• English
Monday, September 25, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

        ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

        စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

        စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

        မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

        မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

        TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

        TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

        ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

        ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

        တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

        တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

        သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

        သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

        ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

        ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

        ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

        ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

          မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          ဒလန်ရှင်းလင်းရေး NUG လူ့အခွင့်အရေးဝန်ကြီးရဲ့ ရှုမြင်ချက်

          by ဧရာဝတီ
          13 November 2021
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          NUG  အစိုးရအဖွဲ့ဝင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း / ဧရာဝတီ

          NUG အစိုးရအဖွဲ့ဝင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း / ဧရာဝတီ

          12.1k
          VIEWS
          Share on FacebookShare on Twitter

          စစ်တပ်က ပြည်သူ့အစိုးရကို ပြုတ်ချပြီး နိုင်ငံတော်အာဏာအရပ်ရပ်ကို သိမ်းယူသွား ပြီးသည့်နောက် အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူတရပ်လုံးက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ နည်းလမ်းပေါင်းစုုံဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူလူထုကို အာဏာသိမ်း စစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်မှု၊ ဖမ်းဆီး နှိပ်စက်မှု၊ နေ့ဖမ်း ညဘက်အလောင်း လာပို့ စသည့်ဖြစ်စဉ်များကို လက်ရဲ ဇက်ရဲ အကြမ်းဖက်လာခဲ့သည်။

          နောက်ပိုင်းတွင် ယင်းသို့ ဖမ်းဆီးခံရပြီး အကြမ်းဖက်နှိပ်စက်ခံရသည်မှာ သတင်းပေးများကြောင့်ဟု စွပ်စွဲကာ ဒလန်ရှင်းလင်းရေး အထူးသဖြင့် အောက်ခြေအဆင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်မှုများ နေ့စဉ်နှင့်အမျှ ကြားသိလာနေရသည်။

          RelatedPosts

          မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

          မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

          23 September 2023
          3.6k
          တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

          တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

          23 September 2023
          5.3k
          သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

          သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

          23 September 2023
          1.1k

          နိုဝင်ဘာ ၄ ရက် Mytel ဘဏ္ဍာရေးမှူးချုပ် ဦးသိန်းအောင်နှင့် ဇနီးတို့ကို သေနတ်သမားတဦးက ပစ်ခတ်သတ်ဖြတ်ခဲ့အပြီး စစ်တပ်နှင့် ပတ်သက်သူ အသိုင်းအဝိုင်းကြား မလုံခြုံမှုများ တိုးပွား ခံစားလာခဲ့ကြရသည်။ ထို့နောက် NUG ၏ လုပ်ကြံသတ်ဖြတ်ရန် စာရင်းရှိနေသည်ဟူပြီး သတင်းများ ပျံ့နှံ့လာပြီး NUG အကြီးတန်းဝန်ကြီးများက မီဒီယာများတွင် ယင်းကိစ္စမဟုတ်ကြောင်း ပြောကြားလာခဲ့သည်။

          ယင်းသို့ ဒလန်သုတ်သင်ရှင်းလင်းရေးအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများနှင့်ပတ်သက်ပြီး ဧရာဝတီက NUG အစိုးရအဖွဲ့ဝင် လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဆက်သွယ် မေးမြန်းထားသည်။

          မေး။ ။ အခု လတ်တလောမှာ နေ့စဉ်လိုပဲ ကြားနေရတာက ဒလန်ဆိုပြီးတော့ လုပ်ကြံသတ်ဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေကြ တာ ပေါ့။ တခါတလေ ပိုပြီးလို့တောင်မှ ခပ်စိတ်စိတ်ဖြစ်လာနေတယ်ဆိုတော့ ဒီအပေါ်မှာ NUG ရဲ့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးတဦးအနေနဲ့ ဘယ်လိုရှုမြင်သုံးသပ်ပါလဲ။

          ဖြေ။ ။ ဒီအပေါ်မှာ နှစ်ခုခွဲပြီးတော့ ပြောချင်ပါတယ်။ ပထမတခုက ပြည်သူတွေက ဘာကြောင့် ခုခံမှုတွေ လုပ်လာလဲဆိုတဲ့အကြောင်းအရာပါ။ ကျနော်တို့ စစချင်းမှာ ငြိမ်းချမ်းစွာပဲ ဆန္ဒပြတယ်။ ငြိမ်းချမ်းစွာနဲ့ ဒီစစ်အာဏာသိမ်းကြိုးပမ်းမှုကို ဆန့်ကျင်ကြောင်း ပြခဲ့ကြတယ်။ ဒါပေမယ့် လက်နက်နဲ့ အကြမ်းဖက်ပြီးတော့ ဖြိုခွင်းနှိမ်နင်းမှုတွေ ၊ ရက်ရက်စက်စက် ဖြိုခွင်းပြီးတော့ သတ်ဖြတ်မှုတွေ အများကြီး ဖြစ်လာတယ်။ အခု ဆိုရင် တိုင်းရင်းသားဒေသတွေမှာပါ မကဘဲနဲ့ စစ်ကိုင်းတ်ိုင်းတို့လိုဒေသတွေ၊ မန္တလေးတိုင်း မကွေးတိုင်းတို့လိုဒေသတွေမှာလည်း ရက်ရက်စက်စက်နဲ့ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ လုယက်မှုတွေ ဖြစ်လာတယ်။

