ကိုဗစ်ကာကွယ်ဆေးလေယာဉ် ရောက်/မရောက် ကျန်းမာရေးဝန်ကြီးဌာနဘာပြောသလဲ

သဇင်လှိုင်
ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး
Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများ ဒုတိယအသုတ်အနေဖြင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရောက်ရှိမည်ဟု တပ် မတော် အာဏာသိမ်းယူခြင်း မပြုခင်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ရာ ဖေဖော်ဝါရီလ ၂ ရက် (ယနေ့)တွင် ရောက်ရှိလာသော်လည်း လေယာဉ် ဆင်းသက်ခွင့် မရသဖြင့် လှည့်ပြန်သွားရသည်ဟု လူမှုကွန်ရက် တွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။

သို့ဖြစ်ရာ ကာကွယ်ဆေးများ ရောက်ရှိခြင်း ရှိ/မရှိနှင့် ပတ်သက်သည့် လက်ရှိအခြေအနေကို သိရှိနိုင်ရန်အတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို ဧရာ ဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကာကွယ်ဆေး ထပ်မံရရှိဖို့က ဒီရက်ထဲမှာ ဖြစ်နေတော့ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကာကွယ်ဆေးက ရက်အတိအကျတွေတော့ မသိပါဘူး။ သို့သော် ကျမတို့ သိထားတဲ့အရဆိုရင် ကာကွယ်ဆေးက အိန္ဒိယက၂ သန်းသည် ဖေဖော်ဝါရီ ၁၀ ရက် ရောက်မယ်လို့ ကျမတို့ သိထားတာ ဖြစ်ပါတယ်။ ကျမတို့ ဝယ်တဲ့သန်း ၃၀ ထဲက ၂ သန်း ရောက်မှာ ဖြစ်ပါတယ်။

ပြီးရင်တော့ ဖေဖော်ဝါရီ ၂၉ လောက်မှာတော့ WHO (COVAX) အဖွဲ့ကနေပြီးတော့ ကာကွယ်ဆေး ပထမအသုတ်ရောက် မယ်လို့ ဒီလိုပဲ သိထားပါတယ်။ အဲဒါပဲ သိပါတယ်။ ကျန်တဲ့ရက်တွေမှာ ရောက်တဲ့ ကိစ္စတွေ မသိပါဘူး။

မေး။ ။ အိန္ဒိယက ကာကွယ်ဆေးတွေ လာပို့ပေမယ့် လေယာဉ်ဆင်းခွင့် မရလို့ ပြန်လှည့်သွားရတယ်လို့ သတင်းတွေ ပျံ့နေတာလည်း တွေ့ရတော့ အဲဒီအခြေအနေကိုရော ဘယ်လိုကြားမိ၊ သိထားပါလဲရှင့်။

ဖြေ။ ။ ဘာမှမကြားမိပါဘူး။ ကျမတို့ နဂိုသိတဲ့ စာရင်းထဲမှာလည်း ဒီနေ့ ကာကွယ်ဆေးရောက်မယ် ဆိုတာ မပါပါဘူး။

You may also like these stories:

ကိုဗစ် ကာကွယ်ဆေးများ အစီအစဉ်အတိုင်း ဆက်လက်ထိုးမည်

အန္တရာယ်ကင်းစွာနဲ့ ကာကွယ်ဆေးထိုးနိုင်အောင် စီစဉ်ထားတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading