• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေးချင်ပါတယ်”

by သီဟလွင်
15 December 2020
in အင်တာဗျူး
A A
ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး (ဓာတ်ပုံ -  / သီဟလွင် / ဧရာဝတီ

ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး (ဓာတ်ပုံ - / သီဟလွင် / ဧရာဝတီ

9.8k
VIEWS
Share on FacebookShare on Twitter

ကိုဗစ် – 19 ဒုတိယလှိုင်း ဖြစ်ပွားမှုနှုန်းက မြန်မာပြည်တွင် ပြန်မကျသေးပေ။ ရန်ကုန်တွင် အခြေအနေ အလွန်ဆိုးနေပြီး နေ့စဉ် လူတထောင်နှင့် အထက် ရောဂါပိုး ကူးစက်နေပြီး ၂၀ ကျော် ပုံမှန် သေဆုံးနေရသည်။ ရန်ကုန်တွင် ရှေ့တန်းမှ ကျန်းမာရေး ဝန်ထမ်းများလည်း ပွဲပန်းနေပြီ ဖြစ်သလို နယ်အသီးသီးမှ ကျန်းမာရေး ဝန်ထမ်းများကပါ ဝိုင်းကူနေရသည်။

မနေ့က ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထပ်တိုးလူနာ ၁၁၇၀ ဦး၊ သေဆုံးလူနာ ၂၄ ဦး ရှိပြီး မြန်မာနိုင်ငံတွင် ကိုဗစ် – 19 ရောဂါ ဖြစ်ပွားသူ ၁ သိန်း ၉ ထောင် ကျော်သွားပြီ ဖြစ်သည်။ သေဆုံးလူနာ စုစုပေါင်းမှာလည်း ၂၂၉၂ ဦး ရှိနေပြီ ဖြစ်သည်။

RelatedPosts

အားကိုးစရာ အဖွဲ့အစည်းနဲ့ ဥပဒေ မရှိတော့တဲ့အခါ (ရုပ်/သံ)

အားကိုးစရာ အဖွဲ့အစည်းနဲ့ ဥပဒေ မရှိတော့တဲ့အခါ (ရုပ်/သံ)

14 July 2025
67
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
3k
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
2.9k

မြန်မာအနေဖြင့် ထိန်းဖို့ မလွယ်သေးသည့် အခြေအနေတွင် ကာကွယ်ဆေး မြန်မြန် ရရှိရန် ပိုမျှော်လင့်နေရသည့် အခြေအနေ ဖြစ်သည်။ မြန်မာပြည်သူအားလုံး ကာကွယ်ဆေး ရရှိမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ကတိပြုထားသည်။

ယခုအခြေအနေတွင် မြန်မာနိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေး ရရှိမှု အခြေအနေများ၊ ကာကွယ်ဆေးကို မည်သို့ ထိုးနှံပေးမည့် အခြေအနေများနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို ဧရာဝတီ သတင်းဌာန၊ နေပြည်တော် သတင်းထောက် သီဟလွင်က ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ပြည်သူလူထုကြားမှာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိချင်နေကြပါတယ်။ မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ကာကွယ်ဆေး အမြန်ဆုံးရရှိဖို့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်နေလဲဆိုတာ အရင်ဆုံး သိပါရစေ။

ဖြေ ။ ။ ကာကွယ်ဆေးရရှိနိုင်ဖို့ဆိုတာ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစီမံချက်က တာဝန်ရှိပုဂ္ဂိုလ်များ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီးတော့ ကျမတို့မှာနောက်က NITAG ဆိုတဲ့ အဖွဲ့အစည်းလည်း ရှိတယ်။ အမျိုးသား ကာကွယ်ဆေး ထိုးနှံပေးရေး အကြံပေး အဖွဲ့ ။

NITAG ဆိုတဲ့ အဖွဲ့ကတော့ အဓိကတော့ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အကြံပေးအဖွဲ့ပေါ့နော်။ အဖွဲ့ဝင် ၁၄ ဦး ပါဝင် တယ်။ အဲဒီအဖွဲ့နဲ့ အကုန်လုံး တိုင်ပင်ညှိနှိုင်းပြီးတဲ့ အခါကျတော့ Proposal ပေါ့နော်။ ကာကွယ်ဆေး ဘယ်လိုဝယ်ယူမလဲ။ ကာကွယ်ဆေးရရင် ဘယ်လိုထိုးမလဲ ဒါကိုတော့ သက်ဆိုင်ရာ ဗဟိုအဆင့်ကြီးကြပ်ကွပ်ကဲရေး ကော်မတီကို တင်ပြထား ပါတယ်။

လောလောဆယ်ကတော့ ကာကွယ်ဆေးတွေ အမြန်ဆုံးရရှိဖို့ ကာကွယ်ဆေး ရရှိလာလို့ရှိရင်လည်း တကယ်ကို အန္တရာယ် ရှိနိုင်တဲ့ လူအုပ်စုပေါ့နော်။ ရောဂါကူးစက်လွယ် ဖြစ်ပွားလွယ် သေဆုံးလွယ်တဲ့ လူအုပ်စုတွေကို ထိုးနှံဖို့ ကျန်းမာရေး ဝန် ထမ်းတွေ COVID-19 မှာပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဦးစားပေးပေါ့နော်။ ပြီးလို့ရှိရင်တော့ COVID-19 မှာ ပါဝင်ဆောင်ရွက်နေတဲ့ တခြားသောသူတွေ၊ Volunteer တို့ဘာတို့ ဒါမျိုးတွေလည်း ပါဝင်ဖို့ ရည်ရွယ်တယ်။ ပြီးရင် အသက်ကြီးတဲ့လူတွေပေါ့ ၆၅ နှစ်အထက် အဲဒီလိုအသက်ကြီးတဲ့သူတွေ နောက်ခံရောဂါရှိတဲ့သူတွေ ဒါကတော့ လောလောဆယ် ဒီလိုမျိုးတော့ ရည်မှန်းထားပါတယ်။

WHO ဆိုရင် COVAX အဖွဲ့အစည်း ရှိပါတယ်။ ဒီ COVAX အဖွဲ့အစည်းကတော့ ဒီကာကွယ်ဆေးတွေရရှိလာလို့ရှိရင် ကာကွယ်ဆေးတွေ တင်မကပါဘူး။ ကျမတို့မှာ အဓိက အဖွဲ့ကတော့ WHO မှာ ဖွဲ့ထားတဲ့အဖွဲ့ ACT accelerator ဆိုတဲ့ အဖွဲ့ပေါ့နော်။ ACT accelerator အဖွဲ့က သူကဘာလုပ်ဖို့လဲဆိုလို့ရှိရင် ရောဂါကိုဖော်ထုတ်ဖို့၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ကိစ္စတွေ ကုသရေးပစ္စည်းကိစ္စတွေ ကာကွယ်ရေးကိစ္စတွေ ဒါတွေအကုန်လုံးကို ဒါနဲ့ပတ်သက်လို့ လိုအပ်တာတွေကို ထောက်ပံ့ပေးဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲတာကို ACT accelerator လို့ ခေါ်ပါတယ်။

အဲဒီ ACT accelerator ထဲမှာမှ COVAX ဆိုတဲ့ Family ရှိပါတယ်။ COVAX Family ထဲမှာမှ ဒီဟာက COVID -19 အတွက် ကာကွယ်ဆေးတွေကို မြန်မြန်ဆန်ဆန်နဲ့ သင့်တော်တဲ့ဈေးနှုန်းနဲ့ အားလုံး ညီတူမျှတူနဲ့ရရှိနိုင်ဖို့ ဒါမျိုးအတွက် ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီ COVAX အဖွဲ့အစည်းနဲ့အတူ ဦးဆောင်နေတာက GAVI (Global Alliance for Vaccines and Immunization) အဖွဲ့အစည်းပေါ့နော်။

အဲဒီအဖွဲ့အစည်းနဲ့အတူ EPI ကာကွယ်ဆေးထိုး စီမံချက်က ပါဝင်ပါတယ်။ WHO ပါဝင်ပါတယ်။ ပြီးရင် ကာကွယ်ဆေး ထုတ်လုပ်တဲ့ Partner တွေ အကုန်လုံး ပါဝင်ပါတယ်။ ဒါကနေပြီးတော့ ကာကွယ်ဆေးတွေရရှိလာလို့ရှိရင် ကာကွယ် ဆေးတွေကို တိုင်းပြည်ကို ညီတူညီမျှ သူ့ရဲ့အချိုးကျပေါ့နော်။ ရရှိနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ လုပ်ထားတာဖြစ်ပါတယ်။

ဒီ COVAX အဖွဲ့အစည်းကတော့ ရည်ရွယ်ချက်ကတော့ သန်း ၂၀၀၀ ပေါ့နော်။ ၂ ဘီလီယံ ကာကွယ်ဆေးကို ၂၀၂၁ မှာ ဆိုရင် အားလုံး ထိုးနှံနိုင်ဖို့အတွက် ဝေခြမ်းပြီးပေါ့နော် ဖြန့်ဖြူးဖို့ ရည်ရွယ်ထားပါတယ်။ ရည်ရွယ်ထားတဲ့အခါမှာ သူက ဘယ်လို ကာကွယ်ဆေးတွေကို ပေးမှာလည်းဆိုတော့ WHO Pre-Qualification WHO Approval ရတဲ့ ကာကွယ်ဆေး တွေကို ပေးမှာဖြစ်ပါတယ်။

လက်ရှိအနေအထားအရတော့ ကာကွယ်ဆေးစုစုပေါင်း ၅ မျိုးပေါ့နော်။ ၅ မျိုးကတော့ Limited Approval ဆိုတာက အ ကန့်အသတ်နဲ့ အသုံးပြုခွင့်ပေးဖို့ Approval ရရှိထားပြီး ဖြစ်ပါတယ်။ ၂ မျိုးကတော့ Approve ရရှိထားပြီး ဖြစ်ပါတယ်။ ဒီ Approve သည် ကာကွယ်ဆေးအသုံးပြုဖို့အတွက် Approve ဖြစ်ထားတာ ဖြစ်ပါတယ်။ ဒီဥစ္စာက WHO Pre-Qualified မဟုတ်ပါဘူး။ သက်ဆိုင်ရာထုတ်လုပ်တဲ့နိုင်ငံကနေ ကာကွယ်ဆေးကို အသိအမှတ်ပြုတာ ဖြစ်ပါတယ်။

လက်ရှိ Phase – 1 ရောက်နေတဲ့ ကာကွယ်ဆေးက ၄၀ ရှိတယ်။ Phase – 2 ရောက်နေတဲ့ကာကွယ်ဆေးက ၁၇ မျိုး ရှိတယ်။ Phase – 3 က ၁၅ မျိုး ရှိတယ်ပေါ့။ ဒါကတွေကလည်း ဒီကာကွယ်ဆေးတွေကလည်း ပြောရမယ်ဆိုလို့ရှိရင် မကြာခင် အချိန်အတွင်းမှာ အလားအလာတွေလည်း ကောင်းလာမယ့် သဘော ရှိပါတယ်။

အခု Approve ရတဲ့ကာကွယ်ဆေးထဲမှာဆိုရင် အားလုံးသိတဲ့ Pfizer နဲ့ BioNTech ကထုတ်တဲ့ ကာကွယ်ဆေး ဒါက US ကနေပြီးတော့ Emergency Approve ဒါ Approve ဖြစ်လိုက်ပြီ။ နောက်တခုကကျတော့ ဆိုင်နိုဖန်း (Sinopharm) ပေါ့ နော်။ ဖိုင်နိုဖန်းကာကွယ်ဆေးကလည်း ယူအေအီးလို နိုင်ငံမှာ Approve ဖြစ်လိုက်ပြီပေါ့။ ဒါဆိုရင် လက်ရှိ အနေအထား အရ ဆိုရင် Approve ဖြစ်တဲ့ ကာကွယ်ဆေးက ၂ မျိုးပေါ့။

ဒီနေရာမှာ ကာကွယ်ဆေးတွေရဲ့ စိတ်ချရမှု ဘေးကင်းလုံခြုံမှု အာနိသင်ရှိမှုကလည်း ထပ်တူထပ်မျှ အရေးကြီးတာ ဖြစ်တဲ့ အတွက် တချို့ကကွယ်ဆေးတွေကတော့ Clinical Phase စမ်းသပ်တဲ့ အစမှာတင်ကို ဆက်မစမ်းတော့ဖို့ ကာကွယ်ဆေးကို လုံးဝကို တားမြစ်လိုက်တဲ့ ကာကွယ်ဆေးတခု ရှိပါတယ်။ ဒီကာကွယ်ဆေးကတော့ University of Queensland က ထုတ် မယ်ဆိုတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကတော့ ပြေးပွဲပြိုင်ပွဲ တလျှောက်မှာ ပထမဦးဆုံး ထုတ်ပယ်ခံရတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။

လက်ရှိလူတွေမှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာဆိုလို့ရှိရင် အခြေအနေကောင်းတွေ ရရှိနေတာ ဖြစ်ပါတယ်။ လူတွေ မှာ စမ်းသပ်တဲ့ ကာကွယ်ဆေးကတော့ ၅၈ ရှိသွားပါပြီ။ တိရစ္ဆာန်တွေမှာစမ်းသပ်တဲ့ ကာကွယ်ဆေးကလည်း ၈၅ မျိုး ရှိ နေတဲ့အတွက်ကြောင့် တိရစ္ဆာန်တွေမှာ စမ်းသပ်လို့အောင်မြင်တဲ့အခါ တဖြည်းဖြည်းနဲ့ လူတွေမှာစမ်းသပ်လာမယ်။ လူ တွေမှာစမ်းသပ်ရင်တော့ တဖြည်းဖြည်းနဲ့ Phase – 1 ရတော့ သူဟာနဲ့သူ အောင်မြင်မှုတွေ ရရှိပြီဆိုရင်တော့ လူတွေမှာ ထိုးနှံနိုင်တဲ့အဆင့်ရှိမှာ ဖြစ်ပါတယ်။

Phase – 1 ကတော့ လူနည်းနည်းလေး ဆယ်ကဏန်းမှာ စမ်းသပ်တာဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ အာနိသင်ရှိမှုနဲ့ ကာ ကွယ်ဆေးရဲ့ စိတ်ချရမှု ကာကွယ်ဆေးရဲ့ dose ပေါ့နော်။ ဒါတွေကိုစမ်းသပ်တာဖြစ်ပါတယ်။ ဒုတိယ Phase ကတော့ လူရာ နဲ့ချီစမ်းသပ်တာ ဖြစ်ပါတယ်။ အဲဒီရာနဲ့ချီမှာဆိုရင်လည်း အဲဒီလိုပဲ ကလေးတွေရော လူကြီးတွေရော ဒါမျိုး စမ်းသပ်တာတွေ ပါဝင်ပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးရဲ့ စိတ်ချရမှုတွေ သူ့ရဲ့ ကာကွယ်ဆေးကနေ ကာကွယ်နိုင်မှု ရမရပေါ့။ ဒါတွေကို စမ်းသပ်တာဖြစ်ပါတယ်။ ပထမပိုင်းရဲ့ အကျယ်ပေါ့နော်။

တတိယပိုင်းမှာကျတော့ Clinical Phase – 3 Trial မှာကျတော့ လူထောင်နဲ့ချီ သောင်းနဲ့ချီကို စမ်းသပ်တာဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော သောင်းနဲ့ချီစမ်းသပ်တာဖြစ်ပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် ကြာလို့ရှိရင် ကာကွယ်နိုင်တဲ့ အာနိသင်ရသလဲ၊ ဘယ်နှကြိမ်ထိုးလို့ရှိရင် ကာကွယ်နိုင်မလဲ စသဖြင့် ဒါမျိုးတွေကို Volunteer လုပ်တဲ့ အုပ်စုတွေ ရှိပါတယ်။

ဒီအုပ်စုတွေနဲ့ အခုစမ်းသပ်တဲ့ ကာကွယ်ဆေးထိုးမယ်။ တချို့တွေကိုကျတော့ Placebo လို့ခေါ်တဲ့ ဘာမှ အာနိသင် မရှိတဲ့ ကာကွယ်ဆေးထိုးထားမယ်။ ဒါဆိုရင် ထိုးခံရတဲသူကရော ဒီဟာနဲ့ပတ်သက်လို့ရှိရင် ကာကွယ်ဆေးက သူ့ကိုတော့ စမ်း သပ်တဲ့သူတွေကတော့ သိမယ်။ သို့သော်ထိုးခံရတဲ့သူတွေအနေနဲ့ တကယ့်စမ်းသပ်နေတဲ့ ကာကွယ်ဆေးလား ဒါမှ မဟုတ် လည်း အာနိသင်မရှိဘဲနဲ့ တနည်းအားဖြင့်ဆိုလို့ရှိရင် Placebo ဆေးပေါ့နော်။ ဒီလိုနည်းအားဖြင့် စမ်းသပ်တဲ့ အတွက် ကြောင့် တိကျတဲ့ ရလဒ်တွေရရှိမှာ ဖြစ်ပါတယ်။ အခုလက်ရှိအနေအထားအရတော့ ကာကွယ်ဆေးကတော့ အခြေအနေ ကောင်းတဲ့ အလားအလာ ရှိနိုင်ပါတယ်။

ကျမတို့မြန်မာနိုင်ငံမှာတော့ ကာကွယ်ဆေးတွေကို COVAX အဖွဲ့အစည်းကနေပြီးတော့ ၂၀ ရာခိုင်နှုန်းကို ပေးမှာ ဖြစ်ပါ တယ်။ ဒါကတော့ ၂၀၂၁ ဒုတိယ သုံးလပတ်ပေါ့နော့် ဒုတိယသုံးလပတ်မှာတော့ ၃ ရာခိုင်နှုန်း ရောက်မယ်လို့ ရည်မှန်း ထားပါတယ်။ တတိယသုံးလပတ်မှတော့ ၁၇ ရာခိုင်နှုန်း ရောက်မယ်လို့ ရည်မှန်းထားပါတယ်။ ဒီကြားထဲမှာပဲ နိုင်ငံတော် အစိုးရကနေပြီးတော့ Global Fund ပေါ့နော်။ ကမ္ကာ့ဘဏ် World Bank ဘမ္ကာ့ဘဏ် ရန်ပုံငွေတွေနဲ့ဒါတွေနဲ့ နောက်ထပ် ကာကွယ်ဆေးတွေကို ဝယ်ဖို့လည်း ထားပါတယ်။ ရလာလို့ရှိရင်လည်း သက်ဆိုင်ရာ ဦးစားပေး အလိုက် ထိုးနှံပေးမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီလိုရောက်လာပြီဆိုရင် လာမယ့်နှစ် ၂၀၂၁ မှာ မြန်မာပြည်သူလူထုရဲ့ ဘယ်လောက်ရာခိုင်နှုန်းလောက်ထိ ကာကွယ်ဆေးထိုးပေးနိုင်မလဲ။

ဖြေ ။ ။ လေးဆယ်ရာခိုင်နှုန်းလောက် ဖြစ်ပါလိမ့်မယ်။

မေး ။ ။ တနိုင်ငံလုံး အပြီးဆိုရင် ဘယ်တော့လောက်ဖြစ်နိုင်မလဲ။

ဖြေ ။ ။ ဒါနဲ့ပါတ်သက်ပြီး ပြောမယ်ဆိုရင် လက်ရှိကာကွယ်ဆေးသည် ကလေးတွေမှာ လောလောဆယ် စမ်းသပ် ထားခြင်း မရှိသေးပါဘူး။ Pfizer-BioNTech ရော Montana ရော ဒီကာကွယ်ဆေးတွေဟာ ကလေးတွေမှာ စမ်းသပ်ဖို့ ဆိုပြီးတော့ လုပ်နေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ ဗြိတိန်မှာဆိုရင်လည်း ၁၆ နှစ်အောက် ကလေးတွေကို မထိုးပေးပါဘူး။ US မှာလည်းပဲ ဒီကာကွယ်ဆေးတွေ ၁၆ နှစ်နဲ့အထက်ထိုးပေးဖို့ဆိုတဲ့သူရဲ့ သတ်မှတ်ချက်က ရှိပြီးသား ဖြစ်ပါတယ်။

ဘာဖြစ်လို့လည်းဆိုရင် ကလေးတွေသည် COVID -19 ရဲ့ ရောဂါပိုး ကူးစက်မှုဖြစ်ပွားမှုက အလွန်နည်းပါတယ်။ သေဆုံးမှု လည်း နည်းပါတယ်။ ကလေးတွေမှာဆိုရင် သူတို့ရဲ့ Natural ကိုယ်ခံအားက သူတို့မှာ သဘာ၀ ကိုယ်ခံအားက ရှိနေပြီး ဖြစ် ပါတယ်။ ကလေးတွေကနေပြီးတော့ လူကြီးတွေကို ကူးစက်ဖို့ဆိုတာ အင်မတန်နည်းပြီးတော့ လူကြီးကသာ သူတို့ဆီကို ကူးစက်ချင်လည်း ကူးစက်နိုင်ပါတယ်။ သို့သော် ကလေးတွေမှာဖြစ်ရင် ဆိုးဆိုးရွားရွား မဖြစ်ဘူး။ ဒါကြောင့်မိုလို့ ကလေး တွေဟာဆိုရင် ကာကွယ်ဆေးထိုးတဲ့ ဦးစားပေးအုပ်စုထဲ မပါဘူး။

မြန်မာနိုင်ငံရဲ့ ၃၃ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်အောက် ဖြစ်ပါတယ်။ အဲဒီတော့ တကယ်ထိုးနှံဖို့ လိုအပ်တာက ၆၇ ရာ ခိုင်နှုန်းလောက်ပဲရှိမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် ကာကွယ်ဆေးသည် ကျမတို့ရဲ့ ဦးစားပေးအုပ်စုသည် ကျန်းမာရေး ဝန်ထမ်း၊ ကျန်းမာရေး ဝန်ထမ်း ဆိုတာမှာ COVID – 19 ကုသရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်း၊ အဲဒီမှာလည်း ခုနကပြောသလို ထဲထဲဝင်ဝင် လုပ်ဆောင်တဲ့ ကျန်းမာရေး ဝန်ထမ်းအပြင်ကို သက်ဆိုင်ရာ ဝန်ထမ်းတွေ Volunteer (စေတနာ့ဝန်ထမ်း) တွေကိုလည်း ပါမယ့်အစီအစဉ်တွေလည်း ရှိပါတယ်။

ဒါ့အပြင်တော့ အသက်ကြီးတဲ့သူတွေပေါ့နော်။ ၆၅ နှစ်အထက် Senior Citizen (သက်ကြီးရွယ်အို)တွေ သူတို့တွေ ထိုးနှံမှာ ဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့ နောက်ခံရောဂါရှိတဲ့သူတွေပေါ့နော်။ ဒါတွေက ဦးစားပေး ဖြစ်ပါတယ်။ အဲဒီတော့ တ နိုင်ငံလုံးကို ထိုးနှံပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံကတော့ ပြောထားတာ ရှိပါတယ်။ သို့သော် တနိုင်ငံလုံးကို ဘယ်နှစ် နှစ် အတွင်းမှာ ထိုးနှံပေးမယ်ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ကာကွယ်ဆေးက ဘယ်ကာကွယ်ဆေးကို ရမှာလဲ။ ဘယ်လောက်ရမှာလဲ ဘယ်လောက်ထိရော ကာကွယ်ဆေးက ထုတ်နိုင်သလဲ နောက်တခုကကျတော့ ဒီကာကွယ်ဆေးကို သိုလောင်ဖို့အတွက် အအေးထိန်းစနစ် စသဖြင့် ဒါတွေ ဒါတွေ အများကြီးကလည်း လုပ်ရဦးမှာ ဖြစ်ပါတယ်။

မေး ။ ။ ကာကွယ်ဆေးတွေကလည်း နိုင်ငံအတော်များများမှာ ထုတ်နေကြတယ်။ အမေရိကန်၊ ဗြိတိန်၊ ရုရှားနဲ့ တရုတ် လည်း ပါတယ်။ ဝယ်မယ်ဆိုရင် ဘယ်လိုနိုင်ငံမျိုးက ဆေးကို ဦးစားပေးဝယ်မလဲ။

ဖြေ ။ ။ ကျမတို့ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ထားတဲ့ ကာကွယ်ဆေးသည် ၃ မျိုးပဲ ရှိပါတယ်။ ဒါကဘာလည်းဆိုရင် နံပါတ် ၁ ကတော့ WHO Pre-Qualified ပေးတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ ကျမတို့ရမယ့် ၂၀ ရာခိုင်နှုန်းဆိုတာ WHO Pre-Qualified ကာကွယ်ဆေး WHO Approve ဖြစ်တဲ့ ကာကွယ်ဆေးကိုရမှာ ဖြစ်ပါတယ်။

နံပါတ် ၂ ကတော့ ထုတ်လုပ်စမ်းသပ်တဲ့ နိုင်ငံကနေပြီးတော့ FDA သူတို့ရဲ့ FDA Approve ဖြစ်တာကို ဝယ်ယူမှာ ဖြစ်ပါ တယ်။ နံပါတ် ၃ ကတော့ ကာကွယ်ဆေးထုတ်လုပ်တဲ့ နိုင်ငံကနေပြီးတော့ Emergency Use အတွက် အသုံးပြုခွင့် ပေးတဲ့ ကာကွယ်ဆေးမျိုး။ ဒါမျိုးတွေကို ဝယ်မှာ ဖြစ်ပါတယ်။ ဒါနဲကိုက်ညီတဲ့ ကာကွယ်ဆေးတွေကို ဝယ်မှာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ကိုယ့်နိုင်ငံရဲ့ အအေးထိန်းစနစ်၊ အအေးစနစ်နဲ့ ကိုက်ညီတဲ့ကာကွယ်ဆေး အမျိုးအစား ဈေးနှုန်းကလည်း သင့်တင့် တယ်။

ကာကွယ်နိုင်တဲ့ အာနိသင်ကလည်း ကောင်းမွန်တယ်။ ဒါမျိုးတွေအဘက်ဘက်က စဉ်းစားပြီးတော့ ရွေးချယ်မှာ ဖြစ်ပါ တယ်။ ဒါကတော့ ခုနကပြောသလို လက်ရှိ အနေအထားအရ ကာကွယ်ဆေးတွေကတော့ အခြေအနေကောင်းတွေ ရရှိ နေပြီ ဖြစ်ပေမယ့်လို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မေး ။ ။ ကာကွယ်ဆေးတွေဝယ်ဖို့ ဘတ်ဂျက်လျာထားတာ ရှိပါသလား။ နိုင်ငံတကာချေးငွေတွေနဲ့ လုံလောက်မှု ရှိပါ သလား။

ဖြေ ။ ။ လက်ရှိကာကွယ်ဆေးတွေကို ဝယ်ယူဖို့အတွက် ကျမတို့လက်ရှိမှာ ဆိုလို့ရှိရင် ရည်မှန်းထားတဲ့ ဘတ်ဂျက်က တော့ ဒီဟာနဲ့ပတ်သက်လို့ အခုကျမတို့ ဘယ်လောက် ရာခိုင်နှုန်းတိုးမလဲပေါ့နော်။ ၂၀၂၁ မှာ ကျမတို့ ဒါ ၄၀ ရာခိုင်နှုန်း လောက် Cover လုပ်မယ်ပေါ့နော်။ အဲဒီအတွက် ၂၀ ရာခိုင်နှုန်းကတော့ WHO က ရမယ့် ၂၀ ရာခိုင်နှုန်းကတော့ ဝယ်မယ် ပေါ့နော်။ စသဖြင့် ဒါမျိုးတွေတော့ သက်ဆိုင်ရာ ဘတ်ဂျက်တွေ ခုနကပြောတဲ့ World Bank တို့ ကျမတို့ရဲ့ ရန်ပုံငွေတွေတို့ ဒါတွေနဲ့ ဝယ်မှာ ဖြစ်ပါတယ်။ ရှိပါတယ်။

မေး ။ ။ ကာကွယ်ဆေးတွေ ထိုးတဲ့အခါ အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနကပဲ တာဝန်ယူမှာလား။ ပုဂ္ဂလိကတွေကိုရော ခွဲပေးဖို့ရှိလား။

ဖြေ ။ ။ ကာကွယ်ဆေးနဲ့ပတ်သက်လို့ ညှိုနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ပြောထားပြီး ဖြစ်ပါတယ်။ ဒီပုဂ္ဂလိ က ကျန်းမာရေးဌာနတွေကိုလည်း ကာကွယ်ဆေးဝယ်ယူခွင့်၊ ထိုးနှံ့ခွင့်တွေ ပေးသွားမှာလို့ ပြောထားပြီး ဖြစ်ပါတယ်။

မေး ။ ။ ကာကွယ်ရေးက ဝယ်ယူ၊ ဖြန့်ချီ၊ ထိုးနှံဆိုတဲ့ ပုံစံမျိုးတွေလုပ်တဲ့အခါမှာ မြန်မာအတွက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှု တွေက ဘာဖြစ်မလဲ။

ဖြေ ။ ။ ကျမတို့ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစီမံချက်ကတော့ ဒီကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ကတော့ နှစ်ပေါင်း ၁၉၇၈ ကတည်းကဆိုတော့ နှစ်ပေါင်းကတော့ ၃၀ ကျော် အတွေ့အကြုံတွေ ရှိပါတယ်။ ကာကွယ် ဆေးထိုးပေးနိုင်မယ့် Target အုပ်စုပေါ့။ ကလေးတွေကို ထိုးနှံပေးတဲ့ အစဉ်အလာတွေကလည်း ရှိပြီးသား ဖြစ်ပါတယ်။

အဲဒီတော့ ထိုးနှံပေးမယ့် လူတို့ လက်ရှိသုံးနေတဲ့ကာကွယ်ဆေး သိုလှောင်တဲ့စနစ်နဲ့ ကိုက်ညီတဲ့ ကာကွယ်ဆေး ဖြစ်ရင် တော့ Cold Chain တွေ မတည်ဆောက်ရတဲ့အတွက် ဒါကတော့ ကုန်ကျမှုတွေ သက်သာမှာပေါ့နော်။ ဒီနေရာမှာတော့ စိန်ခေါ်မှုကတော့ ရှိမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတဲ့ အခါကျတော့ အခုလိုမျိုး Test တွေကို ကျမတို့ နိုင်ငံတော် အစိုး ရ အနေနဲ့ သေသေချာချာ လိုအပ်တဲ့သူတွေကို Test လုပ်တယ်။ Test လုပ်သင့်လုပ်ထိုက်တဲ့သူတွေကို ကျမတို့ အမြန် လုပ်တယ်။ လုပ်တဲ့အခါမှာဆိုလို့ရှိရင် ဒါတွေနဲ့ပတ်သက်ရင်တောင်မှ အောက်လမ်းကနေ တရားမဝင် နည်းလမ်းက နေပြီးတော့မှ နိုင်ငံအမျိုးမျိုးက Test အမျိုးမျိုးပေါ့နော်။ တချို့Test တွေဆိုလို့ရှိရင် တကယ့်ကိုမှန်ကန်မှု မရှိဘူး။ တော်တော်လေး မှားယွင်းတဲ့ဟာမျိုးတွေလည်း ရှိတယ်ပေါ့နော်။

အဲတာမျိုးတွေလည်း ရှိလာတယ်။ ဒါ့အပြင်ကို ကိုယ့်ဟာကိုယ် Test စစ်မယ်ဆိုတဲ့ ဒါမျိုးတွေတောင် ရှိလာတယ် ဆိုတာက ကျတော့ ဘယ်သူမှ ခုနကပြောတဲ့ ဗဟိုအဆင့်ကြီးကြပ်ကွပ်ကဲရေး ကော်မတီရဲ့ အထက်မှာ မရှိပါဘူး။ အဲဒါဆိုတော့ မိမိ သဘောနဲ့ မိမိလုပ်ခွင့် မရှိပါဘူး။ ဒါကတော့ Test စစ်တာ ပြောတာပါ။ ဒီလောက်လွယ်ကူနေတာလည်း မဟုတ်ပါဘူး။ ဒီနောက်ကွယ်မှာ Test တွေ Positive ဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ Negative ဖြစ်ရင်ဘယ်လိုလုပ်မလဲ။ သူတို့ရဲ့ Contact တွေဘယ်လိုလုပ်မလဲ စသဖြင့် ဒါတွေက ကျမတို့သေသေချာချာ လုပ်ရမယ်။ ဒီသဘောပါပဲ။

ကာကွယ်ဆေးတွေရပြီဆိုရင်လည်း ကာကွယ်ဆေးတွေက နိုင်ငံအမျိုးမျိုး ကုမ္ပဏီအမျိုးမျိုးကနေပြီးတော့ နည်းလမ်း အ မျိုးမျိုးနဲ့ တရားဝင်လမ်းကြောင်းက ဝင်လာတာတွေရှိသလို တရားမဝင်လမ်းကြောင်းကနေပြီးတော့လည်း ဝင်လာတာတွေ ရှိတဲ့အခါမှာ ပြည်သူလူထုအနေနဲ့ ကာကွယ်ဆေးအတုတွေ အရည်အသွေးအာနိသင့်မပြည့်တဲ့ ကာကွယ်ဆေးတွေ စမ်း သပ်နေဆဲဖြစ်တဲ့ ကာကွယ်ဆေးတွေ။

နောက်တခုကကျတော့ အာမခံချက် တကယ့်ကို မရှိဘူးပေါ့ Documented ပေါ့ သုသေတနပြုလုပ်ထားခြင်း မရှိတဲ့ ကာ ကွယ်ဆေးတွေ တကယ်လို့ကောင်းမွန်တဲ့ ကာကွယ်ဆေးဆိုရင်တောင်မှ ဒီကာကွယ်ဆေးကိုတုပပြီးလုပ်တဲ့ အတုတွေ ဒါမျိုးတွေကလည်း အများကြီး ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဒါကတော့အတုပြဿနာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါကလည်း ဘယ်မှာမဆို Demand များတဲ့ လိုချင်တဲ့သူများတဲ့ ပစ္စည်းပစ္စယ မှန်သမျှ ဒီလိုအတု ပြဿနာကလည်း ဒါကလည်း ကျမတို့ ရင်ဆိုင်ရမယ့် အခက်အခဲ ဖြစ်ပါတယ်။

နောက်ရင်ဆိုင်ရမယ့်အခက်အခဲကတော့ ဦးတည်အုပ်စုတွေ တကယ့်ကိုအန္တရာယ်ရှိတဲ့အုပ်စုတွေကို ကာကွယ်ဆေး ထိုး ပေးတဲ့နေရာမှာ သူ့တော့ထိုးပေးတယ်၊ ငါတော့မရဘူး။ ကျမတော့ထိုးချင်တယ် စသဖြင့် ဒီလိုမျိုး ကာကွယ်ဆေးနဲ့ ပတ် သက်တဲ့အခါကျတော့ Demand တွေ အရမ်းများပြီးတော့ ဒီနေရာမှာ စိတ်ဝမ်းကွဲမှုတွေ။ ဒါမျိုးတွေလည်း ဖြစ်လာနိုင်ပါ တယ်။

တကယ့်တကယ်ကျလို့ ရှိရင်တော့ ကျမတို့အကုန်လုံးက နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုအောင်မှာ တစိတ်တဝမ်းတည်း လိုက်ပါပြီးတဲ့အခါကျတော့ ဒါကိုလုပ်ပါ။ ခုနကပြောသလိုပေါ့နော်၊ ဒီလိုစည်းကမ်းတွေကိုလိုက်နာပါ။ ရောဂါ မကူးစက် အောင် ဒီလိုစည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကိုတော့ ဘယ်သူတွေကိုထိုးပေးမယ် ဦးစား ပေး ဘယ်သူတွေထိုးပေးတဲ့ဥစ္စာကို သဘောတူကြည်ဖြူပြီးတဲ့အခါကျတော့ ကိုယ့်အလှည့်ရောက်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့် ပြီးတော့ ဒီကြားထဲမှာ ထိုးပြီးတဲ့သူကော မထိုးရသေးတဲသူကော လုပ်ဆောင်နေရမယ့် ရောဂါ ကာကွယ်ရေး နည်းလမ်း တွေကို ဆက်လက်ကျင့်သုံးဖို့လိုပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးထိုးပြီးတိုင်း ၁၀၀ ရာခိုင်နှုန်းထိုးပြီးလို့ ၁၀၀ ကိုယ်ခံ အားရတာမဟုတ်ပါဘူး။ ဒါလေးကိုသိစေချင်ပါတယ်။

ကာကွယ်ဆေးထိုးတယ်ဆိုတာက လူကောင်းတွေ ထိုးတာဖြစ်ပါတယ်။ ရောဂါဖြစ်တဲ့သူ ထိုးတာ မဟုတ်ပါဘူး။ အဲဒီတော့ ကျမတို့လူတွေကိုလည်း ကျမတို့က စိတ်ချရပြီးတော့ ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေး ချင်ပါတယ်။ ထိုးပေးဖို့လည်း ကျမတို့ ဆောင်ရွက်နေတဲ့အပိုင်းမှာဆိုလို့ရှိရင် မလောဖို့ လိုပါတယ်။ နောက်တခုက ရောဂါ ဖြစ်ပွားနိုင်ချေများ ရှိတဲ့အုပ်စုတွေ ဖြစ်ပွားရင် သေနိုင်တဲ့လူ အုပ်စုတွေကို ထိုးထားခြင်းအားဖြင့် သူတို့တွေ ရောဂါဖြစ်ပွား သေဆုံးမှုလျော့လို့ရှိရင် ကျမတို့နိုင်ငံကလည်း ပြန်ပြီးတော့ ရောဂါဖြစ်ပွားမှုတွေကို အမြန်ဆုံးထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ထားပါတော့ လူငယ်ဖြစ်ရင် ရောဂါဆိုးဆိုးရွားရွား မဖြစ်ဘူး။ သာမန်လောက်ပဲဖြစ်မယ်ဆိုရင်သူတို့တွေက ဦးစားပေး အ ဆင့်ထဲမှာ မပါသင့်ပါဘူး။ အဲဒီတော့ ဖြစ်လို့ရှိရင် ကိုယ့်မိဘတွေ ကိုယ့်ဘိုးဘွားတွေ ဖြစ်လိုက်လို့ရှိရင် နောက်ခံရောဂါရှိ မယ်ဖြစ်ရင် သေနိုင်တဲ့သူတွေကို ထိုးပေးခြင်းအားဖြင့် သူတို့တွေရဲ့ တန်ဖိုးရှိလှတဲ့ အသက်တွေ အများကြီးကို ကယ်တင် နိုင်မှာ ဖြစ်တယ်။ ကျန်းမာရေးဝန်ထမ်းတွေ ဦးစားပေးထိုးရတာလည်း ကျန်းမာရေးဝန်ထမ်းတွေ ကျန်းမာနေမှ ရောဂါ ဖြစ်ပွားတဲ့ သူတွေကို ကုသပေးနိုင်မှာ ဖြစ်တယ်။

ဒါမျိုးတွေပေါ့နော်။ အနောက်ကနေပြီးတော့ ထိုးပေးနိုင်တဲ့ ဦးစားပေးအုပ်စုဆိုတာ ကျမတို့ဘာသာလုပ်ထားတာ မလုပ်ပါ ဘူး။ နိုင်ငံတကာ Guide Line တွေ ကျမတို့နိုင်ငံရဲ့ ရောဂါဖြစ်ပွားတဲ့ အသက်အရွယ်တွေ ရောဂါဖြစ်ပွားတဲ့ သူ့ရဲ့ နောက်ခံ ရောဂါတွေ အသက်အရွယ်အုပ်စု စသဖြင့် ဒါတွေအကုန်အလုံးမှာ အခြေပြု စဉ်းစားထားတာဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကာကွယ်ဆေးတကယ်လို့ရလာလို့ သက်ဆိုင်ရာ ဦးစားပေးအုပ်စုလိုက် ထိုးနှံတဲ့ကိစ္စမှာလည်း အားလုံးက ပူးပေါင်းပါဝင် ကူညီဖို့ လိုပါတယ်။ ဒါမှသာကျမတို့ စိန်ခေါ်မှုတွေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

You may also like these stories:

မြန်မာ့ ကိုဗစ်ကျရှုံးမှုက ထိုင်း အောင်ပွဲကို ခြိမ်းခြောက်နေ

အိုင်တီနည်းပညာဖြင့် ကိုဗစ် ၁၉ ကို တွန်းလှန်ခြင်း

ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာသဖြင့် စစ်ကိုင်းတိုင်းတွင် ဒေသန္တရ အမိန့်ထုတ်

Your Thoughts …
Tags: ကာကွယ်ဆေးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဒေါက်တာ ခင်ခင်ကြီး
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် / SoeLwin / Facebook

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူပိုများလာတယ်

by လဲ့လဲ့
26 December 2018
55.1k

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သောအခြေအနေများ၊ ကြိုတင်စစ်ဆေးနိုင်မှုများနှင့် ဓာတ်ရောင်ခြည် ကုသမှု၊ ခွဲစိတ်ကုသမှုအခြေအနေများ၊ သတိပြုရမည့်အချက်များနှင့်ပတ်သက်ပြီး ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်အား ဧရာဝတီသတင်း ထောက် လဲ့လဲ့မှ တွေ့ဆုံမေးမြန်းထားသည်။

၂၀၁၈ ခုနှစ်က ကလေးငယ်တဦးကို ကာကွယ်ဆေးထိုးပေးစဉ် / UNICEF

ကာကွယ်ဆေးမထိုးရသေးသည့် သန်းနှင့်ချီသော ကလေးငယ်များ ရောဂါကူးစက်မည့် အန္တရာယ် ကျရောက်နေ

by ယုဇန
30 May 2023
8.4k

"ကူးစက်ရောဂါဖြစ်လာရင်တော့ ထိန်းချုပ်ဖို့ ခက်လိမ့်မယ်" ဟု ကိုနေက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ စမ်းစမ်းမြင့် / ထက်ဝေ / ဧရာဝတီ

ကျမတို့နိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့ကို လုပ်နေပါပြီ

by သဇင်လှိုင်
1 September 2020
17.2k

ရောဂါ အဆင့်မြင့်တော့မှ ရောက်လာတာပေါ့။ အရမ်းကိုနာလာတယ်၊ အရမ်းကို အပုပ်တွေ သွေးတွေ ဆင်းလာတော့မှ လာတယ်။ အဲဒီလိုမျိုးကျတော့ ကျမတို့ ဘယ်လောက်ပဲ ထိရောက်တဲ့ ကုသမှုတွေ ပေးပေမယ့် သူတို့ကို မကယ်နိုင်ဘူးပေါ့။ အဲဒါမျိုးတွေကြောင့် သေဆုံးမှုတွေ များနေ

ခရီးထွက်တဲ့အခါမှာ ကလေးအများစု ကြုံတွေ့ရတဲ့ အခက်အခဲကတော့ ကျန်းမာရေးကိစ္စပါ

ကလေးတွေနဲ့အတူ ခရီးသွားတဲ့အခါ သိထားရမယ့် အချက်များ

by ညီညီသူ
19 April 2019
28.3k

ကလေးတွေမှ မဟုတ်ဘဲ လူကြီးတွေလည်း ခရီးသွားရင်း ဝမ်းပျက်တဲ့ ကိစ္စမျိုးတွေကို ကြုံရလေ့ ရှိပါတယ်။ အဓိက အရေးကြီးတာကတော့ ခရီးပင်ပန်းမှုဒဏ်နဲ့ အစားအသောက်ကြောင့်ပါ။

အိုမီခရွန်မျိုးကွဲကို 3D ပုံဖြင့် မြင်ရစဉ် /  Getty Images

အိုမီခရွန်အကြောင်း နောက်ဆုံး သိရသမျှ

by ဧရာဝတီ
18 December 2021
8.7k

အိုမီခရွန်ကူးစက်မှု ရောဂါလက္ခဏာများ၊ ကာကွယ်ဆေးထိရောက်မှုနှင့် ကမ္ဘာတဝန်း ကူးစက်မှုတို့၏ ရုပ်ပုံကားချပ်ကို အစောပိုင်းလေ့လာမှုများက စတင်ပြသလာပြီ ဖြစ်သည်။

ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဗဟို တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦး  / သဇင်လှိုင် / ဧရာဝတီ

ဝက်သက်ရောဂါ ကာကွယ်ရေး ပြည်သူ့ ကျန်းမာရေးက ဒေါက်တာ အောင်နိုင်ဦး နှင့် မေးမြန်းချက်

by သဇင်လှိုင်
25 February 2019
19.5k

ကလေး မိဘတွေ အုပ်ထိန်းသူတွေ အကုန်လုံးက ကာကွယ်ဆေးထိုး စုရပ်တွေကို လာ ထိုးဖို့ကတော့ အရေးအကြီးဆုံးပဲ။

Next Post
ထိုင်းနိုင်ငံ တာခ်ခရိုင် မဲဆောက်မြို့ဘက်သို့ သောင်ရင်းမြစ်ကို ဖြတ်ကာ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသူများ / Army PR Center

ထိုင်းသို့ တရားမဝင် ဝင်ရောက်ခြင်း မပြုရန် မြန်မာလုပ်သားများကို သတိပေး

သေနတ်သမား ကြည်လင်း ရုံးထုတ်မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

သေနတ်သမားကြည်လင်းအား ဝန်းရံခဲ့သူ ၃ ဦး ထောင် ၁ နှစ်စီချ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate