ရွေးကောက်ပွဲကော်မရှင်ကို စိတ်ပျက်တယ်ဆိုတဲ့ ဆာဆာကာဝါ

နန်းလွင်
ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါယိုဟီ / ဧရာဝတီ

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါယိုဟီအိ Sasakawa Yohei ဟာ နိုဝင်ဘာ ၈ ရက်နေ့က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေး ကောက်ပွဲကို လာရောက်စောင့်ကြည့် လေ့လာခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ် တချို့ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တာကြောင့် အဲဒီနေရာတွေမှာ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှု အားနည်းသွားချိန်မှာ တပ်မတော်နဲ့ ရက္ခိုင့် စစ်တပ်တို့ကြားမှာ ယာယီ အပစ်ရပ်သွားအောင် အဓိက ညှိနှိုင်းပေးခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်လာပြီး ရခိုင်ပြည်နယ်က မြို့ နယ် ၂ ခုကို သွားရောက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း ရခိုင်ဒေသခံများ၊ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများ၊ ရခိုင် အခြေစိုက်ပါတီက ဦးဆောင်သူများကို သွားရောက်တွေ့ ဆုံခဲ့ပါတယ်။

ဒါ့အပြင် နေပြည်တော်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းတို့နဲ့ပါ တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ဖို့ ဆွေးနွေး ညှိနှိုင်း ခဲ့တယ်လို့ သိရပါတယ်။

ဒီလို အခြေအနေမှာ ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက်နန်းလွင်က ဆာဆာကာဝါနဲ့ သွားရောက် တွေ့ ဆုံပြီး ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပနိုင်ရေး အခြေအနေ၊ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး အခြေအနေ၊ တပ် မတော်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဆက်ဆံရေးနဲ့ မြန်မာပြည်မှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍတွေ အကြောင်းကို မေးမြန်းထားပါတယ်။

မေး ။ ။ တလတာကာလအတွင်းမှာ မြန်မာန်ိုင်ငံကို ဒုတိယအကြိမ်မြောက် လာရောက်ရခြင်းရဲ့ အဓိက ရည်ရွယ် ချက်ကို သိချင်ပါတယ်။

ဖြေ ။ ။ ကျနော်က ဆိုလို့ရှိရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဂျပန်နိုင်ငံ ကိုယ်စားပြု ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ ခေါင်းဆောင် တယောက်အနေနဲ့ မြန်မာနိုင်ငံကို ၁၁ လပိုင်း ၆ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အခုတကြိမ် ဒီတခေါက် လာရတဲ့ အကြောင်းအရင်းဟာဆိုရင် ရွေးကောက်ပွဲ ကျင်းပခြင်း မရှိခဲ့တဲ့ ရခိုင်ဒေသနဲ့ ရှမ်းဒေသ တချို့ရှိတယ်လို့ ကြားသိရတဲ့အတွက် ရွေးကောက်ပွဲ ပြုလုပ်ခြင်း မရှိတဲ့ ဒေသတွေကို ကိုယ်တိုင် ကိုယ်ကျလေ့လာဖို့အတွက် လာခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ဒေသကို ကိုယ်တိုင်သွားပြီး ဒေသခံလူထုတွေနဲ့ တွေ့ဆုံ မေးမြန်းတဲ့အခါမှာ ဒေသခံလူထုတွေက ရခိုင်ဒေသ၊ ရခိုင်ပြည်နယ်ကို အထီးကျန်ဆန်သွားတာတွေ၊ ခွဲခြားခံထားရတဲ့ဆိုတဲ့ စိတ်ခံစားမှုတွေကို မခံစားစေချင်ပါဘူး။

သူတို့ပြောတာ ဆိုရင် ဒေသခံလူထုကိုယ်စား သူတို့ရဲ့ အသံတွေကို နေပြည်တော်ကို ရောက်အောင်ပို့ဆောင်ပေးမယ့် ကိုယ်စားလှယ်တွေကို လိုအပ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ပြုလုပ်ပေးစေလိုပါတယ်လို့ ပြောပါတယ်။

အဲဒါကြောင့် ရွေးကောက်ပွဲကို ကျင်းပစေချင်ပါတယ်လို့ ဒေသခံလူထုတွေက ပြောကြားခဲ့ပါတယ်။

သူတို့ပြောတာ ဆိုရင် ဒေသခံလူထုကိုယ်စား သူတို့ရဲ့ အသံတွေကို နေပြည်တော်ကို ရောက်အောင်ပို့ဆောင်ပေးမယ့် ကိုယ်စားလှယ်တွေကို လိုအပ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ပြုလုပ်ပေးစေလိုပါတယ်လို့ ပြောပါတယ်။

ရခိုင်ကို သွားလေ့လာဖို့အတွက် ပြုလုပ်တဲ့အချိန်မှာ ကိုဗစ် – 19 ဖြစ်တဲ့အတွက် Lockdown ဖြစ်တဲ့ ကာလမှာ ခရီးသွားလာရေးက အခက်အခဲ ရှိခဲ့ပါတယ်။ အဲဒီအတွက် ကျနော်ဟာဆိုလို့ရှိရင် တပ်မတော်ကို အကူအညီ တောင်းပြီး သွားခဲ့ပါတယ်။ သွားတဲ့နေရာမှာ မြို့ နယ် ၂ ခုကို ရွေးချယ်ပြီး သွားခဲ့ပါတယ်။ မြို့ နယ် ၂ ခုထဲက တခုဟာဆိုလို့ ရှိရင် တိုက်ပွဲ ဖြစ်ပွားတဲ့အကြိမ် အရေအတွက်များပြားတဲ့ ကျောက်တော် ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင် မြို့ ကို သွားခဲ့ပါတယ်။ ဒီမြို့ နယ် ၂ ခုကို သွားပြီး လေ့လာ ခဲ့ပါတယ်။ သွားပြီးလေ့လာတာဆိုရင် ရွေးချယ်ပြီး တွေ့ဆုံခဲ့တာ မဟုတ်ပါဘူး။ မြို့ထဲမှာရှိတဲ့ တွေ့တဲ့သူတွေကို လိုက်ပြီး မေးမြန်းခဲ့ပါတယ်။ အဲမေးမြန်းတဲ့ အချိန်မှာဆိုရင် သက်ကြီးရွယ်အိုလည်း ပါတယ်။ လူငယ်တွေလည်း ပါတယ်။ အမျိုးသမီးတွေလည်း ပါတယ်။ အမျိုးသားကလေးတွေလည်း ပါပါတယ်။ သွားမေးတဲ့ နေရာမှာဆိုရင်လည်း ဈေးဆိုင် တွေ ဖြစ်မယ်။ ဆိုင်ရှင်တွေဖြစ်မယ်၊ ဆိုင်ဝန်ထမ်းတွေ ဖြစ်မယ်။ ကားနဲ့ သွားလာနေတဲ့သူတွေလည်း ဖြစ်မယ်။ သူတို့ ကို အကုန် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းတဲ့အချိန်မှာ သူတို့ ပြန်ဖြေကျတာဆိုရင် တပ်မတော်နဲ့ AA ကနေပြီး ထုတ်ပြန်ချက် ထုတ်ပြီးနောက်မှာ တိုက်ပွဲတွေတကြိမ် တခါမှ မရှိတော့ဘူး။

အဲဒါကြောင့် သူတို့ဒေသဟာဆိုရင် အရမ်းကို ငြိမ်းချမ်းနေပါတယ်။ ဖြေကြားခဲ့ပါတယ်။ သူတို့ မျက်နှာတွေကို ကြည့် လိုက်ရင် အရမ်းကို ပြုံးရွှင်ပျော်ရွှင်နေတာတွေ့ရလို့ ကျနော် ကိုယ်တိုင်လည်း အရမ်းကို အံ့သြသွားခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် ကျနော် သွားလေ့လာတဲ့အချိန်မှာ ဒေသခံလူထုက စိုးရိမ်မှုတွေ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေမယ်လို့ ထင်ခဲ့ပါတယ်။

ဈေးရောင်းတဲ့သူတွေကို မေးလိုက်တဲ့ အချိန်ကျတော့ တိုက်ပွဲတွေမရှိတော့တဲ့အတွက် ဈေးရောင်းအား ပြန်ပြီး ကောင်းမွန်လာပါပြီလို့ ပြန်ဖြေကြပါတယ်။ တချို့ စစ်ဘေးရှောင်တွေဆိုရင် သူတို့ရဲ့ ရွာကို ပြန်သွားတဲ့ သူတွေ လည်း ရှိတယ်ဆိုတာ ကြားသိရပါတယ်။

သို့သော်လည်း သူတို့ မျက်နှာတွေက အရမ်းကို ပျော်ရွှင်နေတာကြောင့် ကျနော်ကိုယ်တိုင်လည်း အရမ်းကို အံ့သြသွားခဲ့ပါတယ်။

ဈေးရောင်းတဲ့သူတွေကို မေးလိုက်တဲ့ အချိန်ကျတော့ တိုက်ပွဲတွေမရှိတော့တဲ့အတွက် ဈေးရောင်းအား ပြန်ပြီး ကောင်းမွန်လာပါပြီလို့ ပြန်ဖြေကြပါတယ်။ တချို့ စစ်ဘေးရှောင်တွေဆိုရင် သူတို့ရဲ့ ရွာကို ပြန်သွားတဲ့ သူတွေ လည်း ရှိတယ်ဆိုတာ ကြားသိရပါတယ်။

သူတို့ အနေနဲ့ကတော့ ဒေသခံလူထုက ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ပေးစေလိုပါတယ်။ သူတို့ရဲ့ အသံတွေကို နေ ပြည်တော်ကိုရောက်အောင်ပို့ပေးမယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်ချင်ပါတယ်လို့ ကျနော်တို့ တွေ့သမျှ လူမေး သမျှ လူအားလုံးက အဲဒီလို ဖြေကြားခဲ့ပါတယ်။

မေး ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ရော ဘာတွေဆွေးနွေးခဲ့ပါသလဲ။

ဖြေ ။ ။ ၁၂ လပိုင်း ၂ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို သွားရောက်ပြီး ကော်မရှင် ဥက္ကဌ ဦးလှသိန်းနဲ့ သွားပြီးတော့ ကျနော်ရဲ့ လေ့လာမှုတွေကို သွားပြီး တင်ပြခဲ့ပါတယ်။ ကျနော် သူ့ကို တင်ပြတဲ့ အချိန်မှာ ဆိုရင် ၁၁ လပိုင်း ၆ ရက်နေ့မှာ ကျနော်နဲ့ သူနဲ့ တွေ့တုန်းက အခုအကြိမ် ရွေးကောက်ပွဲ ကျင်းပခြင်း မရှိခဲ့တဲ့ ဒေသ တွေမှာ လုံခြုံတဲ့ အခြေအနေ ပြန်ကောင်းလာပြီး ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်တဲ့ အခြေအနေရှိလာပြီဆိုရင် ရွေးကောက်ပွဲပြန်ပြီး ကျင်းပပါမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဥက္ကဌ အဲဒီလို ပြောကြားခဲ့တဲ့အတွက် ကျနော်ကိုယ်တိုင် လက်တွေ့ လာပြီးတော့ လာလေ့လာတာ ဖြစ်ပါတယ်။ ကျနော်ရဲ့ လေ့လာချက်အရ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲ ကျင်းပလို့ ရပါတယ်။ ဒေသခံတွေဟာဆိုရင် ရွေး ကောက်ပွဲ မပြုလုပ်တဲ့အတွက်ရခိုင်ဒေသတစ်ခုထဲ အထီးကျန် ကျန်ရစ်ခဲ့မှာ သူတို့ စိုးရိမ်နေကြပါတယ်။ အဲဒါ ကြောင့်မိုလို့ ရွေးကောက်ပွဲ ကျင်းပန်ိုင်တဲ့ အနေအထားရှိတာကြောင့် ရွေးကောက်ပွဲ လုပ်ပေးပါဆိုပြီး ကျနော်ရဲ့ လေ့လာမှုတွေကို တင်ပြပြီး ရွေးကောက်ပွဲ ကျင်းပဖို့ အတွက်ကို မေတ္တာရပ်ခံခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ခွဲကလည်း ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် သူတို့ အနေနဲ့က အဆင်သင့် ဖြစ်ပါတယ်။ မဲပုံးတွေက အဆင်သင့် ဖြစ်ပါတယ်။ ရွေးကောက်ပွဲသာ လုပ်မယ်ဆိုလိုရှိရင် အကုန်အဆင့်သင့်ပါလို့ ပြန်ပြီး ဖြေကြားခဲ့တယ် ဆိုတာကို အားလုံးသိကြမယ်လို့ ထင်ပါတယ်။ အဲလို ဖြေကြားခဲ့တာလည်း အမှန်တရားပါပဲ။

ဒီရွေးကောက်ပွဲ ပြုလုပ်ကျင်းပလို့ ဖြစ်တဲ့ အခြေအနေမှာရှိတယ်ဆိုတာကို ကျနော် ကိုယ်တိုင် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် ဥက္ကဌကို တင်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ဘယ်လိုပြန်ပြောခဲ့သလဲဆိုရင် ရွေးကောက်ပွဲ ပြုလုပ်ကျင်းပခြင်း မရှိခဲ့တာဟာဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အကြံ ပြုချက်ကြောင့် ကျင်းပခြင်း မရှိတာပါလို့ ပြန်ဖြေခဲ့ပါတယ်။ ကျနော်တို့က သူ့ကို ပြန်ပြောလိုက်ပါတယ်။

အဲဒီအတွက်ကြောင့်မို့ ဒီရွေးကောက်ပွဲကို ပြုလုပ်မယ်ဆိုရင် ပြုလုပ်လို့ရတဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲ ကျင်းပဖို့ စဉ်းစားပေးစေချင်လို့ တင်ပြခဲ့ပါတယ်။ သို့သော်လည်းပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဖြေပြန်မရခဲ့ပါဘူး။

အခုက အခြေအနေက ပြောင်းလဲသွားပြီ။ ကျနော် ကိုယ်တိုင်လည်း အဲဒီဒေသကို ကိုယ်တိုင်သွားပြီး ကြည့်ရှု လေ့လာပြီး စကားပြော နားထောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအတွက်ကြောင့်မို့ ဒီရွေးကောက်ပွဲကို ပြုလုပ်မယ်ဆိုရင် ပြုလုပ်လို့ရတဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲ ကျင်းပဖို့ စဉ်းစားပေးစေချင်လို့ တင်ပြခဲ့ပါတယ်။ သို့သော်လည်းပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဖြေပြန်မရခဲ့ပါဘူး။

အဖြေပြန်မရခဲ့တဲ့အပြင် မနေ့က ရွေးကောက်ပွဲကော်မရှင်က သတင်းစာမှာ သတင်းဖော်ပြတာ တွေ့ရပါတယ်။ အဲဒီသတင်းဖော်ပြတဲ့အထဲမှာ ကျနော်က ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးမှ ကျနော် လေ့လာတဲ့ အခြေအနေတွေကို အသေးစိတ် တင်ပြခဲ့တယ်။ တင်ပြပြီးတော့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ကို တောင်းဆိုတာတွေ မေတ္တာရပ်ခံခဲ့တာ တွေ လုံး၀ မပါဘဲနဲ့ ဖော်ပြခြင်း မရှိခဲ့ပါဘူး။ ဒီအပေါ်မှာ အင်မတန်မှ စိတ်ပျက်မိပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိ ပါတယ်။

မစ္စတာ ဆာဆာကာဝါယိုဟီက ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်၏ မေးခွန်းများကို ဖြေကြားစဉ်/ဧရာဝတီ

ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ လုပ်လို့ ရတယ်လို့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းတွေက ကြေညာထားတာ ရှိပါတယ်။ လုပ်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တွေက မကန့်ကွက်ပါဘူး။ မနှောင့်ယှက်ပါဘူး။ ပြောထားတာ ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တရပ်ကို ၁၀၀ ရာခိုင်နူန်း ပြီးမြောက်စေချင်တယ်ဆိုရင် ရခိုင်ဒေသနဲ့ ရှမ်းဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပခြင်း အားဖြင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ၁၀၀ ရာခိုင်နှုန်း အဖြစ် ပြီးပြည့်စုံလိမ့်မယ်လို့ ကျနာ် ထင်ပါတယ်။

န်ိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ဖို့ အတွက်ဆိုရင် ရွေး ကောက်ပွဲက အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲပြန်ပြီး ကျင်းပခြင်းအားဖြင့် ပြည်သူတွေရဲ့ အသံကို ပိုပြီး ကြားရနိုင်တယ်။ ရွေးကောက်ပွဲဟာဆိုရင် ဒီမိုကရေစီလမ်းစဉ်အတွက်ကို အင်မတန် အရေးကြီးတဲ့ လုပ်ငန်းစဉ် တရပ်လို့ ထင်ပါတယ်။ ဒီမိုကရေစီ အခြေခံတဲ့ ရွေးကောက်ပွဲ တရပ်ကို ရှမ်းဒေသနဲ့ ရခိုင်ဒေသတွေမှာ ပြုလုပ်ခြင်းအားဖြင့် ပြည်သူတွေရဲ့အသံကို အများကြီး ပိုပြီး နားထောင်ခြင်းအားဖြင့် ဒီမိုကရေစီဟာဆိုရင်ရှေ့ကို တလှမ်း တိုးတက်သွားနိုင်မယ်လို့ ထင်ပါတယ်။

မေး ။ ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂ်ိုလ်နဲ့ တွေ့ဆုံခဲ့တဲ့ အချိန်မှာရော ဘာတွေဆွေးနွေးခဲ့ပါသလဲ။

ဖြေ ။ ။ ၁၁ လပိုင်း ၆ရက်နေ့က ဂျပန်နိုင်ငံကိုယ်စားပြု ရွေးကောက်ပွဲ လေ့လာရေး ကိုယ်စားလှယ် ခေါင်းဆောင် အနေနဲ့ တွေ့ဆုံခဲ့တုန်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက လုံခြုံရေး အခြေအနေ ကောင်းလာပြီ ဆိုရင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ပြုလုပ်သွားပါမယ်ဆိုပြီး ဖြေကြားခဲ့တယ်။ ဒါကြောင့် ဒီတကြိမ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မရှိတဲ့ ရခိုင်ဒေသကို သွားပြီးတော့ ကိုယ်တိုင် ကိုယ်ကျ မျက်စေ့နဲ့ တပ်အပ်တွေ့ မြင်ခဲ့တာတွေကို အကြောင်းအရာတွေကို တင်ပြခဲ့ပါတယ်။

AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ မရှိတဲ့အတွက် ပြုံးပျော်နေကြတာတွေ ပြည်သူတွေ နေရပ်ပြန်ကြတာတွေ၊ အေး ချမ်းတဲ့ရက်တွေ ရှိနေတယ်ဆိုတာကို တင်ပြခဲ့ပါတယ်။ တွေ့သမျှလူတွေက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေး စေလိုပါတယ် ဆိုပြီး အကုန်လုံးက ပြန်ဖြေခဲ့ပါတယ်။ သူတို့ အကုန်လုံးက ရွေးကောက်ပွဲသူတို့ ဒေသမှာ ပြန်ကျင်းပ ပေးဖို့ မျှော်လင့် စောင့်စားနေတယ် ဆိုတာတွေကို တင်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့ ဒေသက လူတွေဟာသူတို့ အရမ်းအထီးကျန်ဆန်သွားမလား၊သူတို့ရဲ့ အိမ်မက်တွေ များ ပျောက်ကွယ်သွားတော့မလားဆိုပြီး စိုးရိမ်မှုပန်မှုတွေ အရမ်းရှိတာတွေကို တွေ့ ခဲ့ရပါတယ်။

ရခိုင်ပြည်သူတွေ အထီးကျန်ဆန်တာတွေ မဖြစ်စေဖို့အတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးအနေနဲ့ ရခိုင် ဒေသခံတွေအတွက် ကြိုးစားပြီးတော့ ကူညီပံ့ပိုးပေးစေလိုပါတယ်လို့ ကျနော် တင်ပြခဲ့ပါတယ်။

ရခိုင်ပြည်သူတွေ အထီးကျန်ဆန်တာတွေ မဖြစ်စေဖို့အတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးအနေနဲ့ ရခိုင် ဒေသခံတွေအတွက် ကြိုးစားပြီးတော့ ကူညီပံ့ပိုးပေးစေလိုပါတယ်လို့ ကျနော် တင်ပြခဲ့ပါတယ်။

နောက်တချက်က AA ရဲ့ ထ်ိန်းချုပ်ခြင်း ခံထားရတဲ့ NLD အမတ်လောင်း ၃ ယောက် ထိန်းသိမ်းခံထားရတာနဲ့ ပတ် သက်ပြီး အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျနော်လည်း အရမ်းကို စိတ်မကောင်း ပါဘူးလို့ ပြောခဲ့ပါတယ်။ ကျနော်မှာ အင်အားတော့ သိပ်မရှိပါဘူး။ သို့သော်လည်းပဲ ဒီ ၃ ယောက် ပြန်လည် လွတ် မြောက်လာနိုင်ဖို့အတွက် ကျနော် အစွမ်းကို ကျွန်တော်ရဲ့ ချွေးမြေကျတဲ့အထိ အစွမ်းကုန် ကြိုးစားမယ်လို့ ပြောခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ မနေ့က ၁၂ လပိုင်း ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြခဲ့တာ တွေ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ဘာမှ အခက်အခဲ ပြဿနာ မရှိပါဘူးလို့ တင်ပြပါတယ်။ ရွေးကောက်ပွဲပြုလုပ် ကျင်းပဖို့ အဆင်သင့် ရှိနေတယ်ဆိုတာကို ဒေသမှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေ ပြောကြားခဲ့တယ် ဆိုတာ ကို ကျနာ် UEC ဥက္ကဌကို ပြောကြားခဲ့ပြီးပါပြီ။

အဲဒီအတွက် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးစေလိုပါတယ်ဆိုတဲ့ ကျနော် ကိုယ်တိုင်ကြားသိခဲ့ရတဲ့ ဒေသခံ လူထုတွေရဲ့ အသံဆန္ဒကို ကျနော် သူ့ကို တင်ပြပြီးတော့ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ကျင်းပပေးဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် ရှင်းလင်းတင်ပြတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်ရဲ့ တွေ့ မြင်ချက်အရ ပြောရမယ်ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာဆိုရင် ရွေးကောက်ပွဲပြုလုပ်ကျင်းပချင်တဲ့ စိတ်မရှိဘူးဆိုတာ ကျနော် တွေ့ရှိရပါတယ်။ ဒီအပေါ်မှာ ကျနော် အရမ်းကို စိတ်ပျက်မိတယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်လို့ ပြောခဲ့တယ်။

ထပ်ပြီး တင်ပြခဲ့တာကတော့ ကျနော်က ဂျပန်နိုင်ငံအစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိုယ်စားလှယ် ဖြစ်တဲ့ အတွက် ကျနော် အနေနဲ့ ရှေ့ဆက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုကို ရယူပြီးတော့မှ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် နောက်ကွယ်နေပဲဖြစ်ဖြစ် ကျနော်အနေနဲ့ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်လိုတယ်လို့ တင်ပြခဲ့ ပါတယ်။

နောက်တချက် တင်ပြခဲ့တာတော့ ပြီးခဲ့တဲ့ အကြိမ်တုန်းက အတိုင်ပင်ခံနဲ့ လာရောက် တွေ့ဆုံချိန်က အခု ဖြစ်နေတဲ့ ပြည်တွင်းပြသာနာတွေဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပြသာနာ ဖြစ်တာကြောင့် မြန်မာနိုင်ငံအစိုးရ မြန်မာပြည်သူတွေ ဒီပြဿနာကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ဝင်ရောက်ပြောဆိုရမယ့်ကိစ္စတွေ မဟုတ်ဘူးလို့ပါ။

ပြောချင်ကတော ကိုယ့်နိုင်ငံ၊ ကိုယ့်အစိုးရ၊ ကိုယ့်လူမျိုးက ဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်အစိုးရဲ့ငြိမ်းချမ်းရေး ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အခုချိန်ထိ ထိုင်းကိုသွားသွား လာလာလုပ်တာ အကြိမ်ပေါင်း ၁၃၀ ကျော် ရှိခဲ့ပါပြီ။

ပြောချင်ကတော ကိုယ့်နိုင်ငံ၊ ကိုယ့်အစိုးရ၊ ကိုယ့်လူမျိုးက ဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်အစိုးရဲ့ငြိမ်းချမ်းရေး ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အခုချိန်ထိ ထိုင်းကိုသွားသွား လာလာလုပ်တာ အကြိမ်ပေါင်း ၁၃၀ ကျော် ရှိခဲ့ပါပြီ။

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ အစိုးရနဲ့ တွေ့ဆုံပွဲတွေ လုပ်နိုင်အောင်ကြားထဲက ညှိနှိုင်းပေးတာတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီလိုမျိုး ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်တဲ့အချိန်မှာ ရှေ့ကိုပေါ်ပေါ်တင်တင် ထွက်ပြီး လုပ်တာ မဟုတ်ဘဲ ပြည်တွင်းရေး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူကပဲ ဦးဆောင်ဖြေရှင်းသင့်တာဖြစ်လို့ ကျနော် အနေနဲ့က ဘေး တစ်ဖက်တချက်ကနေပဲ ကူညီပံ့ပိုးတဲ့ ပုံစံနဲ့ပဲ ရှေ့ ဆက်ပြီး အစွမ်းကုန် ကြိုးစားသွားမယ်လို့ တင်ပြခဲ့ပါတယ်။

နောက်တချက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့တဲ့ အခေါက်မှာ ကျနော်နဲ့ တွေ့ဆုံချိန်က ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဒီထက်ကူညီမှုတွေ ပေးစေလိုတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ခရီးစဉ်အပြီး ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ကို တွေ့ဆုံခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဘောထားကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဂျပန်နိုင်ငံက ရှေ့ဆက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးကို တင်ပြရင်းနဲ့ ရခိုင်ပြည်ခရီးစဉ်မှာ ရခိုင်ပြည်သူလူထုကို ကူညီ ကယ်ဆယ်ပေး စေလိုပါတယ်လို့ မေတ္တာရပ်ခံခဲ့ပါတယ်။

မိနစ်၂၀ လောက် ရှင်းပြခဲ့ပါတယ်။ ရှင်းပြတဲ့ အချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်က အေးအေးဆေးဆေးပဲ နားထောင်ပါ တယ်။ ဒီအပေါ်မှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ဘာများပြောချင်ပါသလဲဆိုတော့ ပြန်ပြောတာကတော့ ဥက္ကဌကြီး အ ရမ်းပင်ပန်းသွားပြီ မဟုတ်လား၊ ဂျပန်နိုင်ငံကို ဘယ်တော့ ပြန်မှာလဲဆိုတာရယ် ဂျပန်နိုင်ငံကို ချောချောမွေ့မွေ့ နဲ့ ပြန်ရောက်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်လို့ရယ်။ ဆာဆာကာဝါ ဥက္ကဌကြီး အနေနဲ့ ဒီကိစ္စကို ရွေးကောက်ပွဲ ကော် မရှင်ကို တင်ပြပြီးပြီဖြစ်လို့ ကျမ အနေနဲ့ဘာမှ ထပ်ပြီး ပြောစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

မေး ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိကျတဲ့ အဖြေမရရှိဘူးလို့ သိရပါတယ်။ သူတို့ဘက်က ဘာ ကြောင့် ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဆန္ဒမရှိတာလဲ။ UEC ဆီက တိကျတဲ့ အဖြေမရတာက UEC ရဲ့ သဘောထား ကြောင့် မရတာလား။ ယူအီးစီးက ကိုယ်တိုင် မဆုံးဖြတ်နိုင်လို့လား။ ဘယ်လိုယူဆပါသလဲ။

ဖြေ ။ ။ ကျနော်မြင်တာကတော့ သူတို့မှာ ရွေးကောက်ပွဲ ကျင်းပလိုစိတ် မရှိဘူးဆိုတာ မြင်တာကို ပြောတာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အနေနဲ့ ဒီကိစ္စကိုပြောတယ် ထင်ပါတယ်။ နောက်ကွယ်က ကိစ္စတွေ ကို ကျနော် မသိပါဘူး။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အနေနဲ့ ပြောတယ်လို့ပဲ မြင်ပါတယ်။

မေး ။ ။ ရွေးကောက်ပွဲ ကော်မရှင်က သီးခြား အမှီခိုကင်းကင်းနဲ့ ရပ်တည်နေတယ်လို့ ယူဆပါသလား။

ဖြေ ။ ။ နိုင်ငံခြားသား တယောက်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို လွတ်လပ်တဲ့ ကော်မရှင်တရပ် အနေနဲ့ပဲ မြင်ပါတယ်။

မေး ။ ။ ရခိုင်ပြည်နယ်က ပြည်သူတွေ ရွေးကောက်ပွဲကို ပြန်ကျင်းပနေချင်တယ်။ တဖက်မှာလည်း UEC က ရွေးကောက်ပွဲ ကျင်းပလိုစိတ်မရှိဘူးလို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီက တိတိကျကျ အဖြေမရဘူး။ တကယ်လို့သာ ရခိုင်နဲ့ ရှမ်းမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် ပြည်သူက ရွေးကောက် တင်မြှောက်ထား တဲ့ ဒီမိုကရေစီအစိုးရရဲ့ ပုံရိပ်ကို ဘယ်လောက် ထိခိုက်မှု ရှိနိုင်သလဲ။

ဖြေ ။ ။ အကုန်လုံးလည်း သိကြမယ် ထင်ပါတယ်။ ရခိုင်ဒေသရဲ့ အရေးဟာ အင်မတန်မှာ ရှုပ်ထွေးတယ်။ ခက်ခဲ တယ်။ အခုအချိန်ဆိုရင် တပ်မတော်နဲ့ AA ဟာ အပစ်အခတ် ရပ်စဲထားပါတယ်။ ကျနော် ကိုယ်တိုင်လည်း အင်မတန်မှ အံ့သြခဲ့ပါတယ်။ အင်မတန်မှ အံ့သြဖို့ကောင်းတဲ့ အပစ်အခတ်ရပ်စဲမှုကို ဒီ ၂ ဖွဲ့ ကြားမှာ ပြုလုပ်ခဲ့တဲ့အပြင် ရွေး ကောက်ပွဲ ပြုလုပ်ဖို့အတွက် သူတို့ ၂ ဦး ၂ ဖက် ထုတ်ပြန်ထားတာရှိပါတယ်။

 ဒီရွေးကောက်ပွဲဟာဆိုရင် အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေးကို ဦးတည်သွားလိမ့်မယ်လို့ ထင်ပါတယ်။

ဒီရွေးကောက်ပွဲဟာဆိုရင် အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေးကို ဦးတည်သွားလိမ့်မယ်လို့ ထင်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပခြင်းအားဖြင့် အပစ်အခတ်ရပ်စဲနိုင်မယ့် ငြိမ်းချမ်းရေး ပြုလုပ်နိုင်မယ်ဆိုရင် NCA မှာ လက်မှတ် ရေးထိုးထားခြင်း မရှိတဲ့ အခြားအဖွဲ့ အစည်းတွေ အပါအဝင် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို အရမ်းကို ရှေ့ကိုတိုးတက်စေမယ့် ရွေးကောက်ပွဲတခု ဖြစ်လာမယ်လို့ ကျနော် ထင်ပါတယ်။

ဒါကြောင့်မို့ ဒီကြီးမားတဲ့ အခွင့်အရေးကောင်းကြီးတခုကို လက်လွတ်ဆုံးရူံး မခံသင့်ဘူးလို့ ထင်ပါတယ်။ ဒီဟာဆိုလို့ ရှိရင် အနာဂတ်မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ကြားထဲမှာ ငြိမ်းချမ်းရေးရရှိဖို့နဲ့ အပစ်အခတ်ရပ်စဲ ရေးရရှိဖို့ဆိုရင် ငြိမ်းချမ်းရေး ရရှိရေးအတွက် အင်မတန် အရေးကြီးတဲ့ အခွင့်အရေးတခု ဖြစ်တဲ့အတွက် ရှေ့ ဆက်ပြီး ဘယ်လို ဖြစ်မလဲဆိုတာကို စောင့်ကြည့်ချင်ပါတယ်။

ဒီ AA ဘက်ကဆိုရင် ၁၂ လပိုင်းအထိ ၃၀ ရက်နေ့အထိ တိုက်ပွဲကို ရပ်ထားတဲ့အတွက် ဒီဟာက အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီအခွင့်အရေးကောင်းကို ကောင်းကောင်း မွန်မွန် အသုံးချစေချင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပခြင်း အားဖြင့် ရွေးကောက်ပွဲကျင်းပခြင်းမရှိသေးတဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးဟာ ဆိုလို့ရှိရင် ရှေ့ဆက်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပခြင်းအားဖြင့် အပစ်အခတ် ရပ်စဲတာတွေ ငြိမ်းချမ်းရေးတွေ ရရှိသွားန်ိုင်မယ်လို့ ကျနော် ထင်ပါ တယ်။

ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်မှာလည်း ကောင်းမွန်တဲ့ အ ကျိုး သက်ရောက်မှုတွေ ရှိမယ်လို့ ထင်ပါတယ်။ ဒီရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ ရှေ့လာမယ့် ၅ နှစ် တင်မကဘူး။ လာမယ့် ဒီမြန်မာနိုင်ငံရဲ့အနာဂတ် ဆိုလိုချင်တာကတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ရရှိမယ်လို့ ကျနော် အနေနဲ့ အရမ်းမျှော်လင့်နေပါတယ်။

မေး ။ ။ ရခိုင်အမျိုးသားပါတီကရော ဘာတွေများ တောင်းဆိုတင်ပြပါသလဲ။

ဖြေ ။ ။ တွေ့ဆုံခဲ့တဲ့အချိန်မှာ ANP ကလည်း ဒေသခံတွေရဲ့ ဆန္ဒနဲ့ အတူတူပါပဲ။ ရခိုင်ဒေသ ရခိုင်ပြည်နယ်ကို ချန်ထားခြင်း အထီးကျန်စွာ ချန်ထားတာကို မခံချင်ကြောင်း ဖြေကြပါတယ်။

ရခိုင်ဒေသမှာ စားဝတ်နေရေး အခက်အခဲတွေ ဒုက္ခရောက်နေတဲ့ အနေအထားတွေ ရှိတာကို ကြားသိခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့် ဂျပန်အစိုးရ အနေနဲ့ မဟုတ်ဘဲ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ အရေးပေါ် စာနာထောက်ထားတဲ့ အကူအညီတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရခိုင်ဒေသမှာ စားဝတ်နေရေး အခက်အခဲတွေ ဒုက္ခရောက်နေတဲ့ အနေအထားတွေ ရှိတာကို ကြားသိခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့် ဂျပန်အစိုးရ အနေနဲ့ မဟုတ်ဘဲ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ အရေးပေါ် စာနာထောက်ထားတဲ့ အကူအညီတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ငွေပမာဏအနေနဲ့ အမေရိကန် ဒေါ်လာ ၂သိန်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အရေးပေါ် လူသားချင်း စာနာထောက်ထားတဲ့ ပံ့ပိုးမှု ပြုလုပ်တဲ့ အချိန်မှာ တပ်မတော်က သယ်ယူပို့ဆောင်ရေးကို တပ်မတော် လေယာဉ်နဲ့ သယ်ဆောင်ပေးမယ်လို့ ပြောထားပါတယ်။ ဒေသခံက လူတွေရဲ့ ညှိပြီးတော့ ဘယ်လိုမျိုး ထောက်ပံ့ ပစ္စည်းတွေကို ဘယ်ပုံစံနဲ့ ဘယ်လောက် ပြုလုပ်သွားမယ်ဆိုတာကို အသေးစိတ် ဆက်ပြီး ဆွေးနွေးခဲ့ ပါတယ်။

မေး ။ ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှုးကြီး မင်းအောင်လိူင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးကို ကောင်းမွန်တယ်လို့ မြင်ပါသလား။ လာမယ့်အစိုးရ လက်ထက်မှာရော တပ်မတော်နဲ့ ဆက်ဆံရေးက တိုးတက်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ကျနော် အနေနဲ့ သူတို့ နှစ်ယောက် ဆက်ဆံရေး အခြေအနေကို မသိပါဘူး။ သို့သော်လည်းပဲ မြန်မာ နိုင်ငံ မှာရှိတဲ့ ကျနော် မိတ်ဆွေတချို့ ဆီက ကြားသိရသလောက်ပြောရမယ်ဆိုရင် သူတို့ရဲ့ ဆက်ဆံရေးက နီးကပ်မှုက သိပ်မရှိဘူးလို့ ကြားသိထားပါတယ်။ သူတို့ နှစ်ယောက်ဆီကတော့ တိုက်ရိုက် ကြားသိရတာတော့ မဟုတ်ဘူး။

သို့သော်လည်းပဲ အစိုးရနဲ့ ဒီတပ်မတော်က ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူမူ စီပွားရေး အဆင်ပြေစေဖို့ အစိုးရနဲ့ တပ်မတော်ဟာ ပူးပေါင်းဆောင်ရွက်တာဟာ ကောင်းမွန်မယ်လို့ ထင်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီကရော နိုင်ငံတော် အတိုင်ပင်ခံကပါ သူတို့ ၂ ယောက်ဆက်ဆံရေး အခြေအနေကို တိုက်ရိုက်ကြားခဲ့ရတာ မရှိပါဘူး။ ကျနော်တို့လည်း မပြောဖြစ်ပါဘူး။

မေး ။ ။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ အချိန်မှာ တပ်မတော်ရဲ့ အခြေအနေတွေ တိုးတက်လာဖို့ ဂျပန်နိုင်ငံ အနေနဲ့ ကူညီဖို့ ဆွေးနွေးခဲ့တာမျိုး ရှိပါသလား။

ဖြေ ။ ။ ကျနော်တို့က တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။ နီပွန် ဖောင်ဒေးရှင်း အနေနဲ့ ပြု လုပ်နေတာ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ၈ လပိုင်းမှာဆိုရင် တပ်မတော် အဆင့်မြင့် အရာရှိတွေကို ဖိတ်ခေါ်ပြီးတော့ ဂျပန်နိုင်ငံ အစိုးရနဲ့ တပ်မတော်နဲ့ ဆက်ဆံရေး ကောင်းစေဖို့ တိုးတက်စေဖို့ လုံခြုံရေးအခန်းကဏ္ဍနှင့် ပတ်သတ်ပြီး ဂျပန်နိုင်ငံကို လေ့လာဖို့ ဖိတ်ခေါ်နေပါတယ်။

နှစ်စဉ်နှစ်တိုင်း ၈ လပိုင်းမှာဆိုရင် တပ်မတော် အဆင့်မြင့် အရာရှိတွေကို ဖိတ်ခေါ်ပြီးတော့ ဂျပန်နိုင်ငံ အစိုးရနဲ့ တပ်မတော်နဲ့ ဆက်ဆံရေး ကောင်းစေဖို့ တိုးတက်စေဖို့ လုံခြုံရေးအခန်းကဏ္ဍနှင့် ပတ်သတ်ပြီး ဂျပန်နိုင်ငံကို လေ့လာဖို့ ဖိတ်ခေါ်နေပါတယ်။

အခုအချိန်ထိ ၆ နှစ်ဆက်တိုက် ဆောင်ရွက်ပေးခံ့ပြီး ဖြစ်ပါတယ်။ ဒီနှစ်မှာ ကိုဗစ် – 19 ကြောင့် မဆောင်ရွက်နိုင်ပါဘူး။

ဆက်လက်ပြီးတော့လည်း ကျနော်တို့ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ တပ်မတော်တင် မဟုတ်ပါဘူး။ အုပ်ချုပ်ရေး အခန်း ကဏ္ဍမှာလည်း ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဌာနက ဝန်ထမ်းတွေကို ဂျပန်နိုင်ငံ မှာရှိတဲ့ International University of Japan မှာ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး သင်တန်းပို့ချပေးတာတွေ ဆောင်ရွက် လျက် ရှိပါတယ်။

ပြီးတော့ ထွေအုပ်က ညွှန်ချုပ်နှင့် အထက်ရှိတဲ့ အဆင့်မြင့် အရာရှိတွေကိုလည်း အုပ်ချုပ်ရေးနဲ့ ပတ်သတ်ပြီးတော့ သင်တန်းပို့ချတာတွေ ပြုလုပ်ပေးပါတယ်။ ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်ရေး စနစ်နဲ့ ပတ်သတ်ပြီးတော့ သင်တန်း ပို့ချတာတွေ လုပ်ပေးနေပါတယ်။

မေး ။ ။ ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက်အကြိမ် ၁၃၀ကျော် တွေ့ဆုံခဲ့တယ်လို့ သိရတယ်။ ပြီးတော့ ရက္ခိုင့်စ စ်တပ်နဲ့ ကိစ္စမှာလည်း တလနီးပါး လက်ရှိအချိန်အထိ တိုက်ပွဲမဖြစ်အောင် ကြားဝင်ညှိနိူင်းပေးနိုင်ခဲ့တယ်။ ဒီတော့ အနာဂတ် မြန်မာ့ငြိမ်းချမ်းရေးကဏ္ဍမှာ ဂျပန်အစိုးရနဲ့ မစ္စတာ Sasakawa အနေနဲ့ရော ဘယ်လို ပါဝင်သွားမလဲ။

ဖြေ ။ ။ ကျနော်ကို ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒတွေရှိလာမယ်ဆိုရင် ကျနော်က အသင့်တော်ဆုံး ပူးပေါင်း ဆောက်ရွက်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

မေး ။ ။ မြန်မာန်ိုင်ငံမှာ အချင်းချင်းဖြစ်ကြတဲ့ စစ်ပွဲတွေမှာ ပြည်ပ နိုင်ငံတခုက ညှိနိူင်းပေးလို့ ပြေလည်သွားတာက ရေရှည်မှာ ခိုင်မာတည်တံ့နိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ပြည်တွင်း ပြဿနာတွေ တိုက်ပွဲတွေ တခြားနိုင်ငံတွေမှာ အများကြီး ရှိပါတယ်။ သို့သော်လည်းပဲ တိုက်ပွဲ ရပ်တန့်ဖို့ဆိုရင် ဒီလိုရှိသင့်တယ်၊ ဒီလို လုပ်သင့်တယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ သီအိုရီဆန်တဲ့ သဘောတရား အခန်းကဏ္ဍတွေ အမြင်တွေကို ကျနော် လုံးဝ မထောက်ခံသလို လုပ်လည်း မလုပ်သင့်ဘူးလို့ ထင်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ရေရှည်တဲ့ သမိုင်းလည်း ရှိတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ လူမူဘ၀တွေကို မသိဘဲနဲ့ ကောင်းကောင်း နားမလည်ဘဲနဲ့ ဒီပါဝင်ပတ်သက်မှုတွေ လုပ်ဖို့ မသင့်ဘူးလို့ ထင်ပါတယ်။ အဲလို လုပ်ရင်လည်း အောင်မြင်မယ်လို့ မထင်ပါဘူး။

မြန်မာနိုင်ငံမှာဆိုရင် ရေရှည်တဲ့ သမိုင်းလည်း ရှိတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ လူမူဘ၀တွေကို မသိဘဲနဲ့ ကောင်းကောင်း နားမလည်ဘဲနဲ့ ဒီပါဝင်ပတ်သက်မှုတွေ လုပ်ဖို့ မသင့်ဘူးလို့ ထင်ပါတယ်။ အဲလို လုပ်ရင်လည်း အောင်မြင်မယ်လို့ မထင်ပါဘူး။

ခုနက ပြောတဲ့အတိုင်းပဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြဿနာကို မြန်မာနိုင်ငံက ပြည်သူ တွေကပဲ အဓိက ရှင်းရမယ့် ပြဿနာ ဖြစ်ပါတယ်။ ကျနော်အနေနဲ့ အကြံဉာဏ် လာတောင်းရင်တော့ ပေးသွားပါမယ်။ ကျနော် အနေနဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုတော့ ကျနော် မပြောပါဘူး။

မေး ။ ။ လာမယ့် အစိုးရသက်တမ်းမှာ ငြ်ိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘာများ မျှော်လင့်နိုင်မလဲ။

ဖြေ ။ ။ အစိုးရ သက်တမ်းအသစ်မှာ NLD အစိုးရက ပြီးခဲ့တဲ့ ၅ နှစ် ကာလ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး သူတို့ လုပ်ခဲ့တာ ဘာတွေကောင်းခဲ့သလဲ။ ဘယ်လိုလုပ်လို့ရှိရင် ပိုပြီး ကောင်းမယ်လို့ ထင်လဲဆိုတာကို Review ပြန်လုပ် သင့်တယ်လို့ ထင်ပါတယ်။

မေး ။ ။ လက်ရှိ ကော်မရှင်နဲ့ တွေ့ဆုံတာရော ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာရော ကွင်းဆင်းတဲ့ အခြေအနေ တွေ အားလုံးအရ သုံးသပ်ရင် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ကို ကျနော် မျှော်လင့်နေပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအနေနဲ့ ကြည့် မယ်ဆိုရင် အရင်းနှီးဆုံးသော မိတ်ဆွေနိုင်ငံတခု ဖြစ်ပါတယ်။ အသက် ၆ နှစ်တုန်းက ဒုတိယ ကမ္ဘာစစ်နဲ့ တွေ့ ကြုံခဲ့ ရပါတယ်။

ဒုတိယ ကမာ္ဘစစ်ပြီးတဲ့ ကာလတုန်းက ကျနော်အိမ်က မီးလောင်သွားတယ်။ စားနပ်ရိက္ခာ စားစရာ ဘာမှ မရှိခဲ့ပါဘူး။ အဲဒီလိုမျိုး စားစရာမရှိတဲ့ အချိန်မှာ မြန်မာန်ိုင်ငံက ပို့လာတဲ့ဆန်ကို စားပြီး ဒီနေ့ ကျနော် အသက်ရှင် နေနိုင်တာ ဖြစ်ပါတယ်။

ဒုတိယ ကမာ္ဘစစ်ပြီးတဲ့ ကာလတုန်းက ကျနော်အိမ်က မီးလောင်သွားတယ်။ စားနပ်ရိက္ခာ စားစရာ ဘာမှ မရှိခဲ့ပါဘူး။ အဲဒီလိုမျိုး စားစရာမရှိတဲ့ အချိန်မှာ မြန်မာန်ိုင်ငံက ပို့လာတဲ့ဆန်ကို စားပြီး ဒီနေ့ ကျနော် အသက်ရှင် နေနိုင်တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ကျနော်ဟာဆိုလို့ရှိရင် မြန်မာနိုင်ငံအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ဆိုတာ ကျနော်မှာ တာဝန်ရှိပါတယ်။ အဲဒီအတွက် အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်သွားဖို့ တာဝန်ရှိတယ်လို့ ကျနော် အနေနဲ့ ခံစားရပါတယ်။ ကျနော်ဟာ အသက် ၈၂ နှစ်ထဲရောက်နေပြီ ဖြစ်ပါတယ်။ ကျနော်ရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်းအတွက် မြန်မာနိုင်ငံအတွက် အရမ်းကို ကြိုးစားချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခိုင်မာရေး၊ တနိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရေး၊ ပြီးလို့ ရှိရင် တလုံးတဝတည်းသော ပြည်ထောင်စု နိုင်ငံတော် တည်ထောင်နိုင်ဖို့ရာအတွက် ကျနော် ကြိုးစားချင်ပါတယ်။ အဲဒါ ကျနော်ရဲ့ အကြီးမားဆုံး အိမ်မက် ဖြစ်ပါတယ်။

You may also like these stories:

ရခိုင်စစ်ပွဲ ဂျပန် ကြားဝင်လို့ အဆင်ပြေမလား

ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ချင်ပါတယ်

တပ်မတော်နှင့် AA တို့ နွေးဆွေးမှု ရခိုင်လူထု ကြိုဆို

ရခိုင်တွင် စစ်ပွဲများ ရပ်တန့်နေ၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်

Loading