• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

တဖွဲ့ကိုသွားရင် တဖွဲ့နဲ့ ပဋိပက္ခဖြစ်မှာ စိုးလို့ လူငယ်တွေ ဖွဲ့လိုက်တဲ့ ရှမ်းပြည်ဖက်ဒရယ်တပ်ဦး

by ဧရာဝတီ
10 July 2021
in အင်တာဗျူး
A A
ရှမ်းပြည်လူငယ်များ ဖွဲ့စည်းလိုက်သည့် ရှမ်းပြည်ဖက်ဒရယ်တပ်ဦး / Shan State Front for Federal Facebook

ရှမ်းပြည်လူငယ်များ ဖွဲ့စည်းလိုက်သည့် ရှမ်းပြည်ဖက်ဒရယ်တပ်ဦး / Shan State Front for Federal Facebook

45.2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်၌ လူငယ်များက ဦးဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မည့် ရှမ်းပြည်ဖက်ဒရယ်တပ်ဦး (SSFF) နှင့် ရှမ်းပြည်လွတ်မြောက်ရေးပါတီ (SSLP) ကို ဇူလိုင်လ ၇ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိကာလတွင် ရှမ်းပြည်နယ်၌ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့သည် ၂၀၂၁ ဇွန်လဆန်းမှ စတင်ကာ တိုက်ပွဲများဖြစ်ထားပြီး စစ်ရေးတင်းမာနေသည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

18 June 2025
1.1k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

18 June 2025
482
မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

18 June 2025
185

ရှမ်းပြည်နယ်တွင် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ရှိပါလျက်နှင့် မည်သည့်အကြောင်းကြောင့် ရှမ်းပြည်ဖက်ဒရယ်တပ်ဦး ဖွဲ့ရသည်ကို ပိုမိုသိရှိနိုင်ရန် ယင်းတပ်ဦး၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သည့် (SSLP) အတွင်းရေးမှူးဖြစ်သူ စဝ်ဖ ကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ရှမ်းပြည်ဖက်ဒရယ်တပ်ဦးနဲ့ ရှမ်းပြည်လွတ်မြောက်ရေးပါတီဖွဲ့လိုက်ပြီလို့ သိရပါတယ်။ တပ်ဦးနဲ့ ပါတီ ဖြစ်ပေါ်လာပုံ ပြောပြပေးပါ။

ဖြေ ။ ။ တပ်ဦးစဖွဲ့ဖြစ်တာက လက်ရှိနိုင်ငံရေးအခြေအနေအရ တနိုင်ငံလုံးအနေအထားက ဖက်ဒရယ်ကို သွား နေတာဖြစ်တယ်။ ရှမ်းပြည်အနေအထားမှာဆိုရင်လည်း ရှိနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကလည်း ပဋိပက္ခဖြစ်နေတယ် ဆိုတော့ သွားတဲ့ လုပ်ငန်းစဉ်ကလည်း နှောင့်နှေးမယ်လို့ထင်တယ်။

ဒါကြောင့် ကျနော်တို့က ဖက်ဒရယ်တပ်ဦးတခုထူထောင်ပြီး ကျန်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံး ပေါင်းပြီးတော့ ဖွဲ့လိုက်မယ်ဆိုရင် ရှမ်းပြည်အတွက်လည်း ပိုပြီး လှုပ်ရှားနိုင်မယ်လို့ ထင်တဲ့အတွက် တပ်ဦးကို ထောင်လိုက်တာပါ။ ကျနော်တို့တပ်ဦးထောင်လိုက်တဲ့အတွက် စစ်ဘောင်က ပိုကျယ်လာမှာဖြစ်ပါတယ်။ အဲဒီစစ်ဘောင်ကို ပြန်ချုပ်ချင်တယ်။

လက်ရှိကာလမှာဖြစ်နေတဲ့ အာဏာသိမ်းမှုတွေကလည်း ၂၀၀၈ ခြေဥကြောင့် စစ်ဘောင်ကျယ်ရာက စတယ် လို့မြင်တယ်။ ဒါကြောင့် ကျနော်တို့ကိုယ်တိုင်လည်း စစ်ဘောင်မကျယ်အောင် စစ်ဘောင်ကို ဘယ်လိုချုပ်မလဲ။ စစ်ဘောင်ကို နိုင်ငံရေးဘောင်နဲ့ ဘယ်လိုပြန်ကန့်သတ်မလဲဆိုတာ စဉ်းစားရင်းနဲ့ တပ်ဦးကို ပြန်ချုပ်ဖို့ နိုင်ငံရေး ပါတီကို ဖွဲ့လိုက်တာပါ။

မေး ။ ။ ရှမ်းပြည်ဖက်ဒရယ်တပ်ဦးနဲ့ ရှမ်းပြည်လွတ်မြောက်ရေးပါတီမှာ ဘယ်လိုလူတွေပါဝင်လဲ။

ဖြေ ။ ။ အဓိကတော့ ရှမ်းပြည်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားအများစုပါပါတယ်။ လူငယ်တွေများတယ်။ လူလတ်ပိုင်း တွေနဲ့ တတ်သိပညာရှင်တွေပါဝင်ပါတယ်။

မေး ။ ။ တပ်ဦးနဲ့ ပါတီရဲ့ ရပ်တည်ချက်တွေ ၊ ရည်ရွယ်ချက်တွေ ပြောပြပေးပါ။

ဖြေ ။ ။ လက်ရှိမှာတော့ ကျနော်တို့ မူဝါဒ ၅ ချက်ချထားပါတယ်။ နံပါတ် (၁) ကတော့ တရားမဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးပေါ့။ လက်ရှိကာလမှာ အဓိက ဆန့်ကျင်ရမှာ စစ်အာဏာရှင်စနစ်ဖြစ်တဲ့အတွက် စစ်အာဏာရှင် စနစ်ကို ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး ဆန့်ကျင်သွားမှာဖြစ်ပါတယ်။

နောက်ထပ်မူဝါဒကတော့ ဒီမိုကရေစီအရေးပေါ့။ ကျနော်တို့နိုင်ငံတလျှောက်လုံးက ၁၉၆၂ အာဏာသိမ်းမှု မတိုင်ခင်အထိက ဒီမိုကရေစီလမ်းစဉ်ဆိုပေမယ့် ဖက်ဒရယ်စနစ်နဲ့ ညီတဲ့ ဒီမိုကရေစီလမ်းစဉ်မရခဲ့ဘူး။ ကျနော် တို့က ဒီမိုကရေစီအရေးကိုလည်း မူဝါဒအဖြစ်သတ်မှတ်ထားတယ်။

နောက်တခုက ဖက်ဒရယ်အရေးပေါ့။ ဖက်ဒရယ်အရေးကလည်း ပင်လုံစာချုပ်နောက်ပိုင်းမှာ ဖက်ဒရယ် ၊ ဖက်ဒရယ်လို့ ပြောခဲ့ကြပေမယ့် စစ်မှန်တဲ့ ဖက်ဒရယ်စနစ်မရခဲ့ဘူး။ ပြည်နယ်အခွင့်အရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်မရခဲ့ဘူး။

လက်ရှိမြန်မာနိုင်ငံရေး တခုလုံးကို သုံးသပ်လိုက်ရင် နံပါတစ်က ကျနော်တို့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေ အများကြီးခံခဲ့ရတယ်။ ဒီမိုကရေစီမရခဲ့ဘူး။ ဖက်ဒရယ်လည်း ဝေးခဲ့တယ်။ ပြည်နယ်အခွင့်အရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်မရခဲ့ဘူး။ စစ်တွေဖြစ်လာတယ်။ နှစ်ပေါင်း ၇၀ ကြာအောင် ကျနော်တို့နိုင်ငံမှာ သွေးညှီနံ့တွေ ဖုံးနေတယ်။ ငြိမ်းချမ်းရေးမရခဲ့ဘူး။

အဲဒီဟာတွေကို ကျနော်တို့က ပပျောက်ချင်တယ်။ ဒါကြောင့်ကျနော်တို့က တရားမဲ့အာဏာရှင်စနစ် ဆန့်ကျင် ရေး၊ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး၊ ပြည်နယ်အခွင့်အရေး နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေးဆိုတဲ့ မူဝါဒ ၅ ချက်ချထားပါတယ်။

မေး ။ ။ ဘာကြောင့် တပ်ဦးနဲ့ ပါတီဖွဲ့စည်းရတာလဲဆိုတာ ပြောပြပေးပါ။

ဖြေ ။ ။ ရှမ်းပြည်နယ်မှာ RCSS နဲ့ SSPP ၂ ဖွဲ့ရှိတယ်။ သူများမှာက ကရင်ဆိုရင် KNU (ကရင်အမျိုးသားအစည်း အရုံး) ရှိတယ်။ ကချင်မှာဆိုရင် (KIA) ကချင်လွတ်လပ်ရေးတပ်ရှိတယ်။ ကျနော်တို့ရှမ်းပြည်မှာ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ဖို့ ဘယ်သွားရမလဲ ကြည့်တဲ့အခါမှာ RCSS နဲ့ SSPP က ပဋိပက္ခရှိနေတယ်။

အဲဒါကြောင့် ကျနော်တို့ တဖွဲ့ကိုသွားရင် တဖွဲ့နဲ့က ကျနော်တို့က ပဋိပက္ခဖြစ်မယ်။ ကျနော်တို့ အဲဒီလိုမဖြစ်ချင် ဘူး။ ကျနော်တို့က စစ်အာဏာရှင် ပြုတ်ကျရေးပဲ ဖြစ်ချင်တယ်။ သူတို့ ၂ ဖွဲ့ကြားမှာ ဖြစ်တဲ့ ပြဿနာကို ရင်ကြားစေ့ရေးပဲ ဖြစ်စေချင်တယ်။ ပဋိပက္ခပုံစံမျိုးနဲ့ မသွားစေချင်ဘူး။ အဲဒါကြောင့် ကြားထဲကနေ ဖက်ဒရယ် တပ်ဦးတခုဖွဲ့စည်းလိုက်တာပါ။

မေး ။ ။ နှစ်ဖက်စလုံးကို မသွားဘဲ ကြားထဲက သီးခြားဖွဲ့လိုက်တော့ ၂ ဖက်စလုံးက မလိုလားတာ မခံရနိုင်ဘူး လား။ ဒီအတွက်ရော မစိုးရိမ်ဘူးလား။

ဖြေ ။ ။ ကျနော်တို့က RCSS နဲ့ရော SSPP နဲ့ရော မိတ်ဖက်အသွင်ပူးပေါင်းသွားမှာပါ။ ကျနော်တို့ရဲ့ သဘော တရားကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီအင်အားစုမှန်သမျှဟာ မိတ်ဖက်အဖွဲ့အဖြစ် အားလုံးနဲ့ ပူးပေါင်းသွားမှာပါ။ သူတို့က စစ်အာဏာရှင်ဆန့်ကျင်ရေး အမြင်ရှိလာတယ်ဆိုရင် ကျနော်တို့က သူတို့နဲ့ ပူးပေါင်းသွားမှာပါ။

မေး ။ ။ ရှမ်းပြည်ဖက်ဒရယ်တပ်ဦး က ရှမ်းပြည်နယ်မှာပဲ အခြေစိုက်လှုပ်ရှားမှာလား။ ရှမ်းပြည်နယ်မှာက လက်နက်ကိုင်အဖွဲ့တွေကများတော့ သူတို့နဲ့ ပဋိပက္ခမဖြစ်အောင် ဘယ်လို လုပ်ဆောင်သွားဖို့ရှိမလဲ။

ဖြေ ။ ။ ကျနော်တို့ရှမ်းပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများတယ်ဆိုတာ အားလုံးသိပါတယ်။ လက်နက် ကိုင်အဖွဲ့အစည်းများတဲ့အတွက် ကြားထဲမှာ ပဋိပက္ခတွေ အများကြီးရှိတယ်ဆိုတာလည်း ကျနော်တို့ သိတယ်။ ဒီပဋိပက္ခတွေကြားထဲမှာ ကျနော်တို့အဖွဲ့ ဘယ်လိုရှင်သန်မလဲ။ အဲဒီလိုမျိုး ကျနော်တို့ကို မေးခွန်းထုတ်လာ တာတွေရှိတယ်။

အဲဒီတော့ ကျနော်တို့က ရှမ်းပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ၂ ဖွဲ့ခွဲလိုက်တယ်။ တဖွဲ့က စစ်အာဏာ ရှင်စနစ်တိုက်ဖျက်မယ့်အဖွဲ့ရယ်။ နောက်တဖွဲ့က စစ်အာဏာရှင်စနစ်နဲ့ လက်တွဲမယ့် အဖွဲ့ရယ်။

လက်တွဲမယ့်အဖွဲ့တွေကိုတော့ ကျနော်တို့က ရန်ငါ ပြတ်ပြီးသားပဲ။ စစ်အာဏာရှင်စနစ်နဲ့ မပူးပေါင်းမယ့် ရန်ငါ ပြတ်တဲ့အဖွဲ့တွေကိုတော့ ကျနော်တို့က မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းသွားမယ်။ သူတို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့လည်း စီစဉ်ထားတာတွေ ရှိပါတယ်။

မေး ။ ။ တပ်ဖွဲ့ထားတယ်ဆိုတော့ တပ်နဲ့ပတ်သက်လို့ လက်နက်လူသူအင်အား အလုံအလောက်ရှိပါသလား။

ဖြေ ။ ။ တပ်နဲ့ ပတ်သက်တာကတော့ လုံခြုံရေးအရရော ၊ စစ်တပ်ဘက်ကို သတင်းမရောက်စေချင်တဲ့ အတွက် ရော ကျနော်တို့အနေနဲ့ လတ်တလောပြောဖို့မရှိပါဘူး။

မေး ။ ။ နောက်ထပ်မေးချင်တာက တကယ်လို့တိုက်မယ်ဆိုရင် ဘယ်ပစ်မှတ်တွေကို တိုက်မှာလဲ။ အရပ်သား တွေ ထိခိုက်မှုမရှိအောင်ဘယ်လို စဉ်းစားထားလဲ သိပါရစေ။

ဖြေ ။ ။ တချို့နေရာတွေမှာ အရပ်သားထိခိုက်သေဆုံးတာတွေရှိနေတာ ကျနော်တို့သိရတယ်။ အရပ်သား ထိခိုက်သေဆုံးမှု လျော့နည်းအောင် ၊ စစ်ရာဇဝတ်မှုမဖြစ်အောင် ကျနော်တို့ အတတ်နိုင်ဆုံးထိန်း သိမ်းသွား မယ်။ လက်နက်တပ်ဆင်ထားတဲ့ လူငယ်တွေဆိုတာက သဘောတရားက တအားစိတ်ကြွတတ်တာ ဒါကြောင့် အလွန်အကျွံ တက်ကြွတာတွေမဖြစ်အောင် ထိန်းချုပ်ထားဖို့လည်း ကျနော်တို့ စဉ်းစားထားပါတယ်။

မေး ။ ။ ရှမ်းပြည်ဖက်ဒရယ်တပ်ဦးနဲ့ ရှမ်းပြည်လွတ်မြောက်ရေးပါတီက ကြားကာလအမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ချိတ်ဆက်ထားမှုရှိလား။

ဖြေ ။ ။ ကျနော်တို့က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအနေနဲ့တော့ ရပ်တည်ပါတယ်။ NUG နဲ့တော့ မိတ်ဖက် အဖွဲ့အစည်းအနေနဲ့ ချိတ်ဆက်ထားတာတော့ရှိပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းမှာ PDF အဖွဲ့ ၆ ဖွဲ့ပေါင်းပြီး South Shan Youth Groups PDF ဆိုပြီးဖွဲ့လိုက်တာတွေ့ပါတယ်။ ရှမ်းပြည်ဖက်ဒရယ်တပ်ဦးနဲ့ ရှမ်းပြည်လွတ်မြောက်ရေးပါတီက အဲဒီအဖွဲ့ တွေနဲ့ရော ဆက်စပ်ပါသလား။

ဖြေ ။ ။ လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ PDF တွေဖွဲ့လာတယ်။ ဒေသဆိုင်ရာ PDF အဖွဲ့တွေ ဖွဲ့လာတာ လည်း ရှိတယ်။ ကျနော်တို့က အဲဒီအဖွဲ့အစည်းတွေအကုန်လုံးနဲ့ ချိတ်ဆက်ထားပါတယ်။ အကုန်လုံးက စစ်အာဏာရှင်စနစ်ကို တိုက်နေတဲ့အချိန်မှာတော့ ကျနော်တို့က ကျနော်တို့နဲ့ ရပ်တည်ချက်တူတဲ့ PDF တွေ အားလုံးနဲ့ ချိတ်ဆက်ပြီးတော့ လုပ်သွားမှာပါ။

မေး ။ ။ ပါတီအနေနဲ့ရော တပ်အနေနဲ့ရော ဘာတွေ ဆက်လုပ်သွားဖို့ရှိမလဲ။

ဖြေ ။ ။ ပါတီအနေနဲ့ကတော့ ပြည်သူလူထုကို နိုင်ငံရေး အသိတရားပေးတာတွေ လုပ်သွားမယ်။ နိုင်ငံရေးနည်း အရ NUG နဲ့ လက်တွဲလုပ်ဆောင်တာတွေရှိမယ်။ ပါတီအနေနဲ့ ဖက်ဒရယ်တပ်ဦးကို အကောင်းဆုံး မောင်းနှင် ပြီးတော့ လမ်းမချော်သွားအောင်လုပ်ဖို့ရှိမယ်။ အဲဒီလိုမျိုးတော့ ကျနော်တို့ စဉ်းစားထားတယ်။ လာမယ့် တပတ် ၂ ပတ်အတွင်းမှာ ပါတီကြေညာစာတမ်းထွက်လာဖို့ရှိမယ်။ တပ်အနေနဲ့ကတော့ Operation (စစ်ဆင်ရေး) တချို့ လုပ်ဆောင်ဖို့ရှိပါတယ်။

မေး ။ ။ တပ်အနေနဲ့ ပါတီအနေနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ ဘာတွေ ပြင်ဆင်ထားလဲ။

ဖြေ ။ ။ ရေရှည်ရပ်တည်ဖို့ဆိုရင် လိုအပ်တာက ငွေကြေးကိစ္စပေါ့။ ငွေကြေးကိစ္စဆိုရင် ကျနော်တို့ဘက်မှာ ခဏ၊ ခဏပြောနေကြတာရှိတယ်။ ဆက်ကြေးကောက်တဲ့ ကိစ္စပေါ့။ ကျနော်တို့အနေနဲ့တော့ အဲဒီလို ဆက်ကြေး ကောက်သွားဖို့မရှိဘူး။ ပြောရရင် ကျနော်တို့ကို သဒ္ဒါရင် လှူလို့ရတယ်။ ကျနော်တို့ကို မသဒ္ဒါရင် ရေတခွက် တောင် အလကားမတိုက်နဲ့ပေါ့။ ငွေကြေးရေရှည်ရဖို့ အလှူရှင်တွေနဲ့ ချိတ်ဆက်ထားတာရှိတယ်။ ကျနော်တို့ တရားသော စီးပွားရေးတွေလုပ်သွားဖို့ စဉ်းစားထားတယ်။

You may also like these stories:

တိုင်းရင်းသား လက်နက်ကိုင်များ၏ နယ်မြေလုတိုက်ပွဲကြောင့် ပြည်သူ ၃၀၀၀ ကျော် ဒုက္ခရောက်နေ

ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်

အစုအလိုက် အပြုံလိုက် ကိုဗစ်ပိုးကူးစက်နေ</a

Your Thoughts …
Tags: RCSSSSASSFFSSLPတိုင်းရင်းသားရှမ်းပြည်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

by Bertil Lintner
20 March 2024
17.5k

ရှမ်းတပ်များကို အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်တွင် ညီညွတ်စေရန် ပထမဆုံး ကြိုးစားပြီးနောက် နှစ်ပေါင်း ၆၀ ကြာသည့်တိုင် ၎င်းတို့သည် ကွဲပြားနေဆဲဖြစ်သည်။

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

by ကိုဦး
9 March 2024
12.1k

SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

by Anthony Davis
13 August 2024
8.2k

အခြေခံအချက်အလက် သုံးခုအရ မြန်မာနိုင်ငံမြောက်ပိုင်းမှ နောက်ဆုံး တိုက်ပွဲများသည် ပဋိပက္ခ၏ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

by မိုင်းခြိူဝ်းဇာရ်
24 September 2023
8.1k

ကွတ်ခိုင်မြို့နယ်၊ မန်ပလန်ရွာအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိတဲ့ SSPP စစ်ကြောင်း နဲ့ နယ်မြေခံ TNLA လှုပ်ရှားတပ်တွေအကြားမှာ နာရီဝက်ကျော်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့...

Next Post
စစ်တွေမြို့ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်ပစ္စည်းများ တင်ဆောင်နေသည့် စက်လှေများကို ဆေးဖြန်းခြင်းဆောင်ရွက်  / CJ

ကိုဗစ်ကြောင့် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရပ်နား

တပ်သားသစ်

တပ်သားသစ်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate