“ထောက်ပံ့ကြေးကြောင့် ကျနော်တို့ နိုင်တာ မဟုတ်ဘူး”

ထက်နိုင်ဇော်
ဒေါက်တာ ဇော်မြင့်မောင်ကို နေပြည်တော်၏ NLD ယာယီ ရုံးချုပ်တွင် တွေ့ ရစဉ် / သီဟလွင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)ပါတီက သောင်ပြိုကမ်းပြို ထပ်ပြီး အနိုင်ရခဲ့ပါတယ်။ အ စိုးရ အဖွဲ့ တခုကို လွတ်လွတ်ကျွတ်ကျွတ် ထပ်ပြီး ဖွဲ့ နိုင်မယ့် အခြေအနေမှာ ဘယ်လို အစိုးရမျိုး ဖွဲ့ စည်းမလဲ ဆိုတာကို အများပြည်သူက စိတ်ဝင်တစား စောင့်ကြည့်နေကြပါပြီ။

အခုလို ရွေးကောက်ပွဲ အနိုင်ရပြီး ၁၀ ရက်လောက်အကြာမှာ NLD ပါတီရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ်၊ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်က သတင်းမီဒီယာတွေနဲ့အွန်လိုင်းကနေ တွေ့ ဆုံတဲ့အခါမှာ ဧရာဝတီရဲ့ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော် မေးမြန်းခွင့် ရရှိခဲ့တဲ့ မေးခွန်းတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ဆရာဇော်တို့ အစိုးရအဖွဲ့က တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးချယ်တဲ့အခါ ၂၀၁၅ တုန်းကဆိုရင် ပြည် နယ်ဝန်ကြီးချုပ်တွေကို NLD ပါတီဝင်တွေကို ခန့်တာပေါ့နော်။ ဦးညီပုတို့ ဒေါက်တာခက်အောင်တို့ ဒေါ်နန်းခင်ထွေးမြင့် တို့ပေါ့နော်။ အဲဒါက NLD ပါတီဝင်တွေပါ။ အခုက ၂၀၂၀ မှာ စဉ်းစားတဲ့ အခါမှာကျတော့ ပြည်နယ်တွေမှာလည်း ကချင်ပြည်နယ်မှာဆိုရင် ဒေါက်တာတူးဂျာ နိုင်တယ်ပေါ့လေ။

ရှမ်းမှာလည်း သူ့ဟာသူ လူတော်လူကောင်းတွေ ရှိပါတယ်။ ကျနော်ပြောတာ တိုင်းရင်းသားပါတီတွေက တိုင်းရင်းသား ခေါင်းဆောင်တွေကို ဆိုလိုတာပါ။ ပြည်နယ် ဝန်ကြီးချုပ်တွေကို အဲဒီလိုမျိုး တိုင်းရင်းသားပါတီတွေကနေ တိုင်းရင်းသား ခေါင်းဆောင်တွေကို ရွေးချယ်မှုမျိုး ဖြစ်လာနိုင်လားဆိုတာကို မေးချင်ပါတယ်။

ဖြေ ။ ။ ဟုတ်ပြီ။ အဲဒီ မေးခွန်း . . . ခင်ဗျား မေးခွန်းက ကောင်းတယ်ပေါ့ဗျာ။ ဒါက ပုဒ်မ ၂၆၁ ကို လွှတ်တော်ထဲမှာ ပြင်ဖို့ အဆိုတင်သွင်းတာ ဘယ်သူလဲတွေဆိုတာ ခင်ဗျားတို့လည်း သိပြီးသားပဲ။ ဘယ်သူတွေက ဦးဆောင်တယ် ဆိုတာ လည်း သိပြီးသားပဲ။ ဒီနေ့ ကျနော်တို့ အဲဒီ ပုဒ်မ ၂၆၁ အရ တိုင်းရင်းသားပါတီတွေကရော ဥပမာ ရှမ်းမှာ တင်လိုက် တော့ရော ၂၅ ရာခိုင်းနှုန်း ရှိနေတော့ တိုင်းရင်းသားပါတီက ဝန်ကြီးချုပ်ဖြစ်မယ်လို့ ဆရာဘယ်လိုထင်လဲ။

ယုံကြည်သလား။ တော်တော်ခက်တယ်နော်ဆရာ၊ ဟုတ်ပြီလား။ ဥပမာဆိုရင် ရခိုင် ဟုတ်ပြီနော်။ ဆိုပါစို့ အဲဒီတော့ ကျ နော်တို့က တိုင်းရင်းသားပါတီတွေအတွက် ပုဒ်မ ၂၆၁ ပြင်ပြီး ပေးလိုက်တယ်ဆိုရင် ၂၅ ရာခိုင်နှုန်း ရှိနေရင်တော့ အဲဒီ ဟာက ဘယ်သူပဲဖြစ်သွားမယ်ထင်လဲ။ အဲဒီကြားမှာ ကျနော်တို့ အခက်အခဲတွေ ကြုံနိုင်တယ်။ ကျနော်တို့က ၂၆၁ ကို အခြေခံ ဥပဒေအရ လောလောဆယ်မှာ ဒီအခြေအနေဟာ ပေးလို့ မရသေးဘူးဆိုတာ ပြည်ထောင်စုလွှတ်တော်မှာ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကန့်ကွက်ခဲ့တာ။

ဒါကို တသက်လုံးဆုပ်ကိုင်ထားရမယ်ဆိုတာ မဟုတ်ဘူးနော်။ တချိန်မှာ ခင်ဗျားတို့ ကိုယ့်နယ်မြေ ကိုယ်ပိုင် အုပ်ချုပ်ရေး တင်မကပါဘူး။ ဒီပုဒ်မ ၂၆၁ က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသွားဖို့ ရင့်သန်လာပြီဆိုရင် ကိုယ့်အရေး ကိုယ်ဒေသ ကို ကိုယ့်လူမျိုးတွေအတွက် စီမံအုပ်ချုပ်တယ်ဆိုတာ ကျနော်တို့က ဘာမှငြင်းစရာ အကြောင်းမရှိဘူး။

ဒါပေမယ့် တခုတော့ ကျနော်တို့သိတော့ ထားရမယ်။ ဒီနေ့တိုင်းနဲ့ ပြည်နယ်မှာ နေရာဒေသမှာ လူမျိုးပေါင်းစုံ တိုင်းရင်းသား ပေါင်းစုံ နေထိုင်နေတဲ့ တိုင်းနဲ့ပြည်နယ်တွေအကုန် ဖြစ်ကုန်ပြီ။ တခုတည်း သီးသန့်နေရာဆိုတာတွေ မရှိပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တို့က အဲဒါကို အကောင်းဆုံး ဖြေရှင်းနိုင်တဲ့ နည်းလမ်းကတော့ ကျနော်တို့ ဆွေးတော့ ဆွေးနွေးရလိမ့် မယ်။ အရင်တုန်းကလို ပေတေပြီး ဒီတိုင်းပဲဖြစ်ရမယ်ဆိုတာတော့ လုပ်လို့မရဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ ဒါက တောင်းဆိုမှုတွေ များလာတာပေါ့။ ကျနော်တို့အထဲမှာတော့ တိတိကျကျ ဆုံးဖြတ်ချက်တော့ မရှိသေးဘူး။ ဒါပေမယ့် ဒီဟာက ခင်ဗျားပြောသလိုပဲ ကျနော်တို့အထဲမှာလည်း Hot Issues ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့ CEC မှာလည်း။

မေး ။ ။ နောက်တခုက နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြတာလည်း ရှိတယ်။ NLD ခေါင်းဆောင်တွေက စဉ်းစား တဲ့ အခါမှာ ဗမာဆန်တယ်။ ဗမာလူမျိုးကြီးပေါ့။ တိုင်းရင်းသား အမြင်အားနည်းတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိတော့ ဒီထက် ပိုပြီးတော့ NLD ကို တိုင်းရင်းသားတွေ ပိုယုံကြည်လာအောင် အခုထပ်ပြီးတော့ ပြသနိုင်မယ့် အလုပ်မျိုးတွေ ရှိလား။ ဘယ်လို အလုပ်မျိုးတွေများ ဆက်ပေါ်ပေါက်လာမလဲ။

ဖြေ ။ ။ ကျနော်တို့က အခုထက်ထိလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာကို ကျနော်တို့ ကိုင်စွဲထားတုန်းပဲ ရှိပါတယ်။ အဲဒီတော့ ဗမာဆန်ဆန် ဗမာလိုပဲ တွေးတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ CEC မှာလည်း တိုင်းရင်း သားတွေလည်း အကုန်လုံး ပါနေတာပါဗျနော်။ အသစ်ဆိုလို့ရှိရင် တိုင်းရင်းသားရေးရာ ကော်မတီတောင် ဖွဲ့ပြီးတော့ အသစ်ဖွဲ့ထားတဲ့ဟာထဲမှာ ပါတဲ့ဟာတွေဆိုလို့ရှိရင်လည်း တိုင်းရင်းသား အချိုးညီညီကို ကျနော်တို့ ဖွဲ့လိုက်တာပါ။

သူတို့လည်း ပြောပိုင်ခွင့် ရှိပါတယ်။ အဲဒီတော့ ဒီကိစ္စဟာ ကျနော်တို့ ခုနက ပြောလိုက်တဲ့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု လည်း ကျနော်တို့လိုပါတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုတာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုလည်း လိုပါတယ်။ ကျနော်တို့ ဗမာဆန်တဲ့ အတွေးမျိုး တခါမှ မတွေးဘူးဖူးဗျ။ ဘာတွေးသလဲဆိုတော့ စလာကတည်းကိုက ကျနော်တို့က ချောချော မွေ့မွေ့ လည်ပတ်ဖို့ဆိုရင်တော့ တိုင်းရင်းသားတွေပါပါတဲ့ ဆွေးနွေးပွဲမျိုး လုပ်ကိုလုပ်ရမယ်ဆိုတာကို ကျနော်တို့ ပြောပြီး သားပါ။

ကျနော်တို့က တွေ့ဆုံဆွေးနွေးရေးအရ နိုင်ငံရေးအရ အဖြေရှာရမှဆိုတဲ့ဟာ ခင်ဗျားတို့ သတိထားမိသလားတော့ မသိဘူး ပေါ့နော်။ အဖမ်းခံရတဲ့ ကိုယ်စားလှယ် ၃ ယောက်ကို တောင်းတာ၊ ဘယ်သူတွေများ ပြန်တောင်းသလဲ မသိဘူး။ လွှတ် ပေးဖို့ ခင်ဗျား သတိထားမိလားဆရာ။ ကျနော်တို့ NLD က ဒါတော့ ကာယကံရှင်ဆိုတော့ တောင်းတာပေါ့ဗျာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြောတယ်ဆိုတာ ကျနော် ခံစားချက်ကြောင့် ထုတ်ပြောတာ မဟုတ်ပါဘူး။

ဒီဟာက ဖမ်းခံထားရတဲ့သူလည်း တိုင်းရင်းသားတွေဗျာ။ လွှတ်ပေးဖို့ တောင်းဆိုသင့်တာပေါ့ဗျာ။ ကျနော့်အမြင်ပြောတာပါ။ ဆရာ သတိထားမိလား။ ဘယ်ပါတီတွေ တောင်းတုန်းဆရာ။ ကျနော်တို့မှာ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ခင်ဗျား မေးတဲ့ မေးခွန်းကောင်းပါတယ်။ ကျနော်တို့ရဲ့ ဦးတည်ချက်က ဒီအရေးကို ၂၀၂၀ မှာ တိုင်းရင်းသား အရေး ထိပ်ရောက်လာ မယ်ဆိုတာ ကျနော်တို့ခန့်မှန်းထားတာ ရှိတယ်။ ဒါကြောင့်မိုလို့ တိုင်းရင်းသားရေးရာကော်မတီကို ၂၀၂၀ နှစ်ဆန်းပိုင်း လောက်မှာ ကျနော်တို့ ဖွဲ့နိုင်တယ်။ ဒီဟာကိုလည်းကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ဆိုတာ ဒီ ၂၀၂၀ အတွက် ရည်မှန်းပြီးတော့ ဖွဲ့လိုက်တာ။ အဲဒီအဖွဲ့ကပိုပြီး Functionary ဖြစ်လာလိမ့်မယ်။

မေး ။ ။ ဆရာဇော်ရဲ့ အကြောင်းလည်း မေးချင်ပါတယ်။ ဆရာဇော်က မန္တလေးမှာပဲ နေမှာလား။ နေပြည်တော်ကို ရောက်လာနိုင်လားပေါ့လေ။ ပုဂ္ဂိလ်ရေးဆိုင်ရာ မေးခွန်းက ၅၉(စ)က ငြိနေလား။ လွတ်လားဆိုတာလည်း သိချင်ပါတယ်။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနေ်ာ ၅၉ (စ)နဲ့ ငြိပါတယ်။ ဘယ်မှာနေမလဲဆိုတာမျိုးတော့ ကျနေ်ာ မ တောင်းဆိုခဲ့ဘူးပါဖူး။ မန္တလေးမှာ နေမယ်ဆိုပြီးတော့လည်း ၂၀၁၅ တုန်းက မတောင်းခဲ့ဘူး။ ပါတီက ခိုင်းတာ ဒီမှာနေလို့။ အခုလည်း ကျန်းမာရေး ဒီမှာနေပါဆိုပြီးတော့။ ကျနော်ကတော့ ပေးပြီးသား။ အပ်ပြီးသားပေါ့။ ဘာနေရာပဲ ခိုင်းခိုင်း ကျနော် လုပ်မှာပါ။ ကျနော်ကိုယ်တိုင်ကို ဘယ်နေရာမှာ နေရမလဲဆိုတာ ကျနော်ကိုယ်တိုင် မသိပါဘူး။

မေး ။ ။ မြန်မာပြည် နိုင်ငံရေးအကြောင်း ပြောရင် မပါမဖြစ် ပါလာတာက တပ်မတော်ပေါ့လေ။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို စိတ်ဝင်စားတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အမျိုးသား ရင်ကြားစေ့ရေးကို ကြွေး ကြော်ပြီးတော့ တပ်မတော်နဲ့ ပတ်သက်ရင် တော်တော်လေး သတိထား ဆက်ဆံတာ တွေ့ပါတယ်။

ဒါပေမယ့် NLD အစိုးရရဲ့ ပြီးခဲ့တဲ့ ၅ နှစ် သက်တမ်းမှာ တပ်မတော်နဲ့ ဆက်ဆံရေးက အကောင်းကြီး မဟုတ်ပါဘူး။ ရွေး ကောက်ပွဲနီးတော့ တပ်ချုပ်က ပေါ်ပြူလာနယူးနဲ့ ပြောဆိုတာ။ ရွေးကောက်ပွဲအနီးကာလမှာ တပ်မတော်ရဲ့ ထုတ်ပြန် ချက်တွေကိုတွေကို ကြည့်ရတဲ့အခါမှာ ပြည်သူတွေကလည်း စိတ်ပူတာပေါ့။ တပ်မတော် ပြန်လာတော့မှာလား ဆိုပြီး။အဲဒါကြောင့်မို့လည်း ပြည်သူတွေက အခုရွေးကောက်ပွဲမှာ NLD ကို စုပြုံပြီး မဲထည့်တာဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

အဲဒါကြောင့် တပ်မတော်နဲ့ ပိုပြီးတော့ အဆင်ပြေလာအောင် တပ်မတော်ကို ပိုပြီးတော့ နားလည်မှု ရှိရှိနဲ့ပဲ ဖြစ်ဖြစ် ပိုပြီး တော့ စည်းရုံးနိုင်အောင် ဘယ်လိုမျိုး စဉ်းစားထားလဲ။ တပ်မတော်နဲ့ ပိုပြီးတော့ အလုပ်လုပ်နိုင်မယ်လို့ရော ထင်လား။

ဖြေ ။ ။ ကျနော်တို့ရဲ့ မူဝါဒ၊ အတွေးအခေါ်ပေါ့နော်။ NLD ရဲ့ စောစောပိုင်းကတည်းက ပြောထားတာ ရှိပါတယ်။ တူတာတွေကို တွဲလုပ်မယ်။ ပြည်သူတွေကို အကျိုးပြုမယ်၊ တိုင်းပြည်ကို အကျိုးပြုမယ်ဆိုရင် မည်သည့် အဖွဲ့အစည်းနဲ့မဆို တွဲ လုပ်မယ်ဆိုတာ အမြဲတန်း ကြွေးကြော်ထားခဲ့တာပါ။ ဆိုလိုတာက တိုင်းပြည်အကျိုးရှိမယ်၊ ပြည်သူအကျိုး ရှိမယ်ဆိုရင် ဘယ်လို လုပ်ငန်းပဲဖြစ်ဖြစ်၊ တပ်မတော်နဲ့လည်း တွဲလုပ်မှာပဲ။ တခြားပါတီတွေနဲ့ တွဲလုပ်မယ်ဆိုတာ ရှိပြီးသားပါ။

ကျနော်တို့ဘက်ကတော့ ဥပဒေကြောင်းရာအရပဲ ပြောကြဆိုကြတာပဲ ရှိပါတယ်။ သတ်သတ်မှတ်မှတ်ကြီးပေါ့ဗျာ။ ဘယ် Institution ကတော့ ဘယ်လို ဖြစ်နေပါတယ်။ ဘယ်ပါတီကတော့ ဘယ်လို ဖြစ်နေပါတယ်လို့ ကျနော်တို့ ဘယ်တော့မှ မပြောပါဘူး။ ဒါပေမယ့် ဥပဒေနဲ့ညီတယ်။ မညီညွှတ်ဘူးဆိုတာတော့ ကျနော်တို့ဘက်က ဝေဖန်တာတွေ ရှိပါတယ်။ဝေဖန်ပိုင်ခွင့်လည်း ရှိပါတယ်။

ရွေးကောက်ပွဲအနီးမှာ ကပ်ဖြစ်လာတဲ့ အခါကျတော့ အားလုံး ထင်ကြတာက တပ်မတော်က ပါတီရဲ့ အစိုးရနဲ့ ဆက်ဆံ ရေးက ပိုတင်းမာလာတယ်ပေါ့။ ကျနော်တို့က ဥပဒေရှု့ ထောင့်အရပဲ ပြောတာပါ။ တခြား စွပ်စွဲချက် မပါပါဘူး။

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ ပြိုင်ကတည်းကိုက ရိုးရိုးသားသား ပြိုင်ခဲ့တာပါ။ ဥပဒေဘောင်အတွင်းက ပြိုင်ခဲ့တယ်။ ကျနေ်ာတို့ ဖြတ်သန်းခဲ့တဲ့ ရွေးကောက်ပွဲ ရွေးကောက်ပွဲတိုင်းမှာ ရိုးရိုးသားသားပဲ ပြိုင်ခဲ့တာ။ ပြိုင်ဘက်တခု အနေနဲ့ အသန့်ရှင်းဆုံး ပြိုင်ခဲ့တာပဲ။ နိုင်ခြင်း၊ မနိုင်ခြင်းဟာ ပြည်သူရဲ့ ယုံကြည်မှုအပေါ်မှာ မူတည်ပါတယ်။ ပြည်သူတွေ တခဲနက် မဲပေးလို့ အနိုင်ရတယ်ဆိုတာ ကျနော်တို့ လက်သင့်ခံထားတုန်းပဲ ရှိပါသေးတယ်။

ပြည်သူတွေကို အကျိုးပြုမယ့် လုပ်ငန်းဆိုရင် တိုင်းပြည်ကိုလည်း အကျိုးပြုမယ့် လုပ်ငန်းဆိုရင် ဘယ်အဖွဲ့နဲ့ မဆို လက် မတွဲ နိုင်စရာ မရှိပါဘူး။ အဲလိုလည်း ဆုံးဖြတ်ပြီးသားလည်း ဖြစ်ပါတယ်။

မေး ။ ။ အခု ရေပန်းစားနေတဲ့ ကိစ္စကတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဘယ်သူဖြစ်မလဲဆိုတဲ့ ကိစ္စပါ။ ဦးပြုံးချိုကိုလည်း အန်တီကိုယ်တိုင် ရန်ကုန်ကို ဆင်းပြိုင်ခိုင်းတယ်လို့ သိရတယ်။ ကိုရဲမင်းဦးကလည်း နာမည်ထွက်နေတာဆိုတော့ . . . ရန်ကုန်တိုင်းကလည်း အရေးကြီးတော့ အန်ကယ်ရယ်။ ဘယ်လို လူမျိုးကို စဉ်းစားမှာလဲ။

ဖြေ ။ ။ ကျနေ်ာလည်း စိတ်ဝင်စားတယ်ဗျ။ ကိုမျိုးရန်နောင်သိမ်းရဲ့ အင်တာဗျူး ဖတ်လိုက်ရတာ ကျနော်တောင် မျက်စိ တော်တော် လည်သွားတယ်။ ရန်ကုန်တိုင်းကတော့ တကယ် အရေးကြီးတယ်ဗျ။ Strategically ရော၊ Politically ရော အရေး ကြီးပါတယ်။ မန္တလေးထက် အများကြီး အလေးပေး စဉ်းစားရတဲ့ အထဲမှာ ရန်ကုန်တိုင်း ပါတယ်လေ။

ကိုဗစ် – 19 ကာကွယ်ရေးမှာတောင် ရန်ကုန်တိုင်းကို Base ထားပြီး စဉ်းစားရတာ။ လူဦးရေ ၆ သန်းလောက် ရှိတဲ့မြို့ ပေါ့။ စီးပွားရေးအရလည်း အဓိက ဖြစ်တဲ့ မြို့ကြီး။ နိုင်ငံရေးအရလည်း နိုင်ငံတကာက သိတဲ့ မြို့ ကြီးဗျ။ ဒီမြို့ ကြီးမှာ ကိုယ်တွယ် အုပ်ချုပ်တဲ့သူက ခုနက ပြောသလို တကယ့်ကို စွမ်းဆောင်ရည် မြင့်ရမယ်။ စွမ်းဆောင်ရည်တင် မကဘူး။ နိုင်ငံရေးအရလည်း ပြတ်သားတဲ့သူ ဖြစ်ရမယ်။ ဒါ့အပြင် လူထုကလည်း ကြည်ညိုတဲ့သူ ဖြစ်ရမယ်။

ကျနော်တို့က ဒီစဉ်းစားချက်တွေ အပေါ်မှာ မူတည်ပြီးတော့ ကျနေ်ာတို့ဘက်က ခြေလှမ်းလေးတွေ ရှိခဲ့တာ ရှိတာပေါ့နော်။ ဘယ်သူ့ကို ဘယ်နေရာပေးချင်လို့ ပြည်ထောင်စုကနေ တိုင်းဒေသကြီးကို ဆင်းခိုင်းတယ်။ တိုင်းဒေသကြီးကနေ ပြည် ထောင်စုကို တက်ပြိုင်ခိုင်းတယ် ဆိုတာတွေက အဲဒီလိုမျိုး စဉ်းစားချက်ထဲမှာ မပါဘူး။ Balance ဖြစ်ဖို့ လုပ်တာ။

အစိုးရအဖွဲ့ တင်မဟုတ်ဘူး။ လွှတ်တော်အတွက်လည်း စဉ်းစားရတယ်။ ဒါက ရိုးရိုးသားသား ပြောတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကယားပြည်နယ် ဖြစ်သွားတဲ့ အဖြစ်အပျက်ဟာ လွှတ်တော်ကို မထိန်းကျောင်းနိုင်လို့ ဖြစ်သွားရတဲ့ဟာပေါ့နော်။ကျနော်တို့က ပေးထားလိုက်တဲ့ ဥပဒေပါ အခွင့်အရေးတွေကို ပြန်လုပ်တဲ့အခါမှာ ကိုယ်လုပ်သင့်တာထက်၊ လုပ်ထိုက်တာ ထက် ပိုပြီး လုပ်မိတဲ့အခါ ခုနကပြောသလို ပွတ်တိုက်မှုက ကြီးကြီးမားမား ဖြစ်ပြီးတော့ ပါတီရဲ့ ပုံရိပ်လည်း ထိခိုက်တာပေါ့။ အဲဒါမျိုးတွေ မဖြစ်အောင်လည်း ဒီ ၂၀၂၀ မှာတော့ စဉ်းစားရမယ်။

Check and Balance ကတော့ ရှိကို ရှိရမယ်။ Check and Balance မရှိဘူးဆိုရင် ကျနော်တို့ ဒါက အဓိပ္ပါယ် မရှိဘူး။ ဒါ ပေမယ့် ကျနော်တို့ အခုက လွှတ်တော်လည်း NLD ၊ အစိုးရလည်း NLD။ ဘာကြောင့် အချင်းချင်း ပွတ်တိုက်မှု ဖြစ်သလဲ။ တခြားပါတီတွေနဲ့တောင် တွေ့ ဆုံဆွေးနွေးဖို့ ပြောနေတာ ကျနော်တို့ အချင်းချင်း ဘာကြောင့် စကားမပြောနိုင်ရမှာလဲ။အစိုးရချည်းပဲ အားကောင်းမောင်းသန် ဖြစ်ပြီးတော့ လွှတ်တော် အားကောင်းမောင်းသန် မဖြစ်ရင်လည်း အားလုံးက ဝိုင်း ဝေဖန်ကြမှာ။ ၂ ဖက်စလုံးက Check and Balance ဖြစ်ရမယ်။

ရန်ကုန်ကတော့ အရေးကြီးတယ်။ အဲဒီတော့ ရန်ကုန်မှာ ဘယ်သူတွေ တော်တယ်။ မတော်ဘူး။ စွမ်းဆောင်ရည် ရှိတယ်၊ မရှိဘူးဆိုတာ လူတွေလည်း ပြောနေကြတာပဲ။ ပြည်သူ့ အသံက နားထောင်ရတယ်ဗျ။ အခုဆိုရင် ပြည်သူ့အသံလည်း တော်တော်များများ ထွက်လာပြီ။ လော်ဘီလုပ်တာတော့ မဖြစ်စေနဲ့။ တကယ့်ကို စစ်မှန်တဲ့ အကြံပြုချက်တွေကတော့ ပြောဖို့ ကောင်းတယ်ပေါ့နော်။ အဲဒီတော့ ရန်ကုန်က အရေးကြီးပါတယ်။

ဒီအချိန်မှာ ကျနော်က ဘယ်သူလဲဆိုတာ ပြောလို့ မရဘူးလေဗျာ။ ကျနော်က ဘယ်သူ့ထင်တယ်။ ဘယ်ဝါ ထင်တယ် ဆို တာ ကျနော်တို့ ပြောလို့ မရဘူး။ ဒါပေမယ့် ကျနော်တို့ တော်တော်များများကတော့ ပြိုင်မယ့်သူတွေရဲ့ ရာဇဝင်ရော၊ သမိုင်း ရော တော်တော်များများ သိပါတယ်။ ကျနော်တို့ထဲမှာ CEC ထဲမှာ ပါနေတဲ့သူတော်တော်များများက လူဟောင်းတွေ များ ပါတယ်။ တယောက်မဟုတ် တယောက်ကတော့ အကြောင်း ကောင်းကောင်း သိနေကြတာပါ။

ကိုယ်စားလှယ်လောင်း ရွေးတုန်းကတောင်မှ တော်တော်ခက်ခဲပါတယ်။ တယောက်ယောက်က Proposal တင်ပေမယ့် တခြားတယောက်က ရွေးလို့ကို မဖြစ်ဘူးဆိုတဲ့ ကန့်ကွက်မှုတွေ ရှိပါတယ်။ အဲလို စီးအီးစီတွေ ရှိတယ်။ သူပါရင်တော့ ကန့်ကွက်တယ် ဆိုတာမျိုးတွေ ရှိတယ်။ အကောင်းဆုံး ရွေးခဲ့တယ်ဆိုတာကို ပြောပြချင်တာပါ။

မေး ။ ။ NLD ပါတီဝင်တော်တော်များများက နိုင်ငံရေးမှာ အားကောင်းပါတယ်။ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးပဲ ဖြစ်ဖြစ်၊ ဖက်ဒရယ် အရေးပဲ ဖြစ်ဖြစ် ပြောနိုင်ဆိုနိုင်ပေါ့နော်။ ဒါပေမယ့် စီးပွားရေးမှာတော့ အားနည်းတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိတယ်။ NLD အစိုးရလက်ထက်မှာ စီးပွားရေး လုပ်ရတာ အဆင်မပြေဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိတော့ အဲဒီအချိန် ကိုဗစ် ဖြစ်လာတဲ့အခါ ပိုအထိနာကျတယ်။ စီးပွားရေး ဦးမော့အောင် ဘယ်လို လုပ်မလဲပေါ့လေ။

ဖြေ ။ ။ စီးပွားရေး ဦးမော့အောင် ပြည်ထောင်စု အစိုးရကိုယ်တိုင်က CERP ဆိုပြီးတော့ လုပ်ထားတာ ရှိပါတယ်။ ကိုဗစ် အတွက် Economic Relief Plan ပေါ့နော်။ အဲဒါက ကျနော်တို့ ဆောင်ရွက်နေတာ၊ တကယ်လည်း လုပ်နေတာပါ။ ဥပမာ ပြောရရင် ကျနော်တို့ ထောက်ပံ့မှု ပေးတယ်ဆိုတာက နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက ပေးနေတာပါ။ ထောက်ပံ့ကြေးတွေ ပေးကြ တယ်။ ကျနော်တို့မှ ပေးတာ မဟုတ်ဘူး။

တချက်တော့ ကျနော်ပြောချင်တယ်။ ဒေါ်နယ်ထရန့် ရှုံးသာသွားတာ။ တယောက်ကို ဒေါ်လာ ၄ သောင်းစီ ပေးသွားတယ်။ ခင်ဗျား။ ကျနော်တို့ အဲလောက်တောင် ပေးနိုင်တာ မဟုတ်ပါဘူး။ Economic Relief Plan ကြောင့် ပေးတဲ့ဟာ။ အဲဒါကို မဲဆွယ်တယ်ဆိုတာတော့ ကျနော်တော့ လက်သင့်မခံဘူး။

ကျနော် ဘာလို့ သိလဲ သိလား။ ကျနော် အမေရိကန် ပြည်ထောင်စုမှာ အလုပ်လုပ်နေတဲ့ ဗမာတွေကို မေးကြည့်တာ။ မင်း ထောက်ပံ့ကြေးရလားဆိုတော့ ဒေါ်လာ ၄ သောင်းစီ ရတယ်တဲ့။ ဒါပေမယ့် ဒေါ်နယ်ထရန့် ရှုံးသွားတယ်။ ကျနော် ပြောချင် တာက ထောက်ပံ့ကြေးကြောင့် ကျနော်တို့ နိုင်တာ မဟုတ်ဘူး။

ပြည်သူရဲ့ ဆုံးဖြတ်ချက်၊ ပြည်သူရဲ့ ယုံကြည်မှု၊ ပြည်သူရဲ့ မျှော်လင့်ချက်ကြောင့် နိုင်တာ။ အဲဒီတော့ CERP အတိုင်း ကျနော်
တို့ အကောင်အထည် ဖော်ရမှာ။ ကျနော်တို့ မန္တလေးတိုင်းမှာ Cash for Work ဆိုတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ Cash for Work ဆိုတာကတော့ ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းလေးတွေမှာ အဲဒီမှာ ရှိတဲ့ လူတွေကိုပဲ အလုပ်ပေးလိုက်တာ။ သူတို့ကို ကျနော်တို့က ပိုက်ဆံ ထောက်ပံ့ကြေးပေးတယ်။

ဒါ့အပြင် တခြား CERP အစီအစဉ်တွေလည်း လာပါလိ့မ်မယ်။ Myanmar Development Plan ဆိုတာလည်း ရှိနေပါပြီ။ အဲဒါနဲ့ အကျူံးဝင်တဲ့ စီမံကိန်းတွေလည်း ကျနော်တို့ လုပ်လာမှာပါ။ ကိုဗစ်ကြောင့်မိုလို့ မြန်မာနိုင်ငံတခုတည်း ထိခိုက်တာ မှ မဟုတ်ဘဲနဲ့။ Economic Impact က နိုင်ငံတိုင်းမှာ ဖြစ်နေတာပါ။ Social Impact ရော မျိုးစုံ ရှိနေကြတာ။ ဒါပေမယ့် ကျနော်တို့ လူသားတွေဟာ ဒီရောဂါကို အန်တုကြတယ်ဗျ။ ဒီရောဂါ ရှိနေပေမယ့်လည်း ရွေးကောက်ပွဲ လုပ်တဲ့ နိုင်ငံတွေ လည်း ခင်ဗျားတို့ အသိပဲ။ ကျနော်တို့ ရေမြေအခြေအနဲ့ ကျနော်တို့လည်း ရွေးကောက်ပွဲ ဖြစ်အောင် လုပ်တယ်။

ဘာပဲ ပြောပြော ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပသွားပြီ။ ရှိတာတွေလည်း ရှိမှာပေ့ါဗျာ။ ရွေးကောက်ပွဲတိုင်းမှာ ဥပဒေတွေ ရှိပြီးသားပဲ။ ဥပဒေတွေအတိုင်းပဲ လုပ်ကြပါ။ ဆောင်ရွက်ကြပါ။ ဆူညံနေတာပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ ကိုဗစ် – 19 ကိုပဲ တိုက်ဖျက်ဖို့ ဦးတည်ချက်နဲ့ လုပ်တော့မယ်။ အဲဒီမှာ Economic Plan တွေ ပါလာမှာပါ။

မေး ။ ။ နောက်ဆုံးမေးခွန်းပါ။ ကိုဗစ်ကြောင့် ကျနော်တို့ မီဒီယာတွေလည်း ခံရတာ လူးလိမ့်နေတာပဲ။ လစာတွေ အ လျော့ခံရတယ်။ သတင်းထောက်တွေ အလုပ်ပြုတ်ကုန်ပါတယ်။ သတင်းစာတွေ ဂျာနယ်တွေလည်း ရပ်ကုန်တယ်။ NLD အစိုးရရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကလည်း ကျနော်တို့ကို ထိထိရောက်ရောက် ကူညီပေးနိုင်တာ မရှိပါဘူး။ အဲဒီ ပြန်ကြားရေး ဝန်ကြီးဌာနကရော ဆက်ရှိဦးမှာလား။ ဖျက်သိမ်းလိုက်လို့ မရဘူးလား။

ဖြေ ။ ။ ဆရာရေ။ ဒီမေးခွန်းတော့ ကျနော် မဖြေရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ကြားရေးဆိုတာ Information Technology ကြီးက သိပ်ပြီး ခေတ်မီလာတဲ့အချိန်မှာ ခင်ဗျားတို့ ပြောနေတဲ့ Right to Information ၊ Access to Information ဆိုတာတွေနဲ့ ဒီဌာနက ရှိသင့်တယ်၊ မရှိသင့်ဘူးဆိုတာကလည်း ခင်ဗျားတို့လည်း နည်းနည်းဆုံးဖြတ်ကြ ပေါ့ဗျာ။

အစိုးရတိုင်း၊ အစိုးရတိုင်းကတော့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနကို အားကောင်းမောင်းသန် ဖြစ်အောင် လုပ်တာ ပေါ့။ ဒီမှာလည်း ဝန်ကြီးတွေကို ကိုယ့်ဟာကိုယ် လုပ်ပိုင်ခွင့်ပေးထားတာပေါ့။ ဒီဌာနကြီးက ဘယ်လောက်အထိ စွမ်းဆောင် ရည်ရှိတယ်၊ မရှိဘူးဆိုတာကတော့ ကျနော်ထင်တယ်။ ပြည်သူက အဆုံးအဖြတ် ပေးပြီးသားလို့ ထင်ပါတယ်။

သေချာတာ တခုကတော့ ကျနော်တု့ိရဲ့ Propaganda ကို ဒီလို နေရာတွေကနေ မလုပ်ပါဘူး။ ပြန်ကြားရေး ရှိသင့်တယ်၊ မရှိသင့်ဘူးဆိုတာကတော့ ကျနော် မဖြေရဲဘူးနော်။

You may also like these stories:

နှစ်ဘက် သဘောထားတွေ ပျော့ပျောင်းလာတာကို ကြိုဆိုတယ်

စားနပ်ရိက္ခာဟာ ဝမ်းဝရုံ အသက်မွေးရုံ သက်သက် မဟုတ်ဘူး

အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးကို အရင်ဆုံး ညှိနှိုင်းဖို့ လိုပါတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading