• English
Saturday, December 2, 2023
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

    စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

        မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

        ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

        ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

        စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

        စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

        သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

        သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          လုပ်ကြံခံရနိုင်တဲ့ လမ်းပဲရှိတော့တယ်

          by ထွန်းထွန်း
          14 October 2020
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          အဖမ်းမခံရခင် UDP ပါတီ ရုံးချုပ်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ

          အဖမ်းမခံရခင် UDP ပါတီ ရုံးချုပ်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ

          49.9k
          VIEWS
          Share on FacebookShare on Twitter

          အကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်ပြီးနောက် နှစ်ပေါင်း ၂၀ ကျော်ကြာမှာ ပြန်လည်ဖမ်းဆီးခံရတဲ့ နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ထောင်ပြေးမှု ပုဒ် မ-၂၂၄ နဲ့ တရားစွဲတင်ထားပါတယ်။

          ပုဒ်မ-၅(ည)၊ ပုဒ်မ -၁၈၉ တို့နဲ့ ၁၉၉၈ ခုနှစ်မှာ ထောင်ဒဏ်ချမှတ်ခံရပြီး ၁၉၉၉ ခုနှစ်မှာ ထွက်ပြေးခဲ့တဲ့ ဦးကျော်မြင့်ဟာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်မှာပဲ သူ့ရဲ့ ပါတီရုံးချုပ်ကို ဖွင့်လှစ်ပြီး နေထိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

          RelatedPosts

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          28 November 2023
          13.7k
          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          22 November 2023
          2.9k
          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          18 November 2023
          12.9k

          နိုင်ငံရေး၊ စီးပွားရေး၊ လက်နက်ကိုင်အရေးတို့မှာ ရှုပ်ထွေးတဲ့ နောက်ခံဖြစ်ရပ်တွေနဲ့ ဦးကျော်မြင့်ဟာ ဖမ်းဆီးခံရတဲ့ စက်တင်ဘာ ၂၉ ရက်နေ့ ညမတိုင်မီအထိ အာဏာပိုင်တွေအကြား ရပ်တည်နိုင်ခဲ့တာ ဖြစ်ပေမယ့် ၂၀၂၀ ရွေး ကောက်ပွဲ မှာ အာဏာရပါတီ NLD ပြီးနောက် ဒုတိယကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆောင်ရွက်ခဲ့တာ ကစပြီး ၎င်းနဲ့ ၎င်းရဲ့ နှင်းဆီပါတီဟာ လူတွေအာရုံစိုက်ခြင်း ခံခဲ့ရပါတယ်။

          လက်ရှိမှာလည်း ၎င်းနဲ့ပတ်သက်မှုတွေကို သီးသန့်အဖွဲ့နဲ့ စစ်ဆေးနေတယ်လို့ သမ္မတရုံးဘက်က ထုတ်ဖော်ပြောကြား ထားပြီး ကနဦးတွေ့ရှိချက်တွေမှာတော့ မှတ်ပုံတင် လွဲမှားမှု၊ ပိုင်ဆိုင်မှု ငွေကြေး ကျပ် ၂၃ ဘီလီယံ ကျော်ဟာ တရားဝင် ငွေကြေးဟုတ်၊ မဟုတ်၊ မြန်မာနိုင်ငံအတွင်း ပြန်လာပြီး ရပ်တည်နေထိုင်ခွင့်ရအောင် လုပ်ဆောင်ခဲ့တာတွေကို ဆက်လက် ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

          အဆိုပါဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းအရ ထပ်မံအရေးယူမှုတွေ၊ တာဝန်ယူ/တာဝန်ခံရမယ့် ဌာနနဲ့ လူပုဂ္ဂိုလ်တွေ၊ ပါတီရဲ့ ဆက်လက်ရပ်တည်နိုင်ခွင့်စတာတွေနဲ့ ပတ်သက်လို့ ထောင်မှူးကြီးဟောင်း ၁ ဦးဖြစ်သလို လက်ရှိမှာလည်း ဥပဒေဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ဦးခင်မောင်မြင့်ကို ဧရာဝတီသတင်းဌာနက အကြီးတန်း သတင်းထောက် ထွန်းထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

          ဥပဒေဆိုင်ရာ အကြံပေး ဦးခင်မောင်မြင့်/ဧရာဝတီ

          မေး ။        ။ ဦးကျော်မြင့်အမှုမှာ သက်သေမပြည့်စုံတဲ့ အကြောင်းပြချက်နဲ့ မစစ်ဆေးနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒီလိုထောင်ပြေးမှုတွေကို ယခင်က ဘယ်လိုမျိုး စစ်ဆေးခဲ့တဲ့ အတွေ့အကြုံတွေရှိပါသလဲ။

          ဖြေ ။        ။ ဒီရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၂၄ ပေါ့၊ ထောင်ပြေးမှု(သို့) ရဲဘက်ပြေးမှုပေါ့။ ဒါတွေက ကျနော်ကိုယ် တိုင် အကျဉ်းဦးစီးဌာနမှာ ထောင်မှူးကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့အတွက် အခြားရာဇဝတ်မှုကြီးတွေဖြစ်တဲ့ လူသတ်မှုတို့၊ ဓားပြမှုတို့လို၊ မုဒိန်းမှုတို့လို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးစရာမလိုဘူး။ ရှိနေတဲ့ ထောင်မှတ်တမ်းတွေ အရဆိုရင် အကျဉ်း သားတဦး ထွက်ပြေးသွားတယ်ဆို ၂၄ နာရီအတွင်းမှာ ထွက်ပြေးတာနဲ့ပတ်သက်တဲ့ သတင်းပို့ တင်ပြတဲ့ပုံစံ၊ ထောင်ပုံစံ- ၅ ဆိုတာရှိတယ်။

          အဲဒါက ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးအပါအဝင် သက်ဆိုင်ရာ ညွှန်ချုပ်ရုံး၊ ညွှန်မှူးရုံး၊ ရဲစခန်းတွေ၊ ထွက်ပြေးတဲ့ အကျဉ်းသား နေထိုင်တဲ့ရပ်ကွက်အထိ အားလုံး မိတ္တူ ၁၂ စောင် လောက်ဖြန့်ဝေရတယ်။ အဲဒါက ၂၄ နာရီ အတွင်းမှာ ဖြန့်ဝေရတာဆိုတော့ ဒီထောင်ပြေးမှုတွေစစ်ဆေးတယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ပေးလိုက်တဲ့ ထောင်အရာရှိ က ဒီအကျဉ်းသား ထွက်ပြေးတာနဲ့ ပတ်သက်တဲ့ ထောင်မှတ်တမ်း၊ အဓိကအားဖြင့် ထောင်ပုံစံ-၅ ပေါ့၊ ဒါကိုတင်ပြလိုက် တာနဲ့ တပြိုင်နက် သူ့ကိုစစ်ဆေးပြီးတော့မှ စွဲချက် တင်လိုက်လို့ရတယ်။ ဒါကို သက်ဆိုင်ရာ အကျဉ်းသားက သူဟာ ထောင်ပြေး ဖြစ်တဲ့ အကြောင်းကို ဝန်ခံတယ်ဆိုရင် တရားရုံးက သင့်လျှော်တဲ့ပြစ်ဒဏ်တခုခုပေးတာပေါ့။ အင်မတန် လွယ်ကူရိုးရှင်း ပါတယ်။

          ဒီအမှုကလည်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ အမှု။ ဦးကျော်မြင့်ဆိုတာလည်း မြန်မာကျုံယွမ်းကုမ္ပဏီနဲ့ ပတ်သက်ပြီး တနိုင်ငံလုံးမှာ အားလုံးသိကြသလို သူထွက်ပြေးတဲ့ကိစ္စကလည်း မန္တလေးမှာ နာမည်ကြီး အမှုကြီးဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ပုဒ်မ-၂၂၄ အမှုတွေ စစ်ဆေးခဲ့တဲ့ အတွေ့အကြုံအရတော့ အဲဒီလောက်ကြီးမလိုအပ်ပါဘူး။ အဲဒီတုန်းက ရှိခဲ့တဲ့ ထောင်အရာရှိတို့၊ ရဲအရာရှိတို့ကို လိုက်လံစုံစမ်းပြီး သူတို့စုံတော့မှ စစ်ဆေးရမယ့် အမှုမျိုးလည်း မဟုတ်ပါဘူး။ လက်ရှိတာဝန်ထမ်းထောင်နေတဲ့ ရဲအရာရှိနဲ့ အကျဉ်းထောင်က တာဝန်ပေးတဲ့ ထောင်ဝန်ထမ်း၊ ဒီနှစ်ယောက်လောက်နဲ့ သူ့ရဲ့ထောင်ပြေးတဲ့မှတ်တမ်းတွေ တင်ပြရုံနဲ့ စွဲချက်တင်ပြီးတော့ စစ်ဆေးနိုင်တဲ့ အမှုပါပဲ။

          မေး ။        ။ သမ္မတရုံးရဲ့ ပြောကြားမှုအရ သူ့ရဲ့မှတ်ပုံတင်က မှားယွင်းမှုရှိနေတယ်ပေါ့၊ ဒါနဲ့ပတ်သက်လို့ ဥပဒေ အရ ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ။

          ဖြေ ။        ။ ဒီနေရာမှာ ပေါ်ပေါက်နေတာက ဦးကျော်မြင့်က မြန်မာနိုင်ငံသားမဟုတ်ဘူး။ တရုတ်ပတ်စပို့စ် ကိုင် ဆောင်ပြီး၊ ကနေဒါကနေ တရုတ်ကိုလာတယ်။ အဲဒီကနေမှ မူဆယ်ဝင်ပေါက်ကနေ ဝင်လာတယ်လို့ သိရတာပေါ့။ နိုင်ငံခြားသားလို့ သူ့ကို မှတ်ယူမယ်ဆိုလို့ရှိရင် နိုင်ငံခြားသားနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဥပဒေရော၊ နည်းဥပ ဒေတွေရော တော်တော်လေး တိတိကျကျ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရှိပါတယ်။

          နိုင်ငံခြားသားရော၊ နိုင်ငံသားတွေနဲ့ရော ပတ်သက်ပြီး အရေးကြီးတဲ့ တည်ဆဲဥပဒေ ၃ ခုရှိပါတယ်။ တခုက ၁၉၄၀ ပြည်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ။ နောက်တခုက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ နောက်တခုက ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံတွင် နေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေဆိုပြီး ဒီဥပဒေတွေ က လူဝင်မှုကြီးကြပ် ရေးနဲ့ ပတ်သက်ပြီး အားလုံးလိုက်နာရမယ့် ဥပဒေပြဋ္ဌာန်းပေးထားတာ။ သံတမန်တွေနဲ့ အစိုးရက ခွင့်ပြုထားတဲ့ ကျွမ်းကျင် ပညာရှင်တွေ မပါဘဲနဲ့ အခြားမည်သည့်လမ်းကြောင်းကမဆို ဝင်လာတဲ့ နိုင်ငံခြားသားမဆို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းတွေကို သတင်းပို့ပြီးတော့မှ အဲဒီက ခွင့်ပြုချက်မရဘဲ ဝင်ရောက် လာလို့မရဘူး။ ဒီဥပဒေမှာပဲ ဝင်ရောက်လာတဲ့ မည်သည့် နိုင်ငံခြားသားမဆို သင်္ကာမကင်းရှိတယ်ဆိုရင် တရားသူ ကြီးရဲ့ ဖမ်းဝရမ်းမပါဘဲနဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိ က သော်လည်းကောင်း၊ ရဲတရာရှိ တဦးဦးက သော်လည်းကောင်း ဖမ်းဆီးချုပ်နှောင်စစ်ဆေးနိုင်တဲ့ အခွင့်အာဏာ ပေးထားပါတယ်။

          နောက်တခုက နိုင်ငံခြားသားမှန်ရင် သူတည်းခိုနေထိုင်တဲ့ နေရာကနေ သတင်းပို့ရတယ်။ ဒါကို ပျက်ကွက်ခဲ့တယ် ဆိုရင် နိုင်ငံခြားသားရော၊ သူတည်းခိုတာကို သတင်းပို့ဖို့ အသိပေးဖို့၊ ထိမ်ချန်ထားခဲ့တဲ့သူတွေပါ ၃ နှစ်အထိ ထောင်ဒဏ်(သို့) ငွေဒဏ်(သို့) ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ ဒါက သူ့ကိုနိုင်ငံခြားသားလို့ သတ်မှတ်ရင် သူကျခံရနိုင်တဲ့ ပြစ်ဒဏ်ပေါ့။

          လူဝင်မှုကြီးကြပ်ရေး ဥပဒေအရကျတော့ သူ့မှာ မှတ်ပုံတင်ကိုင်ထားတယ်လို့ ပေါ်ပေါက်နေတာပေါ့။ မှတ်ပုံတင်လွဲ နေ တယ်၊ ဒီအလွဲကြီးနဲ့ပဲ UEC( ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်) က ခွင့်ပြုပေးထားတယ်။ ဒါလဲ ပေါ်တာပဲ။ မြန်မာ နိုင်ငံသားစိစစ်ရေးကဒ်ကို ကိုင်ဆောင်ထားတယ်ဆိုရင် သူသည် မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ရေး ဥပဒေအရ ငြိစွန်း ပြန်တယ်။ အဲဒီမှာ သူက မမှန်မကန်အချက်အလက်တွေ၊ အရေးကြီးတဲ့အကြောင်းအရာတွေကို လိမ်လည်ဖော်ပြပြီး တော့မှ မှတ်ပုံတင်ကို ထုတ်ယူထားတယ်ဆိုခဲ့ရင် ဒါက နှစ်နှစ်အထိ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးလည်း ကျခံရ နိုင်တယ်။

          ဒါကြောင့် ဘယ်သူ့မှာ တာဝန်ရှိသလဲပြောရရင် အဓိကတော့ ၂၀၁၃-၁၄ မှာ တာဝန်ယူခဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရမှာ လုံးဝတာဝန်ရှိပါတယ်။ ဒါတွေ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာကို သူတို့ကိုယ်တိုင်စိစစ်ပြီးတော့ ပြည်သူ ကို ရှင်းလင်းပေးဖို့ ကောင်းတာပေါ့။ 

          ပြီးတော့မှ သူ့ကို အဲဒီမှတ်ပုံတင်ရအောင် ကူညီဆောင်ရွက်ပေးတဲ့ သူတွေဟာလည်း နှစ်နှစ်အထိ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးလည်း ကျခံရနိုင်တယ်။ ထို့အတူပဲ သူအဲ့ဒီလို ဆောင် ရွက်နေတာကို သိပါလျှက်နဲ့ သတင်း ထိမ်ချန် ထားတယ်၊ သတင်းမပို့သူတွေက ၆ လအထိ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးကျခံရနိုင်တယ်။

          မေး ။      ။ သူနဲ့ပတ်သက်လို့ သီးသန့်အဖွဲ့နဲ့ ဆက်စပ်မှုအားလုံး စစ်နေပြီဆိုတော့ ဘယ်သူတွေမှာ တာဝန်အရှိ ဆုံး ဖြစ်မလဲ။

          ဖြေ ။      ။ သူနဲ့ပတ်သက်ပြီး နှစ်ပိုင်းခွဲပြောရမှာပေါ့။ တပိုင်းက ၁၉၆၇-၆၈ လောက်က မြန်မာနိုင်ငံကို ဗကပ အနေနဲ့ ဝင်လာတယ်၊ နောက်ပိုင်း ၁၉၈၉ ငြိမ်းချမ်းရေး ကာလတွေကို ကျော်ဖြတ်ပြီးတော့မှ ရန်ကုန်မှာရောက်တယ်။ မြန်မာ ကျုံယွမ်းကုမ္ပဏီအနေနဲ့ တည်ထောင်ခဲ့တယ်။ ပြီးမှ ၁၉၉၈ မှာ ထောင်ကျသွားတယ်ဆိုတော့ ၁၉၉၈ ရဲ့ ရှေ့ပိုင်းမှာ ရပ်တည်ခဲ့တဲ့ အပိုင်းတပိုင်းပေါ့။ ပြီးတော့မှ တခါ ၂၀၁၃ မှာ တရားမဝင် ဝင်ရောက်လာပြီးတော့ တရုတ်နိုင်ငံ သံအမတ် ကြီးနဲ့ တွေ့ဆုံတယ်။ ၂၀၁၄ ကျ တော့ မြန်မာနိုင်ငံထဲကိုဝင်လာပြီး နေပြည်တော်မှာပဲ အခြေစိုက်ပြီးတော့ အခုထိ ရပ်တည်နေတယ်ပေါ့။ အဲဒီတော့ ၂၀၁၄ ရဲ့နောက်ပိုင်း၊ နှစ်ပိုင်းခွဲပြောရမှာပေါ့။

          ပထမကာလမှာ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ ပြောမယ့်ဆိုရင် နအဖ၊ နဝတ တို့ခေတ်ဖြစ်တဲ့အတွက် အဲဒီအစိုးရတွေမှာ တာဝန်ရှိမှာပေါ့။ ဒီဘက်နောက်ပိုင်း ၂၀၁၃-၁၄ မှာ ဝင်လာတယ်ဆိုတော့ လက်ရှိဖြစ်ပေါ်မှုတွေသည် တိုက်ရိုက် သက်ဆိုင် တာ ကတော့ ၂၀၁၃-၁၄ နောက်ပိုင်း သူ့ကိုဖမ်းဆီးမိတဲ့အထိ တာဝန်ယူခဲ့တဲ့ အစိုးရနှစ်ရပ်ပေါ့။ ဦးသိန်းစိန်တာဝန်ယူခဲ့တဲ့ USDP အစိုးရနဲ့ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ တာဝန်ယူထားတဲ့ NLD အစိုးရပေါ့။ ဒီအစိုးရနှစ်ရပ်လုံးကတော့ အသီးသီး တာဝန်ရှိမှာပေါ့။ သို့သော် ပိုပြီးအဓိက တာဝန်အရှိဆုံးသူကတော့ သူဝင်လာတုန်းက ရှိခဲ့တဲ့ ဦးသိန်းစိန်အစိုးရပေါ့။

          ဘာကြောင့်လဲဆို ကျနော်တို့နိုင်ငံက နိုင်ငံသားဖြစ်မှုရော၊ နိုင်ငံခြားသားတွေ ဝင်ရောက်မှုမှာရော အင်မတန်တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းထားတဲ့ နိုင်ငံတွေထဲမှာပါပါတယ်။ ဥပဒေအရ အဆင့်ဆင့် ဆောင်ရွက်ရမှာတွေကလည်း ဘယ်နိုင်ငံခြား သားမှ နိုင်ငံအတွင်းမှာ ခိုအောင်းပြီးတော့ နေလို့မရအောင် စေ့စေ့စပ်စပ်ဆောင်ရွက်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ် တယောက် ၂၀၁၃ မှာ ဝင်လာခဲ့တယ်။ မြန်မာနိုင်ငံမှာ တရားဝင်ရုံးစိုက်နေတဲ့ တရုတ်နိုင်ငံသံအမတ်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရတယ်ဆိုတာသည် အဲဒီကာလက နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပြည်ထဲရေးဝန်ကြီးဌာနတို့၊ သမ္မတရုံးတို့၊ လူဝင်မှု ကြီးကြပ်ရေးတို့ ဒါတွေက မစိစစ်ခဲ့ကြဘူးလား၊ မသိခဲ့ကြဘူးလား။ သတင်းတပ်ဖွဲ့တို့၊ စရဖ တို့ကရော ဘာလုပ်နေ ခဲ့ ကြသလဲ မေးစရာမေးခွန်းတွေ ပေါ်လာတာပေါ့။

          အဖမ်းမခံရခင် UDP ပါတီ ရုံးချုပ်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ

          ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအရ အရေးကြီးတယ်လို့ သတ်မှတ်ထားရတဲ့ နိုင်ငံကြီးတွေရဲ့ သံတမန်ကြီးတွေနဲ့ တွေ့ဆုံ မယ်ဆိုရင် ဘယ်သူပဲ တွေ့ဆုံတွေ့ဆုံ အရေးကြီးသော ကိစ္စတရပ်အနေနဲ့ ဖော်ထုတ်ရတဲ့ကိစ္စ၊ ဘာကြောင့် တွေ့ဆုံတာလဲ၊ သူက ဘယ်ကလဲ၊ ဘယ်အကြောင်းအရာတွေ ဆွေးနွေးသလဲ၊ ဒါကနိုင်ငံမှာအရေးကြီးတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်ရမှာတွေကို ဘာကြောင့် လစ်ဟင်းခဲ့ကြတာလဲ။ ဒါကတချက်။

          သမ္မတရုံးရဲ့ ရှင်းလင်းချက်တွေအရ သူသည်ထောင်ပြေးတယောက်ဖြစ်တယ်။ ထောင်ပြေးတယောက်က နိုင်ငံသား အဖြစ်နဲ့ဖြစ်စေ သူပြန်ဝင်လာရင် နည်းလမ်းနှစ်မျိုးပဲရှိတယ်။ တမျိုးက သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ နောက်တခုက အမည်မဲစာရင်းကနေ ပယ်ဖျက်ပေးတာ။ ဒါပေမယ့် သူသည် ထောင်ကနေ ထွက်ပြေးတဲ့သူဖြစ်တဲ့ အတွက် အဲဒီအချိန်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တို့၊ အမည်မဲစာရင်းကနေ ပယ်ဖျက်ပေးတာတို့ကို ခံစားပိုင်ခွင့်မရှိဘူး။ ဒါကြောင့်မလို့ ဖော်ထုတ် တွေ့ရှိချက်တွေအရ တရားမဝင်လမ်းကြောင်းကနေ ဝင်လာတယ်လို့ တွေ့ရှိရတာပေါ့။ ဒါဖြင့်ရင် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးဥပဒေတို့၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတို့၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများရဲ့ မှတ်ပုံတင်ရေးဥပဒေတို့လို တင်းကြပ်တဲ့ဥပဒေတွေအရ သူဟာ အထင်ကရမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ဘာကြောင့်နေခွင့်ရသလဲ။ ဘာကြောင့် မှတ်ပုံတင်တွေ ကိုင်ဆောင်ထားခွင့်ရသလဲ။

          နောက်တခုက ပါတီပေါ့နော်၊ တိုင်းပြည်ရဲ့ အာဏာသုံးရပ်ထဲက အရေးကြီးဆုံးဖြစ်တဲ့ ဥပဒေပြုရေးအာဏာကို ကိုင်တွယ် အသုံးပြုနိုင်တဲ့၊ တနည်းအားဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်တဲ့ ပါတီတခုကို ဘာကြောင့် ဥက္ကဋ္ဌအဖြစ် တည် ထောင်နိုင် တာလဲ။ သူသည် နိုင်ငံခြားသားဖြစ်နေခဲ့သော် ဒီကိစ္စသည် အင်မတန်ကို အရေးကြီးတဲ့ နိုင်ငံ့အချုပ်အခြာ အာဏာကို ထိပါးမှုဖြစ်တဲ့အတွက် ဘာကြောင့် မစိစစ်ခဲ့ကြတာလဲ။

          ဒါကြောင့် ဘယ်သူ့မှာ တာဝန်ရှိသလဲပြောရရင် အဓိကတော့ ၂၀၁၃-၁၄ မှာ တာဝန်ယူခဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရမှာ လုံးဝတာဝန်ရှိပါတယ်။ ဒါတွေ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာကို သူတို့ကိုယ်တိုင်စိစစ်ပြီးတော့ ပြည်သူ ကို ရှင်းလင်းပေးဖို့ ကောင်းတာပေါ့။ ထို့အတူပဲ တချိန်က လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ အရင်ကလည်း ရဲချုပ် လုပ်ခဲ့တဲ့သူတို့နဲ့ တောက်လျှောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် သူတို့က ထဲထဲဝင်ဝင် ရှင်းလင်းဖို့သင့်တာပေါ့။ ဘယ်အပိုင်း၊ ဘယ်သူ့မှာ တာဝန်ရှိသွားတယ်ဆိုတာပေါ့။

          နိုင်ငံတော် သမ္မတ က တစုံ တယောက်ကို သူ့ရဲ့အထူးအခွင့် အာဏာအနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ဆောင်ရွက်ပေးလို့ ရတယ်ဆိုတဲ့ ပြဌာန်းချက် တခုတော့ ပါတယ်။

          အခုက ပါတီထောင်ထားတာဆိုတော့ တော်တော်များများက UEC ကိုမြင်ကြတယ်၊ မစိစစ်ဖူးလားပေါ့။ အရင် UEC တွေမှာ ဦးသိန်းစိုးရှိတယ်၊ ဦးတင်အေးရှိတယ်။ UEC ကတော့ ဝန်ထမ်းအင်အားလည်း မလုံလောက်ဘူး၊ စိစစ်နိုင်တဲ့ အင်အား လည်း မရှိဘူး။ စိစစ်ဖို့အတွက် ပြည်ထဲရေးပဲတာဝန်ပေးရတာ။ ပြည်ထဲရေးကနေမှ သတင်းတပ်ဖွဲ့တို့၊ CID တို့ ကတဆင့် စိစစ်လာတာကိုပဲ UEC ကအတည်ပြုပြီးတော့မှ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တကယ်တမ်းပြောရရင် UEC မှာ တိုက်ရိုက် တာဝန်မရှိဘူး။ ဦးဇော်ဌေးရဲ့ ရှင်းလင်းပွဲမှာတော့ UEC ကနေ ဒါနဲ့ ပတ်သက်ပြီး စိစစ်ပြီးတော့ ပေးပါလို့ သမ္မတ ရုံးကို တင်ပြတယ်ဆိုတဲ့အတွက် ဘာမှ ဆက်မလုပ်ဘူးဆိုရင်တော့ သူလည်း တာဝန်တော့ ရှိလာမှာပေါ့။

          သူကိုယ်တိုင်က တင်ပြလို့ စိစစ်မှုတွေ လုပ်ရတယ်ဆိုတဲ့အတွက် ဥပဒေအမြင်မှာပေါ့ UEC အနေနဲ့ သူ့အပိုင်းသူ သေသေ ချာချာ ဆောင်ရွက် သွားတဲ့အတွက် UEC မှာတော့ တာဝန်မရှိဘူး။ ခုနတုန်းကပြောတဲ့ ၂၀၁၅ ရှေ့ပိုင်းမှာ တာဝန်ယူခဲ့တဲ့ USDP အစိုးရမှာ တာဝန်ရှိတယ်။ အဲဒီနောက် သူ့ကိုဖမ်းမိတဲ့အထိ တာဝန်ယူခဲ့တဲ့ ရဲချုပ်တို့၊ သတင်းတပ်ဖွဲ့တို့၊ စရဖ တို့ ၊ ပြည်ထဲရေးတို့မှာတော့ တာဝန်ရှိတာပေါ့။ ဒါတွေက ဖြေးဖြေးချင်း စိစစ် ဖော်ထုတ်တဲ့အခါမှာတော့ ပေါ်ပေါက်လာမှာပါ။

          မေး ။        ။ ၂၀၁၄ ခုနှစ်မှာ ပြန်ဝင်လာတုန်းကလည်း ဦးကျော်မြင့် တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့်(Border Pass)နဲ့ ဝင်လာတာလို့ပြောပါတယ်။ ဒါကလည်း ဌာနတခုကနေ တရားဝင်ထုတ်ပေးခဲ့တဲ့ အထောက်အထားတခု ပေါ့။

          ဖြေ ။        ။ ခုနကပြောတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမှာပါတယ်။ ဥပဒေမှာတော့ အခွင့်အာဏာပိုင်တဲ့သူတွေက ဥပဒေနဲ့ အညီ မဟုတ်ဘဲနဲ့တော့ ထုတ်ပေးလို့မရဘူး။ ဒါပေမယ့် သူ့အထဲမှာ ပြဌာန်းချက်တခုပါတယ်။ နိုင်ငံတော် သမ္မတ က တစုံ တယောက်ကို သူ့ရဲ့အထူးအခွင့် အာဏာအနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ဆောင်ရွက်ပေးလို့ ရတယ်ဆိုတဲ့ ပြဌာန်းချက် တခုတော့ ပါတယ်။

          သို့သော်လည်း ဦးဇော်ဌေးရဲ့ ရှင်းလင်းချက်အရ သမ္မတကလည်း ဒါတွေကို ဆောင်ရွက်ထားတာ မရှိဘူးလို့ ပြောထားတဲ့အတွက် သူဘယ်လိုကျော်ဖြတ်လာခဲ့လဲ။ ဘယ်သူက သူ့ကို ခွင့်ပြုလိုက်သလဲ။ ဒါတွေကတော့ အဲဒီ ကာလမှာ တာဝန်ယူခဲ့တဲ့ ဦးခင်ရီလို ပုဂ္ဂိုလ်တွေနဲ့ လက်ရှိတာဝန်ယူထားတဲ့သူတွေ သေသေချာချာ စနစ်တကျ ဖော်ထုတ် ရင် ပေါ်မယ်လို့ ထင်ပါတယ်။

          အဖမ်းမခံရခင် UDP ပါတီ ရုံးချုပ်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ

          ပြောမယ်ဆိုရင်တော့ လက်ရှိ အခြေအနေတွေအရ ဥပဒေမဲ့ ဝင်ရောက်လာတယ်လို့ပဲ ကျနော် တို့က ပြောနိုင်တာပေါ့၊ ဥပဒေနဲ့ အညီတော့ မဟုတ်ဘူး။ ဒါကို ဝင်ရောက်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း အဆင့်ဆင့်ကတော့ သင့်လျော်တဲ့ ပြစ်မှုအလိုက် ပြစ်ဒဏ်တွေ ကျခံကြရမှာပေါ့။

          မေး ။        ။ ဦးကျော်မြင့် ထောင်ကထွက်ပြေစဉ်ကလည်း လုံခြုံရေးစည်း ကျိုးပေါက်မှုအဖြစ် သုံးသပ်ချက်တွေရှိ ထားတော့ လုံခြုံရေးတာဝန်ယူထားတဲ့သူတွေမှာ အားနည်းချက်ရှိခဲ့တာလား။

          ဖြေ ။        ။ ထွက်ပြေးစဉ်ကတော့ အပိုင်းခွဲပြောရရင် သူက ထောင်ကိုရောက်လာခဲ့တယ်၊ ထောင်ကနေမှ မန္တလေး ဆေးရုံကြီးကို ရောဂါတခုကုသဖို့ တက်သွားတယ်ပေါ့။ အဲဒီတုန်းကတော့ ထောင်ရဲ့ဆေးရုံ တာဝန်ခံ ဆေးရုံအုပ်ကြီး ကတော့ ဒေါက်တာဦးအောင်သန်းပေါ့။ ဒုတိယဆေးရုံအုပ်ကြီးကတော့ ဒေါက်တာမျိုးဆွေပေါ့။ ထောင်ပိုင်ကြီးက ဦးထွန်း အောင်ကျော်၊ ဒုထောင်တာဝန်ခံ အရာရှိကတော့ ဦးထွန်းလတ်စိန်ပေါ့။ မြို့နယ်(သို့) တိုင်းအဆင့် ဆေးရုံကြီးတွေရှိတဲ့ နေရာတိုင်းမှာ ဆေးရုံကို သွားရပြီဆိုရင် ဆေးရုံမှာရှိနေတဲ့ ရဲတပ်ဖွဲ့ ထိန်းသိမ်းအုပ်ချုပ်မှု အောက်မှာရှိနေတဲ့ ရဲအချုပ်ကို လွှဲပေးရတယ်။ လွှဲပေးပြီးရင် သူ့ရဲ့ လုံခြုံရေးသည် ရဲက အပြည့်အဝတာဝန်ယူရ တယ်။

          အကျဉ်းဦးစီးအနေနဲ့ကျတော့ မိမိဆီမှာ ချုပ်နှောင်ထားတဲ့ အကျဉ်းသားတယောက်ဖြစ်တဲ့အတွက် တနေ့ကို အ နည်းဆုံး ၂ ကြိမ်၊ ကျန်းမာရေး၊ လုံခြုံရေးအခြေအနေကို သွားစစ်ပြီးတော့မှ အစီအရင်ခံ တင်ပြရတာပေါ့။ အခု လုံခြုံရေး ကျိုးပေါက် သွားတာက အကျဉ်းထောင်အပိုင်းက မဟုတ်ဘူး။ တာဝန်ကျတဲ့ ရဲတပ်ဖွဲကို စည်းရုံးသိမ်းသွင်းပြီးတော့ သူနဲ့အတူ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေပါ ထွက်ပြေးသွားတာ။ ပြောမယ်ဆိုရင် အဲဒီကာလကရှိတဲ့ ရဲဌာနနဲ့လည်း ဆိုင်သလား၊ ရဲတပ်ဖွဲ့နဲ့ ဆိုင်သ လား ဆိုရင် ရဲတပ်ဖွဲ့နဲ့လည်း မဆိုင်ဘူး။ တဦးချင်းရဲ့ တာဝန်မဲ့မှု ၊ သစ္စာမဲ့မှုပေါ့နော်။ ဒီပုဂ္ဂိုလ်တွေကိုလည်း အရေးယူ အပြစ်ပေးခဲ့ပြီဖြစ်ပါတယ်။

          အကျဉ်းထောင်အနေနဲ့ကျတော့ ကိုအေးချမ်းက သူကအဲဒီနေ့မှာ တာဝန်မှူးကျတယ်။ သွားတော့စစ်တယ်။ မနက်ပိုင်း သွားစစ်တဲ့အချိန်မှာတွေ့တယ်။ ညနေပိုင်း သူမစစ်ဆေးခင်မှာ ထွက်ပြေးသွားတယ်။ သူမစစ်ဆေးခင်မှာ ထွက်ပြေးသွား တယ်ဆိုတာကို ရဲတပ်ဖွဲ့က သိသွားတဲ့အတွက် သူကတော့ တာဝန်ပေါ့လျော့တယ်ဆိုပြီးတော့မှ သူလည်း ၉ နှစ်ကျ ခံခဲ့ရတာပေါ့။

          မေး ။        ။ နောက်တခုကတော့ သူ့ရဲ့ငွေကြေးပိုင်ဆိုင်မှု အပိုင်းပေါ့၊ ဒီမှာ ပါတီအတွက် တော်တော်သုံးထားပြီး စုစုပေါင်း ကလည်း ကျပ် ၂၃ ဘီလီယံကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီငွေတွေကို စုံစမ်းစစ်ဆေးရာမှာ တရားမဝင်မှု တွေ ပေါ်ပေါက်ခဲ့ ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ။

          ဖြေ ။        ။ သူ့ရဲ့ ငွေကြေးနဲ့ပတ်သက်ပြီး ဘာနဲ့ချိတ်ဆက်နေသလဲဆိုတော့ သူ့ရဲ့နှင်းဆီပါတီပေါ့။ ပါတီတရပ် တည် ထောင် မယ်ဆိုရင် အသုံးစရိတ်တွေအတွက် ရန်ပုံငွေတွေရှိရမယ်။ ဒါတွေဘယ်ကနေ ရှာကြံမလဲဆိုတာသည် ပါတီတွေမှာ ရှိရမှာပေါ့။ နှင်းဆီပါတီကတော့ မီဒီယာတွေမှာ ဖော်ပြထားချက်အရ ပါတီဆိုတာသည် သူ့ကိုယ်ပိုင် တည်ထောင်ထားတဲ့ အဖွဲ့အစည်းတခု သဘောမျိုးပဲ ဖြစ်နေတာပေါ့။ နိုင်ငံရေးအစုအဖွဲ့၊ အင်အားစုတခုလို မဟုတ်ဘဲနဲ့ ကုမ္ပဏီတခုလို သူ့ငွေနဲ့ ပဲ လည်ပတ်တယ်၊ သူ့ငွေနဲ့ပဲ အလုပ်တွေလုပ်တယ်ဆိုတဲ့အခါကျတော့ နှစ်ချက်ပေါ့။ တချက်က ဒီငွေတွေ ဘယ်လို စီးဝင်လာသလဲ၊ ဝင်ငွေရလမ်း ဘယ်လိုဖော်ပြနိုင်သလဲ အသေးစိတ်စိစစ်ဖို့ လိုတာပေါ့။

          ဝင်ငွေရလမ်းကတော့ ပထမပိုင်းကြည့်မယ်ဆိုရင် ၁၉၉-၉၈ ကာလတုန်းက မြန်မာကျုံယွမ်၊ ငွေကြေးလုပ်ငန်း သူ လုပ် တယ်။ အဲဒီကာလမှာ မှီခဲ့တဲ့ အနုပညာရှင်တွေ၊ အလတ်တန်းစား ဝန်ထမ်းတွေ၊ ရဟန်းတွေ၊ သီလရှင်တွေ အကုန်လုံး နီးပါးလောက် မြန်မာကျုံယွမ်ကြောင့် ပျက်စီးသွားတယ်။ နည်းတာနဲ့ များတာပဲရှိတယ်။ တော်တော်များများ ပါသွားတယ်။ နောက်ပိုင်း ကုမ္ပဏီကို ဖျက်သိမ်းပြီးတော့ တချို့လည်း မြေကွက်တွေ ပေးတာတို့ရှိပေမယ့် တကယ်တမ်း မရလိုက်ကြဘူး။ တော်တော်များများကဖြစ်သွားတော့။ အဲဒီတုန်းက ငွေကြေးရှင်းလင်းမှုကရော ဘယ်လောက်ပမာဏ သူ့မှာ ရရှိသွား သလဲ။ဒါလေးတချက်ရှိမယ်။

          အဲဒီနောက်ပိုင်းကျတော့ အခုဖော်ထုတ်ရရှိထားတဲ့ အချက်တွေအရ သူ့ရဲ့ လည်ပတ်နေတဲ့ မြန်မာကျော် ကုမ္ပဏီဆို တာ တကယ်တမ်းပြောရရင် စီးပွားရေးအင်အား ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်နေတဲ့ ကုမ္ပဏီကြီးတွေလို မဟုတ်ဘူး။ မြန်မာကျော် ဆိုတာက သူ့ရဲ့ အမှုဖြစ်စဉ် ပေါ်ပေါက်လာတော့မှပဲ တချို့က သိကြတာ။ သူနဲ့ ဆက်စပ်နေတဲ့ အသိုင်းအဝိုင်းလောက်ပဲ သိတော့ ဒီကုမ္ပဏီတွေက ဒီလောက်ငွေပမာဏတွေ၊ အရောင်းအဝယ်တွေ ဖြစ်နိုင်သလား။ ကုမ္ပဏီများ နည်းဥပဒေအရ လည်း ပြန်စိစစ်ဖို့လိုတာပေါ့။ ကုမ္ပဏီတည်ထောင်ထားတယ်ဆိုရင် ၃ လတကြိမ် ငွေ အဝင်အထွက် မှတ်တမ်းတွေကို ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို တင်ပြပေးရတယ်။ ဒါတွေက အသေးစိတ် လုပ်ရတဲ့ လုပ်ငန်းတွေဖြစ်ပြီး အဲဒါတွေ မှာရော အရင်က ပေါ်ပေါက်ခဲ့သလား။ ဒါမျိုးတွေ စိစစ်လိုက်မယ်ဆိုရင် တော့ ပေါ်ပေါက်လာမယ်လို့ ကျနော်မြင်ပါတယ်။

          သို့သော် ငွေပမာဏကတော့ ခန့်မှန်းထားတာ၊ ဖြစ်သင့်ဖြစ် ထိုက်တာထက် များနေတဲ့အတွက် သာမန်ကုမ္ပဏီတခုရဲ့ လည်ပတ်မှုနဲ့စာရင် များလွန်းနေတဲ့အတွက် ဝင်ငွေရ လမ်း ဖော်ထုတ်နိုင်ဖို့ လိုတယ်။ သူ့ရဲ့ ဝင်ငွေရလမ်းသည် ငွေဖြူ မဟုတ်ဘဲ အခြားဝင်ပေါက်တခုခုက ဆိုခဲ့ရင်တော့ သူတည်ထောင်ထားတဲ့ UDP ပါတီရဲ့ ရပ်တည်မှုကို သွားပြီးတော့ ထိခိုက်နိုင်စရာ အကြောင်းရှိပါတယ်။

          မေး ။      ။ ပိုင်ဆိုင်မှုတွေ၊ ပါတီအတွက်သုံးစွဲမှုတွေက ဝင်ငွေရလမ်း မဖော်နိုင်ရင် ပါတီရဲ့ ရပ်တည်မှုကို ထိခိုက် နိုင်တဲ့ အခြေအနေရှိသလား။

          ဖြေ ။      ။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နောက်တခါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနဲ့ အခြေခံဥပဒေတို့မှာလည်း ပြဌာန်းထားတယ်။ ပါတီ(သို့) လွှတ်တော်ကိုယ်စားလှယ် တဦး ဦးဟာ နိုင်ငံခြားက ပုဂ္ဂိုလ်တဦးဦး၊ အဖွဲ့အစည်းတခုခု၊ ဘာသာရေးအဖွဲ့အစည်းတခုခုရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့ ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေသည် အရည်အချင်းမမီတဲ့အတွက် ပါတီကို ဖျက်သိမ်းရမယ်ဆိုပြီး တော့ ပြဌာန်းချက်တွေ ရှိတယ်။ အခု UDP ပါတီရဲ့ ထူးခြားချက်ကျတော့ သူသည် ပါတီလို့သာ မှတ်ပုံတင်ထားတာ၊ တကယ်တမ်းက ကုမ္ပဏီ ဆန်ဆန် လုပ်ငန်းမျိုးပဲရှိတယ်။

          သူ့ရဲ့ အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ စည်းဝေးဆုံး ဖြတ်ကြတာ၊ ပါတီလုပ်ငန်းတွေ ညှိနှိုင်း ဆောင်ရွက်ကြတာ သိပ်မတွေ့ ရဘဲ တဦးတည်းရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ပဲ ဆောင်ရွက်တာမျိုး ဆိုတဲ့အတွက် သူပိုင်ဆိုင်တဲ့ ငွေတွေက တရားဝင် ငွေဖြူမဟုတ်ဘဲနဲ့ ငွေမဲတွေ ဖြစ်ခဲ့မယ် ဆိုရင်တော့ UDP ပါတီရဲ့ ရပ်တည်ချက် အတွက် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပေးရမယ့် အနေအထား တော့ ရှိပါတယ်။ ဒါကြောင့်လည်းပဲ UEC ကနေ နိုင်ငံတော်သမ္မတရုံးကို ဒါတွေ စိစစ်ပေးဖို့ တင်ပြတာလို့ မြင်ပါတယ်။

          မန္တလေးမြို့တွင် တရားရုံးထုတ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

          မေး ။        ။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော ဘယ်လောက်အထိ ဆောင်ရွက်မယ်လို့ ထင်မြင်ပါသလဲ။

          ဖြေ ။        ။ ရွေးကောက်ပွဲ အင်မတန်နီးကပ်နေတဲ့အချိန်မှာ နိုင်ငံသားတွေရော၊ ယှဉ်ပြိုင်မယ့် ပါတီအသီးသီးရော ဒီအပေါ်မှာ စိုးရိမ်မှုရှိတယ်။ ဒါဟာ မှန်မှန်ကန်ကန်ရပ်တည်တဲ့ နိုင်ငံသားတွေနဲ့ စုဖွဲ့ထားတဲ့ပါတီလား၊ တခြား နိုင်ငံ တခုခုရဲ့ ပရောဂနဲ့ ဩဇာလွှမ်းမိုးမှုနဲ့ အထောက်အပံ့ခံပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့ ကြံရွယ် ချက်နဲ့ ဖွဲ့စည်းထားတဲ့ ပါတီတခုလားဆိုတာ အင်မတန် စိုးရိမ်သောက ရှိပါတယ်။

          တပြိုင်နက်ထဲမှာ ထောင်ပြေးမှုနဲ့ ပါတီ ဥက္ကဋ္ဌက အကျဉ်းထောင်ထဲ ရောက်နေပေမယ့် UDP ပါတီက ရပ်ဆိုင်းမသွားသေးဘဲနဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းတွေကို မြင်တွေ့နေရတာကိုပဲ မဲဆန္ဒရှင်တွေအနေနဲ့ တော်တော်လေး စိုးရိမ်ကြောင့်ကြမှုရှိတယ်။ UEC အနေနဲ့ရော ဘာဆက်လုပ်မလဲ။ လက်ရှိအခြေအနေမှာ ဘယ်လောက်ပေါ်ပေါက်နေပြီလဲ၊ ဘာတွေဆက်လုပ်နေလဲ ရှင်းပြဖို့ လိုသလို၊ နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထဲရေးကလည်း ရှင်းပြဖို့ လိုပါတယ်။

          လိုတယ်ဆိုတာက UDP ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်ရမှာလား၊ မရဘူးလား။ သူတို့ပါတီရဲ့ ကိုယ် စားလှယ်တွေရော၊ ပါတီဝင်တွေရော ဒီအပေါ်မှာ အများကြီးမျှော်လင့်မှုရှိမှာပေါ့နော်။ စည်းရုံးလှုပ်ရှားခွင့်တွေ ပေးခဲ့ပြီးမှ ကပ်ပြီးတော့မှ ပါတီဖျက်သိမ်းလိုက်တယ်ဆိုရင် ကိုယ်စားလှယ်တွေရော၊ ပါတီဝင်တွေရော နစ်နာမှုရှိသလို ရှင်းရှင်း လင်းလင်း မပေါ်ပေါက်သေးဘဲ ဝင်ပြိုင်ခွင့်ပေးလိုက်မယ်ဆိုရင် သူတို့က အတိုင်းအတာတရပ်အထိ ရွေး ချယ်ခံရပြီးတဲ့ နောက်မှ စစ်ဆေးပေါ်ပေါက်ချက်တွေ ပေါ်လာပြီးမှ ပါတီဖျက်သိမ်းမယ်ဆိုရင် အခြားဝင်ရွေးမယ့် ပါတီတွေအတွက် ရမယ့် မဲတွေ ဆုံးရှုံးမှုဖြစ်မယ်။ အကျိုးသက်ရောက်မှုတွေ အများကြီးဖြစ်မယ်။ ဒါကြောင့် UEC အနေနဲ့ ဒီအချိန်ပေါ့။

          ရွေးကောက်ပွဲမစခင် ၁၅ ရက်လောက်မှာ UDP ပါတီနဲ့ ပတ်သက်တဲ့ စိစစ်ပေါ်ပေါက်ချက်တွေ၊ ဆောင်ရွက်နေတာတွေ၊ ရှေ့ဆက်ပြီး ဘယ်လိုဆောင်ရွက်မလဲဆိုတာတွေကို မဲဆန္ဒရှင်တွေကိုရော ဝင်ပြိုင် ကြမယ့် ပါတီအသီးသီးကိုရော ရှင်းလင်း အသိပေးဖို့ လိုအပ်ပါတယ်။

          မေး ။        ။ မြန်မာကျုံယွမ် ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး သိရှိ၊ ကြုံတွေ့ခဲ့ရတာ ရှိသလဲ။

          ဖြေ ။        ။ ပြောရရင် မြန်မာကျုံယွမ်ကုမ္ပဏီကြောင့် ကျနော်တို့တောင် နစ်နာခဲ့တယ်၊ ကျနော်က အဲဒီတုန်းက မန္တလေး မှာ ထောင်မှူးကြီးပေါ့။ သူကလည်ပတ်ပြီးတော့ ၃ လလောက်နေတဲ့အခါမှာ အခြားအရာရှိတွေရော၊ အခြားမိတ်ဆွေ တွေရော ဒီအပေါ်မှာ အကျိုးအမြတ်တွေရကြတယ်။

          သူက ငွေ ၁၀၀ အပေါ်မှာ ၇ ရာခိုင်နှုန်းနဲ့ အတိုးနှုန်း ပေးတယ်။ ပြီးရင် လစဉ် လဆန်း ၅ ရက်နေ့တိုင်းမှာ အတိုးကို မပျက်မကွက်ထည့်ပေးတယ်။ သူက တစု ကို ၂ သိန်း၊ အနည်းဆုံး တစုဝင်ရ မယ်ပေါ့။ ဝင်ပြီးလို့ တနှစ်ပြည့်ရင် ကိုယ့်အစုတွေ ကိုပြန်ထုတ်လို့ရတယ်။ မထုတ်မချင်းက အတိုးနှုန်း အနည်းဆုံး ၁၄၀၀၀ ကို သူ့ရုံးခွဲတွေမှာ သွားပြီးထုတ်လို့ရတယ်။ ကျနော်တို့ဆို အရာရှိ ဖြစ်တဲ့အတွက် ရုံးခွဲက တိုက်ရိုက် ဆိုင်ကယ်နဲ့ လာပြီး ပေးတယ်။ ကျနော်က အဲဒီတုန်းက တချို့အစုလေးတွေထည့်ထားတယ်။ သတ်မှတ်တဲ့နှုန်းထား အတိုင်းလည်း ရခဲ့တယ်။ ပြဿနာမပေါ်ခင် အစောပိုင်းမှာ ထည့်ခဲ့တဲ့အတွက် ကိုယ့်ထည့်တဲ့ အစုနီးပါးလောက် အတိုးပြန်ရခဲ့တဲ့အတွက် အများကြီး မဆုံးရှုံးခဲ့ဘူး။

          တချို့ကျတော့ တော်တော်များများ စထည့်တဲ့အချိန်မှာ ဒါကြီးပျက်သွားတော့ ဆုံးရှုံးခဲ့ကြတာရှိတယ်။ ပြောရင်တော့ မြန်မာ နိုင်ငံမှာ လူလတ်တန်းစား ဝန်ထမ်းတွေအတွက် ဝင်ငွေရပေါက်တခုအနေနဲ့ ဆွဲဆောင်နိုင်ခဲ့တဲ့အထဲမှာ မြန်မာ ကျုံယွမ် အစောဆုံးပဲ။ လူထုရဲ့စိတ်ဝင်စားမှုလည်း အများကြီးရှိတယ်။ ထည့်ဝင်ကြတဲ့ ငွေပမာဏတွေလည်း တော်တော်ကို များ တယ်။ ကျနော့် လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ငွေပိုငွေလျှံရှိတဲ့သူ မှန်သမျှ မြန်မာကျုံယွမ် ကို ထည့်တယ်။ ဆယ်စု လောက် ထည့်ထားတဲ့သူက တလ တသိန်းလေးသောင်းလောက်ရတယ်၊ အဲဒီအချိန်တုန်း က ကိုယ့်လစာငွေရဲ့  ၃ ဆလောက် ရနေတာ ဖြစ်တဲ့အတွက် တော်တော်များများထည့်ကြတယ်။ အဲဒီမှာ ပင်စင်စား တွေရော တော်တော်များများ ထိခိုက်ခဲ့ ကြရတာကိုတော့ ကိုယ်တိုင်ကြုံခဲ့ရပါတယ်။

          မန္တလေးမြို့တွင် တရားရုံးထုတ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

          မေး ။        ။ ဦးကျော်မြင့် အမှုကိစ္စနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသေးလဲ။

          ဖြေ ။        ။ လက်ရှိကတော့ ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းတွေလုပ်နေတယ်။ အရင်ကတော့ အကျဉ်းထောင်အရာရှိ အနေနဲ့ လုပ်ခဲ့တဲ့အခါကျတော့ အများမမြင်တဲ့ စိုးရိမ်ပူပန်မှုလေးတခုတော့ရှိတယ်။ အကယ်၍ ဦးကျော်မြင့်က သာမန်ပုဂ္ဂိုလ် တယောက်၊ တဦးတည်းရဲ့ ဆောင်ရွက်ချက်ကြောင့် ဒီဖြစ်စဉ်တွေ ဖြစ်လာခဲ့တယ်ဆိုရင် စိုးရိမ်စရာ မရှိဘူး။

          သို့သော် သူသည် နိုင်ငံရေးရည်ရွယ်ချက် တရပ်ရပ်အရ၊ နိုင်ငံခြားတိုင်းပြည်တခုရဲ့ သူလျှိုအနေနဲ့ မြန်မာနိုင်ငံရဲ့ အ ချုပ်အခြာ အာဏာကို တနည်းနည်းနဲ့ ထိပါးဖို့၊ နှောက်ယှက်ဖို့၊ ဒီပါတီကြီးတည်ထောင်ပြီးတော့ ဆောင်ရွက်ခဲ့တယ်များ ဆိုခဲ့ရင် ခုချိန်မှာ သူက နောက်ထပ်ထောင်ပြေးမှုနဲ့ကျမယ်။ အရင်ပြစ်မှုလက်ကျန်တွေလည်း ကျခံရမယ်ဆိုတဲ့အတွက် သူ့ကို ဆက်လက်သုံးစွဲနိုင်မယ့်လမ်းက မရှိတော့ဘူး။ ဒါဆိုရင် သွားမယ့်လမ်းက လုပ်ကြံခံရနိုင်တဲ့ လမ်းပဲရှိတော့တယ်။

          ကျနော်တို့ မြန်မာနိုင်ငံမှာ အနီးကပ်ထိန်းသိမ်းခဲ့ရတဲ့ နိုင်ငံခြားက အဲဒီလိုပုဂ္ဂိုလ်တွေရှိခဲ့တယ်။ ဥပမာအားဖြင့် ချန်ဒူးဝမ်ကို လုပ်ကြံခဲ့တဲ့ ကိုရီးယားတွေပေါ့။ ဘိန်းနဲ့ပတ်သက်လို့ အင်မတန်နာမည်ကြီးခဲ့တဲ့ သူတွေရှိတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေက ထောင်ထဲရောက်ရင် သူတို့လုပ်ကြံခံရမှာ အကြောက်ဆုံးပဲ။ အစားအစာ ဆိုလည်း သူတို့ကို တာဝန်မှူးတွေကိုယ်တိုင် စစ်ဆေးပြီးမှ ကျွေးရတယ်။ သူတို့ကိုယ်တိုင်ကလည်း တောင်းဆိုတယ်။ သူတို့အိမ်တွေကလည်း ဘာပို့ပို့ သူတို့ လက်မခံဘူး။

          ဒါကြောင့် ပထမရုံးထုတ်တုန်းကဆို ကျနော့်ရဲ့ ထောင်အတွေ့အကြုံအရ တော်တော်လေးစိုးရိမ်ပါတယ်။ ဒုတိယ အကြိမ် မှာတော့ အင်တာနက် ဗီဒီယိုဖုန်းခေါ်ပြီး ပုံမှန်နဲ့ပဲ ပြောင်းလဲလိုက်တာ တော်တော်လေး ဝမ်းသာတယ်။ ဆိုလိုတာက သူနဲ့ပတ်သက်သမျှ ဖြစ်စဉ်တွေအကုန်လုံးကို အမှန်အတိုင်း မဖော်ထုတ်နိုင်ခင်အထိပေါ့၊ ဖော်ထုတ် နိုင်ခဲ့လို သာမန် ဖြစ်ရိုးဖြစ်စဉ်ဆိုရင်တော့ ကိစ္စမရှိဘူး၊ အခြား ပရောဂတွေပါနေတယ်ဆိုရင်တော့ သူ့အတွက် လုံခြုံရေးပိုင်းဆိုင်ရာကို တော်တော်လေး ဂရုတစိုက်လုပ်ဖို့ လိုလိမ့်မယ်လို့မြင်ပါတယ်။

          You may also like these stories:

          နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား

          နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲဘက်ပြေးမှုနဲ့ ဖမ်းဆီး

          နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဆက်စပ်မှုများ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော

          Your Thoughts …
          Tags: ထောင်ပြေးနှင်းဆီပါတီဦးကျော်မြင့်
          ထွန်းထွန်း

          ထွန်းထွန်း

          ဧရာဝတီ

          Similar Picks:

          စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီအချို့၏ ခေါင်းဆောင်များ (အထက် - ဝဲမှယာ) ဦးခင်ရီ (USDP)၊ ဦးကိုကိုကြီဂ (PP)၊ မိုက်ကယ်ကျော်မြင့် (PCSP)၊ ဒေါ်သက်သက်ခိုင် (PPP), စိုင်းအိုက်ပေါင်း (SEDP), ဒေါ်သန်းသန်းနု (FDP)၊ (အောက် - ဝဲမှယာ) ဦးသိန်းညွန့် (NNDP), အင်ရှန်းဆန်အောင် (KSPP)၊ ဦးစိုးမောင် (DNP)၊ ဦးခင်မောင်ရွှေ (NDF)၊ ဦးကျော်ဇေယျ (UPUP)၊ ခွန်စန်းလွင် (PNO)

          စစ်ကောင်စီ ရွေးကောက်ပွဲတွင် ၆၃ ပါတီ ယှဉ်ပြိုင်မည်

          by ဧရာဝတီ
          10 April 2023
          6.5k

          စစ်ကောင်စီထိန်းချုပ် UEC တွင် မှတ်ပုံတင်သည့်ပါတီ ၆၃ ပါတီအနက် အနည်းဆုံး ၃၀ သည် တိုင်းရင်းသားပါတီများ ဖြစ်သည်။

          UDP ပါတီ၊ ဗဟိုတွဲဘက် အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထက်ဦး / ထွန်းထွန်း / ဧရာဝတီ

          ၅ နှစ်အတွင်း မြန်မာနိုင်ငံကို စင်္ကာပူနိုင်ငံထက် သာအောင် ဆောင်ရွက်ပေးမယ်

          by ထွန်းထွန်း
          24 September 2020
          57.9k

          ပါတီစည်းရုံးရေးတွေကို ငွေကြေးပုံအော သုံးစွဲကာ ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်လို့လည်း ဝေဖန် ထောက်ပြ မှုတွေ ရှိနေတဲ့အတွက် ပါတီက ဆောင်ရွက်နေတဲ့ အခြေအနေတွေကို UDP ပါတီ၊ ဗဟိုတွဲဖက် အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထက်ဦးနဲ့ ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။

          ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ကြံ့ခိုင်ရေးပါတီ မဲဆွယ်လှုပ်ရှားမှု / ဧရာဝတီ

          စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်ပါတီတွေ မှတ်ပုံတင်ကြပြီလဲ

          by ဧရာဝတီ
          17 February 2023
          4.5k

          အာဏာသိမ်း စစ်ကောင်စီက ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ပြဋ္ဌာန်းအပြီး နှစ်ပတ်အတွင်း ပါတီမှတ်ပုံတင် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၄ ပါတီ ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

          ဒီမိုကရေစီပါတီသစ်(ကချင်- NDP-K) ၏ နာယက ဦးဇခုန်တိန့်ယိန်း / မျိုးမင်းစိုး / ဧရာဝတီ

          UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်ခြင်း မရှိဟု ဦးဇခုန်တိန့်ယိန်း ဆို

          by နန်းလွင်နှင်းပွင့်
          1 October 2020
          96.6k

          ဦးဇခုန်တိန့်ယိန်းက ၎င်းနာယကအဖြစ် ဦးဆောင်နေသည့် ဒီမိုကရေစီပါတီသစ် (ကချင်) က ပါတီအချင်းချင်း ညီညွတ်မှုကို လိုအပ်သော်လည်း ဦးကျော်မြင့်၏ နှင်းဆီပါတီနှင့် ကင်းကင်းရှင်းရှင်းသာ ရှိလိုပါသည်ဟုလည်း စာထဲတွင် ထည့်သွင်း ရေးသားထားခြင်း ဖြစ်သည်။

          အောက်တိုဘာလ၂ ရက်တွင် ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူအား ချမ်းအေးသာစံမြို့နယ် တရားရုံး၌ ရုံးထုတ် ခဲ့စဉ် / ဇော်ဇော် / ဧရာဝတီ

          နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား

          by ထွန်းထွန်း
          10 October 2020
          68.3k

          နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ထံမှ နံပတ်နှင့်အမည် မှားယွင်းနေသည့် မှတ်ပုံတင်နှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံရှိနေသည်ကို ကနဦးတွေ့ရှိထား

          ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ်  / ဧရာဝတီ

          ငွေကြေးခဝါချမှုများ ထပ်မဖြစ်ရန် ဘဏ်များကို ပို၍ တင်းကြပ်သွားမည်ဟု ဗဟိုဘဏ်ပြော

          by အောင်သီဟ
          23 October 2020
          10.8k

          ပြည်တွင်းပုဂ္ဂလိကဘဏ် ၅ ခုခန့် တွင် ဦးကျော်မြင့် အမည်ဖြင့် ငွေစာရင်း ၇ ခု၊ ၎င်း၏ လုပ်ငန်းများနှင့် ပတ်သက်သည့် ငွေစာရင်း၂၅ ခု နှင့် ၎င်း၏ ကုမ္ပဏီ ဝန်ထမ်းများနှင့် ဆက်စပ် လုပ်ငန်းလုပ်ကိုင်သူ...

          Next Post
          ကိုဗစ် ၁၉ ကပ်ရောဂါ ပထမလှိုင်းအတွင်း ရန်ကုန်မြို့လည်ကို ဧပြီလက မြင်တွေ့ရစဉ် / ဧရာဝတီ

          ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး မည်မျှထိခိုက်သည်ကို ကမ္ဘာ့ဘဏ် အစီရင်ခံ

          တာဂွကျေးရွာဖြစ်စဉ်တွင် ဒဏ်ရာရခဲ့သည့် ကျေးရွာသားများ  / ကျော်ဇေယျာဦး / ဟင်္သာတ

          ဟင်္သာတမြို့ NLD ဝန်းရံသူများ တိုက်ခိုက်ခံရမှု ၂၆ ဦးကို အမှုဖွင့်ထား

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          3 days ago
          12.1k
          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          13 hours ago
          9.3k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved