နိုင်ငံတကာ လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ တဖွဲ့ဖြစ်သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) သည် ရခိုင် ပြည်နယ်အတွင်း COVID 19 ရောဂါဖြစ်ပွားမှု အခြေအနေကို အနီးကပ် စောင့်ကြည့်ကာ လိုအပ်သည့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီနှင့် အထောက်အပံ့များ၊ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ကူညီဆောင် ရွက်သွားရန် ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်က သတင်း ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ICRC သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဆေးရုံ၊ ဆေးခန်းများ တွင် ဆေးပစ္စည်းများ၊ သန့်ရှင်ရေး ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့နိုင်ရန် ဆောင်ရွက်လျက် ရှိသကဲ့သို့ ရခိုင်ပြည်နယ်ရှိ ဒေသခံ ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ရေနှင့် လူနေမှုဆိုင်ရာ အထောက်အပံ့များ ပံ့ပို့ခြင်းကို ဆောင်ရွက်နိုင်ခဲ့သည် ဟုလည်း ဖော်ပြထားသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (မြန်မာရုံး) ကို ဆက် သွယ် မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။
ပဋိပက္ခ၊ စစ်ဘေးဒဏ်များနှင့်အတူ ကိုဗစ်-၁၉ ကပ်ရောဂါ ဒဏ်ကိုပါ ခံစားနေရသည့် ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်မှ စတင်ကာ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၅၆၅ ဦး ရှိပြီ ဖြစ်ပြီး အစိုးရက ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် ရခိုင်တပြည်နယ်လုံးကို Stay at Home ကြေညာထားသည်။
မေး။ ။ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်လို့ ICRC အနေနဲ့ ဘာတွေ ကူညီဆောင်ရွက် ပေးနေပါသလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ICRC က အနီးကပ် လေ့လာစောင့်ကြည့်လျက် ရှိပါတယ်။ ပဋိပက္ခဒဏ်ခံရတဲ့ ရပ်ရွာ အသိုက်အဝန်း အားလုံးကို အကူအညီတွေ ဆက်လက် ပေးနိုင်ဖို့အပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကွယ်ရေး အစီအမံတွေကို ပံ့ပိုးဖို့ မတ်လက စတင်ပြီး အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ် နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က စတင်ခဲ့တဲ့ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရပ်ရွာ အသိုက်အဝန်း အားလုံးကို အကူအညီတွေ ဆက်လက်ပေးဖို့အတွက်လည်း သန္နိဋ္ဌာန် ချထားပါတယ်။
ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ် တဝန်းမှာရှိတဲ့ ယာယီစခန်းပေါင်း ၅၂ ခုမှာ နေထိုင်တဲ့ နေရပ်စွန့်ခွာ မိသားစုတွေအတွက် အဝတ်နဲ့ ပြုလုပ်တဲ့ ပါးစပ်၊ နှာခေါင်းစည်းတွေ ထုတ်လုပ်ဖို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့အတူ ပံ့ပိုးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ICRC ရဲ့ လုပ်ငန်းဆောင်ရွက်တဲ့ အဖွဲ့တွေက ကျန်းမာရေးနဲ့ သန့်ရှင်းရေးဆိုင်ရာ၊ ရောဂါကာကွယ် ရေးဆိုင်ရာ ပစ္စည်းတွေကို စစ်တွေ အကျဉ်းထောင်ကို ပံ့ပိုးပေးခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြု လူနာတွေကို ကုသဖို့ မောင် တောမြို့က သီရိမင်္ဂလာ ခန်းမကို ယာယီဆေးရုံ အဖြစ် ပြောင်းလဲရာမှာ ကူညီပေးခဲ့ပါတယ်။
ပေါက်တောမြို့နယ် ဆေးရုံနဲ့ စစ်တွေ ပြည်သူ့ဆေးရုံကြီးတို့ကို ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာတွေ ပံ့ပိုးပေးခဲ့ပြီး နေ ရာ ၂ ခုကိုလည်း အသွားအလာ ကန့်သတ် ရောဂါစောင့်ကြပ် ကြည့်ရှုတဲ့နေရာတွေ အဖြစ် အသုံးပြုနိုင်ဖို့ မွမ်းမံပြုပြင်ရာမှာ လည်း ကူညီဆောင် ရွက်ပေးခဲ့ပါတယ်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် အစရှိတဲ့ မြို့နယ်တွေမှာ မိသားစု ၃,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ ဖြန့်ဝေမှုကို ဆောင်ရွက်နိုင်ခဲ့သလို လောင်စာတောင့်တွေ၊ ရေနဲ့ လူနေမှုဆိုင်ရာတွေကို လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့အတူ ကူညီပံ့ပိုးပေးခဲ့ပါတယ်။
တဦးနဲ့တဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လိုအပ်နေတဲ့နေရာတွေမှာ လက်ဆေး ဘေစင်တွေ ပြုလုပ်တပ်ဆင်ပေးတာနဲ့ လက် ဆေးရာမှာ သုံးတဲ့ လက်သန့် ဆေးရည်နဲ့ဆပ်ပြာ ပံ့ပိုးပေးတာတွေ အပါအဝင် လိုအပ်တဲ့ ကြိုတင်ကာကွယ်ရေး ကျန်းမာ ရေးနဲ့ ဆိုင်တဲ့ အစီအမံတွေ အားလုံးကို ကျွန်ုပ်တို့ လုပ်ငန်းတွေ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တိုင်းမှာ ထည့်သွင်းထားပါ တယ်။
အာဏာပိုင်တွေ၊ ဆေးရုံဆေးခန်းတွေကို ကူညီပေးဖို့၊ ရပ်ရွာအသိုက်အဝန်းတွေ အန္တရာယ်ကင်းပြီး အခြေခံကျန်းမာရေး၊ စားနပ်ရိက္ခာ၊ နေထိုင်စရာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ ကြိုတင်ကာကွယ်ရေး အချက်အလက်တွေ၊ တကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းတွေ ပံ့ပိုးပေးနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အမြဲတမ်း အဆင်သင့် ရှိနေပါတယ်။
မေး။ ။ ကိုဗစ် ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ နဲ့ အထောက်အပံ့ ဆောင်ရွက်နေတာတွေကို ရပ်တန့်ထားရတာမျိုး ရှိပါသလား။ လက်ရှိ အခြေအနေနဲ့ လိုက်လျောညီ ထွေမှု ရှိအောင် ဘယ်လို စီမံ ဆောင်ရွက်နေပါသလဲ။
ဖြေ။ ။၂၀၁၂ ကတည်းက ရခိုင်ပြည်နယ်ရှိ ရပ်ရွာအသိုက်အဝန်းတွေဟာ နေရပ်စွန့်ခွာရမှု၊ မတည်ငြိမ်မှု၊ မသေချာမှုတွေနဲ့ အတူ ပဋိပက္ခရဲ့နောက်ဆက်တွဲ အကျိုးဆက် ဒဏ်တွေကို ခံခဲ့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါက ရခိုင်ပြည်နယ်ရှိ ဘေး ဒုက္ခ ကျရောက်လွယ်ဆုံးသော ရပ်ရွာ အသိုက်အဝန်းတွေအတွက် နောက်ထပ် အခက်အခဲတွေကို ဖြစ်ပေါ်စေပါတယ်။ ကျနော် တို့ရဲ့ ဦးစားပေးကတော့ ဘေးဒုက္ခ ကျရောက်ဖို့ အလားအလာ အများဆုံး ရပ်ရွာအသိုက်အဝန်းအတွက် ကာကွယ် စောင့် ရှောက်ရေးနဲ့ အကူအညီတွေ ဆက်လက်ပေးဖို့ ဖြစ်ပါတယ်။ အဓိက ကတော့ လက်ရှိ ကျန်းမာရေးစနစ်ကို ပံ့ပိုးပေးဖို့ ရည် ရွယ်ပြီး လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ ICRC က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေး လုပ်ငန်းတွေကို ရပ်တန့်ထားတာ မရှိပါ ဘူး။ ဘေးကင်းရေးနဲ့ ကြိုတင် ကာကွယ်ရေး အစီအမံတွေနဲ့ အညီ ကျနော်တို့ရဲ့လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ပါတယ်။ ဒေသခံ အာဏာပိုင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ရပ်ရွာအသိုက်အဝန်းတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်ပြီး လုပ်ငန်း တွေကို သုံးသပ်ပါတယ်။ အခြေအနေသစ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် အခြေအနေအရ ဖြစ်ပေါ်လာတဲ့အတိုင်း လုပ် ငန်းတွေနဲ့ အစီအစဉ်တွေကို ပြောင်းလဲ ဆောင်ရွက်ပါတယ်။
မေး။ ။ ကိုဗစ်ကာလ ထောက်ပံ့မှုတချို့ ရပ်တန့်ထားဖို့ အစိုးရက ကန့်သတ်ထားမှုအပေါ် ICRC အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနဲ့ အကူအညီတွေ ဆက်လက် ကူညီပံ့ပိုးဖို့ သန္နိဋ္ဌာန် ချထားပါတယ်။ အရေးကြီးတဲ့ အသက်ရှင် နေထိုင်ရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေကို ခွင့်ပြုထားစဉ်မှာပဲ ICRC က အဲဒီ လုပ်ငန်းတွေထဲက တချို့ရဲ့ လုပ်နိုင်မှု ပမာဏနဲ့ အကြိမ်ရေကို အမြဲ တမ်း ပြန်လည် သုံးသပ်ပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ် ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ရေး အတွက် ရခိုင်ပြည်နယ်မှာ ချမှတ်ထားတဲ့ အစီအမံသစ်တွေနဲ့ အညီ ဆောင်ရွက်နေပါတယ်။
မေး။ ။ အင်တာနက် ပိတ်ထားမှုက ICRC ရဲ့ လုပ်ငန်းတွေ အပေါ် သက်ရောက်မှု ရှိပါသလား။ ဘယ်လိုအခက်အခဲတွေ ကြုံရပါသလဲ။
ဖြေ။ ။ အင်တာနက် အသုံးပြုခွင့် မရရှိခြင်းက ICRC ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအပေါ် မကောင်းတဲ့ အကျိုး သက်ရောက်မှု မရှိပါ။ ကျွန်ုပ်တို့ရဲ့လုပ်ငန်းအများစုက ရပ်ရွာအသိုက်အဝန်းတွေနဲ့ တယ်လီဖုန်း အသုံး ပြု ပြောဆိုပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ မိမိတို့ရဲ့ လုပ်ဖော်ကိုင်တွေ ဆွေးနွေးပြီး စနစ်တကျ စီစဉ်မှုတွေ လုပ်ဆောင် ပါတယ်။ ဒါကြောင့် ဖုန်းခေါ်ဆိုမှုဟာ ကျွန်ုပ်တို့ တကမ္ဘာလုံးမှာ သုံးတဲ့ နည်းလမ်း တရပ် ဖြစ်ပါတယ်။
အကြံပြုချက် ဖြစ်ပါတယ်။ လျင်မြန်စွာ ဆက်သွယ်နိုင်တဲ့ ယနေ့ခေတ်လို အခြေအနေမှာ ကမ္ဘာပေါ်က လူမှုအသိုက်အဝန်း တွေက သတင်းနဲ့ အချက်အလက်တွေအတွက် အီလက်ထရောနစ် နည်းလမ်းတွေ၊ ကိရိယာတွေကို ပထမဦးစားပေး အသုံးပြုကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က နေရာ အတော်များများမှာ လျင်မြန်ပြီး တည်ငြိမ်မှုရှိတဲ့ အင်တာနက်လိုင်းတွေ မရှိဘဲ နေနေကြရပါတယ်။ အင်တာနက်လိုင်းတွေက တခါတရံမှာ လူမှုအသိုက်အဝန်းတွေအပေါ် အကျိုးသက်ရောက် မှုတွေလည်း ရှိစေတတ်ပါတယ်။
ICRC က တကမ္ဘာလုံးက နေရာအတော်များများမှာ အလုပ် လုပ်ဆောင်ပါတယ်။ အထူးသဖြင့် လက်ရှိ အခြေအနေမှာ လို အပ်တဲ့ သတင်းအချက်အလက်တွေကို ရပ်ရွာအသိုက်အဝန်းတွေ ရရှိစေဖို့ ICRC ရဲ့ လုပ်ငန်းတွေကို အလိုက်သင့် ပြောင်း လဲပြီး ဆောင်ရွက်နေပါတယ်။ မတ်လက စတင်ပြီး ICRC ရဲ့ လုပ်ငန်းအဖွဲ့တွေက ရပ်ရွာအသိုက်အဝန်းတွေနဲ့ တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးမှုတွေကို ပြုလုပ်ပါတယ်။
အန္တရာယ်ကင်းစွာ တဦးနဲ့တဦး ခပ်ခွာခွာနေထိုင်ရေး၊ ပိုမိုကောင်းမွန်တဲ့ တကိုယ်ရည် သန့်ရှင်းမှု စတာတွေ ပြုလုပ်ဖို့ အား ပေး ပြောကြားပါတယ်။ သတင်း အချက်အလက် ပိုစတာတွေ ဖြန့်ဝေပေးပါတယ်။ တခါတရံမှာ လော်စပီကာတွေနဲ့ မိုက် ကရိုဖုန်းတွေ သုံးပြီး သတင်းစကားပြန့်ပွားစေရေးအတွက် ကိုဗစ်ကော်မတီတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ပါတယ်။ လက် ရှိ အခြေအနေမှာ ICRC က လုပ်ဖို့ လိုအပ်တာတွေကို ဆောင်ရွက်နေပါတယ်။ အဓိက စိုးရိမ်ချက်ကတော့ မိသားစုတွေ အန္တရာယ်ကင်းဖို့အတွက် သူတို့ လုပ်ဖို့လိုအပ်တာတွေကို သိရှိဖို့ ဖြစ်ပါတယ်။
မေး။ ။ နယ်ဘက်တွေကို ထောက်ပံ့ရေး ကိစ္စတွေ သွားရောက်တဲ့အခါ AA ကို သတင်းပို့ရတာမျိုး ရှိပါသလား။
ဖြေ။ ။ မြန်မာနိုင်ငံမှာရော တကမ္ဘာလုံးမှာပါ။ ICRC ရဲ့အဓိက ရည်ရွယ်ချက်က လက်နက်ကိုင် ပဋိပက္ခနဲ့ တခြားသော အကြမ်းဖက် အခြေအနေ အမျိုးမျိုးရဲ့ ဒဏ်ကိုခံရသူတွေကို ကူညီပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ပွင့်လင်းမြင်သာမှု အပြည့်နဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ အာဏာပိုင်တွေရဲ့ လိုအပ်ချက်တွေကိုလည်း လေးစားလိုက်နာပြီး ဆောင်ရွက်ပါ တယ်။ ကျွန်ုပ်တို့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အားလုံး သက်ဆိုင်ရာနိုင်ငံရဲ့ တပ်ဖွဲ့တွေ ဖြစ် စေ၊ နိုင်ငံတော်နဲ့ မပတ်သက်တဲ့ အဖွဲ့တွေကိုဖြစ်စေ အမြဲတမ်း တွေ့ဆုံဆွေးနွေး ပြောကြားခြင်းဖြင့် ကျွန်ုပ်တို့ရဲ့လုပ်ငန်း တွေကို ဆောင်ရွက်ပါတယ်။
ဒါတွေက ကျွန်ုပ်တို့ လုပ်ငန်းတွေအတွက် အရေးကြီးတဲ့အပိုင်း ဖြစ်ပါတယ်။ ဘက်အားလုံးကို တွေ့ဆုံဆွေးနွေး ပြောကြားပါ တယ်။ အဓိကကတော့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လေးစားလိုက်နာဖို့ ပြောကြားပါ တယ်။ အကူအညီ လိုအပ်နေတဲ့ ရပ်ရွာအသိုက်အဝန်းတွေဆီကို အန္တရာယ်ကင်းစွာ သွားရောက်နိုင်ဖို့လည်း ကျွနု်ပ်တို့ အမြဲ တမ်း သက်ဆိုင်ရာ ဘက်အားလုံးကို တွေ့ဆုံဆွေးနွေး ပြောကြားပါတယ်။ ဒါဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လုပ်ငန်းတွေထဲက ကြားနေပြီး လွတ်လပ်တဲ့ ဘက်လိုက်မှုမရှိတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ နည်းလမ်းရဲ့ အနှစ်သာရပဲ ဖြစ်ပါ တယ်။
ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တခုဖြစ်ပြီး အာဏာပိုင်တွေ သာမက အရပ်ဘက်အဖွဲ့အစည်း၊ NGO၊ အကူညီပေးရေး အဖွဲ့ အစည်းတွေနဲ့ ရပ်ရွာအသိုက်အဝန်းတွေက စုပေါင်းကြိုးစား ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့လတွေက ICRC ထောက်ပံ့ရေး ကားတွေ ဟန့်တားခံရတဲ့အတွက် လမ်းမှာ ညအိပ်ပြီး ရပ်တန့်နေရတာ တွေ ရှိတယ်လို့ ကြားသိရပါတယ်။ ဟုတ်ပါသလား။ ဘယ်အဖွဲ့က ဟန့်တားမှုတွေ လုပ်ခဲ့တာပါလဲ။ ဘာကြောင့်လဲ။
ဖြေ။ ။ ကျွန်ုပ်တို့ ကုန်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ ထရပ်ကားတွေ သယ်ယူပို့ဆောင်ရေး သွားလာတဲ့အခါ သက် ဆိုင်ရာ အာဏာပိုင်တွေ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းတွေနဲ့အတူ ညှိနှိုင်းဆောင်ရွက်ပါတယ်။ အဓိကက အရေးကြီးတဲ့ အကူအညီတွေ ရပ်ရွာအသိုက်အဝန်းတွေဆီ ရောက်ရှိစေဖို့ပါ။ လွန်ခဲ့တဲ့ လအနည်းငယ်က ICRC က ကိုဗစ် ရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့လုပ်ငန်းမှာ ကျွန်ုပ်တို့ရဲ့ ကုန်ပစ္စည်းတွေကို တင်လာတဲ့ကားတွေဟာ ဒီလိုအခြေ အနေမျိုးတွေနဲ့ မတွေ့ကြုံရပါဘူး။ အာဏာပိုင်တွေ ချမှတ်ထားတဲ့ လုပ်ငန်းစဉ် အသစ်တွေအရ ကျွန်ုပ်တို့ လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နိုင်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံဆောင်ရွက်ချက်တွေအပေါ် ဘယ် လို မြင်ပါသလဲ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါက တကမ္ဘာလုံးမှာ ယခင်က မတွေ့ကြုံဖူးတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ တွေ့ကြုံစေပါတယ်။ ကိုဗစ်ရောဂါပိုးရဲ့ ပမာဏနဲ့ အတိုင်းအဆက နေ့စဉ်ပြောင်းလဲလျက် ရှိပြီး တကမ္ဘာလုံးမှာ ရှိတဲ့ အစိုးရတွေအနေနဲ့လည်း သူတို့ နိုင်ငံသားတွေအတွက် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်နေပါတယ်။ မြန်မာ တနိုင်ငံလုံးမှာလည်း အလားတူ ဆောင်ရွက်နေပါတယ်။
ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တခုဖြစ်ပြီး အာဏာပိုင်တွေ သာမက အရပ်ဘက်အဖွဲ့အစည်း၊ NGO၊ အကူညီပေးရေး အဖွဲ့ အစည်းတွေနဲ့ ရပ်ရွာအသိုက်အဝန်းတွေက စုပေါင်းကြိုးစား ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ICRC က ရခိုင်ပြည်နယ် တဝန်းမှာရှိတဲ့ လုပ်ငန်းတွေကို လက်ရှိ အခြေအနေနဲ့ ကိုက်ညီအောင် အန္တရာယ်ကင်း စွာ တာဝန်သိသိနဲ့ အလိုက်သင့် ပြောင်းလဲ ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ အရေးကြီးတဲ့ ကြိုတင်ကာကွယ်ရေး အစီ အမံ တွေကို လိုက်နာဖို့၊ စုပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှသာ လက်ရှိဖြစ်နေတဲ့ ရောဂါပြန့်ပွားမှုကို ကူညီထိန်းချုပ်နိုင် မှာ ဖြစ်ပါတယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျွန်ုပ်တို့ ကမ်းလှမ်းနိုင်တဲ့ ကျွန်ုပ်တို့ရဲ့ လုပ်ငန်းတာဝန်နဲ့ လုပ်ငန်းတွေရဲ့ ဘောင်အတွင်းက အကူအညီ လိုအပ် ဆုံးသော သူတွေအတွက် ICRC ရဲ့ လုပ်ငန်းအဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ကိုဗစ်-၁၉ ရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ တခုမကျန်ကိုတော့ ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီလို လုပ်နိုင်ဖို့ လူတိုင်းရဲ့ ညီညွတ်တဲ့ စုပေါင်းအင်အား လိုအပ်ပါတယ်။
အာဏာပိုင်တွေ၊ ဆေးရုံဆေးခန်းတွေကို ကူညီပေးဖို့၊ ရပ်ရွာအသိုက်အဝန်းတွေ အန္တရာယ်ကင်းပြီး အခြေခံကျန်းမာရေး၊ စားနပ်ရိက္ခာ၊ နေထိုင်စရာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ ကြိုတင်ကာကွယ်ရေး အချက်အလက်တွေ၊ တကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းတွေ ပံ့ပိုးပေးနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အမြဲတမ်း အဆင်သင့် ရှိနေပါတယ်။
You may also like these stories:
ကိုဗစ်ဒုတိယလှိုင်းကြောင့် ရခိုင်မှာ ဒုက္ခသည်များ စားနပ်ရိက္ခာ ပိုခက်မည်ကို စိုးရိမ်ရ
ရခိုင်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်
စစ်တွေမှ ပြန်လာပြီး လျှို့ဝှက်နေသူများ အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး
ရောဂါကူးစက်မှုက များလာတယ်၊ ရောဂါ ပြင်းထန်မှုတော့ နည်းတယ်