          ကိုယ့်ရဲ့ မျက်စေ့ရှေ့မှာ ရက်ရက်စက်စက်နဲ့ သတ်ဖြတ်မှုတွေ၊ လူမဆန်မှုတွေ ဖြစ်လာတဲ့အခါမှာ လူသားတွေပဲဗျာ အဲဒီနေရာမှာ ဘာဖြစ်လာလဲဆိုတော့ လက်စားချေမှုတွေ၊ နောက်ပြီးတော့ ပြန်ပြီးတော့ တုန့်ပြန်လိုတဲ့ စိတ်တွေ ဖြစ်လာတယ်။

          ဒါကြောင့်မို့လို့ ပြည်သူလူထုက ဒါကို ဆန့်ကျင်ကြောင်းအနေနဲ့ လုပ်ဆောင်တဲ့ ခုခံစစ်၊ တွန်းလှန်စစ် ဆိုတာ ကျနော်တို့ လက်ခံပါတယ်။ ဒါပေမယ့် တဘက်မှာလည်း ကျနော်တို့ ဘာဖြစ်လာလဲဆိုတော့ ဒီလိုမျိုးလုပ်ဆောင်တဲ့ နေရာမှာ ခုခံမှု လုပ်ဆောင်တဲ့အခါမှာ ကိုယ့်ရဲ့ မျက်စေ့ရှေ့မှာ ရက်ရက်စက်စက်နဲ့ သတ်ဖြတ်မှုတွေ၊ လူမဆန်မှုတွေ ဖြစ်လာတဲ့အခါမှာ လူသားတွေပဲဗျာ အဲဒီနေရာမှာ ဘာဖြစ်လာလဲဆိုတော့ လက်စားချေမှုတွေ၊ နောက်ပြီးတော့ ပြန်ပြီးတော့ တုန့်ပြန်လိုတဲ့ စိတ်တွေ ဖြစ်လာတယ်။

          အဲဒီ တုန့်ပြန်လိုတဲ့ စိတ်ဖြစ်လာရင်းနဲ့ တချို့ နေရာတွေမှာ ဒီလိုမျိုး ပိုပြီးတော့ သတ်ဖြတ်မှုတွေက ဖြစ်လာတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့ အကြောင်းရင်းကို နားလည်ပေမယ့် ဒီလိုလုပ်ဆောင်တဲ့နေရာမျိုးမှာ ကျနော်တို့က မတရားမှုကို တွန်းလှန်တဲ့အချိန်မှာ မတရားတဲ့သူတွေ လုပ်ဆောင်တဲ့ ခြေလှမ်းအတိုင်း သွားလို့မရပါဘူး။ မိစ္ဆာကို တွန်းလှန်ရင်းနဲ့ ကျနော်တို့က မိစ္ဆာလမ်းကြောင်းအတိုင်း သွားလို့မရဘူး။ အဲဒီဟာကို ထိန်းရမှာဖြစ်ပါတယ်။

          ဒါကြောင့်မို့လို့ ကျနော်တို့ တချို့နေရာ တွေမှာ ဒီလိုမျိုး ခုခံမှုတွေ၊ ကာကွယ်မှုတွေ လုပ်ဆောင်တာကို လက်ခံပေမယ့် ဒီထက် ပိုမိုပြီးတော့ လက်စားချေမှုတွေမှုကို ဦးတည်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ နောက်တခါမှာ ခိုင်လုံတဲ့ အကြောင်းအရာ မရှိဘဲနဲ့ စွပ်စွဲသတ်ဖြတ်မှုတွေ ဒါမျိုးကိုတော့ ကျနော်တို့ လက်ခံလို့ မရပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သတိပေးတဲ့ ကိစ္စ၊ ဒါမျိုးလုပ်ဆောင်တဲ့အခါမှာ သတိထား လုပ်ဆောင်ပေးဖို့ ဆိုတဲ့ ထုတ်ပြန်ကြေငြာချက်ကိုလည်း ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ရဲ့ NUG အပါအဝင် ကျနော်တို့ရဲ့ လူ့အခွင့်ရေး ဝန်ကြီးဌာနရဲ့ ရပ်တည်ချက်ပဲ ဖြစ်ပါတယ်ဗျ။

          မေး။ ။ မူဝါဒ ထုတ်ပြန်ကြေငြာတဲ့အထဲမှာ ဒလန်တွေ၊ ဒေါက်တိုင်တွေ ရှင်းလင်းရေးနဲ့ ပတ်သက်ပြီးတော့ ပါလား။ အဲဒီတွေက မူဝါဒတွေနဲ့ရော ကိုက်ညီမှုရှိတယ်လို့ ထင်ပါသလား။

          ဖြေ။ ။ ကျနော်တို့ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျင့်ဝတ်တွေ၊ မူဝါဒတွေကတော့ တဘက်မှာ လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်လာတဲ့ လူတွေ၊ လက်နက် ပြီးတော့ ကိုယ့်ကို ချေမှုန်းလာမယ့် လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ရှိတဲ့ အချိန်ကာလကို ပိုမိုပြီးတော့ ဦးစားပေးပါတယ်။ အဲဒီတော့ ကျနော်တို့ စစ်ပွဲတွေ ဖြစ်လာမယ်။ ထိုးစစ်တွေ၊ တိုက်ပွဲတွေ ဖြစ်လာတဲ့ကာလမှာ လိုက်နာရမယ့် ပုံစံမျိုး ပိုပြီးတော့ ဖြစ်ပါတယ်ခင်ဗျ။ အဲဒါကြောင့်မို့ ကျနော်တို့က ရန်သူ ဒီလိုမျိုး လက်နက်ကိုင်ပြီး လူအချင်း ချင်းတိုက်ခိုက်တာ ဒါက စစ်ပွဲပါ။ စစ်ပွဲကာလ တိုက်ခိုက်ရမှာပဲ ။

          အပြစ်မဲ့တဲ့အရပ်သားတွေ၊ အများပြည်သူကို ထိခိုက်နစ်နာမယ့် နေရာမျိုးတွေ ဒါတွေကို ဦးတည်ထားပြီးတော့ ပစ်မှတ်ထားလို့ မရဘူး။ လက်နက်ကိုင်ထားသူဖြစ်သည့်တိုင်အောင် ကျနော်တို့ ဖမ်းဆီးရမိလာမယ်၊ အညံ့ခံ လာမယ်၊ လက်နက်ချလာမယ်ဆိုရင်လည်း လူသားကဲ့သို့ ဆက်ဆံရမယ့် ပုံစံဖြစ်ပါတယ်။

          သူကလည်း တိုက်ခိုက်ရတယ်။ ကိုယ်ကလည်း တိုက်ခိုက်ရတယ်။ ဒါက လက်နက်ကိုင်တဲ့ စစ်သည်တွေ အချင်းချင်းကြားမှာ တပ်ဖွဲ့တွေကြားမှာ ဖြစ်တာ။ ဒါပေမယ့် အဲဒီကာလမှာ အပြစ်မဲ့တဲ့အရပ်သားတွေ၊ အများပြည်သူကို ထိခိုက်နစ်နာမယ့် နေရာမျိုးတွေ ဒါတွေကို ဦးတည်ထားပြီးတော့ ပစ်မှတ်ထားလို့ မရဘူး။ လက်နက်ကိုင်ထားသူဖြစ်သည့်တိုင်အောင် ကျနော်တို့ ဖမ်းဆီးရမိလာမယ်၊ အညံ့ခံ လာမယ်၊ လက်နက်ချလာမယ်ဆိုရင်လည်း လူသားကဲ့သို့ ဆက်ဆံရမယ့် ပုံစံဖြစ်ပါတယ်။

          ဒါပေမယ့် ဒလန်ကိစ္စကို ကျနော်တို့ နည်းနည်းလေး ထူးဆန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒလန်ဆိုတာ လက်နက်ကိုင်တဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ တဘက်မှာလည်း အရပ်သားလည်း မဟုတ် ဘာကြောင့်လဲဆိုတော့ သူတို့ လက်နက်မကိုင်ပေမယ့် လက်နက်ကိုင်နေတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေကို သွားရောက်သတင်းပေးတာ။ တနည်းတဖုံနဲ့ ပြန်ပြီးတော့ သတင်းကိစ္စရော၊ အကြောင်းအရာ အချက်အလက်ရော ပံ့ပိုးပေးနေတာဖြစ်တဲ့ သူတို့ဟာ ဒလန်ကိစ္စ ခုန ကျနော်တို့ပြောတဲ့ ဝိနည်းအရ ၊ ကျင့်ဝတ်အရ ၊ နိုင်ငံတကာ စာချုပ်အရ လုပ်ဆောင်မယ် ဆိုလို့ရှိရင် နည်းနည်းလေး အခက်အခဲ ရှိပါတယ်။ သူ့ရဲ့ သဘောသဘာဝ ကိုယ်တိုင်က ယူနီဖောင်းဝတ် ထားတာလည်း မဟုတ်ဘူး။ လက်နက်ကိုင်ထားတာ မဟုတ်ဘူး။

          ဒါပေမယ့် သူတို့ရဲ့ သတင်း ပေးပို့မှုက စစ်ရေးအရလှုပ်ရှားမှုတွေ ကျနော်တို့ရဲ့ ဒီဘက်မှာ ပြည်သူတွေရဲ့ လူ့အခွင့်ရေး လှုပ်ရှားမှု ကာကွယ်မှုအပိုင်းတွေကို ထိခိုက်တာဖြစ်တဲ့အတွက် အဲဒီအပိုင်းနဲ့ပတ်သက်လို့ ကျနော်တို့ ဝိနည်းထဲမှာ သေသေချာချာ ဖော်ပြထားတာတော့ မရှိဘူး။ ဒါပေမယ့် ဒါကလည်း ကျနော်တို့ အရေးကြီးတဲ့ ကိစ္စ ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် အခုဆိုလို့ရှိရင် သတ်ဖြတ်မှုတွေ၊ နှိပ်စက်မှုတွေ ရှိတယ် ဆိုပြီး သတင်းတွေ ထွက်လာတယ်။

          တချိန်တည်းမှာပဲ ဒါနဲ့ပတ်သက်ပြီးတော့ တချို့တွေမှာ အပြစ်မရှိဘဲနဲ့ တကယ်တမ်း မလုပ်ဘဲနဲ့ လုပ်ဆောင်ခံထိတယ်။ တိုက်ခိုက်ခံထိတယ်။ ဖမ်းဆီးခံထိတယ် ဆိုပြီး သတင်းတွေ ဖြစ်လာတဲ့အတွက် ဒလန်နဲ့ ပတ်သက်လို့ ကျနော်တို့ ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲ ဆိုတဲ့ လုပ်ထုံး ကိုင်နည်း တခုကို ကျနော်တို့ အမြန်ဆုံး ရေးဆွဲနေပါတယ်။

          ဒါဆိုရင်တော့ ကျနော်တို့ ဖြစ်လာသည့် တိုင်အောင် ကိုယ့်ဘက်က လူ့အခွင့်ရေး ချိုးဖောက်မှုတွေ မဖြစ်အောင်၊ မသင်္ကာမှုတွေ၊ ကိုယ့်ရဲ့ နာကျည်းချက်တွေ၊ သံသယ တွေကြောင့် ဒါမျိုး မဖြစ်အောင် တားဆီးနိုင်မယ့် နောက်ထပ် နောက်ဆက်တွဲ ထပ်ဆင့် လုပ်ထုံးလုပ်နည်း တရပ် ပေါ်ပေါက်လာမယ်။ ဒါတွေ ပေါ်ပေါက်လာရင် ကျနော်တို့ PDF တွေမကဘဲနဲ့ နေရာ ဒေသအသီးသီးက နည်းမျိုးစုံနဲ့ ပါဝင်နေတဲ့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေလည်း သတိထား နိုင်တယ်။ လိုက်နာနိုင်တယ်လို့ မျှော်လင့်ပါတယ်။

          မေး။ ။ ပြောရမယ်ဆိုလို့ ရှိရင် တပ်ဖွဲ့တွေက အများကြီးပဲ။ NUG ရဲ့ လက်အောက်ခံအဖွဲ့လည်း မဟုတ်ဘူး၊ တချို့ကျ သီးခြားလုပ်ဆောင်နေကြတယ်ပေါ့။ ဆိုတော့ အဲဒီအဖွဲ့တွေ ကျူးလွန်တဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ၊ ဒလန်ရှင်းတဲ့ ကိစ္စတွေအပေါ်မှာ NUG အနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုက ဘယ်လိုဖြစ်မလဲဗျ။

          ဖြေ။ ။ ပထမဆုံးကတော့ ကျနော်တို့ ကိုယ့်စည်း ကိုယ်လုံတာ မကဘဲနဲ့ ဒီလိုမျိုး နွေဦးတော်လှန်ရေးမှာ ဒီမိုကရေစီ ရရှိရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင် နေတဲ့ အဖွဲ့တိုင်း အဖွဲ့တိုင်းကို ကျနော်တို့တွေက လူ့အခွင့်ရေးလေးစားဖို့၊ တကယ့် လုပ်ဆောင်မှုတွေက တရားသော စစ်၊ တရားသော ခုခံမှု။ ကိုယ့်ရဲ့ လုပ်ဆောင်မှုကြောင့် သိက္ခာ၊ အမည်၊ နောက်တခါ ဦးတည်ချက်ကို မပျောက်ဖို့ အတွက် သတိပေးလုပ်ဆောင်မှုတွေ ရှိပါတယ်။ ဒါကတော့ ကာကွယ်မှုပေါ့ဗျာ။ မဖြစ်ခင် ကြိုတင်ကာကွယ်တာပေါ့။

          နွေဦးတော်လှန်ရေးမှာ ဒီမိုကရေစီ ရရှိရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင် နေတဲ့ အဖွဲ့တိုင်း အဖွဲ့တိုင်းကို ကျနော်တို့တွေက လူ့အခွင့်ရေးလေးစားဖို့၊ တကယ့် လုပ်ဆောင်မှုတွေက တရားသော စစ်၊ တရားသော ခုခံမှု။ ကိုယ့်ရဲ့ လုပ်ဆောင်မှုကြောင့် သိက္ခာ၊ အမည်၊ နောက်တခါ ဦးတည်ချက်ကို မပျောက်ဖို့ အတွက် သတိပေးလုပ်ဆောင်မှုတွေ ရှိပါတယ်။

          ဒီအပိုင်းကတော့ ကျနော်တို့ လူ့အခွင့်ရေးကိုတောင်းဆိုရင်းရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှု မဖြစ်အောင် ဒါကို ကျနော်တို့ ပထမဦးဆုံး အသိပေးပုံစံမျိုး လုပ်ပါတယ်။ ကျနော်တို့ ဝန်ကြီးဌာနတင် မကဘဲနဲ့ ကာကွယ် ရေးဝန်ကြီးဌာနလည်း PDF တွေကို ညွန်ကြားတဲ့ဟာအပြင် ကျန်သောတပ်ဖွဲ့တွေ၊ အင်အားစုတွေကို အသိပေးပြီးတော့ ကျနော်တို့ ပန်ကြားတဲ့ဟာတွေ ထုတ်ပြန်ပါတယ်။ ဒီဟာတခုကတော့ အကောင်းဆုံး နည်းပေါ့။ သူတို့ဘက်ကလည်း ဒါကို သိရှိမယ်။ လိုက်နာမယ်ဆိုရင် အကောင်းဆုံး နည်းပေါ့။

          နောက်တခုကတော့ သူတို့ဘက်က ဒါမျိုးကိစ္စတွေကို ချိုးဖောက်မှု တွေဖြစ် လာတယ်၊ မဖြစ်သင့်တဲ့အရာတွေ လုပ်ဆောင်လာရင်တော့ ဒါကတော့ ကိုယ်လူ့မို့ ဆိုပြီးတော့ ထားလို့ မရဘူးပေါ့နော်။ ဒါနဲ့ပတ် သက်ပြီးတော့ ကျနော်တို့ မျှတတဲ့ တရားဥပဒေအရ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို တော့ ကျနော်တို့က တရားဥပဒေ စိုးမိုးရေးဆိုတဲ့နေရာမှာ အရေးကြီးပါတယ်။ တရားဥပဒေ အထက်မှာ ဘယ်သူ့မှ မရှိရဘူး ဆိုပြီး ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ တရားဥပဒေ အထက်မှာ စစ်တပ်ရှိခဲ့လို့ ကျနော်တို့ ဒါမျိုးတွေ ဖြစ်နေရတာ။ ဒါကြောင့်မို့ ကျနော်တို့ လက်နက်ရှိတဲ့ လူတွေ ကြိုက်တာ လုပ်လို့ မရအောင် ကျနော်တို့ ရှေ့ဆက်ပြီးတော့ ပြင်ဆင်ရပါမယ်။ အကြိမ်ကြိမ်လည်း သတိပေးပြီးသား ဖြစ်ပါတယ်။

          ဒါပေမယ့် လက်ရှိ NUG က တရားစီရင်နိုင်တဲ့ အရာ၊ နောက်တခါ အပြစ်ပေး အရေးယူနိုင်တဲ့ အာဏာ၊ အနေအထား မရှိသေးတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ အကောင်းဆုံးနည်းကတော့ ဒါမျိုး ဖြစ်အောင် မလုပ်ကြပါနဲ့၊ သတိထားကြပါ။ ဒါတွေကို သတိထားပြီးတော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ၊ ကိုယ့်ရဲ့ အဖွဲ့အစည်းရဲ့ လုပ်ရပ်နဲ့ ကိုယ့်ရဲ့ တော်လှန်ရေးကို မထိခိုက်အောင် ကာကွယ်ပေးဖို့အတွက် အသိပညာပေး၊ သတိ ပေးတဲ့ နည်းလမ်းက အကောင်းဆုံးပဲ ဖြစ်နေပါတယ်။

          မေး။ ။ ဒလန်လို့ စွပ်စွဲတာ အခုဆိုလို့ရှိရင် Non-CDM တွေမှာ ဖြစ်နေတာကို တွေ့လာရတဲ့အခါမှာ ကျတော့၊ စားဝတ်နေရေး အပါအဝင်ပေါ့လေ တခြား အကြောင်း အမျိုးမျိုးတွေကြောင့် CDM ကနေ Non-CDM ပြန်ဖြစ်သွားတဲ့ လူတွေ အပေါ်မှာ တော်တော်များများ လူတွေက ဝိုင်းပြီးတော့ ဆိုရှယ်မီဒီယာပေါ်မှာဆို တော်တော်များများကို တွေ့ရတာပေါ့။ ဒလန်လို့ စွပ်စွဲတာမျိုး၊ သစ္စာဖောက်လို့ စွပ်စွဲ တာတွေ ရှိလာနေတဲ့အခါကျတော့ အဲဒီအပေါ်မှာ ဝန်ကြီးတို့ အနေနဲ့ ဘယ်လို သဘောထားပါလဲဗျ။

          ဖြေ။ ။ တော်လှန်ရေးကာလကြာလာတဲ့အခါ တချို့ အနေနဲ့ ခံယူချက်အရလည်း ပြောင်းသွားနိုင်ပါတယ်။ နောက်တခုကတော့ ဖိအား အမျိုးမျိုးကြောင့် CDM ကနေ Non-CDM ပြန်ဖြစ်သွားတာလည်း ရှိပါတယ်။ တချို့ကျတော့ မိသားစု အခြေအနေ စားဝတ်နေရေး အခြေအနေကြောင့်လည်း ဖြစ်ပါတယ်။ ဒါက လူသားတဦးတယောက်ရဲ့ အခြေအနေကို ကျနော်တို့ နားလည်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီလူကို ဘယ်လိုလုပ်ပါလို့ ပြောလို့မရဘူး။ လူထုပတ်ဝန်းကျင်ကနေ သူတို့ကို Social Punishment လို့ခေါ်တဲ့ အရေးယူမှု အပိုင်းတော့ ရှိပါတယ်။ အရေးယူမှု အပိုင်းကတော့ အမျိုးမျိုးရှိတာပေါ့။

          ပထမ တခုကတော့ ကျနော်တို့ ပြစ်တင် ရှုတ်ချတဲ့ဟာ၊ ဒါကတော့ ဒီလိုမျိုးကိစ္စကို ရှုတ်ချတယ်ဆိုတာ Online မှာလည်း ပလူပျံနေတာပဲ၊ ဒါကတော့ ကျနော်တို့ ပြောလို့ မရဘူး။ နောက်တခုကတော့ သူ့ကို ကျနော်တို့ အဆက်အသွယ်ဖြတ်ကြတာ။ ဒီလောက်ကတော့ တဘက်ကလည်း သူ့ကို ပြောပိုင်ခွင့်ရှိတယ်။ ဒါပေမယ့်လည်း ဒီထက် ပိုမိုပြီးတော့ ခြိမ်းခြောက်တာတို့၊ သူ့ကို ကျနော်တို့ အန္တရာယ်ပြုတဲ့ အပိုင်းတွေကိုတော့ ကျနော်တို့ သတိထားဖို့ လိုအပ်ပါတယ်။

          Non CDM သူတို့တွေက ဒလန်တွေလို သတင်းပေးတာ မဟုတ်ဘူး။ သူတို့တွေက ဒလန်တွေလို အန္တရာယ်မပေးဘူး။ အခြေအနေ တခုကြောင့် ဒါမျိုးဖြစ်သွားတဲ့အတွက် တုန့်ပြန် အရေးယူဆောင်ရွက်မှု အပိုင်းမှာ တော် တော်ကြီးကို ကျနော်တို့ သတိပြုဖို့ လိုအပ်ပါတယ်။

          ဘာကြောင့်လဲဆိုတော့ သူတို့တွေက ဒလန်တွေလို သတင်းပေးတာ မဟုတ်ဘူး။ သူတို့တွေက ဒလန်တွေလို အန္တရာယ်မပေးဘူး။ အခြေအနေ တခုကြောင့် ဒါမျိုးဖြစ်သွားတဲ့အတွက် တုန့်ပြန် အရေးယူဆောင်ရွက်မှု အပိုင်းမှာ တော် တော်ကြီးကို ကျနော်တို့ သတိပြုဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး Non CDM တယောက်ဖြစ်သွားတဲ့အတွက်ကြောင့်မို့ သူ့ကို ပြန်တိုက်ခိုက်တဲ့ သဘောမျိုး ကျတော့ ဒါက လုပ်ဆောင်မှုနဲ့ တုန့်ပြန်မှု နည်းနည်းများသွားတဲ့ သဘောရှိတယ်။ အဲဒီတော့ ကျနော်တို့ ကောင်းတဲ့နည်းကတော့ Non CDM ဖြစ်သွားတဲ့ သူတွေကို ပြန်ပြီးတော့ ကျနော်တို့ဘက်ကို ပြန်ပါလာအောင် ပြန်ပြီးတော့ ကျနော်တို့ လှုံ့ဆော်မှု အပိုင်းတွေ ရှိနိုင်ပါတယ်။

          ဒါမှမဟုတ် သူ့ကဒီထက် ပိုမိုပြီးတော့ Non CDM မကဘဲနဲ့ ခုန ပြောသလို ဒလန်လိုသဘောမျိုးဖြစ်လာမယ်ဆိုရင်တော့ ဒီထက်ပိုမိုပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုမျိုး ၊ ဒါမျိုးအဆင့်လိုက် အဆင့်လိုက် သွားဖို့လည်း လိုအပ်ပါတယ်။ ကျနော်တို့ လူတဦးတယောက်ရဲ့ အခြေအနေကို ကျနော်တို့ နားလည်သလို လူထုလူံ့ဆော်မှု Social Action ၊ Social Punishment မှာ အဆင့်လိုက် ၊ အဆင့်လိုက် မျိုးစုံ ရှိတယ်ဆိုတာကိုလည်း အားလုံးသဘောပေါက်ဖို့ လိုအပ်ပါတယ်။ တွေ့တဲ့လူတိုင်းကို အမြဲတန်း ခြိမ်းခြောက်ပြီး သတ်ဖြတ်ဖို့အတွက် ဒါကတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။

          မေး။ ။ NUG ရဲ့ လုပ်ကြံသတ်ဖြတ်မယ့်စာရင်း Hit List ထွက်နေတယ်ဆိုပြီး သတင်း တွေ ပျံ့နှံနေတဲ့အပေါ် ဘာပြောချင်လဲ။

          ဖြေ။ ။ ကျနော်တို့ လုပ်ကြံသတ်ဖြတ်ဖို့အတွက် စာရင်းတွေ လုပ်ထားတယ်။ စာရင်းတွေ ထုတ်ထားတယ်ဆိုတာ မှားယွင်းတဲ့ သတင်းဆိုတာ ပထမဆုံး ခိုင်ခိုင်မာမာ ပြောချင်ပါတယ်။ ကျနော်တို့ အနေနဲ့ ဒါမျိုး စာရင်းထုတ်ထားတာလည်း မရှိဘူး။ NUG ရဲ့ လုပ်ဆောင်မှုလည်း မဟုတ်ပါဘူး။ ဒါပေမယ့် တဘက်မှာ ကျနော်တို့ ပြန်ကြည့်ဖို့ လိုအပ်တာက NUG ဒါမှမဟုတ် PDF တွေ ဒါမျိုးတွေ လုပ်ဆောင်ပါတယ်၊ ဒါမျိုးတွေက အကြမ်းဖက်တဲ့အဖွဲ့ အစည်းဖြစ်ပါတယ်ဆိုပြီးတော့ တကယ် အကြမ်းဖက်မှုကို စနစ်တကျ ကျူးလွန်နေတာက စစ် ကောင်စီရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

          အဲဒီတော့ ကျနော်တို့ဘက်မှာ ဒီလို အစီအစဉ်တွေ မရှိပါဘူး။ အခုနောက်ပိုင်းမှာဆိုရင် ပုံဖျက်တဲ့ အရာတွေပေါ့နော်။ ကျနော်တို့ သတင်းတွေရပါတယ်။ တကယ်တန်း အမှန်တကယ် ထုတ်ပြန်တာ ၊ ခြိမ်းခြောက်တာ တွေက စစ်ကောင်စီဘက်က ရှိတဲ့ ပျူစောထီးတို့ ဒါမျိုးကို လုပ်ဆောင် နေတယ်။ ဒါပေမယ့် နာမည်တပ်တော့ ကျနော်တို့ ကို နာမည်တပ်ပါတယ်။ အဲဒီတော့ ဒါမျိုးကို ကျနော်တို့ လုံးဝ ရှုတ်ချတယ်။ ကျနော်တို့ ဒါမျိုး လုပ်တာမဟုတ်ဘူး ဆိုတာကိုလည်း ကျနော်တို့ ရဲရဲ ဝံ့ဝံ့ ပြောရဲတယ်။

          ကျနော်တို့မှာ ဘက်ပေါင်းစုံ၊ နည်းပေါင်းစုံနဲ့ တော်လှန်မှု၊ တိုက်ပွဲဝင်မှု ရှိပါတယ်။ ဒါပေမယ့် ဘက်ပေါင်းစုံ လုပ်ဆောင်တဲ့ နေရာမျိုးမှာ ခုန ပြောသလို အပြစ်မရှိတဲ့ လူတယောက်ကို သတ်ဖြတ်တာ၊ လုပ်ကြံဖို့ အတွက် လုပ်ဆောင်ဖို့ လုံးဝ ကျနော်တို့မှာ အစီအစဉ် မရှိပါဘူး။ ဒါက လူ့အခွင့်အရေးအရလည်း မဖြစ်သင့်ဘူး။

          ကျနော်တို့မှာ ဘက်ပေါင်းစုံ၊ နည်းပေါင်းစုံနဲ့ တော်လှန်မှု၊ တိုက်ပွဲဝင်မှု ရှိပါတယ်။ ဒါပေမယ့် ဘက်ပေါင်းစုံ လုပ်ဆောင်တဲ့ နေရာမျိုးမှာ ခုန ပြောသလို အပြစ်မရှိတဲ့ လူတယောက်ကို သတ်ဖြတ်တာ၊ လုပ်ကြံဖို့ အတွက် လုပ်ဆောင်ဖို့ လုံးဝ ကျနော်တို့မှာ အစီအစဉ် မရှိပါဘူး။ ဒါက လူ့အခွင့်အရေးအရလည်း မဖြစ်သင့်ဘူး။ ကျနော်တို့ဘက်က ပြောချင်တဲ့ ကိစ္စတခုကတော့ ခြိမ်းခြောက်မှု မလုပ်ပေမယ့် တကယ့် အသိစိတ်ဓါတ်ရှိတဲ့ လူတယောက် ဖြစ်ရင်တော့ NUG အပါအဝင် ပြည်သူလူထု တရပ်လုံးရဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြပါ။

          နောက်တခါ ပြီးလို့ရှိရင် တခြားခြိမ်းခြောက်တဲ့သူတွေကလည်း ဒါတွေ မဖြစ်အောင် လုပ်ဆောင်ပေးပါ။ တကယ်လို့များ စစ်ကောင်စီဘက်က ဒါမျိုး လုပ်ဆောင်မယ်ဆိုတဲ့ အချက်အလက်တွေ ရရှိတယ် ဆိုလို့ရှိရင်လည်း တကယ့်ကို ဖွင့်ချပြီးတော့ ဒီဟာက ပြန် ပြီး ကျနော်တို့ကို အကြမ်းဖက်ဖြစ်အောင် လုပ်ဆောင်နေတဲ့ ပုံမှား လုပ်ဆောင်မှု ဖြစ်တယ် ဆိုတာကိုလည်း ကျနော်တို့ ပြောသလို ကျန်တဲ့ သူတွေလည်း ဒါကို တင်ပြကြပါ။ ဒါကို ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

          မေး။ ။ ဝန်ကြီးအနေနဲ့ ထပ်မံပြီးတော့ ဖြည့်စွက်ပြောကြားချင်တာ ရှိရင်လည်း ပြောပေးပါခင်ဗျ။

          ဖြေ။ ။ ကျနော်တို့ ခုနတုန်းက သတ်ဖြတ်မယ်ဆိုတဲ့ အကြောင်းအရာတွေမှာ ပြန်ပြီး ကြည့်ဖို့ လိုအပ်ပါတယ်။ NUG က လူသတ်ဖို့ စာရင်းတွေ ထုတ်ထားတယ် ဘယ်သူ တွေကို သတ်ဖြတ်မယ်ဆိုတဲ့ ကိစ္စကို ကြည့်မယ်ဆိုရင် ၈၈ တုန်းက ပုံစံအတိုင်း ပြန်ဖြစ်တာရှိပါတယ်။ ကျနော်တို့ ၈၈ တုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သူတွေကို ခေါင်း ဖြတ်ပါတယ်ဆိုပြီး သူတို့ဟာ သူတို့ ခေါင်းဖြတ်သတ်ပြီးတော့ ကျနော်တို့ ၈၈ ကို ပုံဖျက်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထု အရေးတော်ပုံကို ပုံဖျက်ခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ ဒါက စစ်တပ်က တသက်လုံး လုပ်ခဲ့တဲ့ အရာတွေ ဖြစ်ပါတယ်။

          အဲဒီတော့ ကျနော်တို့ အနေနဲ့ ကိုယ့်ဘက်က ကိုယ့်စည်းလုံအောင် ထိန်းသိမ်းဖို့လည်း လိုအပ်သလို ဒါမျိုးပုံဖျက်ဖို့အတွက် ပြည်သူ့အရေးတော်ပုံတခုလုံးကို ပုံဖျက်ဖို့အတွက် ကြိုးပမ်း နေတဲ့ ရိုးစင်းနေတဲ့ လှည့်ကွက်ကြီး အောက်မှာ ထပ်ပြီးတော့ မဝင်ကြဖို့ ဒါကိုလည်း ကျနော် အသိပေးလိုပါတယ်။ လူ့အခွင့်အရေး ဝန်ကြီး အနေနဲ့ကတော့ လူ့အခွင့်အရေး အရ တောင်းဆို တိုက်ပွဲဝင်မှု နည်းပေါင်းစုံနဲ့ လုပ်ဆောင်နေတဲ့ဟာကို ကျနော် လက်ခံပါတယ်။ အဲဒီလုပ်ဆောင်နေရင်းနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ မဖြစ်အောင် ကာကွယ် စောင့်ရှောက်သွားမယ်။ တတ်နိုင်သ၍ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

          You may also like these stories:

          စစ်ကောင်စီက ၅ ရက်အတွင်း အရပ်သား ၁၀ ဦးကို သတ်ဖြတ်

          မြန်မာစစ်တပ် ညှင်းပမ်းနှိပ်စက်မှုများကို စုံစမ်းစစ်ဆေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

          ထန်တလန်က မီး

          ချင်းတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေပြီလား

          Your Thoughts …
          Tags: NUGPDFဒလန်ရှင်းလင်းရေးလုပ်ကြံသတ်ဖြတ်မှုများလူ့အခွင့်အရေးဝန်ကြီးရဲ့ ရှုမြင်ချက်ဦးအောင်မျိုးမင်း
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          by ဇုန်းရိန်
          27 July 2023
          18.1k

          စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

          သတိပြုစရာ သေးဆူလဲတိုက်ပွဲ

          သတိပြုစရာ သေးဆူလဲတိုက်ပွဲ

          by မိုးစက်ငြိမ်းချမ်း
          16 September 2023
          16k

          သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

          ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

          ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

          by ဧရာဝတီ
          28 July 2023
          15.4k

          ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

          ဒေါ်အောင်ဆန်းစုကြည်ကို သုံးပြီး စစ်ကောင်စီ သတင်းတုဖြန့်ချိနေ

          ဒေါ်အောင်ဆန်းစုကြည်ကို သုံးပြီး စစ်ကောင်စီ သတင်းတုဖြန့်ချိနေ

          by ဧရာဝတီ
          20 July 2023
          14.7k

          စစ်ကောင်စီသည် ခုခံတော်လှန်ရေးအင်အားစုကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံကြောင်း ဖေါ်ပြသည့် စာရွက်စာတမ်းများ ဖြန့်ချိနေသည်။

          ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

          ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

          by ဇေယျ (အညာ)
          10 August 2023
          14k

          ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

          စစ်ကောင်စီတပ် စိတ်ဓာတ်ကျနေတာ သေချာလား

          စစ်ကောင်စီတပ် စိတ်ဓာတ်ကျနေတာ သေချာလား

          by David Scott Mathieson
          19 August 2023
          13.1k

          စိတ်ဖိစီးစရာ ကောက်ချက်မှာ စစ်ကောင်စီနှင့် ၎င်း၏တပ်များသည် စိတ်ဓာတ်ကျနေသည့် အနေအထားသို့ မရောက်သေးဟူသည့် ကောက်ချက်သာဖြစ်သည်။

          Next Post
          တယ်လီနောမြန်မာတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန် Amara Communications Co.,Ltd (ACS) လည်း အပါအဝင် ဖြစ်သည်။

          တယ်လီနောမြန်မာကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ Amara ကုမ္ပဏီ ဘာပြောလဲ

          ဒီပဲယင်းမြို့နဲ့ ရေဦးမြို့နယ်မှ ကျေးရွာပေါင်း ၂၀ ကျော် စစ်ဘေးရှောင်နေရ (ရုပ်/သံ)

          ဒီပဲယင်းမြို့နဲ့ ရေဦးမြို့နယ်မှ ကျေးရွာပေါင်း ၂၀ ကျော် စစ်ဘေးရှောင်နေရ (ရုပ်/သံ)

          No Result
          View All Result

          Recommended

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          4 days ago
          8.6k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          2 weeks ago
          26.6k

          Most Read

          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            shares
            Share 0 Tweet 0
          • စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

            shares
            Share 0 Tweet 0
          • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

            shares
            Share 0 Tweet 0
          • တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved