နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဝင်ရောက်ရွေးချယ်ခံမည့် နိုင်ငံရေး ပါတီ အသီးသီးမှ ကိုယ်စားလှယ်လောင်းများမှာ မဲဆွယ်စည်းရုံးရေးများ ပြုလုပ်နေပြီ ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း မြို့နယ် ၉ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် တအန်း (ပလောင်) အမျိုးသားပါတီ (TNP) က မဲဆွယ် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ (RCSS) ၏ တားမြစ်မှုများနှင့် ကြုံတွေ့နေရသည်။
RCSS က ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ ၎င်းတို့ တပ်ဖွဲ့ဝင်များ လှုပ်ရှား ရာ နယ်မြေများတွင် မဲဆွယ်စည်းရုံးမည် ဆိုပါက ကြိုတင် အကြောင်းကြားရန်၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက် ပွဲ ဖြစ်မြောက်ရေး ကူညီပါမည်ဟု ထုတ်ပြန်ချက် ထုတ်ထားသော်လည်း မိုင်းကိုင်မြို့နယ်တွင်း TNP ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် တားမြစ်မှုကလည်း တဖက်တွင် ရှိနေသည်။
RCSS နှင့် ရင်ဆိုင်နေရသည့် ပြဿနာများနှင့် ပတ်သက်၍ TNP က ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကို တိုင်ကြား ထားသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တအန်းအမျိုးသား ပါတီ (TNP) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ တာကျော်အောင် ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ကိုဗစ်ကြောင့် ကန့်သတ်ချက်တွေလည်း ရှိနေတော့ မဲဆွယ်စည်းရုံးရတဲ့ အခြေအနေက ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့က မဲဆွယ်စည်းရုံးရေး ကာလဆိုတော့ မသွားလို့လည်း မဖြစ်ဘူး။ သွားရတာပေါ့။ သွားတဲ့အခါကျ တော့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အတိုင်းတော့ အတတ်နိုင်ဆုံး သွားရတာပေါ့ဗျာ။ တဖက်က ပါတီစည်းရုံး ရေး ဆိုပေမယ့် တဖက်မှာလည်း ပြည်သူတွေ ရင်ဆိုင်ရမယ့် အခက်အခဲတွေရှိတော့ ကိုယ့်ကြောင့် သူတို့ကို အခက်အခဲ မဖြစ်စေချင်ဘူးလေ။
လူအများကြီး ခေါ်ပြောလို့ မရတော့ ကျနော်တို့က လူနည်းနည်း နည်းနည်းကို ခေါ်ပြီး ဟောပြောရတာပေါ့။ သူတို့ သတ် မှတ်တဲ့ ၅၀ လည်း မကျော်ဘူးပေါ့။ လူအုပ်လည်း မဖြစ်အောင် ကျနော်တို့ ကိုယ်တိုင်ကလည်း စ သွားတည်းက လူဘယ်နှ ယောက် သွားမယ်။ ဘယ်လို ခွဲသွားကြမယ်၊ ဟိုမှာ ဘယ်လို စုမယ် ဆိုတဲ့ နည်းစနစ်နဲ့ သွားနေရပါတယ်။
မေး။ ။ ရှမ်းတောင်ပိုင်းမှာ RCSS နဲ့ ဖြစ်တဲ့ ပြဿနာတွေက လက်ရှိမှာ ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ။ ။ လက်ရှိ အနေအထားက ပြောရမယ်ဆိုရင် ကျနော်တို့က နိုင်ငံရေး ပါတီအနေနဲ့ကတော့ ဥပဒေဘောင်အတွင်းကပဲ ချဉ်းကပ်ပြီး ဖြေရှင်းဖို့ ကြိုးစားတာပေါ့။ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင် ရယ်၊ ပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေနဲ့ မြေပြင်အခြေအနေလေးတွေ ဆင့်ကဲ တင်ပြထား တာတွေတော့ ရှိပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာဌာနကလည်း သူတို့ဆီမှာ ထပ်ပြီး ညွှန်ကြားတာတွေ ရှိတယ်။
မြေပြင်မှာတော့ ကြားသိသလောက်ကတော့ တချို့နေရာတွေကတော့ သွားလာဖို့ လောလောဆယ် ခက်ခဲနေဆဲ ဖြစ်ပါ တယ်။
ကျနော်တို့ ယူဆတာကတော့ ကျနော်တို့က ခေတ်သစ် စနစ်သစ်ကို သွားတာ ဖြစ်တဲ့အတွက် ဖြေရှင်းယူရင်းနဲ့ အဆင်ပြေသွားမယ်လို့ ယုံကြည်ထားပါတယ်။
ကျနော်တို့ ယူဆတာကတော့ ကျနော်တို့က ခေတ်သစ် စနစ်သစ်ကို သွားတာ ဖြစ်တဲ့အတွက် ဖြေရှင်းယူရင်းနဲ့ အဆင်ပြေသွားမယ်လို့ ယုံကြည်ထားပါတယ်။
ဒါပေမယ့် တဖက်က သူတို့ရဲ့ လုံခြုံရေးတွေ ဘာတွေ အကြောင်းရှိမယ်ပေါ့။ ဒါက တပိုင်းပါ။
ကျနော်တို့ နိုင်ငံရေး ပါတီအနေနဲ့ကတော့ လွတ်လပ်စွာ မဲပေးနိုင်ဖို့ အရေး၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အရေးကို နိုင်ငံတော်မူနဲ့သွားတာ ဖြစ်လို့ ကျနော်တို့ဘက်ကတော့ ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းဖို့ ဆောင်ရွက် နေဆဲပါ။
မေး။ ။ မိုင်းကိုင်မှာ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ဝင်မပြိုင်ဖို့ ပြောတာ၊ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရတာနဲ့ ဖမ်းဆီးတာတွေလည်း ရှိတယ်လို့ ကြားရတယ်။ တကယ့် မြေပြင်အခြေအနေမှာ RCSS နဲ့ ထိပ်တိုက်ဖြစ်တာတွေ ကြုံနေရ တာကရော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ အခု ကြားမိတဲ့ အတိုင်းပါပဲ။ ပထမ သူတို့ အခေါ်ကတော့ နယ်မြေ တာဝန်ခံ၊ အဲဒီ တာဝန်ခံကနေ ကျနော်တို့ လွှတ် တော် ကိုယ်စားလှယ်လောင်းတွေကို ခေါ်ပြီးတော့ ဝင်မပြိုင်ဖို့ ပြောဆိုမှု ရှိခဲ့တယ်။ ရှိခဲ့တာကလည်း ကျနော်တို့ ပါတီ ဗဟို ကနေ သက်ဆိုင်ရာတွေကို ဆင့်ကဲ တင်ပြပြီး တပိုင်း အဲဒါက ပြီးသွားပြီ။ နောက် ဆိုင်းဘုတ်ထောင်ပြီး ဖျက်ဆီးခံရတာ ကျ တော့ ဘယ်သူဘယ်ဝါ ဆိုတာ သာဓက အနေနဲ့ ပြစရာ မရှိဘူး။
ဆိုင်းဘုတ် ဖျက်ဆီးခံရတာကျတော့ မိုင်းကိုင်တင် မကဘူး။ နမ္မတူမြို့နယ်၊ သီပေါမြို့နယ် တို့မှာလည်း ကြုံရတယ်။ နမ္မတူ မြို့နယ်မှာ ကျနော်တို့TNP ဆိုင်းဘုတ် ပါတာပေါ့။ သီပေါမှာတော့ NLD ဆိုင်းဘုတ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါတယ်လို့ သတင်းတွေမှာလည်း တွေ့တယ်။
ဆိုင်းဘုတ် ဖျက်တာ လုပ်တဲ့လက်သည် မမိတဲ့အခါကျတော့ ဘယ်သူဘယ်ဝါ လို့တော့ ပြောရ ခက်တာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့က ပါတီစုံ စနစ်ဆိုတာကို နားမလည်သေးလို့ လက်မခံသေးလို့ ဒါကို လုပ်တယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်။
ဆိုင်းဘုတ် ဖျက်တာ လုပ်တဲ့လက်သည် မမိတဲ့အခါကျတော့ ဘယ်သူဘယ်ဝါ လို့တော့ ပြောရ ခက်တာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့က ပါတီစုံ စနစ်ဆိုတာကို နားမလည်သေးလို့ လက်မခံသေးလို့ ဒါကို လုပ်တယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်။
မေး။ ။ RCSS နဲ့ ဖြစ်တဲ့ ကိစ္စတွေမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကို စာတင် တိုင်ကြားတော့ UEC ဘက်က တုံ့ပြန်မှု ဖြေရှင်းပေးမှု ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့က သက်ဆိုင်ရာ လွိုင်လင်ခရိုင်ကို တင်တယ်။ ဒီလို အကြောင်းတွေ ရှိတယ် ဆိုတာကို တင်တယ်။ လွိုင် လင်ခရိုင်ကနေ ပါတီအသီးသီးကို ခေါ်ယူပြီးတော့ပေါ့။ ဒါက လွိုင်လင်မှ မဟုတ်ဘူး။ အခြားခရိုင်တွေလည်း ခေါ်ပါတယ်။ ကျနော်တို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ပေါ့။ တစုံတရာ ပြဿနာ ဖြစ်ခဲ့ရင် ညှိနှိုင်းဖို့ ညှိနှိုင်းရေး ကော်မရှင်ထဲမှာလည်း ဌာနဆိုင်ရာ တော်တော်များများ ပါသလို ပါတီတိုင်းလည်း ပါတယ်။ ရွေးကောက်ပွဲဝင်တဲ့ ပါတီ ကိုယ်စားလှယ်တိုင်း ပါတယ်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ထည့်ဖွဲ့ထားတာ ရှိတယ်။ ခရ်ိုင် ကော်မရှင် အနေနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတခု ချဉ်းကပ်ဖို့ သူကြိုးစားတယ်လို့ ကျနော်တို့ ယူဆပါတယ်။
မေး။ ။ UEC အနေနဲ့ RCSS ကို အဲဒီလိုမျိုး မြေပြင်မှာ စွက်ဖက်တာမျိုး မပြိုင်ဖို့ ခြိမ်းခြောက်တာမျိုး မလုပ်ဖို့ ပြောတာရော မရှိတာလား။
ဖြေ။ ။ အဲဒါတော့ ကျနော် မသိရသေးပါဘူး။ ကျနော်တို့ပဲ မသိရသေးတာလားပေါ့။ UPDJC ကနေ တဆင့်တော့ RCSS ရဲ့ အကြီးအကဲထံ တင်ပြတာတွေ ရှိတယ်။ ကျနော်တို့ UPDJC ထဲမှာက TNP ကိုယ်စားပြု အဖွဲ့ဝင် တာလှဖေ ရှိတယ်လေ။ သူက RCSS ထိပ်တန်း ခေါင်းဆောင်တွေကို အကြောင်းကြားတာ ရှိတယ်။ နောက် ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲက နိုင်ငံတော် အစိုးရ တာဝန်ရှိသူတွေကိုလည်း အကြောင်းကြားထားတာ ရှိပါတယ်။
မေး။ ။ RCSS တပ်ဖွဲ့အနေနဲ့ မိုင်းကိုင်မှာ အခုလို တားမြစ်တာ လုပ်ရတဲ့ ရည်ရွယ်ချက်ကိုရော TNP အနေနဲ့ ဘယ်လို နား လည်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ဘယ်လိုနားလည်လဲဆိုတော့ ပြောရခက်ပါတယ်။ တချို့က အပြင်မှာ အပြောများနေတဲ့ စကားနဲ့ ပြော ရရင်တော့ ၂၀၀၈ အခြေခံ ဥပဒေကို လုံးဝ လက်မခံတဲ့ အဖွဲ့တွေ ရှိတယ်။ ဒါကတော့ တပိုင်းပေါ့။
ကျနော်တို့ တရားဝင် နိုင်ငံရေး ပါတီဆိုတာမျိုးကတော့ ၂၀၀၈ အခြေခံ ဥပဒေကို ကြိုက်ခြင်း မကြိုက်ခြင်းနဲ့ မဆိုင်ဘူးခင်ဗျ။၂၀၀၈ ဥပဒေအတွင်း မှာပဲ လှုပ်ရှားရတယ် ဆိုတဲ့ အနေအထား ရှိပါတယ်။
ကျနော်တို့ တရားဝင် နိုင်ငံရေး ပါတီဆိုတာမျိုးကတော့ ၂၀၀၈ အခြေခံ ဥပဒေကို ကြိုက်ခြင်း မကြိုက်ခြင်းနဲ့ မဆိုင်ဘူးခင်ဗျ။၂၀၀၈ ဥပဒေအတွင်း မှာပဲ လှုပ်ရှားရတယ် ဆိုတဲ့ အနေအထား ရှိပါတယ်။
အဲဒါကို ကျနော်တို့ကို ရွေးကောက်ပွဲ မဝင်ပါနဲ့တို့၊ နောက် တစုံတဦးက ဆိုင်းဘုတ်ကို ဖျက်သွားတယ် ဆိုတာမျိုးက၂၀၀၈ သဘောကိုလည်း သိပ်နားမလည်တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ဒီလိုပဲ ယူဆပါတယ်။
မေး။ ။ RCSS အနေနဲ့ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ဖြစ်ဖို့ ကူညီမယ်၊ မဲလာဆွယ်မယ် ဆိုရင် သူတို့ ရှိတဲ့ နယ် မြေတွေမှာ ပါတီတွေက ကြိုအကြောင်းကြားဖို့ စာထုတ်ထားတာ ရှိတယ်နော်။ အဲဒီတော့ ၂၀၀၈ ကြောင့် ပြဿနာလား။ ဒါမှမဟုတ် တအန်းတွေနဲ့ပဲ လူမျိုးရေးအရ မပြေလည်တဲ့ ပြဿနာပါလား။
ဖြေ။ ။ ဒါက ကျနော်တို့နဲ့ ပထမ ပြဿနာ ဖြစ်ပြီးမှ သူတို့ဘက်က ထုတ်ပြန်တဲ့စာပါ။ ထုတ်ပြန်တဲ့စာဆိုတော့ လွတ်လပ် စွာ မဲဆွယ်စည်းရုံးခွင့်တော့ ပြုပါတယ်လို့ ရေးထားသလို ခြွင်းချက်အနေနဲ့ နောက်မှာကျတော့ သွားမယ်၊ လာမယ် ဆိုရင် သက်ဆိုင်ရာ နယ်မြေ တာဝန်ခံဆီ အကြောင်းကြားရမယ်လို့တော့ ပြန်ထည့်ထားတာပေါ့။ ဒါပေမယ့် ခက်တာက ကျနော် တို့ ပြန်တွေးကြည့်တာ သက်ဆိုင်ရာ တာဝန်ခံဆိုတာ ဘယ်သူလဲ။ အမည်နာမ ဘယ်သူလဲ။ ဒါကျတော့လည်း ခက်ခဲမှု တခု ရှိသွားပါတယ်။
နောက်တဖက်က ပြန်စဉ်းစားကြည့်တော့ ကျနော်တို့ သွားနေတာက၂၀၀၈ အရပါ။ လက်ရှိ ကော်မရှင်ရဲ့ ခွင့်ပြုချက် ဥပဒေ ထဲမှာ ကျတော့ သူတို့ (RCSS) ရဲ့ကန့်သတ်ချက်က အကျုံးမဝင်ဘူးလို့ပဲ ကျနော်တို့ ယူဆရမှာပေါ့နော်။ အဲဒီလိုတော့ ယူဆထားတာပေါ့ဗျာ။
မေး။ ။ RCSS က မိုင်းကိုင်က လူတယောက်ကို ဖမ်းထားတယ်လို့လည်း သတင်းတွေ ကြားပါတယ်။ ဒါကရော ပါတီဝင်ပဲ လား။
ဖြေ။ ။ အဲဒါက ဖမ်းတာ ဟုတ်ပါတယ်။ သူလွတ်ပြီလား၊ မလွတ်ပြီလား ဆိုတာ ကျနော် မသိရသေးပါဘူး။ ကျနော်က လည်း ဖုန်းနဲ့ အဆက်အသွယ် ပြတ်တဲ့ ဧရိယာထဲ ရောက်နေလို့ပါ။ ဒီကိစ္စကိုတော့ ကျနော် ဂဃနဏ မသိရသေးပါဘူး။
မေး။ ။ မိုင်းကိုင်မှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကရော အခု မဲဆွယ်တဲ့ ကာလဆိုတော့ သူတို့ လုံခြုံရေး စိတ်ချရပါသလား။ သူတို့ရော သူတို့နယ်မြေထဲ မဲဆင်း ဆွယ်တာ လုပ်နိုင်ပါသလား။
ဖြေ။ ။ မဲဆွယ်တဲ့ ကိုယ်စားလှယ်တွေကတော့ မိုင်းကိုင်မှ မဟုတ်ပါဘူး။ တပြည်လုံး သီးခြား လုံခြုံရေးဆိုတာ ဘယ်လွှတ်တော် ကိုယ်စားလှယ်မှ မရထားတော့ ဒီလိုပဲ သူ့နည်းသူ့ဟန်နဲ့ သွားလာနေကြရတာပါပဲ။
ဆိုလိုတာက သက်ဆိုင်ရာ နယ်မြေထဲမှာ ပြည်သူ့ရဲတပ်ဖွဲ့တွေ မြန်မာ့ တပ်မတော်တွေ ရှိမယ်။ သူ့နေရာနဲ့သူ လုံခြုံရေး ယူတာ ရှိကောင်း ရှိမယ်။ ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက် သွားလာတဲ့နေရာမှာ သီးခြား လုံခြုံရေးဆိုတာ ဘယ်ကိုယ်စားလှယ် လောင်းမှ မရထားဘူး။
ဆိုလိုတာက သက်ဆိုင်ရာ နယ်မြေထဲမှာ ပြည်သူ့ရဲတပ်ဖွဲ့တွေ မြန်မာ့ တပ်မတော်တွေ ရှိမယ်။ သူ့နေရာနဲ့သူ လုံခြုံရေး ယူတာ ရှိကောင်း ရှိမယ်။ ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက် သွားလာတဲ့နေရာမှာ သီးခြား လုံခြုံရေးဆိုတာ ဘယ်ကိုယ်စားလှယ် လောင်းမှ မရထားဘူး။
မရတော့ မိုင်းကိုင်မှ မဟုတ်ပါဘူး၊ အကုန်လုံး မရထားတော့ မိုင်းကိုင်လည်း ထိုနည်းလည်းကောင်း ပဲပေါ့ဗျာ။ လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်အတွက်တော့ သီးခြား လုံခြုံရေးဆိုတာ မရှိပါဘူး။
မေး။ ။ ၂၀၁၅ တုန်းကလည်း မိုင်းကိုင်က တအန်းပါတီ ဥက္ကဋ္ဌကို RCSS က ဖမ်းခဲ့တယ်နော်။ ဘယ်လိုပြီးသွားခဲ့လဲ အဲဒီ တုန်းက ကိစ္စကရော။
ဖြေ။ ။ အဲဒီတုန်းကလည်း ညှိနှိုင်းဆောင်ရွက်မှုနဲ့ ထိပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုနဲ့ ပြီးသွားတာပေါ့။ အချိန်တော့ တော်တော် လေး ကုန်တာပေါ့။ ဖမ်းတာလည်း အားလုံးပေါင်း ၆ လလောက် ကျော်သွားပါတယ်။ လူတဦးတယောက်က သူ့ရဲ့ သဘော ထားနဲ့သူ မနေရဘဲ အထိန်းသိမ်းခံရတယ်ဆိုတော့ အနေအထိုင်ကတော့ ဆင်းရဲ ကြပ်တည်းခဲ့မှာပါ။
မေး။ ။ မိုင်းကိုင်မှာဆိုရင် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့လည်း မပြေလည်တာတွေ ရှိနေတော့ မေးချင်ပါတယ်။ တအန်းပါတီ အနေနဲ့ ရှမ်းတောင်ပိုင်းမှာ ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ပါ။ ဘာကြောင့် ဆုံးဖြတ်ရတာလဲရှင့်။ ရှင်းပြပါဦး။ နောက် မိုင်းကိုင်မှာ တအန်း လူဦးရေကရော ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ပါတီတခု ဝင်ပြိုင်ခြင်း ဆိုတာက နိုင်ငံရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးလာတော့ ကိုယ့်ပါတီဝင်တွေ သော်လည်းကောင်း၊ ကိုယ့်ရဲ့ ပြည်သူတွေ သော်လည်းကောင်း ဒီမိုကရေစီကျင့်စဉ်လေးကို တရင်းတနှီး ရှိလာအောင်ပါ။ မိုင်းကိုင်ကို ဝင်ပြိုင်တယ် ဆိုတာကလည်း ပါတီကနေ အဆုံးအဖြတ်ဆိုတာထက် ဒေသခံတွေရဲ့တောင်းဆိုမှု အပိုင်းလည်း ပါ ပါတယ်။ ဒေသခံတွေက တောင်းဆိုလာတယ်။ တဖက်ကလည်း ပါတီကလည်း လက်လှမ်းနိုင်တဲ့ အတိုင်းအတာ၊ ဆောင်ရွက်နိုင်တယ်ဆိုတော့ ပါတီနဲ့ ဒေသခံနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တဲ့သဘောပါပဲ။
လူဦးရေကတော့ အကြမ်းဖျင်းအရဆိုရင် မိုင်းကိုင်မှာ အခြားလူဦးရေထက် တအန်းလူဦးရေက ပိုများပါတယ်။ ရာခိုင်နှုန်း အားဖြင့်လည်း ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ မြို့ပေါ်မှာ အခြား တိုင်းရင်းသားညီအစ်ကိုတွေ ရှိပေမယ့်လည်း မြို့ပြင်ပ မှာ ရှိတဲ့ တောင်တန်းတွေတလျှောက်မှာက တအန်းပဲ အများဆုံးပါ။ မြို့ပေါ်ကတော့ နည်းတာပေါ့။ မြို့ရဲ့ကျေးရွာထဲမှာ ဆိုရင်တော့ ကျနော်တို့ တအန်းလူထုက များပါတယ်။ ကျနော်တို့က တိကျတဲ့ စာရင်းတော့ မဟုတ်ပေမယ့် မြေပြင်က စာရင်းက တွက်ချက်ထားတာကတော့ မိုင်းကိုင်မှာ ၇၀ရာခိုင်နှုန်းက တအန်းတွေပါ။
မေး။ ။ ရွေးကောက်ပွဲမှာရော အနိုင်ရနိုင်ခြေ ဘယ်လောက် မှန်းထားပါသလဲ။
ဖြေ။ ။ ပြိုင်ပွဲရဲ့သဘောကတော့ဗျာ။ လက်ဝှေ့ ထိုးသလိုပေါ့။ နိုင်မယ်ထင်လို့ တက်ထိုးကြတာချည်းပါပဲ။ ဝင်တဲ့ နယ်မြေ တိုင်း အားလုံး နိုင်မယ်လို့ပဲ ယူဆပါတယ်။ အားလုံးနိုင်မယ်လို့ ယူဆလို့ ဝင်ပြိုင်တာပါ။
မေး။ ။ တအန်းပါတီက ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရင် သက်ဆိုင်ရာ နယ်မြေဒေသအတွက် ဘာတွေ လုပ်ပေး မှာလဲ။
ဖြေ။ ။ ဒီနေရာမှာ ကျနော်တို့က၂ ပိုင်း ကွဲပါတယ်။ လွှတ်တော်က ၃ ရပ်ဆိုတော့ ကျနော်တို့ ပြည်နယ်လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊အမျိုးသား လွှတ်တော်ပေါ့။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့က နေပြည်တော်မှာ နေတော့ အခြား ပါတီတွေနဲ့ ဥပဒေပြုရေးပိုင်းကို သူသွားမှာပေါ့။ အဓိက ကတော့ ကျနော်တို့ ပြည်နယ်လွှတ်တော်က လွှတ်တော်ကိုယ်စား လှယ်များ၊ ဒေသဦးစီး အဖွဲ့မှ ပါဝင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်များကတော့ ဒေသဖွံ့ဖြိုးရေး သက်သက်ကို ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေပေါ့။
မေး။ ။၂၀၁၅ ခုနှစ်တုန်းက တပ်ကလာတဲ့ မဲတွေနဲ့ ကြိုတင်မဲတွေမှာ မဲခိုးတယ်လို့ ပြဿနာတွေ တက်ခဲ့တာ ရှိတယ်။ ဒီနှစ်ရော စိုးရိမ်မှု ရှိပါသလား။
ဖြေ။ ။ ဒါကလည်း ကြိုတင်မဲတို့ တပ်မဲတို့က ရွေးကောက်ပွဲရဲ့ဖြတ်သန်းလာတဲ့ အခြေအနေအရ ၃ ကြိမ်လောက် ရှိလာပြီ ဆိုတော့ လုပ်ပုံကိုင်ပုံတွေကလည်း ရွေးကောက်ပွဲ ကော်မရှင်ကအစ သက်ဆိုင်ရာ ပြည်သူတွေကပါ သိပါပြီ။ အကောင်း ဆုံးကိုတော့ ကျနော်တို့ မျှော်လင့်ထားတယ်။ မှန်မှန်ကန်ကန်နဲ့ တရားမျှတမှု ရှိလိမ့်မယ်လို့ ကျနော်တို့က ယုံကြည်ထားပါ တယ်။
မေး။ ။ ဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦးရှင့်။
ဖြေ။ ။ အထူးသဖြင့် ဖြည့်စွက်ပြောစရာတော့ မရှိပါဘူး။ RCSS ဆိုတာကလည်း NCA ထိုးထားတဲ့ အဖွဲ့အစည်း တခုပဲ လေ။ NCA ရဲ့ကတိကဝတ် အတိုင်းတော့ ဆက်ပြီး ဆောင်ရွက်မယ်လို့ မျှော်လည်း မျှော်လင့်တယ်။ တောင်းလည်း တောင်းဆိုပါတယ်။
You may also like these stories:
မြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းဖို့ ကျနော်တို့ ကြိုးစားမယ်
ရခိုင်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်
၂၀၂၀ ရွေးကောက်ပွဲ ကယားမှာ အကြိတ်အနယ် ဖြစ်မည်ကို ဝန်ကြီးချုပ်အား လွှတ်တော်က ဖြုတ်ချခြင်းက ပြသ