• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကျနော်တို့ကို တန်ဖိုးထားမှု အရမ်းနည်းတယ်လို့ ခံစားရပါတယ်

by နန်းလွင်နှင်းပွင့်
13 January 2021
in အင်တာဗျူး
A A
၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ မဲဆွယ်ကာလ  ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ၏ အင်အားပြပွဲတခု/KySDP

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ မဲဆွယ်ကာလ ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ၏ အင်အားပြပွဲတခု/KySDP

14.3k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသားများကို ဖိတ်ခေါ်ကာ အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းမည်ဟု ပြောဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် ဇန်နဝါရီ ပထမပတ်မှ စ၍ ခရီးစဉ် စတင်ခဲ့သည်။

ပထမဦးဆုံး သွားခဲ့သည့် ကချင်ပြည်နယ် ခရီးစဉ်သာ အောင်မြင်ခဲ့ပြီး နေရာထိုင်ခင်း ပြဿနာကြောင့် မွန်ပြည်နယ် ဆွေး နွေးမှု ပျက်ခဲ့ရာ ယခုအခါလည်း အစည်းအဝေး ပြုလုပ်မည့်နေရာ ညှိမရသဖြင့် ကယားပြည်နယ် ဆွေးနွေးပွဲသည်လည်း ပျက်သွားပြီ ဖြစ်သည်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
1.6k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.5k
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
1.8k

ဇန်နဝါရီ ၁၂ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ NLD ရုံး၌ တွေ့ဆုံကြရန် ချိန်းဆိုရာ ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ (KySDP) က မလာနိုင်ကြောင်း၊ တတိယနေရာတွင်သာ တွေ့ရန် ပြောဆိုရာ နှစ်ဖက် ညှိနှိုင်းမရ၍ ဆွေးနွေးပွဲ ပျက်သွားခြင်း ဖြစ်သည်။

NLD ချိန်းဆိုသည့် နေရာကို သွားရောက် တွေ့ဆုံခြင်း မပြုလုပ်ခဲ့သည့် KySDP ကို ၎င်းတို့ ပါတီ၏ ရပ်တည်ချက်၊ သဘော ထားများနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က KySDP ၏ အထွေထွေအတွင်းရေးမှူး ဦးသဲရယ် နှင့် ဆက်သွယ် မေးမြန်းထားပါသည်။

မေး။  ။ ဆွေးနွေးပွဲ ဘယ်လိုများ ဖြစ်သွားပါသလဲရှင့်။

ဖြေ။  ။ မဖြစ်တော့ပါဘူး။ နေရာကိစ္စကြောင့်ပါ။ ဒီမနက်ပဲ ဒေါက်တာ အောင်မိုးညိုနဲ့ ဖုန်းပြောပါတယ်။ ကျနော်တို့ တွေ့ဖို့ အတွက် နေရာလေး ဆွေးနွေးရအောင်လို့ ပြောတဲ့အခါကျတော့ သူ့ပါတီရဲ့ ဆုံးဖြတ်ချက်အရ ပါတီရုံးမှာပဲ တွေ့ရမယ်ပေါ့။ တခြားနေရာ သွားတွေ့လို့ မရဘူးလို့ သူက အဲဒီလို ပြောလာပါတယ်။ အဲဒါကြောင့် သူတို့နဲ့တွေ့ဖို့ အစီအစဉ်က ပျက်သွား တာပါ။ ကျနော်တို့ကလည်း သူတို့ပါတီကို မလာနိုင်ဘူး။ သူတို့ကလည်း တတိယနေရာကို မသွားနိုင်ဘူး ပြောလာတော့ ပြီးသွားပြီပေါ့။

မေး။  ။ နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့ စီစဉ်ကြရမှာ နေရာက ဘယ်လောက်ထိ အရေးပါနေပါသလဲ။ KySDP ရဲ့ ခံယူချက်ကို သိချင်ပါတယ်။

ဖြေ။  ။ နေရာကတော့ အရေးမကြီးဘူးလို့ ဆိုပေမယ့် လွတ်လပ်တဲ့ နေရာကို ဆွေးနွေးရင်တော့ ပိုပြီးတော့ နှစ်ဖက်စလုံး အတွက် သင့်တော်မယ်လို့ ကျနော်တို့က ယူဆတယ်။ ကျနော်တို့က လွတ်လွတ်လပ်လပ် ဆွေးနွေးပြောဆိုလို့ ရအောင်  တဖက်နဲ့တဖက် လေးစားမှုလည်း ရှိရမှာပေါ့။ ကိုယ့်ပါတီလာမှ သူ့ပါတီလာမှ ဆိုတာမျိုးလုပ်ရင် တဖက်သတ်လို ဖြစ်နေတယ်လို့ ကျနော်တို့က ယူဆပါတယ်။

ကိုယ့်ပါတီကို မလာနိုင်လည်း ရတယ်၊ တတိယနေရာကို ရွေးပြီးတော့ လွတ်လွတ်လပ်လပ် ကျနော်တို့ ဆွေးနွေးကြတာ ပေါ့လို့၊ ကျနော်တို့ ပါတီတွင်းမှာတော့ အဲဒီလို ဆွေးနွေးထားတာပေါ့။

ကိုယ့်ပါတီကို မလာနိုင်လည်း ရတယ်၊ တတိယနေရာကို ရွေးပြီးတော့ လွတ်လွတ်လပ်လပ် ကျနော်တို့ ဆွေးနွေးကြတာ ပေါ့လို့၊ ကျနော်တို့ ပါတီတွင်းမှာတော့ အဲဒီလို ဆွေးနွေးထားတာပေါ့။

သူတို့ဘက်က တော့ အဲဒီလို လက်မခံနိုင်တဲ့အပေါ် မှာလည်း စဉ်းစားစရာတခု ဖြစ်ပါတယ်။ ဒီလို နေရာကိစ္စ တခုလေး ညှိနှိုင်းတာတောင် မရဘူးဆိုတော့ အခြားသော နိုင်ငံ ရေး ကိစ္စရပ်တွေက ဘယ်လို လုပ်ကြမလဲပေါ့။ ဒါလည်း စဉ်းစားစရာ ဖြစ်ပါတယ်။

မေး။  ။ NLD ရုံးကို ဖိတ်တဲ့အပေါ်မှာ NLD ဘက်က အထက်စီးဆန်တယ်လို့ KySDP ဘက်က ခံစားရလို့လား။

ဖြေ။  ။ မှန်ပါတယ်။ ကျနော်တို့ကို အထက်စီးဆန်တယ် ဆိုတာက အခုမှ မဟုတ်ပါဘူး။ အရင်တုန်းက ရွေးကောက်ပွဲ မတိုင်ခင်ကလည်း NLD က ဘယ်မဟာမိတ်မှ မလုပ်ဘူးဆိုပြီးတော့ ပြောတယ်။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင် လည်း လာတောင်းဆိုကြပါ ဆိုပြီး ပြောခဲ့တယ်။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေက သူတို့ပေးမှ ရမယ့်ပုံစံမျိုး သွားဖြစ်နေပါတယ်။ ဒီဟာတွေလည်း သူတို့ မပြောသင့်တဲ့ စကားလို့ ကျနော်တို့ ယူဆရတယ်။

ကျနော်တို့ကို သူတို့ ပါတီရုံးကို ခေါ်တာကို သွားလိုက်ရင် ကြည့်ပါလား၊ တိုင်းရင်းသားတွေလည်း သူတို့အောက်ကို  ရောက်ပြီဆိုတာမျိုး  ပြောမှာလည်း စိုးရိမ်ရတယ်။ နောက်ပြီး ကျနော်တို့လူတွေ မျက်နှာကိုလည်း ထောက်ရပါတယ်။ အထူးသဖြင့် လူငယ်တွေ ကျနော်တို့ကို ဝန်းရံပေးခဲ့တဲ့ လူငယ်တွေရဲ့ အသံကိုလည်း ကျနော်တို့ နားထောင်ရပါတယ်။

ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ ၏ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်/KySDP (Attached file)

မေး။  ။ NLD ပြောထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းရေးကိုရော ယုံကြည်ပါသလား။

ဖြေ။  ။ ကျနော်တို့ကတော့ သိပ်ပြီးတော့ မယုံဘူး။ ဒါပေမယ့် ဒီကြားထဲမှာ တစုံတရာများ အပြောင်းအလဲတွေ သူတို့လုပ် လို့ တိုင်းရင်းသားတွေနဲ့ ပြန်ပြီး ဆက်သွယ် ဆွေးနွေးတာရှိရင် ပြောလို့ မရဘူးလေ။ ညွှန့်ပေါင်းအစိုးရ ဖြစ်ဖို့ဆိုတာက ခက် တော့ ခက်ပါတယ်။ ကျနော်တို့ကတော့ မယုံ၊ အားလုံးတော့ မယုံနိုင်ဘူး။ ဘာလို့ဆိုတော့ တိုင်းရင်းသားတွေနဲ့ ဆောင်ရွက် တဲ့ အခါမှာလည်း အကောင်အထည်ဖော်ပေးနိုင်တာ ဘာတခုမှ မရှိဘူး။ ၅ နှစ်တောင် ရှိပြီလေ။

တိုင်းရင်းသားတွေအရေးနဲ့ ပတ်သက်ပြီး အကောင်အထည် ဖော်ပေးနိုင်တာ ဘာတခု မရှိဘူး။ ရှိပြီးသား တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းကိုမှ အသိအမှတ်မပြုဘူး ဆိုတော့ ကျနော်တို့ အများကြီး စဉ်းစားစရာ ဖြစ်ပါတယ်။

ဒီကြားထဲမှာ တိုင်းရင်းသားတွေနဲ့ လိုက်တွေ့မယ်လို့ လုပ်နေတဲ့ ကြားထဲမှာ ကရင်မှာဆို စောဘဦးကြီး ရုပ်တုကို  ဖြုတ်ချခိုင်းတာ ဆိုတော့ ဒီအပေါ်မှာ မူတည်ပြီး ပြောရမယ်ဆို သံသယ ဖြစ်တာပေါ့။

ဒီကြားထဲမှာ တိုင်းရင်းသားတွေနဲ့ လိုက်တွေ့မယ်လို့ လုပ်နေတဲ့ ကြားထဲမှာ ကရင်မှာဆို စောဘဦးကြီး ရုပ်တုကို  ဖြုတ်ချခိုင်းတာ ဆိုတော့ ဒီအပေါ်မှာ မူတည်ပြီး ပြောရမယ်ဆို သံသယ ဖြစ်တာပေါ့။

သူတို့က အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့မယ်လည်း ပြောထားတယ်။ ကျနော်တို့က သူတို့ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့ရင် ကျနော်တို့ပါတီက လက်ခံမှာ မဟုတ်ဘူး။ အနိုင်ရထားတဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေနဲ့ပဲ သွားတွေ့ မှာ မဟုတ်ဘူးလို့ သဘောထားကျပြီး ဖြစ်ပါတယ်။ အဲဒီလို သွားမတွေ့ရတဲ့ အကြောင်းအရင်းကလည်း ကိုယ့်လူတွေကို သူတို့ ဆွဲသွားမှာကို စိုးရိမ်ရတယ်။

ကိုယ်စားလှယ်တွေဆိုတာ နိုင်ငံရေး ခံယူချက် ပြည့်ဝတဲ့သူ ရှိသလို နိုင်ငံရေးခံယူချက် မပြည့်ဘဲ ပါလာသူတွေလည်း ရှိနိုင်တယ်။ အဲဒီလိုကျတော့ ခက်တော့ ခက်တယ်။ နောက်တခုက နေရာပေးလိုက်ရင် လူ တွေက စိတ်ပြောင်းတာ ဖြစ် တတ်တယ်။ အဲဒီလို ဖြစ်မှာလည်း ကျနော်တို့က စိုးရိမ်တယ်။ ဒါကြောင့် အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ သူတို့ သီးသန့် တွေ့တာ ကျနော်တို့ လက်မခံဘူး။

မေး။  ။ NLD ကိုယ်စားလှယ်တွေက ပြည်နယ်အထိ လာတယ်၊ ဒါကို လာမတွေ့တဲ့ တိုင်းရင်းသားပါတီတွေက သဘောထား သေးသိမ်တယ်လို့ မြင်ကြတာ ရှိသလို NLD က ဖိတ်ခေါ်ရဲ့သားနဲ့ တိုင်းရင်းသား ပါတီတွေက လာမတွေ့တာဆိုတဲ့ အမြင်တွေကလည်း ရှိပါတယ်။ KySDP အနေနဲ့ ရပ်တည်ချက် ဘယ်လို ရှိပါမလဲ။

ဖြေ။  ။ NLD ရဲ့ ခရီးစဉ်က  တိုင်းရင်းသားပါတီနဲ့ သီးသန့်တွေ့ဖို့ ခရီးစဉ် မဟုတ်ဘူးလို့ ကျနော်တို့ မြင်တယ်။ အဓိကတော့ သူတို့ ပါတီကိစ္စက ပထမ ဦးစားပေးပါ။ ကျနော်တို့ တိုင်းရင်းသားပါတီနဲ့ တွေ့ဖို့က နောက်ဆုံးမှာပဲ ရှိပါတယ်။ ဦးစားပေး အဆင့် စတုတ္ထ၊ ပဉ္စမအဆင့်လို့ပဲ မြင်ပါတယ်။ သူတို့လာတဲ့ခရီးစဉ်က အရင်ဆုံး သူတို့ပါတီနဲ့ တွေ့မယ်။ ပြီးတော့ ရပ်မိရပ်ဖ တွေနဲ့ တွေ့မယ်။ အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့မယ်ဆိုပြီး ဒေါက်တာ ဇော်မြင့်မောင်လည်း တောက်လျှောက် မီဒီယာမှာ ပြောခဲ့တာပဲ။

ကျနော်တို့ တိုင်းရင်းသားပါတီနဲ့ ဦးစားပေး လာတွေ့ပြီးမှ ကျနော်တို့ ပါတီနဲ့ ပတ်သက်တာတွေကို ဆောင်ရွက်မယ်လို့ မပြောပါဘူး။

အဓိက သူ့ပါတီကိစ္စရပ်ကိုပဲ လုပ်ရင်း ကြုံရင်းမှ ကျနော်တို့နဲ့ တွေ့မယ်ဆိုတာမျိုး ဖြစ်နေတော့ ဒါက လက်ရှိ သူတို့လာတာက တိုင်းရင်းသားပါတီတွေနဲ့ သီးသန့်တွေ့ဖို့ ခရီးစဉ် ရေးဆွဲပြီး လာတာမဟုတ်ဘူးဆိုတာ ပြည်သူတွေ သိဖို့ လိုပါတယ်။ ကျနော်တို့ကို တန်ဖိုးထားမှု အရမ်းနည်းတယ်လို့ ခံစားရပါတယ်။

အဓိက သူ့ပါတီကိစ္စရပ်ကိုပဲ လုပ်ရင်း ကြုံရင်းမှ ကျနော်တို့နဲ့ တွေ့မယ်ဆိုတာမျိုး ဖြစ်နေတော့ ဒါက လက်ရှိ သူတို့လာတာက တိုင်းရင်းသားပါတီတွေနဲ့ သီးသန့်တွေ့ဖို့ ခရီးစဉ် ရေးဆွဲပြီး လာတာမဟုတ်ဘူးဆိုတာ ပြည်သူတွေ သိဖို့ လိုပါတယ်။ ကျနော်တို့ကို တန်ဖိုးထားမှု အရမ်းနည်းတယ်လို့ ခံစားရပါတယ်။

မေး။  ။ နောက်ထပ် တွေ့ဆုံဖို့ရော ဒေါက်တာ အောင်မိုးညိုနဲ့ ပြောဆိုထားကြပါသလား။

ဖြေ။  ။ အဲဒီလိုတော့ မပြောဖြစ်ပါဘူး။ သူ့ကို နေရာကိစ္စနဲ့ပြောတော့ သူက လက်မခံနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်။ တခြားနေရာပဲ တွေ့မယ်ဆိုရင် ဒါက ထားလိုက်ပါ ဆိုပြီးပဲ ပြောပါတယ်။ ဆက်ပြီးမှလည်း စကားပြောလို့ မရဘူး။ နောက် ပိုင်းမှပဲ သူတို့ အစီအစဉ် ပြန်ဆွဲပြီး ဗျူဟာ ပြောင်းရင်တော့ ကျနော်တို့ စဉ်းစားကြမယ်လေ။ တွေ့သင့်ရင်လည်း တွေ့ရမှာ ပေါ့။ မတွေ့ဖြစ်ဘူးဆိုရင်လည်း ပြဿနာ မရှိပါဘူး။ ကျနော်တို့အနေနဲ့ အစိုးရဖြစ်နိုင်တဲ့ NLD ပါတီကိုပဲ လွှတ်တော်ကနေ ထိန်းကျောင်းဖို့ ဆက်ရှိနေဦးမှာပါ။

မေး။  ။ အခုလို အင်တာဗျူးမှာ ပြောသလို KySDP က ခံစားရတာနဲ့ အမြင်တွေကို NLD ဘက်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဖြစ်ပါသလား။

ဖြေ။  ။ မပြောဖြစ်ပါဘူး။ ဘာတခုမှ ပြောခွင့်မရခဲ့ပါဘူး။ ကျနော်တို့ ဒါကို ပြောဖို့အရေးကို အချိန်တော်တော် ယူရပါမယ်။ အခုက ဘာမှ ဆွေးနွေးခွင့် မရလိုက်ဘဲ ပျက်သွားတာပါ။

မေး။  ။ ဒီတော့ KySDP အနေနဲ့ NLD ရဲ့ အမျိုးသား ညီညွတ်ရေး အစိုးရမှာ ပူးပေါင်းမလား၊ ဒါမှမဟုတ် လွှတ်တော် လမ်းကြောင်းပဲ သွားမလား ဘယ်လိုဆုံးဖြတ်ထားပါသလဲ။

ဖြေ။  ။ ကျနော်တို့က လွှတ်တော်ထဲမှာ ပါဝင်ခွင့် ရရင် လွှတ်တော်မှာပဲ အဓိက ဦးစားပေး ရှိနေမှာပါ။ အစိုးရ အဖွဲ့ဝင်ထဲမှာ သူတို့က လက်ခံတယ်၊ ဖိတ်ခေါ်တယ်ဆိုရင် ကျနော်တို့ စဉ်းစားမယ်။ သူတို့ပေးတဲ့နေရာက ဘယ်နေရာလဲဆိုတာ စဉ်းစား ရမှာပါ။

ကျနော်တို့က အစိုးရအဖွဲ့ထဲမှာ ပါဝင်ခွင့်ရတိုင်းလည်း ကျေနပ်နေမယ့် ပုဂ္ဂိုလ်မျိုး၊ ပါတီမျိုး မဟုတ်ပါဘူး။

ကျနော်တို့က အစိုးရအဖွဲ့ထဲမှာ ပါဝင်ခွင့်ရတိုင်းလည်း ကျေနပ်နေမယ့် ပုဂ္ဂိုလ်မျိုး၊ ပါတီမျိုး မဟုတ်ပါဘူး။

ကျနော် တို့ကို နေရာပေးပြီး လုပ်လို့ကိုင်လို့ အခွင့်အရေးရတဲ့ ကိုယ့်ပြည်နယ်အတွက် ကိုယ့်တိုင်းရင်းသားအတွက် ဆောင်ရွက်လို့ ရတဲ့ နေရာမျိုးဆိုရင်တော့ စဉ်းစားရင် စဉ်းစားပါမယ်။ အဲဒီလို မဟုတ်ဘဲ နေရာလေး ရတာပဲရှိပြီး သူတို့ အောက်ကပဲ သွားနေရမယ့် ပုံစံဆိုရင်တော့ ယူမှာ မဟုတ်ပါဘူး။

You may also like these stories:

NLD နှင့် KySDP ပါတီ တွေ့ဆုံရန် နေရာညှိမရဘဲဖြစ်နေ

၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှု အသစ်ဖြင့် သွားမည်ဟု အတိုင်ပင်ခံပြော

NLD နှင့် မွန်ညီညွတ်ရေးပါတီတို့ ဆွေးနွေးပွဲ နေရာညှိနှိုင်းမရ၍ မဖြစ်မြောက်

Your Thoughts …
Tags: KysDPNLDဆွေးနွေးပွဲအမျိုးသားညီညွတ်ရေး
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.6k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.1k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
အဆိုပါအမိန့်ဟာ ဇန်နဝါရီ ၁၂ ရက်ကစလို့ မလေးရှားနိုင်ငံတဝန်း အသက်ဝင်သွားမှာပါ။

ကိုဗစ် ကူးစက်မှု မြင့်တက်တာကြောင့် မလေးရှားမှာ အရေးပေါ် အခြေအနေ ကြေညာ

ထိုင်းနိုင်ငံ ဆေးရုံတခုတွင် မြန်မာနိုင်ငံသားများ အထဲမဝင်ရန် တားမြစ်ထားသည့် စာ  /  Wai Mar Oo/FB

ထိုင်းနိုင်ငံ ကိုဗစ်ဒုတိယလှိုင်းတွင် ခွဲခြားဆက်ဆံခံနေရသည့် မြန်မာလုပ်သားများ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate