လူ့ဂုဏ်သိက္ခာကိုပါ ယုတ်လျော့အောင် ရိုက်ကူးထုတ်လုပ်နေတယ်

သဇင်လှိုင်
မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်း Myanmar Cultural Research Society မှ ကိုရဲဟိန်းအောင် / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာများ၊ ဇာတ်ညွှန်းရေးသူများ၊ သရုပ်ဆောင်များ၊ ဆင်ဆာအဖွဲ့၊ ထုတ်ဝေသူစသည့် ရုပ်ရှင်ဖန်တီး ထုတ်လုပ်သူ များ၊ မသန်စွမ်းနှင့် LGBT အဖွဲ့အစည်းများစသည်တို့ကို တွေ့ဆုံမေးမြန်း ရေးသားပြုစုထားသည့် တုန်ခြင်း၊ မှုန်ခြင်း သည်းခံပါ (မြန်မာ့ရုပ်ရှင်များအတွင်း လွဲမှားစွာ ပုံဖော်ခံနေရသော လူ့အဖွဲ့အစည်း) အစီရင်ခံစာကို ပြီးခဲ့သည့် ရက်သတ္တ ပတ် အတွင်းက ထုတ်ပြန်ခဲ့သည်။

Synergy – Social Harmony Organization နှင့် Myanmar Cultural Research Society – တို့ ပူးပေါင်း ရေးသား ထားသည့် အဆိုပါ အစီရင်ခံစာတွင် မသန်စွမ်းသူများ၊ လိင်ကွဲပြားမှုနှင့် ယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ ကွဲပြားမှုများ တိုင်းရင်းသားများ စသည်တို့နှင့် ပတ်သက်ပြီး ရုပ်ရှင်ပိတ်ကားများထက်တွင် လွဲမှားစွာ ပုံဖော်ခဲ့မှုများကို ထောက်ပြ ရေးသားထားရာ အစီရင်ခံစာကို ရေးသားပြုစုခဲ့သည့် မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်း Myanmar Cultural Research Society မှ ကိုရဲဟိန်းအောင်ကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားသည်။

မေး ။ ။ အစ်ကိုတို့ ရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး စစ်တမ်း ၁ စောင် ရှေ့ရက်က ထွက်ခဲ့တယ်ပေါ့။ အဲဒီစစ်တမ်း စလုပ် ဖြစ်ခဲ့တဲ့ အကြောင်းရယ်၊ ဘယ်အချိန်မှာ စတင်ဖြစ်ခဲ့တယ်ဆိုတာ အရင်ဆုံး ရှင်းပြပေးပါဦး။

ဖြေ ။ ။ ရုပ်ရှင်ရဲ့ ပုံစံက နည်းနည်း ပြောင်းလဲလာတယ်။ အရင်တုန်းကဆို ရုပ်ရှင်ကို ရုံမှာသွားကြည့်ရတယ်။ အဲဒီကနေ ရုပ်ရှင် trailer တွေကို ပေ့ချ်တွေ ထောင်ပြီးတော့ Marketing သဘောအရ လုပ်တဲ့အပိုင်းကို တွေ့ရတယ်။ နောက်အချိုး အကွေ့တခုက Youtube၊ Facebook တွေမှာပြန်တင်တယ်ပေါ့။ နောက်တချက်က ရုပ်ရှင်တွေကို ပြန်ကြည့်လို့ရတဲ့ Mobile Application တွေပေါ်လာတယ်။

ပေါ်လာလို့ ဒီ နှစ်နှစ် သုံးနှစ်အတွင်းမှာ ရုပ်ရှင်ရဲ့ ကျယ်ပြန့်မှု ပုံစံက ရုံဆိုတာထက် ဖုန်းတွေဆီကို ထပ်ရောက်လာတယ်။ ရုပ်ရှင်ရဲ့ လွှမ်းမိုးမှု လူဦးရေ အရေအတွက်က ပိုများလာတယ်။ လိုင်းကား တွေ၊ အဝေးပြေးကားတွေပေါ်မှာ ပြတာ တွေလည်းရှိတယ်။ ရုပ်ရှင်ရဲ့ မှားယွင်းတဲ့ အချက်အလက်တွေ ဖိနှိပ်မှုတွေ ပါနေရင် လူတွေဆီကို လွယ်လွယ်ကူကူနဲ့ ပိုရောက်လာမယ်။

ကျနော်တို့ နမူနာ ယူပြီး ကြည့်တာကတော့ ၂၀၁၈၊ ၁၉ က ရုပ်ရှင်တွေကို ကြည့်ခဲ့တာပေါ့။ တကယ်တမ်း အချက်အလက် တွေကို တွေ့နေတာကတော့ တော်တော်ကြာကတည်း တွေ့ရတယ် ဆိုပေမယ့် စနစ်တကျ ချဉ်းကပ်ပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေက လုပ်နေတာမျိုးတွေကို အများကြီး တွေ့နေရတာ မရှိဘူး။ ဒါတွေကို စနစ်တကျ Case By Case ထောက်ပြနိုင်ရင်တော့ ဘယ်လိုပြောင်းလဲမှုမျိုးတွေ ဦးတည်လို့ရမလဲ။

လူတွေအနေနဲ့ ပိုပြီး အာရုံစိုက်လာမယ်လို့ ယူဆတဲ့ အတွက် ဒီအစီရင်ခံစာ ရေးမယ့် စီမံကိန်းကို ၂၀၂၀ ဇန်နဝါရီမှာ စပြီးတော့ အကောင်အထည်ဖော်တယ်။ စာတမ်း အပြီးသတ် ရေးပြီးတဲ့ အချိန်အထိဆိုရင် ၆ လလောက် အချိန်ယူခဲ့ပါတယ်။

လူတွေအနေနဲ့ ပိုပြီး အာရုံစိုက်လာမယ်လို့ ယူဆတဲ့ အတွက် ဒီအစီရင်ခံစာ ရေးမယ့် စီမံကိန်းကို ၂၀၂၀ ဇန်နဝါရီမှာ စပြီးတော့ အကောင်အထည်ဖော်တယ်။ စာတမ်း အပြီးသတ် ရေးပြီးတဲ့ အချိန်အထိဆိုရင် ၆ လလောက် အချိန်ယူခဲ့ပါတယ်။

၂၀၁၈-၁၉ မှာ Mobile Application ရော Youtube၊ Facebook တွေမှာ ပျံ့နှံ့တဲ့ ကား ၃၀ နမူနာအဖြစ် ကြည့်ရှု့ ခဲ့ပါ တယ်။ အင်တာဗျူးလုပ်ဖို့ကလည်း ဖန်တီးသူတွေ အပါအဝင် လူ ၃၀ လောက်အထိ ရည်ရွယ်ခဲ့တယ်။ ဒါပေမယ့် တိုက်ဆိုင် စွာနဲ့ ကိုဗစ်နဲ့ သွားကြုံတော့ လိုချင်တဲ့သူတွေ သတ်မှတ်သလောက် မရဘူး။

ဒီအင်တာဗျူးမှာ ဘာတွေ လုပ်ခဲ့လဲဆိုတော့ ဒီလို ပါဝင်နေမှု အပေါ်မှာ သူတို့ အမြင်တွေကို စုဆောင်းတယ်။ ရုပ်ရှင်တွေရဲ့ လွှမ်းမိုးနိုင်တဲ့ အနေအထားကို မေးမြန်းတာ တွေ လုပ်တယ်။ လူ ၂၀ ကို အင်တာဗျူးလုပ်နိုင်ခဲ့တယ်။ အဲဒီထဲမှာ Activist တွေပါတယ်။ မသန်စွမ်းအရေး လှုပ်ရှားနေ သူတွေ၊ LGBT အပိုင်းမှာ ပါဝင် လှုပ်ရှားနေသူတွေ၊ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေး ဆရာတွေ၊ commercial film maker တွေလည်းပါတယ်။

မေး ။ ။ စစ်တမ်းရဲ့ အဓိကရည်ရွယ်ချက် ကို ရှင်းပြပေးပါဦး။

ဖြေ ။ ။ ဒီလိုအဖြစ်တွေ ရှိနေတယ်ဆိုတာကို တိတိကျကျ ပြောဖို့ ရည်မှန်းထားပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒါတွေ ရှိနေတယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် တရားဝင် Official တိတိကျကျ ပြောတဲ့ ရာခိုင်နှုန်းကျတော့ မရှိသလောက်န ည်းနေတယ်။ ပြောဖို့လိုတဲ့အတွက် ပြောပါတယ်။

နောက်တခုက ပြဿနာကို တွေ့ပြီး အနာကို တွေ့ပြီဆိုရင် ဆေးဘယ် လို ရှာမလဲ။ အဲဒီအတွက် လမ်းစလေး တခု စတင်တာပါ။ ကျနော်တို့ သုတေသနကို အစပြုတဲ့အဖွဲ့ Synergy အဖွဲ့နဲ့ တိုင်ပင်ပြီး လူတွေကြားထဲမှာ Debate တွေ ဖြစ်လာအောင်၊ ပိုမိုတွေးခေါ်လာအောင်၊ နည်းလမ်းအသစ်တွေ ထွက်လာ အောင်ပါ။ ကျနော်တို့ နည်းလမ်းရှာနိုင်လောက်တဲ့အထိ မရှိသေးဘူး။

ဒါကို အခြေပြုပြီးတော့ ပြဿနာရှိမှန်း သိပြီ၊ ပြဿနာ ပေါ်ပြီမှန်း သိပြီဆိုရင် ကျနော်တို့ ဆက်ရှာကြမယ်။ အဲဒီလိုမျိုး ရည်ရွယ်ပါတယ်။ ရုပ်ရှင်လောကက လူတွေ ဖတ်ရလို့ ဒါတွေကို သတိထားမိမယ်။ ပြင်ဆင်နိုင်တဲ့အထိ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက်သွားမယ်ဆိုလည်း အတိုင်းထက်အလွန်ပါပဲ။ အဲဒီလိုပဲ ဖြစ်စေချင်ပါတယ်။

ဒါပေမယ့် ဖြစ်လာနိုင်လား၊ မဖြစ်လာနိုင်လားဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ တကယ်လို့ မဖြစ်လာဘူး ဆိုရင်လည်း အရပ် ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာက မိတ်ဆွေတွေ၊ တခြား သိသင့်သိထိုက်တဲ့သူတွေကနေ တဆင့် ဒါတွေကို ဘယ်လို နည်းလမ်းရှာမလဲဆိုတာ ကြိုးစားသွားမှာပါ။

တုန်ခြင်း၊ မှုန်ခြင်း သည်းခံပါ (မြန်မာ့ရုပ်ရှင်များအတွင်း လွဲမှားစွာ ပုံဖော်ခံနေရသော လူ့အဖွဲ့အစည်း) အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည့် ရုပ်ရှင်ပိုစတာ တခု

မေး ။ ။ စစ်တမ်း လုပ်တော့ ရုပ်ရှင်ရိုက်ကူးမှုတွေထဲကမှ မှားယွင်းတဲ့ အချက်တွေက ဘာတွေတွေ့ရလဲ။

ဖြေ ။ ။ စကြည့်ကတည်းက အပိုင်း ၃ ပိုင်းကိုပဲကြည့်ဖို့ ကြိုးစားတယ်။ LGBT Community က လူတွေအပေါ်မှာ အမြဲတမ်း ဟာသအနေနဲ့ ရိုက်ကူးတာတွေ တွေ့ရတယ်။ မသန်စွမ်း ပုဂ္ဂိုလ်တွေ အပေါ်မှာ လှောင်ပြောင်သရော် ရိုက်ကူး တာတွေ တွေ့ရတယ်။ နောက်မေးခွန်း တခုက လူမျိုးစုတွေ အပေါ်မှာရော ဘယ်လိုရိုက်ကူးမှုတွေ ရှိလဲပေါ့။ အဲဒီ ၃ ခုကိုပဲ Focus လုပ်ပြီး ကြည့်ခဲ့ပါတယ်။ ရုပ်ရှင်တွေကိုကြည့်ပြီး တခြားမတူညီတဲ့ ရှုထောင်ကနေ တွေ့ရှိမှုတွေလည်း ရှိပါတယ်။

ကျနော်တို့က အဓိက Pattern ကိုထုတ်တာ ဘာမျိုးတွေ ရိုက်တတ်လဲ၊ ဘယ်လိုပုံစံနဲ့ လူတွေကို Stereotypes လုပ်တတ် လဲ။ ဥပမာဆိုရင် မသန်စွမ်းမှာ ဟာသ သရုပ်ဆောင်ရှိပါတယ်။ ပိုလီယိုလို့ မြန်မာ့ လူ့အဖွဲ့အစည်းက သိပြီးသားလူပေါ့။ အဲဒီလူကို ကားထဲမှာ ပိုလီယိုအဖြစ် အမြဲတမ်းထည့်ရိုက်တယ်။ တကယ်တော့ သူကပိုလီယို မဟုတ်ဘူး။

ကျနော်မသန်စွမ်း အရေး ကျွမ်းကျင်သူတွေနဲ့ မေးမြန်းကြည့်တော့ သူငယ်နာအကြောတင်း ဝေဒနာရှင်တွေရဲ့ လက္ခဏာပေါ့။ ဒါပေမယ့် ရုပ်ရှင်တွေထဲမှာ အလွယ်တကူ ပိုလီယိုလို့ လုပ်ထားတယ်။ အဲဒီလို နားလည်အောင်လို့ လုပ်ထားတာပေါ့။ ဒီလိုမသန်စွမ်းမှု အပေါ်မှာ ဟာသလုပ်တယ်၊ ရယ်ရအောင် တမင်တကာ လုပ်ခြင်းပေါ့။

ဒီဇာတ်လမ်းထဲမှာ ဒီ ၁ ယောက်ကို မထည့်ထားရင် ဘာဖြစ်မလဲပေါ့။ ထည့်ထားရင် ဘာဖြစ်မလဲပေါ့။ ဇာတ်လမ်းရဲ့ ပင်မ ကျောရိုးအပေါ်မှာ ဘာမှ တိမ်းစောင်းခြင်းလည်း မရှိဘူး၊ ဘာမှလည်း မလိုအပ်ဘူး၊ Main Character လည်း မဟုတ်ဘူး။ လူတွေကို ရယ်ရအောင်၊ ဒီဇာတ်ရုပ်ကိုမြင်ရင် ဒီဇာတ်ရုပ်ရဲ့ လွဲချော်မှုတွေ၊ အဆင်မပြေမှုတွေကနေ ဟာသဖြစ်အောင် ရိုက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ထည့်သွင်းထားတာမျိုးဆိုရင် ထည့်တွက်ပါတယ်။

ဥပမာ ကြီးလေးကြီးတို့ ငဒူတို့ကားထဲမှာ ဆိုရင် အဲဒါတွေ အများဆုံး တွေ့ရတယ်။ ရုပ်ရှင်ကြည့်တယ်ဆိုတာ လူမျိုးစုံ ဖြစ်နိုင်တယ်။ ပညာမတတ်တဲ့သူလည်း ဖြစ်နိုင် တယ် အမြင်အာရုံ မရှိဘဲ အကြားအာရုံပဲရှိရင်တောင် သိနိုင်တယ်။ အဲဒီလိုလူတွေ အားလုံးကို ဒီသတင်း အချက်အလက် တွေက ပျံ့နှံ့နေတာ။ ပြောသွားတဲ့ Dialogue တွေ ဇာတ်ဝင်စရိုက်တွေက အစ သုံးသပ်မှုတွေ လုပ်ပါတယ်။

မေး ။ ။ ရှေ့ပိုင်းမှာပြောခဲ့သလို လူမျိုးစုတွေနဲ့ ပတ်သက်ပြီးတော့ တွေ့ရှိမှုကရော ဘယ်လိုမျိုးလဲ။

ဖြေ ။ ။ လူမျိုးစုတွေကို ရုပ်ရှင်တွေမှာ ဘယ်လိုဖော်ပြကြသလဲ ဆိုတာ တပိုင်းရယ်၊ လူမျိုးစု ရုပ်ရှင်တွေက Mainstream မှာ ဘာလို့ များများစားစား မထုတ်လုပ်နိုင်တာလဲ၊ မထွက်လာနိုင်တာလဲဆိုတဲ့ အပိုင်းကို သွားကြည့်တော့ လူမျိုးစုတွေရဲ့ အပေါ်ယံ စရိုက်လက္ခဏာတွေကိုပဲ အသုံးပြုလိုက်တာပေါ့။ သူတို့ရဲ့ တကယ်ဖြစ်နေတဲ့ အရာတွေ မပါဘူး။ တိုင်းရင်းသား ဒေသတွေ တောင်ပေါ်ဒေသတွေမှာ သွားရိုက်တဲ့ တချို့ကားတွေရှိတယ်။ ဒီပြည်မကလူတွေနဲ့ မတူညီတဲ့ ဓလေ့နဲ့ မတူတာ တွေ ရှိတယ်။ ဥပမာ အကတွေ၊ ရှေးဟောင်း အဆောက်အအုံတွေ စေတီပုထိုးတွေလည်း ဖြစ်နိုင်တယ်။ အဲဒါမျိုးတွေကိုပဲ အသားပေးပြီးရိုက်တာ။

နောက်တခုက ဇာတ်ကောင် ၁ ယောက် သို့မဟုတ် ဇာတ်လမ်း ဇာတ်ကွက်အရ လူမျိုးစုလို့ ပြောလိုက်ပြီဆိုရင် Costume ဒီဇိုင်းမှာ နည်းနည်းလေး ထည့်လိုက်တာရှိမယ်။ နာမည်တွေပြောင်းတာရှိမယ်၊ စကားဝဲလိုက်တာရှိမယ် ဒါဆိုရင် လူမျိုးစုပဲ၊ တိုင်းရင်းသားပဲ။ တခြားသူတို့ရဲ့ စစ်ဘေးဒုက္ခတွေ၊ မဖွံ့ဖြိုး မတိုးတက်တာတွေ၊ သဘာဝဘေး အန္တရာယ်တွေ၊ သူတို့ရဲ့ ဖိနှိပ်ခံရမှုတွေ ဒါတွေကို မြန်မာ့ရုပ်ရှင်မှာ မတွေ့နိုင်ဘူးလို့ သုံးသပ်တယ်။

၂၀၁၈-၁၉ ကားတင်မကဘူး အစဉ်အဆက် ရိုက်ခဲ့တဲ့ ကားတွေမှာလည်း သူတို့ကြုံနေရတဲ့ ဒုက္ခတွေဆိုရင်လည်း သူတို့ဘက်က အသံတွေပါမနေဘူး။ ဒီဘက် Mainstream ဘက်က နားလည်ထားတဲ့ ကြည့်တဲ့ အမြင်ပဲ ပါတယ်။ တိုင်းရင်သားဒေသတွေ လူမျိုးစုတွေကြားထဲမှာ ခံစားနေရတဲ့ စစ်ဘေးဒုက္ခတွေ၊ ဖိနှိပ်မှုတွေက မြန်မာ့ရုပ်ရှင်တွေမှာ ရှာမတွေ့နိုင်ဘူး။

လူမျိုးစုတွေကို အခြေပြုတဲ့ ရုပ်ရှင်တွေ ရိုက်မယ်ဆိုရင် ကျနော်တို့ဆီမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ရိုက်ကူးခဲ့တဲ့ ကားအများစုက ပြည်မက ဒါရိုက်တာတွေ တိုင်းရင်းသားအရေး စိတ်ဝင်စားတဲ့သူတွေ ရိုက်ကြတာရှိတယ်။ ဒါပေမယ့် သူတို့အားလုံးက ဒီလူအဖွဲ့အစည်းကနေ လှမ်းကြည့်တဲ့ အမြင်ပဲ။

လူမျိုးစုတွေဘက်ကနေ ပြန်ကြည့်တဲ့ အမြင်နဲ့ကားဆိုရင် မတွေ့ရသလောက် နည်းပါးတယ်။ လူမျိုးစုဒေသမှာ ရှိတဲ့ ဒါရိုက်တာတွေ ထုတ်လုပ်သူတွေက ပြည်မက လုပ်နေတဲ့ Commercial Market ကို မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ သူတို့ဆီမှာ ရှိတဲ့ အရင်းအနှီးနဲ့ နည်းပညာနဲ့ သူတို့က ရိုက်ရတယ်။ အဲဒီတော့ ဈေးကွက်ဝင် မင်းသား၊ မင်းသမီးတွေ ငှားရမ်းထည့်သွင်း အသုံးပြုဖို့ ဆိုတာ အခက်အခဲ ရှိတယ်။ ဒေသခံ စကားပြောကားတွေ ရိုက်မယ်ဆိုရင် နံပါတ် ၁ အချက် ပြဿနာ စရှိပြီ၊ နံပါတ် ၂ အချက် ရုံတင်ဖို့ ပြဿနာ စရှိပြီ။

ရုပ်ရှင်ထွက်လာလို့ ဈေးကွက်ဝင် မင်းသား၊ မင်းသမီး မပါလာဘူးဆိုရင် ရုံတင်ရက်စောင့်ဖို့ ဆက်လက်ကြုံတွေ့ရမယ်။ ရုံမတင်ရဘူးဆိုရင် ပိုက်ဆံ ပြန်ဝင်ဖို့ခက်တယ်။ သူတို့တွေက ဒီလိုကားမျိုး ဆက်ထုတ်ဖို့က အမြဲ အခက်အခဲရှိနေတာ။ စီးပွားရေး အရလည်း ရှေ့တိုးလို့ မရအောင် ဖြစ်ပေါ်စေတယ်။ ဆင်ဆာရေး စနစ်အဆင့်ဆင့်က တားမြစ်မှုကရော လူမျိုးစု တွေရဲ့ ပင်ကိုယ်စရိုက် အလေ့အထနဲ့ သူတို့တွေရဲ့ ဘဝအခြေအနေတွေကို ဖော်ထုတ်နိုင်တဲ့ ကားတွေကို ရိုက်ကူးတင်ပြ နိုင်ဖို့ အတွက် အကန့်အသတ် ဖြစ်နေတယ်။

မေး ။ ။ အကုန်လုံးပြန်ပြီး ခြုံကြည့်မယ်ဆိုရင် လူ့အခွင့်အရေး ရှူထောင့်ကနေ ချဉ်းကပ်မယ်ဆိုရင် မြန်မာ့ရုပ်ရှင် ရိုက်ကူး ပုံဖော်မှုတွေက လူ့အခွင့်အရေး ချိုးဖောက်နေရာ ရောက်သလား။

လူ့အခွင့်အရေးဆိုတာက လူတွေရဲ့ ဖြစ်တည်မှုနဲ့ တည်ရှိမှုပေါ့။ ဥပမာဆိုရင် LGBT တွေပေါ့။ LGBT ထဲက လူတွေကို ကျနော်မေးကြည့်တယ်။ သူတို့ကို ဘယ်လိုခေါ်ရင် အဆင်ပြေမလဲဆိုတော့။ မိန်းမလျာလို့ ခေါ်ရင် အဆင် ပြေ တယ်လို့ ပြောကြတယ်။

ဖြေ ။ ။ လူ့အခွင့်အရေးဆိုတာက လူတွေရဲ့ ဖြစ်တည်မှုနဲ့ တည်ရှိမှုပေါ့။ ဥပမာဆိုရင် LGBT တွေပေါ့။ LGBT ထဲက လူတွေကို ကျနော်မေးကြည့်တယ်။ သူတို့ကို ဘယ်လိုခေါ်ရင် အဆင်ပြေမလဲဆိုတော့။ မိန်းမလျာလို့ ခေါ်ရင် အဆင် ပြေ တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ရုပ်ရှင်တွေထဲမှာ မိန်းမလျာလို့ ပြောဆို သုံးစွဲခြင်းနည်းတယ်။ အခြောက်၊ ဂန်ဒူး၊ ဂျီပုံး၊ နှစ်ပိုင်းတစ်ပိုင်းတို့ ဘာတို့လည်း ရှိကောင်းရှိမှာပေါ့။ နောက် ယောက်ျားလျာ Lesbian တချို့ကို ယောက်ျားလျာလို့ မသုံးဘဲ။ ဘောကွဲ လို့ ခေါ်ကြတယ်။ ကျနော်ထင်တာ အဲဒီလိုစကားလုံးတွေက Negative Sense ပါတဲ့ စကားလုံး တွေ။

လူ့အဖွဲ့အစည်းထဲမှာ အကျုံးဝင်တဲ့ လူတွေက သူတို့ကိုယ်သူတို့ သတ်မှတ်ပြောဆို ခေါ်ဝေါ်စေချင်တဲ့ နာမည်ကိုခေါ်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ အဲဒါကို မခေါ်ဘဲနဲ့ သူတို့ မကြိုက်တဲ့ မနှစ်သက်တဲ့။ သူတို့ရဲ့ Identity နဲ့ မကိုက်ညီတာကို ခေါ်ခြင်းက လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ သုံးသပ်တယ်။

ဒီ Report ရဲ့ အဓိက ရည်ရွယ်ချက်က လူ့အခွင့်အရေး အပြင် လူ့ဂုဏ်သိက္ခာပါဝင်တယ်။ လူတိုင်း၊ လူတိုင်းမှာ LGBT ဖြစ်ပါစေ။ Disability ဖြစ်ပါစေ။ အသားအရောင်၊ အသွေး အရောင်၊ ယုံကြည်ကိုးကွယ်မှု ကွဲပြားခြားနားတဲ့ လူမျိုးဖြစ်ပါစေ သူတို့အားလုံးမှာ တူညီပြီးသားဖြစ်တဲ့ လူ့ဂုဏ်သိက္ခာ ရှိတယ်။

အဲဒီလူ့ဂုဏ်သိက္ခာကို ယုတ်လျော့အောင်၊ လွဲမှားအောင်၊ အများပြည်သူ ခေါင်းထဲကို မှားယွင်းတဲ့ အချက်အလက် တွေ ရောက်သွားအောင် ရိုက်ကူးခြင်းဟာ လူ့ဂုဏ်သိက္ခာကို ယုတ်လျော့စေတယ်။ ကျနော်ကတော့ လူ့အခွင့်အရေးသာ မဟုတ်ဘူး။ လူ့ဂုဏ်သိက္ခာကိုပါ ယုတ်လျော့အောင် ရိုက်ကူးထုတ်လုပ်နေတယ်လို့ မြင်ပါတယ်။

ရုပ်ရှင်လောကကြီးက ကျယ်ဝန်းတယ်။ အဲဒီလို မဖြစ်တဲ့ ကားတွေကို ရိုက်ကူးနေတဲ့ သူတွေလည်း ရှိတယ်။ ဥပမာ ဒီဇာတ်ကား ၃၀ ထဲမှာဆိုရင် ကျနော်ထုတ်နှုတ်ပြတဲ့ ကားက ဇာတ်ကား ၃၀ လုံးက ၁၀၀ ရာခိုင်နှုန်း ပါနေတာ မဟုတ်ဘူး။ တချို့ဇာတ်ဝင်ခန်းတွေ မပါတဲ့ကားတွေ အများကြီးရှိတယ်။ မပါအောင် ရိုက်ကူးဖို့ကို အမြဲသတိရှိနေတဲ့သူတွေလည်း အနည်းအကျဉ်းရှိတယ်။ ကျနော်ဆိုလိုချင်တာက အဲဒီလိုမျိုးတွေ သုံးနှုန်းပြီးတော့ ဖျော်ဖြေမှုအရ ဟာသဖြစ်အောင် ရိုက်ကူးတဲ့ ရုပ်ရှင်ကားတွေ ရှိနေတာကတော့ အမှန်ပါပဲ။

တုန်ခြင်း၊ မှုန်ခြင်း သည်းခံပါ (မြန်မာ့ရုပ်ရှင်များအတွင်း လွဲမှားစွာ ပုံဖော်ခံနေရသော လူ့အဖွဲ့အစည်း) အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည့် ရုပ်ရှင်ပိုစတာ တခု

မေး ။ ။ အခုနောက်ပိုင်း မြန်မာရုပ်ရှင်ကြည့်တဲ့ ပရိသတ်အချို့က ရုပ်ရှင်ရဲ့ ဖန်တီးမှုအနှစ်သာရရော ရိုက်ကူးမှုတွေကိုရော ပြောင်းလဲစေချင်လာကြတယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ ရာခိုင်နှုန်းက အတော်နည်းတာ ဘာတွေကြောင့် ဖြစ်မယ်လို့ ထင်လဲ။

ဖြေ ။ ။ ဒီ Report အရဆိုရင် Film Industry ရဲ့ တည်ရှိမှုပါ။ Film Industry က ရုံတင်တဲ့ စနစ်မှာ ဈေးကွက်ဝင် မင်းသားပါတဲ့ ကားတွေက ရုံမြန်မြန်တင်ခွင့်ရလေ့ရှိတယ်။ ဈေးကွက်ဝင်မင်းသားတွေကလည်း ရိုက်ရက်တွေ၊ ရိုက်ကူး ရက်တွေက တန်းစီနေတယ်။ အဲဒီတော့ ဒီမင်းသားပါမှ ရုံတင်ဖို့လွယ်မယ်။ လွယ်မှ ပိုက်ဆံပြန်ရမယ်။ ဒီမင်းသား၊ မင်းသမီး ရဲ့ ရိုက်ရက် Main Character ကို တည်လိုက်ပြီး Money Making ဖြစ်နေတာ။ Art Creating လို့ ပြောလို့မရဘူး။

Money Making လုပ်တဲ့ ကားတွေမှာ ဒါမျိုးတွေ ကျနော်တို့ အများကြီးတွေ့ရတယ်။ ပိုက်ဆံအတွက် လုပ်လိုက်တယ်လို့ပဲ ကျနော်တော့ သုံးသပ်တယ်။ နာမည်ကြီးဇာတ်ကောင်၊ ပေါက်နေတဲ့ ဈေးကွက် ဝင်နေတဲ့ မင်းသား ၁ ယောက် သို့မဟုတ် ၂ ယောက် သို့မဟုတ် မင်းသမီး ၁ ယောက်ပါမယ်။ ဇာတ်လမ်းကိုလည်း အာရုံမစိုက်တော့ဘူး။ ဇာတ်ညွှန်းကိုလည်း အာရုံ မစိုက်တော့ဘူး။ ဒီဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာရဲ့ ဖန်တီးမှုကိုက လွယ်လွယ်ကူကူနဲ့ သူ့ရဲ့ ရိုက်ရက်ထဲဝင်သွားပြီး အကုန်အကျ တစုံတရာ အကန့်အသတ်ပမာဏမျိုးထဲ ဝင်သွားရင် ဒါကို ရုပ်ရှင်လို့ သတ်မှတ်လိုက်ပြီး ဒီရုပ်ရှင်တွေက လူတွေရှေ့ကို လျင်လျင်မြန်မြန် ရောက်လာတယ်။

အားထုတ်တဲ့ ဇာတ်ကားမရှိဘူးလားဆိုတော့ ရှိတယ်။ သူတို့ရဲ့ ပြဿနာက ဘာလဲဆိုတော့ ဈေးကွက်ဝင် မင်းသမီး၊ မင်းသား မသုံးဘူး။ မသုံးတဲ့အခါကျတော့ Budget က Limit လုပ်ရတယ်။ ဈေးကွက်ဝင် မင်းသား၊ မင်းသမီး မသုံးဘူး။ မသုံးတော့ ရုံတင်ရက်က မရဘူး။ ရုံတင်ရက်က မရတော့ ရင်းနှီးမြှုပ်နှံမှုမှာ ဒုက္ခရောက်တယ်။ အနုပညာကို ဖန်တီးချင်တဲ့ လူငယ် ဒါရိုက်တာတွေအတွက် အဲဒါက အကန့်အသတ်ဖြစ်တယ်။

အားထုတ်တဲ့ ဇာတ်ကားမရှိဘူးလားဆိုတော့ ရှိတယ်။ သူတို့ရဲ့ ပြဿနာက ဘာလဲဆိုတော့ ဈေးကွက်ဝင် မင်းသမီး၊ မင်းသား မသုံးဘူး။ မသုံးတဲ့အခါကျတော့ Budget က Limit လုပ်ရတယ်။ ဈေးကွက်ဝင် မင်းသား၊ မင်းသမီး မသုံးဘူး။ မသုံးတော့ ရုံတင်ရက်က မရဘူး။ ရုံတင်ရက်က မရတော့ ရင်းနှီးမြှုပ်နှံမှုမှာ ဒုက္ခရောက်တယ်။ အနုပညာကို ဖန်တီးချင်တဲ့ လူငယ် ဒါရိုက်တာတွေအတွက် အဲဒါက အကန့်အသတ်ဖြစ်တယ်။

နောက်တချက်က ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အနုပညာ ကျောင်းတွေ ဒီထက်များများ ရှိလာရင်တော့ ကောင်းမယ်။ ဒီနေရာမှာ ကျနော်ထင်တယ်။ နိုင်ငံတကာစံနှုန်းတွေကို သင်နိုင်တဲ့သူတွေ၊ အနုပညာကို အနုပညာလို့ သတ်မှတ် ခံစားသိရှိ နားလည် တဲ့သူတွေ သင်တဲ့ဟာမျိုး။ အနုပညာသည် လူ့အဖွဲ့အစည်း သို့မဟုတ် အစိုးရအဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်အဖွဲ့ အစည်း တစ်ခုခုရဲ့ ဝါဒဖြန့်ယန္တရား ဟုတ်မ နေဘူး။ ဒါဖန်တီးမှု။

ဒါပေမယ့် ဒီလောက်ပဲ သွားတယ်။ အဲဒီကိုယ်စားပြုမှုလောက်ပဲ ရှိတဲ့ ကျောင်းတွေ၊ စာသင်မှုတွေ၊ အမြင်တွေနဲ့ သွားရင် Independent ဖြစ်တဲ့၊ Freedom ဖြစ်တဲ့ ဖန်တီးမှုတွေ တွေ့ရမှာ မဟုတ်ဘူး။ အဲဒါတွေက မြန်မာ့ရုပ်ရှင်လောက တိုးတက် ဖို့အတွက် အကန့်အသတ်ဖြစ်နေတယ်။

နောက် တတိယတချက်ကတော့ ဆင်ဆာပဲ။ ခင်ဗျားဖန်တီးမှုတွေအားလုံးက ဆင်ဆာကတော့ ကြည့်မှာပဲ။ ဆင်ဆာအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းက ဘာလဲ။ ဆင်ဆာ မူဝါဒတွေက ဘာလဲ။ ဆင်ဆာ မူဝါဒတွေနဲ့ ပတ်သက်ရင် မူဝါဒ ၆ ချက်ရှိတယ်လိို့ ကျနော်တို့ သိရတယ်။ အဲဒီမူဝါဒတွေနဲ့ ပတ်သက်ပြီး အကျယ်ချဲ့ထားတဲ့ လုပ်ထုံးလုပ်နည်း တိတိကျကျ သိမနေရဘူး။ ဒီဆင်ဆာအဖွဲ့မှာ ပါတဲ့ ဆရာ ၁ ယောက်ကို အင်တာဗျူးနိုင်ခဲ့တယ်။ သူ့ကို မေးတယ်။ နောက် ဆင်ဆာအကြောင်း အဓိကလေ့လာနေတဲ့ ဇာတ်ညွှန်းဆရာတွေကို မေးတယ်။ သူက Definition မှာ ခိုင်ခိုင်မာမာ ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ မရှိဘူး။

ဥပမာဆိုရင် အရင်က ၁၀ ချက်၊ နောက်တော့ ၄ ချက် ဖြုတ်ပေးလိုက်တယ်။ ၆ ချက်ရှိတယ်။ နိုင်ငံရေးတို့၊ ဘာသာရေးတို့၊ အမျိုးသားယဉ်ကျေးမှုတို့၊ တိုင်းရင်းသားချစ်ကြည်ရေးတို့၊ ရက်စက်ကြမ်းကြုတ်မှုတို့၊ ကာမရာဂတို့ အဲဒါမျိုးတွေပါတယ်။ သူတို့က ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး ခွင့်မပြုတာတွေ ရှိတယ်။ ဒါမှမဟုတ် မိန်းမလျာ ၁ ယောက်ရဲ့ ယောက်ျားချင်း ချစ်ကြည်မှုကို ရိုက်မယ်ဆိုရင် ယဉ်ကျေးမှုအရ မကိုက်ညီဘူးဆိုပြီး ဆင်ဆာက အလွယ်တကူ ဖြတ်တောက်နိုင်တယ်။ ဒါပေမယ့် မိန်းမလျာ ၁ ယောက်ကို ဟာသ သဘောရိုက်မယ်ဆိုရင် လှောင်ပြောင်နေမယ်။ သရော်နေမယ်ဆိုရင် ရိုက်ခွင့်ပြုတယ်။ အဲဒါကိုက ပြဿနာရှိတယ်။

နောက်တခုအရ ဆိုရင် အခုလေ့လာရေး ဧရိယာမှာ မပါဘူး။ ဒါပေမယ့် သီပေါစော်ဘွား စဝ်ကြာဆိုင်အကြောင်း နိုင်ငံ ခြားမှာ ရိုက်ကူးခဲ့တဲ့ Twilight Over Burma ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ အဲဒီရုပ်ရှင်ကို ရုပ်ရှင်ပွဲတော်မှာ ပြမယ်ဆိုတဲ့အခါ ဆင်ဆာက ခွင့်မပြုဘူး။ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက် ဒါပေမယ့် တဖက်မှာ ကျတော့ လူ့ဂုဏ်သိက္ခာကို ယုတ်လျော့စေတဲ့၊ ဒါမှမဟုတ် ဖိနှိပ်နေတဲ့ မသန်စွမ်းတွေနဲ့ ပတ်သက်တဲ့ ကားမျိုးတွေကျ ဆင်ဆာက ခွင့်ပြုပေးနေတယ်။ အဲဒါတွေက လွတ်လပ်စွာဖန်တီးဖို့ သွားနေတဲ့သူတွေအတွက် အကန့်အသတ်တွေ ဖြစ်နေတယ်။

မေး ။ ။ ဒါပေမယ့် ရုပ်ရှင်တွေကို ပရိသတ်က ဝေဖန်တဲ့အခါမှာ နည်းပညာတို့ ငွေကြေးတို့ဆိုပြီး ဆင်ခြေပေးကြတယ်။ ဒါက နည်းပညာနဲ့ ဆိုင်၊ မဆိုင် ဆိုတာကိုလည်း ပြောပြပါဦး။

ဖြေ ။ ။ နည်းပညာဆိုတာ အရေးမကြီးပါဘူး။ ဖန်တီးမှုကပဲ အရေးကြီးပါတယ်။ ဂျပန် ဒါရိုက်တာကြီး ကူရိုဆာဝါ “Seven Samurais” ရိုက်ခဲ့တုန်းက ကင်မရာဟာ ကျနော်တို့လက်ထဲမှာ ကိုင်နေတဲ့ ဖုန်းလောက် မကောင်းပါဘူး။ ဖန်တီးမှုက ဦးစားပေးပါ။ အိုင်ဒီယာနဲ့ ဖန်တီးမှုနဲ့ ဉာဏ်ရှေ့ဆောင်မှုက ဦးစားပေးပါ။ အဲဒါအပေါ်မှာမှ နည်းပညာ ဘယ်လို အသုံးပြု ရမလဲဆိုတာ သွားလို့ရပါတယ်။ ဘယ်လိုတွေ နည်းပညာနဲ့ အထောက်အကူပြုမလဲ ဆိုတာပါ။

နောက်နည်းပညာတိုင်း၊ နည်းပညာတိုင်းက ကျနော်တို့ အင်တာနက်ကောင်းလာတဲ့အချိန်မှာ အရမ်းကြီး အခက်အခဲလို့ ကျနော်က မမြင်ဘူးခင်ဗျ။ နည်းပညာအရကို ထိုးဖောက်ကျော်လွန်ပြီး လုပ်နေတဲ့သူတွေ ကျနော်တို့ ရှိလာတာတွေ့ ရပါ တယ်။ နည်းပညာကို ဦးစား ပေးလို့ မထင်ဘူး။

မေး ။ ။ အခုဖြစ်နေတာတွေက နည်းပညာနဲ့လည်း သိပ်မဆိုင်ဘူး။ Conceptual ပိုင်းဖြစ်နေတော့ သူတို့ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ် ပြောင်းမှဖြစ်မှာဆိုတော့ ဘယ်လိုဖြေရှင်းလို့ရနိုင်မလဲ။

ဖြေ။ ။ အဓိကတော့ Awareness က နံပါတ် ၁ အချက်ဖြစ်မယ်ထင်တယ်။ ဒီ Report ထဲမှာလည်း ကျနော်တို့ တာဝန် ရှိမှုကို တွက်ချက်ပါတယ်။ တာဝန်ရှိမှုတွေထဲမှာ ဘယ်လိုပါလဲဆိုတော့ ဖန်တီးမှုတွေထဲမှာ ပါဝင်တဲ့သူတိုင်းကို တာဝန် ရှိတယ်လို့ သုံးသပ်တယ်။ ကျနော်မေးမြန်းခဲ့တဲ့အရ အချို့က တာဝန်အရှိဆုံး ပုဂ္ဂိုလ်က ဒါရိုက်တာလို့ ပြောတယ်။ တချို့က ဇာတ်ညွှန်း၊ တချို့က ထုတ်လုပ်သူလို့ ဖြေတယ်။ ဒါပေမယ့် ကျနော်ကတော့ ကဏ္ဍတိုင်းမှာ တာဝန်ရှိတယ်လို့ ထင်တယ်။

ထုတ်လုပ်သူ တယောက်ကလည်း သူထုတ်မယ့် ဇာတ်ထုတ်က ဒါမျိုး Scene တွေ ပါနေတယ်ဆို မထုတ်ဘဲ နေပိုင်ခွင့် ရှိတယ်။ ဒါရိုက်တာကလည်း သူ့ အသိဉာဏ်ရှိစွာနဲ့ ငြင်းပယ်ပိုင်ခွင့်ရှိတယ်။ ဇာတ်ညွှန်းကလည်း မရေးပိုင်ခွင့်ရှိတယ်။ နောက်ဆုံး အဆုံးစွန်း သရုပ်ဆောင်ပေါ့။ Main Character ပေါ့။ သူက ဇာတ်ညွှန်းဖတ်ရမှာကိုး။ ကျနော် ဇာတ်ပို့ ဇာတ်ရံ တွေတော့ မပြောချင်ဘူး။ ဇာတ်ပို့ ဇာတ်ရံတွေက ဒီဟာကို ဖတ်ခွင့်ရ၊ မရဆိုတာက အကန့်အသတ်ဖြစ်တယ်။ ခေါင်းဆောင် မင်းသား၊ မင်းသမီးက ဖတ်ရမှာ။ သူ့မှာလည်း ငြင်းပယ်ပိုင်ခွင့်ရှိတယ်။

ဒါပေမယ့် သိသိကြီးနဲ့ ပါပါကြီးနဲ့ ရိုက်ခဲ့ကြတယ်ဆိုရင် အားလုံးမှာ တာဝန်ရှိတယ်။ ကျနော်ပြောချင်တာက ဥပဒေတခုကို မသိလို့ ဆိုပြီး ချိုးဖောက်ပိုင်ခွင့်တော့ မရှိဘူးပေါ့။ မသိလို့ဆိုတဲ့ ခေါင်းစဉ်အောက်က စဉ်းစားရင် သိလာအောင် ဘယ်လို လုပ်ကြမလဲ။ လူ့အခွင့်အရေးဆိုတာ ဘာလဲ။ လူသားဂုဏ်သိက္ခာဆိုတာ ဘာလဲ။ ခွဲခြား ဆက်ဆံမှုဆိုတာ ဘာလဲ။ သူတို့ကို သိလာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတွေရှာမယ်။

နောက်ဆင်ဆာပေါ့။ ဒီနေရာမှာ ဒါတွေပါနေတဲ့အတွက် ဆင်ဆာ ပိုမိုတင်းကျပ်ရမယ်ဆိုတဲ့ ဖြေရှင်းမှုကြီးကို လက်မခံဘူး။ ဆင်ဆာရှိရင်တောင် ပါနေတာပဲ။ တချို့ကပြောတယ်။ ဒါဆင်ဆာရှိလို့ အဲဒီလောက်ပဲ ပါနေတာ။ ဆင်ဆာမရှိရင် ပိုပါမှာ။ ကျနော်တော့ အဲဒီလိုမထင်ဘူး။ မျှပြီး ထိန်းရမယ်လို့ ထင်တယ်။ မီဒီယာ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဝေဖန်ရေး လုပ်သူတွေက ဒီဟာကို ပြောပေးရမယ်။ ပါနေတဲ့ကားတွေကို ထောက်ပြပြောဆိုရမယ်။

ပြည်သူတွေဘက်ကလည်း ဒီ Awareness ကို ကောင်းကောင်းရလာရင် အလွန်အကျုးပါလာတဲ့ ကားတွေ ရုံတင်လာရင် သပိတ်မှောက်တာ။ ဒီကားကို မကြည့်တာနဲ့ လုပ်ရမယ်။ ဒါတွေအကုန်လုံးက ငွေကြေးနဲ့ ဆက်စပ်နေတော့ ပရိသတ်က လက်မခံဘူးဆိုရင် သူဘယ်လောက် ရိုက်ချင်၊ ရိုက်ချင် ရိုက်လို့မရတော့ဘူး။ ကျနော်တို့ အဲဒီလို ဘက်ပေါင်းစုံကနေ သွားရ မယ်လို့ ထင်တယ်။

ဒီရုပ်ရှင် industry ဆိုတာ အရမ်းကြီးပါတယ်။ ငွေကြေးအားဖြင့်လည်း လည်ပတ်မှုများတဲ့ အခါကျတော့ ဒီအချက်အလက် တွေကို သူတို့ဆီရောက်အောင် ဘယ်လိုနည်းလမ်းနဲ့ ပို့မလဲ။ ဥပမာ ဒီလိုဟာမျိုးပါရင်တော့ ဒီရုပ်ရှင်တွေထဲမှာ မထည့်ပါနဲ့ ဆိုတဲ့ဟာမျိုး။ မသန်စွမ်းအမျိုးအစားတွေက ဘယ်လိုမျိုး။ ဒီလူတွေဟာ လှောင်ပြောင်စရာ မဟုတ်ဘူး။ သူတို့ဟာ ကျနော် တို့လိုပဲ တန်းတူပဲ။ ခွဲခြားဆက်ဆံစရာ မလိုဘူးဆိုတာမျိုး LGBT တွေက အစပေါ့။

ဒါမျိုး Concept တွေကို ဒီ Industry တွေထဲမှာ ဖန်တီးထုတ်လုပ်နေသူတွေဆီ ရောက်အောင်ပို့ဖို့လိုတယ်။ တချိန်တည်းမှာ အများပြည်သူကို အသိပေးဖို့ လိုတယ်။ အွန်လိုင်းမှာလည်း ပေါကားဆန့်ကျင်ရေး လှုပ်ရှားမှုတို့ ဘာတို့ လုပ်ကြတာလည်း ရှိတယ်။ သူတို့လှုပ်ရှားမှု အား ကောင်းတာ ဟုတ်ပေမယ့် ဒီလိုအချက်တွေကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာ သိသိသာသာ ပြောပြီးတော့ ဒီဒါရိုက်တာရဲ့ ကားတွေကို ဘယ်လိုသုံးသပ်မလဲ။ ပရိသတ်က ဘယ်လိုတုန့်ပြန်မလဲ။ ကျူးလွန်ခံစားသူတွေဘက်က တုန့်ပြန်မှုဆိုတဲ့ Strategy ကို ဆွဲရမှာပဲ။

You may also like these stories:

အဆိုတော်ယုန်လေး၏ ရုပ်သံ စုံစမ်းစစ်ဆေးမည်

ကိုဗစ်-၁၉ နဲ့ နပန်းလုံးနေရတဲ့ ရုပ်ရှင်နဲ့ ဂီတလောက

Did you find apk for android? You can find new Free Android Games and apps.
Loading