ကူးစက်မှုမြင့်တက်နေတဲ့ COVID-19ကပ်ရောဂါကို လက်ရှိအနေအထားအတိုင်း ထိန်းချုပ်နိုင်ခြင်း မရှိပါက စက် တင်ဘာလကုန်မှာ ကူးစက်ခံရသူ ၁၆၁၅၁ ဦးနဲ့ တပ်မတော်အတွင်း ၂၄၀ ဦးခန့်အထိ ရှိလာနိုင်တယ်လို့ တပ်မ တော်ဘက်က သုံးသပ်ခန့်မှန်းထားပါတယ်။
လက်ရှိမှာလည်း တပ်မတော်အတွင်း ကူးစက်မှုအနေနဲ့ မတ်လမှ ယခုအချိန်အထိ ၄၆ ဦးရှိလာပြီဖြစ်ပြီး ပြည်ပမှကူးစက်သူ ၁၈ ဦးနဲ့ ပြည်တွင်း ကူးစက်သူ ၂၈ ဦးရှိတယ်လို့ သိရပါတယ်။
မြန်မာတနိုင်ငံလုံးအနေနဲ့လည်း ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့ရှိလူနာ ၃၆၃၆ ဦးရှိနေပြီး ပြန်လည် သက်သာကောင်းမွန်လာသူ ၈၃၂ ဦးနဲ့ သေဆုံးသူ ၃၉ ဦးရှိလာပြီ ဖြစ်ပါတယ်။
ထိုအခြေအနေနဲ့ ပတ်သက်လို့ COVID-19 ကပ်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် တပ်မတော်ဘက် က လတ်တလောဆောင်ရွက်နေတဲ့ အခြေအနေတွေကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်း နဲ့ ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ စက်တင်ဘာလကုန်မှာ ကိုဗစ်ပိုးတွေ့လူနာ ၁၆၁၅၁ ဦးအထိ ရှိလာနိုင်တယ်လို့ တပ်မတော်ဘက် ခန့် မှန်းထားတော့ ဘယ်လို အထောက်အထားတွေကြောင့် ယခုလို သုံးသပ်ခန့်မှန်းနိုင်တာပါလဲ။
ဖြေ ။ ။ တပ်မတော်က ဆေးပညာရပ်ဆိုင်ရာနဲ့ ပတ်သက်တဲ့သူတွေက အစည်းအဝေးမှာ ပြောခဲ့တာပေါ့နော်။ ဘာကိုတွက်ပြောလဲဆိုတော့ ရာခိုင်နှုန်းနဲ့ တွက်တာပေါ့။ အရင်က ဘယ်လောက်ရှိတယ်၊ အခုဘယ်လောက်ရှိတယ်။ တိုးတက်လာတဲ့နှုန်းက ရန်ကုန်မှာဆိုရင် ဘယ်လောက်တိုးလာတယ်။ ဒုတိယအများဆုံးလိုက်တဲ့ စစ်တွေ မှာဆိုရင် ဘယ်လောက်ဖြစ်လာတယ်။ တနိုင်ငံလုံး လူဦးရေနဲ့ ရာခိုင်နှုန်းနဲ့ တွက်ကြည့်လိုက်ရင် ဘယ်လောက်ရှိ နိုင်တယ်ဆိုတာကို ခန့်မှန်းတာပါပဲ။
တပ်မတော်ကတော့ စစ်ဆင်ရေး၊ ကာကွယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒီတော့ မည်သည့် စစ်ဆင်ရေး၊ ကာကွယ်ရေးလုပ်ငန်းမဆို တပ်မတော်ရဲ့ ဗီဇပေါ့နော်။
တပ်မတော်ကတော့ စစ်ဆင်ရေး၊ ကာကွယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒီတော့ မည်သည့် စစ်ဆင်ရေး၊ ကာကွယ်ရေးလုပ်ငန်းမဆို တပ်မတော်ရဲ့ ဗီဇပေါ့နော်။ အဆိုးဆုံး ဘာဖြစ်လာနိုင်မလဲဆိုတာကိုပဲ တွက်ပြီးလုပ်တယ်၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အမြင်ပေါ့။ ဒါကြောင့်မလို့ ဘာဖြစ်လာရင် ဘာလုပ်ရမလဲ ဆိုတာ ကြိုတင်တွက်ချက်ပြီး ပြင်ဆင်ထားဖို့ပေါ့။
မေး ။ ။ တပ်မတော်က Quarantine စင်တာ ဘယ်နှစ်ခု ပြင်ထားတာရှိသလဲ၊ လူဘယ်လောက်စာ လက်ခံနိုင်သလဲ။
ဖြေ ။ ။ အဓိကတော့ ရန်ကုန်မှာဆိုရင် လှိုင်မှာပေါ့။ လှိုင်မှာရှိတဲ့ တည်းခိုရေးစခန်းမှာ ပြင်ထားတာရှိတယ်။ နေပြည်တော်မှာရှိတဲ့ တည်းခိုရေးစခန်းမှာ ပြင်ထားတာရှိတယ်။ ဒါ့အပြင် တိုင်းစစ်ဌာနချုပ်တိုင်းမှာ တည်းခိုရေးစခန်း တွေရှိတယ်။ အဲ့ဒီစခန်းတွေမှာလည်း ကျနော်တို့ပြင်ဆင်ထားတယ်။ ဒါပေမယ့် အခုလောလောဆယ်အထိ Quarantine ဝင်ရောက်နေသူတွေက လှိုင်နဲ့ နေပြည်တော်မှာရှိတယ်။ ရွှေညောင်မှာရှိတဲ့ တည်းခိုရေးစခန်းမှာ ဝင် ရောက်နေတာတွေ ရှိပါတယ်။
ယခု လက်ရှိအခြေအနေအထိ ရန်ကုန်မှာဆိုရင် လူဦးရေ နှစ်ထောင်ကျော်လောက်အထိ လက်ခံခဲ့ပြီးဖြစ်တယ်။ နေပြည် တော်မှာဆိုလည်း ဒီလောက်ဦးရေလောက်အထိ လက်ခံခဲ့ပြီးဖြစ်တယ်။ ရွှေညောင်မှာဆိုရင်လည်း လူဦး ရေ ရာကျော်နီးပါး လက်ခံခဲ့ပြီးဖြစ်တယ်။ ခုလောလောဆယ် လက်ရှိ ရှိနေတာကတော့ မနေ့က ညအထိ နေပြည်တော် တည်းခိုရေးစခန်းမှာ ၃၃၀ ဦး၊ လှိုင် မှာတော့ ၁၂၁ ဦး Quarantine ဝင်လျှက်ရှိတယ်။ အဲဒီသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေ၊ နေထိုင်၊ စားသောက်ရေးတွေကိုတော့ တပ်မတော်အစီအစဉ်နဲ့ အခမဲ့ စီစဉ်ပေးထားတာပဲဖြစ်ပါတယ်။
အရပ်သားတွေကို ကွာရန်တင်း ထားနိုင်မယ့်နေရာ တနိုင်ငံလုံးမှာ ၁၆ နေရာ ရှိပါတယ်။ လှိုင်မှာ ၁၀၈၀ ဦး ထားနိုင် ပါတယ်။ နေပြည်တော်မှာ ၇၀၂၀ ဦး ထားနိုင်တယ်။ ရွှေညောင်မှာ ၉၀ ဦး၊ မော်လမြိုင်နယ်မြေမှာက ၃ နေရာထား တာဖြစ်တယ်။ အယောက် ၁၀၀ ထားတာ နေရာ ၂ နေရာ၊ အယောက် ၅၀၀ ထားတာ ၁ နေရာ၊ မြိတ်ဘက်မှာ ၄ နေရာ ပြင်ထားတယ်။ တနေရာကို ၄၀ ဦးလောက် လက်ခံလို့ ရတယ်။ အားလုံး လူဦးရေ စုစုပေါင်း ၉၀၀၀ ကျော် လက်ခံလို့ ရပါတယ်။
မေး ။ ။ တပ်မတော် တည်းခိုရေးစခန်းတွေမှာ Quarantine ဝင်နေတဲ့သူတွေထဲက ရောဂါလက္ခဏာ ပြင်းထန်တဲ့ အခြေအနေမျိုးတွေ၊ ရောဂါပိုး တွေ့ရှိတာတွေ ရှိလား။
ဖြေ ။ ။ အဲဒီထဲက ကျနော်သိသလောက်တော့ Quarantine ဝင်နေတဲ့သူတွေထဲက ရောဂါလက္ခဏာ ပြင်းထန် ပြီးတော့ တွေ့ခဲ့တာ မရှိသလောက်ပါပဲ။ အဲဒီလောက်ပဲပြောလို့ရမယ် စာရင်းအတိအကျမရှိဘူး။ ဆေးရုံတော့ တက် ရတာတွေရှိတယ်။ အဲဒါက COVID-19နဲ့ ပတ်သက်တာမဟုတ်ဘူး။ တခြားရောဂါတွေပေါ့။ အမျိုးသမီးဆိုရင် အမျိုးသမီး တွေ ဖြစ်တတ်တဲ့ရောဂါကြောင့်လိုမျိုး၊ တခြားရောဂါအခံကြောင့်လိုမျိုး လွှဲပေးလိုက်ရတဲ့သူတွေရှိတယ်။ COVID-19နဲ့ ပတ်သက်လို့ လွှဲပေးရတာတော့ မရှိဘူးလို့ပဲ သိထားတယ်။
မေး ။ ။ အစိုးရဘက်က Quarantine နေရာတွေ မလောက်လို့ ထပ်ရှာပြီး ပြင်ဆင်နေကြတယ်။ နေရာလိုအပ် ချက်တွေ ရှိတယ်လည်း ပြောတယ်။ တပ်မတော် တည်းခိုရေးစခန်းတွေက နေရာလွတ်တွေ ရှိနေတယ်။ ဒီအတွက် တပ်မတော်နဲ့ အစိုးရကြား ညှိနှိုင်းတာရှိသလား။
ဖြေ ။ ။ အဓိက လှိုင်မှာဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဘက်ကိုလွှတ်တဲ့သူတွေမှန်သမျှ လက်ခံ ပေးလျှက်ရှိတယ်။ နေပြည်တော်မှာဆိုရင်လည်း လွှတ်ပေးတဲ့သူမှန်သမျှကို လက်ခံပေးလျှက်ရှိပါတယ်။ ရွှေညောင်မှာ လည်း ဒီလိုပါပဲ။ အဓိကတော့ အဲဒီမှာရှိတဲ့ လူတွေအများစုက ပြည်ပကနေ အလုပ်လုပ်ကိုင်ပြီး ဝင်ရောက်လာတဲ့ သူတွေများတယ်။ အချို့လည်း တိုင်းဒေသကြီး အစီအစဉ်တွေ၊ မြို့တော်စည်ပင်ရဲ့ အစီအစဉ်နဲ့ လွှတ်တဲ့သူတွေ လက်ခံပေးလျှက်ရှိတယ်။
မေး ။ ။ နောက်ပြီး တပ်ဆေးရုံတွေမှာ ကိုဗစ်လူနာ ဘယ်လောက်အထိ လက်ခံကုသပေးနိုင်တဲ့ အနေအထားရှိ သလဲ။ အပြင်အရပ်သားတွေကိုပါ ကုပေးနေတာရှိပါသလား။
အခုဖောင်ကြီးမှာလည်း တပ်မတော်ဆေးအဖွဲ့ ၄၀ ဦး အလှည့်ကျ လွှတ်ပေးနေတာရှိတယ်။ အထူးပြုလုပ်ပေးထားတဲ့ စစ်မြေပြင်ဆေးတပ်ရင်းတွေ၊ ဆေးရုံတွေ လုပ်ပေးထားတာရှိတယ်။ တိုင်းနဲ့ပြည်နယ်တွေအလိုက် လုပ်ဆောင်ပေးထားတာ ရှိတယ်။
ဖြေ ။ ။ နဂိုကတည်းက ပြောထားတာရှိပါတယ်။ အခုဖောင်ကြီးမှာလည်း တပ်မတော်ဆေးအဖွဲ့ ၄၀ ဦး အလှည့်ကျ လွှတ်ပေးနေတာရှိတယ်။ အထူးပြုလုပ်ပေးထားတဲ့ စစ်မြေပြင်ဆေးတပ်ရင်းတွေ၊ ဆေးရုံတွေ လုပ်ပေးထားတာရှိတယ်။ တိုင်းနဲ့ပြည်နယ်တွေအလိုက် လုပ်ဆောင်ပေးထားတာ ရှိတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် တပ်မတော် အသည်း ရောဂါကုဆေးရုံကြီးမှာ လုပ်ဆောင်ပေးထားတာရှိတယ်။
အဲဒီမှာတော့ ကျနော်သိသလောက် အရပ်သားလူနာကုသ ပေးတဲ့ဟာတော့ မရှိသေးပါဘူး။ စီမံချက်ထဲမှာတော့ ကုသပေးနိုင်အောင် ပြင်ဆင်ဆောင်ရွက် ထားတာတွေရှိတယ်။ အဓိကတော့ တပ်က COVID-19 သံသယရှိတဲ့သူတွေ၊ ရောဂါခံစားနေရတဲ့သူတွေ ကုသပေးတာရှိပါတယ်။
မေး ။ ။ အစိုးရဘက်က ပိုးတွေ့လူနာတွေ လက်ခံကုပေးဖို့ ပြောတာရှိလား။ ပြောလာရင်ရော လက်ခံကုပေးမှာလား။
ဖြေ ။ ။ မနေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်လည်း ပြောပြီးသားဖြစ်တယ်။ ဒီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်တွေဟာ အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ လိုအပ်ချက်မှန်သမျှကို အချိန်နဲ့တပြေးညီ ပူးပေါင်းဆောင်ရွက်မယ်လို့ တရားဝင်ပြောထားပြီဖြစ်တယ်။
မေး ။ ။ အစိုးရရဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး မူဝါဒတွေကို တပ်က ဘယ်လိုသဘောထားလဲ။
ဖြေ ။ ။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ လိုက်နာဆောင်ရွက်လျှက်ရှိတဲ့ ဗဟိုကော်မတီရှိတယ်။ နောက်ပြီး လုပ်ငန်း ကော်မတီ ဆိုတာရှိတယ်။ အဲဒါတွေနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါတယ်။ ကျနော်တို့ဆီကလည်း အဖွဲ့ဝင်တွေပါဝင်ပြီး ဆောင်ရွက်လျှက်ရှိပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ညွှန်ကြားချက်တွေမှန်သမျှ တပ်မတော်က လိုက်နာဆောင်ရွက်လျှက်ရှိပါတယ်။
မေး ။ ။ တပ်မတော်မှာရော ရောဂါကူးစက်ခံရသူ အရေအတွက် ဘယ်လောက်ရှိပြီလဲ။
ဖြေ ။ ။ စုစုပေါင်းဆိုရင်တော့ ၄၆ ဦးရှိပါတယ်။ ကိုဗစ်-၁၉ ပထမအကြိမ် ဖြစ်တုန်းက ၁၇ ဦးရှိတယ်၊ အဲဒီလူ တွေကတော့ အခုပျောက်ကင်းကုန်ပြီပေါ့နော်။ အခု ဒုတိယအကြိမ် ပြန်လည်ဖြစ်ပွားချိန်မှာ ၂၉ ဦးရှိပါပြီ။ အဲဒီ ၂၉ ဦး ထဲမှာမှ ပြည်တွင်းကူးစက်ခံရသူတွေ၊ ပြည်ပက ကူးစက်သူတွေရှိတယ်။ ပြည်တွင်းကူးစက်သူတွေ ၂၆ ဦးထဲမှာ လည်း စစ်သည်တွေတင် မကဘူး တပ်မိသားစုဝင်တွေပါတယ်။ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေပါ ပါတာဖြစ်တယ်။
မေး ။ ။ တပ်မတော်ခေါင်းဆောင်ပိုင်းက ကူးစက်မှုမရှိအောင် ဘယ်လိုဆောင်ရွက်နေသလဲ။
ဖြေ ။ ။ ကျနော်တို့ တပ်မတော်အနေနဲ့ကတော့ ကိုဗစ်-၁၉ ဗဟိုကော်မတီက ထုတ်ပြန်လိုက်တဲ့အတိုင်းပဲ ရုံး တက်၊ ရုံးဆင်း ကိစ္စတွေကတော့ ၁၄ ရက်တက် ၁၄ ရက်နား ဆိုတဲ့ပုံစံအတိုင်းပဲ ဆောင်ရွက်လျှက်ရှိတယ်။ ကျနော်တို့ အနေနဲ့ ကတော့ ယခင်ထဲကအတိုင်း သတိပြုမိမှာဖြစ်ပါတယ်။ တပ်မတော်က လွှတ်တော်အမတ်တွေ အနေနဲ့ လွှတ်တော်တက်တဲ့ အခါမှာတောင် Mask တွေတပ်ပြီး တက်ခဲ့ကြတာပဲ။ အဲဒီ အချိန်မျိုးမှာတော့ ဝိဝါဒ အမျိုးမျိုး ကွဲပြားကြတာပေါ့။ WHO ကတောင် မလိုဘူး ဆိုတဲ့ဟာမျိုး ပြောလာကြတာမျိုး ရှိကြတာပေါ့လေ။
တပ်မတော်အနေနဲ့ ဘာကြောင့်မလို့ ဒီလိုမျိုးတွေ လုပ်ခဲ့ရတာလဲဆိုတော့ တပ်မတော်သည် နိုင်ငံတော်ရဲ့ ကာကွယ်ရေး မှာ အခြေခံအကျဆုံး အဖွဲ့အစည်းဖြစ်တယ်။ အခိုင်မာဆုံး အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့် စစ်သည်တွေရော၊ မိသားစုတွေ အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် အမြဲအသင့်ရှိနေရမယ့် အဖွဲ့အစည်းဖြစ်တယ်။ အမြဲအသင့်ရှိရမယ့် အဖွဲ့အစည်း က ဖျားနာနေလို့မရဘူး။ ကျန်းမာရေး နဲ့ ပတ်သက်လာရင် ပိုပြီးတော့ တင်းကြပ်တဲ့ စည်းကမ်းတွေ ချမှတ်ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။
မေး ။ ။ တပ်ရင်းတပ်ဖွဲ့တွေကိုရော COVID-19နဲ့ ပတ်သက်ပြီး သီးခြားညွှန်ကြားချက်တွေ ရှိထားသေးလား။
ဖြေ ။ ။ တပ်ရင်းတပ်ဖွဲ့တွေ အတွင်းမှာတော့ ကိုဗစ်-၁၉ ဗဟိုကော်မတီက ညွှန်ကြားချက်တွေ၊ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို လိုက်နာဖို့အပြင် ကျနော်တို့အနေနဲ့ကတော့ ယခုအချိန်တွင်းမှာ အရေးကြီး ကိစ္စမရှိရင် အပြင်မထွက်ဖို့။ ထွက်ပြီးလို့ ပြန်လာခဲ့ရင်လည်း သွားခဲ့တဲ့နေရာတွေကို ပြောဖို့။ ပြီးရင် စစ်ဆေးခံပြီးမှ ဝင်ကြဖို့။ ဒါတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျှက်ရှိပါတယ်။
You may also like these stories:
တပ်မတော်အတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၄၆ ဦးရှိ
တပ်မတော် စစ်ကြောင်းကြောင့် ကျောက်တော် Quarantine စင်တာ ပျက်စီးဟုဆို