• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဦးဇခုန်တိန့်ယိန်း မိသားစု မူးယစ်ဆေးနဲ့ ပတ်သက်တယ် ဆိုတာ ကောလာဟလတွေပါ

by နန်းလွင်နှင်းပွင့်
4 October 2020
in အင်တာဗျူး
A A
ဒီမိုကရေစီပါတီသစ် (ကချင်) ၏ ဥက္ကဋ္ဌ ဦးတိန့်ဆောင် / N.D.P-Kachin

ဒီမိုကရေစီပါတီသစ် (ကချင်) ၏ ဥက္ကဋ္ဌ ဦးတိန့်ဆောင် / N.D.P-Kachin

14.9k
VIEWS
Share on FacebookShare on Twitter

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီ ၁၃ ပါတီက ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထိုထဲတွင် ဒီမိုကရေစီပါတီသစ် (ကချင်) (N.D.P-Kachin) သည်လည်း ချီဖွေ၊ ဆော့လော်၊ ဝိုင်းမော်နှင့် အင်ဂျန်းယန်မြို့နယ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေ သည်။

ဒီမိုကရေစီပါတီသစ်(ကချင်)သည် စစ်အစိုးရလက်ထက်က ငြိမ်းချမ်းရေး ယူခဲ့သည့် ဒီမိုကရေစီသစ် တပ်မတော်-ကချင်၏ ထိပ်သီးခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက နာယက အဖြစ် တာဝန်ယူထားပြီး ၎င်း၏သားဖြစ်သူ ဦးဇခုန်ယိန်းဆောင် က လည်း ချီဖွေမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်၂ မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

RelatedPosts

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

14 July 2025
2.5k
အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

14 July 2025
965
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

14 July 2025
6.5k

ယခင်၂၀၁၀ ပြည့်နှစ်နှင့်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်က ဦးဇခုန်တိန့်ယိန်းက တသီးပုဂ္ဂလ၊ ဦးဇခုန် ယိန်းဆောင်က စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ၂ ကြိမ် ဆက်တိုက် အနိုင်ရခဲ့ကြသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းများ မဲ လာဆွယ်သည်ကို ချီဖွေမြို့နယ်တွင် ရိုက်နှက်လိုက်သဖြင့် ဦးဇခုန်တိန့်ယိန်း တိုင်ကြားခံရပြီး အမျိုးသား လွှတ်တော်ကိုယ် စားလှယ် အဖြစ်မှ ရုပ်သိမ်းခံရသည်။

ဦးဇခုန်တိန့်ယိန်းနှင့် မိသားစုများသည် အထူးဒေသ (၁) တွင် သြဇာရှိသူများ ဖြစ်သည်။ ၂၀၁၉ ခုနှစ်မှ ဒီမိုကရေစီပါတီသစ် (ကချင်)ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီပါတီသစ် (ကချင်) တွင် ဦးဆောင် ပါဝင်ကြသူများမှာ ယခင်က ဦးဇခုန်တိန့်ယိန်း၏ တပ်ဖွဲ့တွင် ပါဝင်ခဲ့ကြသည့် အရာရှိကြီးအချို့ပါဝင်ကာ စစ်အစိုးရခေတ် ငြိမ်းချမ်းရေး ယူသည့် ကာလတလျှောက်တွင်လည်း စစ်အစိုးရက ကျင်းပသည့် အမျိုးသား ညီလာခံ၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေး ကာလတို့ကို ပါဝင်ဖြတ်သန်းခဲ့ကြပြီး ယခုအခါ ဒီမိုကရေစီ စနစ်ကို ဦးတည်သွားနေသည့် ခေတ်တွင် ခေတ်စနစ်နှင့် အညီ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ဆောင်မည်ဟူသည့် ရည်ရွယ် ချက်ဖြင့် နိုင်ငံရေးပါတီ တည်ထောင်ကာ လွှတ်တော်နိုင်ငံရေးအတွင်း ဝင်ရောက်ရန် ကြိုးစားခြင်း ဖြစ်သည်။

အထက်ပါ အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဒီမိုကရေစီပါတီသစ် (ကချင်) ၏ ဥက္ကဋ္ဌ ဦးတိန့်ဆောင် ကို ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အခြေအနေ၊ ဒေသတွင်း ဆောင်ရွက်လို သည့် သဘောထား၊ ရည်မှန်းချက်များကို ဆက်သွယ် မေးမြန်းထားပါသည်။

ပါတီ ဥက္ကဋ္ဌ ဖြစ်သည့် ဦးတိန့်ဆောင်သည်လည်း စစ်အစိုးရနှင့် ဦးဇခုန်တိန့်ယိန်း၏ တပ်ဖွဲ့ ငြိမ်းချမ်းရေးယူစဉ်က မြစ်ကြီး နားမြို့၊ ဆက်ဆံရေး တာဝန်ခံ ဒု ဗိုလ်မှူးကြီးအဖြစ် တာဝန်ယူခဲ့ပြီး စစ်အစိုးရလက်ထက်က ကျင်းပသည့် အမျိုးသား ညီ လာခံတွင်လည်း ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ဖူးသူ ဖြစ်သည်။

မေး။ ။ ကိုဗစ်-၁၉ ကြောင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေ လိုက်နာဖို့ ထုတ်ပြန်ထားတော့ မဲဆွယ်စည်းရုံးရေး ဆင်းရ တဲ့ အခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကလည်း ၈ ဦးပဲ ရွေးထားတယ်။ ကျနော်တို့ မြို့နယ်ကျတော့ လည်း ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ နောက် အင်ဂျန်းယန်မြို့နယ်ပေါ့။ ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းတဲ့ နေရာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ချီဖွေ၊ ဆော့လော်ဆိုရင် အဲဒီကိစ္စ မရှိဘူး။ မရှိဘူးဆိုတော့ ကျနော်တို့က ပါတီ မှတ် ပုံတင် ကျတာက မနှစ်က ၈ လပိုင်းကုန်မှ ကျတာ။ ကျပြီးနောက် ချက်ချင်း ကျနော်တို့က ပါတီ မိတ်ဆက်ကို အဲဒီ မြို့နယ် ၄ ခုမှာ ဆိုင်းဘုတ်ထောင်တာ၊ မိတ်ဆက်တာ ရုံးခွဲလေးတွေ ထောင်ပြီး မိတ်ဆက်တာတွေ တောက်လျှောက် တဆက် တည်း လုပ်နေတယ်။

ဒေသလူထုတွေ အခြေခံဒေသကျတော့ ဒီဒေသပဲ ဖြစ်တယ်။ လူကလည်း ဒီဒေသ အခြေခံလူတွေပဲ ဖြစ်တော့ သိပြီးသား လည်း ဖြစ်ပါတယ်။ ကျနော်တို့ တဆက်တည် မဲဆွယ်စည်းရုံး ကာလ မတိုင်ခင်ကတည်းက ပါတီ ရပ်ကျေးကော်မတီတွေ ဖွဲ့တယ်။ ဆိုင်းဘုတ်တွေထောင် မိတ်ဆက်တာတွေ တဆက်တည်း လုပ်လာခဲ့တော့ အခု ရောဂါက ဒုတိယအကြိမ် ပြန် ပြန့်ပွားလာတဲ့ အချိန်မှာ ကျနော်တို့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ကော်မရှင်ကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို ကျနော်တို့ လိုက်နာပြီး ဆောင်ရွက်ပါတယ်။ အခက်အခဲတော့ တအားကြီး ထူးထူးခြားခြားတော့ မရှိဘူး။

ဒါပေမယ့် နောက်ပိုင်းမှာ တင်းကြပ်ပြီး ဂရုစိုက်ရမယ့် ကာလ ဖြစ်လာတော့ ကော်မရှင်ကလည်း လူ ၅၀ ဦးထက် မပိုရဘူး။ ကျနော်တို့လူ တယောက်နဲ့ တယောက်ကျတော့လည်း ၆ ပေ ပတ်လည်အကွာဆိုတော့ အဲဒီ အကန့်အသတ်တွေ ကန့် သတ်လိုက်တဲ့ ကာလဆိုတော့ နည်းနည်းတော့ ခက်ခဲတာပေါ့။ ပိုဂရုစိုက်ရတာပေါ့။ ကျနော်တို့ ပုံမှန် မိတ်ဆက်တာက လည်း ဒီမြို့နယ်တွေမှာပဲ ဖြစ်တယ်။ ဧရိယာကလည်း မကျယ်ပြန့်ဘူး။ ကျနော်တို့ ကိုယ်စားလှယ်လောင်းကလည်း ၈ ဦး တည်းပဲ ဆိုတော့ ကျနော်တို့အနေနဲ့ တခြား ပါတီတွေနဲ့စာရင် ကျနော်တို့က တဆက်တည်း လုပ်နေတော့ တအားကြီး အခက်အခဲ မရှိပါဘူး။

နောက်ပိုင်းမှာ ကော်မရှင်က ထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အတိုင်းတော့ တိတိကျကျ လိုက်နာပါ တယ်။ လူဦးရေ အကန့်အသတ် ဖြစ်လာတော့ တနေရာမှာ တခါတည်း စည်းရုံးရမှာကို၂ ခါ ၃ ခါ ခွဲပြီး စည်းရုံးရတော့ အချိန်ကတော့ ပိုပေးရတာပေါ့။ ပိုပြီး အားစိုက်ရတာပေါ့။ တရက်တည်းမှာ ပြီးမယ့် ကိစ္စကို၂ ရက်၊ ၃ ရက် ခွဲလုပ်ရတာပေါ့။ တအားကြီးတော့ ကျနော်တို့ တောင်ပေါ်ဒေသ ဖြစ်တော့ ကူးစက်မှုနဲ့ ပတ်သက်ရင် လူဦးရေကလည်း နည်းတယ်။ ဒီဘက် ဒေသကလည်း ကူးစက်တာ မရှိသေးဘူး။ ဂရုစိုက်တာကတော့ တောက်လျှောက် ဂရုစိုက်နေပါတယ်။

မေး။ ။ လာမယ့် ရွေးကောက်ပွဲမှာ ဆိုရင် ပြီးခဲ့တဲ့နှစ်တွေနဲ့ မတူတာက ဝင်ပြီး ယှဉ်ပြိုင်တဲ့ ပါတီတွေ ပိုများလာသလို NLD၊ USDP အပြင် ကချင် ၄ ပါတီ ပူးပေါင်းထားတဲ့ KSPP ၊ လီဆူပါတီလည်း ရှိနေတော့ ဆရာတို့ပါတီ အနေနဲ့ စိန်ခေါ်မှုကရော ဘာတွေ ရှိပါသလဲ။ အောင်နိုင်ခြေကိုရော ဘယ်လောက်မှန်းထားပါသလဲ။

ဖြေ။ ။ စိန်ခေါ်မှုအနေနဲ့ကျတော့ ပြည်ခိုင်ဖြိုးက နဂိုကလည်း တနိုင်ငံလုံး အတိုင်းအတာ ပါတီ ဖြစ်တယ်။ NLD ကလည်း လက်ရှိ အစိုးရလည်း ဖြစ်တယ်။ ပါတီကြီးလည်း ဖြစ်တယ်ဆိုတော့ ကျနော်တို့ ပါတီငယ်လေးနဲ့ ယှဉ်ရင်တော့ ဝိတ်အနေနဲ့ ရော လူထုရဲ့ နားလည် ခံစားတာကျတော့လည်း တချို့ကျတော့ ပါတီကြီးနဲ့ လက်တွဲမှ ပါတီကြီးကို ထောက်ခံမှ အစိုးရ ဖြစ်နိုင်တာတို့ ပါတီကြီးကို ထောက်ခံမှတို့ တချို့က နားလည်တယ်။

ပါတီငယ်လေးတွေကတော့ အစိုးရလည်း မဖွဲ့နိုင်ဘူးဆိုတော့ အထင်အမြင် မကြီးမှုလေးတွေကတော့ ရှိပါတယ်။ စိန်ခေါ်မှု အနေနဲ့ကလေ။ နောက်ပြီးတော့ ငွေရေးကြေးရေး အရဆိုရင်လည်း တနိုင်ငံလုံး အတိုင်းအတာရှိတဲ့ ပါတီကြီးတွေနဲ့ ကျနော်တို့ ပါတီငယ်လေးတွေ ယှဉ်လိုက်ရင်တော့ ကွာခြားချက် စိန်ခေါ်မှုကတော့ ရှိပါတယ်။ နောက် KSPP နဲ့ တခြား ပြည်နယ်ထဲက ပါတီတွေနဲ့လည်း ထိုနည်းလည်းကောင်းတော့ ဖြစ်တာပေါ့။ သူတို့နဲ့ကျတော့ စိန်ခေါ်မှုနဲ့ ပတ်သက်လို့ ဒီလောက် စိုးရိမ်စရာတော့ မရှိဘူးလို့ ကျနော်တို့က ခံယူထားပါတယ်။

ကျနော်တို့ ခုနပြောတဲ့ ဒေသတွင်းမှာပဲ ပြိုင်မှာ ဖြစ်သလို နဂိုကလည်း ၁၉၉၀ ခုနှစ်မှာ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆော့လော် မြို့နယ်ဟာ ၁၉၉၀ ရဲ့ဟိုဘက်ပိုင်းမှာ ဗကပ ရဲ့ ၁၀၁ စစ်ဒေသ၊ နောက် ဝိုင်းမော်မြို့နယ် တချို့နေရာမှာ ဆိုရင် KIA/KIO တို့လည်း ရှိတယ်။ လက်နက်ကိုင်ပြီး အစိုးရကို တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ စိုးမိုးတဲ့ ဒေသဖြစ်တာကိုး။ ၉၀ ခုနှစ်မှာ ကျနော်တို့ ငြိမ်းချမ်းရေး ယူလိုက်တော့ ဒီမြို့နယ် ၃ ခုကို အထူးဒေသ(၁) ဆိုပြီး ငြိမ်းချမ်း ရေး ဒေသအနေနဲ့ သတ်မှတ်ပေးထားတယ်ပေါ့။ အခုထိလည်း ကချင်အထူးဒေသ (၁)ကို မဖြုတ်သိမ်း မရုပ်သိမ်းသေးဘူး။ ကျနော်တို့ ပါတီက ဒီဒေသလေးကိုပဲ အခြေခံ လိုက်တယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကလည်း ဒေသခံတွေကိုပဲ ရွေးချယ်ထားလို့ ကျနော်တို့ အနေနဲ့တော့ အောင်နိုင်မှု ကတော့ အလားအလာတော့ အနည်းဆုံးက ၇၅ ရာခိုင်နှုန်းလောက် မှန်းထားတယ်။ ဒါပေမယ့် ဒါက မှန်းတာပဲ ရှိတာပေါ့။ တပ်အပ်တော့ မပြောနိုင်ပါဘူး။ ရှေ့ပိုင်းမှာ တင်ပြသလို လူထုတွေကလည်း ဒီနေ့ခေတ်မှာ အမြင်တွေက အမျိုးမျိုးတွေ ဖြစ်လာပြီ။ အရင်တုန်းကလို နားပိတ်၊ မျက်စိမှိတ်နေတဲ့အဆင့် မဟုတ်တော့ဘူး။ နိုင်ငံရေးအနေနဲ့ နိုးကြားတာတွေလည်း ရှိနေပြီ။ အဘက်ဘက်က ပါတီကြီးတွေအနေနဲ့ အစိုးရ သက်တမ်း၂ ခုမှာ ဝင်ပြီးတော့ စည်းရုံးခဲ့တယ်။ လုပ်ကိုင်ခဲ့တာတွေ လည်း ရှိနေပြီ။

လုပ်ငန်းလက်စတွေ သာဓကတွေလည်း ရှိနေပြီဆိုတော့ ဒေသခံလူထုတွေအနေနဲ့လည်း ဒီတိုင်း မျက်စိပိတ်နေတာတော့ မဟုတ်တော့ဘူး။ ဒီတော့ သူတို့ ခံယူချက်ပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ကတော့ ဒီဒေသကို အခြေခံပြီးမှ ဒီဒေသကို ပဲ လုပ်ပါ့မယ်။ ကျနော်တို့က ပြည်နယ်အစိုးရလည်း ဖွဲ့နိုင်တဲ့အဆင့် မဟုတ်ဘူး။ သို့သော်လည်း ကျနော်တို့ဒေသအကျိုး အတွက်ကို ဒေသခံဖြစ်တဲ့အတွက် ဒေသအကျိုး၊ ဒေသဖွံ့ဖြိုးမှု ကိစ္စကို လက်ရှိ ဘာဖြစ်နေတယ်ဆိုတာ ကျနော်တို့ထက် သိတာ ဘယ်သူမှ မရှိဘူး။ မရှိတော့ ကျနော်တို့က ပြည်နယ်ထဲမှာ ပြည်ထောင်စုထဲမှာ လွှတ်တော်တွေထဲမှာ ပါဝင်နိုင်ရေး၊ အစိုးရအဖွဲ့တွေမှာ ပါဝင်နိုင်ပြီး ဒေသရဲ့ဖွံ့ဖြိုးရေးကိစ္စ၊ ဒေသရဲ့ အာဏာကို ဦးဆောင်ပြီး ဆောင်ရွက်သွားမယ်လို့ ရည်ရွယ် ချက်ထားပြီး ဒေသခံ လူထုကိုလည်း ဒီလိုပဲ ချပြပြီး ဆောင်ရွက်နေတဲ့ ပါတီပါ။ ကျနော်တို့ ပါတီရဲ့ရည်ရွယ်ချက်ကတော့ ဒါပဲရှိပါတယ်။ ဒေသခံ တချို့ကတော့ ပါတီအသေးတွေ အပေါ်မှာ အထင်မကြီးတာ၊ စိတ်မဝင်စားတာတော့ ပါပါတယ်။

ပါတီငယ်လေးတွေ ဆိုတော့ နိုင်ရင်လည်း အရာရောက်မှာ မဟုတ်ဘူး။ အစိုးရ မဖွဲ့နိုင်ဘူး ဆိုတာလည်း ရှိပါတယ်။ လွန်ခဲ့ တဲ့ သက်တမ်း၂ ခုကလည်း ကျနော်တို့က ပါတီကလည်း မထောင်ရသေးဘူး။ ပါတီကြီး၂ ခုကပဲ ဝင်စည်းရုံး ဆောင်ရွက်ခဲ့ တာဆိုတော့ အဲဒီအပေါ်မှာ ဒေသခံ လူထုတွေအနေနဲ့ ကျနော်တို့ ပါတီအပေါ်မှာ ဘယ်လောက်ထိ ထောက်ခံမှု ရှိတယ်၊ ကျနော်တို့ ပါတီ မူဝါဒတွေကိုဘယ်လောက်ထိ နားလည်ပေးနိုင်တယ်၊ ဘယ်လောက်ထိ ထောက်ခံနိုင်မယ်ဆိုတာအပေါ်မှာ အောင်နိုင်မှုက မူတည်မှာပါ။

မေး။ ။ ဒီမိုကရေစီပါတီသစ်(ကချင်) အနေနဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေ အနိုင်ရခဲ့ရင် ဒေသအတွက် ဘာတွေ လုပ်ပေးမလဲ။

ဖြေ။ ။ ကျနော်တို့က ကျနော်တို့ဒေသမှာ ဖွံ့ဖြိုးရေးကိစ္စကတော့ အများကြီး လုပ်ဖို့ လိုပါတယ်။ ချီဖွေမြို့နယ်ဆိုရင်လည်း ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေ ဆောင်ရွက်ပေးဖို့ အများကြီး ရှိပါတယ်။ ဆော့လော်မြို့နယ်ဆိုရင် တမြို့နယ်လုံးနီးပါးက မိုးတွင်းဆို အဆင်မပြေဘူး။ ပွင့်လင်းရာသီမှာ လမ်းလေး နည်းနည်း ပြင် ထားလိုက်၊ မိုးတွင်းကျရင် ပြိုကျလာလိုက်နဲ့ နေရာတကာမှာ ကားမသွားနိုင်ဘဲ ခြေလျင်သွားနေရတဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ အများကြီးပါ။ ဖုန်းလိုင်းက ချီဖွေမြို့ပေါ်၊ ဆော့လော်မြို့ပေါ်လောက်ပဲ ရတယ်။ အဲဒီလောက်ပဲ ဆက်သွယ်လို့ ရတယ်။ ဖုန်းရော ကားလမ်းရောပေါ့။ ဆော့လော်မြို့နယ်ဆိုရင် မိုးနည်းနည်းရွာတာနဲ့ သွားမရတော့ဘူး။ အဲဒီလိုတွေက တလျှောက်လုံးပဲ။ လမ်းတံတားတွေက အများကြီး ထပ်ပြီးတော့ လုပ်ရမယ်။

ငြိမ်းချမ်းရေး ကာလမှာ လုပ်ခဲ့တာတွေကလည်း နှစ်ပေါင်း ၃၀ လောက် ရှိလာတော့ အားလုံးက ပြန်ပြုပြင် ထိန်းသိမ်း မွမ်းမံ ရမယ့်ဟာတွေ အသစ်ပြန်ဆောက်ရမှာတွေ အများကြီး ရှိပါတယ်။ ဒီဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဒေသခံတွေရဲ့ ဘဝလုံခြုံရေး၊ ငြိမ်းချမ်းသာယာရေးအတွက် ကျနော်တို့ ငြိမ်းချမ်းရေး ကိစ္စမှာလည်း ထာဝရငြိမ်းချမ်းရေး ရရှိနိုင်အောင် ဒီဒေသကို အေးချမ်းတဲ့ဒေသ ဆက်လက်ဖြစ်အောင် ငြိမ်းချမ်းသထက် ငြိမ်းချမ်းအောင် ဆောင်ရွက်ဖို့ ရည်ရွယ်တာ ဖြစ်ပါ တယ်။

ကျနော်တို့ အင်ဂျန်းယန်မြို့နယ်ဆိုရင်တော့ မဲရုံက တမြို့နယ်လုံးမှာ ၈ ရုံပဲ ရှိနိုင်သေးတယ်။ ကားလမ်းဘေး တလျှောက်နဲ့ အင်ဂျန်းယန်မြို့လယ်ပေါ့။ ကျန်တဲ့ဒေသက ငြိမ်းချမ်းရေးရတဲ့ ဒေသ မဟုတ်သေးဘူး။ ကျနော်တို့က အဓိက ကတော့ ငြိမ်းချမ်းရေး ကိစ္စကိုလည်း ဒေသခံလူထုနဲ့ တက်လာတဲ့ အစိုးရနဲ့လက်တွဲပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင်ပြီး ဒေသအကျိုး ဆောင်ရွက်မှာပါ။

မေး ။ ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ရော ဘယ်လို သဘောထား ရှိပါသလဲ။

ဖြေ။ ။ ပြင်စရာ ရှိတာကတော့ ဒီခေတ်ဒီအခါမှာ အရာရာတိုင်းက လွှတ်တော်မှာ အဆုံးအဖြတ်နဲ့ လုပ်ကြတယ်။ မဲစနစ်နဲ့ လုပ်ကြတာ ဖြစ်လို့ ပြင်ဖို့ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့က မပြင်ဖို့ ပြင်ဖို့ အထူးမပြောလိုပါဘူး။ အများဆန္ဒအရ ပြင်ရမယ် ဆိုရင် ပြင်ရမှာပါပဲ။ ကျနော်တို့ ပါတီအနေနဲ့ဆိုရင်လည်း ပါတီငယ် ဖြစ်တဲ့အတွက် အများနည်းတူ လက်ခံရမယ့် အရာတွေ လည်း အဆင်သင့်ပါပဲ။

မေး။ ။ အထူးဒေသ (၁) ကို ဦးဇခုန်တိန့်ယိန်းရဲ့ဒေသလို့ သိကြသလို ဒေသတွင်း သတ္တုတူးတာ ရေအားလျှပ်စစ် စီမံကိန်း ဆောက်မယ့် ကိစ္စတွေကို ဒေသခံတွေ ကန့်ကွက်ကြတာ ရှိသလို မူးယစ်ဆေး၊ ဘိန်းစိုက်ပျိုးတာတွေနဲ့ ပတ်သက်ရင်လည်း Pat Jasan နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အထိ ပြဿနာ ဖြစ်ခဲ့တယ်။ ဒီဒေသတွင်း ကိစ္စတွေ ဖြေရှင်းဖို့ရော ဘယ်လို မူဝါဒ တွေ ပါတီမှာ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ အဲဒါက တကယ့် ပွင့်လင်းမြင်သာတဲ့ အဆင့်တွေ ပိုဖြစ်အောင် ဥပဒေဘောင်အတွင်း ပိုဖြစ် အောင် သတ္တုတူးတာကလည်း တရားမဝင် တူးတာ မရှိအောင် ပပျောက်အောင်၊ တူးရင်လည်း စနစ်တကျနဲ့ တရားဝင် ဖြစ်အောင် နိုင်ငံတော်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆောင်ရွက်သွားအောင် ပိုတိကျအောင် တရားဝင် ပို ဖြစ်အောင် ပွင့်လင်းမြင်သာမှု ပိုရှိအောင် ဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။

ဦးဇခုန်တိန့်ယိန်းဒေသ ဆိုတာကလည်း တချိန်တုန်းက ဦးဇခုန်တိန့်ယိန်းက ခေါင်းဆောင်၊ ဦးဇခုန်တိန့်ယိန်းက ငြိမ်းချမ်း ရေး ခေါ်ယူလာတာ ဖြစ်တယ်။ အခုတော့ သူကလည်း ၉၀ ခုနှစ်မှာ ငြိမ်းချမ်းရေး ယူထားတဲ့ NDA-K ဆိုတဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့ကလည်း ၂၀၀၉ ခုနှစ်မှာ အသွင်ပြောင်းလိုက်ပြီ ဖြစ်တယ်။ လက်နက်ကိုင်ထားတာ အားလုံးက တပ်မတော်ရဲ့ လက် အောက်မှာ ၁၀၀၁ ၊ ၁၀၀၂ ၊ ၁၀၀၃ ဆိုပြီးတော့ အသွင်ပြောင်းလိုက်ပြီဖြစ်တယ်။ လက်နက်ကိုင်ထားတာကလည်း တရား ဝင် နိုင်ငံတော်ရဲ့ တပ်မတော်က ပြန်ပြီး တရားဝင် ပြန်တပ်ဆင်တာတွေပဲ ကိုင်ဆောင်ထားတယ်။

ဒီနောက်ပိုင်းမှာ အားလုံး ဥပဒေဘောင်အတွင်း ပွင့်လင်းမြင်သာမှု ပိုပြီး ဖြစ်နိုင်သထက်ဖြစ်အောင် ဆောင်ရွက်နေတာ ဖြစ် ပါတယ်။ ဦးဇခုန်တိန့်ယိန်း အနေနဲ့လည်း အခုဆို အသက် ၈၀ ကျော်ပြီ ဖြစ်တယ်။ ပါတီမှာ ဆိုရင်လည်း ဦးဆောင်အနေနဲ့ နာယက အနေနဲ့ပဲ ထားတယ်။ ပါတီရဲ့လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်တွေကို သူ့ရဲ့ လမ်းညွှန်မှုအောက်၊ သူ့ရဲ့ကွပ်ကဲ မှုအောက်ဆိုတဲ့ ကျနော်တို့ အရမ်းကြီး သူ့အာဘော်နဲ့ သွားနေတာ မဟုတ်ဘူး။ ကျနော်တို့က နိုင်ငံရေး၊ ဒီမိုကရေစီ ဖြစ် လာတော့ ပါတီရဲ့လုပ်ငန်းစဉ်တွေကို ပါတီအတွင်းမှာပဲ အစည်းအဝေးလုပ် ဆုံးဖြတ်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဦးဇခုန်တိန့်ယိန်း အနေနဲ့ကတော့ တချိန်တုန်းက ငြိမ်းချမ်းရေး လုပ်ခဲ့တယ်။ ဒီနေ့ ဒီအချိန်မှာ ထာဝရငြိမ်းချမ်းရေး နယ်မြေ ဒေသ ဖြစ်အောင် ဘာပဲပြောပြော သူဖော်ဆောင်ခဲ့တာ ဖြစ်တယ်။ သူက အနားယူရတဲ့ အရွယ်ရောက်လာပြီဆိုတော့ ပါတီ ရဲ့လှုပ်ရှားမှု၊ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်တာ ညွှန်ကြားမှုပေးတာ အမိန့်ပေးတာ မရှိတော့ပါဘူး။

မေး။ ။ ဘိန်းစိုက်ပျိုးမှုကရော လက်ရှိ အထူးဒေသ (၁) အတွင်းမှာ ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ။ ။ ဘိန်းစိုက်ပျိုးမှုကျတော့ ကျနော်တို့ အခုချိန်မှာ မရှိဘူး။ ကျနော်တို့ ဒေသတွင်းမှာရော မျက်ကွယ်ပြုတဲ့ ကိစ္စတွေ ရော မရှိနိုင်အောင် လက်လှမ်းမီသမျှကတော့ အခုလက်ရှိ နယ်ခြားစောင့်ရယ်၊ အခု အစိုးရ ဆိုရင်လည်း ပန်ဝါမြို့မှာ ထွေ အုပ်ရော၊ ဌာနဆိုင်ရာရော အစုံ ရှိတယ်။ ကန်ပိုက်တည်မှာရော အစုံရှိပြီ။ ကျန်တဲ့ လုံခြုံရေးကိစ္စ ဆိုရင်လည်း တပ်မတော်နဲ့ လက်တွဲတယ်။ နယ်ခြားစောင့်ကတော့ သူ့နယ်ခြားစောင့်ပဲ တာဝန်ယူထားတယ်။ ကျန်တဲ့ကိစ္စတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တွေကလည်း မြို့တိုင်းမှာ ရှိပါတယ်။ တခြား လူမှုရေးအသင်းအဖွဲ့တွေလည်း အစုံရှိလာတဲ့ အပေါ်မှာ သူတို့နဲ့ လက်တွဲပြီး ကျနော်တို့က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ထူးကဲပြီးမှ ကျနော်တို့ အနေနဲ့ တနေရာရာမှာ ဖွက်ပြီး ပုန်းပြီး လုပ်နေတာက ဟိုးကတည်းက မရှိခဲ့ပါဘူး။ ဘိန်းနဲ့ ပတ် သက်ပြီး အစားထိုး လုပ်ငန်းတွေကို လုပ်ဖို့ ကျနော်တို့ အသွင်မပြောင်းခင်ကတည်းက ၁၅ နှစ်လောက် ဘိန်းကို ဒေသတွင်း မစိုက်အောင် အစားထိုးသီးနှံတွေ လက်ဖက်ခင်း လုပ်ငန်းတွေ ကျနော်တို့ ဂျပန်ကနေ လာစိုက်ပျိုးပေးတဲ့ သစ်တော်တို့ စပျစ်တို့ စံပြစိုက်ခင်းတွေလည်း အများကြီး ဆောင်ရွက်ခဲ့ဖူးပြီ။ ဒေသခံတွေကို ခေါ်လုပ်ခဲ့ဖူးပြီ။ ကျနော်တို့က အစိုးရ မဟုတ်ဘူး။ ငြိမ်းချမ်းရေး တပ်ပဲ၊ အဲဒီ အချိန်တုန်းက။

တတ်နိုင်တဲ့ ဘက်ကနေ ဒေသခံတွေကို ဘိန်းနဲ့ ပတ်သက်တာကို မပတ်သက်အောင် မစိုက်ပျိုးဖြစ်အောင် အဖွဲ့အစည်း အနေနဲ့ လက်နက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းအနေနဲ့ ဖော်ဆောင်မှုက ရှေ့ပိုင်းမှာ အများကြီး လုပ်ခဲ့ပါတယ်။ ဒီကိစ္စက တနိုင်ငံလုံး၊ တကမ္ဘာလုံးမှာ ဖြစ်နေတာဆိုတော့ အစိုးရကိုယ်တိုင်လည်း လက်တွေ့ လုပ်နေကြတာပဲလေ။ အခု ချိန်ထိ မကင်းစင်နိုင်တာကတော့ ကျနော်တို့က ဒေသ သေးသေးလေး၊ အဖွဲ့အစည်းသေးသေးဆိုတော့ ဘာကြောင့်ဆိုတာ မပြောရဲပါဘူး။ မပြောနိုင်ပါဘူး။ အဲဒီလိုပဲ ရှိပါတယ်။

မေး။ ။ အရင်တုန်းက ကျမတု့ိ သိခဲ့ရတာ အထူးဒေသ (၁)က ပွင့်လင်းမြင်သာမှု မရှိဘူး။ တံခါးပိတ်ပြီး သီးသန့်နေတယ်၊ မူးယစ်ဆေး၊ ဘိန်းကိစ္စတွေနဲ့ နာမည်တွေ ထွက်တာရှိတယ်။ ဒီနေ့ခေတ်မှာ အထူးဒေသ (၁) ကို ဘယ်လိုများ ပြုပြင် ပြောင်းလဲချင်လဲ။ ပါတီအနေနဲ့ ဘယ်လို ရည်ရွယ်ချက်တွေများ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ နဂိုကတည်းက ငြိမ်းချမ်းရေး တပ်အဖြစ် လက်နက်ကိုင်ထားစဉ် အသွင်မပြောင်းခင်တုန်းကတော့ အဲဒီ ကာလ တခေတ်ပေ့ါ။ အသွင်ပြောင်းပြီးနောက်မှာတော့ ကျနော်တို့ ဒီမိုကရေစီစနစ်ကို စတင်နေပြီ။ ဒေသတွင်းမှာလည်း ခုန တင်ပြသလို အစိုးရရဲ့ယန္တရားက နေရာတကာမှာ ရှိပြီ။ ပွင့်လင်းမြင်သာမှု မရှိတာတို့ တံခါးပိတ်ဝါဒ ကျင့်သုံးတာတို့ ဦးဇခုန်တိန့်ယိန်း မိသားစုက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ် ဆိုတာတွေက ကောလဟလတွေပါ။ တလျှောက်လုံး ပြော နေကြတာပါ။

ကျနော်တို့အတွင်းမှာ သိနေတာနဲ့ အပြင်ကနေ ပြောနေကြတဲ့ ကောလဟလ စကားတွေ မလိုတမာမှုတွေက ဦးဇခုန်တိန့် ယိန်းနဲ့ မတည့်တဲ့ ပုဂ္ဂိုလ်တွေ ဦးဇခုန်တိန့်ယိန်းကို မလိုမုန်းထားတဲ့ သူတွေ သူ့မိသားစုကို မလိုတာတွေကလည်း ရှိကြတာ ပေါ့။ အမျိုးမျိုးတွေ ဝေဖန်ကြတာပါ။ ဒါပေမယ့် ကျနော်တို့ အတွင်းထဲမှာတော့ သူတို့ ပြောတာတွေက အားလုံးက တလွဲစီ တွေပဲ ဖြစ်ပါတယ်။

ကျနော်တို့မြင်နေတွေ့နေတဲ့ ကာလတလျှောက်မှာတော့ ဘယ်သူမှလည်း ဒေသထဲ မဝင်နိုင်တဲ့ အဆင့်ထိ၊ ဘယ်သူမှ နိုင်ငံတော် အစိုးရနဲ့ဆိုင်တဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ဘယ်အဖွဲ့မှ မဝင်နိုင်တာ တချိန်မှ မရှိခဲ့ဖူးလို့ ကျနော်တို့ ဒီလိုပဲ မြင်ထားပါတယ်။ ရှေ့ဆက်ပြီးမှ ပိုပြီး ပွင့်လင်းမြင်သာလာမှာပါ။ အခုလည်း ဘယ်နေရာမှာမှ ချန်လှပ်တာ မရှိအောင် ဌာန ဆိုင်ရာတွေရော မီဒီယာတွေရော အကုန် ရောက်ကြပါတယ်။ ဘယ်နေရာမှာတော့ ဆိတ်ကွယ်ရာ ဆိုတာ မရှိပါဘူး။ မရှိ တော့ပါဘူး။

ကျနော်တို့ ဒီမိုကရေစီ အစိုးရ စပြီးတက်လာကတည်းကတော့ အားလုံးက ကျနော်တို့က လက်နက်ကိုင် အဖွဲ့အစည်းတွေ ကလည်း ထီးထီကြီး မရှိပါဘူး။ ကျနော်တို့မှာ လက်နက်ကိုင်တပ်လည်း မရှိတော့ပါဘူး။ အားလုံးက အရပ်သားတွေနဲ့ လက်နက်ကိုင်တဲ့ ဟာကလည်း နယ်ခြားစောင့်အနေနဲ့ တပ်မတော်ရဲ့ကွပ်ကဲမှုအောက်မှာ တပ်မတော်ရဲ့ဝန်ထမ်း၊ တပ်မ တော်ရဲ့လစာကို စားပြီး တပ်မတော်ရဲ့ညွှန်ကြားမှု အောက်မှာပဲ ရှိတော့တာပါ။ ကျန်တာကတော့ ကျနော်တို့ ဘယ်သူမှ လက်နက် မကိုင်ထားတော့ပါဘူး။ သီးခြား အဖွဲ့အစည်းလည်း မရှိတော့ပါဘူး။

အဖွဲ့အစည်း ဆိုတာကတော့ ကျနော်တို့ ဖွံ့ဖြိုးရေး၊ ဒေသ သာရေး နာရေး လိုအပ်တဲ့ နေရာမှာ တတ်နိုင်တဲ့ဘက်က ဖာ ထေးဖို့ ဆောင်ရွက်နေတဲ့ လူ့အဖွဲ့အစည်း၊ ကော်မတီတွေပဲရှိတာပါ။ မဝင်နိုင်မထွက်နိုင်တဲ့ အခန်းကဏ္ဍတွေ ဘယ်မှာမှ မရှိတော့ပါဘူး။ ကျနော်တို့က ရှေ့ဆက်ပြီး ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေက လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာ ကြပြီဆိုရင် ထူးခြားပြီးမှ ဒီကိစ္စတွေကို ဖုံးကွယ်ထားစရာလည်း မရှိပါဘူး။ ထူးခြားပြီးမှ ဒီထက် ပွင့်လင်းဖို့ကလည်း မရှိ တော့ပါဘူး။ ရှေ့ဆက်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးကိုပဲ ကျနော်တို့က ဆောင်ရွက်ပါမယ်။

You may also like these stories:

တိုင်းရင်းသားပါတီတွေ အားကောင်းဖို့ လိုတယ်

မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား

Your Thoughts …
Tags: N.D.P-Kachinကချင်ရွေးကောက်ပွဲဦးဇခုန်တိန့်ယိန်း
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.1k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.6k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.1k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
“CoCo Ichibanya” ဂျပန်ဟင်းအနှစ်ဆိုင်

နယူးဒေလီမှာ ဖွင့်လှစ်လိုက်တဲ့ “CoCo Ichibanya” ဂျပန်ဟင်းအနှစ်ဆိုင်

ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက်လာတဲ့ အဓိကအကြောင်းရင်းကတော့ ကိုဗစ်ကာလ ကျပ်တည်းမှုတွေကြောင့် သိရပါတယ်။

ဂျပန်နိုင်ငံမှာ သြဂုတ်လအတွင်း ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate