• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဘယ်နိုင်ငံကမှ လက်နက်ကိုင် ရုန်းကန်မှုကို ထောက်ပံ့မှာ မဟုတ်ဘူး

by ဧရာဝတီ
24 September 2021
in အင်တာဗျူး
A A
NUG လက်အောက်ခံ PDF အဖွဲ့ စစ်သင်တန်းဆင်းပွဲ

NUG လက်အောက်ခံ PDF အဖွဲ့ စစ်သင်တန်းဆင်းပွဲ

60.8k
VIEWS
Share on FacebookShare on Twitter

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်း စစ်ကောင်စီကို ခုခံစစ်ဖြင့် မြန်မာတနိုင်ငံလုံး လှည်းနေလှေအောင် မြင်းစောင်းမကျန် တော်လှန်ရန် စက်တင်ဘာ ၇ ရက်တွင် ကြေညာလိုက်သည်။

ထိုသို့ စစ်ကြေညာလိုက်သည့်အပေါ် အမေရိကန်နှင့် ဗြိတိန်ကဲ့သို့ နိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုင်း အဝိုင်းက ကြိုက်နှစ်သက်ခြင်း မရှိကြောင်း အသီးသီးဖော်ပြ ပြောဆိုခဲ့သည်။

RelatedPosts

LGBT ဖြစ်တည်မှုကြောင့် သတ်သေသွားကြတဲ့လူတွေအများကြီးရှိတယ် (ရုပ်/သံ)

LGBT ဖြစ်တည်မှုကြောင့် သတ်သေသွားကြတဲ့လူတွေအများကြီးရှိတယ် (ရုပ်/သံ)

12 June 2025
34
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

12 June 2025
2.6k
တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

12 June 2025
15k

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် NUG အကြား သဘောထား ကွဲပြားမှုသည် မြန်မာပြည်သူများအတွက် ကောင်းကျိုး၊ ဆိုးကျိုး မည်ကဲ့သို့ ရှိလာနိုင်သည်ကို ပိုမိုသိရှိနိုင်ရန် ကမ္ဘာတဝှမ်း ပဋိပက္ခများကို စောင့်ကြည့်လေ့လာနေသည့် International Crisis Group (ICG) ၏ မြန်မာ့အရေးအကြံပေး Richard Horsey ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

ဘာကြောင့် NUG အနေနဲ့ အခုလို ကြေညာဖို့ ဖြစ်လာသလဲဆိုတာ နားလည်ကြပေမယ့် ဘယ်နိုင်ငံမှတော့ စစ်ပွဲကို ဦးစားပေးတာမျိုး ပြောမှာ မဟုတ်ပါ

မေး ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်မှာ စစ်ကောင်စီကို စစ် ကြေညာလိုက်ပါ တယ်။ အဲဒီလို ကြေညာလိုက်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ NUG အကြားမှာ သဘောထား ကွဲလွဲတာတွေ ဖြစ်သွားပါသလား။ ဘယ်လို ထင်ပါသလဲ။

ဖြေ ။ ။ နိုင်ငံတော်တော်များများကတော့ NUG ကြုံနေရတဲ့ အခြေအနေကို စာနာပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို စာနာကြပါတယ်။ သူတို့ဟာ ဘာကြောင့် NUG အနေနဲ့ အခုလို ကြေညာဖို့ ဖြစ်လာသလဲဆိုတာ နားလည်ကြပေမယ့် ဘယ်နိုင်ငံမှတော့ စစ်ပွဲကို ဦးစားပေးတာမျိုး ပြောမှာ မဟုတ်ပါဘူး။

မေး ။ ။ NUG က စစ်ကောင်စီကို မြန်မာတနိုင်ငံလုံး ဆန့်ကျင်တိုက်ခိုက်ဖို့ ကြေညာလိုက်တဲ့ အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။ စစ်ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး တချို့ကလည်း NUG ဟာ မြေပြင်မှာ လက်နက်တွေ ထိထိရောက် မထောက်ပံ့နိုင်ဘဲ အကြမ်းဖက်မှုနဲ့ တော်လှန်ရေးကို မြှင့်တင်လိုက်တယ်လို့လည်း ပြောကြတာလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာမှတ်ချက် ပေးချင်ပါသလဲ။

ဖြေ ။ ။ ကြေညာချက်ဟာ စစ်အစိုးရကို အကြမ်းဖက် ဆန့်ကျင်ခုခံနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ မြေအောက်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အားပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ NUG မှာ အုပ်စုသီးသီးကို ငွေကြေးနဲ့ လက်နက်တွေ ထောက်ပံ့ဖို့ သယ်ယူပို့ဆောင်ရေး စွမ်းရည်ဟာ အကန့်အသတ်နဲ့သာ ရှိနေပြီး သူကိုယ်တိုင်မှာလည်း စစ်ရေးစွမ်းရည် ရှိမနေပါဘူး။ ဒီအချက်တွေကြောင့် NUG ဟာ သူပြောတဲ့စကားတွေကို ကျောထောက်နောက်ခံပေးမယ့် လုပ်ရပ်တွေ မရှိဘူးလို့ အချို့လူတွေကို ခံစားရစေပါတယ်။ တကယ်လို့ စစ်ကြေညာတာက တော်လှန်ရေးကို နောက်တဆင့်အထိ မမြှင့်နိုင်ဘူးဆိုရင် ဖြစ်လာနိုင်တာက အချို့လူတွေကို စိတ်ပျက်လာစေနိုင်ပြီး အချို့ကလည်း ရင်ဆိုင်နေရတဲ့ ကန့်သတ်ချက်တွေကို ပိုနားလည်လာနိုင်ပါတယ်။

ICG ၏ မြန်မာ့အရေးအကြံပေး Richard Horsey (ဓာတ်ပုံ/Richard Horsey Twitter)

မေး ။ ။ NUG က စစ်ကောင်စီကို စစ်ကြေညာလိုက်တဲ့အတွက် နောက်ဆက်တွဲ ဘာတွေ သက်ရောက်မှု ရှိနိုင်ပါသလဲ။

ဖြေ ။ ။ အာဏာသိမ်းပြီး ၈ လ ကြာလာတဲ့နောက်မှာ စစ်တပ်ဟာ သူ့ပြိုင်ဘက်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ကောင်းကောင်း နားလည်လာပါတယ်။ တပ်မတော်မှာ တန်ပြန် အကြမ်းဖက်နှိမ်နင်းရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ ရှည်ကြာတဲ့ အတွေ့အကြုံတွေရှိပြီး အဆုံးသတ်မှာ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ယုံကြည်ပုံရပါတယ်။ သို့သော်လည်း စစ်တပ်ဟာ ယခုလောက် ရှုပ်ထွေးတဲ့ အခြေအနေ သို့မဟုတ် စစ်အာဏာသိမ်းမှုကို ညီညွတ်စွာ ဆန့်ကျင်လာတဲ့ လူတွေကို တခါမှ မကြုံဖူးဘူး။ တပ်မတော်ဟာ ခုခံဆန့်ကျင်မှုရဲ့ ဇွဲကို လျှော့တွက်ပြီး ရှေ့တန်းနေရာ များစွာက အချိုးမညီတဲ့ စစ်ပွဲကို ကိုင်တွယ်နိုင်မယ့် သူ့ရဲ့ စွမ်းရည်ကို အထင်ကြီးနေတာလည်း ဖြစ်နိုင်ပါတယ်။

စစ်တပ်ဟာ ယခုလောက် ရှုပ်ထွေးတဲ့ အခြေအနေ သို့မဟုတ် စစ်အာဏာသိမ်းမှုကို ညီညွတ်စွာ ဆန့်ကျင်လာတဲ့ လူတွေကို တခါမှ မကြုံဖူးဘူး။

မေး ။ ။ ရေရှည်မှာရော NUG နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ မြန်မာ့အရေးကိစ္စ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲတာတွေ ပိုဖြစ်လာနိုင်ပါသလား။

ဖြေ ။ ။ နိုင်ငံအများစုကတော့ ခုခံဆန့်ကျင်တဲ့ တော်လှန်ရေးအဖွဲ့တွေဟာ စစ်အစိုးရကို ဖြုတ်ချဖို့ အလွန်ခက်ခဲလိမ့်မယ်လို့ ယုံကြည်နေတဲ့အတွက် အဲဒီနိုင်ငံတွေဟာ စစ်ကောင်စီနဲ့ ဗီဇာကိစ္စ၊ အကူအညီပေးရေး၊ နှစ်နိုင်ငံ ဆိုင်ရာ ကိစ္စတွေ သဘောတူတာမျိုး အစရှိတဲ့ ကိစ္စတွေ လုပ်လာနိုင်ပါတယ်။ အကယ်၍ NUG ကသာ စစ်ကောင်စီကို အနိုင်တိုက်ပြီး အဲဒီယူဆချက်တွေ မှားယွင်းကြောင်း သက်သေပြနိုင်မယ် ဆိုရင်တော့ တရုတ်လိုမျိုး နိုင်ငံတွေ အပါအဝင် အခြားနိုင်ငံတွေကလည်း NUG ကို ဦးစားပေး ဆက်ဆံလာမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဘယ်နိုင်ငံကမှတော့ လက်နက်ကိုင် ရုန်းကန်မှုကို ထောက်ပံ့မှာ မဟုတ်ပါဘူး။

မေး ။ ။ NUG နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား အဲဒီလို သဘောထား ကွဲလွဲတာတွေရှိရင် မြန်မာပြည်သူတွေအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဘာတွေ ရှိနိုင်မလဲ။ နောက်ဆက်တွဲ ဘာတွေ သက်ရောက်မှု ရှိနိုင်ပါသလဲ။

ဖြေ ။ ။ အကယ်၍ နိုင်ငံခြားကနေ NUG ကို စစ်ရေးအင်အား ထောက်ပံ့မှု မရှိဘူးဆိုရင် စစ်အစိုးရကို လက်နက်ကိုင် ဖြုတ်ချဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ အာဏာကို လက်လျှော့ပေးဖို့ထက် တိုင်းပြည် ပျက်စီးတာကိုပဲ မြင်ဖို့အသင့်ဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်ကို ပြောင်းလဲဖို့ အရမ်းခက်ခဲနေပေမယ့်လည်း စစ်ဗိုလ်ချုပ်တွေကို ဖိအားပေးပြီး ဆွေးနွေးဖို့ ဆက်လက် တိုက်တွန်းနိုင်နေမှာ ဖြစ်ပါတယ်။ လူထုဟာလည်း ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို ခံစားရပြီးနောက်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့ကို တွန့်ဆုတ်သွားပါပြီ။ သို့သော်လည်း နှစ်ဖက်စလုံးက ဆွေးနွေးညှိနှိုင်းဖို့ ဆုံးဖြတ်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရလဒ်ကောင်းတွေ ထွက်လာ ဖို့ ကူညီပံ့ပိုးပေးနိုင်မှာပါ။

အကယ်၍ နိုင်ငံခြားကနေ NUG ကို စစ်ရေးအင်အား ထောက်ပံ့မှု မရှိဘူးဆိုရင် စစ်အစိုးရကို လက်နက်ကိုင် ဖြုတ်ချဖို့ အလွန်ခက်ခဲပါလိမ့်မယ်။

မေး ။ ။ နိုင်ငံတကာက အကြမ်းဖက်တာကို မထောက်ခံဘူးဆိုရင် NUG အနေနဲ့ တော်လှန်ရေးကို ဆက်လုပ်နိုင်ပါ့မလား။ ဘယ်လိုထင်ပါသလဲ။

ဖြေ ။ ။ မကြာသေးမီက အာဖဂနစ္စတန်မှာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေက အနောက်နိုင်ငံတွေရဲ့ စစ်ရေးအရ ကြားဝင်ပေးမှု ခေတ်ကာလ ပြီးဆုံးသွားပြီ ဆိုတာကို ရှင်းလင်းစွာ ဖော်ပြခဲ့ပါတယ်။ ဒေသတွင်း နိုင်ငံတွေကလည်း NUG ကို စစ်ရေးအရ အကူအညီ အထောက်အပံ့ အလွန်မနှစ်သက်ကြပါဘူး။ အဲဒါဟာ မြန်မာပြည်ရဲ့ အနာဂတ်ဟာ မြန်မာပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ဖော်ပြတာပဲ ဖြစ်ပါတယ်။

စစ်အစိုးရ အနေနဲ့လည်း လူ အများက ထောက်ခံနေတဲ့ ခုခံတော်လှန်ရေးကို အနိုင်ရဖို့ အလွန်ခက်ခဲပါလား ဆိုတာကို ရှာတွေ့သွားပါလိမ့်မယ်။

အဲဒါဟာ ခုခံတော်လှန်သူတွေအတွက် စစ်ကောင်စီကို အနိုင်ရဖို့ အရမ်းခက်ခဲပေမယ့်လည်း အပြောင်းအလဲကို မြင်ဖို့ သူတို့ ဘယ်လို စိတ်ပိုင်းဖြတ်ထားသလဲ ဆိုတာကိုလည်း ဖော်ပြခွင့်ပေးပါလိမ့်မယ်။ စစ်အစိုးရ အနေနဲ့လည်း လူအများက ထောက်ခံနေတဲ့ ခုခံတော်လှန်ရေးကို အနိုင်ရဖို့ အလွန်ခက်ခဲပါလား ဆိုတာကို ရှာတွေ့သွားပါလိမ့်မယ်။

You may also like these stories:

ကုလ လက်ထောက် အထွေထွေအတွင်းရေးမှူးဟောင်း မြန်မာ အထူးကိုယ်စားလှယ် ဖြစ်မည်ဟု သတင်းထွက်

စစ်ကောင်စီကို တရုတ်က ထောက်ခံမှု အပြည့်အ၀ မပေးသေးတာ ထူးဆန်းလား

NUG နဲ့ NLD အကြား သဘောထားကွဲနေသလား

မြန်မာစစ်တပ် ဘာတွေဖြစ်နေလဲ

NUG ခုခံစစ် ကြေညာမှု ၁၉၄၉ ခုနှစ် ပုန်ကန်မှုကို ပြန်မြင်စေ

Your Thoughts …
Tags: NUGRichard Horseyစစ်တပ်နိုင်ငံတကာ အသိုင်းအဝိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.1k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.2k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
ယခုလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြို့ပေါ်က ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးမှု / CJ

စစ်ကောင်စီက ချင်းပြည်နယ်ရှိ ၈ မြို့နယ်ကို အင်တာနက် ဖြတ်တောက်

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းစပ်တွင်တွေ့ရသည့် တရားမဝင် ဂိတ်များ  / ဓာတ်ပုံ - ကျော်ခ၊ ဧရာဝတီ

BGF ထိန်းချုပ် နယ်စပ်ကုန်သွယ်ရေးလှေဂိတ်များ ထိုင်းဘက်က ပြန်ဖွင့်ရန်စီစဉ်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate