• English
Saturday, September 23, 2023
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

    စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

    တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

    တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

        မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

        TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

        TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

        ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

        ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

        တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

        တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

        သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

        သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

        ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

        ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

        ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

        ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

        စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

        စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

        တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

        တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

          မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

          လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          စစ်အုပ်စုကို ကုလသမဂ္ဂရဲ့ အစည်းအဝေးထဲမှာ ထိုင်ခွင့်မရအောင် လုပ်ထားနိုင်ပါတယ်

          by ဧရာဝတီ
          25 May 2021
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် / ဧရာဝတီ

          မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် / ဧရာဝတီ

          45.1k
          VIEWS
          Share on FacebookShare on Twitter

          ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (International Labor Conference – ILC) ကို တက်ရောက်နိုင်သည့် နိုင်ငံစာရင်းများ ထုတ်ပြန်ရာတွင် လက်ရှိ အချိန်အထိ မြန်မာနိုင်ငံ မပါဝင်သေးပေ။ ILC သည် အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရ သုံးပွင့်ဆိုင် တက်ရောက် ဆွေးနွေးရသည့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတကာ ဆွေးနွေး ပွဲကြီးတခု ဖြစ်သည်။

          ILC သို့ စစ်ကောင်စီက နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်မရရန် အလုပ်သမားအဖွဲ့အစည်းများက အားသွန်ခွန်စိုက် ကြိုး စားလျက်ရှိပြီး နိုင်ငံအသီးသီးမှ အလုပ်သမားအဖွဲ့အစည်းများ၊ သမဂ္ဂများကလည်း ယာယီအားဖြင့် သဘောတူထားပြီး ဖြစ် သည်။

          RelatedPosts

          တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

          တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

          23 September 2023
          1.8k
          သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

          သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

          23 September 2023
          503
          စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

          စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

          22 September 2023
          4.2k

          ILC သို့ တက်ရောက်ခွင့် ရခြင်း၊ မရခြင်းမှာ အစိုးရတရပ်အဖြစ် နိုင်ငံတကာ အသိအမှတ်ပြုခွင့် ရ၊ မရ ဆိုသည့် အခြေ အနေအပြင် ကုလသမဂ္ဂနှင့် ဆွေးနွေးထားသည့် ကိစ္စရပ်များကိုပါ သက်ရောက်မှု ရှိနိုင်သည့် အခြေအနေတရပ် ဖြစ်သည်။

          အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီကို အသိအမှတ်မပြုရေး ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

          မေး ။ ။ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှာ ဘယ်သူတွေ တက်ရောက်ခွင့်ရမှာလဲ။ လက်ရှိ အခြေအနေက ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ ပြောပြပေးပါဦး။

          ဖြေ ။ ။ ILC က နှစ်ပတ်လည် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတိုင်းက နှစ်စဉ် မှတ်ပုံတင်ရတယ် Credentials Committee – CC ကိုပေါ့။ ဒီနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ လာပါတယ်ဆိုတာ သက်ဆိုင်ရာဝန်ကြီး (သို့) ဒုဝန်ကြီး သူတို့က စာရေးပြီး တော့ ILO ရဲ့ ညီလာခံကျင်းပရေး ကော်မတီကို ပို့ရတယ်။ အဲဒီ စာပို့တဲ့အချိန်မှာ အရည်အသွေး စစ်ဆေးရေးကော်မတီက စိစစ်တယ်။
          စိစစ်တယ်ဆိုတဲ့နေရာမှာ သတ်မှတ်ချက်တွေက ILO က အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရနဲ့ ဖွဲ့စည်းထားတဲ့ အစုအဖွဲ့ဝင် ဖြစ်တဲ့အတွက် တကယ်ပဲ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ် အစစ်တွေ ပါသလားဆိုတာကို ဆန်းစစ်တယ်။

          ပြီးတော့ အစိုးရက ပံ့ပိုးရမယ့် သတ်မှတ်ချက်တွေ ရှိတယ်။ ဥပမာ – အလုပ်သမား ကိုယ်စားလှယ်၊ အလုပ်ရှင် ကိုယ်စား လှယ်တွေဆိုရင် လေယာဉ်ပျံခ၊ ဟိုတယ်ခ၊ စားသောက်စရိတ်တွေ အစိုးရက ပံ့ပိုးရတယ်။ အဲဒါမျိုးတွေ တကယ်လုပ်လား၊ မလုပ်လား ဆန်းစစ်ပြီးမှသာလျှင် ပြည့်စုံတယ်ဆိုမှ ဒီအဖွဲ့သည် ပြည့်စုံတယ်ဆိုပြီး လက်ခံတာ။

          ILO ဆိုတာ ကုလသမဂ္ဂရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတခု ဖြစ်တယ်။ ကုလသမဂ္ဂရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေ အားလုံးထဲမှာမှ ထူးခြားတဲ့ တည်ဆောက်မှု ပုံသဏ္ဍာန်ရှိတာက အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်စလုံးပါရတဲ့ စုဖွဲ့မှုနဲ့ ပြုလုပ် ထားတာ ဖြစ်တယ်။ ဒီနှစ်မှာ စစ်အုပ်စုက သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုလည်း သူတို့ လွှတ်ပါတယ်။ ထို့အတူ ဒီမိုကရေစီ အင်အားစုတွေက ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးကနေပြီးတော့ သူ့ကိုယ်စား လှယ်အဖွဲ့ကို စာတင်ပါတယ်။

          ဒီအခါ ILO မှာသူရဲ့ Legal Department ဆိုတဲ့ ဥပဒေရေးရာဌာန ရှိတယ်။ ဥပဒေရေးရာဌာနက ဘယ်လို စာပြန်လာလဲဆို ILO မှာ မြန်မာနိုင်ငံအတွက် အစိုးရနှစ်ခုက ကိုယ်စားပြုမယ်ဆိုပြီး စာတင်ထားတာ ရှိပါတယ်။ ဒါကြောင့် ဘယ်သူတွေ ကိုယ်စားပြုတယ်ဆိုတဲ့ ဆုံးဖြတ်ချက် မကျမချင်း ဘယ်သူ့ကိုမှ အသိအမှတ် မပြုသေးပါဘူး။ ဒီအဆုံးအဖြတ် ပေးဖို့အတွက် ကို ILC ညီလာခံမှာ ဖွဲ့ထားတဲ့ အရည်အသွေး စစ်ဆေးရေးကော်မတီကို ပို့ထားပါတယ်။

          ကော်မတီက ဆုံးဖြတ်ချက် ကျမှ သာလျှင် မှန်ကန်တယ်၊ ဒီအစုအဖွဲ့ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုကို ရပါမယ်၊ အစည်းအဝေး ပေးတက်ပါမယ်ဆိုတဲ့ စာ ကိုရပါမယ်။ အခုထက်ထိတော့ ဘယ်သူမှ မရသေးပါဘူး။ စစ်အုပ်စုလည်း မရသေးပါဘူး။ NUG ကလည်း မရသေးပါဘူး။

          မေး ။ ။ ၂၀ ရက်နေ့ ရက်စွဲနဲ့ ILO ကနေ NUG ကို စာပို့လိုက်တဲ့ အခြေအနေကရော ဘယ်လို သုံးသပ်လို့ရမလဲ။

          ဖြေ ။ ။ ILO သည် ကုလသမဂ္ဂရဲ့ အဖွဲ့ဝင် ဖြစ်တယ်လို့ ကျနော် ပထမပိုင်းက ပြောထားတယ်။ ကုလသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင် ငံဖြစ်တဲ့အတွက် ILO သည် ကုလသမဂ္ဂက စစ်အုပ်စုကို သတ်မှတ်ထားတဲ့အတိုင်းပဲ လိုက်နာပြီး သတ်မှတ်ဖို့ ရှိတယ်လို့ ကျနော်ကတော့ တင်ပြတာပါ။ အဲဒါ ထူးခြားချက်ပါ။

          NUG က ၂၀ ရက်နေ့ စာရရှိတဲ့ အကြောင်းကတော့ ဘယ်သူ့ကိုမှ ပေး မထိုင်ထားသေးဘူး။ Credentials Committee – CC ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေတဲ့အကြောင်း သိရတယ်။ နောက်ထပ် သိရတာက ILO သည် သူတယောက်တည်း မဆုံးဖြတ်ပါဘူး။ ကုလသမဂ္ဂတခုလုံးက သတ်မှတ်ချက်အတိုင်း သွားမယ်ဆို တာ၊ နိုင်ငံကို ကိုယ်စားပြုမှု ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အတိုင်း သွားမယ်ဆိုတာ သိရတယ်။

          နောက်တခု ကျနော်တို့ သိရတာတော့ လကုန်ခါနီး ၂၈ ရက်နေ့နဲ့ ၂ ရက်နေ့ကြားမှာ Credentials Committee – CC အစည်းအဝေး လုပ်ပါမယ်။ ဒီအစည်းအဝေး မလုပ်မချင်း အစည်းအဝေးကျင်းပနေတဲ့ တောက်လျှောက်က မြန်မာနိုင်ငံရဲ့ ထိုင်ခုံမှာ ဘယ်သူမှ ကိုယ်စားပြုခွင့် မရှိသေးဘူး။ ကုလသမဂ္ဂက ဆုံးဖြတ်တဲ့အတိုင်းပဲ ILO က လိုက်နာမယ်လို့ ဆုံးဖြတ် ထားတဲ့အတွက် တစ်အချက်က စစ်အုပ်စုအဖွဲ့သည် အစည်းအဝေးကို တရားဝင် ထိုင်ခွင့် မရှိသေးဘူး။ နှစ်အချက်က ကုလ သမဂ္ဂရဲ့ ဆုံးဖြတ်ချက်အတိုင်း သွားမယ်ဆိုတာ ပြည်သူတွေကို သိစေချင်ပါတယ်။ ဒါကြောင့် စစ်အုပ်စုကို ကုလသမဂ္ဂရဲ့ အစည်းအဝေးထဲမှာ ထိုင်ခွင့်မရအောင် လုပ်ထားနိုင်ပါတယ်ဆိုတာကို အဓိက ပြောချင်ပါတယ်။

          မေး ။ ။ လက်ရှိ အခြေအနေထိ ညီလာခံကို NUG ရော၊ စစ်ကောင်စီပါ တက်ရောက်ခွင့် မရသေးတဲ့ အနေအထား ဆိုတော့ တကယ်လို့ NUG သာ တက်ခွင့်ရမယ်ဆိုရင် ဘယ်လို အကျိုးရလဒ်တွေ ရှိလာနိုင်မလဲ။

          ဖြေ ။ ။ အကျိုးအမြတ်က တော်တော်ကြီးပါတယ်။ ILO ဆိုတာက ILO တခုတည်း တည်ရှိတာ မဟုတ်ပါဘူး။ ကုလ သမဂ္ဂရဲ့ မိသားစုအဖွဲ့ဝင် တခုဖြစ်တဲ့အတွက် အကယ်၍ ဒီနေရာမှာ စစ်အုပ်စုက ကိုယ်စားပြုခွင့် မရတော့ဘူးဆိုရင် တခြား ကုလသမဂ္ဂရဲ့ အဖွဲ့အစည်း ဥပမာ – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှာလည်း ဒီကိစ္စ အချင်းများနေတယ်လို့ သိရပါတယ်။ WHO မှာလည်း စစ်အုပ်စုသည် တရားဝင် ကိုယ်စားပြုခွင့် ရှိ၊ မရှိ ဆိုတာကို သူတို့ရဲ့ ညီလာခံမှာ ဒါကို ဆွေးနွေးနေရတယ်။ သူတို့သည်လည်း ILO အတိုင်းပဲ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုတာ ကျနော်တို့ သိထားတယ်။

          နောက်တခုက မကြာမီ လာတော့မယ့် ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် စုံညီညီလာခံမှာလည်း စစ်အုပ်စုကို မြန်မာပြည် ကိုယ် စားပြု ပေးထိုင်မလား၊ မထိုင်မလားဆိုတာ ILO ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။ အကယ်၍ စစ် အုပ်စုကို ILO မှာ နိုင်ငံကိုယ်စားပြု ပေးမထိုင်ဘူးဆိုရင် စစ်အုပ်စုကို ကုလသမဂ္ဂရဲ့ မိသားစုကနေပြီး သူ့ရဲ့ အရည်အသွေး မပြည့်မီလို့ ပေးမထိုင်ဘူးဆိုရင် အပြည်ပြည်ဆိုင်ရာက ရင်းနှီးမြုပ်နှံမှုတွေက သူ့အပေါ်မှာ ယုံကြည်မှု နည်းလာပါလိမ့်မယ်။ သူသည် သက်တမ်း ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။

          ဘယ်လောက်ပဲ ဗမာပြည်အတွင်းမှာ ဗုံးပဲကြဲ ကြဲ၊ သေနတ်နဲ့ပဲပစ်ပစ်၊ ဝန်ထမ်းတွေကို အလုပ်ပဲဖြုတ်ဖြုတ် အပြည်ပြည်ဆိုင် ရာ မှာ ရှင်းလို့မရတာကတော့ ကုလသမဂ္ဂထဲ မှာ ဝင်မဆန့်ဘူးဆိုရင် ကမ္ဘာကလည်း သူ့ကိုဆွေးနွေးမှာ မဟုတ်တော့ဘူး။ အဲဒါတွေအားလုံးက နောက်ဆက်တွဲလိုက်လာ နိုင်တယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အများကြီး ကွာသွားမယ်လို့ မြင်ပါတယ်။

          မေး ။ ။ စောစောက ပြောခဲ့တာတွေကတော့ တက်ရောက်ခွင့်ရရင်ဆိုတဲ့ အကျိုးရလဒ်တွေပေါ့။ တကယ်လို့ NUG အနေနဲ့ တက်ရောက်ခွင့် မရရင်ရော ဘာတွေ ဖြစ်နိုင်မလဲ။

          ဖြေ ။ ။ တက်ရောက်ခွင့်မရလည်း ကျနော်တို့က နိုင်နေပြီလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆို အစည်းအဝေး တောက် လျှောက်ကိုမှ စစ်အုပ်စုက မထိုင်ရတဲ့ကိစ္စ၊ နိုင်ငံကိုယ်စားပြု မထိုင်ရဘူး။ ILO အစည်းအဝေးမှာ အွန်းလိုင်းတက်ပြီး ကြည့် လို့ရတယ်။ ဒါတွေတော့ ပေးလုပ်ထားတယ်။ ဒါပေမယ့် တကယ်ဆုံးဖြတ်ချက်ချမယ့် နေရာတွေမှာ၊ အစည်းအဝေးထဲမှာ စစ်အုပ်စု ဝင်မထိုင်ရဘူးဆိုတာက ဘယ်လိုပဲပြောပြော ဒီမိုကရေစီအင်အားစုက တင်ထားတဲ့ NUG ကို နိုင်ငံတကာက မပစ်ပယ်လိုက်ဘူး။

          အသိအမှတ်ပြုလားဆိုတော့ အသိအမှတ်ပြုတာကို လက်တွေ့ မပြနိုင်သေးဘူး။ သို့သော် မပစ်ပယ်ဘူး။ ဒါကို လက်ခံထား တယ်ဆိုတာတော့ အားလုံးမျက်စိနဲ့ မြင်နေရပါတယ်။ ဒါသည် အရမ်းအကျိုးရှိပါတယ်။ ကျနော်တို့ ဒီမှာ ထိုင်ခွင့်မရရင် တောင်မှ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို သွားရင်၊ ကုလသမဂ္ဂရဲ့ အစည်းအဝေးကို သွားတဲ့အခါမှာ ဒါကို အစဉ်တ စိုက် ပြောသွားမယ်ဆိုရင် ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရ၊ ပြည်သူလက်ခံထားတဲ့ အစိုးရနဲ့ ပြည်သူလက်မခံတဲ့ အစိုးရ ဒီမှာ ကွာလာပါလိမ့်မယ်။

          မေး ။ ။ တက်ရောက်ခွင့် ရ၊ မရ အရည်အသွေးစစ်ဆေးရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်က ဘယ်ရက်လောက်မှာ ထွက်လာမလဲ။

          ဖြေ ။ ။ သူက ထွက်လာတာ နောက်ကျတယ်။ အစည်းအဝေး ပြီးခါနီးမှ သူက ထွက်တယ်။ အစည်းအဝေးရဲ့ လုပ်ပုံလုပ် နည်းအရ Credentials Committee က ထိုင်တာ သုံးသပ်ရတယ်၊ မေးရတယ်။ Credentials Committee သည် ကိုယ်စား လှယ် ၃ ယောက်ပဲ ပါပါတယ်။ အလုပ်ရှင် ၁ ယောက်၊ အလုပ်သမား ၁ ယောက်၊ အစိုးရ ၁ ယောက် ပါတယ်။ သို့သော် သူ တို့က အလုပ်သမား အစုအဖွဲ့ကို တိုင်ပင်ရတယ်။ ကျနော်တို့ အလုပ်သမား အစုအဖွဲ့ကတော့ ရှင်းတယ်။ ၁ ယောက်မှ လက်မခံဘူး။
          အဲဒီတော့ အလုပ်ရှင်အစုအဖွဲ့ ဘယ်လို လာမလဲ။ အလုပ်ရှင် အစုအဖွဲ့ကတော့ များသောအားဖြင့် ဒါမျိုးတွေ မကြိုက်ကြ ဘူး။ ILO ဆိုတာ နိုင်ငံရေး လုပ်တဲ့နေရာ မဟုတ်ဘူးလို့ အမြဲတမ်းငြင်းကြတယ်။ ကျနော်တို့ကလည်း နိုင်ငံရေးမှ မပြုပြင်၊ မပြောင်းလဲဘူးဆိုရင် အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးကို ဘယ်လိုလုပ် တိုင်းတာမလဲဆိုတာ ပြန်မေးနေပါ တယ်။ နောက် အစိုးရအစုအဖွဲ့မှာလည်း အားလုံးသိတဲ့အတိုင်းပဲ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မဲခွဲတိုင်း အမြဲ ခွက် ခွက်လန်အောင် ရှုံးတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀၂၀ အစည်းအဝေးမှာလည်း ဆုံးဖြတ်ချက်မှာ တဖက်က ရာဂဏန်းလောက် ရှိပြီးတော့ သူတို့ဘက်က ထောက်ခံတာ ၁၆ နိုင်ငံလောက်ပဲ ရှိတယ်။

          အခု အစည်းအဝေး ILO မှာ အဲဒီလိုဖြစ်မယ်၊ မဖြစ်ဘူးတော့ ပြောလို့မရဘူး။ ဒါပေမယ့် ဘာတခု အားသာလဲဆို ILO မှာ ဗီတိုမရှိဘူး၊ တရုတ်ကလည်း လာပြီး ဗီတိုလုပ်လို့မရဘူး။ ရုရှား၊ အမေရိကန်ကလည်း ဗီတိုလုပ်လို့ မရဘူး။ အများသဘော တူမှ မဲခွဲဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ အားသာချက် နံပါတ်တစ်က ၃ ပုံ ၁ ပုံဖြစ်တဲ့ အလုပ်သမားထုက လုံးဝ လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီ။ နှစ်က ဗီတို လုံးဝမရှိတဲ့ကိစ္စ။ အဲဒီအတွက်ကြောင့် ကျနော်တို့က အားသာပါတယ်။ ရက်ကျန်ပါသေးတယ်။ တဖြည်းဖြည်းနဲ့ အားလုံးပါလာအောင်တော့ ဆက်ပြီး ကြိုးစားရမှာပေါ့။

          မေး ။ ။ စစ်ကောင်စီကလည်း ဒီအစည်းအဝေးကို တက်ရောက်ခွင့်ရအောင် ကြိုးပမ်းနေမှာပဲဆိုတော့ စစ်ကောင်စီက အာဆီယံမှာလို သွားပြီး ဆွေးနွေးတက်ရောက်ခွင့် ရသွားမလားပေါ့။ ဘယ်လိုထင်ပါသလဲ။

          ဖြေ ။ ။ အာဆီယံနဲ့ကွာတာက ၁၉၉၆ ကနေ ၂၀၀၀ အထိက စစ်အုပ်စုကို အပြင်းအထန်တိုက်တာ ILO ပါ။ အဓမ္မ လုပ် အားပေး၊ ကလေးစစ်သားဆိုတဲ့ကိစ္စနဲ့ ပြင်းပြင်းထန်ထန် တိုက်ကြပါတယ်။ စစ်အုပ်စု ဗိုလ်ချုပ်ခင်ညွန့်တို့က ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ တောက်လျှောက် အာဏာယူထားတယ်။ သူတို့ လုပ်ချင်တိုင်းလုပ်တယ်၊ ဖမ်းချင်တိုင်းဖမ်းတဲ့အခါမှာ အခု လိုပဲ ကုလသမဂ္ဂကလည်း စာတွေထွက်တယ်။ ဥရောပသမဂ္ဂကလည်း စာတွေထွက်တယ်။ ဘာမှမဖြစ်ဘူး။ အာဆီယံက လည်း ဟိုကနေကန့်လန့် ဒီကနေကန့်လန့် လုပ်တယ်။ နောက်ဆုံး ၂၀၀၀ ခုနှစ်ကျမှ ILO ရဲ့ အခြေခံ ဥပဒေမှာပါတဲ့ ပုဒ်မ ၃၃ ကို ချမှတ်လိုက်တဲ့ အချိန်မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမယ့်လူတွေက မိမိတို့ တာဝန်သာလျှင် ဖြစ်တယ်ဆိုတဲ့ စကားလုံး ပါလာတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှု အားလုံးက ထွက်သွားပါတယ်။

          ထွက်သွားပြီးတဲ့နောက်မှာ ပြုပြင်ပြောင်းလဲမှုတွေ စလာပြီး ၂၀၁၂ ကျမှသာ အားလုံးက ပွင့်လင်းသွားပြီး အလုပ်သမား ဥပဒေတွေ ထွက်လာပြီး အားလုံးလည်း ပြန်ဝင်လာလို့ရတယ်။ ပြောချင်တာက ILO မှာ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။ ILO မှာ ရှိတဲ့ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ ကိုယ်စားလှယ် အားလုံးက ၂၀၀၀ ခုနှစ်အထိ ဘာဖြစ်ခဲ့လဲ၊ ၂၀၀၀ နောက် ပိုင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာ အားလုံးက မှတ်တမ်းရှိခဲ့သူတွေ ဖြစ်တယ်။ ILO မှာ ဥပဒေအရာရှိတွေ၊ တရားရေးဌာနတွေ၊ မှတ်တမ်းတွေ၊ သုတေသနတွေ ရှိတယ်။ သူတို့အားလုံးသည် မြန်မာပြည်မှာ စစ်အုပ်စု ဘယ်လို ညာခဲ့တယ်။ ဘယ်လို ဖြစ် သွားတယ်ဆိုတာ သိတဲ့အတွက် တော်ရုံတန်ရုံနဲ့တော့ စစ်အုပ်စုက ကိုယ်စားပြုခွင့်ရမယ်လို့ ကျနော်တို့ မထင်ဘူး။

          သို့သော် စစ်အုပ်စုဘက်မှာ ဘယ်သူတွေရှိမလဲ။ တရုတ်၊ ရုရှား၊ ကျူးဘားက ရှိမယ်။ အာဏာရှင်အုပ်စုတွေ ရှိမယ်။ အရှေ့ အလယ်ပိုင်းက ဆီးရီးယားတို့ ဘာတို့လည်း ပါကြမယ်။ သူတို့က စစ်ဖြစ်နေတဲ့ကိစ္စ မတရားဘူးလို့ ပြောမယ်။ သို့သော် ဒီမို ကရေစီလိုချင်တဲ့၊ ဒီမိုကရေစီကို အားပေးတဲ့ အစိုးရတွေ ပြောမယ်ဆိုရင် သူတို့ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တယ်။ ဥရောပသမဂ္ဂ ဆို ရင် မြန်မာပြည်ထဲမှာ အများကြီးပဲ လုပ်ငန်းတွေကောင်းလာအောင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဖြစ်ဖြစ်၊ အထည်ချုပ်လုပ် ငန်းပဲ ဖြစ်ဖြစ်၊ အခြားဆိပ်ကမ်း ဆောက်လုပ်ရေးလုပ်ငန်းဖြစ်ဖြစ် အများကြီးပဲ ဝင်ထားတာ။ အဲဒါတွေ အားလုံးကို တရက် တည်းနဲ့ ဖျက်ပစ်လိုက်တာ စစ်အုပ်စုဖြစ်တယ်ဆိုတာ အားလုံးကတော့ မမေ့ဘူး။

          အားလုံးကလည်း နိုင်ငံရေးအရ ဆုံးဖြတ်ချက်တွေ ကုလသမဂ္ဂမှာလည်း ချထားတယ်။ EU မှာလည်း ချထားတယ်။ အမေရိ ကန်အစိုးရမှာလည်း ချထားတယ်။ အဲဒါတွေ အားလုံးကို ဘယ်သူကမှ မေ့သွားမယ်လို့ မထင်ဘူး။ စစ်အုပ်စုအနေနဲ့ တော် ရုံတန်ရုံ နိုင်ဖို့မလွယ်ဘူးလို့ ကျနော်က တွေးထားတဲ့အတွက် အားရှိပါတယ်။ နည်းစနစ်ပိုင်းအနေနဲ့တော့ ကုလသမဂ္ဂရဲ့ အဆုံးအဖြတ်ဘယ်လို ဖြစ်မယ်ဆိုတာကိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။

          မေး ။ ။ ILC ညီလာခံမှာ မြန်မာနိုင်ငံအကြောင်းက ဆွေးနွေးစရာ ကိစ္စရပ်တခု ဖြစ်လာနိုင်လား။ ဘာတွေ ဆွေးနွေး နိုင်မလဲ။

          ဖြေ ။ ။ ဒီနှစ်ထဲမှာ ပုံမှန်ဆိုရင် ဆွေးနွေးတာက စံနှုန်းစံထားနဲ့ ပတ်သက်ပြီး အခြေခံအလုပ်သမား အခွင့်အရေး မပြည့်ဝ မှု၊ ချိုးဖောက်မှုတွေကို ဆွေးနွေးတာတွေ ရှိပါတယ်။ အဲဒါကလည်း ကျနော်တို့ထက် ဆိုးရွားတဲ့ နိုင်ငံတွေရှိရင် မဆွေးနွေးရ ဘူး။ စာရင်းရှိတဲ့ နိုင်ငံပေါင်းက ရာချီနေတော့ နိုင်ငံတိုင်းကို ဆွေးနွေးလို့ မရဘူး။ အရင်တုန်းကတော့ ကျနော်တို့က အရှက် ကွဲပါတယ်။ အရှက်ကွဲတယ်ဆိုတာလည်း ကျနော်တို့ပဲ တင်ရတာပါ။ အဓမ္မ ကလေးစစ်သားကိစ္စတွေ အမြဲတမ်း ရှိတယ်။ ရပ်သွားခဲ့ပါပြီ။

          ဒါပေမယ့် အခုတော့ ပြန်ထလာပြီ ပြောရမယ်။ လူတွေသတ်တဲ့ကိစ္စနဲ့ အစိုးရဝန်ထမ်း ၆၀၀၀၀ ကျော် ဖြုတ်ထားတဲ့ကိစ္စ ဘယ်လို ရှင်းမလဲ။ လူ ၆၀၀၀၀ ကျော် ဖြုတ်ထားတာ ပြန်ခန့်လို့ရတယ်လို့ လွယ်လွယ် ပြောလို့ရပေမယ့် ပြန်ကြည့်မယ် ဆိုရင် ကုလသမဂ္ဂက ချမှတ်ထားတဲ့ SDG Goal တွေ ၂၀၃၀ မှာ မီအောင် လုပ်မယ်ဆိုတဲ့ ကိစ္စတွေကို စစ်အုပ်စုက ဘယ် လို ဆင်ခြေပေးမလဲ မသိဘူးပေါ့။ နိုင်ငံရဲ့ လုပ်ငန်းတွေအားလုံး ပျက်အောင် ဖျက်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကလည်း စစ်အုပ်စုကို ကိုယ်စားပြုခွင့် မပေးဘူးဆို ဆွေးနွေးစရာမလိုဘူး။ ခုက ILO တခုလုံး တခါမှ မဖြစ်ဖူးတဲ့ကိစ္စ၊ နိုင်ငံ တခုလုံးကို ကိုယ်စားပြုခွင့်မပေးဘူး ကန့်ကွက်တဲ့ မြန်မာပြည်ကိစ္စက အကြီးအကျယ် ဖြစ်မယ်။

          မေး ။ ။ ILO သမိုင်းကြောင်းမှာရော နိုင်ငံတနိုင်ငံက ကိုယ်စားပြု မတက်တာမျိုး ရှိခဲ့ဖူးလား။

          ဖြေ ။ ။ အရင်တုန်းက ရှိပါတယ်။ စိတ်ဆိုးပြီး၊ စိတ်ကောက်ပြီး ထွက်သွားတာမျိုး ရှိပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်တို့ လက် ထက်တုန်းကလည်း ကျုပ်တို့ ထွက်မယ်ဘာမယ် ပြောပါတယ်။ ဒီခေတ်မှာတော့ ကျနော်တော့ မထင်ပါဘူး။ ဒါပေမယ့် ဖြစ် လည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူမလုပ်ရဲတာ ဘာမှမရှိဘူး ပြောထားတာကိုး။ ထွက်လို့ရပါတယ်။ ဒါပေမယ့် ထွက်ရင် ဘာဖြစ်မလဲ။ ကျနော် ခုနကပြောသလို ထွက်ရင် ILO တခုတည်းက မဟုတ်ဘူး။ ကုလသမဂ္ဂ မိသားစုထဲက ထွက်တာလားဆိုတဲ့ မေးခွန်း မေးစရာ ရှိပါတယ်။

          ငါထွက်ချင်တဲ့နေရာ ထွက်ပြီး ဝင်ချင်တဲ့နေရာ ဝင်မယ်လို့ မြန်မာပြည်မှာလို လက်နက်နဲ့ လုပ်လို့ရတဲ့နေရာ မဟုတ်ပါဘူး။ သံခင်းတမန်ခင်း ရှိပါတယ်။ Protocol တွေ ရှိပါတယ်။ ILO က ထွက်မယ်ဆို ထွက်လို့ရတယ်။ IMF ကမ္ဘာ့ငွေရေးကြေးရေး အဖွဲ့အစည်းကရော ထွက်တာလားဆိုတဲ့ မေးခွန်းတွေ မေးစရာရှိပါတယ်။ ဒါတွေကို မဆိုင်ဘူးလို့ ပြောလို့ရတယ်။ ဆိုင်လား မဆိုင်လားဆိုတာ စမ်းကြည့်လိုက်မှ သိမယ်။ ကျနော်ကတော့ ခုနက ပြောသလို မြန်မာပြည်က ထွက်မယ်လို့ အသံလွှင့် လိုက်ရင် ထွက်ပါလို့ပဲ ပြောစရာရှိတယ်။ ဘာဖြစ်လို့လဲဆို ဒုက္ခပေးနေလို့ နိုင်ငံမတိုးတက်တာ။ လုံးဝကို တာဝန်ရှိသွားပြီ အဲဒီကိစ္စအတွက် ကုလသမဂ္ဂတို့၊ ယူနီဆက်တို့၊ UNDP တို့၊ ကျန်းမာရေးတို့၊ ပံ့ပိုးမှုတွေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက လည်း ထွက်ပြီးသား ဖြစ်သွားမှာပါ။

          မေး ။ ။ စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်တဲ့၊ ဖမ်းဆီးနှိပ်စက်တဲ့အထဲမှာ အလုပ်သမားတွေ ပါဝင်နေတာ။ CDM ဝန်ထမ်းသောင်းနဲ့ချီ အလုပ်ဖြုတ်ခံရတာတွေကို ILC မှာ တရားဝင် တင်ပြနိုင်ခဲ့ရင် ဘယ်လို အကျိုးရလဒ်တွေ ရှိမလဲ။

          ဖြေ ။ ။ အကျိုးကတော့ ခုလို အခြေအတင်ဖြစ်တာကိုက အကျိုးပေါ့။ ကျနော်တို့က မတ်လကတည်းက တင်ပြနေတာ အခုမှ မဟုတ်ဘူး။ အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ ကတည်းက ဒီမိုကရေစီအရေးကို နောက်ပြန်ဆုတ်တဲ့ ဘယ်သူ့ကိုမှ လက်မခံဘူးလို့ စာထုတ်ပြန်တယ်။ ၃ ရက်နေ့မှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်လုပ်ငန်းတွေ ရပ်ဆိုင်းလိုက် ပြီလို့ အလုပ်သမားဝန်ကြီးဌာနကို အကြောင်းကြားတယ်။ အဲဒီနောက်မှာ ကျနော်တို့ ILO ကို အကြောင်းကြားတယ်။

          ပြီးတဲ့နောက်မှာ သပိတ်တိုက်ပွဲဖြစ်တဲ့ သတင်းတွေ ပို့တယ်။ နောက် ဆန္ဒပြတာ၊ ဝန်ထမ်းတွေ၊ ပုဂ္ဂလိက လုပ်ငန်းတွေ ကိစ္စ၊ အထည်ချုပ်လုပ်ငန်းတွေမှာ ဘယ်လို ဖြစ်တယ်ဆိုတာတွေ၊ အလုပ်သမားခေါင်းဆောင်တွေ အိမ်ကို ဝင်စစ်ဆေးတဲ့ ကိစ္စ၊ အလုပ်သမားတွေ အလုပ်ဖြုတ်တဲ့ကိစ္စ၊ ရထားက ဝန်ထမ်းနဲ့အိမ်တွေကို ရဲနဲ့တပ်က ဝင်စီးတယ်၊ လူတွေကို ဖမ်း တယ်။ သေ နတ်နဲ့ထောက်ပြီး ရထားမောင်းတဲ့ ကိစ္စတွေကို သတင်းတွေရတယ်။ ရတဲ့သတင်းကို ချက်ချင်း တင်ပါတယ်။

          တင်တဲ့အတွက် ILO မှာ အလုပ်သမား အားလုံးက လက်မခံဘူးဆိုတာ ဒါကို ပြောတာ။ ကျနော်တို့ဆီမှာ တခုတည်းပြော လို့ မဟုတ်ဘူး။ တောက်လျှောက်တက်နေတဲ့ သတင်းတွေအရပါ။ ကျနော်တို့ကလည်း ဆွေးနွေးတယ်ဆိုတာမှာ သက်သေ သာဓကနဲ့ ပြောရပါတယ်။ စစ်အုပ်စုက လုပ်ကြံသတင်းတွေ၊ လိမ်လည်တယ်လို့ ကျနော်တို့ကို ပြောမှာပါ။ ပြီးခဲ့တဲ့အချိန် တုန်းကလည်း ပြောပါတယ်။ ဒါပေမယ့် မီဒီယာတွေက တင်တဲ့ဥစ္စာတွေပါ။ ဓာတ်ပုံနဲ့ အချက်အလက်နဲ့ တင်တဲ့ကိစ္စပါ။

          ချိုးဖောက်ခံရတဲ့ လူနာမည်၊ ချိုးဖောက်တဲ့ တပ်နာမည် ပါပါတယ်။ သက်သေနဲ့ တင်တဲ့အတွက်ကြောင့် ILO မှာ ခုလို ကြုံတွေ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ကျနော်တို့ ပြောခဲ့ပါတယ်။ Rule of Law ဆိုတာ ရှိတယ်။ လက်နက်အား ကိုးပြီး မလုပ်ပါနဲ့။ တနေရာရာမှာတော့ Rule of Law ဆိုတာ ကြုံတွေ့ရမယ်။ နိုင်ငံတကာမှာ ရင်ဆိုင်ရမယ်ဆိုတာကို ကျနော် ပြောခဲ့ပါတယ်။

          မေး ။ ။ ဒီအစည်းအဝေးမှာသာ စစ်ကောင်စီ တက်ရောက်ခွင့်မရရင် သူ့ကို တရားဝင်အစိုးရလို့ နိုင်ငံတကာက အသိ အမှတ်မပြုဘူးလို့ ကောက်ချက်ချနိုင်မလား။

          ဖြေ ။ ။ ကျနော်တို့က အဲဒီလိုပဲ ကောက်ချက်ချမှာပါ။ ဘာဖြစ်လို့လဲဆို ပြုပြင်ပြောင်းလဲမှု မရှိတဲ့အပြင် လူတွေကို မြို့ထဲ မှာ ပစ်ခတ်သတ်ဖြတ်နေတဲ့ကိစ္စ၊ ဗုံးကြဲတဲ့ကိစ္စ။ ကျနော်နားလည်တာက ဗုံးကြဲတယ်ဆိုတာ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ကိုယ့်ရဲဘော်တွေကို ကာကွယ်ဖို့ လာပြီး ဗုံးကြဲတာ။ အခုက အဲဒီလို မဟုတ်ဘူး။ တိုက်ပွဲက ပြီးသွားပြီ။ ကိုယ့်ရဲဘော်တွေ က သေသွားပြီ။ စခန်းက ကျသွားပြီ။ လေယာဉ်ပျံက ရောက်မလာဘူး။ နောက်နေ့ကျမှ ရွာတွေကို ပစ်ခတ်ဗုံးကြဲတယ်ဆို တာ ဒါက ကိုယ့်ရဲဘော်တွေက ကူတာလည်း မဟုတ်ဘူး။ ရွာသားကို သက်သက်မဲ့ ပစ်ချင်ခတ်ချင်လို့ လုပ်တဲ့ကိစ္စ။ အဲဒါတွေလည်း သုံးသပ်ပြီး စာတင်ထားပါတယ်။

          အဲဒီတော့ ကိုယ့်စစ်တပ်ပေါ်မှာလည်း စေတနာမရှိဘူးဆိုတဲ့အကြောင်း ပေါ်လွင်တယ်။ ကျနော်တို့က စစ်အုပ်စုကို ကိုယ် စားပြုခွင့် မပေးဘူးဆိုတာ ပြည်သူလူထုတင်မကဘူး။ စစ်တပ်ကိုလည်း ကိုယ်စားမပြုဘူးဆိုတာ ပြနေပါတယ်။ အဲဒါကို ILO မှာ ဆွေးနွေးမယ်။ သဘောတူရင် ကုလသမဂ္ဂအထွေထွေ ညီလာခံနဲ့ အခြားအဖွဲ့ဝင် အဖွဲ့အစည်းတွေ WHO တို့၊ UNICEF တို့၊ UNDP တို့ကို ဆက်ပြီး တွန်းသွားပါမယ်။

          မေး ။ ။ ဘာများ ဖြည့်စွက်ပြောစရာ ရှိပါသေးလဲ။

          ဖြေ ။ ။ ကျနော်တို့ စာပို့ထားပါတယ်။ UNICEF ကို ပေါ့။ UNICEF ဆိုတာက ပညာရေး၊ ကလေးသူငယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကူညီတယ်။ မြန်မာပြည်မှာရှိတဲ့ အထုတ်ခံရတဲ့ ဆရာ၊ ဆရာမအများစုက သူတို့ သင်တန်းပေးထားတာ။ အဲဒီတော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက ဘယ်ရောက်သွားလဲ။ ဒါက သက်သက်မဲ့ စစ်တပ်က တကမ္ဘာလုံးကို စော်ကားလိုက် တာ။ ပိုက်ဆံက တကမ္ဘာလုံးက ပေးတယ်။ မြန်မာပြည် ဖွံ့ဖြိုးဖို့အတွက် ပေးထားတာ။ သင်တန်းပေးထားတဲ့ ဆရာ၊ ဆရာ မတွေကို ဒီလိုပဲ ငါပြောတာ သဘောမတူရင် ထွက်ကွာဆိုတာက တကမ္ဘာလုံးကို စော်ကားလိုက်တာ ဖြစ်တယ်။

          ကျန်းမာရေးမှာလည်း ဒီအတိုင်းပဲ ဆရာဝန်တွေ၊ သူနာပြုတွေ၊ သားဖွားဆရာမတွေ အထူးသဖြင့် အခြေခံကျန်းမာရေး အတွက် ကူညီနေတဲ့သူတွေကို လုပ်ထည့်လိုက်တာက WHO၊ UNICEF တို့ ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူလူထု တိုး တက်အောင် လုပ်တဲ့ကိစ္စတွေကို ချိုးဖောက်လိုက်တာ ဖြစ်တဲ့အတွက် မဆက်ဆံသင့်တော့ဘူး။ ဒီဝန်ကြီးတွေနဲ့ အထူး သဖြင့် လက်မှတ်ထိုးပြီး ထုတ်လိုက်တဲ့ ဝန်ကြီးဌာနတွေနဲ့ အလုပ်မလုပ်သင့်တော့ဘူးလို့ ပြောနေပါတယ်။

          မြန်မာပြည်တွင်းက ရုံးတွေကတော့ ချက်ချင်းလုပ်နိုင်မှာ မဟုတ်ဘူး။ ပြည်သူကို သိစေချင်တာက ဒီအဖွဲ့အစည်းတွေ အလုပ်လုပ်ဖို့ ပံ့ပိုးပေးနေတဲ့ အစိုးရတွေ ရှိတယ်။ အများဆုံးပံ့ပိုးပေးတာကတော့ အမေရိကန်အစိုးရ။ နောက်တခါ နော်ဝေ၊ ဒိန်းမတ်၊ အီတလီ စတဲ့အစိုးရတွေက ပြည်သူတွေ ဖွံ့ဖြိုးဖို့လုပ်ပေးတာ ဖြစ်တယ်။ အဲဒါကို တရက်တည်းနဲ့ ဖျက်ပစ်လိုက်တဲ့ အုပ်စုကို လက်မခံပါနဲ့။ စစ်အုပ်စုက ဘယ်လောက်ပြောပြော၊ အာဆီယံက ဘယ်လောက်ကာကာ ၁၉၈၈ ကလည်း အလိမ် ခံရပြီးပြီ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း အလိမ်ခံရပြီးပြီ။ ခုတခါနဲ့ဆိုရင် ထပ်ပြီး အလုခံရတယ်။ ခပ်တည်တည်နဲ့ထိုင် ပြီး လိမ်နေတယ်ဆိုတော့ ဆက်ပြီး အလိမ်ခံရင်တော့ အလိမ်ခံရတာကြိုက်လို့ ဆိုတာ ပြောပြနေတယ်။ ကျနော်တို့ကတော့ လက်မခံနိုင်တော့ဘူး။

          ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲက နှစ် ၂၀ ကျော်ကြာခဲ့တယ်။ အဲဒီအချိန်ကို ပြန်မသွားနိုင်တော့ဘူး။ အဲဒါကြောင့် ဒီအစိုး ရကို လက်မခံပါနဲ့။ ခင်ဗျားတို့ မရှက်ဘူးလားလို့ ပြောနေတာ။ ဒါကြောင့် အခုအနေအထားမှာ ပြည်သူတွေက ဝိုင်းပြီး ထောက်ခံပေးပါ။ အလုပ်ရှင်တွေရော၊ အလုပ်သမားတွေရော စစ်အုပ်စုကို တရားဝင် ကိုယ်စားပြုခွင့် မပေးဘူးဆိုတာကို အင်တာနက်မှာ တင်ကြပါ။ ကိုယ်စားပြုခွင့် မရှိဘူးဆိုတာ ရေးကြပါ။ ILO ကို ရေးကြပါ။ ကုလသမဂ္ဂရုံးတွေကို သွားပို့ပေး လို့ရတယ်။ အစည်းအဝေး အထွဋ်အထိပ်ကို ရောက်နေပြီ။ ဟိုဘက်ကို ကျော်နိုင်တော့မယ်။ အဲဒါကို ဝိုင်းပြီး အားဖြည့်ပေး ရင် ပြည်သူ့အသံနဲ့ နိုင်ပါမယ်ဆိုတာ ကျနော် အကူအညီ တောင်းချင်ပါတယ်။

          You may also like these stories:

          ILO ညီလာခံသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်မပေးရေး ကမ္ဘာ့အလုပ်သမားအဖွဲ့များ သဘောတူ

          Your Thoughts …
          Tags: ILCILONUGစစ်ကောင်စီဦးမောင်မောင်
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          31.4k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          30.8k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

          စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

          by ဧရာဝတီ
          11 September 2023
          18.9k

          အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

          လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

          လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

          by ဧရာဝတီ
          12 September 2023
          18.5k

          ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

          ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

          ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

          by ဧရာဝတီ
          31 July 2023
          15.8k

          မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

          ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

          ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

          by ဧရာဝတီ
          28 July 2023
          15.4k

          ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

          Next Post
          --

          NLD ကို ဖျက်သိမ်းမယ်ဆိုတဲ့ စစ်ကောင်စီခန့် UEC ပြောကြားချက်အပေါ် သူတို့အမြင်များ

          ဒီမော့ဆိုသို့ ရောက်ရှိလာသည့် တင့်ကားတချို့  / PDF

          ဒီမော့ဆို ရဲစခန်းကို PDF က ထပ်မံ ဝင်တိုက်၊ တင့်ကားတစ်စီး ဖျက်ဆီးထားဟု ဆို

          No Result
          View All Result

          Recommended

          ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

          ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

          9 hours ago
          8.4k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          1 week ago
          25.6k

          Most Read

          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            shares
            Share 0 Tweet 0
          • တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

            shares
            Share 0 Tweet 0
          • မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            shares
            Share 0 Tweet 0
          • ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved