COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျောင်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းသူ၊ ကျေင်းသားများ ကျောင်းတက်ရန် စတင် ပြင်ဆင်နိုင်ကြပါပြီဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၈ ရက်တွင် တပ်မတော်ပိုင် မီဒီယာဖြစ်သည့် မြဝတီမှတဆင့် ပြောကြားခဲ့သည်။
လက်ရှိတွင်လည်း ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများအပါအဝင် အစိုးရဌာန ဝန်ထမ်းအသီးသီးက အာဏာ သိမ်းမှု ဆန့်ကျင်ရေး CDM ကမ်းပိန်းများဝင်ရောက် ပါဝင်လှုပ်ရှားလျက်ရှိနေသည်။ အဆိုပါ ပြောဆိုချက်နှင့် ပတ်သက်ပြီး ကျောင်းသားသမဂ္ဂများနှင့် ဆရာ၊ ဆရာမ သမဂ္ဂများ၏ သဘောထားအမြင်ကို သိရှိနိုင်ရန် ဧရာဝတီမှ ဆက်သွယ် မေးမြန်းထားပါသည်။
ကိုအောင်ပြည့်စုံဖြိုး
ဗကသများ အဖွဲ့ချုပ်၊ ဒု ဥက္ကဋ္ဌ

ဗကသများ အဖွဲ့ချုပ်၊ ဒု ဥက္ကဋ္ဌ
ကျနော်ကိုယ်တိုင် အပါအဝင် ကျောင်းသားတွေက ကျောင်းပြန်ဖွင့်ရင်တောင်မှ ကျောင်းမတက်ဘူးဆိုတဲ့ သဘောထားတွေ ရှိတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ ကျောင်းဆက်မတက်ဘူးဆိုတဲ့ သဘောထားတွေ ရှိတယ်။ ဒါပေမယ့် ကျောင်း မတက်ဘူးဆိုတဲ့ သဘောထားက ကျောင်းမသွားဘူးဆိုတဲ့ သဘောထားတော့ မဟုတ်ဘူး။ ကျနော်တို့ ကျောင်းသွားလည်း ကျောင်းမှာပိုပြီးတော့ လှုပ်ရှားနိုင်မှာ ဖြစ်တဲ့အတွက် ရှင်းရှင်းလေးပြောရရင် သတ္တိရှိရင်တော့ ကျောင်းဖွင့်လိုက်လို့ အဲဒီလိုပဲ ပြောရမှာပဲ။
လက်ရှိမှာ ကျောင်းသားတွေက တနယ်စီမှာ ရောက်ရှိနေတဲ့အတွက် ကျနော်တို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို တောင်မှ ကျနော်တို့ လုပ်နိုင်သင့်သလောက်ကို မလုပ်နိုင်ဘူးလို့ ထင်တဲ့အတွက် အကယ်၍သာ ကျောင်းဖွင့်မယ်ဆိုရင် တော့ ကျနော်တို့က ပိုပြီး လှုပ်ရှားနိုင်တဲ့ အခြေအနေ ရလာမှာ သေချာပါတယ်။
ကိုစိုင်းသုဝဏ်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဗကသ ၊ ဥက္ကဋ္ဌ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဗကသ ၊ ဥက္ကဋ္ဌ
လက်ရှိအချိန်မှာ နိုင်ငံကို စစ်လက်နက်နဲ့ ကိုင်ပြီးတော့ နိုင်ငံတော်အာဏာသိမ်းမယ့် ဖြစ်စဉ် ဖြစ်သွားခဲ့တယ်။ ဒါဟာ တနိုင် ငံလုံး အသိပဲ ဖြစ်တယ်။ လက်နက်နဲ့ အာဏာသိမ်းပြီးတော့ အကြမ်းဖက်ပြီးတော့မှ နိုင်ငံကို အုပ်ချုပ်ထားတဲ့ လူတ ယောက်အနေနဲ့ စီစဉ်တဲ့ ပညာရေးလမ်းကြောင်းက ကျနော်တို့အတွက် ယုံကြည်စရာတစက်မှ မရှိဘူး။ ဒီအတွက် ကျနော် တို့က ကျောင်းသားပြည်သူတရပ်လုံးက ဒီစကားကို လက်မခံနိုင်သလို သူလုပ်မယ်ဆိုတဲ့ လမ်းစဉ်တွေ အကုန်လုံးကို လည်း အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဒီအတွက်ကြောင့် သူဖွင့်မယ်ဆိုရင်တောင်မှ ဖွင့်တယ်ဆိုတဲ့ အသံပဲ ရှိနေလိမ့်မယ်။ သူ့ကို ကျနော်တို့က အသိအမှတ်ပြု မထားတာဖြစ်တဲ့အတွက် ကျောင်းတက်ဖို့ကိစ္စကို ကျောင်းသားထု တရပ်လုံးက လုံးဝ လက်ခံမှာ မဟုတ်ဘူး။ လုံးဝလည်း တက်မှာ မဟုတ်ဘူး။
ဒေါ်သီတာ
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်
ဒီလိုအခြေအနေမျိုးမှာ ဆရာမတွေ အများစုကလည်း CDM လုပ်ထားတဲ့အတွက် ကျောင်းဖွင့်ဖို့ဆိုတာ မလွယ်ပါဘူး။ သူတို့ အတင်းအကြပ် ဖိအားပေးလာရင်တော့ နည်းနည်း ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ကျမတို့ရဲ့ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) က သဘောထားကတော့ ဆရာမတွေက CDM ကို လုပ်နေတဲ့အတွက် ကျောင်းသွားကြမှာ မဟုတ်ပါဘူး။ ကျောင်း ဖွင့်လည်း ကျောင်းသွားကြမှာ မဟုတ်ပါဘူး။ မိဘတွေအနေနဲ့ကလည်း ဒါကိုနားလည် သဘောပေါက်လို့ မပို့ဘူးဆိုရင် သဘောပေါ့။ သူတို့ ပို့လာမယ်ဆိုရင်တော့လည်း အခက်အခဲတော့ ဖြစ်မှာပဲ။ ကျမတို့ ဆုံးဖြတ်ထားတာကတော့ ကျမတို့ရဲ့ ရွေးကောက်ခံ အစိုးရ မဟုတ်တဲ့အတွက်ကြောင့် ကျောင်းကို သွားမှာ မဟုတ်ပါဘူး။ မိဘတွေကတော့ သူတို့ သဘောထား ပဲပေါ့။
မအိမွန်ခင်
ရတနာပုံ တက္ကသိုလ် ဗကသ၊ ဥက္ကဋ္ဌ

စစ်အာဏာရှင်လက်အောက်က ချမှတ်လာတဲ့ ညွှန်ကြားချက်တွေကိုတော့ ကျမတို့ သမဂ္ဂအနေနဲ့ လုံးဝ လက်မခံနိုင်ဘူး။ ကျမတို့ရဲ့ အဓိက ပန်းတိုင်က အာဏာရှင်စနစ် ပြုတ်ကျရေး၊ အာဏာရှင်စနစ် အမြစ် ပြတ်ချေမှုန်းရေးကိုပဲ ဦးတည် တိုက် ပွဲဝင်သွားမယ်။ စစ်အာဏာရှင်ကနေ ဘယ်လိုပဲ အမိန့်တွေ ကျလာပါစေ။ ဘယ်လို ညွှန်ကြားချက်တွေပဲ ပေးလာပါစေ။ ကျမတို့က နာခံစရာလည်း မလိုဘူး။ နာခံဖို့လည်း မရှိဘူး။ ကျမတို့ ရတနာပုံကတော့ ကျောင်းမတက်ဖို့ များတယ်။ တချို့ Master ဘွဲ့တွေဆိုရင် ဖေဖော်ဝါရီ ၁၅ ရက်ဆိုရင် အောင်စာရင်းတွေ ထုတ်ပြန်ပေးတော့မယ်ဆိုပြီး ထွက်လာတယ်။ ဒါပေမယ့်လည်း ကိုယ့်ဌာနအလိုက် ကျောင်းသားတွေက အာဏာရှင်အောက်ကနေပြီးတော့ ချမှတ်တဲ့အောင်စာရင်းကို လက်မခံနိုင်ပါဘူးဆိုပြီးတော့ သဘောထား ထုတ်ပြန်ချက်တွေ ထုတ်လာကြတယ်။
ဦးကျော်မင်းနိုင်
အထက်မြန်မာပြည် ဆရာများ သမဂ္ဂ
ကိုဗစ်ကို ထိန်းချုပ်နိုင်တယ် ဆိုမှပဲ ဖွင့်စေချင်တယ်။ အဓိကကတော့ ကိုဗစ်ထက်ကို လက်ရှိနိုင်ငံရေး အခြေအနေပေါ့။ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှပဲ ဖွင့်စေချင်တယ်။ အခုတောင်မှ ထိန်းချုပ်ဖို့ ခက်တာ။ ကျောင်းဖွင့်လိုက်ရင် ပိုဆိုးကုန် မယ်။ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး ကျောင်းတွေကနေပြီး စုရပ်တွေ ဖြစ်လာမှာ အဲဒါမျိုးပေါ့။ ကျနော်တို့ကတော့ CDM ကို အဆုံးထိသွားမှာပဲ။ ကျနော်တို့ကတော့ ဖွင့်ချင်ရင်ဖွင့် CDM အတိုင်းပဲ နေမယ်။
You may also like these stories:
ဗဟိုဘဏ်ဝန်ထမ်း ၁၀၀ ကျော် CDM လှုပ်ရှားမှု စတင်
ပုဒ်မ ၁၄၄ ကြား နိုင်ငံအနှံ့ ဆန္ဒထွက်ပြကြ