိုင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေး ကော်မတီ


လောလောဆယ်တော့ဗျာ ဒီမှာက ကူးစက်မှု နည်းနည်း ပြန့်နေတဲ့ သဘောဖြစ်နေတယ်။ ဖြစ်နေတာက အဓိက ပြည်တွင်း ကူးစက်မှုထက် ဒီဘက်မှာ အများအားဖြင့် ရှိနေတာက ဒုက္ခသည်စခန်းနဲ့ ဟိုဘက် ဘင်္ဂလားဒေ့ရှ်နဲ့ကလည်း အဆက်သွယ် ရှိတာကိုး၊ ဒုက္ခသည်စခန်းက ပုဂ္ဂိုလ်တွေကလေ။ နောက် ငွေလွှဲငွေပြောင်းတွေမှာ Western Union ကနေ CB  ကို လာတယ်။ များသောအားဖြင့် CB ဘဏ်မှာ ထုတ်ကြတယ်ဆိုတာ အများသိတယ်။ နောက် CB ဘဏ်က လူနာအမှတ် ၃၇၅ ထင်ပါတယ်။ သူ့ဆီ ရောက်တယ်။ နောက် ၃၇၇ BRC NGO က တယောက်၊ သူတို့က တာဝန်အရ အဲဒီဘက်တွေ အများကြီး သွားရတာကိုး။ လာတဲ့ အရင်းအမြစ်ကတော့ အဲဒီလို ဖြစ်နေတယ်။

ဘင်္ဂလားဒေ့ရှ် Red Zone ၊ ကော့ဘဇာဘက်ကို ဒီဘက် IDPs စခန်းက လူတွေက သွားလာနေကြတာ ရှိနေတာကိုး။ အဲဒီ စခန်းတွေကနေ တဆင့် NGO တွေက တာဝန်အရ အဲဒီမှာ သွားပြီးတော့ ထိတွေ့ ဆက်ဆံရတဲ့ အနေအထားလေးတွေ ရှိ တာကိုး။ အဲဒီ အနေအထားကနေ စပြီး ဖြစ်သွားတာ ဆိုတော့ သူတို့ကတဆင့် ပြန်ပြန့်ပွားတာတွေက ထိန်းသိမ်းတာ လောလောဆယ် မရှိနိုင်သေးဘူး။ ဒါကြောင့် စိုးရိမ်စရာ ဖြစ်နေပါတယ်။

အခုက နယ်စပ်ဂိတ်က မဟုတ်ဘူးနော်။ စစ်တွေမှာ ဒုက္ခသည်စခန်းတွေ ရှိတယ်။ သူတို့က ကော့ဘဇားရဲ့ Red Zone ကို ကူးလူးဆက်ဆံတာ ရှိတယ်။ နောက် မောင်တော နယ်စပ်ကနေ သွားတာ မဟုတ်ဘူး။ စစ်တွေ ဒုက္ခသည်စခန်းဘက်က ပင်လယ်ကမ်းစပ်ဘက်တွေ ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ရောဂါ ပြန့်ပွားနေတဲ့ အရေးကြီး ဧရိယာလို့ သတ်မှတ်ထား တဲ့ နေရာတွေနဲ့ အဆက်သွယ် ရှိတယ်။ သွားသွားလာလာ ရှိတယ်။ အဲဒီကတဆင့် ပါလာနိုင်တဲ့ အနေအထားတွေ ရှိ တယ်။ ခုန BRC ဝန်ထမ်းဆိုလည်း အဲဒီမှာ သွားတာဝန်ထမ်းဆောင်ရတော့အဲဒီ ဖြစ်နိုင်တယ်။

ကျနော်တို့ ဒေသမှာက ခုနပြောတဲ့ သံသယရှိစရာတွေ ရှိတယ်။ အဲဒီလမ်းကြောင်းတွေတဖက် ဘင်္ဂလားဒေ့ရှ်နဲ့ အဆက်ဆံ ရှိနေတာတွေ ရှိတယ်။ ဒါတွေကို အစိုးရက နိုင်နိုင်နင်းနင်း ထိန်းသိမ်းပေးဖို့ လိုတယ်လို့ အကြံပြုချင်ပါတယ်။

နောက် အင်တာနက်က သြဂုတ် ပထမပတ်မှာ ပြန်ဖွင့်ပေးတယ်လို့ ပြောပေမယ့် သူတို့ရဲ့ နှုန်းက 2G ပဲ ဆိုတော့ အင်တာနက် မြန်နှုန်းက နညး်တယ်။ အသုံးပြုတဲ့ အပိုင်းမှာ အများကြီး အခက်အခဲ ရှိတယ်။ ဒီကိစ္စလည်း အဲဒီလို မဖြစ်သင့်ဘူး။ ဒီမှာက ဒီတရက်နှစ်ရက်မှာ စိုးရိမ်မှုတွေ မြင့်တတ်လာကြတယ်။ ရှော့ ဖြစ်သွားကြတယ်။  တယောက်နဲ့ တယောက် အဆက်အဆံတောင် အများကြီး နည်းသွားတယ်။

လတ်တလောတော့ အရပ်ဘက် အဖွဲ့တွေက Hand Gel တို့  Mask တို့ အလကား စစ်တွေမြို့ပေါ်မှာ လိုက်ဝေပေးတယ်။ ၃ ရက်လောက်ရှိပြီ။ လူငယ်တွေ လှူဒါန်းမှုတွေ လုပ်နေတာ တွေ့ရပါတယ်။ တဖက်မှာ အစိုးရလုပ်နေတဲ့ အပိုင်းကိုတော့ ပြည်သူလူထုက သိပ်အားမရဘူး။ ဒီဘက်မှာ သူတို့ အခု တင်းတင်းကျပ်ကျပ်တော့ လုပ်လာတယ် ထင်ပါတယ်။ ရောဂါခြေ ချုပ်စခန်းတွေ ကလည်း တော်တော်လေး အဆင့်အတန်း နိမ့်တော့ တော်တော် ဝေဖန်ခံရတယ်။ လိုင်းပေါ်တွေမှာရောဆို တော့ သူတို့လည်း ဖိအားတော့ တော်တော်လေး ရှိတဲ့ပုံပါပဲ။ ဘာပဲပြောပြော ကျနော်တို့ကတော့ စိုးရိမ်နေရတဲ့ အနေ အထားမှာ ရှိနေပါတယ်။

အမှန်တကယ် ဆက်စပ်မှုရှိတဲ့ Silence Carrier တွေ၊ လမ်းကြောင်းက ပြည်တွင်း ပြန့်ပွားမှု ဆိုတာထက် အပြင်ဘက် ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဒီဘက် ဒုက္ခသည်စခန်းနဲ့ အဆက်သွယ်ရှိတဲ့ သူတွေနဲ့ ပြန်ပြီး ဆက်စပ်မှုရှိပြီး ပြန့်ပွားလာတဲ့  အပိုင်းလို့ပဲ ပြောရမယ်။ အဲဒီ အပိုင်းကို အစိုးရက ဖိဖိစီးစီးလုပ်ကိုင်ဖို့ လိုလိမ့်မယ်၊ ဖိဖိစီးစီး စိစစ်ကြပ်မတ်ဖို့ လိုလိမ့်မယ်။ ဒုက္ခသည်စခန်းတွေဘက်ရော ရောဂါအမှန်တကယ် ပြန့်ပွားနေတဲ့ အပိုင်းတွေကို အစိုးရက ထိန်းသိမ်းပေးဖို့  လိုတယ်လို့ပဲ ပြောချင်ပါတယ်။

ဦးဇော်ဇော်ထွန်း
အတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)


အခုထိကတော့ ကျနော်တို့ကို အင်တာနက် ဖွင့်ပေးလိုက်ပါတယ် ဆိုပေမယ့် 2G ပဲ ရတယ်။ ကျနော်တို့လည်း မီဒီယာတွေ ကနေ တဆင့် တောင်းဆိုနေတယ်။ အစိုးရအဖွဲ့တွေနဲ့ ဆွေးနွေးနေတာတွေကိုလည်း တိုက်ရိုက် တောင်းဆိုထားပါတယ်။  တစုံတခု လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့ မလုပ်ပေးရင် တော်တော်လေးကို ဒီအခြေအနေမှာ မဖွင့်ပေးရင် မလုပ်ပေးရင် တာဝန်တော်တော်လေး မကင်းတာ ဖြစ်ပါလိမ့်မယ်။

ကျနော်တို့မှာ အင်တာနက် ရတယ်ဆိုတာက  တဖက်မှာ ကောလဟလတွေ ရှိပေမယ့် ကျနော်တို့က Mainstream Media တွေကို ကြည့်လို့ ရတယ်။ သတင်းအချက်အလက် ခိုင်ခိုင်မာမာပေးနေတဲ့  သတင်းစာမျက်နှာတွေ၊ အဖွဲ့အစည်းတွေဆီက နေ သတင်းတွေကို ယူလို့ ရတယ်။ တဖက်မှာကျတော့ အွန်လိုင်း အင်တာနက် မရှိတော့ အရပ်စကားတွေကိုပဲ ကြားနေရ တော့ ဒီစကားတွေက အာမခံချက် မရှိဘူး။ ခိုင်မာတိကျတာလည်း မရှိဘူး။ ဒါကြောင့် သတင်းအချက်အလက် အလွဲအမှား တွေ ရနိုင်တယ်။ သတင်းအမှားစကားတွေကြောင့် လူမှုရေးပြဿနာတွေလည်း ရှိနိုင်ပါတယ်။ ဒီလို အခြေအနေ ရှိနေပါ တယ်။

အခု ကိုဗစ် ဒုတိယလှိုင်းက  မမျှော်လင့်ပဲ ကျနော်တို့ဆီမှာ ဝုန်းဒိုင်းကြဲလာတာ ဆိုတော့ လူတွေလည်း ရှော့ခ်ရတယ်။ အစိုးရဆီမှာလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တာပေါ့။ လောလောဆယ်မှာ သွားလာမှု လျှော့ချ ကန့်သတ်တာပဲ လုပ်နေတာပေါ့။ တဖက်မှာ တိုက်ပွဲရှောင်တွေအပြင်မှာ ဝင်ငွေရှာနေသူတွေ အခြေခံ လူတန်းစားတွေကတော့ အခက်အခဲ ကြုံမှာပါ။

အခု ပိုးတွေ့လူနာတွေကို ကြည့်လိုက်ရင် လူတန်းစား အလွှာအသီးသီးက ဖြစ်နေတယ်။ ဒီတော့ လူတန်းစား အလွှာ အသီး သီးနဲ့ ထိစပ်နေသူတွေက ဘယ်သူ့ဆီမှာမဆို ပိုးရောက်သွားနိုင်တယ် ဆိုတဲ့ အခြေအနေ ဖြစ်နေတယ်။ ကျနော်တို့က  Primary Contact ၊ Secondary Contact တွေကို လိုက်တဲ့ အခြေအနေမှာလည်း တော်တော်လေးကို ခက်ခက်ခဲခဲ၊ စု ဆောင်းလို့ မရတဲ့ အခြေအနေမှာ ဖြစ်နေတယ်။ နောက်တခုက သတင်းအချက်အလက်တွေ မရလို့ ပြည်သူလူထုထဲမှာ  သတင်း အမှားတွေ ရှိလာရင် အဲဒါကို ပြန်ကိုင်တွယ်ရမယ့် အလုပ်က ပြန်ပေါ်လာမယ်။ သတင်းအမှားတွေကို မထိန်းနိုင်ရင် ဒီထက် ခက်ခဲတဲ့ အလုပ်တွေ ပေါ်လာနိုင်ပါတယ်။

You may also like these stories:

စစ်တွေတွင် Mask မတပ်ဘဲ အပြင်ထွက်လျှင် အရေးယူမည်

ရခိုင်က ပိုးကူးစက်မှု ကိုဗစ် ဒုတိယလှိုင်း အစလား

မန္တလေးမှ စစ်တွေသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ ယာယီရပ်နား

Your Thoughts …
Tags: စစ်တွေအင်တာနက် 4G
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

by ဧရာဝတီ
23 February 2024
14k

ရခိုင်စစ်မျက်နှာတွင် အဓိကခံစစ်စည်းဖြစ်လာသည့် စစ်တွေနှင့် ကျောက်ဖြူတို့သည် စစ်ကောင်စီနှင့် AA နှစ်ဖက်စလုံးအတွက် စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးအတွက်ပါ အဓိကအရေးပါသောကြောင့် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းခုခံမှုနှင့် AA ၏ ပိတ်ဆို့ထိုးစစ်ဆင်မှုများကြား တိုက်ပွဲရှည်ကြာ ပြင်းထန်နိုင်ကြောင်း

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
11.2k

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်း

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

by ဧရာဝတီ
27 February 2024
6.1k

အမ်းမြို့နှင့် တောင်ကုတ်မြို့နယ်အထိပါ ပိတ်ဆို့ခြိမ်းခြောက်နေသည့်အတွက် တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနှင့် အုပ်ချုပ်ရေးမြို့တော် စစ်တွေတို့တွင် စစ်ကောင်စီက ခုခံစစ်ပြင်ဆင်နေရသည့် အခြေအနေ ဖြစ်ကြောင်း

AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်

AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်

by ဧရာဝတီ
16 November 2023
5.5k

ပေါက်တောမြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် လက်နက်ချရန် ငြင်းဆန်ခဲ့သဖြင့် AA မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ စခန်းမှူးအပါအဝင် အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

by ဧရာဝတီ
16 February 2024
4.9k

ဖုန်းလိုင်းတွေက အဆင်မပြေတော့ မိုင်တဲလ်ဆင်းကတ်တွေ ချိန်းလိုက်ရတော့ ဆွေမျိုးမိတ်သင်္ဂဟ သူငယ်ချင်းတွေနဲ့ ပါ အဆက်အသွယ်တွေ ပြတ်ကုန်တယ်၊ အင်တာနက်လိုင်းတွေ လုံးဝမရတော့ ငွေပေးငွေယူ ကိစ္စတွေလည်း အတော်လေးကို ဒုက္ခရောက်နေကြရတယ်။

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

by ဧရာဝတီ
18 March 2024
4.7k

လူထုကတော့ စစ်ရေးကာလ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကနေ AA ရဲ့ အောင်မြင်မှုကို စောင့်ကြည့် ပြီး အားတက်နေကြသလို တိုက်ပွဲတွေ မြန်မြန်ပြီးပြတ်စေဖို့ စိတ်ဆန္ဒတွေလည်း ရှိနေကြပါတယ်။

Next Post
ဝက်ခြေထောက် သင်္ဘောသီးစွပ်ပြုတ်ရည်

ဗီယက်နမ် ရိုးရာအစားအစာ ဝက်ခြေထောက် သင်္ဘောသီးစွပ်ပြုတ်ရည်

မြေနီကုန်း ခုံးတံတားအောက်မှာ သီဆို ဖျော်ဖြေနေတဲ့ ရိုးရိုးမြင့်ဆွေ  / ဝေဝေနှင်း / ဧရာဝတီ

ခုံးတံတားအောက်မှာ သီချင်းတွေ ဖျော်ဖြေသူ (သို့မဟုတ်) ရိုးရိုးမြင့်ဆွေ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate