လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေကို ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး ကြားဖြတ်ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ရက္ခိုင်စစ်တပ် (AA) က နိုဝင်ဘာ ၁၂ ရက်မှာ တောင်းဆိုရာ တပ်မတော်က လက်ခံကြိုဆိုကြောင်း တုံ့ပြန်ခဲ့ပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်တွင်း တပ်မတော်နဲ့ AA ကြား တိုက်ခိုက်မှုတွေလည်း ရပ်တန့်သွားခဲ့ပါတယ်။ ဒီလို ပြင်းထန်တဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ကြားဖြတ်ရွေးကာက်ပွဲအတွက် တူညီတဲ့ သဘောထားရအောင် ကြားဝင် ညှိနှိုင်းပေးခဲ့တာကတော့ ဂျပန်အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိုယ်စားလှယ် Yohei Sasakawa ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့ ပတ်သက်ပြီး ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်း သတင်းထောက် နန်းလွင်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Ichiro Maruyama နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲအပေါ်မှာ သံအမတ်ကြီးရဲ့ ထင်မြင်ချက်က ဘယ်လိုရှိပါသလဲ။ လွတ်လပ်ပြီး တရားမျှတတယ်လို့ ထင်ပါသလား။
ဖြေ။ ။ COVID-19 အခက်အခဲရှိတဲ့ အချိန်မှာ မြန်မာအစိုးရက နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲက လုံး၀ အောင်မြင်စွာ ကျင်းပနိုင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ပြောချင်ပါတယ်။ မြန်မာနိုင်ငံကို ဂျပန်အစိုးရ ရွေးကောက်ပွဲ ကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာဆာဆာကာဝါနဲ့အတူ ကိုယ်တိုင် ရန်ကုန်မြို့မှာ ရှိတဲ့ မဲရုံဆယ်ရုံကို သွားလေ့လာခဲ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက မဲရုံအားလုံးကို မရောက်ပေမယ့် ရတဲ့သတင်းအရ ဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲကို မြန်မာအစိုးရအနေနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ အဲဒါက ဂျပန်အစိုးရဲ့ သဘောထားဖြစ်ပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက အခုဆိုရင် ဒုတိယသက်တမ်းကို ဆက်ပြီး တာဝန်ထမ်းဆောင်ခွင့်ရသွားပြီ။ ဒီတော့ သူ့ရဲ့ ဒုတိယသက်တမ်း အုပ်ချုပ်မှုအောက်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တပ်မတော်နဲ့ ဆက်ဆံရေးက ဘယ်လို ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမိပါသလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပန်ိုင်အောင် မြန်မာအစိုးရ သက်ဆိုင်ရာနိုင်ငံရေးပါတီများ ပြီးတော့ မြန်မာအစိုးရ အဖွဲ့အစည်းတွေကို ပြောတဲ့အခါမှာ ရွေးကောက်ပွဲ ကော်မရှင်လည်း ပါပါတယ်။ တပ်မတော်လည်း ပါပါတယ်။ တပ်မတော်က လုံခြုံရေးကို တာဝန်ယူပေးလို့ ဖြစ်ပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်တဲ့အတွက် အခု ဒီလိုအောင်မြင်တဲ့ ရွေးကောက်ပွဲကို အကောင်အထည် ဖော်နိုင်တယ်လို့ ကျနော်တို့ ယူဆမိပါတယ်။ နောက်တခုက မြန်မာနိုင်ငံမှာ အရေးကြီးတာက အခုဏ မေးတဲ့အတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးဆိုတာက အင်မတန်မှ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သူကိုယ်တိုင်ကလည်း အမျိုးသားပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းရေးကို အင်မတန်မှ ဦးစားပေးပြီး လုပ်ချင်တဲ့ လုပ်ငန်းဖြစ်တယ်လို့ သူကိုယ်တိုင်ပြောပါတယ်။ ဒါကြောင့် ဂျပန်အစိုးရအနေနဲ့ အဲဒါကို ဦးစားပေးပြီး မြန်မာအစိုးရ၊ မြန်မာတပ်မတော်နဲ့ ပူးပေါင်းအကူအညီပေးဖို့ အမြဲတမ်း အဆင့်သင့် ရှိပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမျိုးသားရင်ကြားစေ့ရေးရဲ့ ကိုယ်စားလှယ်လည်းဖြစ်၊ ဂျပန်အစိုးရရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အကြီးအကဲလည်းဖြစ်တဲ့ မစ္စတာဆာဆာကာဝါလည်း လာသွားတယ်။ သူပြောသွားတဲ့ အထဲမှာ ဂျပန်က ငြိမ်းချမ်းရေးအတွက် ထိုင်းနိုင်ငံမှာ တွေ့ဆုံမှုတွေ အကြိမ်ကြိမ် လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဂျပန်နိုင်ငံအနေနဲ့ ဘယ်လို ကြားဝင်ညှိနိူင်း ပေးနေပါသလဲ။
ဖြေ။ ။ ကျနော်တို့ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး အရင်တည်းက ဂျပန်အစိုးရ နားလည်တာကတော့ ရခိုင်ပြည်နယ်က သမိုင်းကြောင်းရှိတဲ့ အခြေအနေဖြစ်တယ်။ သိပ်ရှုပ်ထွေးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့ အခု ချက်ချင်း ဘယ်သူမဆို ဖြေရှင်းနိုင်တာတော့ မဟုတ်ပါဘူး။
ဒါကြောင့် ကျနော်တို့က သိပ်ရူပ်တဲ့ ကိစ္စကို တဆင့်ပြီး တဆင့် အကောင်းဘက်ကို သွားနိုင်အောင် မြန်မာအစိုးရရော မြန်မာ့တပ်မတော်ရော မြန်မာပြည်သူရော ရခိုင်ပြည်နယ်က လူထုဘက်ကရော ကျနော်တို့ ရပ်တည်ပြီးတော့ အကူအညီ ပေးနိုင်စရာရှိတယ် ဆိုရင် အပြည့်အ၀ အကူအညီပေးပါမယ်။
အပြည့်အ၀ အကူအညီဆိုတာ စားနပ်ရိက္ခာ ပညာရေးကဏ္ဍ အခက်အခဲတွေ ရှိတယ်ဆိုရင် အဲဒီဘက်မှာ ဘာအကူအညီပေးစရာ ရှိသလဲ။ အဲဒါတွေကို စဉ်းစားချင်ပါတယ်။
အပြည့်အ၀ အကူအညီဆိုတာ စားနပ်ရိက္ခာ ပညာရေးကဏ္ဍ အခက်အခဲတွေ ရှိတယ်ဆိုရင် အဲဒီဘက်မှာ ဘာအကူအညီပေးစရာ ရှိသလဲ။ အဲဒါတွေကို စဉ်းစားချင်ပါတယ်။
မကြာမီက ရခိုင်စစ်တပ်နဲ့ တပ်မတော် နှစ်ဖွဲ့လုံးက အဲ့ဒီ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့ နေရာမှာ ထပ်ပြီး ရွေးကောက်ပွဲ ပြန်လုပ်နိုင်အောင် မျှော်လင့်နေတယ်ဆိုတာကို ရခိုင်တပ်မတော်က ကြေညာချက် ထုတ်ပါတယ်။ တပ်မတော်ဘက်ကလည်း အဲ့ဒီ ကြေညာချက်ကို ကြိုဆိုပြီးတော့ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။
ကျနော်တို့က နှစ်ဘက်စလုံးကို အင်မတန်မှ ချီးကျူးဖို့ ကောင်းတဲ့ ကြေညာချက်ထုတ်တယ်လို့ ယူဆပါတယ်။ အဲဒီကြေညာချက်ကို ဘာဖြစ်လို့ နှစ်ဖွဲ့စလုံး ထုတ်တာလဲဆိုရင် ဇာတ်လမ်းရှိပါတယ်။
အဲဒါက ဘာလဲဆိုတော့ ဂျပန်ပြည်က မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ သူကိုယ်တိုင် မြန်မာပြည်ကို ရောက်ပြီးတော့ ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာရော တပ်မတော်ကာကွယ်ဦးစီးချုပ်နဲ့ အေးအေးဆေးဆေး ဆွေးနွေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးကိစ္စကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးတဲ့အခါမှာ မစ္စတာဆာဆာကာဝါ အလေးအနက်ထားပြီး ပြောလိုက်တာကတော့ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ရခိုင်ပြည်နယ်က နေရာတွေမှာ အမြန်ဆုံး ရွေးကောက်ပွဲလုပ်နိုင်ရန် ကြိုးစားဖို့ အရေးကြီးတယ်ဆိုတာ ပြောခဲ့ပါတယ်။
ဒီပြောတဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် မစ္စတာဆာဆာကာဝါကို အကူအညီတောင်းပါတယ်။ အဲဒီအတွက် သူက သူသိတဲ့ ပုဂ္ဂိုလ်တွေကတဆင့် အဖွဲ့အစည်းတွေကနေ တဆင့် Arakan Army ကို ဆက်သွယ်ပြီးတော့ တပ်မတော်ရော အစိုးရဘက်မှာပါ အဲဒီရွေးကောက်ပွဲ လုပ်နိုင်ဖို့ မျှော်လင့်နေတယ်။ Arakan Army က ရွေးကောက်ပွဲ လုပ်ချင်တယ်ဆိုရင် သဘောထားကို ထုတ်လိုက်ပါ။ အဲဒီလိုပြောတဲ့အခါမှာ သူတို့ နောက်ဆုံး ကြေညာချက် ထုတ်ဖို့ လက်ခံလိုက်ပါတယ်။
ဒါကြောင့် မစ္စတာဆာဆာကာဝါက အဲဒီအကြောင်းကို တပ်ချုပ်ကြီးကို တိုက်ရိုက်အကြောင်းကြားပြီးတော့ Arakan Army က ရွေးကောက်ပွဲလုပ်ဖို့ သဘောတူလိုက်တယ်။ ဒါကြောင့် တပ်မတော်ဘက်ကရော အတူတူ ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ သဘောကို ကြေညာချက်ထုတ်ဖို့ ကောင်းတယ်ဆိုပြီး တပ်ချုပ်ကြီးကို တိုက်တွန်းခဲ့ပါတယ်။
တပ်ချုပ်ကြီးကလည်း လုံးဝသဘောတူပြီးတော့ ၁၂ ရက်နေ့မှာ နှစ်ဘက်စလုံးက ကြေညာချက်ထုတ်ပေးခဲ့ပါတယ်။
ဒါကြောင့် ကျနော်ဘက်က မျှော်လင့်တာက ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အခက်အခဲတွေရှိတာ သိပါတယ်။ လုံခြုံရေးတို့ အကာအကွယ်တွေ လုပ်ဖို့ လုပ်ရမယ့် အလုပ်တွေက နည်းမှာ မဟုတ်ပါဘူး။ အခက်အခဲတွေ ရှိမှာပါ။
ဒါပေမယ့် အဲဒီအခက်အခဲတွေကို ကျော်လွှားပြီး မြန်မာအစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က ကြိုးစားပြီးတော့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်းငံထားတဲ့ မလုပ်နိုင်ခဲ့တဲ့ နေရာမှာ ရွေးကောက်ပွဲ ပြန်လုပ်ဖို့ အင်မတန်မှ မျှော်လင့်နေပါတယ်။
ဒါပေမယ့် အဲဒီအခက်အခဲတွေကို ကျော်လွှားပြီး မြန်မာအစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က ကြိုးစားပြီးတော့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်းငံထားတဲ့ မလုပ်နိုင်ခဲ့တဲ့ နေရာမှာ ရွေးကောက်ပွဲ ပြန်လုပ်ဖို့ အင်မတန်မှ မျှော်လင့်နေပါတယ်။
အဲဒီလိုလုပ်မှပဲ ရခိုင်ပြည်နယ်က အခြေအနေတွေ တဆင့်ပြီး တဆင့် အကောင်းဘက်ကို သွားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
မေး။ ။ ရက္ခိုင့်စစ်တပ်နဲ့ တပ်မတော်ကြား စားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းရေးညှိနှိုင်းးဖို့ ဂျပန်နိုင်ငံဘယ်လို အခန်းကဏ္ဍက ပါဝင်သွားမှာလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေး တကယ်တာဝန်ယူမယ့် လုပ်သင့်တဲ့ အဖွဲ့အစည်း၊ လုပ်နိုင်တဲ့ အဖွဲ့အစည်းက နိုင်ငံခြားအဖွဲ့အစည်း နိုင်ငံခြားအစိုးရတို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသား အဖွဲ့အစည်းများ၊ မြန်မာအစိုးရ၊ တပ်မတော် တို့ ဖြစ်ပါတယ်။
ဥပမာ ရခိုင်ပြည်နယ်မှာဆိုရင် Arakan Army နဲ့ တပ်မတော်ကြားမှာ အမြဲတမ်း ပြင်းပြင်းထန်ထန် တိုက်ပွဲတွေရှိခဲ့ပါတယ်။ ဒါကို ကြည့်ရင် ၁၂ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြီး နောက်ပိုင်း တပ်မတော်နဲ့ ရခိုင်စစ်တပ်ကြားမှာ တခါမှ တိုက်ပွဲမရှိပါဘူး။ အင်မတန်မှ အလားအလာကောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဒီဟာကို ဦးတည်ပြီးတော့ Arakan Army နဲ့ တပ်မတော်နဲ့ မြန်မာအစိုးရ အချင်းချင်း ယုံကြည်မှုရအောင် စကားပြောမယ်။ ကြိုးစားမယ်။အဲဒါ ဖြစ်ဖို့ ကျနော်တို့ မျှော်လင့်နေပါတယ်။
ကျနော်တို့က ပြည်တွင်းရေးကိစ္စကို ကြားဝင်မပါဘူး။ ဒီပြဿနာတွေ တကယ်ခံစားနေရတာကတော့ မြန်မာလူမျိုး ဒေသခံပုဂ္ဂိုလ်တွေ မြန်မာအစိုးရ၊ တပ်မတော်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဖြေရှင်းနိုင်ရန် အကောင်အထည်ဖော်နိုင်ဖို့က အကူအညီပေးစရာ ရှိတယ်ဆိုရင် မြန်မာအစိုးရ မြန်မာတပ်မတော် ရခိုင်ပြည်နယ် ဒေသခံပုဂ္ဂိုလ်များ၊ တိုင်းရင်းသားပုဂ္ဂိုလ်များရဲ့ သဘောထားအပေါ် မူတည်ပြီးတော့ ကျနော်တို့ အလေးထားပြီး စဉ်းစားပါမယ်။
မေး။ ။ ရက္ခိုင့်စစ်တပ်ဘက်ကရော ဂျပန်က ကြားဝင်ပြီး ညှိနိူင်းတဲ့ အပေါ်မှာ ဘယ်လိုတုံ့ပြန်မှု ရှိပါသလဲ။
ဖြေ။ ။ ရက္ခိုင့်စစ်တပ်ကို မစ္စတာဆာဆာဝါကာက အဆိုပြုတာ ဘာလဲဆိုတော့ အဲဒီရွေးကောက်ပွဲကို လုပ်ဖို့ အစိုးရကို တောင်းချင်ပါတယ် ဆိုပြီး အဲဒါပဲရေးလိုက်ပါ။ အခြားသမိုင်းကိစ္စရော တိုက်ပွဲကိစ္စတွေ အဲလိုရေးရင် တခြား ကိစ္စတွေ ရောလိုက်တယ်ဆိုရင် ရွေးကောက်ပွဲက အကောင်ထည်ဖော်မှာ မဟုတ်ဘူး။
ဒါကြောင့် မစ္စတာဆာဆာကာဝါက အကြံဉာဏ်ပေးလိုက်တာကတော့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ချင်ပါတယ်။ ရွေးကောက်ပွဲ ဖြစ်အောင် မျှော်လင့် နေတယ် အဲ့ဒီအချက်ကို တည်ပြီး ရေးလိုက်ပါလို့ ပြောလိုက်တယ်လို့ သိရပါတယ်။
ဒါကြောင့် မစ္စတာဆာဆာကာဝါက အကြံဉာဏ်ပေးလိုက်တာကတော့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ချင်ပါတယ်။ ရွေးကောက်ပွဲ ဖြစ်အောင် မျှော်လင့် နေတယ် အဲ့ဒီအချက်ကို တည်ပြီး ရေးလိုက်ပါလို့ ပြောလိုက်တယ်လို့ သိရပါတယ်။
Arakan Army ကလည်း အဲဒီအတိုင်း (မစ္စတာဆာဆာကာဝါ ပြောတဲ့အတိုင်း) အဲ့ဒီကြေညာချက်ကို ထုတ်တယ်လို့ နားလည်ပါတယ်။
တပ်မတော်ဘက်ကလည်း တိုက်ပွဲကိစ္စရော အရင်ဖြစ်ခဲ့တဲ့ကိစ္စတွေရော နိုင်ငံရေးတို့ ဘာတို့ ဘာမှမထည့်ဘဲ Arakan Army က ထုတ်တဲ့ ကြေညာချက်ကို ကြိုဆိုပါတယ်လို့ ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်ပါမယ်လို့ ရေးလိုက်တာလည်း အင်မတန်မှ ကောင်းတဲ့အချက်ဖြစ်ပါတယ်။
Arakan Army ကြေညာချက်မှာ ဒီဇင်ဘာလ လကုန် နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ပြောထားပါတယ်။ ရွေးကောက်ပွဲဆိုတာတော့ အမြန်ဆုံး ကျင်းပနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ တချို့နေရာတွေကို အသွားအလာ အခက်အခဲတွေ ရှိနိုင်ပါတယ်။ လုံခြုံရေးကိစ္စတွေ ရှိနိုင်ပါတယ်။
အဲဒီအပေါ်မှာ အစိုးရ၊ တပ်မတော်ဘက်က လုုံခြုံရေး တာဝန်ယူပြီး အမြန်ဆုံး လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး တည်ငြိမ်ရေးရဖို့ တပ်မတော်နဲ့ အစိုးရက ရက္ခိုင့်စစ်တပ်နဲ့ ဘယ်လိုညှိနိူင်းဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ ကျနော်ကတော့ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းအားလုံးပေါ့။ Arakan Army လည်း ပါပါတယ်။ အားလုံးက ကိုယ့်နေရာ ဖွံ့ဖြိုးတိုးတက်ဖို့ တည်ငြိမ်မှုကို မျှော်လင့်နေတယ်။ တိုက်ပွဲကိုပဲ လိုချင်လို့ အဲလိုလုပ်နေတာမဟုတ်ဘူးလို့ ထင်ပါတယ်။
ဒါကြောင့် ကိုယ့်နေရာ ကိုယ့်လူမျိုး တည်ငြိမ်ဖို့ အေးအေးဆေးဆေး နေထိုင်ဖို့ မျှော်လင့်ကြတယ်လို့ ထင်ပါတယ်။ မြန်မာအစိုးရ၊ တပ်မတော်ကလည်း တိုက်ပွဲ လုပ်ချင်နေတာလည်း မဟုတ်ပါဘူး။ သူက ကိုယ့်တိုင်းပြည် တည်ငြိမ်ဖို့ ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အင်မတန်မှ မျှော်လင့်နေတာကတော့ မြန်မာ့အစိုးရ တပ်မတော်လည်း အတူတူ ဖြစ် ပါတယ်။ လက်နက်ကိုင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ Arakan Army လည်းပါပါတယ်။
မြန်မာတပ်မတော်ရော မြန်မာအစိုးရရော ရပ်တည်ချက်က အတူတူပဲဖြစ်ပါတယ်။ အတူတူ ဆိုတာကတော့ ကိုယ့်လူမျိုး ကိုယ့်ဒေသခံ ကိုယ့်ပြည်သူ ကိုယ့်နေရာမှာ အေးအေးဆေးဆေး ငြိမ်းချမ်းစွာ နေနိုင်ဖို့ ဖွံ့ဖြိုးမှုရှိဖို့ အဆင်ပြေပြေ နေဖို့ စားဖို့ မျှော်လင့်နေမှာပါ။
အဲဒီရပ်တည်ချက်က အတူတူဖြစ်တယ်ဆိုရင် အဲဒီသုံးဖွဲ့စလုံးက စကားပြောန်ိုင်တဲ့ အလားအလာ အခြေအနေရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။
အဲဒီရပ်တည်ချက်က အတူတူဖြစ်တယ်ဆိုရင် အဲဒီသုံးဖွဲ့စလုံးက စကားပြောနိုင်တဲ့ အလားအလာ အခြေအနေရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။
မေး။ ။ NLD အစိုးရအနေနဲ့ လာမယ့် အစိုးရသက်တမ်းမှာ ရင်ဆိုင်ရမယ့် အဓိက စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောတဲ့ အတိုင်းဖြစ်ပါတယ်။ မြန်မာအစိုးရက မြန်မာနိုင်ငံက အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု နှစ်ခုရှ်ိပါတယ်။ တခုကတော့ စီးပွားရေး ဖြစ်ပါတယ်။ နောက်တခုကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး အဲဒီနှစ်ခုဖြစ်ပါတယ်။
ပထမအချက် စီးပွားရေးဆိုရင် မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးက COVID-19 ကြောင့် ထိခိုက်မှုက နည်းမှာ မဟုတ်ပါဘူး။ အဲဒါကို ကျော်လွှားပြီး ဆင်းရဲမှု ပပျောက်နေရေး အတွက် စီးပွားရေး ဖွံ့ဖြိုးမှုအတွက်ဆိုတာ လက်ရှိ NLD အစိုးရက ရင်ဆိုင်ရတဲ့ အဓိကအချက် ဖြစ်ပါတယ်။
လက်ရှိ NLD အစိုးရကို ၂၀၁၆ တုန်းက ကျနော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အပြည့်အ၀ အကူအညီပေးမယ် ဆိုတာကို ကျနော်တို့ရဲ့ အဲဒီတုန်းက ဝန်ကြီးချုပ် မစ္စတာ အာဘေး ကိုယ်တိုင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို တိုက်ရိုက် အတည်ပြုပါတယ် အဲဒီရပ်တည်ချက်ကိုလည်း လုံးဝအပြောင်းအလဲ မရှိပါဘူး။
ရွေးကောက်ပွဲပြီးတော့ ၁၀ ရက်နေ့မှာ ကျနော်တို့ ဝန်ကြီးချုပ် မစ္စတာ Suga ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Motegi နှစ်ယောက်စလုံးကို ချက်ချင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပတယ် ရွေးကောက်ပွဲမှာ NLDက လုံးဝအနိုင်ရတာကို ဂုဏ်ပြုတဲ့ မက်ဆေ့ချ်ကို ကျနော် ကိုယ်တိုင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ပေးခဲ့ပါတယ်။
အဲဒီ မက်ဆေ့ချ် ရေးထားတဲ့ အတိုင်း ပိုပြီးတော့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အပြည့်အ၀ ရပ်တည်မယ်ဆိုတဲ့ ရပ်တည်ချက်က ပြောင်းလဲမှု မရှိပါဘူး။
ဒုတိယအချက် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ ဖြစ်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းရေးမှာ အရေးကြီးဆုံး အခြေခံက ဘာလဲဆိုရင် အစိုးရနဲ့ တိုင်းပြည်ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ၊ တပ်မတော်ခေါင်းဆောင် ဖြစ်တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင် အဲဒီ နှစ်ယောက် ဆက်ဆံမှုက အင်မတန်မှ အရေးကြီးပါတယ်။
ဒါကြောင့် အဲဒီ မြန်မာအစိုးရ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဘက်ကရော အဲဒီပုဂ္ဂိုလ်နှစ်ယောက်က မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စကို နှစ်ယောက် အေးအေးဆေးဆေး စကားပြောနိုင်မှာကို ကျနော် အိပ်မက်နေပါတယ်။
ဒါကြောင့် အဲဒီ မြန်မာအစိုးရ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဘက်ကရော အဲဒီပုဂ္ဂိုလ်နှစ်ယောက်က မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စကို နှစ်ယောက် အေးအေးဆေးဆေး စကားပြောနိုင်မှာကို ကျနော် အိပ်မက်နေပါတယ်။
အဲဒါကို အကောင်ထည်ဖော်ဖို့ ကျနော် အင်မတန်မှ မျှော်လင့်နေပါတယ်။ ဆုတောင်းနေပါတယ်။
မေး ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အစိုးရ ဒုတိယသက်တမ်းမှာ တပ်မတော်နဲ့ ဆက်ဆံရေး ကရော ဘယ်လို ဖြစ်လာနိုင်ပါသလဲ။
ဖြေ။ ။ ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲမဲပေးတဲ့ ရက်မှာ သတင်းထောက်တွေကို သူ ကိုယ်တိုင် စကားပြောပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ပြည်သူလူထု မဲပေးတဲ့အတိုင်း ရွေးကောက်ပွဲ ရလဒ်ကို တပ်မတော်က လေးစားပါတယ်လို့ သူကိုယ်တိုင် ပြောပါတယ်။
ပြီးတော့ ရွေးကောက်ပွဲပြီးမှာ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူကိုယ်တိုင် နိုင်ငံခြား သတင်းဌာန အင်တာဗျူးမှာ သူပြောတာက တပ်မတော်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရပ်တည်ချက်က ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့အတိုင်း ဖြစ်ပါတယ်။ ဘာမှ အပြောင်းအလဲ မရှိပါဘူးလို့ ပြောပါတယ်။
ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ တပ်မတော် အနေနဲ့ရော တပ်ချုပ်ကြီး ကိုယ်တိုင်ကရော ရွေးကောက်ပွဲ နိုင်ငံရေး ကိစ္စကို တခုမှ ပြောတာမရှိပါဘူး။ သူက်ိုယ်တိုင်မှ တပ်မတော်အတွက် အရေးကြီးတဲ့ တာဝန်ဖြစ်တဲ့ ငြိမ်းချမ်းရေးကို တပ်ချုပ်ကြီး ကိုယ်တ်ိုင် ဦးဆောင်ပြီးလုပ်နေတဲ့ သတင်းပဲ တွေ့ပါတယ်။ ရွေးကောက်ပွဲ နောက်ပိုင်းမှာ လက်ရှိအစိုးရ နဲ့ တပ်မတော်ဆက်ဆံရေးက အကောင်းဘက်ကို သွားနိုင်တဲ့ အလားအလာတွေ ပြနေတယ်လို့ ကျနော်
ယူဆပါတယ်။
မေး။ ။ NLD က အမျိုးသားညီညွှတ်ရေး အစိုးရ အကောင်အထည် ဖော်မယ်လို့ ပြောထားတယ်။ သံအမတ်ကြီး အနေနဲ့ရော အဲဒီ အမျိုးသားရင်ကြားစေ့အစိုးရ အမှန်တကယ်ဘဲ ပေါ်ပေါက်လာမယ်လို့ ယူဆပါသလား။ တိုင်းရင်းသားတွေ ပါ ပါဝင်လာတဲ့ အမျိုးသား ညီညွှတ်ရေး အစိုးရသာ တကယ် ပေါ်ပေါက်လာရင် မြန်မာန်ိုင်ငံရဲ့ နိုင်ငံရေး အခြေ အနေကို ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားစေနိုင်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ဆိုရင် ရွေးကောက်ပွဲအနိုင်ရတဲ့ အန်အယ်ဒီအစိုးရက ခန့်အပ်လိုက်တဲ့ ပုဂ္ဂိုလ်က ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဖြစ်နိုင်ပါတယ်။ ဥပဒေအရဆိုရင် အဲ့ဒီလို ဖြစ်ပေမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုရင် ဗဟိုအစိုးရကို ဖွဲ့စည်းခွင့်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေ များတဲ့ ပြည်နယ်အစိုးရ ပြည်နယ်လွှတ်တော်တွေရဲ့ ဆက်ဆံမှုက အင်မတန်မှ အရေးကြီးပါတယ်။
ဒါကြောင့် ပြည်နယ်အစိုးရ ပြည်နယ်လွှတ်တော် ဘယ်လိုဆက်ဆံမှုကို NLD က ဖန်တီးပေးနိုင်မလဲ ဆိုတာ အင်မတန်မှ အရေးကြီးတယ်။ အဲဒီလုပ်ဖို့ စွမ်းအားရှိသလို စိတ်ဆန္ဒရှိတယ်လို့ ယုံကြည်ပါတယ်။ နောက်တိုင်းရင်းသား အဖွဲ့အစည်း တွေဘက်ကလည်း NLD နဲ့ ပူးပေါင်းနိုင်တာကို မျှော်လင့်နေတယ်လို့ ထင်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ အဲဒါကို ဖွဲ့စည်းမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းများ တိုင်းရင်းသား နိုင်ငံရေးပါတီများ NLD အစိုးရနဲ နောက် အရေးကြီးတာက တပ်မတော်ဖြစ်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ အဲဒါကို ဖွဲ့စည်းမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းများ တိုင်းရင်းသား နိုင်ငံရေးပါတီများ NLD အစိုးရနဲ နောက် အရေးကြီးတာက တပ်မတော်ဖြစ်ပါတယ်။
ဒါကြောင့် အကယ်၍ ပြည်သူလူထု တိုင်းရင်းသား လူမျိုးများနဲ့ NLD အစိုးရက အမျိုးသား ညီညွှတ်ရေး အစိုးရကို မျှော်လင့်နေတယ်ဆိုရင် ခုဏ ကျနော်ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် အဲဒီနှစ်ယောက် အချင်းချင်း နားလည်မှု ရှိရှိနဲ့ အေးအေးဆေးဆေး စကားပြောနိုင်တယ်တဲ့ အဆင့်ကို ရောက်နိုင်တယ်ဆိုရင် အဲဒီလို အမျိုးသားညီညွတ်ရေး အစိုးရကိစ္စအတွက် အဲဒီ နှစ်ယောက်က ဆွေးနွေးပြီး အကောင်အထည်ဖော်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။
မေး ။ ။ နိုင်ငံတကာ မီဒီယာတွေဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားကြတာတွေ အများအပြား တွေ့ရတယ်။ ဥပမာ မြန်မာ ပြည်သူတွေက ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ မျက်စိမှိတ် မဲထည့်ခဲ့ကြတယ်လို့ စွပ်စွဲထားတယ်။ ဒါ့အပြင် NLD က ဒုတိယ သက်တမ်းမှာ မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်လာမှာ မဟုတ်ဘူး။ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကလည်း ပိုဆိုး လာမယ်လို့ မြင်ကြတယ်။ အဲဒီလို သုံးသပ်တဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ နိုင်ငံတကာ သတင်းဌာန အများစုက အဲဒီလိုဝေဖန်နေတာကို အမြဲတမ်းတွေ့ပါတယ်။ ကျနော် သဘောပြောမယ်ဆိုရင် အဲဒီဝေဖန်နေတာကို လုံး၀ လက်ခံလို့ မရပါဘူး။ မှန်တယ်လို့ မထင်ပါဘူး။ လုံး၀ မှားနေတယ်လို့ ကျနော်ပြောချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံ သမိုင်းကြောင်းကို ကြည့်လိုက်တယ်ဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူတွေ ကိုယ်တိုင် နိုင်ငံရေးတို့ စီးပွားရေးတို့ကို အင်မတန်မှ အခက်အခဲများကို ကြုံတွေ့ခဲ့ပါတယ်။ ခံစားခဲ့ပါတယ်။ အဲဒါ နှစ်ပေါင်းများစွာ ခံစားခဲ့ရပါတယ်။ များမကြာခင်မှာပဲ မြန်မာအစိုးရ၊ တပ်မတော်က အကုန်လုံး ပူးပေါင်းဆောင်ရွက်ပြီးတော့ ၂၀၁၅ မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။
ကျင်းပတဲ့ အခါကျမှပဲ အနိုင်ရတဲ့ NLD ကို အစိုးရအာဏာရှိခဲ့တဲ့ ကြံခိုင်ရေးပါတီ ခေါင်းဆောင်သမ္မတ ဦးသိန်းစိန်က အေးချမ်းစွာ အနိုင်ရတဲ့ NLD ကို အာဏာပေးပါတယ်။ အဲဒီကိစ္စက တကမ္ဘာလုံးမှာ လုံး၀ မရှိတဲ့ သမိုင်းဖြစ်ပါတယ်။
ကျနော်တို့ အဲဒီ တချက်ကို ဂျပန်အစိုးရအနေနဲ့ရော ဂျပန် သံအမတ်ကြီးတယောက်အနေနဲ့ရော ပုဂ္ဂိုလ်တယောက် အနေနဲ့ အင်မတန်လေးစားပြီး ချီးကျုးဖို့ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ မြန်မာပြည်သူလူထုများက ပိုပြီး နိုင်ငံရေး အဆင့်မြင့်တဲ့ စီးပွားရေးအဆင့် ပိုပြီးမြင့်တဲ့ ဒီမိုကရေစီ ဖြစ်စေချင်တယ်ဆိုတဲ့ သဘောနဲ့ အခုလို မဲပေးတာလို့ ထင်ပါတယ်။ ဒါကြောင့် အဲဒီ မဲပေးပြီးတော့ အများစုထောက်ခံမှုရတာက ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
န်ိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီတိုင်းပြည်အတွက် စီးပွားရေးဖွံ့ဖြိုးမှု နိုင်ငံရေး တည်ငြိမ်မှုတွေကို ငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေး အဲဒါက အာရုံစ်ိုက်ပါတယ်။ ဒီကောင်းတဲ့ကိစ္စကို လုပ်ချင်တဲ့ ဆန္ဒကို ပြတယ်။ အဲဒီ ဆန္ဒရှိတဲ့ NLD ကို မြန်မာလူထု အများက ထောက်ခံတာကို ကျနော်တို့က ဘာမှဝေဖန်စရာမရှိပါဘူး။
ဝေဖန်တာမဟုတ်ဘဲ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ မွေးလာတဲ့ အစိုးရကို ဂျပန်အစိုးရ အနေနဲ့ရော ဂျပန်လူထုကရော အားလုံးပေါင်းပြီး အပြည့်အ၀ အကူအညီပေးမယ်ဆိုတာ ကျနော်တို့ ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေရဲ့ ဆန္ဒဖြစ်ပါ တယ်။
ဝေဖန်တာမဟုတ်ဘဲ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ မွေးလာတဲ့ အစိုးရကို ဂျပန်အစိုးရ အနေနဲ့ရော ဂျပန်လူထုကရော အားလုံးပေါင်းပြီး အပြည့်အ၀ အကူအညီပေးမယ်ဆိုတာ ကျနော်တို့ ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေရဲ့ ဆန္ဒဖြစ်ပါ တယ်။
မေး။ ။ အခုလာမယ် NLD ရဲ့ ဒုတိယသက်တမ်းအတွက် ဂျပန်နိုင်ငံက ဘယ်လိုအကူအညီတွေ အဓိက ထားပြီး ကူညီသွားမလဲ။ နောက် စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေမှာလည်း ဘယ်လို တိုးမြှင့် လုပ်ဆောင်သွားဖို့ ရှိပါ သလဲ။
ဖြေ။ ။ ၂၀၁၁ ခုနှစ် သမ္မတကြီး ဦးသိန်းစိန်အစိုးရ တက်လာပြီးတော့ ၂၀၁၆ မှာ NLD အစိုးရ တက်လာတယ်။
အဲဒီကြားမှာ ကျနော်တို့ အစိုးရက စီးပွားရေး အကူအညီတွေ ပေးနေပါတယ်။ အဲဒီလိုပေးတဲ့ အခါမှာ ဦးစားပေး ကဏ္ဍတွေရှိပါတယ်။ တခုကတော့ ပို့ဆာင်ရေးကဏ္ဍ ဖြစ်ပါတယ်။ ပို့ဆောင်ရေးကဏ္ဍဆိုရင် ရထားလမ်းစီမံကိန်းတို့ ဆိပ်ကမ်း၊ လေဆိပ်တို့ ဖြစ်ပါတယ်။
ပို့ဆောင်ရေးကဏ္ဍက လူအသွားအလာ စီးပွားရေးတိုးတက်ဖို့ အတွက် အင်မတန်မှ အရေးကြီးတဲ့အတွက် ကျနော်တို့က အဲဒါကို ဦးစားပေးပါတယ်။ နောက်တခုက စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍ ဖြစ်ပါတယ်။ စွမ်းအင်နဲ့ လျှပ်စစ် မရှိရင် ဘာမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မျှော်လင့်လို့ မရပါဘူး။
ဒါကြောင့် ကျနော်တို့က စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်ကဏ္ဍ စွမ်းအင်ကဏ္ဍတို့ကို ဒုတိယ ဦးစားပေး ကဏ္ဍတခုလို့ သတ်မှတ်ထားပါတယ်။ တတိယအချက်ကတော့ ရန်ကုန်မြို့က စီးပွားရေးမြို့တော်ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ ဖွံ့ဖြိုးရေးအတွက် ဦးစားပေးပြီး လုပ်နေပါတယ်။
ဒါပေမယ့် အဲဒီသုံးချက်မကဘဲ ကျနော်တို့က ကဏ္ဍအကုန်လုံးကို ကူညီပေးနေပါတယ်။ ဆင်းရဲမှု ပပျောက်ရေး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးကဏ္ဍ ပညာရေးကဏ္ဍ အဲဒါတွေကို ကျနော်တို့ အကူအညီပေးနေပါ တယ်။ NLD အစိုးရဲ့ ဒုတိသက်တမ်းမှာလည်း အဲဒီကဏ္ဍသုံးခုကို ဦးစားပေးပါမယ်။ ဒါပေမယ့် မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကဏ္ဍအကုန်လုံးမှာ ဂျပန်အစိုးရ အနေနဲ့ အကုန်ပါဝင်ပူးပေါင်းပြီးတော့ ဆောင်ရွက်ပါမယ်။
မေး။ ။ မဟာဗျုဟာကျတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ဂျပန်အစိုးရက G to G ပါဝင်ဖို့ ကမ်းလှမ်း ထားတယ်လို့ ကြားပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းကို ဂျပန်နိုင်ငံက တရားဝင်အစိုးရချင်း ဆောင်ရွက်နိုင်မယ် ဆိုရင် စီမံကိန်းကို ဘယ်အချိန်မှာများ အကောင်အထည်ဖော်နိုင်မလဲ သိချင်ပါတယ်။
ဖြေ။ ။ လောလောဆယ် မြန်မာမှာ အထူးစီးပွားရေးဇုန်ဆိုတာ သုံးခုရှိပါတယ်၊ အဲဒီ သုံးခုမှာ အောင်မြင်စွာ အကောင်အထည်ဖော် နေတာကတော့ သီလဝါ အထူးစီးပွားရေးဇုန် ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ဆက်ပြီး သီလဝါစီးပွားရေးဇုန် ပိုပြီးတော့ အောင်မြင်အောင် ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးပြီးတော့ လုပ်မယ်ဆိုတာက ဂျပန် အစိုးရရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။
ပြီးတော့ ထားဝယ်စီမံကိန်းကိုလည်း အရင် အစိုးရလက်ထက်တည်းက သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာရော အဲဒီ ထားဝယ်အထူးစီးပွားရေးဇုန်ကို အင်မတန်မှ စိတ်ဝင်စားပါတယ်။ မြန်မာအစိုးရ အနေနဲ့ အဲဒါကို ဦးစားပေးပြီး ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ ကြားရပါတယ်။
ဒါကြောင့် ကျနော်တို့ကလည်း အခု မြန်မာအစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ဆွေးနွေးနေပါတယ်။ ထားဝယ် အထူးစီးပွားရေးဇုန်ကတော့ နှစ်ခုရှိတယ်။
ရေနက်ဆ်ိပ်ကမ်းနဲ့ စီးပွားဇုန်တို့ ဖြစ်ပါတယ်။ အဲဒီနှစ်ခုစလုံးကို ဂျပန်အစိုးရ အနေနဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ပေါင်းပြီး မြန်မာအစိုးရနဲ့ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ထားတာ အပြောင်းအလဲ မရှိပါဘူး။
ရေနက်ဆိပ်ကမ်းနဲ့ စီးပွားဇုန်တို့ ဖြစ်ပါတယ်။ အဲဒီနှစ်ခုစလုံးကို ဂျပန်အစိုးရ အနေနဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ပေါင်းပြီး မြန်မာအစိုးရနဲ့ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ထားတာ အပြောင်းအလဲ မရှိပါဘူး။
အဲဒီအတိုင်းပဲ ဆက်လက်ဆောင်ရွက်ပါမယ်။ အခု ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး အခုလေ့လာရေး လုပ်နေပါတယ်။ လေ့လာရေးပြီးရင် လေ့လာရေးရလဒ်အပေါ် မူတည်ပြီး မြန်မာအစိုးရက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စကားပြောပြီး၊ ဘယ်လိုပုံစံမျိုးနဲ့ အကောင်အထည် ဖော်မလဲ။
ဥပမာ ရေနက်ဆိပ်ကမ်းဆောက်မယ်ဆိုရင် ကျနော်တို့ ဂျပန်အစိုးရက ပိုက်ဆံ ODA တို့ အသုံးပြုမှာလား၊ တခြား Finance ကို အသုံးပြုမှာလား ဆိုတာတွေကို မြန်မာအစိုးရနဲ့ ဆွေးနွေးသွားပါမယ်။
မေး။ ။ လက်ရှိအစိုးရက စီးပွားရေးနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်၊ ဒါပေမယ့် အစောပိုင်းမှာ ရခိုင်ကိစ္စကြောင့် ထင်သလောက် ရင်းနှီးမြုပ်နှံမှုတွေ မရခဲ့ဘူး။ အခု ကိုဗစ်ကြောင့်ပါ ပိုပြီး ထိခိုက်တယ်။ လာမယ့် အစိုးရသက်တမ်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ပိုရဖို့ ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်မလဲ။
ဖြေ။ ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလားအလာကောင်းတယ်လို့ မျှော်လင့်နေတာ ရှိပါတယ်။ အဲဒါက သုံးခု ရှိပါတယ်။ ပထမအချက်ကတော့ NLD အစိုးရက စပြီး တာဝန်ယူတာက ၂၀၁၆ ခုနှစ် သုံးလပိုင်း လကုန်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ငါးနှစ်သက်တမ်းမှာ လုံလုံလောက်လောက် အတွေ့အကြုံရနေပြီလို့ ကျနော်ထင်ပါတယ်။
အဲဒီ ငါးနှစ်မှာရတဲ့ အတွေ့အကြုံပေါ် မူတည်ပြီး နောက်လာမယ့် ၅ နှစ်မှာ ပိုပြီးတော့ တည်တည်ငြိမ်ငြိမ် ထိထိရောက်ရောက် အလုပ်လုပ်နိုင်မယ်လို့ ကျနော် မျှော်လင့် ယုံကြည်ပါတယ်။
ဒုတိယအချက်ကတော့ နိုင်ငံတကာ ဆက်ဆံရေးက ကောင်းဖို့လိုပါတယ်။ ကျနော်တို့ မြန်မာအစိုးရက စီးပွားရေး၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်မယ်ဆိုရင် အိမ်နီးနားချင်းနိုင်ငံ သာမကဘဲ နိုင်ငံတကာဆက်ဆံမှု တကမ္ဘာလုံးနဲ့ ဆက်ဆံရေးကောင်းဖို့ လိုပါတယ်။ အရေးကြီးပါတယ်။ အဲဒါကလည်း တတိယ အချက်နဲ့ ချိတ်ဆက်နေပါတယ်။
အခုမေးတဲ့အထဲမှာ ရခိုင်ကိစ္စကြောင့် ဆိုတာလည်း ပါတယ်။
ရခိုင်ကိစ္စကြောင့် ရင်းနှီးမြုပ်နှံမှုက မျှော်လင့်သလောက် မလာဘူးဆိုတာ မှန်ပါတယ်။ မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်ချင်တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေချင်တယ်ဆိုရင် နိုင်ငံတကာဆက်ဆံမှုက အရေးကြီးပါတယ်။
ရခိုင်ကိစ္စကြောင့် ရင်းနှီးမြုပ်နှံမှုက မျှော်လင့်သလောက် မလာဘူးဆိုတာ မှန်ပါတယ်။ မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်ချင်တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေချင်တယ်ဆိုရင် နိုင်ငံတကာဆက်ဆံမှုက အရေးကြီးပါတယ်။
နိုင်ငံတကာဆက်ဆံမှုကို သြဇာသက်ရောက်နေတာကတော့ ရခိုင်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ကိစ္စကို တဆင့်ပြီးတဆင့် ကောင်းတဲ့ဘက်ကို သွားနိုင်အောင် လုပ်တယ်ဆိုရင် နိုင်ငံခြားဆက်ဆံမှုလည်း အကောင်းဘက်ကို သွားနိုင်ပါတယ်။
အဲဒီ အကောင်းဘက်ကို သွားမယ်ဆိုရင် နိုင်ငံခြားဆက်ဆံရေးအပေါ် မူတည်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပိုပြီး ဝင်လာမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဂျပန်အစိုးရက မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတကာ ဆက်ဆံမှု ကောင်းစေဖို့ ရခိုင်ပြည်နယ်ကိစ္စကို အကောင်းဘက်ကို သွားနိုင်အောင် ကျနော်တို့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားပါမယ်။
မေး။ ။ သံအမတ်ကြီးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာမျိုး ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့က မြန်မာပြည်သူလူထုကို အင်မတန်မှ လေးစားပါတယ်။ ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို COVID- 19 အခက်အခဲရှိတဲ့ အချိန်မှာ ဒီလို ငြိမ်းချမ်းစွာ အောင်မြင်စွာ ရွေးကောက်ပွဲကို ကျင်းပန်ိုင်ခဲ့ပါတယ်။ အဲဒါက တပ်မတော်ရော အစိုးရရော နိုင်ငံရေးပါတီတွေရော ကြိုးစားမှုကြောင့်ပါ။
ဒါပေမယ့် အဓိက ကြိုးစားတာကတော့ မြန်မာပြည်သူလူထုဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် မျက်စိနဲ့ မနက်စောစောမှာ မဲရုံမဖွင့်ခင် တန်းစီနေတဲ့ ပြည်သူတွေကို တွေ့ခဲ့ပါတယ်။ အင်မတန်မှ လေးစားဖို့ကောင်းတဲ့ အကျင့်ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီပုဂ္ဂိုလ်များ ပြည်သူလူထုများရှိတဲ့ နိုင်ငံက မြန်မာနိုင်ငံဆိုရင် အနာဂတ် နိုင်ငံရေး စီးပွားရေး လူမူရေး အကုန်လုံး အောင်မြင်ဖို့ သေချာပါတယ်လို့ ကျနော် ယုံကြည်ပါတယ်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်
အာဏာရ NLD ပါတီရဲ့ အစိုးရ အဖွဲ့သစ်မှာ ဘယ်သူတွေ ပါမှာလဲ
အမေရိကန်နှင့် မြန်မာတို့၏ ရွေးကောက်ပွဲ ဇာတ်လမ်း