• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကျား/မ တန်းတူညီမျှမှု ဆိုတာ ခရီးစဉ်တခုပါ

by ဇူးဇူး
10 December 2020
in အင်တာဗျူး
A A
လူငယ်၊ အမျိုးသမီး၊ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲမှု ဆောင်းပါးများ ရေးသားသူ ဒေါက်တာ ဖြိုးသီဟ

လူငယ်၊ အမျိုးသမီး၊ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲမှု ဆောင်းပါးများ ရေးသားသူ ဒေါက်တာ ဖြိုးသီဟ

6.6k
VIEWS
Share on FacebookShare on Twitter

ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network – GEN) က ပေးအပ်ချီးမြှင့်သည့် “Champion for Gender Equality Award 2020” ဆုကို လူငယ် စာရေးဆရာ တဦးဖြစ်သည့် ဒေါက်တာ ဖြိုးသီဟက ရရှိသွားကြောင်း သိရသည်။

ယင်းဆုကို ကျား/မ ရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေသည့် တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ လုပ်ငန်းများ၊ ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို အသိအမှတ်ပြု ဂုဏ်ယူသည့်အနေဖြင့် ချီးမြှင့်ခြင်းဖြစ်ကြောင်း GEN က ထုတ်ပြန်ထားသည်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
665
ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

13 May 2025
76
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.6k

GEN အနေဖြင့် Champion for Gender Equality Award ကို ၂၀၁၉ မှစတင်၍ ရွေးချယ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်၏ ဆုကို မွန်အမျိုးသမီးတဦးဖြစ်သူ မိချယ်ရီစိုးက ရရှိသွားခဲ့ကာ ယခုနှစ်တွင် ဒေါက်တာဖြိုးသီဟက ရရှိသွားခြင်း ဖြစ်သည်။

ဒေါက်တာ ဖြိုးသီဟသည် လူငယ်စာရေးဆရာ တဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှစတင်ကာ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ရေးသားပြောဆိုလာခဲ့သူ ဖြစ်သည်။ လက်ရှိအချိန်၌လည်း လူငယ်၊ အမျိုးသမီး၊ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲမှုနှင့် ပတ်သက်သော ဆောင်းပါးများ ပုံမှန်ရေးသားလျက် ရှိသည်။

ဧရာဝတီက Champion for Gender Equality Award 2020 ဆုရှင် ဒေါက်တာဖြိုးသီဟနှင့် ဆက်သွယ်မေးမြန်းထား များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး။ ။ ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ရက်က ပေးအပ်ချီးမြှင့်တဲ့ Champion for Gender Equality Award ဆုအတွက် ဘာကြောင့် ရွေးချယ်ခံရတယ်လို့ ထင်ပါသလဲ။ အခုလို ဆုရရှိတဲ့အပေါ်မှာရော ဘယ်လို ခံစားရပါသလဲ။

ဖြေ။ ။ ဆုပေးတဲ့နေ့က ရှင်းပြတဲ့အချက်တွေအရ ပြောရရင် အမျိုးသား အချင်းချင်းကိုလည်း ကျနော် ပြောနိုင်တယ်။ လူမှု ကွန်ရက်မှာလည်း Gender Equality (ကျား/မ ရေးရာ တန်းတူညီမျှရေး) နဲ့ ပတ်သက်ပြီးတော့မှ ရေးသားပြောဆိုတာတွေ ရှိတယ်။ ဒီအလုပ်ကို လုပ်လာတာလည်း နှစ်ကာလအားဖြင့် ၈ နှစ်ကျော်လောက်ရှိပြီ။ အဲဒီလို အချက်တွေ ပေါင်းစည်းပြီး တော့မှ ရွေးချယ်တယ်လို့ ထင်ပါတယ်။

ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆုရတာတို့ဘာတို့ ရည်ရွယ်ကြိုးစားခဲ့တယ်လည်း မဟုတ်ပါဘူး။ ကိုယ့်ယုံ ကြည်ချက်တခုအပေါ်မှာ မူတည်ပြီး လုပ်တာပါပဲ။ ဒါပေမယ့် အခုလိုမျိုး ဆုရတဲ့အတွက်တော့ ပိုပြီး အသိအမှတ်ပြုသလို ခံစားရတယ်။ ပေးတဲ့အဖွဲ့ Gender Equality Network ဆိုတာလည်း Gender နဲ့ ပတ်သက်ရင် လေးစားရတဲ့ ဆရာ/ ဆရာမတွေ၊ အဖွဲ့အစည်းတွေ ပေါင်းထားတဲ့ Network တခုဖြစ်တယ်။ အဲဒီကနေ ရွေးချယ်ပေးအပ်တဲ့ အတွက်တော့ ဂုဏ်ယူပါတယ်။ နောက်ပြီး ဒီလိုမျိုး ဆက်လုပ်သွားဖို့လည်း ပိုပြီးတော့မှ တွန်အားတခု ဖြစ်စေခဲ့တယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ ဒီလမ်းကြောင်းပေါ်ကိုရော ဘယ်လို ရောက်ရှိခဲ့တာပါလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ Gender တွေ ဘာတွေ ငယ်ငယ်ကတော့ သိပ်သိခဲ့တဲ့သူ မဟုတ်ဘူး။ ဆေးကျောင်းမှာဆိုလည်း ရိုးရိုးတန်းတန်း ဆေးပညာနဲ့ပတ်သက်လို့ပဲ လေ့လာရတယ်။ နောက်တော့မှ ကျနော် မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက် တဲ့ အဖွဲ့အစည်းတခုမှာ အလုပ် ဝင်လုပ်လိုက်တော့ အဲဒီမှာ အမျိုးသမီးတွေက ကျနော်ငယ်ငယ်က တွေ့ခဲ့ရတဲ့ ကျနော့် အမေ၊ အဒေါ်လိုမျိုး အနေအထားမှာ မဟုတ်ဘဲနဲ့ မျိုးစုံ အနိုင်ကျင့် အကြမ်းဖက်မှုတွေ ကြုံခဲ့ရတယ်ဆိုတာကို စတွေ့ခဲ့ရ တယ်။ တွေ့ခဲ့ရင်းနဲ့မှ ကျနော် ဒီလမ်းကြောင်းပေါ်ကို ရောက်လာတယ်ပဲ ပြောရမယ်။ ကျနော်ဟာ အမျိုးသမီးတွေအရေး အတွက် ဟောပြောရေးသားသူ တယောက် ဖြစ်လာခဲ့တယ်။

ကျနော်က ကိုယ်ကြုံခဲ့ရလို့ ဒီဟာကို သက်ဝင်ယုံကြည်သွားတာမျိုး ဆိုတာထက်စာရင် ကျနော့်အလုပ် အတွေ့အကြုံက တဆင့် ဒီလိုတွေ ရှိနေပါလားဆိုတာကို သိသွားခဲ့တဲ့လူလို့ ပြောလို့ရတယ်။ အဲဒီလိုနဲ့ ကျနော် လမ်းကြောင်းပေါ် ရောက်လာ ရင်းနဲ့မှ ပိုပိုပြီး ကြားလာရ၊ မြင်လာရတာတွေ ရှိတဲ့အခါမှာ ပိုပြီးတော့ ဒါကို ဆက်လုပ် ဖြစ်လာခဲ့တယ်။

မေး။ ။ ကျား/မ တန်းတူညီမျှမှု ဆိုတာကို ဘယ်လိုနားလည် လက်ခံထားပါသလဲ။

ဖြေ။ ။ Gender Equality ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောရရင် ခုနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာလည်း ပြောလာကြ တော့ တချို့ရဲ့အမြင်တွေမှာ ယောကျ်ား၊ မိန်းမ အကုန်လုံးကို တူအောင် လုပ်ပစ်လိုက်တာတို့ဘာတို့ တမျိုးထင်လာကြ တယ်။ တကယ်တော့ ယောကျ်ားနဲ့ မိန်းမဆိုတာ သဘာဝအားဖြင့်ကိုယ်က ကွာခြားမှုတွေ ရှိကြတဲ့အတွက် ဒါတွေကို အ တင်းညှိဖို့၊ တူအောင်လုပ်ဖို့ မဟုတ်ဘူး။

အဓိကက ကျား၊ မ သတ်မှတ်ချက်တွေ ရှိတဲ့အတွက် အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ တားဆီးပိတ်ပင်ထား တာတွေ၊ ဖိနှိပ်ထားတာတွေ၊ ခွဲခြားဆက်ဆံတာတွေ အများကြီးပဲ ရှိနေတယ်။ ဒါတွေကို ကျနော်တို့က ဖယ်ရှားပေးဖို့ လို တယ်။ ဒါမှသာ ကျား၊ မ တန်းတူညီမျှမှု ရှိလာမယ်။

တဖက်မှာလည်း ဒီသတ်မှတ်ချက်တွေကြောင့်ပဲ အမျိုးသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာမျိုးတွေလည်း ရှိနေ တယ်။ ဥပမာ ဝင်ငွေဆိုရင် ယောကျ်ားတွေက ရှာရမယ်လို့ ပြောတဲ့အတွက် ပိုက်ဆံရှာတဲ့ ဝန်ထုပ်ဝန်ပိုးက ယောကျ်ားတွေ အပေါ်မှာ လာပြီးတော့ ဖိစီးတယ်။ နောက်ပြီး မိန်းမတွေက ဝင်ငွေအရ အမျိုးသားအပေါ် မှီခိုရတဲ့အတွက် အနိုင်ကျင့် အကြမ်းဖက်ခံရမှုကို ပိုပြီးလွယ်ကူသွားတယ်ဆိုတဲ့ အခြေအနေတခုကို တွန်းပို့လိုက်တယ်။ ဒါကြောင့် Gender လို့ ပြော လိုက်ပြီဆိုရင် အမျိုးသားတွေနဲ့လည်း သက်ဆိုင်မှုရှိတဲ့ ကိစ္စရပ်တခု ဖြစ်တယ်။ အဲဒီလိုမျိုး ကျနော် မြင်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ ကျား/မတန်းတူ ညီမျှရေး၊ အမျိုးသမီးအရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေ မှုတွေကရော တွန်းသလောက် ရွေ့ရဲ့လား။ တိုးတက်လာမှု ရှိတယ်လို့ ထင်ပါသလား။

ဖြေ။ ။ ကျနော့်အနေနဲ့ ဒါတွေကို သိနားလည်ပြီး စလုပ်ခဲ့တဲ့ ခုနှစ်နဲ့ ယှဉ်ရင်တော့ ဆိုရှယ်မီဒီယာကလည်း ပေါ်လာတဲ့ အတွက် လူထုကြားထဲမှာ အရင်ထက်စာရင် သိလာတယ်။ မီဒီယာတွေဆိုလည်း ပွင့်လင်းလာတယ်။ ကျား/မ အခြေပြု အကြမ်းဖက်ခံရတဲ့ ကိစ္စတွေ ပြောခွင့်ရလာတယ်။ အဲဒီတော့ အရင်ထက်စာရင် Gender ကို ပိုသဘောပေါက် လာကြ တယ်၊ ပိုပြောလာကြတယ်။ သိရှိမှုအပိုင်း အတိုင်းအတာအားဖြင့် အရင်ထက် တိုးတက်မှု ရှိတယ်။ ဒါပေမယ့် ခရီးကတော့ အရမ်းအဝေးကြီး လိုသေးတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် နေပျော်တဲ့၊ စိတ်ချလုံခြုံတဲ့ ပတ်ဝန်းကျင် တခု ဖန် တီးပေးဖို့ကတော့ တော်တော်လေးလေး အလှမ်းဝေးနေသေးတယ်လို့ ထင်တယ်။

လူငယ်၊ အမျိုးသမီး၊ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲမှု ဆောင်းပါးများ ရေးသားသူ ဒေါက်တာ ဖြိုးသီဟ

ဒီအပိုင်းမှာ အစိုးရလည်း ဥပဒေပြုတဲ့အပိုင်းတွေ၊ အသစ်အသစ် ရေးဆွဲတဲ့အပိုင်းတွေ၊ အသက်ဝင်အောင် လုပ်တဲ့အပိုင်း တွေ၊ ဥပဒေပိုင်းမှ မဟုတ်ဘူး တခြားသော လူမှုရေးအကာအကွယ်တွေ၊ အမျိုးသမီးတွေအတွက် ရည်ရွယ်တဲ့ စီးပွားရေး အခွင့်အလမ်းတွေ၊ ဒီလိုမျိုး အကြောင်းအချက်တွေမှာ လိုအပ်ချက်တွေ အများကြီး ရှိနေသလို လူတွေရဲ့အမြင်မှာ Sexual Harassment, Sexual Violence တို့နဲ့ ပတ်သက်ရင် လူတန်းစားတစု၊ အလွှာတခုလောက်ကပဲ ဒါကို သိနားလည်ပြီး ဆင် ခြင်နေကြတာ ရှိသေးတယ်။ ဒါပေမယ့် အများစု မြင်နေရတဲ့အတိုင်းပဲ။ အငြိမ့်တွေ၊ အခုနောက်ပိုင်း Music Video တွေမှာ ပါနေတဲ့ Sexual Harassment တွေဆို ဟာသတခုလို၊ အနုပညာဖန်တီးမှု တခုလိုပဲ မြင်နေကြတဲ့သူတွေက အများကြီး ရှိနေသေးတယ်။ အဲဒီအတွက်ကြောင့် နည်းနည်းလေး ရွေ့လာတယ်လို့တော့ ပြောလို့ရတယ်။ သို့သော် ကျနော်တို့လို ချင်တဲ့၊ ကျေနပ်စရာကောင်းတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးနိုင်ဖို့တော့ အဝေးကြီး လိုပါသေးတယ်။

မေး။ ။ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီးအခွင့်အရေးကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာ အမျိုးသားတွေရဲ့ ပါဝင်မှုက ရော ဘယ်လောက်ထိ အရေးကြီးတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဒီကိစ္စတွေ ပြောတဲ့အခါမှာ အမျိုးသမီးတွေချည်းပဲ၊ အမျိုးသမီး အချင်းချင်းပဲ ပြောနေလို့မရဘူး။ အမျိုး သားတွေလည်း လိုတယ်။ အမျိုးသားတွေမှာမှ မဟုတ်ပါဘူး။ အားလုံးရဲ့ အားတွေ လိုတယ်။ အဲဒီမှာမှ အမျိုးသား၊ အမျိုး သမီး နှစ်ဖက်ပဲ ယှဉ်ပြောရရင်တော့ အမျိုးသားတွေရဲ့ ပူးပေါင်း ပါဝင်မှုက အရေးကြီးတယ်။ အိမ်ထောင်ရေးလို ကိစ္စမှာ အစ အမျိုးသားတွေရဲ့ ပူးပေါင်းပါဝင်မှုက အင်မတန် လိုအပ်တယ်။ သူတို့ မပါဘဲနဲ့တော့ အမျိုးသမီးတွေချည်းပဲနဲ့ ကျား၊ မ တန်းတူညီမျှမှုရှိတဲ့ အခြေအနေတရပ်ကို ယူနိုင်ဖို့က ခက်ခဲမယ်လို့ ထင်ပါတယ်။

မေး။ ။ အမျိုးသားတွေရဲ့ Gender ပတ်သက်တဲ့ အမြင်တွေကရော ပြောင်းလဲလာတယ်လို့ ထင်ပါသလား။

ဖြေ။ ။ Gender နဲ့ ပတ်သက်လို့ ကျနော့်လိုပဲ ရေးသားနေတဲ့သူတွေ နောက်ပိုင်းမှာ တွေ့လာတယ်။ ဒါပေမယ့် တဖက်မှာ Gender လို့ ပြောလိုက်ရင် လက်ရှိအချိန်ထိ အမျိုးသားအများစုက အမျိုးသမီးအရေး ကိစ္စလို့ မြင်ကြတယ်။ နောက်ပြီး Feminism လို့ ခေါ်ကြတဲ့ အမျိုးသမီးဝါဒ အပေါ်မှာ မြင်တဲ့အမြင်တွေ သိပ်မမှန်နေသေးဘူး။ လွဲနေသေးတယ်လို့ ထင် တယ်။

ကျား၊ မဆိုတာ တန်းတူညီမျှစရာ မလိုဘူး။ ဥပမာ ထားပါတော့ တန်းတူညီမျှချင်တယ်ဆို ယောကျ်ားတွေက အင်္ကျီချွတ်လဲ သလို မိန်းမတွေလည်း အင်္ကျီချွတ်လဲကြပေါ့။ ဒါမျိုးတွေ။ တကယ်တမ်း Gender Equality ရဲ့ အနှစ်သာရက အင်္ကျီချွတ်လဲ နိုင်ဖို့ မဟုတ်ဘူးလေ။ အမျိုးသမီး အင်္ကျီလဲဖို့က ရင်သားပါမယ့်အတွက် သူတို့အတွက် သီးခြားအခန်းတခု စီစဉ်ပေးရမယ်။ အမျိုးသားကတော့ ချွတ်လဲချင်လည်း လဲလို့ရတယ်။ ဘာလို့ဆို သူတို့ ရင်သားကို ဘယ်သူကမှ ရှက်စရာလို့ မမြင်ကြတဲ့ အ ပြင် ဘယ်သူကမှလည်း အတင်းလိုက်ကြည့်မနေဘူး။ အဲဒီလို အနေအထား ဖန်တီးပေးဖို့ကို ပြောချင်တာ။ ဒါပေမယ့် Gender Equality၊ Gender ဆိုတဲ့စကားတွေပြောရင် အဲဒီလိုမျိုးပြောနေတဲ့ အမျိုးသားတွေ အများကြီးပဲ။ တကယ်တမ်း အနှစ်သာရကို မသိတာပေါ့။

တဖက်မှာ ဘာရှိသေးလဲဆို အခု ဆိုရှယ်မီဒီယာမှာ Gender Equality တို့၊ Feminism တို့ကို သိပ်သဘော မပေါက်ဘဲ ဝင်ရေးဝင်ပြောတဲ့သူတွေ ရှိကြတဲ့အခါမှာ လူတွေရဲ့အမြင်က Feminism ဆိုရင် အစွန်းရောက်တဲ့အမြင်တွေ၊ Gender Equality ဆိုတာ ယောကျ်ား၊ မိန်းမ အကုန်ညှိလို့မှမရတာ ဒါမျိုးတွေ မြင်နေကြတာတွေ အများကြီးပဲလို့ ထင်တယ်။

ဒါကြောင့် ကျနော်တို့ အနေနဲ့က အမျိုးသားတွေရော၊ အမျိုးသမီးတွေထဲမှာလည်း အဲဒီလို သဘောပေါက်နေတဲ့သူတွေ ရှိ တယ်ဆိုတော့ အားလုံး Gender Equality၊ Feminism တို့နဲ့ ပတ်သက်လို့ ပိုပြီးနားလည် သဘောပေါက်လာဖို့အတွက် ဒီ အရေးကို လုပ်ဆောင်နေတဲ့သူတွေအားလုံးမှာ တာဝန်ရှိတယ်။ ကျနော်တို့ရဲ့ ပြောဆိုရေးသားနေတဲ့ဟာတွေ ဒီထက်ပိုပြီးမှ ရှင်းလင်းနားလည်အောင် ပြောဖို့လိုအပ်မယ်လို့ ထင်ပါတယ်။

မေး။ ။ ဥပဒေပိုင်းဆိုင်ရာအရ အမျိုးသမီးတွေအတွက် ဘယ်လို ဥပဒေမျိုးတွေကို ပြင်စေချင်တာမျိုးရှိလဲ။

ဖြေ။ ။ ဥပဒေပိုင်းဆိုင်ရာက ပြောမယ်ဆို အများကြီးပဲ ရှိပါတယ်။ ဒီမှာ လောလောဆယ် ပြောချင်တာလေး တခုက အဓမ္မ ပြုကျင့်မှုကြုံရတယ်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံရတဲ့သူတွေကို ကိုယ်ဝန်ရသွားခဲ့လို့ရှိရင် ကိုယ်ဝန်ဖျက်ချ ခွင့်ပြု လိုက်ပြီဆိုတာကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းမှာ ထည့်ထားတယ်။ အဲဒီမှာ တိတိကျကျ ထည့်ရေးထားတာမျိုး မရှိဘဲ ဘုတ်အဖွဲ့ကော်မတီရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်လို့ရတယ် ဆိုတော့ အရမ်း ယေဘူယျဆန်နေတယ်။ အဲဒါလေးတော့ တိတိကျကျ အကောင်အထည်ဖော်စေချင်တယ်။

ဘုတ်အဖွဲ့ဆို ဘယ်အချိန်မှာ အဲဒီဘုတ်အဖွဲ့ကို လှမ်းပြောရမှာလဲ။ ဘုတ်အဖွဲ့က ဘယ်လောက် ကာလအတွင်းမှာ အဲဒီ ဆုံးဖြတ်ချက်ကို ချမှာလဲ။ ဘာကြောင့်ဆို ကိုယ်ဝန်ဆိုတာ ရပ်နေတဲ့ကိစ္စမှ မဟုတ်တာ။ ကျေးလက်ဒေသတွေမှာဆိုရင် ဒီကိုယ်ဝန် သိဖို့တောင် သုံးလေးလလောက်နေမှ သိကြတဲ့အခါမှာ မြန်မြန်ဆန်ဆန် အဆုံးအဖြတ် မပေးနိုင်ဘဲနဲ့ အဆင်မ ပြေဘူး။ အဲဒါကို ဆုံးဖြတ်ဖို့အတွက် ကျနော်တို့နိုင်ငံမှာလည်း ရှိနေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပေါင်းလိုက်လို့ရှိရင် ဒီ အခွင့်အရေး ရဖို့ကိုတင် လာဘ်ထိုးရတာတွေ၊ လာဘ်ပေးရတာမျိုးတွေက ရှိလာအုံးမလား ဆိုတာမျိုးတွေ ရှိသေးတော့ ဒီဟာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားလေးနဲ့ ဖော်ပြထားစေချင်တယ်။

အဲဒီလို ဖော်ပြထားရုံနဲ့လည်း မပြီးဘူး။ တကယ်တမ်း လက်တွေ့မှာ အသက်ဝင်ဖို့၊ မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောင်နိုင်ဖို့ကို လည်း Law enforcement ကိုလည်း လုပ်စေချင်တယ်။ ဥပဒေပြင်ဖို့ဆိုရင် အများကြီးပဲ ရှိပါတယ်။ ဥပမာ – အိမ်ထောင် သည်တွေကြားမှာ ဖြစ်တတ်တဲ့ မုဒိမ်းမှုနဲ့ ပတ်သက်လို့ ပြစ်ဒဏ်တွေဘာတွေ ထည့်ဖို့၊ တိုးဖို့ စသဖြင့်ပေါ့။ သို့သော် လော လောဆယ် မူကြမ်းထဲမှာလည်း ပါနေပြီးသားဖြစ်တဲ့ အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရသွားခဲ့လို့ရှိရင် တရားဝင် ဖျက်ချခွင့်ပြု တယ်ဆိုတဲ့ ဥပဒေကို ဒီထက်ပိုပြီးတော့မှ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားလေး လုပ်စေချင်ပါတယ်။

မေး။ ။ ကျား/မ ရေးရာ တန်းတူညီမျှရေးနဲ့ ပတ်သက်လို့ ရှေ့ဆက် ဘာတွေလုပ်ဆောင်သွားဖို့ ရှိမလဲ။

ဖြေ။ ။ တကယ်တော့ ကျား/မ တန်းတူညီမျှမှုဆိုတာ ခရီးစဉ်တခုပါ။ အဆုံးသတ် ပန်းတိုင်ရယ်လို့ မဟုတ်ဘဲ ဖြည်းဖြည်း ချင်း ကောင်းတဲ့ဘက်ကို ရွေ့လာအောင် သွားနေရမှာ ဖြစ်ပါတယ်။ ဒီအတွက် တဦးတယောက်၊ တဖွဲ့တည်းနဲ့ မဖြစ်နိုင်ဘဲ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုပါတယ်။ မူဝါဒပိုင်း၊ ဥပဒေပိုင်း ပြင်ဆင်ဖို့ လုပ်သူကလုပ်၊ လူထုကြားထဲ ပိုပြီး သတိထားမိလာအောင် လှုံ့ဆော်သူက လှုံ့ဆော်၊ အသိပညာပေးသူကပေး၊ အမျိုးသမီးတွေကို နေရာပေးတဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်သူက လုပ်၊ အကြမ်းဖက်ခံ၊ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေအတွက် ကူညီပေးသူက ကူညီ စသဖြင့် အားလုံးရဲ့ အားတွေ လိုပါတယ်။

အမျိုးသမီးတွေ ခေါင်းဆောင်နေရာရဖို့ဆိုရင် လူထုရဲ့ အမြင်တွေ ပြောင်းဖို့လိုသလို အမျိုးသမီးတွေ Personality လို့ ခေါ် တဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းဖို့လည်း လိုတယ်။ ကိုယ်ရည်ကိုယ်သွေး ကောင်းဖို့ကလည်း မိဘ အုပ်ထိန်းမှု ပုံစံတွေနဲ့ လည်း အများကြီး ပတ်သက် ဆက်စပ်ပြန်တယ်။ ရှုထောင့်ပေါင်းစုံ အများကြီးရှိတာပေါ့။ ဒါတွေနဲ့ ပတ်သက်လို့ ကျနော်လုပ် နိုင်တဲ့ စာရေးသားခြင်း၊ ဟောပြောခြင်းတို့ကနေ အသိပညာပေးရင်း၊ စိတ်ခွန်အားတွေ ပေးရင်းနဲ့ ကျား/မတန်းတူညီမျှမှု အတွက် အပြုသဘောဆောင်တဲ့ အရွေ့တွေ ဖြစ်လာဖို့ ပါဝင်သွားပါမယ်။

You may also like these stories:

လွှတ်တော်အသီးသီးတွင် အမျိုးသမီး ကိုယ်စားလှယ် ပါဝင်မှုနှုန်း မြင့်လာ

အဆိုတော် ယုန်လေး လွှင့်တင်သည့် ဖိနပ်ကြော်ငြာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုဖြင့် ဝေဖန်ခံနေရ

Your Thoughts …
Tags: Genderကျားမ တန်းတူမှုအမျိုးသမီးအခွင့်အရေး
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

လိင်ပညာပေး , လိင်တူဆက်ဆံခြင်း , ကျန်းမာရေး , ကူးစက်ရောဂါ

အမျိုးသားချင်း လိင်တူဆက်ဆံခြင်း၏ ဆိုးကျိုးများ

by Peter Aung
24 May 2015
139.2k

စအိုကို အသုံးပြုပြီးတော့ လိင်ဆက်ဆံခြင်းက Gay အများအပြား အသုံးပြုနေကြနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် စအို ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝအရ စအိုဟာလိင် အင်္ဂါ မဟုတ်ပါဘူး။ အမျိုးသမီး လိင်အင်္ဂါနဲ့လည်း သိသိသာသာကွဲပြားပါ တယ်

နော်စီဖိုးရာစိန် ကွယ်လွန်ခြင်း KNU နှင့် NUG ဝမ်းနည်းကြေကွဲ

နော်စီဖိုးရာစိန် ကွယ်လွန်ခြင်း KNU နှင့် NUG ဝမ်းနည်းကြေကွဲ

by ဧရာဝတီ
26 July 2024
1.3k

ပဒို နော်စီဖိုးရာစိန် ကွယ်လွန်ခြင်းသည် ကရင်လူမှုအသိုက်အဝန်း အတွက်သာမက တနိုင်ငံလုံးအတွက် ဆုံးရှုံးမှုဖြစ်ကြောင်း NUG က ဖော်ပြသည်။

ကန့်ဘလူ ပလဖ ရဲ့ လိင်အကြမ်းဖက်မှုတွေ အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေတိုက်တွန်း (ရုပ်/သံ)

ကန့်ဘလူ ပလဖ ရဲ့ လိင်အကြမ်းဖက်မှုတွေ အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေတိုက်တွန်း (ရုပ်/သံ)

by ဧရာဝတီ
5 February 2025
537

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် က ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အချုပ်ခန်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးအဖွဲ့ အစည်းတွေက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တောင်းဆိုလိုက်ပါတယ်။

အချုပ်သူတွေအပေါ် လိင်အကြမ်းဖက်မှု ကိုင်တွယ်နေပြီလို့ NUG ပြော (ရုပ်/သံ)

အချုပ်သူတွေအပေါ် လိင်အကြမ်းဖက်မှု ကိုင်တွယ်နေပြီလို့ NUG ပြော (ရုပ်/သံ)

by ဧရာဝတီ
18 February 2025
188

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူတွေက အချုပ်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်ဆိုတဲ့ တိုင်ကြားချက်ကို ကိုင်တွယ်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကအသိပေး ထုတ်ပြန်လိုက်ပါတယ်။

ပြေးခုန်ပစ် အားကစားနည်းနှင့် မြန်မာနိုင်ငံ

by ခင်မောင်ထွေး (ပျဉ်းမနား)
1 December 2012
26.1k

ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အနေဖြင့် ၁၉၄၈ ခုနှစ် ဇူလိုင် ၂၉ မှ သြဂုတ် ၁၄ ရက်အထိ ကျင်းပသည့် ကမ္ဘာ့အိုလံပစ်သို့ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့...

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
136

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

Next Post
အွန်လိုင်းမြန်မာ စာကြည့်တိုက် (Online Burma / Myanmar Library) ကို တည်ထောင်သူ David Arnott/ Yuzo Uda

အွန်လိုင်းမြန်မာ စာကြည့်တိုက် တည်ထောင်သူ ကွယ်လွန်

ဗြိတိန်မှာ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဒီဇင်ဘာ ၈ ရက်က စတင် ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

ဗြိတိန်မှာ ထိုးနှံပေးနေတဲ့ ကိုဗစ် ကာကွယ်ဆေးနဲ့ ဓာတ်မတည့်သူတွေ ရှိလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate