ရန်ကုန်မြို့၏ လေထုအရည်အသွေးသည် မိုးရာသီအကုန်မှစကာ လူတိုင်း၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အနီရောင်အဆင့်သို့ ရောက်ရှိလာနေသည်။ လေထုအရည်အသွေး ညစ်ညမ်းစေသည့် အဓိက အကြောင်းအရာတခုမှာ သစ်ရွက်ခြောက်နှင့် အမှိုက်သရိုက်များအား နေ့စဉ် နံနက်နှင့် ညနေပိုင်းအချိန်များတွင် မီးရှို့ဖျက်စီးနေခြင်းများကြောင့် ဖြစ်သည်။ အထူးသဖြင့် သစ်ရွက်ခြောက်များ ကြွေသည့် ဆောင်းရာသီတွင် မီးခိုးမှ ထွက်ရှိသည့်ဓါတ်ငွေ့များကြောင့် လူထုကျန်းမာရေး ထိခိုက်နိုင်သည်ကို ဂရုပြုမိမှု မရှိကြဘဲ သစ်ရွက်ခြောက်အမှိုက်များကို လေ့စဉ် မီးရှို့ဖျက်ဆီးကြလေ့ ရှိသည်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ သေဆုံးမှု ၄၅၀၀၀ ခန့်သည် လေထုညစ်ညမ်းမှုကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ စစ်တမ်းများက ဆိုထားသည်။
လက်ရှိ ရန်ကုန်မြို့တွင် သစ်ရွက်ခြောက်နှင့်အမှိုက်သရိုက်မီးရှို့မှုများ နေ့စဉ်ပြုလုပ်နေကြပြီး တပ်ဝန်းများ၊ တက္ကသိုလ်ဝန်း၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဝန်းများတွင် နေ့စဉ်အမှိုက်မီးရှို့နေမှုများကို တွေ့မြင်နေရသည်။
အများပြည်သူများကလည်း အသက်ရှူရန် ခက်ခဲစေသည့် မီးခိုးများကြောင့် အမှိုက်မီးရှို့မှုများကို တားဆီးအရေးယူပေးရန် သက်ဆိုင်ရာဌာနများကို ဝေဖန်တောင်းဆိုလျက်ရှိနေသည်။
ရန်ကုန်မြို့တွင် အမှိုက်မီးရှို့ခြင်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ တားဆီးထားသော်လည်း အမှိုက်မီးရှို့နေမှုများအား တားဆီးအရေယူခြင်းနှင့် အမှိုက်မီးရှို့သည့် အလေ့အထများ တားဆီးသည့် လုပ်ဆောင်မှုများကို တွေ့ရလေ့ မရှိပေ။
အမှိုက်မီးရှို့မှုများမှ ထွက်ရှိသည့် မီးခိုးများကြောင့် ရန်ကုန်လေထုအရည်အသွေးညစ်ညမ်းနေသည့် အတွက် Air Quality Yangon, Bokashi Myanmar တို့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများက အမှိုက်မီးရှို့မှုကို ဆန့်ကျင်သည့်စည်းရုံးလှုံ့ဆော်မှုများကို လက်ရှိတွင် ပြုလုပ်နေလျက်ရှိသည်။
ယင်းတို့၏ စည်းရုံးလှုံ့ဆော်မှုများတွင် လေထုညစ်ညမ်းမှုနှင့်ပက်သက်သည့် အသိပညာပေးခြင်းများနှင့် အမှိုက်မီးရှို့မှုများ မပြုလုပ်ကြရန် တိုက်တွန်းလျက်ရှိသည်။
ရန်ကုန်မြို့တွင် အမှိုက်မီးရှို့ခြင်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ တားဆီးထားသော်လည်း အမှိုက်မီးရှို့နေမှုများအား တားဆီးအရေယူခြင်းနှင့် အမှိုက်မီးရှို့သည့် အလေ့အထများ တားဆီးသည့် လုပ်ဆောင်မှုများကို တွေ့ရလေ့ မရှိပေ။
Air Quality Yangon အဖွဲ့သည် ရန်ကုန်မြို့၏ လေထုအရည်အသွေးကို နေ့စဉ်တိုင်းတာနေပြီး လေထုညစ်ညမ်းမှုနှင့်ပက်သက်ပြီး အများပြည်သူအား တက်ကြွစွာ အသိပညာပေးနေသည့် အဖွဲ့လည်း ဖြစ်သည်။ အဆိုပါ အဖွဲ့ကို ရန်ကုန်မြို့ American University Yangon မှ ပညာရေးအကြံပေး Dr. Kirt Page က သူ၏ ကျောင်းသား ၆ ဦးဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့က ရန်ကုန်မြို့၏ လေထုအရည်အသွေးကို စောင့်ကြည့်တိုင်းတာရေးစက် ၁၃ ခုဖြင့် တိုင်းတာပြီး လေထုအရည်အသွေးညွှန်းကိန်းများကို ယင်း၏ လူမှုကျွန်ရက်စာမျာနှာမှတဆင့် နေ့စဉ် ဖြန့်ဝေပေးလျက်ရှိသည်။
လက်ရှိ ရန်ကုန်မြို့၏ လေထုအရည်အသွေးအခြေအနေများနှင့် အဖွဲ့၏ ဆောင်ရွက်နေသည့် လူပ်ရှားမှုများအကြောင်းကို အများပြည်သူသိရှိနိုင်ရန် ဧရာဝတီသတင်းဌာနက Air Quality Yangon ၏ Planning, Communication and Content Creation Officer ဖြစ်သူ ကိုကျော်ဝေသွင်ကို ဆက်သွယ် မေးမြန်းထားသည်။
မေး၊ ရန်ကုန်မြို့ရဲ့လေထုအရည်အသွေးက ဘယ်ရာသီတွေမှာ ဆိုးရွားလေ့ရှိလဲ။ ဘာကြောင့်ပါလဲ။
ဖြေ၊ လေထုညစ်ညမ်းမှုကို Air Quality Index နဲ့ တိုင်းတာပါတယ်။ အများဆုံး ဆိုးဆိုးရွားရွားဖြစ်တာတော့ မိုးရာသီ နွေရာသီထက်၊ ဆောင်းရာသီမှာ ပိုဖြစ်ပါတယ်။ Source Apportionment of Coarse Particulate Matter (PM10) in Yangonအဖွဲ့ရဲ့ ၂၀၁၈ စစ်တမ်းအရဆိုရင် အမှိုက်မီးရှို့မှုကြောင့် လေထုညစ်ညမ်းမှုအများဆုံးဖြစ်တယ်ဆိုတာကို တွေ့ရှိထားပါတယ်။
တခါတလေ အထပ်မြင့်ကနေကြည့်လိုက်ရင် လေထုထဲမှာ မီးခိုးငွေ့တွေအများကြီးဖြစ်နေတာမျိုး မြင်ဖူးမှာပါ၊ အဲဒါက အခုလို သစ်ရွက်ခြောက်တွေ ပလတ်စတစ်တွေ အမှိုက်တွေ မီးရှို့တာတွေကြောင့်လည်းပါတယ်။ အကြောင်းအရာတွေကတော့ အများကြီးရှိပါတယ်၊ ကားတွေကနေထွက်တာ၊ စက်ရုံတွေကနေထွက်တာ ဒါမျိုးတွေလည်းရှိတယ်။ သစ်ရွက်ခြောက်တွေ အမှိုက်တွေ မီးရှို့တာတွေလည်း ပါပါတယ်။ ကျန်တဲ့ရာသီတွေမှာလည်း ရှို့ကောင်းရှို့နိုင်တယ်၊ ဆောင်းရာသီမှာကျ သစ်ရွက်တွေပိုကြွေတော့ ဒါတွေကို မီးပိုရှို့ရတာကြောင့် ပိုဆိုးတာပါ။
မေး။ ရန်ကုန်လေထုအရည်အသွေးဟာ လက်ရှိကာလမှာ ဘယ်အဆင့်ထိ ရောက်ရှိနေပါသလဲ။ လူတွေရဲ့ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်ပါသလဲ။
ဖြေ။ အနီရောင်ဆိုရင်တော့ (လူတိုင်းအတွက်) အန္တရာယ်ရှိတာပေါ့။ လိမ္မော်ရောင်အဆင့်ဆိုရင်တော့ ကိုယ်ခံအားနည်းတဲ့သူတွေ ရောဂါအခံရှိတဲ့သူ တွေ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် အန္တရာယ်ရှိတယ်။ အဝါရောင်အဆင့်ကတော့ အသင့်အတင့်ပါ။ အစိမ်းရောင်ကတော့ အကောင်းဆုံးအဆင့်ပေါ့။ မိုးရာသီကုန်ပြီးတာနဲ့ လေထုအရည်အသွေးက မနက်ပိုင်းဆိုရင် များသောအားဖြင့် လိမ္မော်ရောင်တွေ့ရတယ်၊ ညနေဘက်ဆိုရင် အဝါရောင်အဆင့်တွေ့ရတယ်၊ မိုးရာသီကုန်ပြီးတဲ့နောက်ပိုင်း မှာတော့ အစိမ်းရောင်ဘက်ကို ပြန်မရောက်တော့ဘူး၊ အဝါရောင် လိမ္မောရောင်နဲ့ အနီရောင်အဆင့်တွေမှာပဲ ရှိနေတယ်။
လေထုအရည်အသွေးက အများအားဖြင့် မနက်ပိုင်းအချိန်တွေမှာ ဆိုးရွားလေ့ရှိတယ်။ မော်တော်ကားတွေ အသွားအလာများတာရယ်၊ မနက်စောစော မီးရှို့တာတွေကြောင့်ပါ။
ညစ်ညမ်းတဲ့လေ မီးခိုးငွေ့တွေကို ရှူမိမယ်ဆိုရင်တော့ ချက်ချင်းတော့ ခေါင်းကိုက်တာ ကိုယ်လက်မအီမသာဖြစ်တာတွေကို ခံစားရစေနိုင်တယ်။ အချိန်ကြာလာရင်တော့ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ နှလုံးရောဂါတို့ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်၊
မေး။ ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးကြုံဖူးတဲ့ နေ့တွေ ရှိခဲ့လား။
ဖြေ။ မနှစ်က ဆောင်းရာသီမှာ အနီရောင်နဲ့ လိမ္မော်ရောင်အဆင့်အထိရှိခဲ့တယ်၊ တချို့ရက်တွေမှာ ခရမ်းရောင်အဆင့်ထိ (အလွန်အနရာယ်ရှိသောအဆင့်) ရောက်သွားခဲ့ဖူးတယ်။ ဒီနှစ်ကတော့ အနီရောင်နဲ့ လိမ္မော်ရောင်အဆင့်ထိ ရှိနေတယ်။
မေး။ ဒီလေထုညစ်ညမ်းမှုကို လူထုကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်ပါသလဲ။
ဖြေ။ ညစ်ညမ်းတဲ့လေ မီးခိုးငွေ့တွေကို ရှူမိမယ်ဆိုရင်တော့ ချက်ချင်းတော့ ခေါင်းကိုက်တာ ကိုယ်လက်မအီမသာဖြစ်တာတွေကို ခံစားရစေနိုင်တယ်။ အချိန်ကြာလာရင်တော့ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ နှလုံးရောဂါတို့ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်၊
သစ်ရွက်ခြောက်မီးရှို့လို ထွက်လာတာကတော့ ဆာလဖာဒိုင်အောက်ဆိုက် နိုက်ထရိုဂျင်အောက်ဆိုက် ပိုလီဆိုက်ကလစ်အော်ဂန်းနစ်ဆိုပြီး လေထုညစ်ညမ်းမှုဖြစ်စေတဲ့ဓာတ်ငွေ့တွေ ထွက်ပါတယ်။ လူတွေက ဒါတွေကို ရှုရှိုက်မိ တာကြောင့် အသက်ရှုလမ်းကြောင်း အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။
မေး။ ဘာကြောင့် Say No to Trash Burning ဆိုတဲ့ မီးရှို့တာတွေ ရပ်တန့်ခိုင်းတဲ့ ကမ်ပိန်းလုပ်ဖြစ်တာလဲ။
ဖြေ။ မနှစ်က ဒီဇင်ဘာတုန်းကလည်း ကမ်ပိန်းတခုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ “တို့ရှူတဲ့လေ သတိပြုကြစေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ လေထုညစ်ညမ်းမှုဆိုတာ တကယ်ရှိနေပါတယ်ဆိုတာကို လူတွေသိအောင်လုပ်ခဲ့တာ။ အဲဒီကမ်ပိန်းကြောင့် လည်း လူတွေက လေထုညစ်ညမ်းမှုဆိုတာကို ပိုသိသွားကြတယ်။ ဒီနှစ် ကမ်ပိန်းကျတော့ ကျနော်တို့ရဲ့ ပေ့ချ်မှာလည်း ဘယ်နားမှာတော့ မီးရှို့နေတယ် အရေးမယူဘူးလားဆိုပြီး ဓာတ်ပုံရကော့တွေနဲ့ လာလာပြောကြတယ်။ အဲဒါကြောင့် ပြည်သူလူထုကို အမှိုက်မီးရှို့တာကြောင့် လေထုညစ်ညမ်းမှုပိုဖြစ်စေတယ်ဆိုတဲ့အကြောင်းကို အသိပညာပေးချင်လို့ ဒီကမ်ပိန်းကို လုပ်ဖြစ်တာပါ။ အဓိက နောက်ဆုံးပြောရမယ်ဆိုရင်တော့ လေထုအရည်အသွေးကို ကောင်းစေချင်လို့ပေါ့။
မေး။ အစိုးရအနေနဲ့ကော အမှိုက်မီးရှို့မှုတွေ ရပ်တန့်ဖို့ ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။. အစိုးရအနေနဲ့ ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ပါ။ နောက်ပြီး အမှိုက်မီးရှို့တာနဲ့ပတ်သက်ပြီး ပြဌာန်းထားတဲ့ဥပဒေတွေကို ပိုပြီးတင်းတင်းကြပ်ကြပ် ကြပ်မတ်ဆောင်ရွက်ပေးစေချင်တယ်။ ဥပဒေမှာ မည်သူမဆို ဘယ်နေရာမှာပဲဖြစ်ဖြစ် ခွင့်ပြုချက်မရှိဘဲ အမှိုက်မီးရှို့ရင် အနည်းဆုံး ဒဏ်ငွေဘယ်လောက်ဆိုတဲ့ ပြစ်မှုပြစ်ဒဏ်မျိုးရှိပြီးသားပါ။
မေး။ အဖွဲ့က လက်ရှိလုပ်နေတဲ့ ကမ်ပိန်းအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ကော ရှိပါသလား။
ဖြေ။ ဒီတခေါက်ကမ်ပိန်းမှာတော့ အစိုးရနဲ့ပူးပေါင်းလုပ်ဖို့ အစီအစဉ်လေးရှိပါတယ်။ ဒီကမ်ပိန်းမှာ ပြည်သူလူထုကို ပညာပေးတဲ့ အပိုင်းနဲ့ အစိုးရနဲ့ပူးပေါင်းလုပ်ဆောင်တဲ့အပိုင်းဆိုပြီး နှစ်ပိုင်းရှိတယ်။ YCDC နဲ့ပူးပေါင်းပြီး အမှိုက်တွေသိမ်းပေးဖို့ လုပ်ဆောင်မယ့် အစီအစဉ်ရှိပါတယ်။ စာလည်းပို့ပြီးပြီ စကားလည်းပြောပြီးပြီ၊ ဒါပေမယ့် ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်တဲ့အဆင့်တော့ မရောက်သေးဘူး။ ဌာနဘက်က ပူးပေါင်းပါဝင်ပေးမယ်ဆိုတဲ့အထိတော့ ပြောလို့ရပါတယ်။ ကျနော်တို့ကလည်း ဘတ်ဂျက်လစ်မစ်တေးရှင်းနဲ့သွားရတာဆိုတော့ ဘယ်လိုလုပ်ဆောင်မယ်ဆိုပြီး စီမံချက်အသေးစိတ်တော့ ထွက်မလာသေးဘူးပေါ့။ ဌာနဘက်ကတော့ တတ်နိုင်သလောက်ကူညီမယ်ဆိုပြီးတော့ ပြန်ပြောထားတယ်။
တကယ် လေထုသန့်စင်လာဖို့က ကျနော်တို့ပြောနေရုံနဲ့လည်းမပြီးဘူး။ အစိုးရပြောရုံနဲ့လည်းမပြီးဘူး။ ပြည်သူတွေက တကယ်ကို တဦးတယောက်ချင်းစီ အပြုအမူတွေပြောင်းလဲပြီး လိုက်နာနိုင်မယ်ဆိုရင်တော့ ပိုကောင်းတဲ့အခြေအနေတခုကို ရောက်လာဖို့ မျှော်လင့်ပါတယ်။
မေး။ ရန်ကုန်လေထုညစ်ညမ်းမှု လျော့ချနိုင်ဖို့ဆိုရင် ပြည်သူတွေကကော ဘယ်လိုအပိုင်းက ပါဝင်လို့ ရနိုင်ပါသလဲ။
ဖြေ။ သစ်ရွက်ခြောက်တွေဆိုရင် မီးမရှို့ဘဲနဲ့ မြေဆွေးပြန်လုပ်လို့ရတယ်၊ ဘိုကာရှီမြန်မာလို အဖွဲ့တွေက ဒါတွေကိုလုပ်နေတယ်။ သစ်ရွက်တွေကို မီးမရှို့စေချင်ရင် သူတို့အတွက် တခြားနည်းလမ်းတွေပေးဖို့လိုတယ်။
တကယ် လေထုသန့်စင်လာဖို့က ကျနော်တို့ပြောနေရုံနဲ့လည်းမပြီးဘူး။ အစိုးရပြောရုံနဲ့လည်းမပြီးဘူး။ ပြည်သူတွေက တကယ်ကို တဦးတယောက်ချင်းစီ အပြုအမူတွေပြောင်းလဲပြီး လိုက်နာနိုင်မယ်ဆိုရင်တော့ ပိုကောင်းတဲ့အခြေအနေတခုကို ရောက်လာဖို့ မျှော်လင့်ပါတယ်။
ဥပမာ ကိုယ်ပိုင်ကားသုံးတာတွေလျှော့ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းတွေကို ပိုပြီးသုံးစွဲတာ။ အမှိုက်တွေကို စနစ်တကျစွန့်ပစ်တာ၊ သစ်ရွက်ခြောက်မီးရှို့တာမျိုးတွေမလုပ်တာ ဒါတွေလုပ်စေချင်ပါတယ်။
++++++++++++++++++
ရန်ကုန်လေထုညစ်ညမ်းမှုလျော့ချရေး လူထုစည်းရုံးလှုံ့ဆော်မှု လုပ်ပေးနေသော အခြားတဖွဲ့က Bokashi Myanmar အဖွဲ့ဖြစ်သည်။ အဆိုပါအဖွဲ့သည် မီးဖိုချောင်ထွက် စွန့်ပစ်ပစည်းတွေကို ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်နေသော လုပ်ငန်းအဖွဲ့အစည်းတခု ဖြစ်သည်။
၂၀၁၉ ခုနှစ်လုပ်ငန်းတည်ထောင်ချိန်မှစပြီး သစ်ရွက်ခြောက်မီးရှို့ခြင်းများ ရပ်တန့်ရေး လေထုညစ်ညမ်းမှု အသိပညာပေးလုပ်ငန်းများနှင့် မီးဖိုချောင်နှင့် ဥယျာဉ်ခြံလုပ်ငန်းများမှထွက်ရှိသည့် အမှိုက်ခြောက်များအား မြေဆွေးပြန်လည်ပြုလုပ်နိုင်သည့် နည်းလမ်းများကို အများပြည်သူအကြား သင်ကြားပို့ချပေးနေသည့် အဖွဲ့လည်း ဖြစ်သည်။
Bokashi Myanmar အဖွဲ့သည် အမှိုက်မီးရှို့ခြင်းမှဖြစ်ပေါ်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ လျော့ချနိုင်ရေးနှင့် သဘာဝမြေဆီမြေလွှာကောင်းများ ရရှိရေး အသိပညာပေးလုပ်ငန်းများကို လက်ရှိတိုင်ဆောင်ရွက်ပေးနေသည်။
သစ်ရွက်ခြောက်များ မီးရှို့ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု အကြောင်းနှင့် စွန့်ပစ်ပစ္ဖည်းများအား ပြန်လည်အသုံးပြုခြင်းဖြင့် သစ်ရွက်ခြောက်များ မီးရှို့မှုများ ရပ်တန့်နိုင်ကြောင်း Bakashi Myanmar အဖွဲ့၏ ပူးတွဲတည်ထောင်သူတဦးဖြစ်သူ ကိုဣန္ဒာအောင်စိုးက ဧရာဝတီနဲ့ အင်တာဗျူးမှာ ဖြေကြားပေးထားသည်။
မေး။ ရန်ကုန်မြို့လေထုညစ်ညမ်းရခြင်းရဲ့အကြောင်းရင်းက ဘာများဖြစ်မလဲ။
ဖြေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့မြန်မာပြည်မှာ ကားတွေလည်း ရှိနေပြီးသား တနှစ်ပတ်လုံး သွားလာနေကြတယ်။ စက်ရုံတွေလည်း တနှစ်ပတ်လုံး လည်ပတ်နေတယ်။
ပြီးတော့ တနှစ်ပတ်လုံးရဲ့ လေထုအရည်အသွေးဟာ တနှစ်ပတ်လုံး ဒီအတိုင်းချည်းပဲ တသတ်မှတ်တည်း ဆိုးနေတာ မဟုတ်ဘူး။ ဥပမာ မိုးတွင်းဆိုရင် မိုးရွာချပြီးရင် ပိုကောင်းလာတယ်။ သစ်ရွက်တွေ မီးမရှို့တဲ့ရာသီဆိုရင် လေထုအရည်အသွေးဟာ နည်းနည်းလေး ပိုကောင်းတယ်ပေါ့။ အခုလိုမျိုး ခြောက်သွေ့ရာသီ၊ အထူးသဖြင့် ဆောင်းရာသီ၊ သစ်ရွက်တွေ တအားကြွေတဲ့ ရာသီမှာ ပိုဆိုးတာ။
အဲ့တော့ ရန်ကုန်လိုနေရာမျိုး၊ မြန်မာနိုင်ငံလိုနေရာမျိုး လက်ရှိ contribution factor ထဲမှာ အကြီးဆုံးလို့ ပြောနိုင်တာက open burning တွေပါ။ အမှိုက်မီးရှို့မှုကြောင့်ပါ။ ပိုဆိုးတာက သစ်ရွက်ခြောက်တွေတင် မကဘူး၊ တခါတခါ အခြားအမှိုက်တွေ၊ ပလပ်စတစ်တွေ၊ ရေသန့်ဗူးခွံတွေ၊ အဝတ်စတွေ စတာတွေပါ အမှိုက်ထဲ ရောပြီးရှို့ကြတော့ ပိုဆိုးတာပေါ့။
စိန့်လူးဝစ်မြို့က ဝါရှင်တန်တက္ကသိုလ်က ကိုဗစ် ၁၉ရောဂါကို research လုပ်ကြည့်တဲ့ အခါကြတော့ ဘာတွေ့လဲဆိုတော့ ကိုဗစ်-၁၉ က လေထုညစ်ညမ်းမှုပိုဖြစ်တဲ့နေရာမှာ ပိုဆိုးတယ်တဲ့။ လေထုအရည်အသွေးညံ့လေ ကိုဗစ် ကြောင့် သေဆုံးနိုင်ခြေ ပိုပြီးဖြစ်တယ်ပေါ့ဗျာ။
မေး။ ဒီတော့ အမှိုက်မီးရှို့မှုတွေက အများပြည်သူကျန်းမာရေးအတွက် ဘာတွေ ထိခိုက်စေနိုင်သလဲ။
ဖြေ။ အခြေခံအနေနဲ့ အသိသာဆုံးအချက်က အသက်ရှူကျပ်တာ။ လည်ချောင်းယားတာ၊ နှာခေါင်းယားတာ၊ ပန်းနာရင်ကျပ်တို့လို ရောဂါတွေဖြစ်မယ်။ နောက်တခုက နှလုံးသမားတွေ၊ နှလုံးအားနည်းတဲ့သူတွေအတွက်ဆိုရင် ပြဿနာရှိတယ်။ heart attack တွေရှိတယ်။ နောက်တခုကတော့ ကင်ဆာဖြစ်နိုင်ခြေရှိတယ်။
စိန့်လူးဝစ်မြို့က ဝါရှင်တန်တက္ကသိုလ်က ကိုဗစ် ၁၉ရောဂါကို research လုပ်ကြည့်တဲ့ အခါကြတော့ ဘာတွေ့လဲဆိုတော့ ကိုဗစ်-၁၉ က လေထုညစ်ညမ်းမှုပိုဖြစ်တဲ့နေရာမှာ ပိုဆိုးတယ်တဲ့။ လေထုအရည်အသွေးညံ့လေ ကိုဗစ် ကြောင့် သေဆုံးနိုင်ခြေ ပိုပြီးဖြစ်တယ်ပေါ့ဗျာ။
ဘာဖြစ်လို့ဆိုတော့ သူကိုယ်တိုင်ကိုက အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတဲ့အရာဖြစ်နေလေတော့ အမှိုက်မီးရှို့မှုကနေ ထွက်လာတဲ့ အမှုန်အမွှား particlulate matterတွေ၊ ကာဗွန်မိုနောက်ဆိုက်တွေ စတဲ့ဓါတ်ပေါင်းတွေက အဆုပ်ကို ဒုက္ခပေးတယ်။
မေး။ လူတွေရဲ့ အမှိုက်မီးရှို့တဲ့ အလေ့အထကို ဘယ်လိုရပ်တန့်နိုင်မလဲ။
ဖြေ။ အမှိုက်မီးရှို့တာဟာ မကောင်းဘူးဆိုတာ လူတွေက မသိကြသေးဘူး။ နောက်တခုက ဆောင်းရာသီရောက်ရင် မီးမွေးပြီး မီးလှုံတဲ့ အလေ့အကျင့်က ကျနော်တို့ လူမျိုးတွေမှာ ရှိခဲ့ကြတော့လေ၊ တအားကြီးလည်း အပြစ်သွားပြောလို့က မရဘူး။ ဒါပေမယ့် မီးရှို့တာက မကောင်းဘူးဆိုတော့ အဲ့ဒီအလေ့အကျင့်တွေကို တားမှ ရမယ်။ တားရင်လည်း မီးမရှို့ပါနဲ့လည်း သွားတားလို့လည်း မရဘူး။ ကျန်တဲ့ alterntive တွေ options တွေ ပေးမှ ရမယ်။
အခုဆိုရင် စည်ပင်က သစ်ရွက်ခြောက်တွေ၊ အမှိုက်တွေ garden waste လို သစ်ပင်တွေခုတ်ထွင်ရာက အမှိုက်တွေကို စည်ပင်က လက်မခံဘူးလေ။ ကျနော်တို့ ပစ်လို့ မရဘူး။ တကယ်လို့ အဲ့ဒီအမှိုက်ပစ်ချင်ရင် စည်ပင်ကို သပ်သပ် ဖုန်းခေါ်ရတယ်။ အဲ့လိုခေါ်တဲ့အခါကြရင် ဝန်ဆောင်က သပ်သပ်ပေးရတယ်။ အဲ့တော့ အများပြည်သူက အလွယ်လမ်းကို လိုက်ပြီးတော့ မီးရှို့တယ်။
ရန်ကုန်မြို့မှာ သစ်ရွက်ခြောက်တွေကို မြေဆွေးလုပ်ချင်တယ်ဆို ကျနော်တို့က နည်းလမ်းတွေကို ပြောပြပေးတယ်။ သင်ပေးတယ်။ ကျနော်တို့ခြံမှာ လာလေ့လာရင်လည်း ကျနော်တို့က အခကြေးငွေမယူဘဲ သင်ပေးတယ်။ မီးမရှို့ချင်၊ စည်ပင်ကားပိုက်ဆံကုန်လို့ မခေါ်ချင်လို့ ကျနော်တို့ဆီကို လာပို့လည်း ရတယ်။
မေး။ သစ်ရွက်ခြောက်တွေကို မီးမရှို့ဘဲ ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ရှင်းလို့ ရနိုင်မလဲ။
ဖြေ။ မနှစ်ကလည်း ဒီအချိန်လောက်မှာ ပထမဆုံးအနေနဲ့ stop burning ဆိုပြီး campaign လေး လုပ်တယ်။ ခုချိန်ထိ လုပ်တယ်။
ရန်ကုန်မြို့မှာ သစ်ရွက်ခြောက်တွေကို မြေဆွေးလုပ်ချင်တယ်ဆို ကျနော်တို့က နည်းလမ်းတွေကို ပြောပြပေးတယ်။ သင်ပေးတယ်။ ကျနော်တို့ခြံမှာ လာလေ့လာရင်လည်း ကျနော်တို့က အခကြေးငွေမယူဘဲ သင်ပေးတယ်။ မီးမရှို့ချင်၊ စည်ပင်ကားပိုက်ဆံကုန်လို့ မခေါ်ချင်လို့ ကျနော်တို့ဆီကို လာပို့လည်း ရတယ်။
ကျနော်တို့ သစ်ရွက်ခြောက်တွေကို မြေဆွေးလုပ်တဲ့နည်းလမ်းတွေကိုလည်း လက်ကမ်းစာစောင်ထောင်ချီ ရိုက်နှိပ်ပြီး ဖြန့်ဝေပေးထားတယ်။ သစ်ရွက်ခြောက်တွေကို မြေဆွေးလုပ်တာက ကုန်ကျစားရိတ် ဘာမှ မရှိဘူး။ ပြီးတော့ (သစ်ရွက်ခြောက်နဲ့ ဆက်စပ်တဲ့) ပြဿနာတော်တော်များများကိုလည်း ပြေလည်စေတယ်။
လက်ရှိမှာလည်း ကျေးလက်က လယ်သမားတွေထိ သင်တန်းပေးတာတွေ လိုက်လုပ်နေတယ်။ အဓိကတော့ တောင်သူလယ်သမားတွေကိုယ်တိုင် ဥယျာဉ်ခြံထွက် အမှိုက်တွေကို မြေဆွေးလုပ်ပြီး ရိုးပြတ်တွေ မီးရှို့တဲ့အလေ့အကျင်တွေကို လျော့ချချင်တာပါ။
မေး။ အဖွဲ့က လုပ်နေတဲ့ သစ်ရွက်ခြောက် မီးရှို့တာတွေရပ် ဆိုတဲ့ ကမ်ပိန်းမှာ ဘယ်လိုမျိုး ရလဒ်တွေရှိလဲ။
ဖြေ။ ကျနော်တို့ ကမ်ပိန်းကြောင့်ပဲ လူတွေက သူတို့ရဲ့ သစ်ရွက်ခြောက်တွေကို ကျနော်တို့ဆီ ခုချိန်ထိ ပို့နေတုန်းပဲ။ အရင်နှစ်ကဆိုရင် ကျနော်တို့ ကမ်ပိန်းက နိုင်ငံတကာကျောင်းတွေ၊ သံရုံးတွေ၊ သံရုံးဝန်ထမ်းမိသားစုတွေအကြား စတဲ့ အဖွဲ့အစည်းကြီးကြီးတွေထိ ရောက်တယ်။ ဒါကြောင့် သူတို့ရဲ့ သစ်ရွက်ခြောက်တော်တော်များများကို ကျနော်တို့ဆီ ပို့ကြတယ်။
ဗဟန်းရွှေတောင်ကြားမှာဆိုလည်း မြန်မာတွေအပြင် နိုင်ငံခြားသားနေအိမ်တွေကပါ တန်နဲ့ချီတဲ့ သစ်ရွက်ခြောက်တွေ ကျနော်တို့ဆီကို ပို့ကြတယ်။ ခန့်မှန်းခြေအားဖြင့် မနှစ်က ကျနော်တို့ဆီကို ပြည်သူက ပို့တဲ့ သစ်ရွက်ခြောက်တွေဟာ တန် ၁၀၀ လောက်ရှိတယ်။
ဒီနှစ်တော့ သစ်ရွက်ခြောက်နဲ့ပက်သက်ပြီး အသိပညာပေးတဲ့ ကျနော်တို့ ကမ်ပိန်းက အခြေခံအများပြည်သူတွေထဲထိ ရောက်လာတယ်။ လူတော်တော်များများက သစ်ရွက်ခြောက်ကို မြေဆွေးလုပ်တဲ့နည်းလမ်း သိလာကြတဲ့အတွက် ကျနော်တို့ဆီမပို့ကြတော့ပဲ ကိုယ်တိုင် မြေဆွေးလုပ်လာကြတယ်။
ကျနော်တို့အဖွဲ့က ရန်ကုန်အခြေစိုက်ဆိုပေမယ့်လည်း Stop burning ဆိုတဲ့ သစ်ရွက်ခြောက် မီးရှို့တာတွေ ရပ်တန့်ရေးကမ်ပိန်းကို တနိုင်ငံလုံးက ကျေးလတ်ဒေသတွေဆီထိ ရောက်ဖို့ ရည်ရွယ်ထားတယ်။
လက်ရှိမှာလည်း ကျေးလက်က လယ်သမားတွေထိ သင်တန်းပေးတာတွေ လိုက်လုပ်နေတယ်။ အဓိကတော့ တောင်သူလယ်သမားတွေကိုယ်တိုင် ဥယျာဉ်ခြံထွက် အမှိုက်တွေကို မြေဆွေးလုပ်ပြီး ရိုးပြတ်တွေ မီးရှို့တဲ့အလေ့အကျင်တွေကို လျော့ချချင်တာပါ။
မေး။ မြန်မာအစိုးရက နိုင်ငံရဲ့ မက်ထရစ်တန်ချိန် သန်းရာချီတဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့ သန္နိဌာန်ပြုထားတယ်။ ဒီတော့ ကာဗွန်လျှော့ချရေးကို ဘယ်လို လုပ်ဆောင်သင့်လဲ။
ဖြေ။ အစိုးရမှာ ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချဖို့ ရှိပြီးသားပါ။ ပြန်ပြောနေရာတာ အားနာပါတယ်။ အဓိကတော့ law enforcement ပါ။ rule of law ပါ။ အဲကိစ္စမှာ ပြဿနာ တက်နေတယ်။ တကယ်တော့ စည်ပင်မှာ စည်းကမ်းဥပဒေ ရှိပြီးသားပါ။
အဲ့မှာ ပြောထားပြီးသား အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားတဲ့ နေရာမဟုတ်တဲ့နေရာမှာ စွန့်ပစ်ရင် အရေးယူခံရမယ်။ နောက်ပြီး အမှိုက်တွေကို အစိုးရခွင့်ပြုချက်နဲ့ မဟုတ်ဘဲ မီးရှို့တာကလည်း တရားမဝင်ဖြစ်တယ်။ အရေးယူခံရမယ်။ အဲ့တော့ အဲ့ဒီ ဥပဒေတွေလေးကို တချက် အသက်ဝင်စေချင်တာပါ။ ပြောသာ ပြောနေရတယ်၊ စည်ပင်ဝန်းတွေမှာတောင် စည်ပင်ဝန်ထမ်းတွေကိုယ်တိုင် မီးရှို့ကြရတာတွေ ရှိတော့ ပြောရတာ ခက်တော့ခက်သား။
ပြည်သူတွေက (အမှိုက်ကိုပြန်အသုံးပြုလို့ရတယ်ဆိုတာ) မသိကြဘူး။ မသိတဲ့ပြည်သူကို ပညာပေး၊ ပညာပေးတယ်ဆိုတော့ တီဗီ၊ ရေဒီယို၊ဖေ့ဘုတ်ကလည်း လုပ်၊ ဒီနေ့ခေတ် အွန်လိုင်းမီဒီယာတွေကနေ ဖိဖိစီးစီးလေး လုပ်ပေးစေချင်တယ်။ အကုန်အကျလည်း မများဘူး။
အဲ့တော့ ကျနော် အကြံပြုချင်တာက မီးမရှို့ပါနဲ့လို့ ပြောရုံနဲ့တင်တော့ မရဘူး။ ဆိုတော့ solution တွေ ပေးဖို့လိုတယ်။ ဖြေရှင်းနည်းပေးတဲ့အခါမှာ ကျနော်ကတော့ compose လုပ်တာကို အကြိုက်ဆုံးပဲ။ ဘာလို့လဲဆိုတော့ သူက မြေကြီးက လာတဲ့ဟာ၊ မြေကြီးက ပိုင်တယ်။ ပြီးတော့ ဒီသစ်ရွက်တွေက မြေကြီးထဲကို compose အနေနဲ့ ပြန်ရောက်ဖို့သဘာဝတရားက design ထုတ်ထားပြီးသား။ အဲ့ဒီ design ကို ကျနော်တို့က မီးရှို့ပြီး ဖျက်ဆီးပစ်တော့ ပြဿနာပိုကြီးအောင် လုပ်နေကြတာ။
You may also like these stories:
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဘာလဲ ဘယ်လဲ
ဧရာဝတီလင်းပိုင် အသေအပျောက် များရခြင်း နောက်ကွယ်
ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေး ကတိကဝတ်များ ဒေါ်အောင်ဆန်းစုကြည် ကြေညာ
နောက်မျိုးဆက်အတွက် ကပ်ဘေးတွေ အမွေပေးရတော့မယ်