• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အချိန်မရွေး စစ်ဆင်ရေးကြီးတွေ ထဖြစ်နိုင်ပါတယ်

by နန်းလွင်နှင်းပွင့်
23 November 2020
in အင်တာဗျူး
A A
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး

68.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) ကြား ၂ နှစ်ကျော် တိုက်ပွဲများ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရာမှာ နိုဝင်ဘာအတွင်း စစ်ရှိန် လျော့ကျလာပြီး တိုက်ပွဲများ မရှိသလောက် ငြိမ်သက်သွားပြီ ဟု ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာ ၁၂ ရက်တွင် AA က ထုတ်ပြန်ချက်တစောင် ထုတ်ခဲ့ပြီး ထိုထဲတွင် ပဋိပက္ခကြောင့် ရွေးကောက်ပွဲ မကျင်းပခဲ့ရ သည့် နယ်မြေများတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရန် မေတ္တာရပ်ခံ တောင်းဆိုကြောင်း ရေးသားထားပြီး တပ် မတော်ဘက်ကလည်း AA ၏ တောင်းဆိုချက်ကို လက်ခံကြိုဆိုကြောင်းနှင့် သဘောတူကြောင်း တုံ့ပြန်ခဲ့သည်။

RelatedPosts

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.5k
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
908
နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း

နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း

20 May 2025
726

ထို့နောက် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပဋိပက္ခများ သိသိသာသာ ငြိမ်သက်လာသဖြင့် ဒေသခံများက ပျော်ရွှင်နေကြပြီး စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များကလည်း အိမ်ပြန်ရန် မျှော်လင့်နေကြသည့်အပြင် အချို့ကလည်း နေရပ်ကို ပြန်နေကြ သူများ ရှိနေသည်။

သို့သော် တပ်မတော်နှင့် AA သည် အပစ်ရပ် စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိသည့်အပြင် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ကိုပင် ညှိနှိုင်းနေရဆဲ ဖြစ်ကာ တိုက်ပွဲများ ငြိမ်သက်ခြင်းများနှင့် ပတ်သက်၍လည်း နှစ်ဖက်တပ်များမှ တရား ဝင် တစုံတရာ ပြောဆိုခြင်း မရှိသေးပါ။

ရခိုင်ပြည်နယ်တွင်း စစ်ရေး အခြေအနေ ငြိမ်သက်နေမှုများက တပ်မတော်နှင့် AA ကြား တဖက်နှင့်တဖက် သဘောထား ပျော့ပြောင်းလာခြင်း ဟုတ် မဟုတ်၊ တပ်မတော်နှင့် AA ကြား စာချုပ်စာတမ်း အခိုင်အမာနှင့် အပစ်ရပ်ဆိုင်းနိုင်သည် အထိ ပြေလည်ရန် မည်သည့် အချက်များကို အဓိက ညှိနှိုင်းမည်ဟူသည့် အပေါ်တွင် ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် က ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်း ဇော်ဦးကို ဆက်သွယ် မေးမြန်းထားသည်။

MIPS သည် မြန်မာနိုင်ငံတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ပဋိပက္ခများကို စောင့်ကြည့် လေ့ လာကာ သုံးသပ်ချက်များ၊ အစီရင်ခံစာများ ပြုစုနေသည့် အင်စတီကျု တခု ဖြစ်သည်။

မေး။ ။ နိုဝင်ဘာ ၁၂ ရက်မှာ AA နဲ့ တပ်မတော်ကြား အပြန်အလှန် ကြားဖြတ်ရွေးကောက်ပွဲအတွက် ထုတ်ပြန်ပြီး နောက် ရခိုင်က စစ်ရေးအခြေအနေတွေ တည်ငြိမ်နေပြီ ကြားပါတယ်။ MIPS က လေ့လာစောင့်ကြည့်နေတဲ့ အခြေအနေအရရော ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ ထုတ်ပြန်ချက် မတိုင်ခင် ရွေးကောက်ပွဲ မလာခင် ရက်ပိုင်းလောက် အတွင်းမှာတည်းက တပ်မတော်ဘက်က သူ့ရဲ့ စစ်ဆင်ရေး ကြီးကြီးမားမားတွေကို အကုန်ရပ်လိုက်တာတော့ တွေ့ရတယ်။ ရပ်လိုက်ပြီးတော့ တချို့နေရာတွေမှာ ဆိုင် ထားတာတွေလောက်ပဲ လုပ်ပြီး သူတို့ ရပ်ပြီးနေတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကတော့ ရွေးကောက်ပွဲ မတိုင်ခင်ပါ။ ရွေးကောက်ပွဲနေ့မှာလည်း ဘာမှကြီးကြီးမားမား ဖြစ်စဉ် မရှိဘူး။ ဒါပေမယ့် ဒီထုတ်ပြန်ချက်တွေ အပြန်အလှန် ထွက်လာ ပြီးနောက်မှာတော့ တိုက်ပွဲတွေ မရှိသလောက် ရပ်သွားတာကိုလည်း ကျနော်တို့ သတိထား မိပါတယ်။ အရင် ထုတ်ပြန် ချက်တွေ မထွက်ခင် အချိန်နဲ့ စာရင်တော့ တိုက်ပွဲတွေ အများကြီး လျော့သွားတယ်လို့ ပြောလို့ ရတယ်။ ရပ်တဲ့ နီးပါး လောက် လျော့သွားတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ နှစ်နဲ့ချီပြီး တင်းမာလာတဲ့ နှစ်ဖက်ကြားမှာ တိုက်ပွဲတွေ လျော့ကျသွားအောင် ဘယ်လို သဘောတူညီမှုမျိုးတွေ များ ရတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ သိပ်အခက်ကြီး မဟုတ်ပါဘူး။ အခု တပ်မတော်ဘက်ကလည်း သူ့တပ်တွေကို ကိုယ့်ကို လာမလုပ်ရင် မလုပ်နဲ့၊ ဟိုဘက်ကလည်း ကိုယ့်ကို လာမလုပ်ရင် မလုပ်နဲ့ ဆိုပြီး အမိန့်ပေးလိုက်လို့ ရှိရင်တော့ ရပါပြီ။ ဘာပဲပြောပြော တိုက်ပွဲ ဖြစ်တာတွေကို ယာယီရပ်သွားအောင်တော့ လုပ်လို့ ရပါတယ်။ ဒီလောက် အခက်ကြီးတော့ မဟုတ်ပါဘူး။ ယာယီ အနေအထားကနေ ပိုပြီးတော့ အပစ်အခတ် ရပ်စဲရေး တကယ်ဖြစ်အောင် ဆိုရင်တော့ ဆက်ညှိရမယ့် ကိစ္စတွေက အများ ကြီးပါ။

ကျနော်တို့အမြင်မှာတော့ အခုဖြစ်နေတဲ့ အနေအထားက နောက်တကြိမ် တိုက်ပွဲတွေ ပြန်မဖြစ်အောင် အာမခံချက်တော့ မရှိသေးဘူး။ နောက်တခုက ရခိုင်မှာ ရွေးကောက်ပွဲ ရှိခြင်း မရှိခြင်းနဲ့ တိုက်ပွဲတွေ ရပ်ခြင်း၊ မရပ်ခြင်းကလည်း တိုက်ရိုက် တော့ မသက်ဆိုင်ပါဘူး။ အခု အနေအထားကတော့ ယာယီရှိနေတဲ့ အနေအထားမှာ တဖက်က စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ပေးလိုက်လို့ တိုက်ပွဲတွေ ဆက်မဖြစ်တော့တဲ့ သဘောပဲ။ ဒါပေမယ့် လက်ရှိ ရှိတဲ့ အနေအထားပေါ်မှာ လက်ခံတာ မဟုတ်ဘူး ဆိုရင် တိုက်ပွဲတွေက ပုံစံတမျိုးနဲ့ ပြန်လာနိုင်ချေ ရှိပါတယ်။

မေး။ ။ နှစ်ဖက်လုံးက တွေ့ဆုံဆွေးနွေးဖို့ ထုတ်ပြန်နေကြတာဆိုတော့ တကယ်လို့ ဆွေးနွေးရင်ရော တပ်မတော်ဘက် က တပ်နေရာချထားရေးဆိုင်ရာ ကိစ္စတွေမှာ AA အပေါ် သဘောထား ပျော့ပြောင်းမယ့် အနေအထား ရှိနိုင်ပါသလား။ ဘယ်လို မြင်ရပါသလဲ။

ဖြေ။ ။ နှစ်ဖက်လုံးနဲ့ ဆိုင်ပါလိမ့်မယ်။ တပ်မတော်ဘက်က စဉ်းစားတာ၂ ခု ရှိပါတယ်။ တခုက AA ကို ရခိုင်မှာ အခြေချ တာကို လက်ခံလား၊ လက်မခံလား ဆိုတာ တခုပါ။ လက်ခံတယ် ဆိုတာကို ဖြစ်ခဲ့ရင် ဘယ်နေရာတွေမှာနေလို့ လက်ခံနိုင် မလဲဆိုတဲ့ အပိုင်းက ၁ ခုပေါ့။ ဒီ ၂ ခုကို အဓိက ဆွေးနွေးရမှာပါ။ ဒီ ၂ ခုကို ဆွေးနွေးညှိနှိုင်းလို့ကတော့ သိပ်တော့ လွယ် မယ် မထင်ပါဘူး။ အချိန်ယူပြီး ညှိနှိုင်းရမယ့် ကိစ္စပါ။ ဒါကြောင့် လောလောဆယ်မှာ တိုက်ပွဲတွေ ရပ်တယ်ဆိုတဲ့ ကိစ္စက လည်း ယာယီလောက်ပဲ ဖြစ်နိုင်လောက်တယ် ဆိုတာကလည်း ခုနပြောတဲ့ စိန်ခေါ်မှုတွေ ရှိနေလို့ပါ။

မေး။ ။ တပ်နေရာ ချထားရေးနဲ့ ပတ်သက်ရင် ရခိုင်မှာ AA က တပ်တွေ ဒီလောက် ဝင်ထားပြီးပြီကို လက်မခံတာ ယုတ္တိ မတန်ဘူးလို့ ပြောဆိုချက်တွေ တဖက်မှာ ရှိသလို တပ်မတော်ဘက်က လုံခြုံရေးဆိုတဲ့ အပေါ်မှာ ဆုပ်ကိုင်ထားတာ ရှိ နေတယ်။ ပညာရှင်တဦး အနေနဲ့ဆိုရင် ဒီကိစ္စအပေါ် ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။ ။ ၂ ခု ရှိတယ်ဗျ။ AA နဲ့ တပ်မတော်က ဘယ်လောက်ပဲ တိုက်နေ တိုက်နေ သူတို့မှာ သူ့ရဲ့ သဘောသဘာဝ အရ မိတ်ဘက် သဘော သဘာဝ ရှိတယ်။ မိတ်ဘက် သဘောသဘာဝ ဆိုတာ တချိန်မှာ တပ်မတော်နဲ့ AA အဆင်ပြေသွား တယ်ဆိုရင် ကျနော်တို့ အံ့သြမှာ မဟုတ်ဘူး။ ကျနော်တို့ ပြန်ကြည့်ရင် တပ်မတော်က ၂၀၁၉ ဇန်နဝါရီမှ အင်နဲ့အားနဲ့ သုံး ပြီး AA ကို တိုက်ခဲ့တာ။ အဲဒီ မတိုင်ခင်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ AA ဝင်ပြီး လှုပ်ရှားနေတာတွေ တည်ဆောက် နေတာတွေ သင်တန်းတွေ ပေးနေတာတွေ၊ ရွာတွေနားမှာ စခန်းကြီးတွေ လုပ်နေတာတွေကို ဘာမှ တပ်မတော်ဘက်က လုပ်ခဲ့တာတွေ မရှိဘူး။

အဲဒါတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် တပ်မတော်ရဲ့ စဉ်းစားချက်က AA အပေါ်မှာ တစုံတရာ တချိန်ကျရင် ARSA တို့ ရန်ကို ကာကွယ်ဖို့ ဆိုတာမျိုးလည်း စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။ ဒုတိယတချက်ကတော့ တပ်မတော်ဘက်က သူ တို့အနေနဲ့ Red Line သူတို့ လက်မခံနိုင်ဘူး ဆိုတဲ့ အချက်တွေကျတော့ နယ်မြေ ထိန်းချုပ်တဲ့ ကိစ္စတွေကိုတော့ အထူးသ ဖြင့် အရေးပါတဲ့ နေရာတွေမှာ စခန်းတွေ လုပ်ပြီး နေတာမျိုးကိုတော့ တပ်မတော်ဘက်က လက်ခံမှာ မဟုတ်ဘူး။ ဒါတွေ ကတော့ တပ်မတော်ဘက်က စစ်ရေးအရ ဆက် ဆောင်ရွက်တာတွေ ရှိနိုင်တယ်။ ဒီ၂ ခုကို ညှိရမှာပါ။ ဒီ၂ ခုကို ညှိလို့ တစုံ တရာ ပြေလည်တယ် ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။

မေး။ ။ ဆွေးနွေးပွဲမှာ တပ်နေရာ ချထားရေး ဆွေးနွေးတဲ့အခါ ရခိုင်ပြည်နယ် အတွင်းမှာ AA က ဝင်ရောက် လှုပ်ရှားနေတဲ့ နေရာယူထားတဲ့ နယ်မြေတွေ အကုန်လုံးနဲ့ ပတ်သက်လို့ အသိအမှတ်ပြုဖို့ ထည့်ဆွေးနွေးရမယ့် သဘောမျိုးပါလား။ ဒီအပိုင်း ဆွေးနွေးမှုက ဘယ်လို ဖြစ်နိုင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ တခြားနေရာ အတွေ့အကြုံအရတော့ တပ်မတော်က လက်ခံဖို့ နည်းပါတယ်။ တချို့နေရာတွေ အငြင်း ပွားတဲ့ နေရာတွေရှိရင် တပ်မတော်က စစ်ရေးအရ ဆောင်ရွက်မယ့် သဘော ရှိပါတယ်။ နောက်တခုက ရခိုင်ပြည်နယ်ရဲ့ မြေ အနေအထားက ခံစစ်တိုက်လို့ ရတဲ့ နေရာမျိုး မဟုတ်ပါဘူး။ အခုလည်း AA ရှိနေတဲ့ နေရာတော်တော်များများက တောထဲ မှာ ရှိတဲ့နေရာတွေ ရှိသလို ရွာတွေနားမှာ ကပ်ပြီးနေတဲ့ ခြေကုပ်ယူထားတဲ့ နေရာတွေလည်း ရှိပါတယ်။ အဲဒီနေရာတွေက တကယ်တမ်း ခံစစ်တိုက်ဖို့ ဆိုတာ မလွယ်ပါဘူး။

တောတောင် ရေမြေအနေအထားရော မြေအနေအထားရောက မြေပြန့်ကြီးတွေ များတယ်။ ကွင်းပြောင်ကြီးတွေ များ တယ်။ တောင်ဆိုတာလည်း တောင်အမြင့်ကြီး မဟုတ်ဘူး။ တောင်ကတုံးလေးတွေ ဆိုတော့ ခံစစ်က ဘယ်လိုမှ တိုက်လို့ မလွယ်ဘူး။ တကယ်လို့ တပ်မတော်ဘက်က အလုံးအရင်းနဲ့ တိုက်တယ်ဆိုရင်တော့ ဒီစခန်းတွေက ထိန်းထားလို့ မလွယ် တဲ့ နေရာတွေပါ။ တပ်မတော်အနေနဲ့ ဘယ်လောက်ထိ တပ်နေရာချထားရေးမှာ AA ကို လက်ခံလဲ၊ လက်မခံသလဲ ဆိုတာ ကတော့ ပြောလို့ ရတာကတော့ လူနေထူထပ်တဲ့ နေရာတွေမှာတော့ ကားလမ်းဘေးလို ဟာမျိုးတွေမှာတော့ လက်ခံဖို့ မလွယ်ဘူး။

အဲဒီလိုနေရာတွေမှာက တိုက်ပွဲတွေက ဆက်ဖြစ်နိုင်တယ်။ ဒါပေမယ့် ခုနက၂ ချက်မှာ ၁ ချက်က ရခိုင်ပြည်နယ်မှာ အခြေ ချတာ လက်ခံလား၊ လက်ခံပြီဆိုရင်တောင် နေရာသတ်မှတ်တဲ့ နေရာမှာ အများကြီး စကားတွေ ပြောရဦးမယ်။ ဒီတော့ ကျနော်တို့က အပစ်အခတ် ရပ်စဲရေးက လုံးလုံးကြီး ဖြစ်သွားနိုင်ဖို့ ဆိုတာ စိန်ခေါ်မှုတွေက အများကြီး ရှိနေပါသေးတယ်။

မေး။ ။ နိုဝင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်တွေ အပြန်အလှန် ထုတ်ကြပြီးနောက်ပိုင်း စစ်ရေးက တည်ငြိမ်လာပြီဆိုပြီး တချို့ စစ်ဘေးရှောင်တွေ အိမ်ပြန်ကြတယ်။ တချို့ကလည်း ပျော်နေကြတယ်။ ဆရာသုံးသပ်ချက်အရ ဆိုရင် အခုက လုံးဝ အကောင်းဘက်ကို သွားတဲ့ အခြေအနေတော့ မရှိသေးဘူးပေါ့နော်။

ဖြေ။ ။ ဘာမှ စိတ်မချရသေးဘူး။ အချိန်မရွေး ထဖြစ်နိုင်တယ်။ နောက်တခုက ရွေးကောက်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ် တယ် ဆိုတာကလည်း တစုံတရာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးရဲ့ လွန်ဆွဲမှု တချို့လည်း ပါကောင်းပါလိမ့်မယ်။ ဒါပေမယ့် စစ်ရေးအရက ကျနော်တို့ လေ့လာရသလောက်က တပ်မတော်က စစ်ဆင်ရေးကြီး လုပ်ဖို့က အဆင်သင့်ပဲ။ သူတို့က ရွေးကောက်ပွဲ ပြီးတဲ့အချိန်ကို စောင့်နေတဲ့ သဘောပဲ။

ဟိုမှာ လက်နက်ခဲယမ်း ပုံထားတာရော တပ်တွေ နေရာ ချထားတာကို ကြည့်လိုက်မယ် ဆိုရင်ရော စစ်ဆင်ရေးအကြီး ကြီးကို ချက်ချင်း ထလုပ်လိုက်လို့ ရတယ်။ သူအခု ရှိတဲ့ နေရာတွေကလည်း အကုန်လုံးက ဆိုင်ထားတဲ့ နေရာတွေပါ။ လုပ်မယ်ဆိုရင် ချက်ချင်း လုပ်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ အချိန်မရွေး စစ်ဆင်ရေးကြီးတွေ တိုက်ပွဲကြီးတွေက ထဖြစ်နိုင်ပါတယ်။

You may also like these stories:

သေနတ်သံတွေ တိတ်သွားတဲ့ ရခိုင်ပြည်

အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးကို အရင်ဆုံး ညှိနှိုင်းဖို့ လိုပါတယ်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ

ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း

Your Thoughts …
Tags: AAတပ်မတော်ရခိုင်ပြည်နယ်ရွေးကောက်ပွဲအပစ်ရပ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.6k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
ရွှေခေတ်ကို မီခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား (ရုပ်/သံ)

ရွှေခေတ်ကို မီခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား (ရုပ်/သံ)

၂၁ ရာစုပင်လုံတွင် တွေ့ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ  / ထက်ဝေ / ဧရာဝတီ

NLD ရဲ့အမျိုးသားညီညွတ်ရေး ခေါ်သံအပေါ် တိုင်းရင်းသားပါတီတွေရဲ့ မျှော်လင့်ချက်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate